← Chapters

အပိုင်း(၄၅၅)

Vol. 31 Ch. 455

အပိုင်း(၄၅၅)

Vol. 31 Ch. 455

အဖြူရောင်ပတ်တီးတို့ရစ်ပတ်ထွေးထားခြင်းခံထားရသော ရှစ်ဖုန့်က မြေပြင်ပေါ်တွင် မံမီတစ်ကောင်ကဲ့သို့ တင်ပျဉ်ခွေထိုင်လိုက်သည်။

ကုသရေးဆေးလုံးနှင့် ယွမ်ချီပြန်လည်ဖြည့်တင်းဆေးလုံး အများအပြားအား  ဝါးမျိုပြီးနောက်   ရှစ်ဖုန့်က လက်ဆီးလ်တစ်ခုအား လုပ်လိုက်ပြီး  သူ၏ဒဏ်ရာများ အားကုသရန်တွက် ငရဲဘုံကိုးခု ဖျက်ဆီးမရသော  ကိုယ်အား အဆက်မပြတ်လှည့်ပတ်လိုက်သည်။

လှပသော အမေနှင့်သမီးဖြစ်သူတို့ က   ဆိတ်ငြိမ်စွာဖြင့်   ရှစ်ဖုန့် ၏သိပ်မဝေးသော နေရာတွင်စောင့်ကြပ်နေသည်။သူမတို့က တင်ပျဉ်ခွေထိုင်လိုက်ပြီး သူမတို့၏ လက်အတွင်း၌ ကမ္ဘာဦး ကျောက်တုံး

များအား ကိုင်ထားကြသည်။  သူမတို့သည်လည်း ကျင့်ကြံခြင်းအ

ခြေအနေသို့  ဝင်ရောက်နေပြီဖြစ်သည်။

အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။  ပြိုင်ဘက်ကင်း  ပညာရပ်ဖြစ်သော ငရဲဘုံကိုးခု ဖျက်ဆီးမရသော ခန္ဓာ၏အောက်တွင်  ရှစ်ဖုန့်၏ ထိခိုက်ဒဏ်ရာများမှာ  လျှင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေသည်။  သက်လတ်ပိုင်းအရွယ်အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် ၏ သေခြင်းစွမ်းအင်

တို့အား ဝါးမျိုပြီးသည့်နောက်တွင် ထိုအချိန်က ကုန်ဆုံးလုနီးပါးဖြစ်ခဲ့သော  စွမ်းအင်များမှာလည်း အပြည့်ဝဖြစ်လုနီးပါး ပြန်လည်၍ ပြည့်ဝလာခဲ့သည်။

“ကောင်လေး. ဒီတစ်ကြိမ်မင်းအသက်ကို တကယ်ကြီး ရင်းခဲ့တာပဲ..  မင်းသေသွားတာကကိစ္စမရှိပေမဲ့   အခုက မင်းနဲ့ငါက တစ်သားတည်းဖြစ်နေပြီ..  မင်းသေရင် .. ငါပါ မင်းနဲ့အတူ သေမှာကွ”

ရှစ်ဖုန့်၏ ကိုယ်အတွင်း၌ရှိနေသော ကောင်းကင်မီးတောက်က စတင်၍ ထပ်မံ ထက်တွန့်လက်လာသည်။

“ဒီထိခိုက်ဒဏ်ရာတွေက ဘာမှမဟုတ်ဖူး.  “

ကောင်းကင်မီးတောက်၏ စကားတို့အားကြားပြီးသည့်နောက်  ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ဒီတစ်ခေါက်ထက်ပိုပြီးတော့ အကြိမ်ပေါင်းများစွာ ဒီသခင်လေး လေးနက်တဲ့ ပြဿနာတွေ ဒုက္ခတွေခံဖူးတယ်.. ခင်ဗျားက ကြောက်တတ်တဲ့သူပဲ. နတ်ဘုရားအဆင့်မီးတောက်တစ်ခုအဖြစ် ခင်ဗျားဘယ်လိုဆင့်ကဲတိုးတက်ခဲ့သ

လဲဆိုတာကို ကျုပ်တော့မသိတော့ဘူး”

“ဟမ့်”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်  ကောင်းကင်မီးတောက် က အထင်သေးမှုအပြည့်ဖြင့် နှာခေါင်းရှုံလိုက်ပြီး ဝင့်ကြွားစွာပြောလိုက်သည်။

“ငါ့လိုမျိုး ဂုဏ်သိက္ခာရှိအဆင့်မြင့်မားတဲ့တစ်စုံတစ်ယောက်က  ဆင့်ကဲပြောင်းလဲဖို့မလိုဘူး.. ငါမွေးဖွားလာကတည်းက  ငါကအထွတ်အထိပ်နတ်ဘုရားအဆင့် မြင့်မြတ်တဲ့မီးတောက်တစ်ခုဖြစ်နေပြီ”

ကောင်းကင်မီးတောက်၏ စကားအားကြားလိုက်ရပြီးနောက် ရှစ်ဖုန့်က ပြောလိုက်သည်။

“တော်လောက်ပြီ..ခင်ဗျားကိုယ်ခင်ဗျား သွေးမနေဘူးဆိုရင် ခင်ဗျား ရဲရင့်လာမှာမဟုတ်ဖူး”

“ဟမ့်”

ကောင်းကင်မီးတောက်က နှာခေါင်းရှုံလိုက်ပြီးနောက် ရှစ်ဖုန့်အားထပ်မံလျစ်လျူရှုလိုက်သည်။

သူ၏ခန္ဓာကိုယ်အားစစ်ဆေးပြီးနောက် သူနှင့်ပက်သက်၍ ဘာမှမှားယွင်းနေခြင်းမရှိသည်ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။ သူ့ဘေးတွင်ရှိနေသော သွေးသောက်ဓားနှင့် သွေးချပ်ဝတ်တို့အားကောက်ယူလိုက်သည်။

သွေးဓားက‌ သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး  ရှစ်ဖုန့်၏ညာဘက်လက်ခလယ်ထိပ်၌ ဓားအမှတ်အသားတစ်ခုအဖြစ်ပြောင်း

လဲသွားသည်။

ရှစ်ဖုန့်၏ ကိုယ်က အနည်းငယ်လှုပ်ရှားသွားပြီး မြေပြင်ပေါ်မှ ထရပ်လိုက်သည်။ သူ၏ကိုယ်ပေါ်တွင် ရှိနေသော အဖြူရောင်ပတ်တီးများက ရှစ်ဖုန့်ထရပ်လိုက်သည်နှင့် စတင် ၍ အပိုင်းပိုင်းစုတ်ပြဲလာက သူ၏ သစ်လွင်သော ကြွက်သာအဖုအထစ်များဖြင့်ခန္ဓာကိုယ်က လှစ်ဟာထွက်ပေါ်လာသည်။

ထို့နောက်ချက်ချင်း   သွေးနီရောင်ချပ်ဝတ်က ဖျက်ခနဲ သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး  ရှစ်ဖုန့်၏ ခန္ဓာကိုယ်ပေါ်၌ ပြန်လည်ပေါ်လာသည်။

ရှစ်ဖုန့်၏ လှုပ်ရှားမှုတို့က ကျင့်ကြံနေသော သားအမိနှစ်ဦးအား သတိပေးသလိုဖြစ်သွားသည်။  သားအမိနှစ်ယောက်စလုံး တစ်ချိန်တည်းတွင် သူမတို့ ၏ကျင့်ကြံနေခြင်းမှနိုးကြားလာသည်။

သူမတို့၏ ပိတ်နေသောမျက်လုံးတို့အား အနည်းငယ်ဖွင့်လိုက်ပြီး မလှမ်းမကမ်းတွင်ရှိနေသော ရှစ်ဖုန့်အား  ကြည့်လိုက်သည်။

“အာ”

“အာ”

သွေးနီရောင်ချပ်ဝတ်နှင့်ရှစ်ဖုန့်အားကြည့်ရင်း သားအမိနှစ်ဦးလုံး အံ့အားသင့်သွားကြသည်။ ခန္ဓာကိုယ်ရှိဒဏ်ရများ လုံး ဝပျောက်ကွယ်သွားပြီး လေထဲတွင်တဖျပ်ဖျပ်လွင့်နေသည့် ရှည်လျားသော ဆံပင်နှင့်အတူ သွေးရောင်ချပ်ဝတ်နှင့်  ခန့်ညားသောပုံရိပ်အား  သူမတို့ မြင်တွေ့လိုက်ရသည်။ သူ၏ ဆိုးရွားပြီး  ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာပင်လျှင် သူ၏ မူလမျက်နှာသွင်ပြင် ပြန်လည်ရရှိနေသည်။ သူ၏ အရေပြားအသစ်တို့ပင် ယခင်ထက်ပိုမိုချော့မွတ်လာ၏။

“ဘာလို့သူက အရင်ထက်တောင်ပိုပြီး ကြည့်ကောင်းနေရတာလဲ”

ပုံရိပ်အားကြည့်၍  ကောင်မလေး က သူ့မဖာသာသူမတီးတိုးရေရွတ်လိုက်သည်။

“သူဒီလိုမျိုး ထိခိုက်ဒဏ်ရာရခဲ့ပေမဲ့. အချိန်တိုလေးအတွင်း  ပြန်လည်ကောင်းမွန်လာတယ်..ဒီလူက တကယ်ပဲ မရိုးရှင်းဘူး”

လှပသောအမျိုးသမီးက  ရှစ်ဖုန့်အားကြည့်၍  သူမဖာသာသူမပြောလိုက်သည်။

သို့သော်   ထိုအချိန်တွင် ရှစ်ဖုန့်မှာ သူ၏ထိခိုက်ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာပြီးသည်တောင်  သူ့အနေဖြင့် အနည်းငယ်မျှ ပျော်ရွှင်နိုင်ခြင်းမရှိပေ။  သူ၏လက်များကိုကြည့်၍  သူ၏လက်တို့အား ဖုံးနေသော ရှည်လျားသည့်အမွှေးနက်များက  သူ၏ လက်မောင်းတို့အထိ ပျံ့နှံ့နေပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။  အခြေအနေအား အကဲဖြတ်ရသလောက် ၎င်း၏ သူ့လက်မောင်းများအားပျံ့နှံ့ချိန်မှာ  သိပ်ကြာမြင့်မည်မဟုတ်ပေ။

“သောက်ချီးပဲ”

ရှစ်ဖုန့်မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်သည်။  ဤသို့သာဆက်သွားနေလျှင်   သူ့အနေဖြင့် အမွှေးနက်မွန်းစတားတစ်ကောင် တကယ်ဖြစ်လာမည်ကို ကြောက်မိသည်။

သူအိပ်မောကျနေစဉ်ကြားခဲ့ရသော ညှို့ယူသည့်အသံအား စဉ်းစားမိသောအခါတွင်   သူ့ကိုယ်ပေါ်တွင် အမွှေးနက်များ ပျံ့နှံ့ရခြင်းမှာ ၎င်းက တစ်ခုခုလုပ်ခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

သို့သော် ယခုအချိန်၌ အရေးအကြီးဆုံးသောအရာမှာ  အမွှေးနက်ကျိန်စာအားမည်သို့ အပြီးဖယ်ရှားရမည်ကို သူမသိချင်းဖြစ်သည်။

သိပ်မဝေးသောနေရာတွင် သားအမိနှစ်ဦးမှာလည်း ရှစ်ဖုန့်၏လက်တို့မှာ လက်မောင်းတို့အထိပျံ့နှံ့လာနေသော မွှေးနက်များကိုသတိပြုမိလိုက်သည်။  သူမတို့ထိန်းမထားနိုင်ဘဲ ရှစ်ဖုန့်အား စိတ်ပူသွားသည်။သူမတို့မှာ ကောင်မလေး ၏ဖခင်ဖြစ်သူ ချူးယွဲ့အား ပို၍ စိုးရိမ်မိကြသည်။ သူဘယ်နေရာတွင်ရှိနေပြီးဘာတွေ

လုပ်နေသည်ကို သူမတို့ မသိကြချေ။

“ထားလိုက်တော့ ..ဝူရှန့်နဲ့ နတ်ဘုရားဆေးပင်ကိုအရင်ရှာရမယ်. ဒီနေရာမှာ နတ်ဘုရားအဆင့်ပစ္စည်းတွေရှိတာ

ကြောင့် နတ်ဘုရားအဆင့် ဆေးပင် လည်းတကယ်ရှိမှာပဲ”

ရှစ်ဖုန့်က ရှုပ်ထွေးလှသော အတွေးများအား ဘေးချိတ်ထားလိုက်ပြီး   သေခြင်းတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်လာရသည့် သူ၏ တာဝန်ကိုသာတွေးလိုက်သည်။

ဤအရာအားတွေးမိသောအခါတွင်  သားအမနှစ်ဦးထံသို့ ရှစ်ဖုန့်လျှောက်သွားလိုက်သည်။ သူမတို့နားသို့ချဉ်းကပ်ပြီး သူကပြောလိုက်သည်။

“သွားစို့ ..ဒီသခင်လေးရဲ့ဒဏ်ရာတွေက ပြန်လည်ကုသပြီးလုနီးပါးဖြစ်နေပြီ….

.ဒီနေရာကို ဆက်ပြီးတော့ ရှာကြစို့”

သူအပြင်းအထန်ဒဏ်ရာများရထား

သောအချိန်တွင်သူ့အား သားအမိနှစ်ဦး ၏  စောင့်ရှောက်ပေးမှုကိုခံခဲ့ရသည်။  ဤကဲ့သို့ အန္တရာယ်များသော သေခြင်းတားမြစ်နယ်မြေတွင် ယခု အခါ၌သူမတို့အား  ပစ်ပယ်ထားလိုစိတ်မရှိတော့ပေ။

ရှစ်ဖုန့်က ဤကဲ့သို့လူစားမျိုးဖြစ်သည်။တစ်စုံတစ်ယောက်က သူ့အားကူညီလျှင်  သူက ၎င်းအား သူ၏နှလုံးသားထဲတွင်မှတ်ထားသူဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်ကများ သူအားထိခိုက်အောင်လုပ်ခဲ့လျှင်   ထိုလူအနေဖြင့် သူ့အားကြီးမားသော တန်ကြေးတစ်ခုကို ပြန်လည်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

သူ့အနေဖြင့် ကြင်နာသနားမှုနှင့်  မုန်းတီးတို့ကြား ရှင်းရှင်းလင်းလင်းကွဲကွဲပြားပြား

သိသည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်နှင့်  အခြားသူနှစ်ဦးတို့က လှုပ်ရှားလိုက်ပြီး  ဟင်းလင်းပြင်အားထပ်မံထိုးခွင်း

ပျံသန်းလိုက်သည်။ သို့သော် ရှစ်ဖုန့်ရှေိ့သို့ပျံသန်းနေစဉ်ကောင်မလေးက ရှစ်ဖုန့်အားအလျှင်အမြန်တားဆီးလိုက်သည်။

“ကျွန်မတို့အဲ့ဘက်ကို သွားလို့မရဘူး”

“ဘာ..”

ကောင်မလေး၏ စကားတို့အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ဘာဖြစ်လို့လဲ.. ဘာလို့တို့တွေအဲ့ဘက်ကိုသွားလို့မရတာလဲ. အဲ့မှာဘာရှိလို့လဲ”

“အဲ့ဘက်မှာ ခုဏက ကျွန်မတို့သားအမိဖြတ်လာတော့  အဖြူရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ရတယ်.. အမေပြောတော့ အဲ့ပုဂ္ဂိုလ်က ထူးဆန်းတယ်တဲ့.. သူ့အနားနီးနီးကပ်ကပ်မသွားတာက ကျွန်မတို့အတွက်ပိုကောင်းတယ်”

‌

ကောင်လေးက ရှစ်ဖုန့်အားပြောလိုက်သည်။

ကောင်မလေး စကားဆုံးပြီးသည့်နောက်တွင်   သက်လတ်ပိုင်းအရွယ်လှပသော အမျိုးသမီးကလည်း ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ရှင်းအာပြောတာအမှန်ပဲ.. အဲ့အမျိုးသမီးက တို့ကို မရေရာတဲ့ခံစားချက်တစ်ခုကို ပေးတယ်”

“အဖြူရောင်ဆံပင်နဲ့ အမျိုးသမီးတစ်ယောက်လား.”

သားအမိနှစ်ဦး၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်ကလေး

နက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် ပြန်လည်ဖြေလျော့လိုက်ပြီး သားအမိနှစ်ဦးအားပြောလိုက်သည်။

“ဒီသခင်လေးကိုအဲ့ကိုခေါ်သွားပါ.. မစိုးရိမ်ပါနဲ့  ဒီသခင်လေးရှိရင် မင်းတို့ကို ဒီသခင်လေး

ဘာမှ အဖြစ်မခံပါဘူး”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်သား

အမိနှစ်ဦးက တစ်ယောက်ကိုယ်တစ်ယောက်ကြည့်

လိုက်သည်။ ထို့နောက် သက်လတ်ပိုင်းအရွယ်လှပသောအမျိုးသမီးက သူမခေါင်းကိုလှည့်ပြီး  ရှစ်ဖုန့်အားခေါင်းညိမ့်ပြလိုက်သည်။ထို့နောက် သူမက ရှစ်ဖုန့်အားလက်ညှိုးထိုးညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

“ကောင်းပြီ. တို့မှတ်မိတာသာမှန်ရင် အဲ့တာက ဒီဦးတည်ဘက်ဖြစ်လိမ့်မယ်”

လှပသော အမျိုးသမီးပြောပြီးနောက် ကောင်မလေးကလည်း အလျှင်အမြန်ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟုတ်တဲ့ အဲ့ဘက်”

“ကောင်းပြီ.. အဲ့ကိုသွားပြီးတော့ တစ်ချက်ကြည့်ကြစို့ “

ထိုသို့ပြောပြီးနောက်  ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားသွားပြီး ကောင်းကင်အားထိုးခွင်းပျံသန်းလိုက်သည်။ ထို့နောက်သားအမိနှစ်ဦးကလည်း ရှစ်ဖုန့်နောက်  အလျှင်အမြန်လိုက်ပါ၍ ပျံသန်းလိုက်သည်။

ဤအချိန်တွင် ကောင်မလေးက မိခင်ဖြစ်သူ၏စိုးရိမ်သော မျက်နှာအားမြင်တွေ့ရသောအခါ သူမအား အလျှင်အမြန်နှစ်သိမ့်လိုက်သည်။

“အမေ..သူရှိတာပဲ. သူက အရမ်းစွမ်းအားကြီးပါတယ်. သူအဆင်ပြေမှာပါ”

သမီးဖြစ်သူ၏  စကားတို့အားကြားပြီးနောက်  လှပသော အမျိုးသမီးက ခေါင်းခါလိုက်ပြီးနွေးထွေးသော

အပြုံးတစ်ခုဖြင့်ပြောလိုက်သည်။

“အရူးမလေး အမေက  အခု ဒါကိုစိုးရိမ်နေတာမဟုတ်ဘူး…

အမေပိုပြီးစိုးရိမ်တာက အခုသမီးအဖေဘယ်လိုဖြစ်နေမလဲဆိုတာပဲ”

“အဖေ…သူ.. သမီးအဖေက..ဟူး..”

အမွှေးနက်များဖြင့် ဖခင်ဖြစ်သူအားတွေးမိသောအခါတွင်  ကောင်မလေး၏မျက်နှာထက်၌ ခါးသီးမှုများနှင့် စိတ်နှလုံးပူဆွေးမှုတို့ပြည့်နှက်လာသည်။ လူကောင်းတစ်ယောက်က ဘယ်လိုဖြစ်ပြီး ဤကဲ့သို့ဖြစ်လာရပါသနည်း။

“အဖေ.. အဖေဘယ်ကိုသွားနေတာလဲ. အခုအဖေဘယ်လိုနေလဲ..သမီးနဲ့အမေတို့ အဖေ့ကိုရှာနေကြတာကို သိရဲ့လား.သမီးတို့ သေလုနီးပါး အကြိမ်များစွာ ဖြစ်ခဲ့ရတယ်.နောက်ဆုံးအဖေ့ကိုတွေ့

တဲ့အချိန်ကြမှ အဖေက သမီးတို့ကို မမှတ်မိဘူး. အခု အဖေက ပျောက်နေပြန်ပြီ”

“အဖေ ရှင်းအားအသံကို အဖေကြားနိုင်မလားအဖေရယ်. ရှင်းအာ တကယ်ပဲ အဖေနဲ့အတူ အိမ်ကိုပြန်ချင်တယ်”

ဆက်ရန်……

ဘာသာပြန်သူ- ARISE

All Chapters