အတူသောက်ခြင်း
Vol. 2 Ch. 40
ချုံချီသည် အသားကင်ရာတွင် တော်သည်။ ဤစခန်းရှိကြေးစားများ အားလုံးလာစားကြသည်။ တောရိုင်းဝက်သားသည် အလွန်မွှေးကြိုက်သည်။ အထူးသဖြင့် ခြေထောက်သည်စကားကောင်းသည်။ ကင်လိုက်ချိန်တွင် အသား သည် နူးညံ့ပြီးအရည်စိုသည်။ သို့သော် ချုံချီသည် တောထဲသို့ တစ်ယောက် တည်းသွားပြီး မည်မျှပြေးလိုက်ရသည်တော့မသိ ရေခဲယုန်တချို့ဖမ်းလာသည်။
ယုန်သားသည် တောဝက်သားထက် အလွှာပိုများသည်။ သူသည် ဟင်းခတ်အမွှေးအကြိုက်များဖြင့် ဖြူးပြီး မီးပုံပေါ်သို့တင်ကင်လေသည်။ မတူညီသောအနံ့ထွက်လာသည်။
“လာခဲ့ တော်ဝင်မြေအောက်ခန်းမှာ လှောင်ထားတဲ့ ဂျုံကြမ်းသေရည်ကို မြည်းကြည့်လိုက်” ပိုင်ဇီသည် သေရည်ပုလင်းငယ်ကို ပေထင်းဟွမ်ဆီသို့ ပစ် ပေးရာ လက်မြှောက်ပြီးဖမ်းလိုက်လေသည်။
အဖုံးဖွင့်လိုက်ရာ သေရည်အနံ့များ လှိုင်ထွက်လာသည်။ ပေထင်းဟွမ် သည် ခေါင်းမော့ပြီး တစ်ငုံသောက်လိုက်သည်။ သေရည်သည် သူမ၏ လည်ချောင်းထဲသို့ ပူပူလောင်လောင်းဆင်းသွားပြီး ပူလောင်မှုနှင့် လန်းဆန်းမှု ခံစားချက်များထွက်လာသည်။ ချက်ချင်းပင် သူမကို သူရဲကောင်းဆန်သော ခံစားချက်ကို ပေးစွမ်းလေသည်။
“သေရည်ကောင်းပဲ” ပေထင်းဟွမ်သည် မချီးကျူးဘဲမနေနိုင်တော့ပေ။
ချုံချီနှင့် ပိုင်ဇီတို့သည် ပေထင်းဟွမ်၏ ဖြောင့်မတ်မှုကို ကြုံပြီးသွားသဖြင့် သူမနှင့် သောက်ရသည်မှာ ပူပင်ကြောင့်ကြမဲ့သည်ဟု ခံစားရသည်။ သူတို့ သုံးယောက်သည် ယုန်ပေါင်ကိုကိုင်ကာ သေရည်သောက်ကြသည်။ သောက်ရင်းနှင့်လည်း စကားလက်ဆုံကျနေကြသည်။ ပေထင်းဟွမ်သည် အရင်ဘဝက သူမ၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူရှိခဲ့သည့် နေ့ရက်များကို ပြန်ရောက်သွားသလို ခံစားရသည်။
“သခင်လေး ၉ မင်းအတွက်”
စစ်ပွဲပြီးသည့်နောက် စခန်းတစ်ခုလုံးသည် ပေထင်းဟွမ်ကို အာရုံစိုက် လာကြသည်။ သူမ တခြားသူများနှင့် ထိုင်ပြီး သေရည်သောက်ကာ အသားစား နေသည်ကိုမြင်သောအခါ အမျိုးသား၊အမျိုးသမီး ဝိညာဉ်သခင်များသို့မဟုတ် ဓားသခင်များသည် ပေထင်းဟွမ်ကို လာရောက်ဂုဏ်ပြုကြသည်။ ယောက်ျား လေးများ လာလျှင်အဆင်ပြေသေးသည်။ မိန်းမလှလေးများလာချိန်တွင် ပေထင်းဟွမ်ကို ခိုးကြည့်ကြသည်။ သူသည် မူးယစ်သွားစေသည်။
ပေထင်းဟွမ်သည် ရုတ်တရက် ထိုစခန်းမှ မိန်းကလေးများအားလုံး၏ ချစ်သူဖြစ်သွားလေသည်။ လူငယ်လေး၏ ထူးချွန်သောအရည်အချင်း၊ ချောမောသောအသွင်အပြင်နှင့် သူရဲကောင်းဆန်သောစိတ်ထားများသည် ပထမတန်းစားအဆင့်ပင်ဖြစ်သည်။
ချင်ယွိသည် သေရည်ပုလင်းနှင့်ရောက်လာပြီး ပေထင်းဟွမ်ဘေးတွင် ဝင်ထိုင်လေသည်။ သူသည် ချုံချီနှင့် ပိုင်ဇီအားပြုံးပြပြီးပြောလိုက်သည် “ဆရာ တို့ ကျွန်တော်ဝင်လာလည်း စိတ်မရှိဘူးမလား”
အလယ်တိုက်တွင် ကြယ်ဝိညာဉ်သခင်များကို အရှင်သခင်အဖြစ် သတ်မှတ်ကြသည်။ ချုံချီနှင့်ပိုင်ဇီတို့သည် ညအရှင်အိမ်တော်၏ ကိုယ်ရံတော် မျှသာဖြစ်သော်လည်း နှစ်ယောက်လုံးသည် ကြယ်အဆင့်ဝိညာဉ်သခင်များဖြစ် ကြသည်။
“စိတ်မရှိပါဘူး” ချုံချီနှင့် ပိုင်ဇီတို့သည် ချင်ယွိအား သေရည်ခွက်များ မြှောက်ပြသည်။ ယောက်ျားသားသုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ခေါင်းမော့ကာ သောက်ကြသည်။
“ကျွန်တော့်ကိုပါ ပါခိုင်းဦးလေ” ပေထင်းဟွမ်သည် ရယ်မောပြီး တစ်ကျိုက်သောက်လိုက်သည်။
“ဟုတ်ပြီ ရှောင်ကျို့ နှစ်ယောက်တည်း သောက်ကြတာပေါ့” ချင်ယွိသည် ပေထင်းဟွမ်၏ပခုံးကိုဖက်ပြီး လက်ထဲမှသေရည်ခွက်နှင့် သူမ၏သေရည်ခွက် ကိုတိုက်လိုက်သည်။ သူတို့၏နှလုံးသားများ နီးစပ်သွားသလိုပင်။
သေရည်မူးရသည်မှာ လွတ်လပ်လှသည်။ စခန်းအစွန်တွင် လူတစ် ယောက်သည် မူးပြီးစတင်သီချင်းဆိုတော့သည်။ ကြမ်းတမ်းပြီး အထိန်းအကွပ် မရှိသည့် အမှုထမ်းသီချင်းသည် ပေထင်းဟွမ်၏ မျက်လုံးများကို ပူလောင်လာ စေသည်။ တစ်ယောက်ပြီး တစ်ယောက်သီချင်းဆိုကြရာ မည်သူအော်လိုက် သည်ကိုတော့ သူမ မသိပေ “သခင်လေး ၉ လာလေ”
ချက်ချင်းဆိုသလို စခန်းအထက်ကောင်းကင်တွင် ဂုဏ်ပြုသံများဖြင့် ပြည့်သွားလေသည်။ ပေထင်းဟွမ် ကျယ်လောင်စွာအော်နေသည်ကိုကြည့်ပြီး ပေထင်းဟောက်၏ မျက်နှာမှာ မည်းနက်သွားသည်။ သူသည် မူးနေကာ ပေထင်းဟွမ်အား ဆိုးရွားသောမျက်လုံးများဖြင့် ကြည့်နေသည်။ သူသည် သူမ ကိုချက်ချင်းပင် သတ်ပစ်ချင်သည်။ သူသည် မြို့ကိုဦးဆောင်ပြီးလာတိုက်ခိုက် သည့် သန့်စင်သောသားရဲ အတောင်ပံပါသစ်တတ်ကျားကို မုန်းတီးသည် “ဘယ်လိုအသုံးမကျတဲ့ သန့်စင်သားရဲက ဒီလိုအမှိုက်ကိုတောင် မရှင်းနိုင်ရ တာလဲ”
ပေထင်းဟွမ်ကို ဒေါသထွက်နေရသည်နှင့် သူမေ့နေခဲ့သည်။ ချုံချီနှင့် ပိုင်ဇီတို့ လှုပ်ရှားလိုက်ခြင်းကြောင့် အတောင်ပံပါသစ်တတ်ကျားသည် ပေထင်းဟွမ်ကို ဘာမှမလုပ်နိုင်ခြင်းဖြစ်သည်။
“ဟုတ်ပြီ” တစ်ယောက်ပြီး တစ်ယောက် သီချင်းဆိုကြရာ ပေထင်းဟွမ် လည်းမတ်တတ်ထပြီး လက်ထဲမှသေရည်ခွက်ကိုမြှောက်ကာ အားလုံးအား အရိုအသေပြုလိုက်သည် “ကျွန်တော်လည်း တစ်ပုဒ်ဆိုတာပေါ့”
သူမသည် ခံစားချက်အတက်အကျများကို ခံစားကာ ညကောင်းကင်ကို ကြည့်ပြီး လုပ်ဖော်ကိုင်ဖက်များနှင့် တာဝန်ပြီးသည်နှင့် သောက်ကြစားကြ သည့် အရင်ဘဝကိုပြန်တွေးနေမိသည်။ သူမ၏ကြည်လင်သောအသံသည် ညကောင်းကင်တွင် ပဲ့တင်ထပ်နေကာ လူအများကိုပင် ငိုချင်စိတ်ဖြစ်စေသည်။
“သဲမုန်းတိုင်းထဲမှာ နေဖို့စိတ်ကူးမရှိခဲ့ပါဘူး
အထီးကျန်လှတဲ့ ကန္တာရထဲမှာ
ကျန်းနန်ရဲ့လူတွေက မြစ်ရဲ့နေဝင်ချိန်ကိုကြည့်နေခဲ့တယ်
ပြန်လည်မွေးဖွားမှုတွေ
မီးရှူးမီးပန်းတွေ
မီးခိုးလိုအလုပ်များနေတာက ရုပ်ပုံတစ်ခုလိုပဲ
ဓားသံတွေက စူးရှလှတယ်
မြင်းစီးသူထောင်ချီနဲ့ မြင်းသောင်းချီတို့ တိုက်ခိုက်နေကြတယ်
ဓားတစ်ချောင်းက ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တယ်
လှည့်လိုက်တဲ့မင်းပုံစံက ကြည့်ကောင်းတယ်
ငါ့ဘဝမှာ စည်းမျဉ်းထားလိုက်ပြီ
ဒါပေမဲ့ မင်းဘယ်တော့မှ ရောက်လာနိုင်မှာမဟုတ်ဘူး
ငါ့ဘဝမှာ စည်းမျဉ်းထားလိုက်ပြီ
ဒါပေမဲ့ မင်းဘယ်တော့မှ ရောက်လာနိုင်မှာမဟုတ်ဘူး”