← Chapters

အပိုင်း(၄၅၇)

Vol. 31 Ch. 457

အပိုင်း(၄၅၇)

Vol. 31 Ch. 457

ယွဲ့ဝူရှန့်တစ်ယောက် သေခြင်းတားမြစ်နယ်မြေအတွင်းမှ လွန်စွာအန္တရာယ်များသော  အစီအရင်တစ်ခုအတွင်းပိတ်မိနေ

ကြောင်းကို ဖျောင်ရွှယ်ယွဲ့ထံမှ ရှစ်ဖုန့်ကြားသိခဲ့ရသည်ဖြစ်သည်။

သို့သော် ယွဲ့ဝူရှန့်အားရှစ်ဖုန့် ရှာတွေ့သောအခါတွင်   သူမအနေဖြင့် သေခြင်းတားမြစ်နယ်မြေ၏ မိုးပြာရောင်ကမ္ဘာအတွင်းသို့ ရောက်ရှိနေပြီးဖြစ်နေသည်။ သူမအနေဖြင့် အစီအရင်အားချိုးဖျက်ထွက်လာခြင်း

ဖြစ်ရမည်ဖြစ်သည်။

သို့သော် ယွဲ့ဝူရှန့်၌ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ရှစ်ဖုန့်မသိပေ။ သူမအနေဖြင့် သူ့အား မမှတ်မိသောကြောင့် တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုထက်ပိုသည်ကားသူမအနေဖြင့် ဘိုးဘေးနယ်ပယ်တွင်သာရှိသေးသော်လည်း   ရှစ်ဖုန့်၏ နှလုံးသားကိုပင် တုန်ယင်စေနိုင်သော  ထူးဆန်းပြီး ကြောက်စရာကောင်းသော  အဆိပ်ပညာရပ်တစ်ခုကို ကျင့်ကြံထားသည်။

ရှစ်ဖုန့်အား တုန်လှုပ်အံ့အားသင့်စေဆုံးသောအရာမှာ   သူမ၏ ဝိညာဉ်စွမ်းအားက  သူ၏ တစ္ဆေမျက်နှာဖုံးဝတ်ဆင်ထားသည်နှင့်ပင် နှိုင်းယှဉ်နိုင်ခြင်းဖြစ်သည်။ သူမ၏ ဝိညာဉ်စွမ်းအားမှာ  အနည်းဆုံး   ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်  အလယ်အလတ်အဆင့်တွင်ရှိနေ၏။

ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်နှစ်ခု ပစ်ဆောင့်မိသောအချိန်တွင် တစ်ချိန်တည်း၌ ရှစ်ဖုန့်နှင့် ယွဲ့ဝူရှန့်တို့ နာကျင်မှုကို ခံစားလိုက်ရပြီး   အနည်းငယ်နောက်ဆုတ်လိုက်ကြရသည်။  သို့သော် နောက်သို့ ဆုတ်နေသော ရှစ်ဖုန့်မှာ  အစိမ်းရောင်အဆိပ်မှုန်များက ကောင်းကင်ထက်မှသူ့ထံသို့ ကျဆင်းလာနေသည်ကို ရုတ်တရက် ရှစ်ဖုန့်သဘောပေါက်လိုက်၏။

ချက်ချင်းပဲ သွေးနီရောင်မီးတောက သူ၏ ခန္ဓာကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာပြီး   ကောင်းကင်ထဲသို့ ထိုးတက်သွားကာ ကောင်းကင်ထဲမှ ကျဆင်းလာသောအစိမ်းရောင်အဆိပ်မှုန်များအားလောင်ကျွမ်းသွားစေသည်။

သွေးနီရောင်မီးတောက်အောက်တွင်  ရှစ်ဖုန့်ပေါ်သို့ ဖြန်းပက်ကျဆင်းလာနေသော အစိမ်းရောင်အဆိပ်မှုန်များမှာ  ဘာမှကျန်ရစ်ခြင်းမရှိသည်အထိ ရုတ်ခြည်းမီးရှို့ ပြာချခံလိုက်ရသည်။

“ဖုန့်..ဖုန့်ရှစ်”

ဤအခိုက်အတန့်တွင် ယွဲ့ဝူရှန့်၏ ဝိညာဉ်က ထိမှန်ခြင်းခံခဲ့ရသည်။ ခြေလှမ်အနည်းငယ်ဆုတ်ပြီးနောက်   သူမမျက်လုံးအတွင်းရှိ အစိမ်းရောင်အလင်းက အနည်းငယ်မှေးမှိန်သွားသည်။  သူမရှေ့ရှိသွေးနီရောင်မီးတောက်အတွင်းမှ    ပုံရိပ်အားကြည့်ရင်း ယွဲ့ဝူရှန့် အားနည်းသော အသံဖြင့်ခေါ်လိုက်သည်။

ယွဲ့ဝူရှန့်သူ့အား ခေါ်သည်ကိုကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် အလန့်တကြားဖြစ်သွားသည်။ဤနမည်မှာ ယွဲ့ဝူရှန့်နှင့်အတူ နတ်ဆိုးသားရဲတောင်တန်းအတွင်းသို့ သူဝင်ရောက်စဉ်က အသုံးပြုခဲ့သော နမည်နှင့် အတူတူပင်ဖြစ်သည်။

ယွဲ့ဝူရှန့်သူ့အား မှတ်မိနေသည်။

“ဝူရှန့်”

ကောင်းကင်ထက်မှာ ကျဆင်းလာသော အစိမ်းရောင်အဆိပ်မှုန်များအား

မီးရှို့ပြာချပြီးနောက် ရှစ်ဖုန့် ယွဲ့ဝူရှန့်ထံသို့ အလျှင်အမြန် လှစ်ခနဲသွားလိုက်သည်။

ရှစ်ဖုန့်ကသူမထံသို့ ပျံသန်းလာနေသည်ကို တွေ့ရသောအခါတွင် ယွဲ့ဝူရှန့် တုန်ယင်သွားပြီး အလျှင်အမြန်နောက်သို့ဆုတ်ခွာလိုက်သည်။သူမကရှစ်ဖုန့်အား‌ အော်ပြောလိုက်သည်။

“မလာခဲ့နဲ့”

ဝူရှန့်၏ စကားတို့အားကြားလိုက်ရသောအခါတွင် ပျံသန်းနေရာမှ ရှစ်ဖုန့် သူ့ကိုယ်သူ အတင်းအကျပ်ရပ်တန့်ယူလိုက်သည်။ ရှည်လျားသောနှင်းဖြူရောင်ဆံပင်၊ လွန်စွာဖြူလွန်းသော အသားအရေနှင့် ယွဲ့ဝူရှန့်အားကြည့်ပြီးအော်ပြောလိုက်သည်။

“ဝူရှန့်..မင်းဘာတွေဖြစ်နေတာလဲ”

“ဖုန့်ရှစ်.. ငါနဲ့ဝေးဝေးမှာနေပါ..ငါ့အနားကိုမလာခဲ့ပါနဲ့..ငါနင့်ကိုသတ်မိလိမ့်မယ်”

ယွဲ့ဝူရှန့်မှာနောက်သို့ဆက်လက်ပျံသန်း

နေဆဲဖြစ်သည်။  သူမ၏ဖြူဖျော့ပြီးအေးစက်သောမျက်နှာထက်တွင် ကူကယ်ရာမဲ့မှု နာကျင်မှုတို့ဖြင့်ပြည့်နှက်နေ၏။ သူမမျက်လုံးတို့ထောင့်စွန်းမှ မျက်ရည်စီးကြောင်းနှစ်ခုကျဆင်းလာပြီး သူမ ၏ ပါးပြင်တို့ပေါ်မစီးကျလာသည်။

“ငါ့ကိုပြောပါ.. ဘာကိစ္စလဲ..ဘာတွေဖြစ်ခဲ့တာလဲ”

ရှစ်ဖုန့် အော်ဟစ်ပြီး ထပ်မံလှုပ်ရှားလိုက်သည်။သူက နောက်သို့ တစ်ဟုန်ထိုး ပျံသန်းဆုတ်ခွာနေသော ယွဲ့ဝူရှန့်ထံတစ်ဟုန်ထိုး ဦးတည်လိုက်ပြီး  နောက်ရှိဟင်းလင်းပြင်ထဲ၌ အဖြူရောင်ပုံရိပ်များကိုသာ ချန်ထားရစ်ခဲ့သည်။

“ဟင့်အင်း..မလာခဲ့နဲ့..”

ရှစ်ဖုန့်ကသူမထံသို့ ထပ်မံချဉ်းကပ်လာသည်ကိုတွေ့ရ

သောအခါတွင်  ယွဲ့ဝူရှန့်က ရှစ်ဖုန့်အား ခံစားချက်များရောသွန်း၍ အော်ပြောလိုက်သည်။သူမ၏ ညာလက်အား ဝေ့ယမ်းလိုက်သည်။  ရှစ်ဖုန့်က အဖြူရောင်အမှုန်များအား ပက်ကျဲလိုက်သည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။  အဖြူရောင်မြူမှုန်များက ပြင်းထန်သည့်အဆိပ်မဟုတ်သော်လည်း   လေထဲတွင်တစ်ကြိမ်လွင့်မျောသွားသည်နှင့် ၎င်းတို့ဖြတ်သွားသောနေရာတိုင်းတွင် သိပ်သည်းသည့်ရေခဲများအဖြစ်အေးခဲသွားစေသည်။

ရှစ်ဖုန့်လိုက်လာမှုကို တားဆီးရန်အတွက် ယွဲ့ဝူရှန့်က  ဆန်းကြယ်သော အဖြူရောင်မြူမှုန့်များကို အသုံးပြုခဲ့ပြီး  လေထုအားရေခဲအဖြစ်အေးခဲသွားစေသည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်ဒေါသတကြီးအော်ဟစ်လိုက်သည်။  ပြင်းထန်သော သွေးနီရောင်မီးတောက် က သူ၏ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာပြီး

သူ့ရှေ့ရှိ ရေခဲတို့အားလောင်ကျွမ်းသွားစေ၏။  သွေးနီရောင်မီးတောက်အောက်တွင်   ရေခဲများမှာ ရုတ်ခြည်း ဘာမှကျန်ရစ်ခြင်းမရှိသည်အထိလောင်

ကျွမ်းသွားသည်။

သို့သော်ထို့နောက်တွင် ကောင်းကင်ထဲ၌ အဝါရောင် အဆောင်တစ်ခုက လွင့်မျောကျဆင်းလာ၏။အဆောင်ပေါ်တွင် တွန့်လွန်ပြီး ထူးဆန်းသော သဏ္ဍန်ရှိသည့် ရှေးခေတ်အချိန်ကာလက စာလုံးများအား ထိုးထွင်းထားသည်။ထို့နောက် အဆောင်က ကျိုးသွားပြီး  သိပ်သည်းသော အဝါရောင်လျှပ်စီးကြောင်း အလွှာတစ်ခုက ကောင်းကင်ထက်မှ ရုတ်ခြည်းကျဆင်းလာ၏။  “ဝုန်း”ဟူသောအသံနှင့်အတူ  ၎င်းကရှစ်ဖုန့်အားထိမှန်သွားပြီး   သိပ်သည်းသော အဝါရောင်လျှပ်စီးကြောင်းအတွင်းသို့သူ့အား လွှမ်းခြုံသွားသည်။

သို့သော်  လျှပ်စီးကြောင်းအလွှာမှာ ဤမိုးပြာရောင်ကမ္ဘာအတွင်းတပ်

ဆင်ထားပုံရပြီး  အချိန်ကြာမြင့်သည့်တိုင်ပျောက်ကွယ်မသွားပေ။ ဤသိပ်သည်းသော လျှပ်စီကြောင်းကြောင့်ရှစ်ဖုန့်၏ပုံရိပ်အား မထိခိုက်စေသော်လည်း  ဤအန္တရာယ်ကင်းသော လျှပ်စီးကြောင်းအတွင်း၌ သူ့အား အကျဉ်းချထားသကဲ့သို့ဖြစ်နေ၏။

“ရှေးခေတ်အချိန် အကျဉ်းချအစီအရင်လား”

သူ့အားအကျဉ်းချထားသော အဝါရောင်လျှပ်စီးကြောင်းတို့ကိုကြည့်၍  ရှစ်ဖုန့်ဒေါသတကြီးအော်ဟစ်လိုက်သည်။

ဝူရှန့်တစ်ယောက် ဤ အဆောင်အား မည်သည့်နေရာကရရှိခဲ့သည်ကိုသူမသိပေ။ ထို့နောက် အဝါရောင်လျှပ်စီးကြောင်းအား

ရှစ်ဖုန့်လက်သီးဖြင့်ထပ်ကာထပ်ကာထိုးလိုက်သည်။

“ဝုန်း..ဝုန်း.ဝုန်း..ဝုန်း..ဝုန်း”

သိပ်သည်းသော အဝါရောင်လျှပ်စီးကြောင်းတို့အတွင်းမှ ပြင်းထန်သောမြည်ဟိန်းသံများ

ထွက်ပေါ်လာသည်။လပြည့်ဓား၏ စွမ်းအားကိုပင်ရှစ်ဖုန့်အသုံးပြုခဲ့သော်လည်း  သူ့အား အကျဉ်းချထားသော အဝါရောင် လျှပ်စီးကြောင်းကို ရှစ်ဖုန့်မချိုးဖျက်နိုင်သေးပေ။

သူ့ပတ်လည်ရှိ အဝါရောင်လျှပ်စီးကြောင်းတို့အား ထိုးရင်း ရှစ်ဖုန့် ဒေါသထွက်သည်ထက်ထွက်လာသည်။

“ဝူရှန့်..မင်းဘာတွေလုပ်နေတာလဲ”

ယွဲ့ဝူရှန့်ကလည်း နောက်သို့ဆုတ်ခွာပျံသန်းနေရာမှရပ်တန့်လိုက်သည်။ သူမ၏ အဖြူရောင်အဝတ်အစားနှင့်

အဖြူရောင်ဆံနွယ်တို့က လေထဲတွင်တဖျပ်ဖျပ်လွင့်နေသည်။အဝါရောင်လျှပ်စီးတို့အတွင်းမှရှစ်ဖုန့်အားကြည့်နေပြီး ရှစ်ဖုန့်၏ မေးခွန်းအားပြန်လည်ဖြေကြားခြင်းမရှိချေ။

ထို့နောက် ယွဲ့ဝူရှန့်က သူမလက်ချောင်းကိုဖျက်ခနဲလှုပ်ရှားလိုက်ပြီး  အရောင်အသွေးစုံလင်သော  အလင်းတစ်ခုက သူမ၏ လက်ချောင်းထိပ်မှ အဝါရောင်လျှပ်စီးကြောင်းအတွင်းရှိ ရှစ်ဖုန့်ထံသို့  ရွှတ်ခနဲထွက်လာသည်။

အရောင်အသွေးစုံလင်သောအလင်းက အဝါရောင်လျှပ်စီးကြောင်းအား ချိုးဖျက်ပြီး  ရှစ်ဖုန့်၏ ရှေ့၌ ရပ်တန့်သွားသည်။ထို့နောက် ၎င်းက ရှစ်ဖုန့်ရှေ့တွင်လွင့်မျောနေပြီး ရောင်စုံပွင့်ချပ်တစ်ခု ပေါ်လာသည်။ဤပွင့်ချပ်ပေါ်တွင်  အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊မိုးပြာ၊အပြာ ၊ခရမ်း၊ရွှေ၊အဖြူနှင့် ပန်းရောင်းအလင်းတို့က လင်းလက်နေ၏။

“ဒါကဘာလဲ”

အရောင်ဆယ်မျိုးပွင့်ချပ်အားကြည့်ရင်း  သူ၏ခက်ထန်ပေါက်ကွဲနေမှုတို့အားရှစ်ဖုန့်ရပ်တန့်လိုက်သည်။

ထိုနောက် ယွဲ့ဝူရှန့်၏  အားနည်းသောအသံထွက်ပေါ်လာ၏။

“ဂျူနီယာမောင်လေး  ဖုန့်ရှစ်..ငါ့ရဲဆရာ ချင်ယူဖန်းက နောက်ထပ်မြင့်မားတဲ့နယ်ပယ်တစ်ခုကို တက်လှမ်းဖို့အတွက်မှော်ဆေးပင်

တစ်ခုရှာဖွေနေတယ်.. အနာဂတ်မှာငါ့ဆရာနဲ့နင်တွေ့ခဲ့ရင်  ကျေးဇူးပြုပြီး ဒီပွင့်ချပ်ကို သူ့ကို ပေးပေးပါ. ပြီးတော့ ငါ့ဆရာရဲ့ငါ့ကိုပျိုးထောင်ပေးခဲ့တဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့ငါ့မှာနည်းလမ်းမရှိဘူး

ဒါကြောင့် လေးစားသမှုအနေနဲ့ ဒီပွင့်ချပ်ကိုသူ့ကိုငါပေးတာပါလို့ပြောပေးပါ”

“ဂျူနီယာမောင်လေးဖုန့်…နင်နဲ့အတူ နတ်ဆိုးသားရဲတောင်တန်းမှာ  ရှိတုံးက ငါအရမ်းပဲပျော်ရွှင်ခဲ့ရပါတယ်..  ဆယ်နှစ်နေပြီးနောက် ငါအသက်ရှင်နေခဲ့သေးရင်   ထပ်ပြီးပြန်ဆုံတေွ့ကြတာပေါ့”

ယွဲ့ဝူရှန့်က စကားပြောပြီးနောက် ဆက်လက်ဆုတ်ခွာသွားသည်။

“ရပ်လိုက် .ယွဲ့ဝူရှန့်..မင်းဘာတွေဖြစ်ခဲ့တာလဲ..မင်းနဲ့ပက်သက်ပြီး ဘာတွေမှားနေတာလဲ..

ငါ့ကိုဘာတွေဖြစ်ခဲ့လဲဆိုတာကိုပြောပါ..ဒီသခင်လေး မင်းအတွက်ဖြေရှင်းပေးမယ်.. ဒီသခင်လေး မဖြေရှင်းနိုင်တဲ့အရာဆိုတာ မကြုံသေးဘူး”

ဝေးသည်ထက်ဝေးသွားသော ယွဲ့ဝူရှန့် ၏ အဖြူရောင်ပုံရိပ်ကိုကြည့်ရင်း ရှစ်ဖုန့်ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။

“ဟားဟား..ဂျူနီယာမောင်လေ ဖုန့်..နင့်ရဲ့ကြင်နာမှုကို ငါအသိအမှတ်ပြုပါတယ်. ငါနင့်ကို သတိရနေမှာပါ”

ထိုသို့ပြောပြီးနောက်  ယွဲ့ဝူရှန့်ပုံရိပ်က တစ်ဟုန်ထိုး ဖျက်ခနဲဖြစ်သွားပြီး  ရှစ်ဖုန့်၏ မြင်ကွင်းအတွင်းမှလုံးဝပျောက်ကွယ်သွားသည်။

“သေစမ်း..ဒီမိန်းမ.”

ပျောက်ကွယ်သွားသော ယွဲ့ဝူရှန့်နှင့် ကောင်းကင်ပြာအားကြည့်၍  သူ့အား ချုပ်နှောင်ထားသည့် အဝါရောင်လျှပ်စီးကြောင်းအား ရှစ်ဖုန့်လက်သီးဖြင့်ထိုးလိုက်သည်။

“ဝုန်း”

သို့သော် အဝါရောင်လျှပ်စီးကြောင်းက လုံးဝလှုပ်ရှားခြင်းမရှိဘဲ ရှစ်ဖုန့်အား ဆက်လက် အကျဉ်းချထားဆဲဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters