ငါတို့တွေက လုပ်ဖော်ကိုင်ဖက်တွေပဲ
Vol. 2 Ch. 39
“ဟေ့ကောင် ရပ်လိုက်”
စူးရှသောအော်သံ ထွက်လာသည်။ ချုံချီနှင့် ပိုင်ဇီတို့သည် ကြယ်ကြွေ သည့်အရှိန်နှင့် သစ်တတ်ကျားရှေ့ရောက်သွားကာ သူမ၏ရှေ့၌ရပ်လိုက်ကြ သည်။ သူတို့နှစ်ယောက်သည် တစ်ချိန်တည်းမှာပင် တိုက်ခိုက်ကြသည်။ အပြာ ရောင်အလင်းတန်းနှစ်ခုသည် လှိုင်းလုံးကြီးကဲ့သို့ သစ်တတ်ကျားကို ရိုက်ခတ် လေသည်။
သစ်တတ်ကျားသည် မြန်ဆန်သော်လည်း ချုံချီနှင့် ပိုင်ဇီတို့၏ အရှိန်နှင့် တိုက်ခိုက်မှုသည် ပိုတိကျပြီးမြန်ဆန်သည်။ သူတို့နှစ်ယောက်၏ တိုက်ကွက်မှာ သစ်တတ်ကျားအား ထိမှန်ပြီးနောက် သစ်တတ်ကျားသည် လေထဲတွင် လည် သွားပြီး နေဝင်တောဆီသို့ ကျသွားလေသည်။
“ဒီသားရဲက တော်တော်သတ္တိကောင်းတာပဲ.. ငါတို့ရှေ့မှာ လာပြီးတော့ ရဲရဲတင်းတင်းလာပြုမူနေတယ်” ချုံချီသည် ဒေါသထွက်နေသည်။
ပိုင်ဇီသည် ပေထင်းဟွမ်အား အဓိပ္ပာယ်ပါပါကြည့်လိုက်သည် “မင်းနဲ့ငါ့ ကို အမိန့်ပေးတဲ့လူထက် သာတဲ့လူတွေ့နေပြီ”
“အဲဒါအတွက်ကြောင့်သာမဟုတ်ရင်… ငါ သူ့ကို ဒီနေ့အရှင်မထားဘူး” ချုံချီသည် လက်မခံနိုင်သည့်အနေနှင့် အံကြိတ်ပြီး မာန်ပါပါပြောလေသည်။
သစ်တတ်ကျားသည် မြေပေါ်သို့ကျသွားပြီး ညည်းညူနေသည်။ ၎င်း သည်ရွှေရောင်အဆင်းရှိပြီး အနက်ရောင်အစက်အပျောက်များရှိသည်။ အစက လှပပြီးဟန်ရှိသော်လည်း ယခုအခါ ချုံချီနှင့်ပိုင်ဇီတို့၏တိုက်ခိုက်ခြင်းကိုခံရ ပြီးနောက် အစိတ်အပိုင်းကြီးတစ်ခုလုံး လောင်ကျွမ်းသွားသည်။ အတော်ပင် စိတ်မကောင်းစရာအခြေအနေပင်။ သူ့မျက်လုံးထဲမှ ခံစားချက်များသည် လူသားများအတိုင်းပင်။ ၎င်းသည် ချုံချီနှင့် ပိုင်ဇီတို့ကို အလွန်အမင်းကြောက် သွားသည်ကို ပေထင်းဟွမ်မြင်နေရသည်။ သို့သော် ၎င်းသည် ပေထင်းဟွမ်ကို မလိုလားသလို ကြည့်နေတုန်းပင်။
သူသာ ပေထင်းဟွမ်ကို ဆက်တိုက်ခိုက်လျှင် ချုံချီနှင့် ပိုင်ဇီတို့သည် သူ၏ အသက်ကိုယူမည်လားဟု သိချင်နေသည်။
၎င်းသည် ပေထင်းဟွမ်ကို အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ထွက် သွားလေသည်။
မှော်သားရဲအုပ်ကြီးသည် သူမကြောင့် ရောက်လာသည်ဟု ပေထင်းဟွမ် ခံစားနေရသည်။ ၎င်းထွက်သွားပြီးနောက် တစ်စုံတစ်ရာမှ ဆွဲငင်သွားသည်ဟု ပေထင်းဟွမ် ခပ်ဝါးဝါးခံစားလိုက်ရသည်။
သူမ မသိနိုင်သည့်အရာကို စိတ်ရှုပ်ခံပြီးလည်း စဉ်းစားမနေတော့ပေ။ တောင်ပံပါသစ်တတ်ကျား ပေါ်လာမှုသည် စခန်းချသည့်နေရာတွင် လှုပ်လှုပ် ရှားရှားဖြစ်အောင် ရိုက်ခတ်သွားလေသည်။ အားလုံးသည် ညအရှင်အိမ်တော် ၏ အင်အားကို ပို၍ပင် သတိထားလာကြပြီး ဤတာဝန်ကို မျှော်လင့်ချက် အပြည့်နှင့်ဖြစ်နေကြသည်။ ထို့အပြင် သူတို့သာ တာဝန်အတွက် ပြိုင်ဆိုင်လျှင် ဆုအဖြစ် အရှိန်နှင့်တိုက်ခိုက်မှုစွမ်းအားရှိသည့် တောင်ပံပါသစ်တတ်ကျားဖြစ် နိုင်သည်။
မှော်သားရဲများကို အဆင့် ၂ မှော်သားရဲ၊ အဆင့် ၂ မှော်သားရဲအဖြစ် သတ်မှတ်ထားသည်။ ဝိညာဉ်သားရဲများအထက်တွင် သန့်စင်သောသားရဲ၊ ပြီးနောက် နတ်သားရဲရှိသည်။ သန့်စင်သောသားရဲများသည် လူသားအနေနှင့် ကောင်းကင်အဆင့်ကျွမ်းကျင်သူများနှင့် ညီမျှသည်။ မြင့်မြတ်သောသားရဲကို ပိုင်ဆိုင်ခြင်းသည် မိသားစုအတွင်းတွင် ကောင်းကင်အဆင့်ကျွမ်းကျင် ပေါ်ပေါက်သည်နှင့် တူညီသည်။ သို့သော် ဝိညာဉ်သခင်၏လက်ထဲတွင် စာချုပ် တည်ထောင်လိုက်ပါက အင်အားသည် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရသွား သလောက်တော့ မရိုးရှင်းပေ။
ဝိညာဉ်သခင်ဖြစ်နေမှတော့ ဘယ်သူက စာချုပ်ဝိညာဉ်သားရဲမလိုချင်မှာ လဲ။ စာချုပ်မှော်သားရဲ၏အင်အားသည် ဝိညာဉ်သခင်ကိုပါ ခွန်အားတိုးစေ သည်။ စာချုပ်မှော်သားရဲ၏ သန့်စင်သောသွေးသားသည် စာချုပ်အရှင် ဝိညာဉ် သခင်၏ ကျင့်ကြံမှုနှုန်းကိုမြန်စေသည်။
သေချာပေါက်ပဲပေါ့.. အခုချိန်မှာ ပေထင်းဟွမ်က ဓားသခင်ပဲရှိသေး တယ်။ သူမသည် ထိုသန့်စင်သောသားရဲကို စိတ်မဝင်စားပေ။
“မင်းပိုက်ဆံလိုချင်ရင် ညအရှင်အိမ်တော်မှာ ပိုက်ဆံတွေပေါတယ်.. မင်း အဲလောက် ကြောက်စရာကောင်းအောင် မလုပ်လို့မရဘူးလား” ချုံချီသည် ထိတ်လန့်သွားကာ ဒေါသတကြီးပြောလေသည်။
“ကျွန်တော်လိုချင်တာအတွက် ကိုယ့်ဘာသာတိုက်ခိုက်တာပဲလေ” ချုံချီ ပြောလိုသည့် အဓိပ္ပာယ်ကိုသိသဖြင့် ပေထင်းဟွမ်သည် ဒေါသမထွက်ပေ။ သို့သော် သူမသည် အေးစက်လွန်းသည်။ သူမသည် ချုံချီနှင့် ပိုင်ဇီကို ခေါင်းညိတ်ပြလိုက်သည်။ “အကုန်လုံးကို လန့်အောင်လုပ်မိလို့ တောင်းပန်ပါ တယ်”
“ဘာမှမဖြစ်ဘူး ငါတို့အကုန်လုံးက ညအရှင်အိမ်တော်ကပဲ အခုကစပြီး လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေကြပြီ”
ပေထင်းဟွမ်သည် မသန်မာသေးပေ။ သို့သော် သူမ၏ ရိုးသားဖြောင့်မတ် မှု၊ သတ္တိရှိမှုနှင့် ခိုင်မာသောယုံကြည်ချက်တို့သည် လူများကို လွှမ်းမိုးနိုင်သည်။ ချုံချီနှင့်ပိုင်ဇီတို့ သူမကို လေးစားသည်မှာလည်း ညအရှင်ကြောင့်မဟုတ်ဘဲ စစ်သည်တစ်ယောက်အနေနှင့် ဖြူစင်စွာရိုးသားခြင်းဖြစ်သည်။
ပြင်းထန်သာတိုက်ပွဲပြီးနောက် အားလုံးသည် စစ်ပွဲ၏လက်ကျန်များကို သိမ်းယူပြီးနောက် အနားယူကြသည်။ စခန်းချရာနေရာကို ပြန်လည်ဖွဲ့စည်း သည်။ မီးမွှေးပြီး သေရည်ပုလင်းများထုတ်ကာ အသားကင်ကြသည်။ မကြာမီ တွင် လေထဲတွင် ရနံ့များပြည့်လာသည်။ ချုံချီသည် ပေထင်းဟွမ်ကို ဖိတ်ကြား လေသည် “လာလေ အသားကင်စားပြီး သောက်ရအောင်”
“ဟုတ်ပြီ” ပေထင်းဟွမ်သည် အလွန်ပျော်မိသည်။ သူမသည် ချုံချီနှင့် ပိုင်ဇီတို့၏ အရေးတယူဆက်ဆံခံရသော လုပ်ဖော်ကိုင်ဖက်ဖြစ်နေလေပြီ။ သူမ အရင်ဘဝကကဲ့သို့ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ တိုက်ခိုက်နေရသလို ခံစားရ လေသည်။