← Chapters

အင်မော်တယ် ဝင်ရိုးကျောက်တုံးများ

Vol. 47 Ch. 652

အင်မော်တယ် ဝင်ရိုးကျောက်တုံးများ

Vol. 47 Ch. 652

“ ဘာဖြစ်တာလဲ … အထဲမှာ အစိမ်းရောင်ကျောက် ရှိရမှာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ငါးအရိုး ဖြစ်နေတာလဲ ” မိုဝူကျိ နားထဲ အသံက ပြန်လည် ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်သွားပြန်သည်။

မိုဝူကျိက  အသံကို ဆက်တိုက် အာရုံစိုက်ထား၏။ ထိုခဏရပ်လိုက်သည့် အခိုက်အတန့် တစ်ဖက်လူမှာ သူ့စကားထဲ၌  ပြဿနာတချို့ကို တွေ့သွားကြောင်း သိလိုက်သည်။

“ စီနီယာ …. ငါးအရိုးက ကျုပ်ကို ဖောက်သွားပေမဲ့လည်း ဒဏ်ရာတော့ မရပါဘူး။ ကျုပ် ကာကွယ်ရေး ရတနာက တားဆီးလိုက်နိုင်တယ်။ ဒါနဲ့ ကျုပ် အစိမ်းရောင်ကျောက်ကို တွေ့ပြီ … ငါးအရိုးအောက် ရောက်နေတာ  ” မိုဝူကျိက ထပ်ပြောလိုက်သည်။

ဤတစ်ကြိမ်၌ မိုဝူကျိက ငါးအရိုးများအောက် အစိမ်းရောင်ကျောက်ကို အမှန်တကယ် တွေ့လိုက်ရသည်။ အစိမ်းရောင် ကျောက်  ရှိနေသည်မှာ မည်မျှကြာမြင့်နေမှန်း မသိသော်လည်း  အစိမ်းရောင် မှိန်ဖျော့ဖျော့ ရှိနေသေး၏။ ပစ္စည်းကောင်းလေး ဖြစ်ရမည်။ ထိုအစိမ်းရောင်ကျောက်အပြင် နောက်ထပ် လူအလောင်းတစ်လောင်းလည်း ရှိနေသေးသည်။ သေဆုံးပြီးသည့်တိုင် အလောင်းပြည့်ပြည့်စုံစုံ ရှိနေခြင်းမှာ  ဤလူက  အသက်ရှင်လျက် ရှိနေသည့်အချိန် အင်အားကောင်းသော လူ ဖြစ်ကြောင်း သိသာနေပေ၏။

အသံက တိတ်ဆိတ်သွားလေရာ မိုဝူကျိလည်း ဘာမှ ပြန်မပြောတော့ပေ။ မိုဝူကျိက ဘေးပတ်လည်ကို စိတ်ဝိညာဉ်မျက်လုံးဖြင့် သေချာစစ်ဆေးကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူက တာ့ဟွမ်ကို ဘေး၌ ထားထားလိုက်ပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားလိုက်သည်။ သူက  များများစားစား မတိုက်ခိုက်နိုင်သော်လည်း မသေခင် ခုခံသွားချင်သေး၏။

အချိန်ခဏအကြာတွင် အသံက သက်ပြင်းချကာ

“ ဘာတွေ ဖြစ်နေမှန်း နားမလည်တော့ဘူး … အဲဒီအစိမ်းရောင်ကျောက်ကို ငါးအရိုးတွေအောက်ကနေ သေချာထုတ်ခဲ့နော် … မှတ်ထား ငါးအရိုးတွေ မစိုက်မိစေနဲ့ဦး  ”

“ ဟုတ်ပါပြီ ” မိုဝူကျိက တာ့ဟွမ်ဆီ  သတင်းစကားပို့လိုက်ပြီး တာ့ဟွမ်အား သူ့ညွှန်ကြားချက်အတိုင်း အစိမ်းရောင်ကျောက်ကို ယူစေလိုက်သည်။

တာ့ဟွမ်က အစိမ်းရောင်ကျောက်ကို မမြင်နိုင်သော်လည်း မိုဝူကျိက မျက်လုံးသဖွယ် ဆောင်ရွက်ပေးနေသည်။

တာ့ဟွမ်က တုံ့ဆိုင်းမနေဘဲ မိုဝူကျိ အမိန့်ပေးလိုက်သည်နှင့်  ရေကန်ထဲ ချက်ချင်း ခုန်ဆင်းလိုက်သည်။ သို့သော်လည်း ရေကန်ထဲ ရောက်သွားသည့်အခိုက်အတန့်၌  အင်အားကြီးသော အားတစ်ခုက စုပ်ယူသွားသည့်အလား  ငါးအရိုးများနှင့် ထိုးစိုက်မိကုန်သည်။

တာ့ဟွမ်က အင်မော်တယ်ဧကရာဇ်အဆင့် အရုပ် ဖြစ်သော်လည်း  ငါးက သေဆုံးသွားသည်မှာ နှစ်များစွာ ကြာမြင့်ဟန် ပေါ်နေသော်လည်း ငါးအရိုးမှာ တာ့ဟွမ်အား အလွယ်တကူ ထိုးဖောက်နိုင်သေးရာ  တာ့ဟွမ်ပင် ဖြူဖျော့သွားလေ၏။

“ ဘာဖြစ်လို့လဲ ” တာ့ဟွမ် ဖြစ်စေလိုက်သည့် အနှောင့်အယှက်ကား ကြီးမားပေ၏။ အသံက နောက်တစ်ဖန် ထွက်ပေါ်လာပြီး ဤတစ်ကြိမ်၌   ပို၍ စိတ်လှုပ်ရှားနေဟန် ရှိသည်။

ငါးအရိုးများမှ မှိန်ဖျော့ဖျော့ အဖြူအလင်းများ ထွက်ပေါ်လာပြီး  တာ့ဟွမ်ဆီမှ တစုံတစ်ခုကို စုပ်ယူဖို့ရာ ကြိုးစားနေဟန် ပေါ်၏။ ကံဆိုးသည်က အချိန်အတော်ကြာ စုပ်ယူပြီးသည့်တိုင်  လိုချင်တာ ရမသွားရှာပေ။

မိုဝူကျိ မျက်နှာပေါ်တွင် အလိုမကျသည့် အမူယာများ ဖြစ်တည်နေပြီး  ဤရေကန်၌ တစ်ခုခု မှားယွင်းနေကြောင်း သေချာသိနေသည်။ မဟုတ်လျှင် တာ့ဟွမ် အင်အားနှင့် သူ့ညွှန်ကြားချက်အတိုင်း တာ့ဟွမ်က  ငါးအရိုးများကြောင့် ဖြူဖျော့သွားစရာ အကြောင်းမရှိပေ။ သူ့ကို ညွှန်ကြားချက် ပေးနေသော အသံပိုင်ရှင်မှာ  သေချာပေါက် အကောက်ကြံနေခြင်း ဖြစ်၏။

“ ဘာမှ မဖြစ်ပါဘူး … ကျုပ် နောက်တစ်ခါ အထိုးခံလိုက်ရလို့၊ ဒီတစ်ခါလည်း ကျုပ် ကာကွယ်ရေး ပစ္စည်းက  ကာကွယ်ပေးလိုက်နိုင်တယ်လေ ” မိုဝူကျိ အသံတွင် စိုးရိမ်ပူပင်မှုမျာ ပါဝင်နေပေ၏။ တာ့ဟွမ်က မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။

“ အဲဆိုလည်း အရင်တက်လာခဲ့လိုက်ပါ ”အသံပိုင်ရှင်က  သက်ပြင်းချလိုက်ပြန်သည်။

မိုဝူကျိက တာ့ဟွမ်အား ထွက်လာသည်နှင့်  ထိုအစိမ်းရောင်ကျောက်ကို ယူလာရန် ညွှန်ကြားလိုက်သည်။

ထင်ထားသည့်အတိုင်း  ထိုအသံပိုင်ရှင် ပြောလိုက်သည့်အချိန် တာ့ဟွမ်က ငါးအရိုးမှ အလွယ်တကူ ထွက်လာနိုင်လိုက်သည်။ မိုဝူကျိ၏ ညွှန်ကြားချက်များအရ  ရေကန်ထဲမှ ထွက်လာသည်နှင့် အစိမ်းရောင်ကျောက်ကို ကောက်ယူလာလိုက်သည်။

အေးစက်စက် သရော်သံကို ကြားလိုက်ရသည်။

မိုဝူကျိက တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ ကံကောင်းစွာ  တာ့ဟွမ်က  ရေကန်ထဲမှ ထွက်လာပြီးပြီ ဖြစ်၏။ မိုဝူကျိက  တာ့ဟွမ်နှင့် အလျှင်အမြန်  ပြန်ဆုတ်လိုက်ကာ လော့ကျမ်းစာရွက်ဖြင့် သူနှင့် တာ့ဟွမ်အား  ကာကွယ်ရန် ရစ်ပတ်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားဖြင့် အစိမ်းရောင်ကျောက်ကို စစ်ဆေးကြည့်လိုက်သည်။

အစိမ်းရောင်ကျောက်ကား ရှုပ်ထွေးနက်နှဲသော  သင်္ကေတများဖြင့် ပြည့်နှက်နေကာ မိုဝူကျိ၏ စိတ်စွမ်းအားက  ထိုသင်္ကေတများအား  အပြည့်အဝ  မဖြေရှင်းနိုင်ပေ။

“ အစိမ်းရောင်ကျောက် ယူခဲ့လား ” အသံပိုင်ရှင်က ရုတ်ချည်း ထမေးလိုက်သည်။

မိုဝူကျိက အစိမ်းရောင်ကျောက်ကို  သိမ်းလိုက်ကာ  ပေါ်တင် လိမ်ညာလိုက်သည်  “ ယူဖို့ အရမ်းခက်လို့ မယူခဲ့နိုင်ဘူး  ”

တစ်ဖက်လူက သူ အစိမ်းရောင်ကျောက် ထုတ်လိုက်သည်နှင့် သိမည် ဖြစ်ကြောင်း ယုံကြည်ပေ၏။ တစ်ဖက်လူက ရေကန်ထဲ၌ ဘာရှိကြောင်း သိနေလိမ့်မည်ဟုလည်း ယုံကြည်သည်။ သို့သော်လည်း သူက အရိုးသားဆုံး ဝန်ခံမည် မဟုတ်ပေ။

ထင်ထားသည့်အတိုင်း ခဏတာ တုံ့ဆိုင်းသွားပြီးနောက်  အသံပိုင်ရှင်က ပြန်လည် ထွက်ပေါ်လာသည်

“ ကောင်လေး  မင်းက ဉာဏ်ကောင်းပြီးတော့ သတိကြီးတယ်။ ငါသာ မမှားရင် မင်းမှာ အရာအားလုံးကို မြင်နိုင်တဲ့ အမြင်မျိုး ပိုင်ဆိုင်ထားတယ်မလား  ”

မိုဝူကျိက ပြန်မဖြေပေ။ ဤနေရာမှ ထွက်သွာနိုင်ရေးသည် သူနှင့် မပတ်သတ်နေသောကြောင့် သူ့ကို ပြန်ဖြေဖို့ရာ မလိုအပ်တော့ပေ။

“ကောင်းတယ် ကောင်းတယ်  …. အရင်က ငါ ယူမင်ကျန်းရဲ့ အမှားပါ။ ငါ မင်းကို မညာသင့်ဘူး။ အခု  သဘောတူညီမှု ယူကြစို့ …. အစိမ်းရောင်ကျောက်ကို  ရေကန်ထဲ ပြန်ထားပေးလိုက် မင်းကို အပြင် ပြန်ထုတ်ပေးမယ် ” ယူမင်ကျန်း အမည်ရှိ အသံပိုင်ရှင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

မိုဝူကျိက  ရှုပ်ထွေးလှသော သင်္ကေတများအကြောင်း နားမလည်သော်လည်း  အစီအရင်အကြောင်းတော့ သိပေသည်။ ထိုစဉ် သူက  ဤရေကန်ထဲ၌ အစီအရင်တချို့ ရှိနေကြောင်း မြင်ပြီးလေပြီ။ ငါးအရိုးမှာ သွေးကို စုပ်ဖို့ရာ ဖြစ်ပြီး တာ့ဟွမ်က အရုပ် ဖြစ်နေသည့်အတွက် စုပ်ယူစရာ သွေးတစ်စက်ပင် မရှိချေ။

အစိမ်းရောင်ကျောက်ကို လက်စွပ်ထဲ ထည့်လိုက်ပြီး မိုဝူကျိက ဤအရာမှာ မရိုးရှင်းကြောင်း သေချာပေါက် ပြောနိင်သည်။  သူက ရေကန်ထဲ ပြန်ထားမည် မဟုတ်ချေ။ ထို့အပြင် အသံပိုင်ရှင်က  သူ့ကို  အပြင်ထွက်ဖို့ရာ ကူညီပေးလောက်အောင်အထိ  ကြင်နာနေမည့် လူစားမျိုးဟု မယုံချေ။

သူက အင်မော်တယ် ဖွေရှာ အမှတ်သားပြားကို ကိုင်ကာ မေးလိုက်သည်  “ ခင်ဗျား တကယ် လုပ်ထားတာလား ”

“ ဟုတ်ပါတယ် …  ငါ လုပ်ထားတဲ့ အမှတ်အသားပြား ဟုတ်ပါတယ်။ အဲဒါက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ဝင်လာနိုင်ပြီးတော့ ထွက်သွားလို့ရအောင် ခွင့်ပြုပေးထားတယ်လေ ” ယူမင်ကျန်းက လေးလေးနက်နက် ပြောလိုက်သည်။  သူ့အသံတွင် စိုးရိမ်မှုများ ရှိမနေသလို  အလောတကြီးလည်း ဖြစ်မနေချေ။

မိုဝူကျိက  အတွေးလွန်မိနေလားဆိုတာ မသိနိုင်သော်လည်း  ယူမင်ကျန်းအသံထဲ၌ စိုးရိမ်မှုများ ပါဝင်နေပြီး   သူက အစိမ်းရောင်ကျောက် ပြန်မထားပေးမည်ကို စိုးရိမ်နေဟန် ပေါ်၏။

“ ဒီလို အမှတ်အသားပြား ဖန်တီးနိုင်မှတော့ ဘာလို့ ထွက်မသွားသေးတာလဲ   ” မိုဝူကျိကလည်း  တည်ငြိမ်စွာ မေးလိုက်သည်။

“ ငါက ဓားအထိုးခံထားရတာ  ပြီးတော့ အစီအရင်အလံတွေရဲ့ ချိတ်ပိတ်တာကိုလည်း ခံထားရသေးတယ် …. ဘယ်လိုလုပ် ထွက်နိုင်မှာလဲ  ” အသံပိုင်ရှင်က ကူကယ်ရာမဲ့စွာ ငြီးတွားပြောလေ၏။

မိုဝူကျိက  သူ့လက်ဝဲဘက်ရှိ ဧရာမ ကျောက်တုံးကြီး ရှိရာဆီ သွားလိုက်ပြီး  “ အဲဆို ခင်ဗျားက ကျောက်တုံးပေါ့  ”

“ ဒီနေရာမှာ မင်းက   မမှန်မကန်တွေကို ဖောက်ပြီးတော့  မြင်ရတာပဲ  …. ဟုတ်တယ် ငါက အဲဒီကျောက်တုံးပါ …. အတိအကျပြောရရင်တော့ ဒီကျောက်တုံးထဲမှာ ပိတ်မိနေတာ ”  ဤတစ်ကြိမ်၌ အသံပိုင်ရှင်က အမည်မသိ နေရာများမှ ထွက်ပေါ်မလာတော့ဘဲ ကျောက်တုံးမှ ထွက်ပေါ်လာလေ၏

“ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှာ  ကျောက်တုံး၊ မြက်၊ ပြီးတော့ ရေပေါက်လေးကတောင် ထောင်ချောက် ဖြစ်နေနိင်တယ်။  မင်းက  အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကို နားမလည်သေးပါဘူး။ တကယ်လို့ ဂရုမစိုက်မိရင် မင်းလည်း ငါတို့လိုမျိုး ထာဝရ ပိတ်မိသွားနိုင်တယ် …. ”

“ အဲဆို ခင်ဗျားက လမ်းညွှန်ပေးရင် ကျုပ် အဲဒီထောင်ချောက်တွေထဲ မမိတော့ဘူးမလား  ” မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ဒါပေါ့  ” ယူမင်ကျန်းက  ဂုဏ်ယူစွာ ပြန်ဖြေလိုက်၏။

မိုဝူကျိက နှာခေါင်းရှုံ့ကာ  “ တကယ်လို့ ခင်ဗျားက အဲလောက် တော်နေရင် ဘာလို့ ပိတ်နေသေးတုန်း  … ပါရမီရှင် မဟုတ်ဘူးလား ”

အကယ်၍ စိတ်ဝိညာဉ်မျက်လုံးကြောင့်သာ မဟုတ်လျှင် မိုဝူကျိက ရေကန်ထဲ ဆင်းမိပြီး  ငါးအရိုးများဆီ သွေးများ အကုန် ပါသွားလောက်ပေ၏။ ဤသို့မျိုး လူမျိုးထံ မိုဝူကျိက ယဉ်ကျေးနေစရာ မလိုအပ်ပေ။

ယူမင်ကျန်း တိတ်ဆိတ်သွားလေ၏။ သူက အချိန်အတော်ကြာပြီးမှ ပြန်ပြောလိုက်နိုင်သည်

“ မင်း ယုံချင်ယုံ မယုံချင်နေ …  ငါလည်း လုပ်ကြံခံခဲ့ရတာပဲ ။ မဟုတ်ရင် ဒီလိုမျိုး အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိနေမှာ မဟုတ်ဘူး။ မင်း ငါနဲ့ အလုပ်အတူတူ တွဲလုပ်ရင် သေချာပေါက် ထွက်သွားနိုင်လိမ့်မယ်။ မင်း  မလုပ်ရင်တော့  ငါ့အတွက်တော့ အရှုံးမရှိဘူး။

အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က   သဘာဝစွမ်းအား စုပ်ယူလို့ ရတဲ့ နောက်ထပ် ကံမကောင်းတဲ့  အရူးတစ်ယောက် တိုးလာရုံပေါ့  ”

“ အရင်ဆုံး ကျုပ် မေးခွန်းတွေ အရင်ဖြေပေး … ပြီးတော့မှ ပူးပေါင်းမှုအကြောင်း ဆက်ညှိနှိုင်းကြတာပေါ့  ” မိုဝူကျိက  ယူမင်ကျန်းထံ ကျေကျေနပ်နပ် ဆက်ဆံမနေတော့ပေ။ ထို့အစား သူက

“ အရင်ဦးဆုံးက ကျုပ် မိတ်ဆွေ သေသွားပြီလား … ဒုတိယတစ်ခုက အဲဒီငါးအရိုးတွေက ဘာတွေလဲ …. တတိယတစ်ခုက  ခင်ဗျားက အင်မော်တယ်ဖွေရှာ အမှတ်အသားပြားကို ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ  ”

ဤတစ်ကြိမ်၌  ယူမင်ကျန်းလည်း တည့်တိုးသာ ဖြေလိုက်တော့သည်

“ ပထမဆုံးက အင်မော်တယ်ပိတ်လှောင်ရေး အစီအရင်ကို ချိတ်ပိတ် အစီအရင်လို့လည်း ခေါ်ကြတယ်။ သတ်ဖြတ်ရေး လုပ်ဆောင်ချက်တွေ မပါဝင်ဘူး။ မင်းရဲ့ မိတ်ဆွေက ခြေဦးတည့်ရာ ထွက်ပေါ်နေတတ်တဲ့  သတ်ဖြတ်ငွေ့တွေက  မသတ်သွားဘူးဆိုရင် အသက်ရှင်နေလိမ့်မယ်။

ဒုတိယတစ်ခုက အဲဒီငါးက ငါ့သားရဲပဲ  …..

တကယ်လို့ သွေးလတ်လတ်ဆတ်ဆတ် ရတယ်ဆိုရင် ငါ လွတ်မြောက်ဖို့ အကူအညီ ဖြစ်စေတယ်။ တတိယတစ်ချက်အနေနဲ့  အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို  ဖန်တီးခဲ့တာက  လူတွေကို လွတ်မြောက်စေချင်လို့ပဲ  …. တစ်ယောက်ယောက်သာ ထွက်သွားနိင်ရင်  နောက်လူက ဒီအမှတ်အသားပြားနဲ့ ပြန်ဝင်လာနိုင်လိမ့်မယ်လေ …. ”

“ အဲဆို အစိမ်းရောင်ကျောက်ကရော ဘာလဲ ” မိုဝူကျိက သူ့မေးခွန်းများကို တည့်တိုးဖြေပေးကြောင်း သတိထားမိသောအခါ  နောက်တစ်ခု မေးလိုက်သည်။

ဤတစ်ကြိမ်၌ ယူမင်ကျန်းမှာ တိတ်ဆိတ်သွားပြီး ပြန်မဖြေတော့ပေ။

မိုဝူကျိက  တစ်ဖက်လူ၏ ကန့်သတ်ချက် ရောက်သွားကြောင်း မှန်းဆမိ၍ အစိမ်းရောင်ကျောက်အကြောင်း  ဆက်မမေးတော့ပေ။  ထို့အစား တခြားမေးခွန်း မေးလိုက်သည်

“ ဒီလိုဆိုရင် ကျုပ်တို့တွေ ဘယ်လိုပူးပေါင်းမှာလဲ  …. ကျုပ် အပြင်ထွက်လို့ ရအောင် ခင်ဗျားက ဘယ်လို အကူအညီ ပြန်လိုတာလဲ  ”

ယူမင်ကျန်းက  စိုက်ကြည့်နေရင်း  မိုဝူကျိ၏ ပူးပေါင်းမှုကို ကြားသည့်အခါမှ စိတ်ဝင်စားလာကာ

“ အရင်ဆုံး ငါ့ကို အဲဒီအစိမ်းရောင် ကျောက် ပြန်ပေးဖို့ လိုတယ်။ မဟုတ်ရင် ရေကန်ထဲ ပြန်ထားပေ ….  ဒုတိယတစ်ခုအနေနဲ့ မင်းက ငါ့အတွက် ပစ္စည်းတစ်ခု ရှာပေးဖို့ လိုတယ်။ နတ်ဘုရားမျှော်စင် ဖွင့်တဲ့အချိန်ကျ အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို  တခြားလူဆီ ပေးပြီးတော့ အဲဒီလူကို ဒီနေရာ  လာခိုင်းဖို့  မင်း  ကျိန်ဆိုရမယ်။ တကယ်လို့ အဲဒီနှစ်ခု လုပ်ပေးမယ်ဆိုရင် မင်း ထွက်သွားဖို့ လိုအပ်နေတာ လုပ်ပေးမယ် … ”

မိုဝူကျိက

“ ပထမတစ်ချက်က ကျုပ်  ပိုင်ဆိုင်တာ ပြန်မပေးနိုင်ဘူး။ ဒုတိယတစ်ချက်က  ကျုပ်က အဲလိုကျိန်ဆိုလေ့ မရှိဘူး။ ခင်ဗျား အလုပ်တွဲမလုပ်ချင်ဘူးဆိုရင်လည်း ကျုပ်ဘာသာ ထွက်လမ်းပဲ ရှာတော့မယ် ”

ထိုသို့ပြောပြီး မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို နောက်တစ်ဖန် အသက်သွင်းလိုက်ပြီး  သတိတကြီး စစ်ဆေးကြည့်လိုက်သည်။ ယူမင်ကျန်းက မြက်၊  သစ်ပင်တို့က ပိတ်လှောင်ရေး ထောင်ချောက် ဖြစ်နေနိုင်ကြောင်း ပြောခဲ့ဖူးလေရာ သူ့အနေနှင့် ပို၍ ဂရုစိုက်ရမည်။

“ ကောင်းပြီလေ ငါ သဘောတူပါတယ် …. မင်း ကျိန်ဆိုဖို့ မလိုဘူး။ ငါ့ကို  ရှေးနတ်ဘုရားတွေရဲ့ အသိစိတ် ကျောက်ကို ရှာပေးနိုင်ရင် မင်းကို ထွက်လမ်း ပြောပြမယ် ” ယူမင်ကျန်းက  မိုဝူကျိ ထွက်သွားတော့မည်ကို သတိထားမိ၍ အလောတကြီး ပြောလိုက်သည်။

မိုဝူကျိက မရေမရာ မေးလိုက်သည်  “ ရှေးနတ်ဘုရားရဲ့ အသိစိတ်ကျောက်လား  ”

“ ဟုတ်တယ် အသိစိတ်ကျောက် ….  တကယ်လို့ ရှေးဟောင်းနတ်ဘုရားတွေရဲ့ တိုက်ပွဲနယ်မြေဆီ သွားရင် တချို့တလေ ရှာတွေ့နိုင်တယ်။ ခဏ  …. မင်းကို နမူနာ ပြမယ်။ အဲဒါက အရင် နတ်ဘုရားမျှော်စင် ဖွင့်တုန်းက ဝင်လာတဲ့ ကောင်လေး ယူလာတာ  ….” သူက ပြောလိုက်ရင်း မှုန်မှိုင်းမှိုင်း ကျောက်တုံးက မိုဝူကျိရှေ့ ပေါ်လာသည်။

မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားက  ထိုကျောက်တုံးအနက်ပေါ် ကျရောက်သွား၏။ ထောင်ချောက် မဟုတ်မှန်း ခဏတာ  အတည်ပြုပြီးနောက်  ကောက်ယူလိုက်သည်။

“ အင်မော်တယ်ဝင်ရိုးကျောက်တုံးလား  ….” မိုဝူကျိက ကျောက်တုံးအနက်ကို ဆွဲယူလိုက်သောအခါ  မည်သည့်အရာမှန်း သေချာ သိသွားလေ၏။

အင်မော်တယ်တပိုင်းနယ်ပယ်၏  အင်မော်တယ်ဝင်ရိုးကျောက် မဟုတ်ပါလော …. သူ့တွင်  မီလီယံ ရာချီ၍ ရှိပေသည်။

ဒါက ရှေးနတ်ဘုရားတွေရဲ့အသိစိတ် တပိုင်းတစ်ဒေသကိုး …. အမြင်နှင့်တင်  အင်မော်တယ်ဝင်ရိုးကျောက်များက မရိုးရှင်းပေ။

“ မင်းက ဒီဟာကို သိတယ်လား  ” ယူမင်ကျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မိုဝူကျိက တည်ငြိမ်စွာဖြင့်

“ ဘာမှ ထူးဆန်းတာ မဟုတ်ပါဘူး … အင်မော်တယ်ဝင်ရိုးကျောက် ပဲကိုး …. ကောင်းကင်အင်မော်တယ်အများစုက သူတို့အင်မော်တယ်ဝင်ရိုး ဖြစ်တည်အောင်လို့  သုံးကြတာလေ ”

“ မင်းဆီမှာ ရှိလား  ” ယူမင်ကျန်းက  အလွန်အမင်း စိတ်လှုပ်ရှားမိလာသည်။

မိုဝူကျိက ရယ်မောကာ  “ ကျုပ်က  မဟာကျီရှန်းအဆင့် ရောက်နေပြီလေ ဘာလို့ လိုဦးမှာတုန်း  ”

သူ့တွင် အင်မော်တယ်ဝင်ရိုးကျောက်များစွာ ရှိနေကြောင်း ဝန်ခံမည် မဟုတ်ပေ။ တစ်ဖက်လူက အရေးတကြီး လိုအပ်နေသောကြောင့် သေချာပေါက် အလဲအလှယ် လုပ်ရမည်။

All Chapters