← Chapters

အင်မော်တယ်ဝင်ရိုးကျောက်တုံး အသုံးဝင်မှု

Vol. 48 Ch. 655

အင်မော်တယ်ဝင်ရိုးကျောက်တုံး အသုံးဝင်မှု

Vol. 48 Ch. 655

ကျီလီက  ထိုကိစ္စကို  စိတ်ထဲ မထားဘဲ  ပြောလိုက်သည်  “မေးပါ …”

“ပထမ မေးခွန်းက  ကျုပ် ရလာတဲ့  ဒီကျောက်တုံးကို သိလား ပြီးတော့ အသုံးဝင်ပုံကိုရောပေါ့ … ဒုတိယမေးခွန်းက   နတ်ဘုရားစစ်ပွဲ ဘာကြောင့် ဖြစ်လာတာလဲ  ပြီးတော့ နတ်ဘုရားတိုက်ပွဲအကြောင်းကိုရော ပြောပြပေးပါ ”  မိုဝူကျိက  ကျီလီထံ   အင်မော်တယ်ဝင်ရိုးကျောက် ပစ်ပေးကာ သိလိုသည့်  အရာများအား မေးလိုက်သည်။

ယူမင်ကျန်းအနေဖြင့်   ဤမျှအထိ ကာကွယ်ကာ အာရုံစိုက်ထားနေသောကြောင့်  အင်မော်တယ်ဝင်ရိုးကျောက်များမှာ ထိပ်တန်း ရတနာ သေချာပေါက်  ဖြစ်ပေလိမ့်မည်။  မိုဝူကျိက ယူမင်ကျန်းအား  အသုံးဝင်ပုံနှင့် ရည်ရွယ်ချက်အကြောင်း မမေးခဲ့သည်မှာ ယူမင်ကျန်းက အမှန်အတိုင်း မပြောမည်ကို သိနေ၍   ဖြစ်သည်။ ယခု သူက ကျီလီနှင့် တွေ့၍  မေးလိုက်ခြင်း ဖြစ်၏။

“ အသိစိတ်ကျောက် ….” ကျီလီက  အင်မော်တယ်ဝင်ရိုးကျောက်ကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

မိုဝူကျိက တိတ်ဆိတ်နေဆဲ ဖြစ်ကာ  ကျီလီက သူ့ကို ရှင်းပြမည်မှန်း သိနေ၏။

ကျီလီက  ခံစားချက်များကို ချုပ်တည်းကာ  အသက်ပြင်းပြင်းရှုလိုက်ပြီး

“  နတ်ဘုရားစစ်ပွဲ ဘယ်လို ဖြစ်လာတာလဲဆိုတာနဲ့  တိုက်ပွဲနယ်မြေတွေကို ဘယ်လိုခွဲထားလဲဆိုတာကိုတော့ မသိဘူး။ အဲကြောင့် ဒုတိယမေးခွန်းကို မဖြေနိုင်ဘူး …

နတ်ဘုရားစစ်ပွဲက တစ်ခါ၊ နှစ်ခါ ဖြစ်လာတဲ့ကိစ္စ  မဟုတ်ဘူးလေ ။ ငါ ကြားဖူးတာတော့  နတ်ဘုရားစစ်ပွဲက ဟိုးရှေးတုန်းကလည်း ခဏတိုင်း ဖြစ်ခဲ့ကြတယ်တဲ့။ နတ်ဘုရားစစ်ပွဲတိုင်းမှာ ပျောက်ကွယ်သွားရတဲ့ အဆင့်မြင့်  ကျင့်ကြံသူတွေလည်း မရေမတွက်နိုင်လောက်အောင်ပဲ …..

အဲဒီပါရမီရှင်တွေရဲ့ တာအိုက ကျယ်ပြန့်လွန်းလို့ သူတို့ခန္ဓာကိုယ်ကတောင် မိုးမြေ စည်းမျည်းတွေ ပါဝင်ဖွဲ့စည်းနိုင်ကြတယ်။ သူတို့ အသိစိတ်ပင်လယ်ကလည်း မိုးမြေ စည်းမျည်းအမျိုးမျိုးကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာကြတာ …

သူတို့တွေ သေဆုံးသွားတော့  အသိစိတ်ပင်လယ်လည်း ပျောက်ကွယ်သွားကြတယ်။ ဒါပေမဲ့  သူတို့ရဲ့ တာအိုစည်းမျည်းတွေက ပျောက်ကွယ်မသွားဘဲနဲ့ နှစ်များစွာ ကြာပြီးတဲ့နောက်မှာ ထူးခြားတဲ့ ကျောက်တစ်မျိုး ဖြစ်တည်လာတယ်။ အဲဒီကျောက်ကို အသိစိတ်ကျောက်လို့ ခေါ်ကြတယ်လေ …

အသိစိတ်ကျောက်တိုင်းမှာ  ထိပ်တန်း တာအိုစွမ်းအားတွေ ပိုင်ဆိုင်နေပြီး‌တော့  ရှေးမိုးမြေ စွမ်းအင်တွေ ပါဝင်နေတယ်။ ဒီဟာက နဂိုဇာစ်မြစ်ရဲ့ စွမ်းအားအစအနကို ရှာတွေ့နိုင်လို့  ကျင့်ကြံသူတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာလေ။ ဒီလိုမျိုး နေရာမှာ ပိတ်မိနေတဲ့   ငါတို့လို ကျင့်ကြံသူတွေအတွက် အသိစိတ်ကျောက်က  လုံးဝကို အံ့မခန်းပဲ …. ”

သူ ကျောက်တုံးနက်နှင့် ထိတွေ့စဉ်က တစ်ခုခု လွဲမှားနေကြောင်း ခံစားရသည့် အကြောင်းအရင်းလည်း ဖြစ်ပေလိမ့်မည်။  ခမ်းနားကြီးကျယ်လှသော  မိုးမြေ၏ စွမ်းအားများ ပါဝင်နေခြင်းမှာ  ပါရမီရှင်များစွာ၏ အသိစိတ်ပင်လယ်မှ ဖြစ်တည်လာသောကြောင့် ဖြစ်လိမ့်မည်။

“ စီနီယာအစ်မကျီလီ ဆီက တစ်ခု သင်ယူချင်သေးပါတယ်။ ဒီအသိစိတ်ကျောက်တွေက  အစ်မတို့လို လူတွေအတွက် ဘာလို့ ပိုပြီးတော့ အသုံးဝင်တာလဲဟင် ” မိုဝူကျိက လက်နှစ်ဖက် ယှက်၍ မေးလိုက်သည်။

ကျီလီက ဆက်ပြောလိုက်လေ၏

“ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် အားကောင်းနေတဲ့အကြောင်းက  အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲက နေရာတိုင်းက ဆက်တိုက် ပြောင်းလဲနေလို့ပဲ ….

နမူနာအနေနဲ့ ပြောပြရရင်  မင်း လာခဲ့တဲ့ လမ်းကြောင်းက ဘေးကင်းပေမဲ့  အဲဒီလမ်းကနေပဲ ပြန်လျှောက်သွားမယ်ဆိုရင် အဲဒီလမ်းက ထောင်ချောက်တစ်ခုလည်း ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် အရင်ပါရမီရှင်တော်တော်များများက ထွက်လမ်းကို မတွေ့ဘဲနဲ့ ဒီအထဲမှာ ပိတ်မိကုန်ကြတာလေ ….

အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲမှာ သဘာဝစွမ်းအားရော အသိစိတ်ပင်လယ်ရော ကန့်သတ်ခံထားရတယ်။ ဒါပေမဲ့  အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ရဲ့ မိုးမြေစွမ်းအား စည်းမျည်းတွေက  ရှေးဟောင်းကျင့်ကြံသူတွေ အသိဉာဏ်အလင်းပွင့်ခဲ့တဲ့  မိုးမြေ တာအိုစွမ်းအားတွေကိုတော့  ကန့်သတ်မထားနိုင်ဘူး။ နမူနာတစ်ခုက  မင်းရဲ့ လောကထိပ်သီး အမှတ်အသားပြားနဲ့  အသိစိတ်ကျောက်တို့က အမျိုးတူပစ္စည်းဆိုပေမဲ့  တန်ဖိုးကျ မင်းရဲ့ လောကထိပ်သီး အမှတ်အသားပြားထက်တော့ အတော်လေး နည်းတာပေါ့ ….

ပိတ်မိနေတဲ့ ကျင့်ကြံသူမှာ  အသိစိတ်ကျောက် လုံလုံလောက်လောက် ရှိရင် အဲဒီကျောက်တွေရဲ့ စိတ်စွမ်းအားကို ဌားယူပြီးတော့ သူတို့ရဲ့ အသိစိတ်ပင်လယ်နဲ့ သူတို့ကိုယ်သူတို့တောင်  ပြန်လည် လွတ်မြောက်နိုင်ကြတယ်။ ပြီးတော့ အဲဒီကျောက်တွေက ငါတို့အတွက် ကိုယ်ပိုင်တာအိုစွမ်းအားကို ဉာဏ်အလင်းပွင့်လာစေဖို့ အထောက်အကူပြုတယ်လေ  ပြီးတော့ ငါတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလောကရဲ့ စည်းမျည်းကိုရော ဉာဏ်အလင်း ပွင့်စေတယ် ”

မိုဝူကျိက  ယူမင်ကျန်းကဲ့သို့သော မြေခွေးအိုကြီးအနေဖြင့် အင်မော်တယ်ဝင်ရိုးကျောက်များကို အဘယ်ကြောင့်  အသည်းအသန် လိုချင်နေသည့် အကြောင်းအရင်းကို နားလည်သဘောပေါက်သွား၏။ ထိုမြေခွေးအိုကြီးက သူ့ဘာသာ လွတ်မြောက်စေလို၍   ဖြစ်၏။

“ အဲဆို ဒါက အသိစိတ်ကျောက်ရဲ့ အဓိက လုပ်ဆောင်ချက်ပေါ့။ အရင်တုန်းက  ကျုပ်မိတ်ဆွေတွေ ဒီဟာကို  သူတို့ရဲ့ အင်မော်တယ် ဝင်ရိုးဖွဲ့စည်းဖို့  အင်မော်တယ်ဝင်ရိုးကျောက်တုံးအဖြစ် သုံးခဲ့ကြတာ ”

ကျီလီက သက်ပြင်းချကာ  “ အသိစိတ်ကျောက်ကို  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ သုံးတာ နှမြောဖို့ ကောင်းလိုက်တာ  … ရတနာတွေကို ဖြုန်းတီးနေတာပဲ  …. ”

“ အဲဒါက မသင့်တော်ဘူးလား။ အသိစိတ်ကျောက်ကို သုံးပြီးတော့  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းတဲ့  ကျင့်ကြံသူတွေက  သူတို့ရဲ့ အနာဂတ်အလားအလာ ကန့်သတ်ခံရမှာလား ” မိုဝူကျိက မေးခွန်းထုတ်လိုက်သည်။

မိုဝူကျိက  အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းဖို့ရာ  အင်မော်တယ်ဝင်ရိုးကျောက် သုံးဖို့ရာ မရွေးချယ်ကြသည့် လူများစွာအကြောင်း ကြားဖူးလေ၏။

ကျီလီက ရှင်းပြလိုက်သည်

“ အသိစိတ်ကျောက်က ရှေးဟောင်း ကျင့်ကြံသူတွေရဲ့ အသိစိတ်ပင်လယ်ကနေ ဖြစ်တည်လာတာဆိုတော့  ကန့်သတ်ချက်တော့ ရှိမှာပဲ။ ကန့်သတ်ချက်က  ရှေးဟောင်း ကျင့်ကြံသူရဲ့ တာအိုတိုးတက်မှုအထိ ကန့်သတ်ထားလိမ့်မယ်။ နောက်တစ်နည်းနဲ့ ပြောရရင်တော့  အသိစိတ်ကျောက်ကို သုံးပြီး အင်မော်တယ်ဝင်ရိုးကျောက် ဖွဲ့စည်းတဲ့   ကျင့်ကြံသူတွေက အသိစိတ်ပင်လယ်ကျောက် ပိုင်ရှင် အမှန်ကို ချိုးနှိမ်ထားနိုင်မှာ မဟုတ်ဘူး  ….

ဒါပေမဲ့လည်း  သူတို့  အသိစိတ်ပင်လယ်ကနေ အသိစိတ်ကျောက် ဖွဲ့စည်းနိုင်တယ်ဆိုကတည်းက  ဘယ်လောက် အားကောင်းလဲ ခန့်မှန်းမိမှာပါ။ အသိစိတ်ကျောက် မသုံးရင်တောင် လူတော်တော်များများက  ရှေးဟောင်း ကျင့်ကြံသူတွေကို မကျော်လွန်နိုင်ကြဘူး။ ပြီးတော့ အဲဒီအသိစိတ်ကျောက်တွေကို သုံးပြီးတဲ့နောက်မှာ  သူတို့ရဲ့ မိုးမြေတာအိုစွမ်းအား   ဉာဏ်အလင်းပွင့်လာမှုက ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်။ အဲဒါတွေကို ထည့်မတွက်ရင်တောင်  အသိစိတ်ကျောက်ကို ပန်းပဲပစ္စည်းအတွက်လည်း သုံးလို့ ရသေးတယ် ”

မိုဝူကျိက  ခေါင်းခါမိလိုက်သည်။ သူက မလိုအပ်တာများ စိုးရိမ်မိနေလေ၏။  သူ  သာမက ကျန်လူများမှာလည်း အသိစိတ်ကျောက်၏ အမှန်တကယ် အသုံးဝင်မှုကို မသိခဲ့ကြပေ။  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ရာ အသိစိတ်ကျောက် အသုံးပြုခြင်းလောက်  မည်သည့်နည်းလမ်းက  အကျိုးရှိမည်နည်း။

“ မင်းလည်း အသိစိတ်ကျောက်ကို သုံးပြီးတော့ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းခဲ့တာလား  ” ကျီလီက စိုးရိမ်တကြီး မေးလိုက်သည်။

“ မဟုတ်ပါဘူး ” မိုဝူကျိက သူ့အင်မော်တယ်ဝင်ရိုးကို  အသိစိတ်ကျောက်ဖြင့် မဖွဲ့စည်းနိုင်ခဲ့သလို သူ့တွင် ကမ္ဘာဦး စိတ်ဝိညာဉ်လည်း မရှိပေ။ သူက  ဝိညာဉ်ကြော မရှိသော  သာမာန်သေမျိုး တစ်ယောက်သာ ဖြစ်ပြီး ယခုအချိန်အထိ ကျင့်ကြံနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ   ကျင့်ကြံဖို့ရာအတွက် ချီသွေးကြော ဖွင့်နိုင်ခဲ့၍ ဖြစ်၏။

ကျီလီက ဆက်ရှင်းပြလိုက်သည်

“အသိစိတ်ကျောက်ကို  သုံးပြီး အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းတဲ့ နည်းလမ်းက ဖြုန်းတီးနေတာပဲ …. ဘာလို့လဲဆိုတော့  အသိစိတ်ကျောက်ကို သုံးပြီး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းတဲ့ ကျင့်ကြံသူတိုင်းက အသိစိတ်ကျောက်ကနေ  အင်မော်တယ်တာအိုကို  ၁ ရာခိုင်နှုန်းအောက်ပဲ ဆွဲထုတ်နိုင်ကြတယ်။

အသိစိတ်ကျောက်ကနေ တာအိုစည်းမျည်း တစိတ်တပိုင်းကို ဆွဲထုတ်လိုက်တာနဲ့  အသိစိတ်ကျောက်က ချက်ချင်း ကြေမွသွားလိမ့်မယ်။ အဲဒါကြောင့်မလို့  အသိစိတ်ကျောက်ကို သုံးပြီးတော့  အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းတာက တကယ်ကို နှမြောစရာ ကောင်းတယ် ”

ဟန်ချင်းရုအနေနှင့် အင်မော်တယ်ဝင်ရိုးကျောက်များစွာကို အသုံးပြုပြီး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းခဲ့သည်မှာ  အံ့ဩစရာတော့ မဟုတ်ပေ။ သူမက  အမှန်တကယ် ဖြုန်းတီးနေခြင်းသာ ဖြစ်၏။

“ ပြီးတော့  အဆင့်နိမ့် ကျင့်ကြံသူတွေအတွက် အသိစိတ်ကျောက်ကို သုံးပြီးတော့  အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းတာက မမြင်ရတဲ့ အန္တရာယ်တွေလည်း ရှိသေးတယ် …. ”

“ ဘယ်လိုအန္တရာယ်မျိုးလဲ ” ကျီလီ စကားမဆုံးခင်  မိုဝူကျိက  ဝင်ဖြတ်ကာ မေးလိုက်သည်။ သူ့မိတ်ဆွေအချို့က အသိစိတ်ကျောက်ကို အသုံးပြု၍ အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းခဲ့သည် မဟုတ်ပါလော။

ကျီလီက ဖြေလိုက်၏

“ ရှေးဟောင်း ကျင့်ကြံသူတွေ ပျောက်ကွယ်သွားတုန်းက တချို့ အကြံရက်စက်တဲ့ ကျင့်ကြံသူတွေက သူတို့အတွေးတွေကို အသိစိတ်ကျောက်ထဲ မှတ်သားထားကြတယ်။ အားနည်းတဲ့ ကျင့်ကြံသူတချို့က အဲလိုအရာမျိုးနဲ့ တွေ့သွားခဲ့ရင် သူတို့က အဲဒီရှေးဟောင်း ကျင့်ကြံသူရဲ့ ကျေးကျွန်လိုမျိုး ဖြစ်သွားပြီးတော့  အသုံးချခံရလိမ့်မယ် ”

မိုဝူကျိက ထိုအရာမှာ ပြဿနာကြီး ဖြစ်နေသောကြောင့် တိတ်ဆိတ်သွားလေ၏။

ခဏအကြာတွင် မိုဝူကျိက မေးလိုက်၏  “ စီနီယာအစ်မကျီလီ  အဲဆို ကျုပ်ဆီက ဘာလို့ အသိစိတ်ကျောက် မတောင်းတာလဲ ”

ကျီလီက  နောင်တရဟန်ဖြင့်

“ မင်းက ငါ့အဖေဆီက ဘာပစ္စည်းမှတောင် ရခဲ့တာ မဟုတ်ဘဲနဲ့ ဒီအထိ သတင်းစကား လာပို့ပေးတယ်လေ။ ဘယ်လိုလုပ် မင်းဆီကနေ အရှက်မဲ့ပြီးတော့ အသိစိတ်ကျောက် တောင်းနိုင်မှာလဲ။ ငါ့ဆီမှာ ပစ္စည်းတချို့ ရှိပေမဲ့  အခုက လက်စွပ်တောင် ဖွင့်နိုင်တဲ့ အနေအထား မဟုတ်ဘူးလေ။ ငါက မင်းကို လက်စွပ် ပေးလိုက်ရင်တောင် မင်းအနေနဲ့ နောင်နှစ်ရာချီတဲ့အထိ ဖွင့်နိုင်ဦးမှာ မဟုတ်ဘူး ”

မိုဝူကျိက  လူနှစ်ယောက်ကြား မည်မျှကွာခြားနေကြောင်း သက်ပြင်းသာ ချလိုက်သည်။ အကယ်၍ ယူမင်ကျန်းသာ  သူ့ကို  ကောင်းကောင်း ဆက်ဆံလျှင် မိုဝူကျိအနေဖြင့် သူ့အား အင်မော်တယ်ဝင်ရိုးကျောက် ပေးလိုက်ဖို့ရာ ပြဿနာ မဟုတ်ပေ။ မိုဝူကျိအတွက် အင်မော်တယ်ဝင်ရိုးကျောက်များမှာ များစွာ အသုံးမဝင်ပေ။

“ ဒီနေရာကနေ ထွက်သွားနိုင်ဖို့ အသိစိတ်ကျောက် ဘယ်လောက် လိုတာလဲ  ” မိုဝူကျိက ရုတ်တရက် မေးလိုက်သည်။

“ အသိစိတ်ကျောက် တစ်သိန်းလောက်  …” ကျီလီက မရေမရာ ဖြေလိုက်၏။

မိုဝူကျိက လက်စွပ်တစ်ကွင်းကို ပစ်ပေးလိုက်ပြီး

“ ဒီလက်စွပ်က  ဖွင့်ဖို့  စိတ်စွမ်းအား မလိုဘူး … စိတ်ဆန္ဒရှိရင် ရပြီ။ အထဲမှာ အသိစိတ်ကျောက် တစ်သန်း ပါတယ်။ ဒါနဲ့  ခဏလေး  …. ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက  လောကထိပ်သီး အမှတ်အသားပြားမှ နေရာများအား ရေးမှတ်ထားသော  သလင်းကျောက်တစ်ခု ထုတ်ကာ   ကျီလီအား ပေးလိုက်ပြီး  “ ဒါက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ရဲ့ လမ်းကြောင်း ရေးသွင်းထားတာ။ နောင် အစ်မ  ဒီနေရာကနေ ထွက်လာနိုင်ဖို့ ကိုယ့်ဘာသာပဲ မှီခိုရတော့မယ် ”

ကျီလီက ပစ္စည်းကို  လက်ခံလိုက်ပြီး  မယုံမကြည်နိုင် ဖြစ်နေမိသည်။ မိုဝူကျိကဲ့သို့  ရက်ရောသည့် ကျင့်ကြံသူမျိုးကို မမြင်ဖူးပေ။ ကျင့်ကြံသူ နှစ်ယောက်ကြားမှ  အကျိုးမြတ် အလဲအလှယ်မှာ သာမာန် ဖြစ်၏။

သူမက  မိုဝူကျိကို ဘာမှမကူညီပေးနိုင်ခဲ့သော်လည်း  သူက  သူမ ပြောသည့် အသိစိတ်ကျောက် ပမာဏထက် ဆယ်ဆမက ထုတ်ပေးနေပေးသည်။ ဤအသိစိတ်ကျောက် တစ်သန်းဖြင့်  သူမအနေနှင့်  ဤမိုးမခပင်မှ လွတ်မြောက်ပြီး နဂိုခန္ဓာကိုယ် ပြန်လည် ရရှိနိုင်ဖို့ရာ  ရာနှုန်းပြည့် သေချာလေ၏။

ကျီလီက မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်သွားသည့်အလား မြန်မြန် ပြောလိုက်၏

“ တကယ်လို့ မြန်တယ်ဆိုရင်  ကိုယ့်ဘာသာ လွတ်မြောက်လာနိုင်ဖို့ နှစ်တစ်ရာလောက် လိုလိမ့်မယ်။ တကယ်လို့ နှေးနေမယ်ဆိုရင်တော့ နှစ် တစ်သောင်းလောက်တော့ မကြာပါဘူး။ အဲဒီအချိန်ကျရင် မင်းကို ခေါ်ထုတ် …. ”

မိုဝူကျိက လက်ခါပြကာ  “ ကျုပ်က အဲလောက် မစောင့်နိုင်ဘူးရယ် …. အခု သွားတော့မယ်။ နောင်တစ်ကြိမ် ကံဆုံရင် ပြန်ဆုံတွေ့ကြတာပေါ့ ”

မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်ပြီး  သူ့စကားဆုံးသည်နှင့် ထွက်သွားဖို့ရာ ပြင်လိုက်သည်။ ကျီလီအား  အသိစိတ်ကျောက်များကို ပေးပြီးပြီ ဖြစ်ရာ မိုဝူကျိအနေဖြင့်   နတ်ဘုရားမျှော်စင် ဝင်လာသည့် ရည်ရွယ်ချက် ပြီးမြောက်သွားကြောင်း ယူဆ၍ ရပေသည်။  ကျီလီက ကျန်းရှင်း ကျင့်ကြံသူများ၏ ဘိုးဘေး ဖြစ်လေရာ သူမကို  ကူညီပေးဖို့ရာ  လိုအပ်ပေသည်။

ကျီလီမျက်နှာအမူအယာမှာ နွေးထွေးသွားပြီး မိုဝူကျိက သူမဆီမှ အကူအညီပြန်တောင်းရန် ရည်ရွယ်ချက် မရှိကြောင်း သဘောပေါက်လိုက်သည်။ ထိုအတွေးဖြင့် သူမက  မိုဝူကျိကို လှမ်းခေါ်လိုက်သည်

“ ခဏနေပါဦး ….  ဒီကြယ်တာရာ ဆွဲသီးလေး ပေးလိုက်ပါရစေ ”

သူမက ပါးစပ်ဖြင့်  ဆွဲကြိုးကို ဖြတ်ကာ မိုဝူကျိအား လှမ်းပေးလိုက်၏။

မိုဝူကျိက ကြယ်တာရာ ဆွဲသီးလေးကို ဖမ်းလိုက်ပြီး  ကြည်လင်နွေးထွေးသည့် ရနံ့လေးကို ခံစားမိလိုက်သည်။ ကျယ်ပြောလွန်းသော စွမ်းအားများက ထွက်ပေါ်လာပြီး မိုဝူကျိက ထိုအရာမှာ ထိပ်တန်း ရတနာ ဖြစ်ကြောင်း သိလိုက်သည်။ သူ့မျက်ဝန်း၌  ကျီလီအား ပေးလိုက်သော အင်မော်တယ်ဝင်ရိုးကျောက်များမှာ  ဘာမှ မဟုတ်ချေ။ ဤရတနာနှင့် တန်ဖိုးချင်းပင် မမျှပေ။

မိုဝူကျိက ကြယ်တာရာဆွဲသီးကို ပြန်မပေးခင် ကျီလီက ပြောလိုက်၏

“ တကယ်လို့ ဒီကြယ်တာရာ ဆွဲသီးကို လက်မခံနိုင်ရင်  ငါလည်း မင်းရဲ့ ပစ္စည်းတွေကို လက်မခံနိုင်ဘူး ”

မိုဝူကျိက  ကြယ်တာရာဆွဲသီးကို ကြည့်လိုက်ရင်း  “ ကောင်းပါပြီ … အဲဆို ကျုပ် လက်ခံလိုက်ပါ့မယ် ”

“ နာမည် ဘယ်လိုခေါ်လဲ ” မိုဝူကျိက  ဆွဲသီးကို လက်ခံပေးလိုက်သောကြောင့်  ကျီလီ အသံမှာ ပို၍ သက်တောင့်သက်သာ ဖြစ်သွားလေ၏။

“ ကျုပ်နာမည်က မိုဝူကျိပါ … နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ ” မိုဝူကျိက ကြယ်တာရာ ဆွဲသီးကို သူ့လည်ပင်းမှာ ချိတ်ဆွဲထားလိုက်ပြီး  ဂရုတစိုက် ထွက်သွားလိုက်သည်။

အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌  အန္တရာယ်များ ပြည့်နှက်နေသောကြောင့်  သူက ထွက်လမ်းကို သိလျှင်ပင်  ဂရုမစိုက်ဘဲ မလှုပ်ရှားရဲပေ။

…………..…

စုရှီက နတ်ဘုရားမျှော်စင်အတွင်းမှ သဘာဝစွမ်းအားများမှာ အလွန်ကြောက်မက်ဖို့ ကောင်းသောကြောင့်  မတ်တတ်ရပ်လိုက်တော့သည်။ သူမက တံခါးပိတ် တစ်ကိုယ်တည်း  ကျင့်ကြံနေခဲ့သည်မှာ နှစ်ချီ၍ ကြာမြင့်နေလေပြီ။ သူမက မဟာကျီရှန်းအဆင့် ရောက်သွားပြီ ဖြစ်ရုံသာမက   မိုးကြိုးစမ်းသပ်ချက်ကို မခံယူခဲ့ရပေ။

သူမ၏ ခန့်မှန်းချက်အရ သုံးနှစ် ပြည့်ပြီ ဖြစ်ရာ ထွက်သွားဖို့ရာ ပြင်ဆင်နေခြင်း ဖြစ်၏။

နတ်ဘုရားမျှော်စင်အတွင်း ဝင်လာကြသော ကျင့်ကြံသူများကြား သူမက ထိုသုံးနှစ်အတွင်း ဒုတိယအထပ်သို့ မဝင်ရောက်ခဲ့သော တစ်ဦးတည်းသော သူ ဖြစ်၏။

စုရှီက ကျင့်ကြံနေရာမှ ထွက်လာရာ  သူမနှင့် မနီးမဝေး နေရာမှ  တည်နေရာ တုန်ခါမှုမျိုးကို ခံစားမိလိုက်သည်။ မိုဝူကျိ၏ အထပ်ထပ် အခါခါ မှာကြားမှုကြောင့်သာ မဟုတ်လျှင်  သူမက  မထိန်းချုပ်နိုင်ဘဲ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ထုတ်မိမည် ဖြစ်၏။

“ ဘုန်း ” သူမနှင့် ခြေခုနှစ်လှမ်းလောက် အကွာတွင်  ကောင်းကင်ယံထက်မှ လက်မောင်းပြတ်ကြီး ကျလာ၏။

စုရှိ၏ အကြည့်မှာ လက်မောင်းပြတ်မှ လက်စွပ်ကို ဖြစ်ပြီး ဘေးပတ်လည်ကို စိတ်စွမ်းအားဖြင့်  စစ်ဆေး ကြည့်ရှုပြီးနောက် သံသယဖြစ်စရာ မတွေ့မိပေ။

ထိုစဉ် သူမ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရား အမှတ်အသားပြားမှာ အဆတ်မပြတ်  တုန်ခါလာပြီး အလင်းတန်းများ ဖြာထွက်လာ၏။

နတ်ဘုရား မျှော်စင်မှာ ပိတ်တော့မည် ဖြစ်ရာ  သူမက  လက်မောင်းပြတ်ကို ဆွဲကာ  လက်စွပ်အား ချွတ်လိုက်ပြီး  အိတ်ထောင်ထဲ ထည့်ထားလိုက်သည်။

သူမ လုပ်ပြီးသည်နှင့် မှိန်ဖျော့ဖျော့ အားနည်းလှသော  အလင်းတန်းက ခေါ်ဆောင်သွားတော့သည်။

All Chapters