← Chapters

သစ်တတ်ကျားသန့်စင်သောသားရဲ

Vol. 2 Ch. 38

သစ်တတ်ကျားသန့်စင်သောသားရဲ

Vol. 2 Ch. 38

သူမ သဘောတူလိုက်သော်လည်း လူသားနှင့်မှော်သားရဲများအကြားမှ တိုက်ပွဲကိုမြင်လိုက်သည်နှင့် ပေထင်းဟွမ်၏ သွေးဆာနေသော ခန္ဓာကိုယ် သည် ဆူပွက်လာခဲ့သည်။ ပါးစပ်ကျယ်လင်းတသည် မှော်သားရဲများဆီသို့ ထိုးဆင်းလိုက်သည်နှင့် ပေထင်းဟွမ်သည် လင်းတ၏ကျောပေါ်မှ ခုန်ဆင်း လိုက်သည်။ တစ်ပတ်ကျွမ်းထိုးလိုက်သည်နှင့် ကျွဲရိုင်း၏ကျောပေါ်သို့ ရောက် သွားသည်။ သူမသည် ဓားမြှောင်ကိုင်ဆောင်ထားပြီး ကျွဲရိုင်း၏လည်ပင်းကို လှီးဖြတ်လိုက်သည်။ သွေးထွက်လာကာ ကျွဲရိုင်းသည် မြေပေါ်သို့လဲကျသွား လေသည်။

ပေထင်းဟွမ်သည် ဓားမြှောင်နှင့်ပင် ကျွဲရိုင်းကို တစ်ချက်တည်းသတ် လိုက်နိုင်သည်။ မဆိုင်းမတွပင် ထိုမြင်ကွင်းသည် အားလုံး၏စိတ်ဓာတ်ကို တက်ကြွစေသည်။ ဤကဲ့သို့ သွက်လက်သည့်ကျွမ်းကျင်မှု၊ ပြတ်သားသော သတ်ဖြတ်မှုနှင့် ထိုတစ်ချက်တည်းလှီးဖြတ်မှုတို့ကြောင့် လူအများသည် ပိန်ပါး သော လူငယ်လေးကို မကြည့်ဘဲမနေနိုင်ကြပေ။

ဓားသမားအစည်းအရုံး၏ဂုဏ်ရည်နှင့် ကြေးစားအစည်းအရုံး၏ အရှိန်အဝါတို့သည် ပေထင်းဟွမ်အကြောင်း ထင်မြင်ချက်များကို ညွှန်ပြလျှင် ဤအခိုက်အတန့်တွင် သူမ၏ သွက်လက်သောလှုပ်ရှားမှုများ၊ အညှာတာမဲ့ သော သတ်ဖြတ်မှုများနှင့် မှော်သားရဲကို ရွေးချယ်တတ်မှုတို့ကြောင့် ဤလူငယ် သည် ပေထင်းမိသားစု၏ အမှိုက်ဟုတ်ရဲ့လားဟု အားလုံးသိချင်လာကြသည်။

“အနာဂတ်ကြယ်ဓားသခင်က အမှိုက်လို ဆက်ဆံခံနေရတယ်.. ပေထင်း မိသားစုရဲ့ ခေါင်းဆောင်က ဘာတွေတွေးနေလဲ ငါမသိတော့ဘူး” လူတစ် ယောက်သည် ခေါင်းခါပြီး သက်ပြင်းချလေသည်။

သူမသည် ကျွဲရိုင်း၏ခေါင်းထဲရှိ မှော်အမြုတေကို ကျွမ်းကျင်စွာပင် ဆွဲထုတ်လိုက်သည်။ ထိုပစ္စည်းသည် ကလေးတစ်ယောက်၏ လက်သီးဆုပ် အရွယ်အစားရှိသည့် များပြားသော စွမ်းအင်များ လှိမ့်တက်နေသော အနက်ရောင်ပုလဲတစ်လုံးဖြစ်သည်။ မှော်အမြုတေကို ရောင်းလျှင် ‌ဈေးကောင်း ရသည်။ သူမသည် ဒါဇင်မျှထုတ်ယူပြီးဖြစ်သည်။ သူမ ကံကောင်းသည်ဟု တွေး ရင်းနှင့် စိတ်လှုပ်ရှားပြီး အားအပြည့်ဖြစ်နေသည်။

“သခင်လေး ၉ ကကြည့်ကောင်းလိုက်တာ” သည်တစ်ခေါက် တိုက်ပွဲတွင် အမျိုးသမီး ဓားသခင်များနှင့် ဝိညာဉ်သခင်များ ပါဝင်လာသည်မှာလည်း မနည်း လှပေ။ သူတို့သည် ပေထင်းဟွမ်၏ ကြော့မော့မှုကိုမြင်သောအခါ အားလုံး မှင်တက်မိကြသည်။ တချို့သော မှော်သားရဲများမှာ သူတို့နှင့်နီးကပ်နေသော် လည်း သူတို့မှာ မတုံ့ပြန်နိုင်ကြပေ။ သူတို့ဘေးတွင် တိုက်ခိုက်နေသော အမျိုးကောင်းသားလေးများကြောင့်သာမဟုတ်လျှင် မှော်သားရဲများ၏ စားသုံး ခြင်းကိုခံလိုက်ရနိုင်သည်။

“သေစမ်း ဒီကလေးက နှာဘူးလား”

ပေထင်းဟွမ်ဆင်းသက်လိုက်သည့်နေရာသည် မှော်သားရဲများ၏ အလယ်တွင်ဖြစ်သည်။ ခဏအကြာတွင် မှော်သားရဲအုပ်ကြီးသည် သူမဘေးတွင် လဲကျသွားလေသည်။ ချင်ယွိသည် သူမကို စိုးရိမ်လျက်ရှိသည်။ သူသည် သူ့လူများကိုခေါ်ပြီး လာတိုက်ခိုက်မည်အပြုတွင် ထိုမြင်ကွင်းကိုမြင် လိုက်ရသောအခါ မှင်တက်မိလေသည်။

“သခင်လေး ၉ က ဟုတ်လှချည်လား” နှင်းဝံပုလွေကြေးစားအဖွဲ့၏ အဖွဲ့ဝင်များသည် သူမကိုချီးမွမ်းရန် တွန့်တိုမနေဘဲ စိတ်ရင်းဖြင့် အော်ကြလေ သည်။

“သခင်လေး ၉ က စွမ်းအားကြီးတယ်”

“ကံကောင်းလိုက်တာ သခင်လေး ၉”

ပေထင်းဟွမ်သည် ရုတ်တရက် အဆင့် ၂ ဝက်တံရိုင်းကို ထိုးစိုက်လိုက် သည်။ သူမသည် အဆင့် ၁ မှော်သားရဲကို ရှင်းပစ်ရသည်ကို မကျေနပ်နိုင်တော့ ပေ။ သတ်လေလေ ပိုစိတ်လှုပ်ရှားလေလေဖြစ်သည်။ ဓားတစ်ချက်ထိုးလိုက် သည်နျင့် သူမ၏အိတ်ထဲတွင် ပုလဲအရွယ်အစားရှိ နတ်မိစ္ဆာအမြုတေ ၉ လုံးရှိ နေပြီဖြစ်သည်။

ထိုအခိုက်တွင် အားပြင်းသောလေသည် ပေထင်းဟွမ်ဆီသို့ တိုက်ခတ် လာသည်။ လပြည့်အလင်းသည် သူတို့ခေါင်းအထက်တွင် ပိတ်မှောင်သွားကာ အရိပ်တစ်ခုသည် မထင်မှတ်စွာပင် သူတို့၏ခေါင်းများကို ဖုံးအုပ်သွားသည်။ စစ်မြေပြင်မှလူများအားလုံးသည် ထိုအခိုက်တွင် မှင်တက်မိကြသည်။ နတ်သားရဲတစ်ကောင်သည် ကြီးမားသော အတောင်ပံများကိုဖြန့်ပြီး ပေထင်း ဟွမ်ပေါ်သို့ ခုန်အုပ်လေသည်။

အတောင်ပံတစ်စုံရှိပြီး အဆင့် ၂ နတ်သားရဲသစ်တတ်ကျားသည် ကောင်းကင်အဆင့်လူသားနှင့် ညီမျှသည်။ သူ့အရှိန်သည်မြန်ဆန်ကာ ရောင်ဝါ မှာလည်း ကြမ်းတမ်းသဖြင့် စစ်မြေပြင်မှလူများသည် မည်သူမှမတားမြစ်နိုင် ပေ။ ဤကဲ့သို့ ထင်မထားသည့်အဖြစ်အပျက်မျိုး ဖြစ်သွားလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။

“ရှောင်ကျို့ သတိထား” ချင်ယွိသည် ရူးတော့မလိုပင်။ ပါးစပ်ကျယ် လင်းတသည် ပျံသွားလိုက်သော်လည်း သူ၏အရှိန်နှုန်းမှာ တောင်ပံတစ်စုံ သစ်တတ်ကျားကို မမှီပေ။

“အာ သခင်လေး ၉”

ထိုအခိုက်တွင် အချိန်များရပ်တန့်သွားသလိုပင်။ မှော်သားရဲ၏တိုက်ခိုက် မှုနှင့် လူသားတို့၏ခုခံမှုတို့သည် ရပ်တန့်သွားသည်။ သူမရှေ့မှ အရိပ်ကြီးကြီး လာသည်နှင့် သူမ၏နှလုံးခုန်နှုန်းမှာလည်း ရပ်သွားသလိုပင်။ သူမ မည်သည့် နည်းလမ်းကိုပင် သုံးစေကာမူ သစ်တတ်ကျားကို ရှောင်နိုင်မည်မဟုတ်ပေ။

All Chapters