အပိုင်း(၄၅၆)
Vol. 31 Ch. 456
“ဟမ်..အဲ့အမျိုးသမီးက ဘယ်မှာလဲ. ဘာလို့သူမရှိတော့တာလဲ”
သားအမိနှစ်ဦးထိုးညွှန်ပြသော နေရာသို့ အရောက်တွင် နောက်တွင်ရှိနေသော ကောင်မလေးက ရုတ်တရက် တိုးဖျော့သော အံ့အားသင့်သံဖြင့်ပြောလိုက်သည်။ အဖြူရောင်ဝတ်စုံကိုဆင်မြန်းထားသည့် နှင်းကဲ့သို့ ဖြူစွတ်သောဆံနွယ်နှင့် အမျိုးသမီး ကသူတို့ရှေ့ရှိ ကောင်းကင်ယံ၌
ရှိနေခဲ့သည်ကို သူမရှင်းလင်းစွာ မှတ်မိသည်ဖြစ်သည်။
“အရူးမလေး. အချိန်က တော်တော်ကြာနေပြီ .. သူထွက်သွားတာက မထူးဆန်းပါဘူး”
လှပသောအမျိုးသမီးက သူမဘေးတွင်ရှိနေသော သမီးဖြစ်သူအားပြောလိုက်သည်။
“အိုး ..ဟုတ်တယ်”
မိခင်ဖြစ်သူ၏ စကားတို့အားကြားပြီးနောက် ကောင်မလေးက ရုတ်တရက်နားလည်သွားပြီး ခေါင်းညိမ့်လိုက်သည်။
“သူမထွက်သွားတာလား..”
ရှစ်ဖုန့်က ဗလာနတ္ထိဖြစ်နေသော ကောင်းကင်အားကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
သို့သော် ထို့နောက် တွင် အကွာအဝေးတစ်ခုဆီမှ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်လာသည်။ ရှစ်ဖုန့်နှင့်အခြားနှစ်ယောက်တို့က အကွာအဝေးတစ်ခုရှိ မိုးပြာရောင်ကောင်းကင်အားကြည့်လိုက်သည်။ မိုးပြာရောင် အခိုးအငွေ့များက တလိပ်လိပ်ထနေပြီး ကြီးမားသော ဧရိယာတစ်ခုအားဖုံးလွှမ်းထားသည်။ ထိုနေရာတွင်ဘာတွေများဖြစ်ပျက်
နေပါသနည်း။
ရှစ်ဖုန့်လျှင်မြန်စွာလှည့်လိုက်ပြီး သူ့နောက်တွင်ရှိနေသော သားအမိနှစ်ဦးအားပြောလိုက်သည်။
“ဒီသခင်လေးကို ဒီနေရာကစောင့်နေပါ. .ဒီသခင်လေးတစ်ချက်သွားပြီးကြည့်လိုက်အုံးမယ်”
“ကောင်းပြီ..ကောင်းပြီ”
“ဂရုစိုက်ပါ”
ရှစ်ဖုန့်က စကားဆုံးပြီးနောက် ချက်ချင်းပဲလှည့်လိုက်သည်။ ထို့နောက်သူ၏ကိုယ်က ရွေ့လျားသွားပြီး တလိပ်လိပ်ထနေသော အခိုးအငွေ့များနှင့် ဧရိယာသို့ကြည့်ကာ ကောင်းကင်အား လျှင်မြန်စွာထိုးခွင်းပျံသန်းပြီး ၎င်းနေရာထံသို့ပျံသန်းလိုက်သည်။
“ဂါး..ဂါး.ဂါး..ဂါး.”
ထိုနေရာသို့ ရှစ်ဖုန့် နီးကပ်လာသောအခါတွင် ကြမ်းကြုတ်သော သားရဲများ၏ ဟိန်းဟောက်သံများကို သူကြားလိုက်ရသည်။တောင်အသေးစားလေးတစ်လုံး အရွယ်အစားရှိသော သလင်းကျောက် ဘီလူးတစ်ကောင်အား ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အပြာရောင်သလင်းကျောက်များဖြင့် ပြုလုပ်ထားသကဲ့သို့ လုံးဝကို အပြာရောင်ဖြစ်နေသည်။ ၎င်းအား တလိပ်လိပ်ထနေသော အပြာရောင်ဖုန်ထုထဲတွင် ခပ်ရေးရေးမြင်ရနိုင်ပြီး ၎င်း၏ ကိုယ်က မိုးပြာရောင်အလင်းတစ်ခု လွန်စွာတောက်ပထွန်းလင်းနေသည်။
ထို့နောက် ရုတ်တရက် တလိပ်လိပ်ထနေသော အခိုးအငွေ့များထဲမှ ထိုးခွင်းဖြတ်သန်းပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားသော အဖြူရောင်ပုံရိပ်တစ်ခုအား ရှစ်ဖုန့်မြင်တွေ့လိုက်ရသည်။
အဖြူရောင် အဝတ်အစားများ၊နှင်းကဲ့သို့ ဖြူစွတ်ပြီး ရှည်လျားနွဲ့နှောင်းသော ဆံနွယ်များ နှင့် အတူ သူမ၏ ညာလက်အတွင်း၌ ကျောက်စိမ်းပုလွေတစ်ခုရှိနေသည်။
လွန်စွာဖြူသောမျက်နှာအား ရှစ်ဖုန့်မြင်လိုက်ရသောအခါတွင် ရုတ်တရက် တုန်ယင်သွားပြီး ထိုဦးတည်ချက်ဘက်သို့ အလျှင်အမြန်အော်ပြောလိုက်သည်။
“ဝူရှန့်”
ရှစ်ဖုန့်မြင်တွေ့လိုက်ရသော အဖြူရောင်ပုံရိပ်မှာ သေခြင်းတားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်စဉ်ကတည်းကသူရှာဖွေနေခဲ့သော ယွဲ့ဝူရှန့်ပင်ဖြစ်သည်။ ယခု ယွဲ့ဝူရှန့်က ဤနေရာတွင်ရှိနေ၏။ သူမမှာ ဤမိုးပြာရောင်ကမ္ဘာအတွင်း၌ တကယ်ရှိနေခဲ့ခြင်းဖြစ်သည်။
ယွဲ့ဝူရှန့်အားမြင်တွေ့ပြီးနောက် ရှစ်ဖုန့်ပုံရိပ်က ရုတ်တရက် ထပ်မံလှုပ်ရှားသွားသည်။ အဖြူရောင်ပုံရိပ်ထံလျှင်မြန်စွာပျံသန်း
သွားသကဲ့သို့ ဟင်းလင်းပြင်ထဲတွင် အဖြူရောင်ပုံရိပ်များကို အတွဲလိုက်ချန်ရစ်ထားခဲ့သည်။
“ဂါး”
ဧရာမ သလင်းကျောက် နတ်ဆိုးသားရဲမှာ နောက်ထပ် တစ်ခါ ဟိန်းဟောက်လိုက်သည်။ သူ၏ညာဘက်လက်သီးအားတင်းနေအောင်ဆုပ်ထားပြီး အထက်တွင် ရှိနေသော အဖြူရောင်ပုံရိပ်အား အကန့်သတ်မဲ့သော စွမ်းအားတို့ဖြင့်လက်သီးတစ်လုံးပစ်
သွင်းလိုက်၏။
အခြားတစ်ဖက်တွင်ရှိနေသော ယွဲ့ဝူရှန့်မှာ ရှစ်ဖုန့်၏အော်သံအားကြားပုံမရပေ။ သူမအား ဘယ်အရာကမှသက်ရောက်ခြင်းမရှိသကဲ့သို့သူမ၏မျက်နှာက အေးဆေးတည်ငြိမ်နေသည်။
သူမ၏ အာရုံစူးစိုက်မှုအားလုံးအား အောက်တွင်ရှိနေသော ဧရာမသလင်းကျောက်နတ်ဆိုးသားရဲပေါ်သို့ စုပုံထားပုံရ၏။ သူ၏ဘယ်လက်အားဆန့်ထုတ်လိုက်ပြီး လက်သီးမှာ လက်ဝါးအဖြစ်ဖြန့်ထုတ်လိုက်သည်။ ရုတ်တရက် တလိပ်လိပ်ထနေသော အစိမ်းရောင်အဆိပ်မြူခိုးများက ယွဲ့ဝူရှန့်၏ လက်ဖဝါးမှထွက်လာပြီး မိုးပြာရောင်လက်သီးထံသို့ တလိပ်လိပ်ဦးတည်သွားသည်။ မျက်စိတစ်မှိတ်အတွင်း မိုးပြာရောင်လက်သီးအား တလိပ်လိပ်ထနေသော အစိမ်းရောင်အဆိပ်မြူတို့က လွှမ်းခြုံသွား၏။
“ခရက်..ခရက်..ခရက်..ခရက်…ခရက်..”
အစိမ်းရောင်မြူများထံမှ အဆက်မပြတ် ကွဲကြေနေသော ကျောက်တို့၏အသံများ ထွက်ပေါ်လာသည်။
“ဂါး..ဂါး..ဂါး..ဂါး..ဂါး..”
နာကျင်မှု၊ဒေါသထွက်မှုတို့နှင့် အော်ဟစ်သောအသံက အောက်ဘက်မှထွက်ပေါ်လာ၏။မိုးပြာရောင် သလင်းကျောက်နတ်ဆိုးသားရဲ၏ လူသားကဲ့သို့သော မိုးပြာရောင်မျက်နှာတွင် နာကျင်မှုအမူအယာများဖြစ်ပေါ်နေသည်။
ထို့နောက် အစိမ်းရောင် အဆိပ်မြူခိုးများကယွဲ့ဝူရှန့်၏ လက်ဝါးမှထွက်လာပြီး မိုးပြာရောင်အခိုးအငွေ့များအားဝါးမျို
သွားသည်။ လွန်စွာကြီးမားသော လူသားပုံစံ မိုးပြာရောင်သလင်းကျောက် နတ်ဆိုးသားရဲ၏ ခန္ဓာကိုယ်ကြီးပင်လျှင် အစိမ်းရောင်အဆိပ်မြူတို့ ၏ အပြီးတိုင် ဝါးမျိုခြင်းကိုခံလိုက်ရသည်။
“ဂါး.ဂါး..ဂါး..ဂါး..ဂါး..”
ပို၍ပို၍ နာကျင်စွာဟစ်အော်သော အသံများအားကြားရလာသည်။ ပို၍ အော်ဟစ်လေ ပို၍ပြင်းထန်လေလေဖြစ်၏။တစ်ချိန်တည်းမှာပင် အက်ကွဲသောအံများကို လည်း ပို၍ မြန်သောအမြန်နှုန်းဖြင့် ကြားရသည်။
ယွဲ့ဝူရှန့်ထုတ်လွှတ်လိုက်သော အစိမ်းရောင်အဆိပ်မြူတို့က လူသားပုံစံ သလင်းကျောက်နတ်ဆိုးသားရဲကိုပင် ဖျက်ဆီးပစ်နေသည်။
ဤအချိန်တွင် ရှစ်ဖုန့်တစ်ယောက် ယွဲ့ဝူရှ့န်အနားချဉ်းကပ်နေရာမှ ရုတ်တရက်ရပ်တန့်လိုက်သည်။ ယွဲ့ဝူရှန့်နှင့်ပက်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရှစ်ဖုန့် တွေ့လိုက်သည်။
“ဝူရှန့်”
ယခင်နှင့်မတူ ဘဲ ယွဲ့ဝူရှန့်၏ လွန်စွာဖြူသော မျက်နှာက သူ့အားမျက်နှာမူလိုက်သည်။သူမ၏မျက်နှာက ယခင်ကအတိုင်း တည်ငြိမ်နေဆဲဖြစ်ပြီး ဘာလှိုင်းအတွန့်တို့မှဖြစ်ပေါ်မနေပေ။သို့သော် သူ့အား စိုက်ကြည့်နေသော ယွဲ့ဝူရှန့်၏မျက်လုံးများက အစိမ်းရောင် မီးကဲ့သို့ တစ်ဖျပ်ဖျပ်လင်းလက်နေ၏။
ထို့နောက် ယွဲ့ဝူရှန့်၏ ဘယ်လက်အားမြင်တွေ့လိုက်ရပြီး ၎င်းက အစိမ်းရောင်အဆိပ်မြူတို့ တလိပ်လိပ်ထွက်နေကာ လက်က ရုတ်တရက်ရပ်တန့်သွားပြီး သူ့ထံသို့လှည့်လာသည်။ ရုတ်တရက် အစိမ်းရောင်အဆိပ်အရည်တို့က ယွဲ့ဝူရှန့်၏ လက်ဖဝါးမှ ရေပန်းကဲ့သို့ ပန်းထွက်လာပြီး ရှစ်ဖုန့်ထံသို့ ဖြန်းပက်ဦးတည်လာသည်။
အစိမ်းရောင်အဆိပ်အရည်တို့အား အာရုံခံရင်းထိုအဆိပ်က သူ၏နှလုံသားကိုပင်တုန်ယင်အောင်ပြုလုပ်နိုင်လောက်သည်အထိ အရမ်းအားကောင်းသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ယွဲ့ဝူရှန့်က သူ့အား တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ယွဲ့ဝူရှန့်မှာ သူနှင့်အတူ နတ်ဆိုးသားရဲတောင်တန်း သို့ အတူတူဝင်ရောက်ခဲ့သူဖြစ်သည်။
ယွဲ့ဝူရှန့်မှာ အခြားသောကျင့်ကြံသူများ အသက်ရှင်လွတ်မြောက်နိုင်ရန်အတွက် သူမ၏ ဝိညာဉ်စွမ်းအားလောင်ကျွမ်းစေပြီး သူမကိုယ်သူမ စတေးခဲ့သူဖြစ်သည်။
အစ၌ အေးဆေးတည်ငြိမ်နေကြဖြစ်သော ယွဲ့ဝူရှန့်မှာ သူနှင့်မှ ပို၍ပို၍ ပြုံးရွှင်လာသူဖြစ်သည်။
ယွဲ့ဝူရှန့်မှာ သူ့အား တင်းနေအောင်ဖက်ထားပြီး မိန်းမငယ်လေးတစ်ဦးကဲ့သို့ ထိတ်လန့်ကြောက်ရွံ့စာငိုကြွေးခဲ့သူဖြစ်သည်။
ယွဲ့ဝူရှန့်မှာ ကောင်းကင်နှင့်မြေကြီးရတနာများ
အတွက်သူနှင့်အတူအခြားသူများအား ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး ဆယ်နှစ်ကြာပြီးသည့်နောက် ပြန်ဆုံတွေ့ကြရန် နတ်ဆိုးသားရဲတောင်တန်းအတွင်း ကတိထားခဲ့သူဖြစ်သည်။
ထိုကဲ့သို့ ယွဲ့ဝူရှန့်က သူ့အားမည်ကဲ့သို့ တိုက်ခိုက်နိုင်ပါမည်နည်း။
“ဝူရှန့်..မင်းဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်က ယွဲ့ဝူရှန့်အားအော်ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သွေးနီရောင်မီးတောက်က သူ၏ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာပြီး သူ၏ရှေ့တွင်ကာဆီးလိုက်သည်။
သွေးနီရောင်မီးတောက်၏ လောင်ကျွမ်းမှုအောက်တွင် ရေပန်းကဲ့သို့ ပန်းထွက်နေသော အစိမ်းရောင်အဆိပ်မြူတို့မှာ ရုတ်ခြည်းအငွေ့ပျံသွားသည်။
“ဟမ်”
သူမ၏တိုက်ခိုက်မှုကျိုးပျက်သွားသည်အားမြင်လိုက်ရသောအခါတွင် ယွဲ့ဝူရှန့် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်သူ၏ညာလက်က ဓားအသွင်လက်ချောင်းအဖြစ်ဖွဲ့စည်းသွားပြီး ရှစ်ဖုန့်အထက်ကောင်းကင်အား
ထိုးညွှန်လိုက်သည်။
ယွဲ့ဝူရှန့်၏လက်ချောင်းအောက်တွင် ရှစ်ဖုန့်အထက်ကောင်းကင်ထက်၌ အစိမ်းရောင်အဆိပ်မှုန်များ ပေါ်လာပြီး ရှစ်ဖုန့်ပေါ်သို့ ဖြန်းပက်ကျဆင်းလာကာ ရှစ်ဖုန့်ကိုယ်အား အစိမ်းရောင်အဆိပ်မှုန်များအတွင်း ဝါးမျိုသွားရန်ကြိုးစားနေ၏။
“သောက်ချီးပဲ”
ယွဲ့ဝူရှန့်က သူ၏အော်သံအား ဂရုမစိုက်ဘဲ သူ့အား ညှာတာမှုမရှိ တိုက်ခိုက်သည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ဒေါသတကြီးထပ်မံအော်ဟစ်လိုက်ပြီး သူ၏ကိုယ်အား လှုပ်ရှားလိုက်သည်။ အစိမ်းရောင်အဆိပ်မှုန်များအား
ရှောင်တိမ်းနေစဉ် သူ့ရှေ့တွင်ရှိနေသော ယွဲ့ဝူရှန့်အားအော်ပြောလိုက်သည်။
တစ်ချိန်တည်းမှာပ် ရှစ်ဖုန့်၏မျက်နှာထက်၌ တစ္ဆေမျက်နှာဖုံးပေါ်လာပြီး အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် လှုပ်ခတ်ခြင်း”
ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးအား ရှစ်ဖုန့်ထုတ်ဖော်လိုက်ပြီးမကြာခင်တွင် ယွဲ့ဝူရှန့်မှာ၎င်းအား အာရုံခံမိပုံပေါ်ပြီး အသံတိုးဖြင့်အော်ပြောလိုက်သည်။
ငရဲဘုံကိုး ဝိညာဉ်တုန်လှုပ်ဆီးလ်နှစ်ခုက တစ်ခုနှစ်တစ်ခု တစ်ချိန်တည်းတွင် တရစပ်ထိုးနှက်တိုက်ခိုက်လိုက်ကြသည်။
“အူး..”
“အူး”
ဝိညာဉ်စွမ်းအားနှစ်ခုက ပစ်ဆောင့်သွားသကဲ့သို့ သူတို့၏ဝိညာဉ်များ တစ်ချိန်တည်းတွင် နာကျင်သွားကြပြီး နှစ်ယောက်စလုံး နာကျင်စွာအော်လိုက်ကြသည်။ယွဲ့ဝူရှန့်က လည်း ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်ကို ထုတ်ဖော်ခဲ့ပြီး သူမ၏ ဝိညာဉ်စွမ်းအားက ရှစ်ဖုန့်၏ တစ္ဆေမျက်နှာဖုံးဝတ်ဆင်ထားသော အဆင့်ခုနှစ် သူတော်စင်နယ်ပယ်ဝိညာဉ်စွမ်း
အားနှင့်နှိုင်းယှဉ်ရာတွင် တန်းတူဖြစ်နေ၏။
ဤအချိန်အတောအတွင်း ဤမိန်းကလေး၌ ဘာတွေများဖြစ်ပျက်ခဲ့ပါသနည်း။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE