← Chapters

အင်မော်တယ် ရုပ်ခန္ဓာအဆင့် ၃ နှင့် မဟူရာအရိပ် ချောက်နက်

Vol. 48 Ch. 658

အင်မော်တယ် ရုပ်ခန္ဓာအဆင့် ၃ နှင့် မဟူရာအရိပ် ချောက်နက်

Vol. 48 Ch. 658

မိုဝူကျိအတွက် အဆင့်  ၉ ဆေးလုံးဧကရာဇ်အဆင့်ထက် ပို၍ စွဲဆောင်နိင်သည့်အရာမှာ  သဘာဝငါးမျိုး အမြုတေများသာ ဖြစ်လိမ့်မည်။ သူ့မျက်စိရှေ့တွင် ရေ သဘာဝ အမြုတေ ရှိနေမှန်း သိပေရာ  တခြားနေရာတွင် ဖြစ်နေပါက မိုဝူကျိက  အရာအားလုံးကို အသုံးချ၍ အရယူရန် ကြိုးစားမိပေလိမ့်မည်။ သို့သော်လည်း  မိုဝူကျိက  ဤသို့မျိုး ထူးဆန်းထွေလာနေရာမျိုး၌  ရေသဘာဝ အမြုတေအား မထိရဲပေ။

သူက  အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲတွင် ရှိနေပြီး  သဘာဝ အမြုတေအကြောင်း တွေးလိုက်သောအခါ  ရေသဘာဝ အမြုတေက မျက်စိရှေ့ ပေါ်လာလေ၏။ ထိုအရာမှာ  ပုံရိပ်ယောင် အစီအရင်ထဲ ရောက်နေတာလားဟု  စိုးရိမ်မိလာသည်။ ဘေးဝန်းကျင်တွင် ပုံရိပ်ယောင် အစီအရင် မရှိလျှင်ပင် မိုဝူကျိက ဤရေသဘာဝ အမြုတေအား  ယူမသွားရဲပေ။

မယူရဲခြင်းမှာ ကိစ္စတစ်ရပ် ဖြစ်ပြီး  ရေသဘာဝ အမြုတေ ဆွဲဆောင်မှုမှာ နောက်ကိစ္စရပ် ဖြစ်ပေသည်။ သူက  ရေသဘာဝ အမြုတေကို မယူသင့်ကြောင်း သိထားသော်လည်း မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးဖြင့် စမ်းစစ်ကြည့်လိုက်သေး၏။

တစ်နာရီကြာ လေ့လာပြီးနောက် မိုဝူကျိက ရေသဘာဝ အမြုတေပေါ်၌  ဘာထောင်ချောက်မှ မရှိကြောင်း  သိလိုက်ရသည်။ စိတ်ပြတ်သားလှသော မိုဝူကျိပင် တဖန်ပြန်လည်၍  တွေဝေမိသွားသည်။ သူသာ ရေသဘာဝ အမြုတေ ရလိုက်သည်နှင့် ပြီးပြည့််စုံမှုဆီ တစ်လှမ်းပိုနီးသွားပေလိမ့်မည်။

ခဏအကြာတွင် မိုဝူကျိက နောက်တဖန် သက်ပြင်းချလိုက်ပြန်သည်။ အကြောင်းမှာ  သူ အားနည်းလွန်းနေ၍ ဖြစ်သည်။ ဆိုလိုသည်မှာ  ထောင်ချောက် ဖြစ်နေရက်သားနှင့် သူ့အနေဖြင့်  ထောင်ချောက်မှန်း သတိမမူမိသည့်အဆင့်သို့ ရောက်နေခြင်းလည်း ဖြစ်နေနိုင်ပေသည်။

လူသားသဘာဝ၏  စိုးရိမ်စရာအကောင်းဆုံး အရာမှာ  လောဘ ဖြစ်၏။ သူ့အနေနှင့် သေဆုံးသွားလျှင် ဒါမှမဟုတ်  အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ၌ ပိတ်မိသွားလျှင်  သူတွင်  သဘာဝ အမြုတေ မည်မျှ ရထားလိုက်စေကာမူ အသုံးမဝင်တော့ပေ။

အသက်ပြင်းပြင်း ရှုထုတ်ပြီးနောက် မိုဝူကျိက ထိုအရာကို  မကြည့်တော့ဘဲ ထွက်လမ်းကိုသာ ရှာဖွေလိုက်တော့သည်။ ရေသဘာဝ အမြုတေက အမှန်တကယ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်ဘူး ဖြစ်စေ သူက  မလိုချင်တော့ပေ။

ကျင့်ကြံခြင်း လမ်းစဉ်၌ သေချာပေါက် ရုန်းကန်လှုပ်ရှားရမည် ဖြစ်သော်လည်း  သူ တတ်နိုင်သည့်အတွင်းသာ ရှိသင့်ပေသည်။ အကယ်၍ အောင်မြင်နိုင်ခြေ  ၀.၅ ရာခိုင်နှုန်းအောက် နည်းပါးနေပါက  ဉာဏ်မရှိ သေဆုံးခြင်းသာ  ဖြစ်သွားပေလိမ့်မည်။

ခဏအကြာတွင် မိုဝူကျိက သူ့စိတ်အခြေအနေမှာ ပို၍ ကျယ်ပြောလာကာ အတွေးများလည်း ရှင်းလင်းလာကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။ ထိုစဉ် သူက  မဟာလော့ရှန်းအဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်ကြောင်း ရာနှုန်းပြည့် သေချာနေလေ၏။

လောဘတရားက လှည့်စားနိုင်သလို  အတွေးများကိုလည်း  အနှောင့်အယှက် ဖြစ်စေနိုင်ပေသည်။

နာရီအနည်းငယ် ကြာမြင့်ပြီးနောက် ရေသဘာဝ အမြုတေမှာ မိုဝူကျိ စိတ်ထဲ မရှိတော့ပေ။

မိုဝူကျိက  စိတ်ဝိညာဉ်မျက်လုံးနှင့်အတူ  စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်းကို အနည်းငယ် အသုံးပြုလိုက်လျှင်  လောကထိပ်သီး အမှတ်အသားပြား၌ ပြသထားသော တည်နေရာအတိုင်း သွားလာနိုင်လိမ့်မည်။ မိုဝူကျိက  လမ်းကြောင်းကို သွေဖယ်၍ မသွားလာရဲပေ။ အကြောင်းမှာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၏ အဆင့်မှာ မြင့်မားလွန်းနေ၍ ဖြစ်၏။ လောကထိပ်သီး အမှတ်အသားပြား မရှိဘဲ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ ယခု သူ့တွင် လောကထိပ်သီး အမှတ်အသားပြား ရှိနေသောကြောင့် ဤနေရာမှ ထွက်သွားနိုင်သော တစ်ခုတည်းသော အခွင့်အရေးကို လက်လွတ်စပယ် လုပ်မပစ်နိုင်ချေ။

ဤသို့ဖြင့် မိုဝူကျိက တစ်နှစ်ကျော် လျှောက်လှမ်းပြီးနောက် ဧရာမ ဓားနှစ်လက်ကို မြင်သည့်အခါမှ သက်ပြင်းချနိုင်တော့ပေသည်။

ကျယ်ပြောကာ ဝေဝါးနေသည့် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကို ကြည့်ရင်း  မိုဝူကျိက အကြောက်တရားများ ကိန်းအောင်းနေသေး၏။ သူက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မျ လွတ်မြောက်လာသည်မှာ  ကံကောင်းမှု၊ လောကထိပ်သီး အမှတ်အသားပြားနှင့် စိတ်ဝိညာဉ်မျက်လုံးတို့ကြောင့် ဖြစ်ပေသည်။

သူ့လို ပါးမွှားမျိုးက  ဤသို့ဧရာမ အစီအရင်ထဲ ဝင်ဖို့ရာ မဖြစ်သင့်ပေ။ ယခင် ထိုပစ္စည်း စိတ်ဝိညာဉ်အိုကြီးက သူ့အား ကျီလီကို ကယ်တင်ရန် ပြောစဉ်က သူ သေမည်၊ ရှင်မည်ကို လုံးဝ ဂရုမစိုက်ကြောင်း သိသာလှသည်။ မိုဝူကျိက ဤမျှကြောက်မက်ဖွယ် အစီအရင်နှင့် ရင်ဆိုင်ရမည်ကို သိနေလျှင်  သဘောတူညီချက်အား  သဘောတူလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း  မိုဝူကျိက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်၌ တစ်နှစ်ကြာ ပိတ်လှောင်မိနေစဉ် ဆုလာဘ်များလည်း ရရှိခဲ့သည်။ ပထမဦးစွာ သူက  အချိန်မရွေး မဟာလော့ရှန်းအဆင့်သို့ တက်လှမ်းနိုင်လေပြီ။ ဒုတိယအနေဖြင့် သူ့က အစီအရင်တာအိုကို  နက်နက်ရှိုင်းရှိုင်း နားလည်လာလေ၏။ တစ်ရက်ကျ ကိုယ်ပိုင် အသိပညာပေါ် မူတည်၍ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ အလွယ်တကူ ဝင်နိုင်၊ ထွက်နိုင်ပေလိမ့်မည်။ သူ့အနေနှင့် ဤသို့ ကြီးမားသည့် အစီအရင်များကို  ဖန်တီးနိုင်သည့် နေ့ရက်လည်း ရောက်ရှိလာနိုင်ပေ၏။

နတ်ဘုရားမျှော်စင် ပိတ်သွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း မိုဝူကျိက  အပြင်ဘက်သို့ ပြန်လည် ပို့ဆောင်မခံနိုင်တော့ကြောင်း ကောင်းကောင်း သိပေသည်။ သို့သော်လည်း  သူက နတ်ဘုရားမျှော်စင်အတွင်း နေရသည်မှာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်အတွင်း နေရသည်ထက် များစွာ ပိုကောင်းသေးကြောင်း ခံစားမိနေသည်။ အနည်းဆုံးတော့ သူ စိတ်တိုင်းကျ ကျင့်ကြံနိုင်ပေ၏။ အကယ်၍ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ၌ ပိတ်မိနေပါက  သေခြင်းတရားကို စောင့်ဆိုင်းနေခြင်းနှင့် အတူတူ ဖြစ်လိမ့်မည်။

၁၆ ရက်အကြာတွင် မိုဝူကျိက မဟာလော့ရှန်းအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသလို  ၁၈ ထပ်မြောက်မှ ၁၇ ထပ်ကိုလည်း ရောက်ရှိလာ၏။

သူ မဟာကျီရှန်းအဆင့်ကို တက်လှမ်းစဉ်က ကဲ့သို့  မိုးကြိုးစမ်းသပ်ချက်နှင့် မကြုံတွေ့ရပေ။

မိုဝူကျိက  ၁၈ ထပ်မြောက်နှင့်  ၁၇ ထပ်မြောက် တစ်ခုလုံးကို ရှာဖွေပြီးသော်လည်း အင်မော်တယ်ဆေးပင်နှင့်  မှော်ရတနာ အကျိုးအပဲ့ပင် မတွေ့တော့ပေ။

တစ်လကြာမြင့်ပြီးနောက် မိုဝူကျိက  နတ်ဘုရားမျှော်စင်၏ ပထမအထပ်သို့ ရောက်ရှိလာသည်။

အကယ်၍ ပထမအထပ်၏ ထွက်ပေါက်ကို မရှာနိုင်ခဲ့လျှင်  မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့်အထိ ရောက်သည့်အထိ ကျင့်ကြံရန် ဆုံးဖြတ်ထား၏။  သူ အင်မော်တယ်ဘုရင်အဆင့် ရောက်သည့်အခါ ထွက်ဖို့ နည်းလမ်းများအား စဉ်းစားနိုင်ပေလိမ့်မည်။

မိုဝူကျကို အလွန်အံ့အားသင့်သွားစေသည်မှာ  နတ်ဘုရားမျှော်စင် ပထမအထပ်သို့ ရောက်ရှိပြီးနောက် လောကထိပ်သီး အမှတ်အသားပြားတွင် လမ်းကြောင်း  တစ်ခု ပေါ်လာပြီး  ထိုလမ်းကြောင်းမှာ  ပထမထပ်အောက်၌ နောက်ထပ် တစ်ထပ်ရှိနေသေးကြောင်း ဖော်ပြနေခြင်း ဖြစ်၏။

အမှန် ဖြစ်စေ၊ အမှား ဖြစ်စေ မိုဝူကျိက  ပထမအထပ်၌ တည်နေရာပြ ရေသလင်းကျောက်တစ်ခုအား ထားရှိပေးခဲ့သည်။ အကယ်၍ ကျီလီက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်မှ ထွက်လာနိုင်လျှင် သူမအနေနှင့်လည်း အောက်သို့ လိုက်လာနိုင်ရန် ဖြစ်၏။

တစ်ရက်ကြာမြင့်ပြီးနောက် မိုဝူကျိက နတ်ဘုရားကောင်းကင်ချောက်နက်၌ ထူးထူးဆန်းဆန်း ပေါ်လာသည်။ သူက ပြန်လှည့်ကြည့်လိုက်သည့်အခါ နတ်ဘုရားမျှော်စင်မှာ မရှိတော့ချေ။ သူက လောကထိပ်သီး အမှတ်အသားပြား ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ထွက်လာပြီး အဆုံးသတ်၌  ပေါ့ပါးသွားသလို ခံစားမိလိုက်ခြင်း ဖြစ်ပေသည်။ သူက ဘာကိုမှ သတိမပြုမိခင် နတ်ဘုရားကောင်းကင်ချောက်နက်သို့ ရောက်ရှိနေလေပြီ။

မိုဝူကျိက  နတ်ဘုရားမျှော်စင် ပထမအထပ်ရှိ ကူးသန်းရေး အစီအရင်အကြောင်း ပြန်လည် တွေးတောဖို့ရာ ကြိုးစားကြည့်လိုက်မည့်ဆဲဆဲတွင်  ခေါင်းအထက်၌ ဆူဆူညံညံအသံများ ထွက်ပေါ်လာလေ၏။

နောက်အခိုက်အတန့်လေး၌  ပြင်းထန်သော မိုးကြိုးချက်များ  မိုဝူကျိဆီ ကျရောက်လာသည်။

ဤသို့ မိုးကြိုးစမ်းသပ်ချက်ဖြင့် လုပ်ကြံခံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ မိုးကြိုးချက်များ ကျဆင်းလာသည်နှင့်  အဖြစ်အပျက်ကို နားလည်သွားပေ၏။ သူက မဟာကျီရှန်းအဆင့်နှင့် မဟာလော့ရှန်းအဆင့်တို့ကို တက်လှမ်းစဉ်  မိုးကြိုးစမ်းသပ်ချက်နှင့် မကြုံတွေ့ခဲ့သော်လည်း နတ်ဘုရားမျှော်စင်မှ ထွက်ထွက်လာချင်း  မိုးကြိုးချက်များက အတိုးရော၊ အရင်းပါ ယူမည့်အလား ကျရောက်လာကြသည်။

အကယ်၍  သူ့ခန္ဓာကိုယ်ကို မလေ့ကျင့်ခဲ့လျှင် မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲကိုင်ပြီး  မိုးကြိုးစမ်းသပ်ချက်မှ လျှပ်စီးချက်များ အားပျော့သွားစေရန် စုပ်ယူပစ်လိုက်မည် ဖြစ်၏။

လတ်တလော၌ မိုဝူကျိက  အာကာပြင် နိဗာနမြစ်ဉကို တုံ့ဆိုင်းမနေဘဲ ထုတ်ယူလိုက်သည်။ ထိုစဉ် သူ့ရုပ်ခန္ဓာကျင့်စဉ်မှာ  အင်မော်တယ်ရုပ်ခန္ဓာအဆင့်သို့  ရောက်လုနီးပါး ဖြစ်နေလေပြီ။ မိုးကြိုးစမ်းသပ်ချက် ခံယူနေစဉ်  အာကာပြင်နိဗာနမြစ်ဥကို  သုံး၍  ရုပ်ခန္ဓအဆင့်ကို မြှင့်တင်လိုက်ခြင်းက  အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

“ ဘုန်း ဘုန်း ဘုန်း ” ပထမလှိုင်းတွင်  မိုးကြိုးချက် ဆယ်ချက် ပါရှိပြီး  မိုဝူကျိက အာကာပြင် နိဗာနမြစ်ဥကို  အင်မော်တယ် ရုပ်ခန္ဓာအဆင့် မြင့်တင်ရာ၌ အသုံးချလိုက်သည်။ ခရမ်းရောင်မြူများက စိမ့်ထွက်လာပြီး မိုဝူကျိ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတော့သည်။ တနည်းအားဖြင့်ဆိုလျှင် စုပ်ယူခံလိုက်ရခြင်း ဖြစ်၏။

မိုဝူကျိ၏ ကျင့်ကြံဆင့်တွင် အပြောင်းအလဲ မရှိသော်ငြား  သူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော စွမ်းအားများမှာ  ဆက်တိုက် အားကောင်းလာနေပြီး သူ့ရုပ်ခန္ဓာမှာလည်း ပို၍ သန်မာလာနေသည်။

အစပိုင်းတွင် မိုးကြိုးချက်များကြောင့်  မိုဝူကျိ၏ ခန္ဓာပေါ်၌ လတ်လတ်ဆတ်ဆတ် သွေးသံရဲရဲ ဒဏ်ရာများ ရစေခဲ့သော်လည်း အဆုံးသတ်တွင် မိုးကြိုးချက်များက  မိုဝူကျိ၏ ခန္ဓာကိုယ်ပေါ်၌ အနက်ရောင်အမာရွက်များသာ ချန်ရစ်ထားနိုင်တော့သည်။

မိုဝူကျိ၏ အရိုးများက  “ဂျွတ် ဂျွတ်” ဖြင့်  တစစီ ကျိုးသံများ ကြားနေရပြီး အသစ်တဖန် ဖြစ်တည်လာကြသည်။ သူ့သွေးများပင် ဆက်တိုက် ဆူပွက်နေကြပြီး  ခန္ဓာကိုယ်မှ အညစ်အကြေးများ ထွက်လာ၏။ သူ့ချီသွေးကြောများမှာလည်း စတင်၍ ပိုမို ကျယ်ပြန့်လာပေသည်။

မဟာကျီရှန်းအဆင့်နှင့် မဟာလော့ရှန်းအဆင့် နှစ်ခု၏ မိုးကြိုးစမ်းသပ်ချက်များက မိုဝူကျိဆီ ဆက်တိုက် ကျရောက်လာပြီး  ယခင်မိုးကြိုးစမ်းသပ်ချက်များကဲ့သို့ မဟုတ်ဘဲ အင်မတန် အားကောင်းလှသည်။ ထိုမိုးကြိုးချက်များက  အဆက်မပြတ် ကျဆင်းနေခြင်း ဖြစ်၏။

ကောင်းသည့်အရာမှာ မိုဝူကျိက  နတ်ဘုရားကောင်းကင်ချောက်နက်၌ မိုးကြိုးစမ်းသပ်ချက် ခံယူနေခြင်း ဖြစ်ပြီး နတ်ဘုရားကောင်းကင်ချောက်နက်မှာ  မြူများနှင့် ပိတ်သည်းနေသောကြောင့်  ဤသို့ အဖြစ်အပျက်ကြီး ရှိနေလျှင်ပင် မည်သူကမှ သတိပြုမိမည် မဟုတ်ပေ။

တစ်ရက်တာလုံး မိုးကြိုးစမ်းသပ်ချက် ခံယူပြီးနောက်  အဆုံးသတ်၌ ကင်းစင်သွားလေပြီ။ မိုဝူကျိ၏ အဝတ်အစားများက  လောင်ကျွမ်းကာ စုတ်ပြတ်နေပြီး  အာကာပြင် နိဗာနမြစ်ဥမှာလည်း  လုံးဝ ပျောက်ကွယ်သွားလေ၏။

ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်နေသော စွမ်းအားများမှာလည်း တည်ငြိမ်သွားပြီး အရိုးများမှာလည်း ပို၍ ကြံ့ခိုင်မာကျောလာသည်။ စွမ်းအား တစ်မျိုးက အရိုးအတွင်းမှ ထွက်ပေါ်နေပေရာ မိုဝူကျိက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ရုပ်ခန္ဓာအဆင့် တဆင့် တက်ပြီးတိုင်း ပို၍ ပြီးပြည့်စုံလာကာ ကမ္ဘာမြေတွင် ရှိစဉ်က ကဲ့သို့  ပိုပို တူလာသည်။

ယနေ့အချိန်အထိ မိုဝူကျိက သူ့ကိုယ်သူ  ကာကွယ်ပေးထားနိုင်မည့် နည်းလမ်းကို ရှာတွေ့ခဲ့လေ၏။ မိုဝူကျိ၏ ရုပ်ခန္ဓာ လေ့ကျင့်ရေးမှာ ရှေးဟောင်းစုန်းမျိုးနွယ် ကျင့်စဉ်၏ အထောက်အပံ့ကို ယူထားသော်လည်း  သူ့ကျင့်စဉ်၏ အဓိကအချက်ကို ထုတ်၍ ကိုယ်တိုင် ပြုပြင် ပြောင်းလဲထားခြင်း ဖြစ်၏။ သူက အင်မော်တယ်ရုပ်ခန္ဓာအဆင့်ကို အဆင့် ၉ ဆင့် ခွဲခြားထားပြီး နိဗာနမြစ်ဥကို အသုံးပြုပြီးနောက် သူ့ခန္ဓာမှာ အနည်းဆုံး အင်မော်တယ်ရုပ်ခန္ဓာအဆင့် ၃ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားမိနေသည်။

အင်မော်တယ်ဧကရာဇ်များပင် မိုဝူကျိ၏ ရုပ်ခန္ဓာထက် အားကာင်းကြမည် မဟုတ်ပေ။ အင်မော်တယ်လောက၌  သူတို့၏ ရုပ်ခန္ဓာကို လေ့ကျင့်သည့် အင်မော်တယ်ဧကရာဇ် များများစားစား မရှိချေ။ အကြောင်းမှာ သူတို့က ကမ္ဘာဦး စိတ်ဝိညာဉ်ကိုသာ လေ့ကျင့်ကြသောကြောင့် သူတို့၏ ကြံခိုင်သန်စွမ်းမှုမှာ မိုဝူကျိလောက် ဖြစ်လာမည် မဟုတ်ပေ။

ထိုအင်မော်တယ်ဧကရာဇ်များက ရုပ်ခန္ဓာကျင့်စဉ်၏ အားသာချက်များအကြောင်းအား မသိကြ၍ မဟုတ်ဘဲ ခက်ခဲလွန်းနေ၍ ဖြစ်သည်။ ပထမဆုံး ခက်ခဲမှုမှာ အချိန် ဖြစ်ပြီး  ကျင့်ကြံခြင်း တစ်ခုတည်းကပင်  သူတို့၏ အချိန် ၉၀ ရာခိုင်နှုန်းလောက် ယူထားလေရာ မည်သည့်အချိန်၌  ရုပ်ခန္ဓာ လေ့ကျင့်ရမည်နည်း။ ထို့အပြင် အင်မော်တယ်များက ကျင့်ကြံခြင်းတာအို တစ်မျိုးတည်းအပေါ်တွင် အာရုံစိုက်ထားခြင်း မဟုတ်ကြချေ။ သူတို့အားလပ်သည့် အချိန်များ၌  ဆေးပညာ တာအို သို့မဟုတ် ပန်းပဲလက်နက် တာအိုများ မသင်ယူကြလျှင်ပင် အစီအရင်တာအိုကို လေ့လာလိုက်စားကြပေသည်။

ဒုတိယအနေဖြင့် ကျင့်စဉ်များ ကိုက်ညီမှု  ရှိဖို့လည်း လိုအပ်ပေသည်။ တချို့သော ထိပ်တန်းကျင့်စဉ်များက  ခန္ဓာကျင့်စဉ်နှင့်  အဆင်မပြေဖြစ်တတ်သောကြောင့် ထိုနှစ်ခုကြား၌  ကျင့်ကြံသူအများစုမှာ တစ်ခုသာ ရွေးချယ်နိုင်ကြသည်။ တတိယခက်ခဲမှုမှာ  အရင်းအမြစ်များ ရှာရခြင်း ဖြစ်၏။ အာကာပြင် နိဗာနမြစ်ဥကြောင့်သာ မဟုတ်လျှင် မိုဝူကျိအနေနှင့် ထာဝရ တော်ဝင်ဝါးကို  သုံးရလိမ့်မည်။ ထာဝရ တော်ဝင်ဝါး အသုံးပြုလိုက်ခြင်းမှာ  သူ့ခန္ဓာကျင့်စဉ်အဆင့်အား  တစ်ဆင့် နိမ့်ကျသွားစေလိမ့်မည်။

မိုဝူကျိက ကျေနပ်စွာဖြင့် ကိုယ့်ဘာသာ သန့်ရှင်းလိုက်ပြီး  အဝတ်အသစ် လဲလှယ်ဝတ်ဆင်လိုက်သည်။ မဟာလော့ရှန်းအဆင့်နှင့်  အင်မော်တယ်  ရုပ်ခန္ဓာအဆင့် ၃ သို့ ရောက်ရှိသွားပြီ ဖြစ်ရာ အဘယ်ကြောင့် မကျေနပ်ဘဲ နေမည်နည်း။  သူ့အကြီးမားဆုံး ဆုလာဘ်မှာ  နတ်ဘုရားမျှော်စင် ဝင်ခွင့် မဟုတ်ဘဲ အာကာပြင် နိဗာနမြစ်ဥ ရရှိခဲ့ခြင်း ဖြစ်၏။

သူက စုရှီအား ဆက်သွယ်တော့မည့်ဆဲဆဲတွင်  သူ့စိတ်ထဲ၌  နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်လာလေ၏။

သူက လက်ဖဝါး ဖြန့်လိုက်သည့်အခါ ပုဆိန်လှံရှည် ရောက်ရှိလာ၏။ မိုဝူကျိက နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ရှိနေဆဲ ဖြစ်ပြီး ပုဆိန်လှံရှည်ကို လွဲ၍ ဖြတ်ပိုင်းပစ်လိုက်သည်။

“ ဘုန်း  ” ဘေးပတ်လည်၌ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပေ တစ်ရာရှိသည့် ပုဆိန်လှံရှည် အရာမှာ မိုဝူကျိရှေ့ ပေါ်လာသည်။ ဤပုဆိန်လှံရှည် ရိုက်ချက်ရာမှာ  ချက်ချင်း  ပျောက်ပျက်မသွားဘဲ  ပို၍ ပို၍ သိသာထင်ရှားလာသည်။ ထိုအတွင်းမှ သတ်ဖြတ်ငွေ့များမှာလည်း  မျိုးစေ့ အပင်ပေါက်လာသည့်အလား  ရုတ်ချည်းဆိုသလို  မြင့်တက်လာပြီး  လှိုင်းတွန့်များ တစ်လှိုင်းပြီး တစ်လှိုင်း ဖြစ်ပေါ်လာသည်။

“ ဘုန်း ဘုန်း ဘုန်း ” ပျံ့နှံ့သွားသော ပုဆိန်လှံရှည် သတ်ဖြတ်ငွေ့များမှာ  နေရာဝန်းကျင်၌ ရှိနေဆဲ ဖြစ်ပြီး  နတ်ဘုရား ကောင်းကင်ချောက်နက်အတွင်းမှ ထိတွေ့ခဲ့သမျှ နေရာတိုင်းအား ဗလာနတ္ထိအဖြစ် ရှင်းလင်းပစ်လိုက်သည်။

မိုဝူကျိက ပုဆိန်လှံရှည်မှ ဖြစ်ပေါ်လာသော  သတ်ဖြတ်လှိုင်းများကို အံ့ဩတကြီး ကြည့်ကာ  အဖြစ်အပျက်ကို နားလည်သွားပေသည်။ သူ့ပုဆိန်လှံရှည် အရိပ်မှာ  တစ်ဖက်လူ သတိမထားမိသည့်အချိန်  သတ်ဖြတ်ငွေ့များ ချန်ရစ်ထားနိုင်ပြီး   တစ်ဖက်လူက ထိုအကြွင်းအကျန် သတ်ဖြတ်ငွေ့များကြောင့် ဒဏ်ရာရသွားနိုင်ပေသည်။ ထို့အပြင်  ဤလက်နက်မှာ  သတ်ဖြတ်ဖို့ရာအတွက် အကောင်းဆုံး ဖြစ်၏။ လှိုင်းများက  သူ့စွမ်းအားစက်ကွင်းကိုပင် ကျော်လွန်လုနီးပါး ဖြစ်နေလေ၏။

ဤပုဆိန်လှံရှည်မှာ နတ်ဘုရားမျှော်စင်အတွင်း ရှေးဟောင်းကျင့်ကြံသူများ ချန်ရစ်ထားခဲ့သည့်  သတ်ဖြတ်ငွေ့များ၏ သက်ရောက်မှု ရှိသွားဟန် ပေါ်သည်။ မဟာလော့ရှန်းအဆင့် ရောက်ရှိပြီးနောက်  တာအိုအသိဉာဏ်ပွင့်လမ်းကြောင်း အကူဖြင့် သူက ကိုယ်ပိုင် သတ်ဖြတ်ကွက်များအား ဖန်တီးနိုင်ပြီ ဖြစ်၏။

နောင်အနာဂတ်၌  ဤတိုက်ကွက်အား  မဟူရာအရိပ် ချောက်နက် ဟု ခေါ်ဆိုရမည်။ အကြောင်းမှာ နတ်ဘုရားကောင်းကင်ချောက်နက်ကိုပင် တစစီ ဖြစ်သွားနိုင်စွမ်း ရှိပြီး  သတ်ဖြတ်ငွေ့များကို ချန်ရစ်ထားနိုင်၏။ ဤမဟူရာအရိပ် ချောက်နက် စွမ်းအင်များက တတိယတာအို ရောက်သည့်အခါ  သူ့နေဝင်ရိုက်ချက်ထက် နိမ့်ကျမည် မဟုတ်ပေ။

All Chapters