အကြံကြီးသည့် လူအိုကြီး
Vol. 47 Ch. 653
“ မောက်မာလိုက်တာ …” ယူမင်ကျန်းက သရော်လိုက်သော်လည်း စကားများကို မြန်မြန် ပြောင်းလဲကာ “ အဲဆို မင်း အဲဒါကို ရနိုင်လား ”
မိုဝူကျိက တုံ့ဆိုင်းခြင်မရှိ ပြောလိုက်သည် “ ရနိုင်တယ် ”
ယူမင်ကျန်းက “ အင်း ” တစ်လုံးဖြင့် တုံ့ပြန်လိုက်ပြီးနောက် ပြောလိုက်၏
“ ဒီလိုဆိုမှတော့ နောက်တစ်ခါ နတ်ဘုရားမျှော်စင် ဖွင့်ရင် အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေကို ယူလာမယ်လို့ ကတိပေးတာနဲ့ မင်းကို ထွက်လမ်း ညွှန်ပြလိုက်မယ်။ မင်းအနေနဲ့ ငါ ယုံကြည်အောင် ပြောဖို့တော့ လိုတယ် ”
မိုဝူကျိက ပျော်ရွင်မိသွားသည်။
ဒီလောက်တောင် ရိုးရှင်းတယ်လား … သူက အစိမ်းရောင်ကျောက်ကို ထပ်မလိုချင်တော့ဘူးပေါ့လေ ….
ယူမင်ကျန်းက ညီတူညီမျှ သဘောတူညီချက် မလုပ်နိုင်မှန်း သိ၍ တောင်းဆိုချက်များကို လျော့ချလိုက်လေသလား …..
မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေ မိုဝူကျိက အရှုံးမရှိချေ။ သူက တက်တက်ကြွကြွဖြင့်
“ ဒီလိုဆိုရင်ရော ဘယ်လိုလဲ …. ကျုပ်က စိတ်ဝိညာဉ် အမှတ်အသား တစ်ခု ချန်ထားခဲ့မယ်လေ။ တကယ်လို့ ကျုပ် ပြန်ရောက်မလာနိုင်ရင် ခင်ဗျား ကိုယ့်ဘာသာ လွတ်မြောက်လာနိုင်တဲ့အချိန်ကျ လာရှာလို့ ရတာပေါ့။
ပြီးတော့ အပြန်ပြန် အလှန်လှန်အနေနဲ့ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ဝင်လာတဲ့ လူတွေကို ကျုပ်ကို ရှာခိုင်းလိုက်လို့လည်း ရတာပဲ ”
မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှာ စိတ်ဝိညာဉ် အမှတ်အသားကို အလွယ်တကူ ထား၍ ရပေသည်။ အကယ်၍ သူ ထားရစ်ခဲ့လျှင်ပင် ယူမင်ကျန်းက သူ့အား ရှာဖွေနိင်မည် မဟုတ်ပေ။ တကယ်တော့ သူက ခြေရာခံနိုင်သည့် စိတ်ဝိညာဉ် အမှတ်အသား တစ်ခု ထားခဲ့လျှင်ပင် ယူမင်ကျန်း ယုံကြည်နိုင်အောင် ဖြောင့်ဖြနိုင်မည် မဟုတ်ချေ။ သို့သော် သူတို့က ညှိနှိုင်းနေသည့်အတွက် အနိမ့်ဆုံး ရွေးချယ်မှုနှင့် စတင်သင့်ပေသည်။
မိုဝူကျိ စကားအဆုံးတွင် ယူမင်ကျန်းက ကန့်ကွက်လိမ့်မည်ဟု ထင်ထားသော်လည်း သူ့မျှော်မှန်းချက်နှင့် ဆန့်ကျင်စွာ ယူမင်ကျန်းက ပြောလိုက်၏
“ ကောင်းပြီလေ ”
ဒီလောက်တောင် ရိုးရှင်းတယ်လား …
မိုဝူကျိက အနည်းငယ် ကြောင်သွားမိ၏။ သူက ယူမင်ကျန်းတွင် လျို့ဝှက်ထားတာများ ရှိနေလားဟု သံသယ ဝင်လာမိသည်။ ထိုသို့လည်း မဖြစ်နိုင်လောက်ပေ။ ကျင့်ကြံသူတစ်ယောက်က နောက် ကျင့်ကြံသူ တစ်ဦးအား စိတ်ဝိညာဉ် အမှတ်အသားမှ စောင့်ကြည့်နေနိုင်ပေသည်။ သို့သော်လည်း ထို စိတ်ဝိညာဉ် အမှတ်အသား သက်ရောက်သော အကျယ်အဝန်း ကန့်သတ်ချက် ရှိပေသည်။ စကြဝဠာကြီးက ကျယ်ပြန့်လွန်းလေရာ အကယ်၍ ကျင့်ကြံသူ တစ်ဦးက ထိုကန့်သတ်ချက် ကျော်လွန်၍ သွားလိုက်ပါက စိတ်ဝိညာဉ် အမှတ်အသားမှာ သူ့အား ခြေရာခံ၍ ရတော့မည် မဟုတ်ပေ။
သို့သော် ထောင်ချောက်လည်း မဖြစ်နိုင်ပေ။ အမြင်နှင့်တင် ယူမင်ကျန်းက ကူကယ်ရာမဲ့ ဖြစ်နေသောကြောင့် သဘောတူညီမှု တောင်းဆိုချက်များအား လျော့ချထားလိုက်ခြင်း ဖြစ်ဟန် ပေါ်၏။
မိုဝူကျိက ထိုအတွေးဖြင့် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို လှည့်ပတ်ကာ ကျောက်စိမ်းအဆောင်ပေါ်၌ ထိုးသွင်းထားလိုက်သည်။ ထို့နောက် အဆောင်ကို ဧရာမ ကျောက်တုံးပေါ် ပစ်ပေးလိုက်၏။
ကျောက်စိမ်းအဆောင် ကျောက်တုံးပေါ် ရောက်သွားသည်နှင့် ပျောက်သွားလေ၏။
ခဏအကြာတွင် ယူမင်ကျန်း အသံက နောက်တစ်ဖန် ထွက်လာပြန်၏
“ အရမ်းကောင်းတယ် …. မင်းက တည့်တိုးဆန်တယ်။ မင်းကို ဒီလမ်းပြ အမှတ်အသားပြား ပေးမယ် ”
ထို့နောက် ကျောက်စိမ်းပြားလေးက မိုဝူကျိဆီ ပျံသန်းလာသည်။
မိုဝူကျိက ကျောက်စိမ်းပြားကို အောက်သာ ချထားလိုက်ပြီး ဘာမှ မမှားယွင်းမှန်း အတည်ပြုပြီးမှ ကောက်ယူလိုက်သည်။ သူက ကျောက်စိမ်းပြားကို ကောက်လိုက်သည့်အချိန် အထဲ၌ လမ်းအသစ် တစ်ခုကို တွေ့လိုက်ရသည်။
“ အဲဒီလမ်း အတိုင်း လိုက်သွားလိုက် … အဲလိုဆို အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကနေ မကြာခင် ထွက်သွားနိုင်လိမ့်မယ်။ ငါတို့ရဲ့ သဘောတူညီချက်ကို မှတ်ထား …. မင်းလည်း မင်းအပိုင်း မင်းလုပ် …. ငါလည်း ငါ့အပိုင်း ငါတာဝန်ယူမယ် ”
မိုဝူကျိက မျက်မှောင်ကျုတ်လိုက်မိ၏။ ရိုးရှင်းလွန်းနေ၍ သံသယ ဖြစ်စရာ ကောင်းလွန်းနေပေသည်။ သို့သော် သူက ဟာကွက်တစ်ခုမှ မရှာနိုင်ပေ။ ယူမင်ကျန်းက အင်မော်တယ်ဝင်ရိုးကျောက်တုံများ အသည်းအသန် လိုအပ်နေသောကြောင့် သူ့ကို ထောင်ချောက် ဆင်လိမ့်မည်တော့ မဟုတ်ချေ။ သို့သော်ငြား အဓိက အချက်မှာ အစိမ်းရောင်ကျောက်တုံး ဖြစ်ပြီး ယူမင်ကျန်းက ထိုအရာကို အတော်လေး တန်ဖိုးထားဟန် ပေါ်၏။ သို့သော် သူက ထပ်၍ မမေးမြန်းတော့ပေ။
“ ဒါနဲ့ မင်း အစိမ်းရောင်ကျောက်ကို ထားခဲ့တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ မဟုတ်ရင် မင်း ထွက်သွားဖို့ ကြိုးစားတဲ့အခါ တားဆီးခံရလိမ့်မယ် ” ယူမင်ကျန်း အသံက ရုတ်ချည်း ထွက်ပေါ်လာသည်။
မိုဝူကျိက ထိုစကားများကို ကြားသည့်အခါ သက်ပြင်းချလိုက်၏။ ပိုပြီး အဓိပ္ပါယ် ရှိသွားလေပြီ။ သို့သော်လည်း သူ့အနေဖြင့် အစိမ်းရောင်ကျောက်ကို ချန်ရစ်ထားဖို့ရာ မဖြစ်နိုင်ချေ။ သူ့တွင် ထာဝရ ကမ္ဘာ ရှိနေသောကြောင့် အစီအရင်က ထာဝရ ကမ္ဘာထဲ ရောက်နေသည့် အစိမ်းရောင်ကျောက်ကို အာရုံခံမိလိမ့်မည်ဟု မယုံပေ။
“ ဒီလိုဆိုမှတော့ ကျုပ် အရင်သွားနှင့်ပါမယ် ” မိုဝူကျိက အစိမ်းရောင်ကျောက်တုံးကို မပြောတော့ဘဲ စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းကာ ဂရုတစိုက် ရှေ့တိုးလိုက်၏။
ဆယ်မီတာလောက်၌ မိုဝူကျိက တစ်ခုခု လွဲမှားနေကြောင်း သိလိုက်သည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လှိုင်းများက သူ့ဆီ ရောက်ရှိလာကာ လော့ကျမ်းစာရွက်ကိုပင် အားပြင်းစွာ လာထိရိုက်နေသေး၏။ လော့ကျမ်းသာ မရှိလျှင် သေလူ ဖြစ်နေလောက်လေပြီ။
“ ယူမင်ကျန်း .... မြေခွေးအိုကြီးကများ ငါ့ကို ညာဖို့ ကြိုးစားနေတယ်ပေါ့ ” အကယ်၍ မိုဝူကျိက ယူမင်ကျန်းမှာ သူ့ကို ဘေးကင်းကင်း ထွက်နိုင်ဖို့ရာ ညွှန်ပြနေသည်ဟု ယုံကြည်နေလျှင် အရူးသာ ဖြစ်ပေလိမ့်မည်။
သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကျောက်စိမ်းပြားအား အမှုန့်အဖြစ် ပြောင်းပစ်လိုက်သည်။
သူက ဒေါသထွက်နေသော်လည်း ဘာမှားနေလဲ စဉ်းစားနေသေး၏။ ယူမင်ကျန်းအနေဖြင့် သူက အင်မော်တယ်ဝင်ရိုးကျောက်တုံးများဖြင့် ပြန်လာမည့်အကြောင်း အဘယ်ကြောင့် မယုံရသနည်း။
သူ့စိတ်ဝိညာဉ်အမှတ်အသားမှာ ပြီးပြည့်စုံသည့် ကတိတစ်ခု မဟုတ်သော်ငြား ရိုးသားသော နည်းလမ်းအဖြစ် သတ်မှတ်နိုင်ပေသည်။ ကတိ ပေးဖို့ရာ မလိုလားသည့် ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ် အမှတ်အသား ချန်ရစ်ထားခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။ ထို့အပြင် မိုဝူကျိက ယူမင်ကျန်းမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကို အာရုံခံနိုင်လိမ့်မည်ဟု မယုံပေ။
သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း အကြောင်း တခြားသူများကို အသိခံ၍ မဖြစ်ပေ။ ထိုအရာမှာ သူ့ကိုယ်ပိုင် လျို့ဝှက်ချက် ဖြစ်ပေ၏။
ယူမင်ကျန်း အသံက ထပ်မံ ထွက်ပေါ်လာပြီး
“ အခု မင်းက ဘေးကင်းဇုံကနေ ထွက်သွားပြီဆိုတော့ မင်း ဘယ်နေရာကို သွားသွား သတ်ဖြတ်ငွေ့တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။ မင်းရဲ့ လော့ကျမ်းစာရွက်က မဆိုးပါဘူး။ ဒါပေမဲ့ ဒီအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှာတော့ မင်းရဲ့ ဘေးကင်းမှုကို ဆယ်နှစ်ထက် ပိုပြီး အာမခံမပေးနိုင်ဘူး။ ပြီးတော့ နတ်ဘုရားမျှော်စင် ပိတ်သွားတဲ့အခါကျ ရွေ့ပြောင်းခံရလိမ့်မယ်ဆိုပြီး မျှော်လင့်မနေနဲ့တော့ ….
နတ်ဘုရားမျှော်စင်ရဲ့ ကူးသန်းရေး အစီအရင်က ဒီအင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ပေါ်မှာ မသက်ရောက်ဘူး ”
“ ခင်ဗျား ဘာလိုချင်တာလဲ ” မိုဝူကျိက အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အောင် ထိန်းချုပ်ရင်း မေးလိုက်သည်။ ထိုစဉ် ပူပင်စိုးရိမ်နေခြင်းက ကိစ္စများအား ပို၍ ဆိုးရွားစေလိမ့်မည်။ အမြင်နှင့်တင် သူ ဘေးကင်းကင်း လျှောက်လှမ်းလာနိုင်ခြင်းမှာ အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကြောင့်သာ ဖြစ်ပေ၏။ သူ့အား ဘေးကင်းဇုံသို့ ခေါ်ဆောင်လာသည်မှာ ယူမင်ကျန်းက အလိုရှိ၍ ဖြစ်၏။
ယူမင်ကျန်းက လေးတွဲ့စွာ ပြောလိုက်သည်
“ အရင်ဆုံး မင်းဆီမှာ ရှိနေတဲ့ အင်မော်တယ်ဝင်ရိုးကျောက်တုံးတွေ အကုန်ထားခဲ့ …. ဒုတိယတစ်ခုက အစိမ်းရောင်ကျောက်ကိုလည်း ထားခဲ့ … အဲလိုဆိုရင် ငါတို့ဘာသာ သီးသန့်သွားလို့ရပြီ။ မင်းကိုလည်း ထွက်လမ်း ညွှန်ပေးလိုက်မယ် ”
မိုဝူကျိက အံ့ဩမိသွားသည်။ ယူမင်ကျန်းက သူ့တွင် အင်မော်တယ်ဝင်ရိုးကျောက်တုံးများ ရှိနေသည်ကို မည်သို့များ သိနေသနည်း။
ထိုအရာကို ခဏတာ စဉ်းစားပြီးနောက် သဘောပေါက်သွားတော့သည်။ ယူမင်ကျန်းက သူ့အနေနှင့် အင်မော်တယ်ဝင်ရိုးကျောက်များ ရရှိနိုင်မလား မေးစဉ် သူက ဖြေဖို့ရာ တုံ့ဆိုင်းမနေခဲ့ပေ။
ထိုအရာက ပြဿနာ ဖြစ်ဟန် ပေါ်၏။ အကယ်၍ သူ့တွင် အင်မော်တယ်ဝင်ရိုးကျောက်တုံး များ ရှိမနေလျှင် မဖြေခင် အနည်းငယ် ချင့်ချိန် စဉ်းစားမိပေဦးမည်။ အနည်းငယ် တွေဝေခြင်းကပင် တွေဝေခြင်း တစ်ခု ဖြစ်ပေသည်။ သို့သော်လည်း သူက လုံးဝ တုံ့ဆိုင်းမနေပေ။ သာမာန်လူတစ်ယောက်က ထိုအရာကို သတိမမူမိသော်လည်း မြေခွေးအိုကြီးကဲ့သို့ ဉာဏ်များသည့်သူ ယူမင်ကျန်းအတွက် ချက်ချင်း သတိပြုမိလိုက်သည်။
မိုဝူကျိ စိတ်ထဲ ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။ ဤလူအိုကြီး၏ အကောက်ကြံခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သတိမမူမိရုံဖြင့် လိမ်လည်ခံလိုက်ရပေသည်။ အနည်းဆုံး ယခင် ဘေးကင်းဇုံတွင် ရှိစဉ်က အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှ ထွက်သွားဖို့ရာ ဖြည်းဖြည်းချင်း စဉ်းစားနိုင်သော်လည်း ယခုတွင်မူ ဘေးပတ်လည်၌ သတ်ဖြတ်ငွေ့များ ကြီးစိုးနေပေ၏။
အကယ်၍ သတ်ဖြတ်ငွေ့များက မလုံလောက်သေးလျှင် အမျိုးမျိုးသော အစီအရင်များအား သတိမူရန် လိုအပ်နေသေး၏။ မြက်တစ်ပင်၊ ကျောက်ခဲတစ်လုံး၊ သစ်သားအစလေးကပင် ထောင်ချောက်များ ဖြစ်နေနိုင်သည်။
သူ့ရှေ့၌ ဘာမဆို ရှိနေသည်မှာ ထောင်ချောက် ဖြစ်နေနိုင်သည်။ အကယ်၍ သူသာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိသွားလျှင် သူ့တစ်ဘဝလုံး ထွက်သွားဖို့ရာ မေ့လျော့ထားလိုက်သည်မှာ အကောင်းဆုံး ဖြစ်ပေ၏။
မိုဝူကျိက လော့ကျမ်းစာရွက်ကို ထိန်းချုပ်ထားပြီး သူ့ဘေးပတ်လည်မှ သတ်ဖြတ်ငွေ့များကို တားဆီးထားလိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းကာ တာ့ဟွမ်နှင့်အတူတူ ဂရုတစိုက် သတိကြီးကြီးထားကာ လှုပ်ရှားလိုက်တော့သည်။
ယူမင်ကျန်းအသံက နောက်တစ်ဖန် ထွက်လာပြီး မိုဝူကျိအား အင်မော်တယ်ဝင်ရိုးကျောက်များနှင့် လဲလှယ်ဖို့ရာ ပြောဆိုနေပြန်သည်။ သို့သော် ယခုတွင် မိုဝူကျိက ယူမင်ကျန်းနှင့် အလဲအလှယ် လုပ်မည့်အစား အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အထဲ၌ ပိတ်လှောင်ခံလိုက်ဖို့သာ ဆန္ဒရှိပေသည်။ သူက ယူမင်ကျန်းကို ပြန်မဖြေတော့ဘဲ မြန်မြန် နင်းလျှောက်သွားတော့သည်။
ယူမင်ကျန်းက အရမ်းဉာဏ်နီဉာဏ်နက် များလွန်းပေ၏။ သူက မည်သိုပင် ဖြစ်စေ အရေးမသာနိုင်ပေ။ ဤသို့ဆိုမှတော့ အလဲအလှယ်မှာ ညီတူညီမျှ ဖြစ်မည် မဟုတ်တော့ချေ။ အလဲအလှယ်က မမျှတလေရာ ဘာကြောင့် လဲနေရဦးမည်နည်း။ မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးနှင့် သူ့ပင်ကိုအသိစိတ်ပေါ်သာ မှီခိုထားရန် ဆုံးဖြတ်လိုက်၏။
ယခု သူ့တွင် ထွက်သွားဖို့ရာ မျှော်လင့်ချက် မရှိတော့ပေ။ သူက နောက်ထပ် ဘေးကင်းဇုံ တစ်ခု ရှာတွေ့ဖို့သာ မျှော်လင့်နေမိသည်။ အင်မော်တယ် ဖွေရှာ အမှတ်အသားပြားကို သူ့လက်စွပ်ထဲ ပစ်ထည့်လိုက်၏။
မျှော်လင့်ထားသည့်အတိုင်း မိုဝူကျိဆီမှ ဘာမှ မကြားရတော့သည့်အခါ ယူမင်ကျန်းက ပူပင်လာမိတော့သည်။ သူက မိုဝူကျိ တစ်ယောက် ဝေးဝေးရောက်သွားမည်ကို စိုးရိမ်နေမိပြီး မိုဝူကျိသာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ ပိတ်မိနေမည် ဆိုလျှင်ပင် သူ့အနေနှင့် မိုဝူကျိ၏ သိုလှောင်လက်စွပ်အား ယူနိုင်မည် မဟုတ်ပေ။
သူ့အတွက် ကံမကောင်းသည်က သူ့အကြံများမှာ စေ့စပ်တိကျသော်လည်း မိုဝူကျိက အရူး မဟုတ်ပေ။ နှစ်နာရီအကြာတွင် ယူမင်ကျန်းက တိုက်ပွဲကို အနိုင်ရလိုက်သော်လည်း စစ်ပွဲကိုမူ ရှံးနိမ့်သွားကြောင်း သိလိုက်ရသည်။
သူက တခြားနည်းလမ်းများ ရှိသော်လည်း မိုဝူကျိက သူ့ကို လျစ်လျူရှုထားသောကြောင့် လုံးဝကူကယ်ရာမဲ့ ဖြစ်နေသည်။ ယူမင်ကျန်းက စိတ်ဓာတ်ကျလာပြီး မိုဝူကျိလို လူမျိုးကို တစ်ခါမှ မမြင်မိဖူးပေ။ သူက ဘာမှ မရရုံသာမက သူ့အသိစိတ်ကျောက်နှင့် အရေးပါသော အစိမ်းရောင်ကျောက်ကိုပင် ဆုံးရှုံးလိုက်ရသေး၏။
ကံကောင်းစွာ သူ့တွင် စိတ်ဝိညာဉ် အမှတ်အသားကျန်နေသေးသည် မဟုတ်ပါလော။ စိတ်ဝိညာဉ် အမှတ်အသား ရှိနေသရွေ့ သူက မိုဝူကျိကို ခြေရာခံနိုင်ပြီး လက်စွပ်ကို အရယူနိုင်ပေလိမ့်မည်။
မဟုတ်သေးပါဘူး ….
ယူမင်ကျန်းက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ မိုဝူကျိက စိတ်ဝိညာဉ် အမှတ်အသား ချန်ထားပေးခဲ့လေရာ မိုဝူကျိကို အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အတွင်း အာရုံခံ၍ ရနိုင်ရမည် ဖြစ်၏။ သူက မိုဝူကျိ၏ တည်နေရာကို မရလျှင်ပင် အနည်းဆုံးတော့ မိုဝူကျိကို ခံစားမိပေဦးမည် ဖြစ်၏။
ယူမင်ကျန်း စိတ်ထဲ စိတ်ဓာတ်ကျမှုသာ ကြီးစိုးနေလေ၏။ သူက ထိုပါးမွှား၏ ကစားမှုကို နှစ်ကြိမ်တိတိ ခံခဲ့ရပေသည်။
…………..
“ ဘုန်း ” နောက်ထပ် သတ်ဖြတ်လှိုင်းများက လော့ကျမ်းစာရွက်ဆီ ရောက်ရှိလာပြန်သည်။ သတ်ဖြတ်ငွေ့များကို လော့ကျမ်းစာရွက်က တားဆီးပေးထားသော်လည်း မိုဝူကျိ ရင်ဘတ်ဆီ အားပြင်းပြင်း သက်ရောက်မှု တစ်ခု ကျရောက်လာသေးရာ သူ့ချီသွေးကြောများကို ခက်ခက်ခဲခဲ လှည့်ပတ်လိုက်ရသည်။ ကံကောင်းသည်က မိုဝူကျိက အတွေ့အကြုံ ရှိသွားလေပြီ။ ထိုသတ်ဖြတ်ငွေ့များက ဆက်တိုက် ဖြစ်လာခြင်း မဟုတ်ပေ။ သူက တစ်ခုကို ကာကွယ်ထားနိုင်သရွေ့ နောက်သတ်ဖြတ်ငွေ့ ရောက်မလာခင် ပြင်ဆင်ချိန် တစ်ချို့ ရပေမည်။
သတ်ဖြတ်ငွေ့များက အန္တရာယ်အများဆုံး မဟုတ်သေးပေ။ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ သူသာ ဂရုမမူမိပါက အလွယ်တကူ ပိတ်လှောင်ခံရနိုင်ပေသည်။
သူ့စိတ်ဝိညာဉ်မျက်လုံးကြောင့်သာ မဟုတ်လျှင် အကြိမ်ရာချီမက ပိတ်လှောင်ခံထားပြီးလောက်လေပြီ။
မိုဝူကျိရှေ့တွင် လက်ရာမြောက် ကျောက်တံတားတစ်ခု ပေါ်လာပြီး ထိုကျောက်တံတားအောက်တွင် အတော်အတန် ကျဉ်းမြောင်းကာ ခြောက်သွေ့နေသော မြစ်တစ်စင်း ရှိ၏။ ထိုကျောက်တံတားက ရိုးရိုးတန်းတန်းပုံ ပေါ်နေသော်လည်း မိုဝူကျိက ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။
သူသာ ထိုတံတားပေါ် တက်လိုက်သည်နှင့် တံတားထဲ ပိတ်မိသွားမည် ဖြစ်ကြောင်း ခံစားချက် ရနေသည်။
ထိုတံတားပေါ် တက်မည် မဟုတ်ပေ။ မိုဝူကျိက ထိုတံတားကို ရှောင်ကွင်းသွားရန် ဆုံးဖြတ်လိုက်သည့်အချိန် သူ့လက်ထဲမှ အဖြူရောင်ပုလဲမှာ အနီရောင် ပြောင်းလဲသွား၏။
ထိုအရာမှာ ကျီဖေးချင် ချန်ရစ်ထားခဲ့သည့် သွေးမျိုးဆက် အမှတ်အသား ဖြစ်ပေသည်။
အနီရောင် ပြောင်းလဲသွားခြင်းက ကျီလီက အနီးအနား ရှိနေတာလား ….
မိုဝူကျိ၏ နှလုံးခုန်နှုန်းလည်း မြန်ဆန်လာပေသည်။
မိုဝူကျိ နောက်ဆုတ်လိုက်သည့် အခိုက်အတန့် သူ့ရှေ့၌ ခြေရာဖျော့ဖျော့ကို မြင်လိုက်ရသည်။ ထိုခြေရာများက သူ့ခြေရာ မဟုတ်ပေ။ သူ့ထက် တစ်ဆမက ပိုကြီးမားပေ၏။ မိုဝူကျိက ထိုခြေရာများမှ မှိန်ဖျော့ဖျော့ သဘာဝစွမ်းအားများနှင့် လျို့ဝှက်ပဟေဠိဆန်သော စွမ်းအင်မျိုးကို ခံစားမိနေသည်။ သူ့နောက်ကျော၌ ချွေးအေးများ စို့လာလေ၏။
အကယ်၍ သွေးမျိုးဆက် အမှတ်အသားကြောင့် မဟုတ်လျှင် ထိုခြေရာများပေါ် နင်းမိလောက်သည်။ သူ့အတွေ့အကြုံအရ ထိုခြေရာများမှာလည်း အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှ ထောင်ချောက်တစ်မျိုးသာ ဖြစ်ပေလိမ့်မည်။
“ကျေးဇူးပါ ” မိုဝူကျိက ကျီလီကိုသာ တိတ်တဆိတ် ကျေးဇူးတင်မိလိုက်သည်။ ကျီလီသာ ဘေးပတ်ဝန်းကျင်တွင် မရှိပါက သူ့အနေနှင့် ရှောင်နိုင်လိုက်မည် မဟုတ်ပေ။
အမြင်နှင့်တင် သူက လုံလုံလောက်လောက် ဂရုမစိုက်သေးပေ။