မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီး၏ မူလဇာစ်မြစ်
Vol. 47 Ch. 650
လင်းလုနန်က ခေါင်းခါကာ
“ ဒုတိယမေးခွန်းနဲ့ ပတ်သတ်ပြီးတော့ ခင်ဗျား မှားနေတာ သေချာတယ်။ ကျီဖေးချင်က လောက လှေကားကို ရခဲ့တာ ... ကောင်းကင်ဖွေရှာ လှေကားတော့ မဟုတ်ဘူး။ ပထမမေးခွန်းနဲ့ ပတ်သတ်ပြီးတော့ ကျုပ် သိနေတဲ့ အကြောင်းက အရင် ကျီဖေးချင် ထွက်ပြေးသွားတုန်းက သူနဲ့အတူတူ နောက်ထပ် လူတစ်ယောက် ပါသေးတယ်။ အဲဒီလူက ကျုပ်တို့ နတ်ဘုရားအင်မော်တယ်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးပဲ …
အရင်တုန်းက ကျီဖေးချင်နဲ့ ကျုပ်တို့ နတ်ဘုရားအင်မော်တယ်ဂိုဏ်း တည်ထောင်သူ ဘိုးဘေးတို့ လွတ်မြောက်သွားတဲ့နေရာမှာ ဒီနေ့ ကျုပ်တို့ နတ်ဘုရားအင်မော်တယ်ဂိုဏ်း ဖြစ်လာတပဲ၊ အဲဒီနောက်ကျ ကျီဖေးချငိက လျို့ဝှက်နည်းလမ်းတချို့ သုံးပြီးတော့ အင်မော်တယ်လောက ကနေ ထွက်သွားခဲ့တယ်။ သူ ပြောတာတော့ ကျန်းရှင်းနယ်မြေက ရောက်လာတာမလို့ ဇာတိနယ်မြေကို ပြန်ချင်တယ်တဲ့ ……
တဖက်မှာ ကျုပ်တို့ တည်ထောင်သူ ဘိုးဘေးက နတ်ဘုရားအင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့တယ်။ အဲဒီနောက်ကျ နတ်ဘုရားမျှော်စင် နောက်တစ်ကြိမ် ပြန်ဖွင့်လာတော့ တည်ထောင်သူ ဘိုးဘေးက ထပ်ဝင်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းကျ သူ့သတင်း လုံးဝ မကြားရတော့ဘူး …..”
“ အဲဆို နတ်ဘုရားအင်မော်တယ်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးကို ကယ်ချင်တာလား ” မိုဝူကျိက မရေမရာ မေးလိုက်သည်။
“ မဟုတ်ဘူး ” လင်းလုနန်က ပြန်ဖြေလိုက်၏
“ ကျုပ်ရဲ့ ဘိုးဘေးကို ကယ်ဖို့ ရောက်နေတာ။ အင်မော်တယ်လောက ကို အင်မော်တယ်နယ်မြေတွေ အဖြစ် ပိုင်းခြားပြီးတော့ ကျုပ်ဘိုးဘေးက နတ်ဘုရားမျှော်စင်ထဲ ဝင်သွားခဲ့တယ်။
ကျုပ်ဘိုးဘေးနဲ့ တည်ထောင်သူ ဘိုးဘေးတို့က သွေးမျိုးဆက်အတူတူဆိုတော့ သူလည်း အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် တည်နေရာ တစိတ်တပိုင်းကို ရခဲ့လိမ့်မယ်။ သူက ကျုပ်တို့ တည်ထောင်သူ ဘိုးဘေးကို သွားရှာပေမဲ့ သူ့ဆီကနေလည်း ဘာသတင်းမှ မကြားရတော့ဘူး …. ”
“ ခင်ဗျားရဲ့ ဘိုးဘေးက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိနေတာကို ဘယ်လိုလုပ် သိတာလဲ ” မိုဝူကျိက မေးလိုက်သည်။
ဤတစ်ကြိမ်၌ လင်းလုနန်က ပြန်မဖြေပေ။ ဤကိစ္စ၌ သူ့ဂိုဏ်း၏ လျို့ဝှက်ချက်များ ပါဝင်နေကြောင်း သိသာပေသည်။
မိုဝူကျိက စိတ်ထဲ မထားပေ။ ထို့အစား သူက အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို ထုတ်ကာ
“ အင်မော်တယ်ရောင်းရင်းလင်း အဲဆို လောကလှေကားရဲ့ အလုပ်လုပ်ပုံကို သိလား ”
လင်းလုနန်က ခေါင်းညိတ်ကာ
“ ကျုပ် နည်းနည်းပဲ သိတယ်။ လောက လှေကားက အဆင့်ဇယားတစ်ခုပဲလေ။ ဘယ်ကမ္ဘာ ၊ ဘယ်နယ်မြေ မှာ ပေါ်လာလာ နံပါတ် တစ် အဆင့်ဇယား တစ်ခု ဖြစ်နေဦးမှာပဲ ။ ပြီးတော့ ပြောကြတာတော့ နတ်ဘုရားမျှော်စင်ရဲ့ ၃၆ ထပ်မြောက်ဆီ ရောက်ခဲ့ရင် လောက လှေကားကို ဌားပြီးတော့ နတ်ဘုရားမျှော်စင်ရဲ့ ကျောက်ပြားကို မွမ်းမံသန့်စင်လို့ ရတယ်တဲ့ …..”
မိုဝူကျိက တုန်လှုပ်မိသွားသည် ….. သူက ၃၆ ထပ်မြောက်ကို မရောက်ခဲ့သေးတာများလား …..
မိုဝူကျိ၏ အံ့ဩနေမှုကို မြင်ကာ လင်းလုနန်က မိုဝူကျိသည် လောက လှေကားကို မမွမ်းခဲ့ရ၍ နောင်တရနေသည်ဟု တွေးထင်မိသွားသည်။ သူက ရှင်းပြလိုက်သည် “ အရင် လောကလှေကားကို တွေ့တုန်းက ခင်ဗျားရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်သေးလို့ နေမှာပါ။ အဲကြောင့် စိတ်ပျက်သွားစရာ မလိုပါဘူး။ ပြီးတော့ လောက လှေကားကို မွမ်းမံခဲ့ရင်တောင် နတ်ဘုရားမျှော်စင်ရဲ့ ၃၆ ထပ်မြောက်ကို မဝင်နိုင်သေးဘူးလေ ”
“ အဲလိုဆို ကျုပ်ဆီ ရှိနေတဲ့ လောကထိပ်သီး အမှတ်အသားပြားက နတ်ဘုရားမျှော်စင်က မဟုတ်ဘူးလား ” မိုဝူကျိက သူ့လောကထိပ်သီး အမှတ်အသားပြားကို တစ်ခေါက် ပြန်စစ်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ အဆုံးမဲ့ကြယ်တာရာ အာကာပြင် တစ်ခု ပါဝင်နေသည့်အလား ဖြစ်၏။
“ မဟုတ်သေးဘူး ကျုပ် ကြားထားသလောက်ဆိုရင် လောကထိပ်သီး အမှတ်အသားပြားနဲ့လောက လှေကားကို နတ်ဘုရားစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အဆင့်မြင့် ပညာရှင်တစ်ယောက်က ဒီနေရာ ယူလာခဲ့တာတဲ့။
အဲဒီလူ သေဆုံးသွားပြီးတော့ လောက လှေကားကို ကျီဖေးချင်က ယူသွားခဲ့တာ …. လောကထိပ်သီး အမှတ်အသားအနေနဲတော့ တကယ်လို့ လောက လှေကားကို တခြားလောကဆီ ယူဆောင်သွားခံရရင် ခင်ဗျားရဲ့ လောကထိပ်သီး အမှတ်အသားပြားလည်း လောက လှေကားဆီ ပြန်ရောက်သွားလိမ့်မယ်။ လောက လှေကားက ကမ္ဘာအသစ်ရဲ့ နံပါတ်တစ် အဆင့်ဇယားတစ်ခု ဖြစ်လာလိမ့်မယ် ” လင်းလုနန်က မိုဝူကျိထက်စာလျှင် ပိုသိပေ၏။
“ ဒါပေမဲ့ လောကထိပ်သီး အမှတ်အသားပြားက နတ်ဘုရားမျှော်စင် အထပ်တိုင်း အခြေအနေတွေကို ဖော်ပြပေးနိုင်တာလား ” မိုဝူကျိက လောကထိပ်သီး အမှတ်အသားပြားမှာ နတ်ဘုရားမျှော်စင်နဲ့ မပတ်သတ်ကြောင်း မယုံကြည်နိုင်သေးပေ။
လင်းလုနန်က ခပ်ယဲ့ယဲ့ပြုံးကာ
“ တကယ်တော့ လောက လှေကားတိုင်းက ကမ္ဘာတစ်ခုစီမှာ ထွက်ပေါ်လာတဲ့အချိန်တိုင်း လောကထိပ်သီး အမှတ်အသားပြားမှာ အဲကမ္ဘာလောကရဲ့ ပြီးပြည့်စုံတဲ့ အဆင့်နဲ ဖော်ပြချက်တွေအကြောင်း ပါလေ့ ရှိတယ်။ မဟုတ်ရင် နံပါတ်တစ် အဆင့်ဇယား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
ဒီလိုကိုး ….
မိုဝူကျိက တည်နေရာပြ သလင်းကျောက်ကို မြန်မြန် ထုတ်ကာ နတ်ဘုရားမျှော်စင်၏ အထပ်အမျိုးမျိုး၏ နေရာများအကြောင်း ထည့်သွင်းမှတ်သားလိုက်သည်။ အကယ်၍ သူ့လောကထိပ်သီး အမှတ်အသားပြားသာ ရုတ်တရက် ပျောက်ဆုံးသွားလျှင် အနည်းဆုံးတော့ သူ့အနေနှင့် လမ်းကို ရှာနိုင်ဦးမည် ဖြစ်၏။
မိုဝူကျိက လောကထိပ်သီး အမှတ်အသားပြားကို ဘာသာပြန်ပြီး တည်နေရာပြ သလင်းကျောက်ဆီ ထည့်သွင်းပြီးသည့်အထိ စောင့်ကာ လင်းလုနန်က ပြောလိုက်သည် “ ညီလေးမို ကျုပ်တို့တွေ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ဘာလို့ မဝင်သေးတာလဲ ”
မိုဝူကျိက အနည်းငယ် တုံ့ဆိုင်းနေမိသည်။ သူက မုတ်ဆိတ်ဖြူ ငါးဖမ်းသမား အကြီးအကဲနှင့် သဘောတူညီမျှ ယူထားသည်မှာ စွမ်းရည်ရှိသည့်အခါ ကူညီပေးမည်ဟူ၍ ဖြစ်ပေသည်။ သို့သော် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က ဤမျှ အဆုံးမဲ့ဖိအားများကို ထုတ်လွှင့်နေသောကြောင့် ဝင်လိုက်သည့်အခါ မည်သို့လွှတ်မြောက်နိုင်တော့မည်နည်း။
မိုဝူကျိ၏ တုံ့ဆိုင်းနေမှုကို မြင်၍ လင်းလုနန်က လက်နှစ်ဖက် ယှက်ကာ
“ အင်မော်တယ်ရောင်းရင်းမိုက မဝင်ချင်ရင် ဒီမှာ နေပြီး ကျုပ်ကို စောင့်နေလို့ ရပါတယ်။ ကျုပ်ကို အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို ပေးလိုက်ပါ။ ကျုပ် ပြန်ရောက်လာရင် ဆေးလုံးဆရာမိုကို သေချာပေါက် ပြန်ပေးပါ့မယ် ”
တွေဝေနေဆဲ ဖြစ်သည့် မိုဝူကျိက “ ဘာမှ မဟုတ်တော့ပါဘူး … အတူတူသွားကြတာပေါ့ ”
သူက မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီးကို စွမ်းဆောင်ရည် ရှိသည့်အခါ ကူညီပေးမည်ဟု သဘောတူညီမှု ယူခဲ့လေရာ အနည်းဆုံးတော့ အန္တရာယ် ပေါ်မလာသေးပေ။ အန္တရာယ်ရှိလာလျှင် နောက်ဆုတ်နိုင်သေး၏။ အကယ်၍ သူက ကြောက်ရွံ့နေ၍ မဝင်ဘဲ နေနေလျှင် သဘောတူညီမှုကို ချိုးဖောက်သလို ဖြစ်နေလိမ့်မည်။
“ ကောင်းတယ် ” လင်းလုနန်က ဓားနှစ်လက် ရှိရာဆီ ရှေ့တိုးသွားလိုက်သည်။
မိုဝူကျိက အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို ကိုင်ဆောင်ရင်း ဝင်သွားလိုက်သည်။ ခံစားရခက်သည့် ဖိအားက ချက်ချင်း သူ့ကို ရစ်ပတ်သွားရာ မိုဝူကျိက အသက်ပင် မရှုနိင်တော့ချေ။ ဤအရာမှာ အောက်ဆီဂျင် ပြတ်လပ်နေရုံမျှ မဟုတ်တော့ဘဲ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကိုပင် အသက်မသွင်းနိုင်တော့ချေ။ အကယ်၍ သူက အချိန်ကြာကြာ ကုန်ဆုံးမိပါက အင်မော်တယ်တစ်ယောက်ပင် အသက်ရှုကျပ်၍ သေဆုံးသွားနိုင်လောက်ပေသည်။
လင်းလုနန်၏ ကျင့်ကြံဆင့်မှာ မိုဝူကျိထက် များစွာ မြင့်နေသော်လည်း သူ့မျက်နှာ အမူအယာလည်း ပြောင်းလဲသွားပေ၏။ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အပြင်ဘက်၌ သူတို့က ဖိအားများသာ ခံစားခဲ့ရသော်လည်း ယခုတွင်မူ သူတို့အထဲ ဝင်လိုက်သည့်အခါ ဖိအားမှာ ပို၍ ခံစားရခက်လာစေသည်။
သူက အဆောင်ကို ထုတ်ကာ ခန္ဓာကိုယ်တွင် ရစ်ပတ်လိုက်၏။ တစ်ချိန်တည်းတွင် ဧရာမ ဒယ်စောက်ကြီးကို ထုတ်လိုက်သည်။ ဧရာမ ဒယ်စောက်ကြီးမှာ ကြီးကျယ်ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှင့်နေပြီး သူ့ကိုယ်ပိုင် နေရာတစ်ခု ဖန်တီးထားသလို ဖြစ်နေရာ ဘေးပတ်လည်မှ ဖိအားများကို တားဆီးပေးထား၏။ မိုဝူကျိပင် နေလို့ အဆင်ပြေလာသည်။
တကယ်တော့ မိုဝူကျိက ခံစားရခက်သည့် ဖိအားအကြောင်း သိပ်ဂရုမစိုက်ပေ။ သူ့တွင် အသက်ရှုလမ်းကြောင်း ရှိသည့်အတွက် ဖိအားက မည်မျှလေးလံပြင်းထန်စေကာမူ အသက်ရှုလမ်းကြောင်း ရှိနေသရွေ့ ခံစားရမည် မဟုတ်ပေ။ သို့သော်လည်း သူက လင်းလုနန်၏ ထိုဧရာမ ဒယ်စောက်ကြီးကြောင့် အမှန်တကယ် အံ့ဩမိသွားသည်။ ထိုအရာမှာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ထက်ပင် ပိုအားပြင်းသော ရတနာ ဖြစ်၏။
ဒယ်စောက်၏ အရှိန်အဝါမှာ ကြီးကျယ်ခမ်းနားလွန်း၍ အဆင့် ၉ အင်မော်တယ် ပစ္စည်းထက် သာလွန်နေကြောင်း ပြောဖို့သာ တစ်ချက်ကြည့်ဖို့သာ လိုအပ်၏။ အမှန်တကယ် ရှေးဟောင်း ရတနာ ဖြစ်ပေသည်။ သူက တခြားသူများကို အထင်မသေးသင့်ပေ။ မိုဝူကျိက သူ့ဘေးတွင် တာ့ဟွမ် ရှိနေ၍ သူတို့ကြား ပဋိပက္ခ ဖြစ်လာခဲ့လျှင် လင်းလုနန်ကို ဖိနှိပ်ထားနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့၏။
သို့သော်လည်း ယခု လင်းလုနန်၏ ရတနာကို မြင်လိုက်သည့်အခါ ထိုသို့ မဟုတ်နိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ အဆင့် ၉ ထက် ကျော်လွန်နေသော ဤရတနာကို ကောင်းကောင်း အသုံးပြုပါက လိပ်ခုံး တစ်ခုလို ဖြစ်သွားလိမ့်မည်။ တာ့ဟွမ်ပင် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ အကယ်၍ တာ့ဟွမ်က မဟာဧကရာဇ် အစစ်အမှန် ဖြစ်နေလျှင်ပင် ပိုကောင်းမည် မဟုတ်ပေ။ သို့သော်လည်း တာ့ဟွမ်က အစိမ်းရောင်ကျောက်များပေါ် မူတည်နေသည့် အင်မော်တယ်အရုပ် ဖြစ်နေလေရာ စွမ်းအားများများ အသုံးပြုလျှင် ဖြည်းဖြည်းချင်း အသုံးမဝင် ဖြစ်လာလိမ့်မည်။
သူ့ကျင့်ကြံဆင့်မှာ လင်းလုနန်ထက် များစွာ အဆင့်နိမ့်ပေ၏။ အကယ်၍ တာ့ဟွမ်သာ မရှိလျှင် လင်းလုနန်ရှေ့၌ သေခြင်းတရားကို စောင့်နေခြင်းနှင့် တူနေပေလိမ့်မည်။ သူက ထွက်မပြေးခင် တာ့ဟွမ် စွမ်းအားပြတ်တောက်သွားသည့်အထိ စောင့်မနေနိုင်ပေ။
ဤဧရာမ ဒယ်စောက်ကြီးကို ကြည့်ကာ မိုဝူကျိက ဟွမ်ရှားကို အမှတ်ရလိုက်၏။ ဟွမ်ရှားက သူနှင့် ရင်ဆိုင်ဖို့ ရွေးထားလေရာ သူ့တွင်လည်း တာ့ဟွမ်ကို အနိုင်ယူနိုင်မည့် ဤသို့မျိုး ရတနာမျိုး ပါရှိပေလိမ့်မည်။ မိုဝူကျိက စိတ်ထဲမှ သက်ပြင်းချကာ အပိုအင်အား ရှိနေခြင်းမှာလည်း တိမ်လိုမျိုး တစ်ခဏသာ ဖြစ်ပေ၏။
“ ဒီရတနာကို ကျုပ် ဘိုးဘေး ချန်ထားခဲ့တာလေ။ တကယ်တော့ ကျုပ်တို့ နတ်ဘုရားအင်မော်တယ်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးရဲ့ ရတနာပေါ့။ ဒါက ကျုပ်တို့ကို ကာကွယ်ပေးနိုင်မှာပါ ” မိုဝူကျိ၏ အံ့ဩနေမှုကို ခံစားမိပြီး လင်းလုနန်က ရယ်မောကာ ရှင်းပြလိုက်သည်။
မိုဝူကျိက ရယ်မောကာ
“ အရင် ဟွမ်ရှားက ခင်ဗျားအပေါ် ထားတဲ့ သတ်ဖြတ်ငွေ့ကို တွေ့ဖူးလိုက်လို့ သူ့အကြောင်း သတိပေးချင်နေတာ …. ကြည့်ရတာ ကျုပ်က ရေအိုင်ထဲက ဖားသူငယ် ဖြစ်နေတဲ့ပုံပါပဲ ”
လင်းလုနန်က မိုဝူကျိအား ကျေးဇူးတင်ကာ
“ သူ့ကို စောင့်နေတာလေ …. ဟွမ်ရှားက အံ့ဩဖို့ကောင်းမှန်း သိပါတယ်။ သူက အဆင့်တူအတွင်းက ပါရမီရှင်တွေအများကြီးကို သတ်ခဲ့တာလေ …. ဒါပေမဲ့ ကျုပ်တို့ နတ်ဘုရားအင်မော်တယ်ဂိုဏ်းပေါ် မသမာတဲ့စိတ် ထားရဲဖို့တော့ လိုအပ်နေသေးတယ်။ သူ ပြဿနာ လာမရှာရင် အဆင်ပြေပါတယ်။ လာရှာခဲ့ရင်တော့ နောင်တရသွားအောင် လုပ်ပေးလိုက်မယ် ”
လင်းလုနန်လည်း ဟွမ်ရှား၏ သတ်ဖြတ်ငွေ့များကို ခံစားမိပေသည်။ ဂရုစိုက်ဖို့ရာ စိတ်ထဲ မရှိခြင်းသာ ဖြစ်ပေ၏။
မိုဝူကျိ၏ စိတ်နှလုံးအိမ်ထဲ တသိမ့်သိမ့် တုန်မိသွားသည်။
သူတို့နည်းလမ်းများကြား ဘာကွာခြားနေတာလဲ
ဒယ်စောက်၏ ကာကွယ်မှုဖြင့် ဘေးပတ်လည်မှ ဖိအားများမှာ သိသိသာသာ လျော့ကျသွားပေ၏။ မိုဝူကျိနှင့် လင်းလုနန်တို့က အင်မော်တယ် ဖွေရှာ အမှတ်အသားပြားဘက် လှည့်လိုက်သည်။
ထင်ထားသည့်အတိုင်း အင်မော်တယ် ဖွေရှာ အမှတ်အသားပြား၌ အက်ကွဲကြောင်း ပေါ်လာ၏။ အပြင်ဘက် အကာအရံတစ်ခု ကျွတ်ထွက်သွားသည့်အလား အင်မော်တယ် ဖွေရှာ အမှတ်အသားပြားပေါ်၌ စာတန်းများ တန်းစီ ပေါ်လာသည်။
“ ကျုပ်က ကျန်းရှင်းနယ်မြေက ကျင့်ကြံသူ ကျီဖေးချင်ပါ။ နတ်ဘုရားမျှော်စင်အထဲ နတ်ဘုရားစစ်ပွဲကြားမှာ ကံကောင်းပြီးတော့ လောက လှေကားကို ရပြီးတော့ ထွက်ပြေးနိုင်ခဲ့တယ်။ ကျုပ် လောက လှေကားကို ကျန်းရှင်းဆီ ယူဆောင်သွားခဲ့တယ်။ အချိန်ကြာလာရင် ကျန်းရှင်းရဲ့ နံပါတ်တစ် အဆင့်ဇယား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ် …..
တစ်ချိန်တည်းမှာ ကျုပ် အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို ကောင်းကင် ဖွေရှာ လှေကား ပုံပွားပေါ်မှာ ထားထားခဲ့တယ်။ အဲကို ရောက်ပြီးတော့ ရအောင် ယူနိုင်မယ်ဆိုရင် ကျုပ်ရဲ့ ပစ္စည်း စိတ်ဝိညာဉ် ဖြစ်တဲ့ မုတ်ဆိတ်ဖြူ အမျိုးသားကို မြင်ပြီးသား ဖြစ်မှာပါ …. ”
မိုဝူကျိက ထိုအရာကို မြင်လိုက်သည့်အချိန် ကောင်းကင်ဖွေရှာ လှေကားမှာ ပုံပွားတစ်ခု ဖြစ်ကြောင်း နားလည်လိုက်သည်။ တစ်ချိန်တည်းတွင် သူက မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီးကြောင့် အံ့ဩမိသွားသည်။ ထိုလူက အမှန်တကယ် ပစ္စည်း စိတ်ဝိညာဉ်တစ်ခု ဖြစ်နေသည်။ ပို၍ အံ့ဩဖို့ ကောင်းစေသည်မှာ နတ်ဘုရားမျှော်စင်မှာ ရှေးနတ်ဘုရားများ၏ တိုက်ပွဲနယ်မြေ ဖြစ်နေခြင်း ဖြစ်၏။
“ ကောင်းကင်ဖွေရှာ လှေကားထိပ်ဆုံးကို ရောက်တဲ့အခါ မုတ်ဆိတ်ဖြူ က မင်းကို ကျင့်စဉ်တွေနဲ့ မင်း လက်ဝယ်ရဖို့ အိမ်မက် မက်နေတဲ့ ပစ္စည်းတချို့ကို ပေးလိမ့်မယ် …. ”
“ ဘာမဟုတ်တာတွေ လာပြောနေတာလဲ ” မိုဝူကျိက မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။ ကျီဖေးချင်က ဤပစ္စည်း စိတ်ဝိညာဉ်ကို ကောင်းးကင်ဖွေရှာ လှေကားထိပ်ဆုံး ရောက်သူအား ပစ္စည်းတချို့ ပေးရန် ညွှန်ကြားချက် ပေးခဲ့သော်လည်း ထိုလူအိုကြီးက ဘာမှ မပေးရုံ သာမက အကူအညီတချို့အတွက် သဘောတူညီချက် ယူခဲ့ရသေး၏။ ပစ္စည်း စိတ်ဝိညာဉ်က လောဘကြီးသော လူအိုကြီး ဖြစ်ကြောင်း သိသာလှသည်။
လက်တွေ့၌ မိုဝူကျိက ထိုပစ္စည်း စိတ်ဝိညာဉ်ကို အထင်မှားနေခြင်း ဖြစ်၏။ သူက မိုဝူကျိအား ဘာမှ မပေးချင်၍ မဟုတ်ဘဲ မိုဝူကျိတွင် ဝိညာဉ်ကြော မရှိ၍ ဖြစ်ပေသည်။ မုတ်ဆိတ်ဖြူ ငါးဖမ်းသမားကြီးအနေဖြင့် ကျီဖေးချင်၏ ပစ္စည်းများကို မိုဝူကျိဆီ ပေးလိုက်ခြင်းက ဖြုန်းတီးသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူက အကြံအစည် နှစ်ခု ခွဲခြားထားလိုက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။ ပထမ အကြံမှာ မိုဝူကျိကို ခွင့်ပြုဖို့ ဖြစ်ပြီး နောက်တစ်ခုမှာ ကျီဖေးချင်၏ ပစ္စည်းများကို နောက်တစ်ယောက်ဆီ ထားခဲ့ရန် ဖြစ်၏။ အကယ်၍ မိုဝူကျိ ကျရှုံးသွားလျှင်ပင် အနည်းဆုံးတော့ မျှော်လင့်ချက်လေး ရှိနေသေးသည် မဟုတ်ပါလော။
မိုဝူကျိ၏ စိတ်ဝင်စားမှုအတွက် ထိုပစ္စည်း စိတ်ဝိညာဉ်က ဂရုစိုက်မည် မဟုတ်ပေ။
“ ကျုပ် အများကြီး မေးနေမိပေမဲ့လည်း ဒီနေရာကို ရောက်လာပြီဆိုတော့ အဲဒီကျီဆိုတာက ကျုပ် သမီး ကျီလီကို ကယ်ပေးဖို့ ပြောထားတာပါ။ ကျီလီက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှာ ရှိနေတယ်။
သူမရဲ့ ကျင့်ကြံဆင့်က ကျုပ်ထက် မြင့်တယ်ဆိုတော့ အဲဒီစာလုံးတွေကို မြင်နေရဦးမယ်ဆိုရင် သူမ အဆင်ပြေနေဦးမှာပါ …. ”
မိုဝူကျိက စိတ်လွှတ်သွားမိ၏။ သူက ကျီလီကို ကယ်တင်ရန် ရောက်လာသော်လည်း ဤအစီအရင်နှင့် ရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။
“ ကျုပ် စီနီယာကျီလီအကြောင်း ကြားဖူးတယ်။ သူမလည်း အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှာပဲ ….. ညီလေးမိုက စီနီယာကျီလီကို ကယ်ဖို့ ရောက်နေတာဆိုတော့ ကျုပ်တို့က တစ်ဖက်တည်းပဲ ….. ” ထိုအရာကို မြင်ပြီး မိုဝူကျိလည်း ဤနေရာသို့ တစ်ယောက်ယောက်ကို ကယ်တင်ရန် ရောက်လာကြောင်း နားလည်လိုက်သည်။