တည်နေရာ ပေါက်ကြားခြင်း
Vol. 48 Ch. 659
တစ်ရက်အကြာတွင် မိုဝူကျိက နတ်ဘုရားကောင်းကင်ချောက်နက်မှ စိုးရိမ်စွာ ထွက်လာလိုက်သည်။ သူက စုရှီထံ ဆယ်ခေါက်မက လှမ်းအကြောင်းကြားခဲ့သော်လည်း ပြန်လည်ဖြေဆိုမှု တစ်ခုပင် ရောက်မလာချေ။
သူက သူတော်စင်ငယ်လေး စုရှီကို နားလည်၏။ အကယ်၍ ဘာမှ မဖြစ်လျှင် သူမအနေနှင့် သူ့ဆီ ချက်ချင်း ပြန်၍ ဖြေကြားပေလိမ့်မည်။
စုရှီ၏ အသွင်ပြောင်းထားမှုကို တစ်ယောက်ယောက်များ သတိထားမိပြီး သူမ တစ်ခုခုများ ဖြစ်သွားပြီလား။
မိုဝူကျိက ထိုအကြောင်း တွေးလေလေ ပို၍ ခံစားမိလာလေလေ ဖြစ်၏။ အသွင်ပြောင်းဆေးလုံးမှာ မဆိုးသော်လည်း သူတို့ကို အာရုံစိုက်ထားသော သူများ၏ မျက်လုံးများလည်း မဆိုးကြချေ။ သူတို့အထဲ၌ မဟာဧကရာဇ်တချို့ပင် ပါနေသေးသည် မဟုတ်ပါလော။ အသွင်ပြောင်း ဆေးလုံးက အာရုံမရှိသော သူများအား အရူး လုပ်နိုင်သော်လည်း သေသေချာချာ စူးစမ်းကြည့်ပါက အသွင်ပြောင်း ဆေးလုံး၏ ရုပ်ပြောင်းရုပ်လွဲမှာ ပေါက်ကြားသွားနိုင်ပေသည်။
မိုဝူကျိက မဟာခွန်ဗုဒ္ဓဂိုဏ်းမှ စုရှီအား ခေါ်ဆောင်သွားသည့်အကြောင်းကို တွေးမိသည့်အခါ သူ့စိတ်နှလုံးသား၌ စိုးရိမ်မှုများ လောင်မြိုက်လာလေ၏။ မဟာခွန်ဗုဒ္ဓဂိုဏ်း၏ ဘုန်းကြီးများက သူတို့၏ ဘွဲ့ဂုဏ်များနှင့် မကိုက်ညီရုံသာမက သဒ္ဒါတရားလည်း မကောင်းကြချေ။ အကယ်၍ စုရှီသာ သူတို့လက်ထဲ ကျရောက်သွားပါက ကိစ္စများက သူမအတွက် ကောင်းမည် မဟုတ်ပေ။
မိုဝူကျိက ထိုအတွေးဖြင့် ကောင်းကင်ချောက်ကမ်းပါးမြို့ဆီ အလျှင်အမြန် ပြေးထွက်လာမိသည်။ အကယ်၍ မဟာခွန်ဗုဒ္ဓဂိုဏ်းက စုရှီကို ရရှိသွားလျှင် ကောင်းကင်ချောက်ကမ်းပါးမြို့၌ သတင်းများ ထွက်နေလိမ့်မည်။
နတ်ဘုရားမျှော်စင် ဖွင့်ခါနီး အချိန်နှင့် ယှဉ်လျှင် ကောင်းကင်ချောက်ကမ်းပါးမြို့က လူမရှုပ်တော့ချေ။ သို့သော်လည်း စည်ကားသက်ဝင်နေဆဲ ဖြစ်၏။
ထိုစဉ် မိုဝူကျိက လူလတ်အရွယ် နယ်လှည့်ကျင့်ကြံသူအဖြစ် ရုပ်ဖျက်လိုက်လေ၏။ သူ မြို့ကို ရောက်သည်နှင့် အနီးဆုံး တည်းခိုဆောင်ကို သွားရောက်လိုက်သည်။ ဤသို့မျိုး ကိစ္စမျိုးအတွက် တည်းခိုဆောင်များမှ သတင်းအချက်အလက် ပိုမိုစုံစုံလင်လင် ရရှိတတ်ပေသည်။
မိုဝူကျိ ကောင်းကင်ချောက်ကမ်းပါးမြို့သို့ ဝင်လာသည်နှင့် လေလွှင့်ကျင့်ကြံသူဟန် ရှိသည့် ပုတိုတို အမျိုးသားတစ်ယောက်က ရုတ်ချည်း ထရပ်လိုက်သည်။ သူက ပျောက်ကွယ်သွားပြီ ဖြစ်သော မိုဝူကျိ၏ ပုံရိပ်ကို ကြည့်ကာ အံ့ကြိတ်လိုက်ပြီး
“ ဒီလူအိုကြီးက မင်း ပြန်လာမယ်ဆိုတာ သိနေတယ်။ ငါ ထိုက်ရှီရှောင်က ပစ္စည်း အပါခံပြီးတော့ မင်းကို လွတ်ပေးမယ် ထင်နေလား ….
အိပ်မက် မက်မနေစမ်းနဲ့ ။ ဒီလူအိုကြီးက မင်းကို အနိုင်မယူနိင်ပေမဲ့ မင်းအတွက် လွယ်လွယ်လေး ဖြစ်မှာတော့ မဟုတ်ဘူး ”
သူ့နဖူးအထက်၌ မိုဝူကျိကဲ့သို့သော စိတ်ဝိညာဉ်မျက်လုံးမျိုး ရှိလေသည်။ သို့သော်လည်း သူ့စိတ်ဝိညာဉ်မျက်လုံးမှာ ခဏတာမျှသာ ပေါ်လာပြီး ပျောက်ကွယ်သွား၏။
မိုဝူကျိ ခန့်မှန်းမိသည်မှာ အမှန် ဖြစ်၏။ ထိုကောင်းကင်အထီးကျန်မြက်များနှင့် အာကာပြင် နိဗာနမြစ်ဥမှာ ထိုက်ရှီရှောင် ချန်ရစ်ထားခဲ့ခြင်း ဖြစ်၏။ ထိုက်ရှီရှောင်တွင် ထူးခြားသော စွမ်းရည်နှစ်မျိုး ရှိပေသည်။ တစ်ခုမှာ အနံ့ခံနိုင်စွမ်းနှင့် အတိတ်နမိတ် ခံစားမှုတို့ ဖြစ်၏။ မိုဝူကျိက အာကာပြင်ထဲမှ ထွက်သွားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သော်လည်း ထိုက်ရှီရှောင် တစ်ယောက် ထိုအာကာပြင်ထဲ ပြန်ရောက်သွားသည့်အချိန် သူ့ပစ္စည်းများ ယူသွားသူမှာ မိုဝူကျိ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
သူ့အတွက် အာကာပြင် နိဗာနမြစ်ဥမှာ သူ့အချမ်းသာဆုံးအရာ ဖြစ်၏။ ယခု သူ့ချမ်းသာမှုမှာ မိုဝူကျိဆီ ပါသွားပြီ ဖြစ်လေရာ မည်သို့ လက်လွတ်ပေးနိုင်မည်နည်း။
နတ်ဘုရားမျှော်စင် ပိတ်သွားသည့်အချိန် ကတည်းမှ သူက မိုဝူကျိကို စောင့်မျှော်နေခြင်း ဖြစ်၏။ မိုဝူကျိသည် နတ်ဘုရားမျှော်စင်မှ ထွက်လာပြီးနောက် ကောင်းကင်ချောက်ကမ်းပါးမြို့သို့ ရောက်လာမည်မှန်း သေချာသိနေသည်။ ထိုသည်မှာ မွေးရာပါ သူ့အတိတ်နမိတ် ခံစားချက်ကြောင့် ဖြစ်၏။
မိုဝူကျိက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ထဲ ပိတ်မိနေကာ တစ်နှစ်ကြာသည့်အထိ မထွက်လာနိုင်ခဲ့ပေ။ သို့သော်လည်း ထိုက်ရှီရှောင်က အလွန်စိတ်ရှည်လက်ရှည်ဖြင့် တစ်နှစ်ကျော်ကြာ မိုဝူကျိအား စောင့်ဆိုင်းနေပေ၏။ မူလ သူက မိုဝူကျိ ကောင်းကင်ချောက်ကမ်းပါးမြို့မှ ထွက်လာပြီးနောက် လုပ်ကြံရန် ကြံစည်ထားလေ၏။ မိုဝူကျိက အင်မော်တယ်အရုပ်ကို ခေါ်မထုတ်သရွေ့ သူ့အနေနှင့် မိုဝူကျိ လုပ်ကြံပြီးနောက် သူ့ပစ္စည်းများအား အောင်အောင်မြင်မြင် ပြန်လည် ရယူနိုင်ပေလိမ့်မည်။
သို့သော် ယနေ့တွင် မိုဝူကျိ၏ စွမ်းအားမှာ သူ့ထက် များစွာ ကျော်လွန်နေကြောင်း ခံစားမိလိုက်သည်။ သူက လုပ်ကြံရန် အတွေးကို လက်လျော့လိုက်ပြီး အာကာပြင် နိဗာနမြစ်ဥကိုပါ လက်လျော့လိုက်တော့သည်။ အကယ်၍ မိုဝူကျိနှင့် တိုက်ခိုက်မည် ဆိုလျှင် သေချာပေါက် သေဆုံးပေလိမ့်မည်။
သူက မိုဝူကျိနှင့် မရင်ဆိုင်နိုင်သော်လည်း တခြားသူများ ရှိနေသေးသည် မဟုတ်ပါလော။ သူ ထိုက်ရှီရှောင်က မကျေနပ်မှုကို ဤအတိုင်း ပြီးလိုက်မည့် လူစားမျိုး မဟုတ်ပေ။
တစ်နာရီအကြာတွင် မိုဝူကျိက အင်မော်တယ် တည်းခိုဆောင်မှ ထွက်လာ၏။ သူ့မျက်နှာပေါ်မှ စိုးရိမ်မှုများမှာ ပျောက်ကွယ်မသွားသေးပေ။ စုရှီကို ဖမ်းမိသွားခြင်း မဟုတ်သော်လည်း စုရှီ ဘေးကင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ စုရှီက နတ်ဘုရားမျှော်စင်မှ ထွက်မလာနိုင်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ယခု သူက စုရှီကိစ္စနှင့် ပတ်သတ်၍ လုံးဝကို ကူကယ်ရာမဲ့ ဖြစ်နေသည်။ မိုဝူကျိက စူးခရာအင်မော်တယ်မြို့ဟောင်းသို့ သွားရန် ဆုံးဖြတ်လိုက်လေ၏။ ဤနေရာမှာ သူ့စီးပွားရေ အစပြုခဲ့သော နေရာ ဖြစ်ပေ၏။ လွန်ချိုက်က သူ့တျန်းဂျီဆေးဆိုင် ဖျက်စီးခဲ့စဉ်က အသက်ရှင်ကျန်ရစ်သူ ရှိနေမလား ဟု သိချင်မိ၏။
ကောင်းကင်ချောက်ကမ်းပါးမြို့မှ တခြားသော အင်မော်တယ်နယ်မြေများဆီ ဆက်သွယ်ထားသော ကူးသန်းရေး အစီအရင် အလွန်နည်းပါးပေ၏။ ကူးသန်းရေး အစီအရင် တစ်ခုသာရှိပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်က တည်ဆောက်ထားခြင်း ဖြစ်၏။
တကယ်တော့ ထိုကူးသန်းရေး အစီအရင်မှာ မိုဝူကျိနှင့် ပတ်သတ်နေလေ၏။ မိုဝူကျိ နတ်ဘုရားမျှော်စင်ထဲ ဝင်သွားပြီးနောက် ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းနှင့် မဟာဓားလမ်းစဉ်ဂိုဏ်းတို့က အရင်းအမြစ်များ ထောက်ပံ့ပြီး တာ့ယီ အင်မော်တယ်မြို့နှင့် ကောင်းကင်ချောက်ကမ်းပါးမြို့ ဆက်သွယ်ထားသော အစီအရင် တည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။
တာ့ယီအင်မော်တယ်မြို့မှာ ဗလာ ကောင်းကင်အင်မော်တယ်နယ်မြေအတွင်း တည်ရှိ၏။ တာ့ယီအင်မော်တယ်မြို့မှ ကောင်းကင်ချောက်ကမ်းပါးမြို့ ဆက်သွယ်ထားသည့် အစီအရင်တည်ဆောက်လိုက်ခြင်းမှာ တခြားသော အင်မော်တယ်နယ်မြေမှ နတ်ဘုရားအင်မော်တယ်နယ်မြေသို့ လာရန် ခရီးအကွာအဝေးကို လျော့ချပစ်လိုက်ခြင်း ဖြစ်၏။
အကယ်၍ ကူးသန်းရေး အစီအရင်အကြောင့်သာ မဟုတ်လျှင် မိုဝူကျိက လွန်းပျံယာဉ်ကို ထုတ်၍ စူးခရာအင်မော်တယ်မြို့ဟောင်းသို့ ထွက်ခွာသွားလောက်လေပြီ။
ယခု သူက တာ့ယီအင်မော်တယ်မြို့ဆီ အရင်သွားရောက်ပြီးမှ တာ့ယီအင်မော်တယ်မြို့မှ နောက်ထပ် ကူးသန်းရေး အစီအရင်တစ်ခု ထပ်သုံးရုံ ဖြစ်၏။ ဤနည်းဖြင့် သူ့အချိန်ကြာမြင့်မှုကို လျော့ချနိုင်ပေလိမ့်မည်။
ကောင်းကင်ချောက်ကမ်းပါးမြို့၌ တစ်ခုတည်းသော ကူးသန်းရေး အစီအရင် ဖြစ်သောကြောင့် ဤအစီအရင်မှာ လူများနှင့် ပြည့်ကျပ်နေသည်။ မိုဝူကျိက လက်မှတ်တစ်စောင် ဝယ်ပြီးနောက် တန်းစီစောင့်ရုံသာ ကျန်တော့၏။
သတိလွတ်နေသည့် မိုဝူကျိ တန်းစီနေစဉ် အကြည့်များစွာက သူ့ဆီ ရောက်လာကြသည်။ တစ်ချိန်တည်းဆိုသလို သူ့တည်နေရာမှာ ထုတ်ဖော်ပြီးသား ဖြစ်သွားလေပြီ။
……….…
တာ့ယီအင်မော်တယ်မြို့မှာ သာမာန် အလယ်အလတ် အင်မော်တယ်မြို့တစ်ခုသာ ဖြစ်ပေ၏။ သို့သော် နတ်ဘုရားအင်မော်တယ်နယ်မြေနှင့် ကူးသန်းရေး အစီအရင် တည်ဆောက်ပြီးနောက် ဤနေရာမှာ ပို၍ အသက်ဝင်လာသောကြောင့် ဖွံ့ဖြိုးကာ အဆင့်မြင့် အင်မော်တယ်မြို့တစ်ခု ဖြစ်လာသည်။
ရှစ်ချက်အင်မော်တယ် တည်းခိုဆောင်မှာ တာ့ယီ အင်မော်တယ်မြို့၏ အကြီးမားဆုံး တည်းခိုဆောင် သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်ပေသည်။
တည်းခိုဆောင်ထဲ၌ အင်မော်တယ်သေရည်ကို တည်ခင်းဧည့်ခံပေးနေသော တူညီဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ရှိပေသည်။ ထိုအမျိုးသမီး ရုပ်ရည်မှာ သာမာန် ဖြစ်၏။ လက်တွေ့၌ ကျင့်ကြံဆင့် မြင့်သော လူအနည်းငယ်မျှသာ သူမ၏ သွင်ပြင်ကို အနည်းငယ် ပြောင်းလဲထားကြောင်း ပြောနိုင်ပေသည်။ သို့သော်လည်း ထိုကိစ္စမှာ အရေးမကြီးပေ။ တည်းခိုဆောင်မှ ဧည့်ကြိုတစ်ယောက်အနေဖြင့် သူမ သွင်ပြင် ပြောင်းလဲထားသည်ကို သိလျှင်ပင် မည်သူကမှ ဂရုစိုက်မည် မဟုတ်ပေ။
ထိုအမျိုးသမီးမှာ ဟန်ချင်းရု ဖြစ်၏။ သူမ ကောင်းကင်ချောက်ကမ်းပါးမြို့သို့ သွားရန် ရည်ရွယ်ထားသော်လည်း တာ့ယီမြိုသို့ ရောက်သောအခါ ကူးသန်းရေးအစီအရင်အတွက် အင်မော်တယ်ကျောက် လုံလုံလောက်လောက် မရှိကြောင်း သိလိုက်သည်။ သူမ အင်အားဖြင့် ကောင်းကင်ချောက်ကမ်းပါးမြို့အထိ ပျံသန်းသွားမည် ဆိုလျှင် အလွန်အန္တရာယ်များပေရာ ကိစ္စများက အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်သွားလျှင်ပင် သူမ၏ ပန်းတိုင်ရောက်ဖို့ရာ နှစ်များစွာ ကြာမြင့်သွားနိုင်သည်။
ထို့ကြောင့် သူမက ရှစ်ချက်အင်မော်တယ် တည်းခိုဆောင်၌ အလုပ်ဝင်လုပ်နေခြင်း ဖြစ်ပေသည်။ တစ်ဖက်၌ သူမက အင်မော်တယ်ကျောက်များကို လခအဖြစ် ရရှိပြီး နောက်တစ်ဖက်တွင်မူ မိုဝူကျိ၏ သတင်းများအကြောင်း ရရှိပေသည်။ ဟန်ချင်းရုက စေ့စပ်တိကျသောသူ ဖြစ်ပြီး လေ့လာအားလည်း အလွန်ကောင်းပေသည်။ မကြာခင် သူမက တည်းခိုဆောင်၏ အသိအမှတ်ပြုမှုကို ရရှိသွား၏။ ရလဒ်အနေနှင့် သူမက သီးသန့်အခန်းများကိုပါ လိုက်လံဧည့်ခံပေးရသည်။
ယနေ့ သူမက သီးသန့်အခန်း၌ အင်မော်တယ် အစီအရင်ဆရာ တစ်ယောက်ကို တည်ခင်းဧည့်ခံပေးနေရသည်။ ဟန်ချင်းရုက သူမ တာဝန်ခံ ညွှန်ကြားချက်များအား လိုက်လျောထား၏။ တာဝန်ခံက သူမအား ဧည့်သည်များ မကျေမနပ် မဖြစ်စေရန် အထူးဂရုစိုက်ရန် မှာကြားထားပေသည်။
လက်ထဲတွင် သေရည်တစ်ပုလင်း သယ်ဆောင်လာပြီးနောက် ဟန်ချင်းရုက သီးသန့်အခန်းရှိ အစီအရင်နှင့် ဆက်သွယ်လိုက်သည်။ အစီအရင် ပြေလျော့သွားသည့်အခါ အမျိုးသားနှစ်ယောက် ရှိနေပြီး ဘယ်ဘက်တွင် မီးခိုရောင်ဝတ်စုံနှင့် အမျိုးသား ရှိနေပြီး ညာဘက်၌မူ အနည်းငယ် ပုသော အမျိုးသား တစ်ယောက် ရှိနေသည်။ ဟန်ချင်းရုက ဦးညွှတ်လိုက်ပြီးနောက် သေရည်ပုလင်းအား စားပွဲပေါ် မတင်ခင် သတင်းပို့ဓားပျံတစ်ချောင်းက ဝှီးခနဲ ရောက်ရှိလာသည်။
ဟန်ချင်းရုက ဘေးဘက်သို့ ရှောင်လိုက်သည့်အခါ ပုတိုတို အမျိုးသားက သတင်းပို့ ဓားပျံကို လက်ခံလိုက်သည်။ သူက စိတ်စွမ်းအားဖြင့် ခဏတာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့မျက်နှာအထက်၌ အပြုံးများက သက်ဝင်လာလေ၏။ သူက ထရပ်လိုက်ပြီး
“ အစ်ကိုယွီ … အဲဒီ မိုဝူကျိတော့ မကြာခင် တာ့ယီမြို့ကို ရောက်လာတော့မယ်။ မဟာဓားလမ်းစဉ်ဂိုဏ်းနဲ့ ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းက ကျုပ်တို့ကို မဟာ အစီအရင် ခင်းကျင်းဖို့ ဖိတ်ကြားထားတာဆိုတော့ … အာ မင်း ထွက်သွားလို့ ရပြီ …. မင်း လုပ်စရာ မကျန်တော့ဘူး ”
ပုတိုတို အမျိုးသားက ဟန်ချင်းရု ရှိနေတာကို သတိပြုမိလိုက်ပြီး ချက်ချင်း လက်ဝှေ့ပြရင်း မောင်းထုတ်လိုက်သည်။
“ ဟုတ်ကဲ့ရှင် ” ဟန်ချင်းရုက စိတ်နှလုံးသားထဲမှ စိုးရိမ်စိတ်ကို ချိုးနှိမ်ကာ သေရည်ပုလင်းကို ချထားပြီး အခန်းထဲမှ ထွက်သွားတော့သည်။ သို့သော်လည်း သူမက အသံလုံ အစီအရင်ကို ပြန်အသက်မသွင်းရုံသာမက ဖြည်းဖြည်းချင်း လျှောက်လှမ်းကာ ထွက်သွားလိုက်သည်။
ကံကောင်းသည်က ထိုလူနှစ်ယောက်မှာ အမှူထမ်းမိန်းကလေး တစ်ယေက်အား ဂရုမစိုက်ပေ။ မီးခိုရောင်ဝတ်စုံနှင့် အမျိုးသားက မရေမရာ မေးလိုက်သည်
“ ကျုပ်တို့ အချိန်မှီ လုပ်နိုင်ပါ့မလား ”
“ ကောင်းကင်ချောက်ကမ်းပါးမြို့ အစီအရင်ကနေ ဘယ်လောက်ကြာကြာ စောင့်ရမယ်ဆိုတာ မသိတာ မဟုတ်ဘူးလေ။ အလွန်ဆုံး နှစ်နာရီလောက်ပေါ့။
အဲဒီမိုဝူကျိက ဉာဏ်များပြီးတော့ အကြံပက်စက်တယ်။ ပြီးတော့ သူ့ဆီမှာ အင်မော်တယ် ဧကရာဇ်အဆင့် အရုပ်တောင် ရှိနေသေးတယ်။ သူ့ကို ထွက်သွားဖို့ တားဆီးဖို့က နည်းနည်းတော့ ခက်လိမ့်မယ်။ သူ့ကို မဟာအစီအရင်ထဲ ဖြားယောင်းလိုက်ရင်တော့ ကိစ္စတွေက အဆင်ပြေချောမွေ့ မသွားဘူးလား။
ပြီးတော့ သတင်းပို့ ဓားပျံအရ မဟာအစီအရင်ကို ဦးဆောင်ခင်းကျင်းတာက သံစဉ်ခုနှစ်သွယ် အစီအရင်လမ်းကြောင်းက မဟာအစီအရင်ဆရာ စီနီယာနိုယီတဲ့ …. ကျုပ်တို့သာ အဲဒီ ခင်းကျင်းတဲအထဲ ပါဝင်နိုင်ပြီးတော့ စီနီယာ နိုယီဆီက အကြံလေးတွေ ရလိုက်ရင် အကျိုးမြတ်လည်း များလိမ့်မယ်။ အဲဒါတင် မကဘူးနော် …. ကျုပ်တို့တွေ အဲဒီနတ်ဆိုးရာဇဝတ်ကောင် မိုဝူကျိကို ကူပြီး ဖမ်းပေးနိုင်ရင် ဂုဏ်သတင်းလည်း မြင့်တက်သွားဦးမှာ …” ပုတိုတို အမျိုးသားက ရယ်မောကာ ပြောလိုက်၏။
ဟန်ချင်းရု နောက်ကျော၌ ချွေးအေးများ စို့နေလေပြီ။ ကံမကောင်းသည်က သူမတွင် မိုဝူကျိနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်း မရှိပေ။
သူမအနေဖြင့် မဟာအစီအရင်အကြောင်း ကြားဖူးပေ၏။ ပိုအားကောင်းသော လူ ပိတ်မိသွားလျှင်ပင် စည်ပိုင်းထဲက လိပ်သဖွယ် ဖြစ်သွားပြီး လွတ်မြောက်ရန် နည်းလမ်း မရှိဘဲ ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် အစီအရင်အား လာရောက်ကြည့်ရှုနေသော အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိနေသေး၏။ မိုဝူကျိက ကောင်းကင်ဘုံ သွေဖွယ်နေသည့် စွမ်းအားမျိုး ရှိနေလျှင်ပင် မဟာအစီအရင်ထဲ ဝင်ရောက်သွားသည်နှင့် သေရမည် ဖြစ်၏။
တာ့ယီအင်မော်တယ်မြို့နှင့် ကောင်းကင်ချောက်ကမ်းပါးမြို့ကြားရှိ ကူးသန်းရေးအစီအရင်မှာ မြိုအပြင်ဘက်တွင် ရှိသော်လည်း မိုဝူကျိ ဤနေရာသို့ ရောက်လာလျှင် သေချာပေါက် တာ့ယီအင်မော်တယ်မြို့ဂိတ်အတွင်း သေချာပေါက် ခြေချရလိမ့်မည်။
ဟန်ချင်းရုက အစီအရင်များအကြောင်း မသိသော်လည်း တာ့ယီအင်မော်တယ်မြို့က မဟာအစီအရင်အတွက် စည်ပိုင်းသဖွယ် ဖြစ်နေကြောင်း ခန့်မှန်းမိ၏။ မိုဝူကျိ တာ့ယီအင်မော်တယ်မြို့ထဲ ရောက်လာသည်နှင့် မဟာအစီအရင်ထဲ ကျရောက်လာသည်နှင့်အတူတူ ဖြစ်လိမ့်မည်။
ထို့အပြင် တာ့ယီအင်မော်တယ်မြို့ကို မဟာအစီအရင်၏ ဗဟိုချက်အဖြစ် ခင်းကျင်းထားခြင်းကြောင့် မိုဝူကျိ၏ သံသယဝင်မှုကို ခံရမှာ မဟုတ်ပေ။ အကြောင်းမှာ အင်မော်တယ်မြို့တိုင်းကို အစီအရင်များဖြင့် ကာကွယ်ထားကြသည် မဟုတ်ပါလော။
သို့သော် သူမက ကျင်းရှန်းအဆင့်မျှသာ ဖြစ်သောကြောင့် ဘာတတ်နိုင်မည်နည်း။
သူမက တွေးမိလေလေ အားနည်းလာကြောင်း ပို၍ ခံစားမိလေလေ ဖြစ်၏။ သူမက မိုဝူကျိအနေဖြင့် သူ့နေရာ မည်သို့ထုတ်ဖော်မိသွားကြောင်း မသိပေ။
………..…
တစ်ချိန်တည်းတွင် အလင်းတန်း ဆယ်ချက်က တာ့ယီအင်မော်တယ်မြို့ဆီ ကျရောက်လာသည်။ ဖိနှိပ်အားများ ထုတ်လွှင့်နေသော ကျင့်ကြံသူတစ်ယောက်က သင်္ဘောပျံမှ ခုန်ဆင်းလိုက်၏။
တာ့ယီအင်မော်တယ်မြို့စား ဝူတန်က ကိုယ်တိုင်ကိုယ်ကျ လာရောက်ခြင်း ဖြစ်ပေသည်။ ဤသို့ ကိစ္စကြီး ဖြစ်ပျက်လာတော့မည် ဖြစ်ရာ တာ့ယီအင်မော်တယ်မြို့စားအနေနှင့် မည်သို့ မသိဘဲ နေမည်နည်း။
မဟာအစီအရင်ကို ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်း၊ မဟာဓားလမ်းစဉ်၊ လျှပ်စီးဂိုဏ်းတို့က သူ့တာ့ယီအင်မော်တယ်မြို့၌ လာခင်းကျင်းသောကြောင့် သူ့အနေနှင့် လှိုက်လှိုက်လှဲလှဲ အားပေးထောက်ခံ့ကြောင်းကို ပြသရမည် ဖြစ်၏။
မိုဝူကျိက နတ်ဆိုးဖြစ်ကာ အင်မော်တယ် ဧကရာဇ်များကိုပါ သတ်ရဲပေသည်။ သူ့လို မြို့စားမျိုးက မိုဝူကျိအား ရန်မစဝံ့သော်လည်း သူက မဟာဓားလမ်းစဉ်၊ လျှပ်စီးဂိုဏ်းနှင့် ကျယ်ပြောပင်လယ်အင်မော်တယ်ကျောင်းတို့ကို ရန်စမိမည်ကို ပို၍ စိတ်ပူပေသည်။
မကြာခင် သူက မြို့ဂိတ်အတွင်းသို့ အရှိန်နှင့် ဝင်ရောက်လာကြသော အဆင့်မြင့် ကျင့်ကြံသူ ဆယ်ယောက်ကို မြင်လိုက်ရ၏။ ဝူတန်က ရှေ့ထွက်လာကာ “ တာ့ယီအင်မော်တယ်မြို့စား ဝူတန်က အကြီးအကဲလိန်၊ အကြီးအကဲကျင်း၊ ဂိုဏ်းချုပ် ယီနဲ့ စီနီယာ နိုယီ တို့ကို နှုတ်ဆက်ပါတယ်… ”
လိန်ကူယွင်၊ ကျင်းယွီရှန်းနှင့် ယီမင်ရှုတို့က ကြီးကျယ်သော ပုဂ္ဂိုလ်များ ဖြစ်သော်လည်း နိုယီ၏ ဂုဏ်သတင်းက သူတို့ထက် မနိမ့်ကျပေ။ နိုယီမှာ သံစဉ်ခုနှစ်သွယ် အစီအရင်လမ်းကြောင်းမှ နံပါတစ် အစီအရင် ပညာရှင် ဖြစ်ပေသည်။ အဆင့်အတန်းနှင့် ပတ်သတ်လာလျှင် သူက ရှုစုရန်လို လူမျိုးထက်သာ နိမ့်ကျပေသည်။ လျှပ်စီးဂိုဏ်း၊ မဟာဓားလမ်းစဉ်နှင့် ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတို့ ပူးပေါင်းခြင်းကြောင့်သာ သူ့လိုမျိုး ပညာရှင်ကို အချိန်တိုအတွင်း ဖိတ်ကြားနိုင်ခြင်း ဖြစ်၏။