← Chapters

ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း အနိုင်ရရှိပါတယ်

Vol. 57 Ch. 792

ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း အနိုင်ရရှိပါတယ်

Vol. 57 Ch. 792

" ငါ့ရဲ့ ဝိညာဉ်သတ်ဖြတ်ခြင်းစွမ်းအားတွေကို ချုပ်တည်းမယ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွား၏။ သူသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားခဲ့သည့်တိုင်အောင် တကယ်လက်တွေ့ ဖြစ်လာသည့်အချိန်တွင် အနည်းငယ်ခန့် နောင်တရသွားရဆဲပင်။

သို့သော် ယခုလို ဖြစ်လာရသည်မှာ အထူးတဆန်းတော့ မဟုတ်ပေ။ သူ၏ နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ အသိမ်းခံလိုက်ရပြီ မဟုတ်ပါလော။ သို့ဖြစ်ရာ ရေဘဝဲစိမ်းတပ်ရင်း၏ အဆင့်အတန်းနှင့်ဆိုလျှင် သူတို့မှာ ထိုဒိုင်းကာအား အကဲခတ်လေ့လာပြီး ၎င်းအား ယာယီမျှ ချုပ်တည်းထားနိုင်မည့် နည်းလမ်းများကို တီထွင်ဖန်တီးနိုင်စွမ်း ရှိနေမည်သာဖြစ်သည်။

သို့သော် သူတို့မှာ အလွှာဆင့်ခြင်းနည်းလမ်းမှ ထွက်ပေါ်လာသည့် ဝိညာဉ်သတ်ဖြတ်ခြင်းစွမ်းအားများကိုသာ ချုပ်တည်းနိုင်စွမ်းရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွေကြိတ်၍ လှောင်ရယ်လိုက်၏။ ထို အချုပ်အနှောင်စွမ်းအားများမှာ သူ ဝူလေး ပေးထားသည့် သန့်စင်ခြင်းနည်းထဲမှ ဖြုတ်ယူခြင်းနှင့် ကပ်ပါးကောင်အဖြစ် ပြန်လည်တပ်ဆင်ခြင်းနည်းလမ်းအား အသုံးပြုကာ အသစ်ဖန်တီးထားသည့် နတ်ဘုရား တရားမျှတမှုဒိုင်းကာအပေါ် အကျိုးသက်ရောက်မှုမရှိပေ။ ၎င်းမှာ သူ၏ ဝှက်ဖဲ ဖြစ်ပေသည်။

ထို့ကြောင့် ယခုတွင် သူသည် အပေါ်ယံ၌ မျက်စိမျက်နှာ ပျက်နေသည့်ပုံ ပေါက်နေသည့်တိုင်အောင် လက်တွေ့တွင်မူ စိတ်တည်ငြိမ်မှုအပြည့် ရှိနေပြီး အာကာသထဲရှိ အက်ကွဲကြောင်းကြီးနှင့် ၎င်းထဲမှ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာနေသည့် စစ်သင်္ဘောကြီးများအား အေးစက်စက်မျက်ဝန်းများနှင့် စိုက်ကြည့်နေလိုက်တော့သည်။

ထို စစ်သင်္ဘောကြီးများမှာ ဧရာမ လင်းနို့ကြီးများနှင့် တူကြ၏။ ၎င်းတို့ အက်ကွဲကြောင်းကြီးထဲမှ အရှိန်အဟုန်ဖြင့် ပျံထွက်လာကြပြီးနောက် ၎င်းတို့ထဲမှ ကျင့်ကြံသူများ ထွက်ပေါ်လာတော့သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ မြင့်မားနေခြင်းမရှိဘဲ အများစုမှာ အမြုတေအဆင့်တွင်သာ ရှိကြပြီး ယွမ်ယင်အဆင့်ကျင့်ကြံသူဟူ၍ ဆယ့်နှစ်ယောက်ပင် မပြည့်ပေ။ သူတို့မှာ လူအင်အား အသာစီးရနေသည့်အပြင် စုပေါင်းအချုပ်အနှောင်တစ်ခုကြောင့် သူတို့၏ အငွေ့အသက်များမှာ တစ်သားတည်း ပေါင်းစည်းနေကြ၏။ သူတို့မှာ အယောက်တစ်ထောင်ဝန်းကျင်ခန့် ရှိနေသည့်ပုံ ပေါ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အစွမ်းထက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးဆယ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။

" မန္တန်အစီအရင်တွေကို သုံးပြီးတော့ အငွေ့အသက်တွေကို စုပေါင်းပြီး သူတို့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေကို မြှင့်တင်ပေးထားတာလား " ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ အနည်းငယ်ခန့် ကျဉ်းမြောင်းသွားရ၏။ ထို့အပြင် သူသည် ထို စစ်သင်္ဘောကြီးများထဲမှ အစွမ်းထက် အငွေ့အသက်သုံးခု ထပ်၍ ပေါက်ကွဲထွက်ပေါ်လာသည်ကိုလည်း သတိထားမိလိုက်သည်။ ထို သုံးယောက်စလုံးမှာ ရုပ်ရည်ဆင်တူကြပြီး ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိနေကြရုံသာမက ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဖြစ်သည်။

ထိုသုံးယောက်မှာ... မြေတိမ်လွှာဂိုဏ်းမှ မဟာထိပ်သီး အကြီးအကဲကြီးသုံးယောက် ဖြစ်ရပေမည်။ သူတို့မှာ ပေါ်ပေါက်လာကြပြီးနောက် ကြယ်ပျံသုံးလုံးအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင်လည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များနှင့် လောဘစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူတို့ သုံးယောက်အား အကဲခတ်လိုက်ပြီးနောက် ကျင့်ကြံသူများ စုပေါင်းသွားရာမှ ပေါ်ပေါက်လာသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဆယ်ယောက်၏ အငွေ့အသက်များကို လှမ်းကြည့်လိုက်၏။ သို့သော် သူ အဓိက အာရုံစိုက်နေသည့် အရာမှာ ထိုအချိန်တွင် အာကာသထဲရှိ အက်ကွဲကြောင်းကြီးထဲမှ ထွက်ပေါ်လာသော လူနှစ်ယောက်ဖြစ်ပေသည်။

သူတို့ နှစ်ယောက်ထဲမှ တစ်ယောက်မှာ ပိန်လှီနေပြီး အခြားတစ်ယောက်မှာ ဝဖြိုးနေ၏။ ပိန်ပါးပါး ကျင့်ကြံသူမှာ မျက်နှာအမူအရာ အသက်မဲ့နေပြီး ဝကစ်ကစ်ကျင့်ကြံသူမှာမူ အပြစ်ကင်းစင်စွာ ပြုံးနေ၏။ သူတို့နှစ်ယောက်မှာ အက်ကွဲကြောင်း၏ အစွန်းတွင် ရပ်ရင်း ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်အား လှမ်းကြည့်နေကြသည်။ သူတို့၏ အကြည့်မှာ မိုင်ပေါင်းများစွာကျော်ဖြတ်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။

" ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်တည်းလားဟ " ဝမ်ပေါင်လဲ့မှာ မျက်ခုံးများ ပင့်မိသွားပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် သူ၏ ဘေးပတ်ဝန်းကျင်အား နောက်ထပ်တစ်ကြိမ်ထပ်၍ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြန်သည်။ ထို ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်နှင့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်သာ ရှိနေကြောင်း သေချာသွားသောအခါ သူသည် ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။

" မင်းတို့က မင်းတို့ရဲ့ အချုပ်အနှောင်စွမ်းအားတွေကို ဒီလောက်အထိ အယုံအကြည်ရှိနေတာလား။ ဒါမှမဟုတ် မင်းတို့ရဲ့ပြိုင်ဘက်ကို လျှော့တွက်နေတာလားကွ " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွားပြီး အရင်ဆုံး သူ၏ ထင်မြင်ယူဆချက်အား မှန်ကန်မှုရှိမရှိ စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။ သို့သော် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်မှာ သူ၏အနီးသို့ ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်မှာဆိုလျှင် အသံအကျယ်ကြီးဖြင့် အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။

" လုံနန်ကျစ်။ အခုမှတော့ ရေခဲဖီးနစ်ငှက်တပ်ရင်း မင်းကို လာကယ်ဖို့ မျှော်လင့်မနေနဲ့တော့။ ဝါရင့်ကြီး ရီနျှန်ကျစ်ကိုယ်တိုင် သူတို့ကိုတားဆီးဖို့ ထွက်သွားပြီကွ။ ဒီနေ့ မင်းရဲ့ ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း ဂိုဏ်းကြီးစစ်တပ်စာရင်းထဲကနေ ထွက်ရဖို့သာ ပြင်ထားပေတော့ "

သူ ထိုသို့ဆိုလိုက်ပြီးနောက် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်စလုံးမှာ အော်ဟစ်ရယ်မောလိုက်ကြပြီး အရှိန်မြှင့်တင်ကာ ဝမ်ပေါင်လဲ့၏ အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာ၏။ သူတို့မှာ နဂါးမိစ္ဆာသုံးကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာနေသကဲ့သို့ပင်။ သူတို့၏ အလွန်အင်မတန်မှ အစွမ်းထက်သော ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးအား ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အဆမတန်များပြားသော ဖိအားများ အရပ်မျက်နှာအနှံ့မှနေ၍ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား လှုပ်မရအောင် ချုပ်နှောင်ထားချင်နေသည့်ပုံပင်။

" နားငြီးတယ်ကွာ " ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်၏ တိုက်ကွက်များကို ရင်ဆိုင်နေရသည့်တိုင်အောင် တုန်လှုပ်ချောက်ချားနေခြင်း မရှိပေ။ သူသည် ဤတိုက်ပွဲကြီးထဲတွင် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သာ ရှိနေသည်ဖြစ်ကြောင်း သေချာသွားပြီးနောက် မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူသည် နှာမှုတ်ကာ သူ၏ စစ်သင်္ဘောများကို မဖောက်ခွဲရန် ဆုံးဖြတ်လိုက်ပြီး ကြယ်ပျံတစ်လုံးကဲ့သို့ ရှေ့သို့ ပျံထွက်သွားလိုက်ဝောာ့သည်။

သူသည် ရှောင်တိမ်းနေခြင်းမရှိသလို ထွက်ပြေးဆုတ်ခွာသွားခြင်းလည်း မရှိဘဲ ထို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားလိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် ထို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်မှာ မှင်တက်သွားရပြီး နှလုံးသားထဲ၌ စိုးရိမ်စိတ်များ ကြီးထွားလာကြတော့သည်။ သို့သော် သူတို့မှာ နောက်ကျသွားပြီဖြစ်ရာ ရှောင်တိမ်းနိုင်စွမ်း မရှိတော့ပေ။

" ရေဘဝဲစိမ်းတပ်ရင်း ငါ့ကို သင်ခန်းစာပေးတယ်ဆိုတာ ဒါလားကွ... ကလေးကလားတွေကွာ " ဝမ်ပေါင်လဲ့၏ စကားသံများ လေထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် သူသည် ထို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူ သုံးယောက်အား ဝင်တိုက်ပြီးသွားပြီ ဖြစ်သည်။

ထိုအဖြစ်အပျက်များမှာ မြန်ဆန်လွန်းနေသောကြောင့် ဘေးပတ်ပတ်လည်ရှိလူများ တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာတော့သည်။ ထို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်မှာ ဧရာမ တောင်ကြီးတစ်လုံးအား ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ ‌သွေးများ ပန်းထွက်လာကြ၏။ ထို့နောက် သူတို့မှာ အော်ဟစ်မြည်တမ်းကာ နောက်သို့ လွင့်ထွက်သွားကြပြီး သူတို့၏ လက်များမှာလည်း တစ်စစီ ပေါက်ကွဲပျက်စီးသွားကြသည်။ သူတို့မှာ တစ်ကိုယ်လုံး သွေးများပေကျံနေကြပြီး တုန်လှုပ်ချောက်ချားကာ ကယောင်ကတမ်း ဖြစ်သွားရတော့သည်။

" တန်ပြန်စွမ်းအားတွေပါလား။ သူ့ရဲ့ နတ်ဘုရား တရားမျှတမှုဒိုင်းကာက ချုပ်နှောင်ခံထားရတာ မဟုတ်ဘူးလားဟ "

" မဖြစ်နိုင်တာ "

သူတို့သုံးယောက် အပြင်းအထန်ဒဏ်ရာရသွားစဉ် ဝမ်ပေါင်လဲ့မှာ အရှိန်လျော့ကျသွားခြင်း မရှိဘဲ သူတို့၏ဘေးမှ ဖြတ်ပျံသွားလိုက်၏။ သူသည် သူတို့အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။ အမှန်အတိုင်းဆိုရလျှင် ဝမ်ပေါင်လဲ့မှာ သူတို့အား လျှော့ပေးခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ထိုသုံးယောက်အား သူ၏ လက်ပါးစေများအဖြစ် ရှုမြင်ထားပြီးသားဖြစ်ရာ တန်ပြန်စွမ်းအားများကို အကုန်လုံး ထုတ်သုံးခဲ့ခြင်းမရှိပေ။ ထိုသို့သာ မဟုတ်ပါက သူတို့ သုံးယောက်မှာ ယခုလို ဒဏ်ရာရသွားရုံတင်မဟုတ်ဘဲ သေဆုံးနေလောက်ပြီ ဖြစ်သည်။

ဂိုဏ်းငယ်စစ်တပ်တစ်ခုမှာ ဂိုဏ်းကြီးစစ်တပ်တစ်ခုအား စိန်ခေါ်ပြီး ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့မှာ ဂိုဏ်းကြီးစစ်တပ်၏ လက်အောက်ငယ်သားအဖြစ်သို့ ရောက်ရှိသွားမည် မဟုတ်ပါလော။ ၎င်းမှာ နတ်ဧကရာဇ်တရားမျှဂိုဏ်းက သတ်မှတ်ထားသည့် စည်းမျဉ်းများဖြစ်ရာ မည်သူကမှ ချိုးဖောက်ရဲကြမည် မဟုတ်ပေ။ ရေဘဝဲစိမ်းတပ်ရင်းပင်လျှင် ထိုသို့ဖြစ်မလာအောင် တားဆီးနိုင်စွမ်း ရှိမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ဒဏ်ရာရသွားသည့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်နှင့် မန္တန်အစီအရင်များကြောင့် ပေါ်ပေါက်လာသည့် ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်ဆယ်ခုအား ဂရုစိုက်နေခြင်းမရှိဘဲ အက်ကွဲကြောင်းကြီး၏ အပြင်ဘက်တွင်ရှိနေသော ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ ထိုအခါ ထို ကျင့်ကြံသူနှစ်ယောက် အပါအဝင် သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားကြပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

" မင်းတို့က ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်တည်းနဲ့ ငါ့ရဲ့ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ကို တိုက်ခိုက်ရဲတယ်ပေါ့ ဟုတ်လား။ သတ္တိကောင်းလှပါလားကွ " ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေ၏။ ထို့ကြောင့် သူ၏စကားသံများ လေထဲ၌ ပဲ့တင်ထပ်သွားစဉ်မှာပင် သူသည် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်၏ အနီးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် သူတို့နှစ်ယောက်အား ချက်ချင်းပင် လှမ်းထိုးလိုက်၏။

ထိုအခါ ထို ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်မှာ အမူအရာများပြောင်းလဲသွားပြီး ပိန်ပါးပါး ကျင့်ကြံသူ၏ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူသည် အစွမ်းကုန်ထုတ်လွှတ်ကာ တိုက်ခိုက်လိုက်တော့သည်။ သူသည်လည်း သူ၏ ပြိုင်ဘက်မှာ နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အချုပ်အနှောင်များ၏အောက်တွင် အသုံးပြုနိုင်စွမ်း ရှိနေသေးသည်ကို မယုံကြည်ဘဲ ဖြစ်နေရ၏။ ထို့ကြောင့် သူ မြင်ခဲ့ရသည့်မြင်ကွင်းမှာ အခြားအကြောင်းရင်းများကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်မည်ဟု သူက မှတ်ယူထားသည်။ မည်သည့်အကြောင်းကြောင့်ပင် ဖြစ်စေ ၎င်းမှာ နတ်ဘုရား တရားမျှတမှုဒိုင်းကာ ဖြစ်မနေသရွေ့ သူသည် သူ၏ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံခြင်းစွမ်းအားများဖြင့် နှောင်းပိုင်းဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူ ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေမည်သာ ဖြစ်သည်။

သူ၏ဘေးတွင် ရှိနေသည့် ဝကစ်ကစ် ကျင့်ကြံသူမှာမူ မျက်ဝန်းများအရောင်လက်သွားပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွား၏။ သူသည် သူ၏နောက်တွင်ရှိနေသည့် အက်ကွဲကြောင်းကြီးကို အသုံးပြုကာ စစ်မြေပြင်ထဲမှထွက်ခွာသွားရန် ပြင်ဆင်နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ အဝေးသို့ထွက်ပြေးသွားသည် ဝကစ်ကစ်ကျင့်ကြံသူအား လျစ်လျူရှုထားလိုက်ပြီးနောက် သူ၏ နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ထိန်းချုပ်ကာ ပိန်ပါးပါးကျင့်ကြံသူအား ဝင်တိုက်လိုက်တော့သည်။

သူတို့နှစ်ယောက်၏ ရိုက်ခတ်မှုကြောင့် ထွက်ပေါ်လာသည့် ထစ်ချုန်းသံကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေပြီး စစ်မြေပြင်ကြီးတစ်ခုလုံးထဲ၌ ပျံ့နှံ့သွား၏။ ပိန်ပါးပါး ကျင့်ကြံသူ၏ အော်ဟစ်မြည်တမ်းသံကြီးမှာမူ ထို ထစ်ချုန်းသံကြီးထက်ပင် ပို၍ စူးရှကျယ်လောင်နေသည်။ သူ၏ အော်သံကြီး ဘေးပတ်ဝန်းကျင်‌၌ ပဲ့တင်ထပ်သွားပြီးနောက် သူ၏ ခြေလက်များအားလုံးမှာ ပေါက်ကွဲသွား၏။ ထို့နောက် သူသည်လည်း နောက်သို့ လွင့်ထွက်သွားပြီး ခန္ဓာကိုယ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏နောက်သို့ ပြေးလိုက်သွားပြီး သူ၏ ဦးခေါင်းအား ဆုပ်ကိုင်ကာ သူ၏ခန္ဓာကိုယ်အား ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ဆီသို့ လှမ်းပစ်လိုက်၏။

" ဖေဖေကြီးဆီ လာခဲ့စမ်းပါ "

ထိုမြင်ကွင်းကြောင့် အပြင်းအထန် ဒဏ်ရာရထားသည့် ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်မှာ ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရ၏။ ဘေးပတ်ပတ်လည်တွင် ရှိနေသည့် အခြား ကျင့်ကြံသူများမှာလည်း ဆွံ့အမှင်တက်နေကြရပြီ ဖြစ်သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြ၏။

ဝကစ်ကစ် ကျင့်ကြံသူတစ်ယောက်သာလျှင် အချိန်မီ ဆုတ်ခွာသွားနိုင်ခဲ့သဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ရခြင်းဖြစ်သည်။ သို့သော် သူသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်ဝန်းများထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းကြီရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ပြီး ထွက်ခွာသွားရန် ပြင်လိုက်၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အား ထွက်ခွာခွင့် ပြုမည်မဟုတ်ပေ။ ထို့ကြောင့် သူ ထိုကျင့်ကြံသူအား လိုက်လံဖမ်းဆီးရန် ပြင်လိုက်စဉ်မှာပင် ထိုအက်ကွဲကြောင်းကြီးထဲမှ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ဧရာမလက်ကြီးတစ်ဖက် ပေါ်ပေါက်လာကာ ဝကစ်ကစ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အား ကျော်ဖြတ်လာပြီးနောက် ဝမ်ပေါင်လဲ့အား လှမ်း၍ဖမ်းဆုပ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ဧရာမလက်ကြီးဆီမှ ထွက်ပေါ်နေသည့် ထာဝရဝိညာဉ်အဆင့် စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သောအခါ မျက်ဝန်းများ အရောင်လက်သွားပြီး ၎င်းအား တိုက်ခိုက်ချင်သည့် စိတ်ဆန္ဒများကို ချုပ်တည်းလိုက်၏။ ထို့နောက် သူသည် နောက်သို့ဆုတ်ခွာသွားလိုက်ပြီး ခေါင်းမော့ကာ အသံကုန် အော်ဟစ်လိုက်တော့သည်။

" ရေဘဝဲစိမ်းတပ်ရင်း။ ခဗျားတို့က ရှုံးရမှာ သိပ်ကြောက်နေတယ်ပေါ့။ ကျုပ်ရဲ့ အသေးစား စစ်တပ်လေးကို ထိန်းချုပ်ခွင့် ရချင်ရုံနဲ့ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ စေလွှတ်လိုက်ရတယ်လို့။ အဲတာဆိုရင် ဘာလို့များ အစကတည်းက ကျုပ်ကို စစ်တပ်ဖွဲ့စည်းခွင့် ပေးခဲ့ရသေးတာလဲ။ ဒီလိုပုံစံနဲ့ ဘယ်လိုလုပ်ပြီး ဂိုဏ်းထဲက တာအိုရောင်းရင်းတွေရဲ့ ကူညီထောက်ပံ့မှုကို ရမှာလဲ။ အနာဂတ်မှာ ဘယ်လိုလုပ်ပြီးတော့ တခြားသူတွေက ကြိုးစားချင်စိတ် ရှိတော့မှာလဲ။ ဂိုဏ်းခေါင်းဆောင်ကြီး။ ကျွန်တော် နတ်ဘုရား တရားမျှတမှုဒိုင်းကာနဲ့ ပတ်သတ်ပြီးတော့ ဆရာစားချန်တဲ့ အနေနဲ့ တစ်ကွက်နှစ်ကွက်လောက် လျှိုထားခဲ့တာ ဝန်ခံပါတယ်။ ဒါပေမဲ့ အဆောင်ပစ္စည်းသန့်စင်တဲ့လူတိုင်း အဲလို လုပ်နေကျပဲလေ။ ဒါပေမဲ့ လုံနန်ကျစ်ဆိုတဲ့ ကျွန်တော် ရေဘဝဲစိမ်းတပ်ရင်းရဲ့ လုပ်ရပ်တွေကိုတော့ လုံးဝ လက်မခံနိုင်ဘူး "

ဝမ်ပေါင်လဲ့ ထိုသို့ အော်ဟစ်ပြောဆိုလိုက်သောအခါ ဧရာမလက်ကြီးမှာ တစ်ခဏမျှ ရပ်တန့်သွား၏။ ၎င်း ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ရှေးဆန်သည့် စကားသံကြီးတစ်သံမှာ ဘေးပတ်ပတ်လည်၌ ပဲ့တင်ထပ်သွားတော့သည်။

" ဝိညာဉ်အက်ကွဲကြောင်းတပ်ရင်း အနိုင်ရရှိပါတယ် "

ထိုစကားသံကြီး ထွက်ပေါ်လာသောအခါ လက်ကြီးမှာ အနည်းငယ်ခန့် တုန်ရီသွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ဆက်လက်ဦးတည်သွားနေခြင်း မရှိတော့ဘဲ သေဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့သည့် ဝကစ်ကစ် ကျင့်ကြံသူအား ဆွဲခေါ်သွားပြီး အက်ကွဲကြောင်းကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ထိုလက်ကြီး ပျောက်ကွယ်သွားသည်နှင့် တိုက်ပွဲကြီးမှာလည်း ပြီးဆုံးသွား၏။ မြေတိမ်လွှာတပ်ရင်းမှ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူသုံးယောက်မှာမူ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး သူတို့၏ မျက်ဝန်းများထဲမှ စိတ်ပျက်အားငယ်မှု အရိပ်အယောင်များကို ကွယ်ဝှက်ထားနိုင်စွမ်း မရှိတော့ပေ။ သူတို့မှာ ဤတိုက်ပွဲကြီးအား ရှုံးနိမ့်သွားရခြင်းကြောင့် ကြုံတွေ့ရမည့် နောက်ဆက်တွဲအကျိုးဆက်များကို နားလည်ထားကြပြီးသား ဖြစ်သည်။ ဘေးပတ်ပတ်လည်ရှိ မြေတိမ်လွှာဂိုဏ်းမှ ကျင့်ကြံသူများနှင့် ဝမ်ပေါင်လဲ့ ဝိညာဉ်အက်ကွဲကြောင်းဂြိုဟ်ပေါ်သို့ လှမ်းပစ်လိုက်သဖြင့် သေလုမျောပါး ဖြစ်နေရသည့် ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူကြီးတို့မှာမူ နောက်ထပ်တစ်ကြိမ်ထပ်၍ သွေးတစ်ပွက် အန်ထွက်လာရ၏။

ဝမ်ပေါင်လဲ့တစ်ယောက်သာ သူ၏ ဘေးပတ်ပတ်လည်ရှိ အစိမ်းရောင်စစ်သင်္ဘောကြီးများနှင့် ကျင့်ကြံသူများကို ကြည့်ရင်း မျက်ဝန်းများ အရောင်တောက်ပလာရတော့သည်။ နောက်ဆုံးတွင် သူသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏ " ငါတော့ ပွပြီဟေ့ "

All Chapters