← Chapters

ရင်ဆိုင်တိုက်ပွဲ

Vol. 59 Ch. 825

ရင်ဆိုင်တိုက်ပွဲ

Vol. 59 Ch. 825

အခန်း (၈၂၅) ရင်ဆိုင်တိုက်ပွဲ

ဖုထင်က စန့်ချင်အဆက်အနွယ်မှတပည့်များ၏ငြင်းဆိုမှုကို အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် အသက်အရွယ်လောက်နဲ့ အရင်တုန်းကအဖြစ်အပျက်တွေကို ဘယ်လောက်သိနိုင်မှာ မို့လို့လဲ ၊ ဧကရာဇ်လုန်ချွမ်က ဓားသမားကောင်းတစ်ယောက်ပဲ ၊ ဒါပေမဲ့ ရွှမ်ဟွမ်ဧကရီကိုရှုံးနိမ့်ပြီးတဲ့နောက်... တစ်ကြိမ်ရှုံးနိမ့်တာနဲ့ တစ်ဘဝလုံးအရှုံးသမားဖြစ်ခဲ့ရတာ”

စန့်ချက်အဆက်အနွယ်များက အေးစက်စွာနှာခေါင်းရှုံ့လိုက်ကြသည်။

စန့်ချင်အဆက်အနွယ်တစ်ယောက်က...

“အဲဒီတော့ရော ဘာဖြစ်သေးလဲ ၊ ငါတို့ စန့်ချင်အဆက်အနွယ်တွေက ဓားသိုင်းမှာနာမည်ကျော်ကြားတယ် ၊ ဒီအဖြစ်အပျက်က အဲဒါကိုသက်သေပြတာပဲဖြစ်တယ်”

ဖုထင်က တည်ငြိမ်စွာဖြင့်...

“ဓားတာအိုဆိုတာက အဓိကတာအိုတစ်ခုဖြစ်ပေမယ့် တာအိုတရားအားလုံးတော့ မဟုတ်သေးဘူး”

သူမက ဆက်ပြောသည်။

“ငါတို့အထက်ဘုံကမ္ဘာမှာ ဧကရာဇ် (၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါး ရှိတယ် ၊ မင်းတို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ဧကရာဇ်လုန်ချွမ်ကိုထည့်တွက်မယ်ဆိုရင်တောင် ဧကရာဇ်ဘယ်နှစ်ပါးရှိလို့လဲ”

ကောင်းချင်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီး တည်ကြည်သည့်မျက်နှာထားဖြင့်...

“ဒီတော့ မင်းက ငါတို့ဘိုးဘေးတွေရဲ့ကျင့်ကြံခြင်းကို သံသယဝင်နေတာလား”

ဖုထင်က...

“ဧကရာဇ်လုန်ချွမ်က တကယ့်ပညာရှင်တစ်ယောက်ပဲ ၊ သူ့တန်ခိုးစွမ်းအားနဲ့ပတ်သက်လို့တော့ မဝေဖန်လိုပါဘူး ၊ ဒါပေမဲ့... ရွှမ်ဟွမ်ဧကရီကို သူအနိုင်မယူနိုင်တာကတော့ ပြောင်းလဲလို့မရတဲ့အမှန်တရားပဲလေ”

ထိုအချိန် ရန်ကျောက်ကဲက တွေးလိုက်သည်မှာ...

“အမှန်ပဲ ၊ ဒီကိစ္စတွေကို မင်းပြင်လို့တော့မရဘူး ၊ ဒါပေမဲ့ ပြင်လို့မရတာတွေကို ပေါ်ပေါ်ထင်ထင်ကြီးသွားပြောနေတာကိုး”

ကောင်းချင်က ခေါင်းညိတ်ရင်း...

“အင်း... မင်း မမှားပါဘူး ၊ အဲဒီတုန်းက ဘေးတော်လုန်ချွမ်က သူ့နောက်လိုက်ဓားသိုင်းကျင့်ကြံသူတွေနဲ့အတူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ရောက်လာခဲ့တယ် ၊ စန့်ချင်အဆက်အနွယ်တွေကို သူနဲ့ယှဉ်ပြိုင်ဖို့စိန်ခေါ်ခဲ့တယ် ၊ လူအတော်များများကို အနိုင်ယူပြီးတဲ့နောက် ဘိုးဘေးဆရာသခင်ကိုစိန်ခေါ်တော့မယ့်အချိန်မှာ တံခါးပိတ်ကျင့်ကြံနေတဲ့ ဘေးတော်ရွှမ်ဟွမ်ထွက်လာပြီး အနိုင်ယူခဲ့တယ် ၊ အဲဒီကတည်းက ဘေးတော်လုန်ချွမ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကနေ မပြန်တော့တာပဲ”

သူမက ဆက်ပြောသည်။

“သူတို့အိမ်ထောင်ကျပြီးတော့လည်း မကြာခဏ သိုင်းပြိုင်ကြတာပဲ ၊ ဒါပေမဲ့ နှစ်တွေကြာတဲ့တိုင်အောင် ဘေးတော်လုန်ချွမ်က ဘေးတော်ရွှမ်ဟွမ်ကို အနိုင်မရခဲ့ဘူး”

ထိုစကားများကိုကြားတော့ ရန်ကျောက်ကဲတို့အုပ်စုမှာလည်း မျက်လုံးများပြူးကျယ်သွားကြသလို ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများသည်လည်း မှင်တက်သွားကြသည်။

ကောင်းချင်ဘေးနားရှိ စန့်ချင်အဆက်အနွယ်မှတပည့်များမှာ ချက်ချင်းပင် မျက်နှာဘယ်နားထားရမှန်းမသိ ဖြစ်သွားကြသည်။

ဖုထင်မှာ အချိန်အတန်ကြာမှ သတိပြန်ဝင်လာပြီး တစ်ဖက်လူပြောသည့်စကားကို လက်မခံနိုင်ဟန်ဖြင့်...

“အဲဒါ ရွှမ်ဟွမ်ဧကရီကပြောပြတာလား”

ထိုစကားများကို ကောင်းချင်အားပြောပြသူမှာ အမှန်တကယ်ပင် မကောင်းသောအကြံအစည်များ ရှိနေနိုင်သည်။ ထိုသူက ဧကရာဇ်လုန်ချွမ်၏အဆင့်အတန်းကို တမင်တကာ သားမြေးများကြားတွင် နှိမ့်ချစော်ကားခြင်း ဖြစ်နိုင်သည်။

ရွှမ်ဟွမ်ဧကရီကိုယ်တိုင်ပြောသည်ဆိုလျှင်တော့ သူတို့ကြားတွင် ကြီးမားသည့်ပြဿနာရှိရပေမည်။ သူမကိုယ်တိုင်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှလူတိုင်းသည် ရွှမ်ဟွမ်ဧကရီ၏ခင်ပွန်းဖြစ်သော လုန်ချွမ်ဧကရာဇ်ကို အထင်မကြီးကြောင်း ပြသနေပေသည်။

ဧကရာဇ်ဘွဲ့ကိုပိုင်ဆိုင်ထားသော တန်ခိုးစွမ်းအားရှင်တစ်ယောက်အနေဖြင့် ဤသို့သော်ကိစ္စမျိုးက မည်မျှအရှက်ရစေပါမည်နည်း။

အိမ်ထောင်ကျသည်ဖြစ်စေ ၊ အကျယ်ချုပ်ကျသည်ဖြစ်စေ သူက ဧကရာဇ်တစ်ပါးပဲ ဖြစ်သည်။

အားလုံး စိတ်ရှုတ်ထွေးနေကြစဉ် ကောင်းချင်ထံမှစကားသံထွက်ပေါ်လာသည်။

“ကျွန်မကို ဘေးတော်လုန်ချွမ်ကိုယ်တိုင်ပြောပြတာ ၊ ငယ်ငယ်တုန်းက ဘေးတော်က ကျန်မကိုပွေ့ချီထိန်းကြောင်းရင်းနဲ့ ဒီအကြောင်းပြောပြခဲ့တာ”

“ဟမ်...”

အားလုံး ထပ်ပြီးမှင်တက်သွားကြပြန်သည်။

ကောင်းချင်က...

“အဲဒီစကားပြောရင်း ဘေးတော်လုန်ချွမ်က ပြုံးနေတာလေ ၊ သူရှုံးသွားတာတောင်မှ ဘာလို့အရမ်းပျော်နေရလဲဆိုတာ နားမလည်နိုင်သေးဘူး”

လူတိုင်းက တိတ်ဆိတ်နေပြီး ကောင်းချင်ပြောသည့်စကားများကို ဖြည်းဖြည်းချင်းနားလည်ရန် ကြိုးစားနေသည်။

ဤသို့သောအဖြစ်အပျက်မျိုးကို ကိုယ်တိုင်မကြုံတွေ့ဖူးသော်လည်း ဘာကြောင့်မှန်းမသိ သူတို့စိတ်ထဲ နွေးထွေးမှုကို ခံစားလိုက်ကြရသည်။

လူတစ်ယောက်က မနေနိုင်ဘဲ မေးခွန်းထုတ်လိုက်သည်။

“ဒါဆို လုန်ချွမ်ဧကရာဇ်က အမြဲတမ်းအရှုံးပေးချင်ခဲ့တာများလား”

ကောင်းချင်က ခေါင်းခါယမ်းရင်း...

“ဘေးတော်လုန်ချွမ်က တကယ့်ကိုအားအင်အပြည့်နဲ့ စွမ်းအားကြီးသူပါ ၊ သူ့ကိုယှဉ်နိုင်တဲ့သူ ခပ်ရှားရှားပဲ ၊ ဒါပေမဲ့ ဘေးတော်ရွှမ်ဟွမ်ရဲ့ ဓားသိုင်းပညာကိုတော့ သူတကယ် ရှုံးခဲ့တာပါ”

ထိုစကားကိုကြားတော့ လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် အခြားသူများထက်ညံ့ဖျင်းသည်ဆိုသောအချက်ကို အလွယ်တကူ လက်ခံကြနိုင်မည် မဟုတ်ပေ။ ဤသည်က ကျ့င်ကြံသူတစ်ယောက်၏ စိတ်ထားပင် ဖြစ်သည်။

လင်နှင့်မယားကြား ဆက်ဆံရေးကောင်းမွန်ခြင်းက တစ်ကဏ္ဍဖြစ်ပြီး ကိုယ်ကျင့်ကြံသည့်သိုင်းပညာအပေါ် လေးစားသည်ကလည်းတစ်ကဏ္ဍဖြစ်သည်။

စစ်မှန်သော တိုက်ပွဲတစ်ပွဲတွင်တော့ ရှုံးနိမ့်သည်ဆိုလျှင် အရှုံးကိုဝန်ခံရန် လိုအပ်သည်။

ကောင်းချင်၏စကားကြောင့် ဖုထင်လည်း ရင်ထဲလှုပ်ရှားသွားသည်။

ပြီးမှ သူမက ကောင်းချင်ကိုလှမ်းကြည့်ရင်း စကားဆက်ပြောသည်။

“လုန်ချွမ်ဧကရာဇ်က ရွှမ်ဟွမ်ဧကရီကိုမယှဉ်နိုင်ဘူးဆိုပေမယ့် သူက မင်းရဲ့အဖေထက်တော့ တန်ခိုးစွမ်းအားမြင့်မားတာပဲ မဟုတ်လား”

စကားပြောရင်း ဖုထင်က သူမပတ်တန်းကျင်မှ ခရမ်းရောင်တိမ်တိုက်များကို အကဲခတ်လိုက်သည်။ သို့သော် ရန်ကျောက်ကဲကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။

ရန်ကျောက်ကဲက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တွေ့မြင်ခဲ့ဟန်ရှိသော်လည်း မသိရသေးသောအကြောင်းပြချက်ဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

ဤသို့သောအခြေအနေမျိုးတွင် ဖုထင်အနေဖြင့် ကောင်းချင်နှင့်တိုက်ခိုက်မည်ဆိုပါက သူတို့နှစ်ယောက်တိုက်ပွဲအပေါ် ရန်ကျောက်ကဲက အမြတ်ထုတ်သွားနိုင်သည်။

သူမနှင့်ကောင်းချင်တိုက်ခိုက်နေချိန်တွင် သူတို့အဆက်အနွယ်မှ အကြီးအကဲများရောက်ရှိလာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤနေရာမှ အခြေအနေများ တည်ငြိမ်စေနိုင်လျှင် သူမတို့အားလံးအတွက် အကျိုးအရှိဆုံး ဖြစ်ပေမည်။

စတုတ္ထအုပ်စုတစ်ခုပေါ်လာပါက အခြေအနေက ရှုတ်ထွေးကုန်မည်ဖြစ်ပြီး အခွင့်ကောင်းစောင့်နေသည့် ရန်ကျောက်ကဲသည်လည်း အသာစီးမရဖြစ်သွားနိုင်သည်။ ထိုအချိန်တွင် လူတိုင်း ကြီးမားသည့်တိုက်ပွဲကြီးတစ်ခု ဆင်နွှဲရပေလိမ့်မည်။

ခဏမျှတွေးပြီးသည်နှင့် ဖုထင်က ကောင်းချင်းနှင့်ဆက်လက်ငြင်းခုံရန် ပျော်ရွှင်စွာပင် ဆုံးဖြတ်လိုက်သည်။

ဖုထင်က...

“ငါတို့နှစ်ယောက်လုံးက ဧကရာဇ်တွေရဲ့မျိုးဆက်တွေပဲ ၊ အရင်တုန်းက တစ်ခါမှသိုင်းမပြိုင်ဖူးဘူး ၊ ဘယ်သူသာလဲဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ”

သူမက ဆက်ပြောသည်။

“ကျန့်ဟွမ်ဓားဧကရာဇ်က လုန်ချွမ်ဧကရာဇ်ရဲ့နောက်ပိုင်းမျိုးဆက်ဆိုပေမယ့် သူက အခု လုန်ချွမ်ဧကရာဇ်ထက်သာနေပါပြီ”

ကောင်းချင်ကရယ်မောရင်း...

“ဒါပေမဲ့ မင်းအဖေက ကျန့်ဟွမ်ဓားဧကရာဇ်မှ မဟုတ်တာလေ...”

သူတို့နှစ်ယောက်စကားစစ်ထိုးနေကြစဉ် သူတို့အရှေ့မှ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုက ရုတ်တရက် တုန်ခါသွားသည်။

ခရမ်းရောင်တိမ်တိုက်များအလယ်တွင် လှိုင်းလုံးများလှုပ်ခတ်သွားပြီး များပြားလှစွာသော ချီစွမ်းအားလှိုင်းလုံးများ မြင့်တက်လာသည်။

သူတို့အားလုံး ရောက်ရှိနေသည့် သီးခြားနယ်မြေက အတော်လေး တုန်လှုပ်သွားပုံရသည်။

ရန်ကျောက်ကဲ ၊ ဖုထင်နှင့် ကောင်းချင်တို့အားလုံး မျက်နှာပျက်သွားကြသည်။

“ဒီအလွှာကို ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်တစ်ယောက် ရောက်လာတာပဲ”

ဖုထင်တို့ဂိုဏ်းမှ အကြီးအကဲများနှင့် ကောင်းချင်တို့ဘက်မှ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အကြီးအကဲများ အချင်းချင်းတိုက်ခိုက်ကြရင်း ဤသီးခြားနယ်မြေအပေါ်ဆုံးထပ်သို့ ရောက်ရှိလာကြဟန်ပင်။

ခရမ်းရောင်တိမ်တိုက်ပင်လယ်ကိုကျော်လွန်ပြီး အဝေးတစ်နေရာတွင်တွေ့မြင်နေရသည့် စေတီမှ အလင်းရောင်များ တောက်ပလာပြီး စုစုပေါင်း လူ (၆)ယောက် ထွက်ပေါ်လာသည်။

ထိုလူ(၆)ယောက်က (၂)ယောက်တစ်တွဲ အပြင်းအထန်တိုက်ခိုက်နေကြပြီး  သူတို့အားလုံးက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူ‌တော်စင်များ ဖြစ်ကြ၏။

သူတို့ထဲမှ (၂)ယောက်မှ၏တိုက်ပွဲမှာ ကောင်းကင်တစ်ခုလုံးတုန်ခါပြီး မြေပြင်မှောက်လှန်သွားမည့်အလား ၊ သီးခြားနယ်မြေတစ်ခုလုံး အချိန်မရွေးပြိုကျတော့မည့်အလားထင်မှတ်ရလောက်အောင် ပြင်းထန်လှသည်။ ထိုသူ (၂)ယောက်လုံးက သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ရှိသူများ ဖြစ်ကြသည်။

သူတို့က ဤနေရာတွင်ရှိနေသော ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ထိခိုက်သွားမည်စိုးသဖြင့် တန်ခိုးစွမ်းအားများကို ထိန်းချုပ်ကာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

မဟုတ်ပါက သူတို့နှစ်ယောက်တိုက်ခိုက်မှုကြေင့် သီးခြားနယ်မြေတစ်ခုလုံး ပွင့်ထွက်သွားနိုင်သည်။

သူတို့၏ တိုက်ခိုက်မှုများက ခရမ်းရောင်တိမ်တိုက်ပင်လယ်နှင့် တဖြည်းဖြည်းနီးကပ်လာသည်။ သို့သော် ဤအမတကူးပြောင်းခြင်းအဆင့် သူတော်စင်များပင်လျှင် တိမ်ပင်လယ်ကို အချိန်တိုအတွင်း အလွယ်တကူ မဖြတ်သန်းနိုင်သည်မှာ အံ့သြစရာကောင်းလှသည်။

ဖုထင်သံသယဝင်သည်မှာ ရန်ကျောက်ကဲက အဖြစ်အပျက်များအားလုံးကို တစ်နေရာမှစောင့်ကြည့်နေပြီး တိုက်ခိုက်ရန် အခွင့်အရေးစောင့်နေခြင်းဖြစ်သည် ဆိုသောအချက်ပင်။

သူမက စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းရင်း စန့်ချင်အဆက်အနွယ်မှလူများနှင့် ဆက်လက်စကားစစ်ထိုးရန် ပြင်ဆင်နေသည်။

သို့သော် ရန်ကျောက်ကဲ၏လှုပ်ရှားမှုများကို မသိရှိသော ကောင်းချင်က သတိပြန်ဝင်လာသည်။

"မဟုတ်ဘူး... အရမ်းစကားများနေမိတာနဲ့ ဒီကိုလာရတဲ့အကြောင်းရင်းကို မေ့တော့မလို့ပဲ"

ထိုသို့ပြောပြီးသည်နှင့် ကောင်းချင်က သူမဓားကို ဆွဲထုတ်လိုက်သည်။

"အစ်မဖုထင်... ကျွန်မတိုက်ပြီနောက်”

ပြောပြီးသည်နှင့် ကောင်းချင်က ဖုထင်ဆီသို့ ဓားဖြင့်ထိုးစိုက်ချလိုက်၏။

အခြားသော စန့်ချင်အဆက်အနွယ်တပည့်များကလည်း မြောက်ဖေးတောင်ထွတ်မှသိုင်းသမားများဆီသို့ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။

သူတို့အားလုံး၏ ဦးတည်ချက်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုဖြစ်လေသည်။

ဖုထင်တို့အုပ်စုက ကောင်းချင်တို့အုပ်စုမီးပြင်းဖိုအနားသို့မကပ်နိုင်ရန် တားဆီးထားကြသည်။ ထို့ကြောင့် သူတို့အနေဖြင့် မီးပြင်းဖိုကိုလိုချင်သည်ဆိုလျှင် ခံစစ်မျဉ်းကိုဖြတ်ကျော်ရန် လိုအပ်သည်။

ဖုထင်က ရန်ကျောက်ကဲကို သတိထားနေသော်လည်း ကောင်းချက်ကတိုက်ခိုက်ပြီဆိုသောအခါ သူမက အကြောက်အလန့်မရှိ ချက်ချင်းပင် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများက ကောင်းချင်တို့ကိုတိုက်ခိုက်ပြီးသည်နှင့် ရန်ကျောက်ကဲ လှုပ်ရှားလာပါက အကောင်းဆုံးကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ထားကြသည်။

သို့သော် ကောင်းချင်တို့အုပ်စုကလည်း ခပ်လွယ်လွယ်အုပ်စု မဟုတ်ပေ။

အထူးသဖြင့် ကောင်းချင်ဖြစ်သည်။

သူမပြောခဲ့သည့်စကားအချို့က အနည်းငယ်ကြောင်တောင်တောင်နိုင်သော်လည်း သူမ၏တန်ခိုးစွမ်းအားကတော့ အလွန်တရာမြင့်မားလှသည်။

ရန်ကျောက်ကဲကတော့ တည်ငြိမ်စွာပင် ခရမ်းရောင်တိမ်တိုက်များအလယ်တွင်ရှိနေပြီး ဖြစ်လာသမျှကို စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းကြည့်ရှုနေလေ၏။

All Chapters