← Chapters

ဒီကိုယ်တော် စောင့်နေတာ ကြာလှပြီ

Vol. 48 Ch. 661

ဒီကိုယ်တော် စောင့်နေတာ ကြာလှပြီ

Vol. 48 Ch. 661

ဟန်ချင်းရုက မိုဝူကျိအား  တုန်တုန်ယင်ယင်ဖြင့် လက်ညိုးထိုးလိုက်ပြီး

“  မိုဝူကျိ …  ငါ စုံလုံးကန်းနေခဲ့တာဆိုတာ ဝန်ခံတယ်။  မင်းက  ဒီလိုရက်စက်တဲ့လူ ဖြစ်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။  ကိုယ့်ကို လာကယ်ပေးတဲ့ သူကို‌တောင် ပြန်သတ်လိုက်သေးတယ်။ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို ယူရင်‌ တော်ရောပေါ့ ။  အပြစ်ကင်းတဲ့  စုရှီကို ဘာလို့  သတ်ရတာလဲ  … မဟာ ဧကရာဇ် လွန်ချိုက်နဲ့  ရန်ကြွေးရှိတာ ဟုတ်ပေမဲ့ သူ့ကိုယ်လုပ်တော်က  အပြစ်ကင်းတယ်လေ။ ဘာလို့ သူမကို မကယ်ပေးရတာလဲ …. ”

စကားလုံး တစ်လုံးချင်းစီက  အပ်တစ်ချောင်းစီလို ဖြစ်နေပြီး မိုဝူကျိ၏ စိတ်နှလုံးသားထဲ စူးဝင်ကုန်သည်။

“ ဟုတ်တယ် အဲဒီလူမဆန်တဲ့ဟာကို သတ်ပစ်ကြစမ်း ..”  ကျင့်ကြံသူရာချီက ဝိုင်းလာကာ အော်ပြောလိုက်ကြသည်။ လူများစွာက  လွတ်မြောက်ရေး အဆောင်ပင် ပြင်ဆင်ထားကြသေး၏။ မိုဝူကျိတွင် ရတနာများစွာ ရှိသလို  အံ့အားသင့်စရာ အင်မော်တယ်အရုပ်လည်း ရှိနေသေးသည် မဟုတ်ပါလော။ မိုဝူကျိက သူ့အရုပ်ကို ထုတ်လိုက်သည်နှင့်  သူတို့ အလျှင်အမြန် ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။

မိုဝူကျိက မျက်မှောင်ကျုတ်လိုက်၏။ ဟန်ချင်းရုက သူ့အကျင့်စရိုက်ကို အထင်သေးရွံရှာနေမည်ဆိုလျှင်ပင် ဤသို့ ပြုမူမည် မဟုတ်ပေ။ သူမက သူ့ကို ထုတ်ဖော်လိုက်သည်ကပင် ထူးဆန်းနေပေ၏။ သို့သော် သူမက သူ့အား နှစ်ကြိမ် အော်ဟစ်ခဲ့ပေသည်။ လူများက ပြောင်းလဲတတ်သည်မှာ မှန်ကန်ပေသော်လည်း  ဤမျှအထိ မပြောင်းလဲတတ်ကြပေ။

“ သတ်ပစ်ကြ …”  မှော်ရတနာမှ အလင်းတန်း တစ်ချက်က မိုဝူကျိဆီ ပြေးဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်း မိုဝူကျိက  မြောက်မြားစွာသော တိုက်ခိုက်မှုများ၏ ပစ်မှတ် ဖြစ်သွားတော့သည်။

မိုဝူကျိက  လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့်  လခြမ်းကွေးပုဆိန်လှံရှည်က ရောက်ရှိလာ၏။ သူ့စွမ်းအားစက်ကွင်းက သဘာဝစွမ်းအား ဝဲကတော့ ဖြစ်တည်လာပြီး  သူ့ဆီ ရောက်ရှိလာသည့်  တိုက်ခိုက်မှု  ၉၀ ရာခိုင်နှုန်းလောက်ကို တားဆီးထားနိုင်လိုက်သည်။ အဆုံးမဲ့ ပုဆိန်လှံရှည် အလင်းတန်းများ ထွက်ပေါ်လာ၏။  ထိုလူများကို သူ သိသည်၊ မသိသည်က အရေးမပါပေ။  ထိုလူများက သူ့ကို သတ်ဖို့ရာ ကြိုးစားကြသောကြောင့် သူ့အနေနှင့် ဘာကိုများ တုံ့ဆိုင်းနေရမည်နည်း။ သူ့လက်ရှိအနေအထားဖြင့် သူ့၌ တုံ့ဆိုင်းနေရန် အခွင့်အရေး မရှိပေ။

“ ဘုန်း ဘုန်း ဘုန်း ” ပုဆိန်လှံရှည်၏ အလင်းတန်း၌ သတ်ဖြတ်ကွင်း ဖြစ်တည်လာသည်။ ထိုသတ်ဖြတ်ကွင်းအောက်၌  မြောက်များစွာသော သွေးမြူများ ထွက်ပေါ်လာ၏။  ထိုစဉ် မိုဝူကျိက  သူ မည်မျှ  အားကောင်းလာကြောင်း  ကိုယ်တိုင် သိလိုက်ရသည်။

အင်မော်တယ်ဘုရင်အဆင့် အချို့မှ လွဲ၍  အားနည်းသူများမှာ သူ့စွမ်းအားစက်ကွင်း၏ ထိန်းချုပ်မှုကို ခံလိုက်ရပြီး  ပုဆိန်လှံရှည် အလင်းကြောင့် အသတ်ခံလိုက်ရတော့သည်။

မိုဝူကျိက  အားရပါးရ အော်ဟစ်လိုက်ပြီးနောက် သူ့စိတ်ဓာတ်ကျနေမှုမှာလည်း သိသိသာသာ ပျောက်ကွယ်သွားတော့သည်။

“မကောင်းတော့ဘူး …. သူက အင်မော်တယ်ဘုရင်အဆင့် ရောက်နေပြီ ” တစ်ယောက်က အလန့်တကြား အော်ပြောလိုက်သည်။ အကယ်၍ မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် မဟုတ်လျှင် ဤသို့ကြောက်မက်ဖွယ် စွမ်းအားစက်ကွင်းနှင့် သတ်ဖြတ်စွမ်းတို့ကို  မည်သို့  ပိုင်ဆိုင်နိုင်မည်နည်း။

အားနည်း‌သော ကျင့်ကြံသူများက စတင်၍ နောက်ဆုတ်သွားကြသော်လည်း  မိုဝူကျိကို  ဝိုင်းထားသည့် ကျင့်ကြံသူများကလည်း ပို၍ များပြားလာသည်။

မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း  သတင်းများ ထွက်နေ၏။ မဟာခွန်ဗုဒ္ဓ မီးအိမ်အပြင် မိုဝူကျိတွင် နတ်ဘုရားမျှော်စင်မှ ရရှိလာသော  ရတနာအမျိုးမျိုးလည်း ရှိပေလိမ့်မည်။

အကယ်၍ သူ့ကို ယခု သတ်နိုင်လျှင် သူတို့ ဆုလာဘ်များ မည်မျှ ရနိုင်မည်နည်း။ မိုဝူကျိက အင်မော်တယ်ဘုရင်အဆင့် ဖြစ်သော်လည်း  ကျင့်ကြံသူများစွာ၏ တိုက်ခိုက်မှုများကို တားဆီးထားနိင်မည်  မဟုတ်ချေ။

လူများစွာက  လူ့အမှိုက်   မိုဝူကျီကို  သေကြေဖို့ရာ အလိုရှိနေကြသော်လည်း  သူတို့စိတ်ထဲ၌ မိုဝူကျိကို သတ်ပြီးနောက်  ဆုလာဘ်များ မည်သို့ ခွဲဝေယူရမည့်အကြောင်းကို စဉ်းစားနေကြခြင်း ဖြစ်ပေသည်။ မိုဝူကျိက လူ့အမှိုက် ဟုတ်သည် ဖြစ်စေ၊ မဟုတ်ဘူး ဖြစ်စေ ထိုကိစ္စကို   ကောလဟာလများမှ ကြားထားခြင်း ဖြစ်၏။ အမှန်ဟု မည်သူကများ တွေးမိမည်နည်း။ တကယ်တော့ အမှန်တရား ဟုတ်ခြင်း၊ မဟုတ်ခြင်းက အရေးမပါပေ။ ကျင့်ကြံသူ လက်တစ်ဆုပ်စာလောက်မှ လွဲ၍ ကျင့်ကြံသူအားလုံးမှာ မိုဝူကျိဆီမှ ရတနာများ ရရှိဖို့ရာသာ တွေးတောနေကြခြင်း ဖြစ်၏။

အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူတချို့ပင် ရောက်လာကြပြီး မိုဝူကျိ ထွက်ပြေးမည့် လမ်းကြောင်းအား ပိတ်ဆို့ထားသည်။ ထိုအထဲ၌ ပိန်ပါးပါး အရပ်မြင့်မြင့် အမျိုးသားတစ်ဦးက အလောတကြီး အော်ပြောလိုက်သည်

“ ဒီလို လူ့အမှိုက်မျိုးကို အင်မော်တယ်လောကမှာ ရှိနေတဲ့ လူတိုင်းမှာ သတ်ပစ်ဖို့ တာဝန်ရှိတယ်။ အားလုံး ပူးပေါင်းပြီး သတ်ပစ်ရအောင် …. အဲဒါမှ အင်မော်တယ်လောကကို ကပ်ဘေး မဖြစ်စေမှာ  ….

တကယ်လို့  ဒဏ်ရာရသွားရင် အဲဒီလူရဲ့ ပိုင်ဆိုင်မှုထဲကနေ ပြန်အလျော်ရလိမ့်မယ် … ”

ထိုသို့ ရိုးရှင်းသော စကားတစ်ခွန်းဖြင့်  မိုဝူကျိကို ဝိုင်းထာကြသော  ကျင့်ကြံသူများက  စတင်၍ ညီညွှတ်လာကြသည်။ အားလုံးက ထိုလူ၏  စကားနောက်ကွယ်မှ အဓိပ္ပါယ်ကို ကောင်းကောင်း သိကြသည်။ သူတို့သာ ပါဝင်တိုက်ခိုက်သရွေ့  ဝေစုရမည် ဖြစ်ကြောင်း ပြောနေခြင်း ဖြစ်၏။

မိုဝူကျိက ထိုလူများကို ဂရုမစိုက်ပေ။ တာ့ဟွမ် မရှိလျှင်ပင် သူ့အနေနှင့် အလွယ်တကူ လွတ်မြောက်နိုင်သေး၏။ သူ ဂရုစိုက်သည့်အရာမှာ ဟန်ချင်းရုသာ ဖြစ်၏။ ထိုစဉ်  ဟန်ချင်းရုက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြောင်း သိလိုက်သည်။ သူမက မြို့ဂိတ်အနားထိ ဆုတ်ပြီးနေလေပြီ။

“ သတ်ကြစမ်း  …” နောက်ထပ် အသံထွက်ပေါ်လာကာ  အလင်းတန်းဆယ်ချက်ကျော်က မိုဝူကျိဆီ ရောက်ရှိလာသည်။

ပထမတိုက်ခိုက်မှုနှင့် ယှဉ်လျှင် ဤတိုက်ခိုက်မှုမှာ  အဆများစွာ ပို၍ အားပြင်းပေသည်။  ယခင် သူ့ပုဆိန်လှံရှည်ဖြင့်  အားနည်သည့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို သတ်နိုင်ခဲ့သည်။ ယခု အားနည်းသူများ နောက်ဆုတ်သွားပြီး  အားကြီးသူများ ရှေ့တက်လာကြ၏။ ထိုအရာက မိုဝူကျိအ‌ပေါ် ဖိအား ဖြစ်စေသည်။

မိုဝူကျိ အမူအယာမှာ မာကြောခက်ထန်လာ၏။ သူက တစ်ခုခု လွဲမှားနေကြောင်း သတိထားမိလိုက်သည်။ တာ့ယီအင်မော်တယ်မြို့၏ အစွန်းဖက်၌ အသစ် တပ်ဆင်ထားသော အစီအရင် လက္ခဏာ ရှိနေသည်။ ထို့အပြင် ထိုအစီအရင်မှာ ထိပ်တန်းအစီအရင် အမျိုးအစား ဖြစ်ပြီး  မဟာသတ်ဖြတ်ရေး အစီအရင်နှင့် တူပေ၏။

အကယ်၍  သူသာ အင်မော်တယ် ပိတ်လှောင်ရေး အစီအရင် တစ်နှစ်ကျော် ပိတ်မိမနေခဲ့လျှင် ထိုအရာကို မဟာသတ်ဖြတ်ရေး အစီအရင်မှန်း  မှတ်မိမည် မဟုတ်ပေ။

သို့သော် သူက အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်ကဲ့သို့ ထိပ်တန်းအစီအရင်မျိုး၌  တစ်နှစ်ကျော် ပိတ်မိနေခဲ့သည်။

အင်မော်တယ်လောက၌  သူ မိုဝူကျိ မမြင်နိုင်သည့် အစီအရင် ရှိဦးမည်လား။ သူက ကိုယ်တိုင် မခင်းကျင်းနိုင်သေးသော်ငြား  ဤသို့မျိုးအစီအရင်ဖြင့် သူ့အား ပိတ်ဖမ်းဖို့ရာ ကြိုးစားရဲသည်လား…..

သူက အဆင့် ၆ နား နီးကပ်နေသည့် အစီအရင်ဆရာ တစ်ယောက် ဖြစ်ပေသည်။

ထိုစဉ် မိုဝူကျိ စိတ်ထဲ သက်သာရာ ရသွားမိသည်။ ယခင် သူက ဟန်ချင်းရု၏ အပြုအမူများကို အထင်မှားမိခဲ့သည်။ ဟန်ချင်းရုကြောင့်သာ မဟုတ်လျှင် သူ့အနေနှင့် မဟာသတ်ဖြတ်ရေး အစီအရင်ထဲ ပိတ်မိနေပြီး အဆင့်မြင့်ကျင့်ကြံသူများ၏ အမဲဖြတ်ခြင်းကို ခံနေရပေလိမ့်မည်။

သူ့အနေဖြင့်  ဟန်ချင်းရုက ထိပ်တန်း အစီအရင်အကြောင်း မည်သို့ သိလာမည်မှန်း မသိသော်ငြား   ဟန်ချင်းရုက  သူ့ကို တားဆီးလိုက်သည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။

သူက ဟန်ချင်းရုဘက်မှ  စိတ်ဖြင့် ဆက်သွယ်မလာသည့် အကြောင်းအရင်းကိုလည်း နားလည်ပေသည်။ အကြောင်းမှာ ဟန်ချင်းရုလည်း ဤနေရာ၌ အဆင့်မြင့် ကျင့်ကြံသူများ ရှိနေကြောင်း သိပေလိမ့်မည်။ သတင်းစကား ပေးပို့လိုက်ခြင်းမှာ ဖုံးကွယ်ထား၍ မရနိုင်ပေ။ နောက်တစ်ခုက ဟန်ချင်းရုအနေဖြင့် သူ့ကို ဝန်မပိစေလိုခြင်း ဖြစ်၏။ အကယ်၍ သူမက သတင်းစကား လှမ်းပို့လိုက်လျှင် သူ့အနေနှင့်  သူမကို ခေါ်ဆောင်သွားရမည် ဖြစ်၏။

မှော်ရတနာမြောက်များစွာက သူ့ဆီ ကျရောက်လာပေသည်။ မိုဝူကျိက ပုဆိန်လှံရှည်ကို ယမ်းလိုက်သည်။ ဤတစ်ကြိမ်၌ ညှာတာခြင်း မရှိတော့ပေ။ သူက  လျို့ဝှက်ပညာရပ် ဖြစ်သည့် မဟာသဲကန္တရ တိုက်ကွက်ကို ထုတ်သုံးလိုက်သည်။

“ ဘုန်း ” ဧရာမ ပုဆိန်လှံရှည်အလင်းများက ထွက်ပေါ်လာပြီးနောက် အဆုံးအစမဲ့ ကျယ်ပြောသည့်  သဲကန္တရအဖြစ် ပြောင်းလဲသွားသည်။ မဟာသဲကန္တရအတွင်းရှိ လူများမှာ ချက်ချင်း ဝါးမျိုခံလိုက်ရပေသည်။

တစ်ချိန်တည်းတွင် မိုဝူကျိက  တာ့ဟွမ်ကို ထုတ်လိုက်သည်။ သူက ပိုအားနေလျှင်ပင် အင်မော်တယ်အုပ်စိုးသူအဆင့်များနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ သူက တာ့ဟွမ်ဆီ အပ်ထားလိုက်သည်။

“ ဘမ်း  ” တာ့ဟွမ်က မိုဝူကျိ၏ ညွှန်ကြားချက်ကို  လက်ခံပြီးသည်နှင့် အတားအဆီးမရှိ လက်သီးတစ်ချက် ထုတ်လွှင့်လိုက်သည်။ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအား လှိုင်းများက ထွက်ပေါ်လာ၏။ တာ့ဟွမ်၏ ပြင်းထန်လှသော စွမ်းအားများဖြင့် အင်မော်တယ်ဘုရင်  ဒါမှမဟုတ် အင်မော်တယ်အုပ်စိုးသူများပင် မတ်မတ်မကျန်တော့ပေ။

တာ့ဟွမ် ပေါ်လာသည်နှင့် အင်မော်တယ် အုပ်စိုးသူ တချို့က ထွက်ပြေးရန် ပြင်ဆင်လိုက်ကြပြီး မြန်မြန် နောက်ဆုတ်လိုက်သည်။ သို့သော်လည်း မိုဝူကျိ၏ သတ်ဖြတ်ငွေ့များက ကောင်းကင်တခွင် မြင့်တက်လာသည်။

သူ့အား  လာဝိုင်းထားသော လူများကို မည်သို့ အလွတ်ပေးနိုင်မည်နည်း။

တာ့ဟွမ်၏ လွှမ်းမိုးမှု အားပြင်းသော  စွမ်းအားစက်ကွင်းက တစ်နေရာလုံးကို ဖုံးလွှမ်းသွားပေ၏။ မိုဝူကျိ၏ မဟာသဲကန္တရသည်လည်း နေရာတစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။

“ ဖူး  …”  နောက်တစ်ကြိမ် သွေးမြူများက ဖြစ်တည်လာပြီး  ပုံရိပ်တွေ တစ်ခုပြီး တစ်ခု လဲကျလာတော့သည်။

မိုဝူကျိအား ရင်ဆိုင်ရန် ဆုံးဖြတ်ထားသော ကျင့်ကြံသူများက ယခုတွင်မူ ထွက်ပြေးရန်သာ ရွေးချယ်ကြတော့သည်။ တာ့ဟွမ်၏  ဖိအားနှင့် မိုဝူကျိ၏ မဟာသဲကန္တရအောက်တွင် အင်မော်တယ် ဧကရာဇ်အဆင့်အောက်  မည်သူကမှ  မရပ်နိုင်ကြတော့ပေ။ ကံမကောင်းသည်က ဤနေရာတွင် အင်မော်တယ် ဧကရာဇ် ရှိမနေချေ။ မိုဝူကျိက  လူနှစ်ရာနီးပါးကို သတ်လိုက်သော်လည်း  သူက ဒဏ်ရာတစ်ချက်မှ မရခဲ့ပေ။

“ ထွက်ပြေးကြ …” တချို့ကံကောင်းသော အသက်ရှင်ကျန်ရစ်သူများက ထွက်ပြေးရန် ကြိုးစားကုန်ကြသည်။ မိုဝူကျိက  သူတို့နောက် မလိုက်ရုံသာမက သူလည်း ထွက်ပြေးရန် ပြင်လိုက်သည်။

လက်တွေ့၌ မိုဝူကျိတွင် နောက်ထပ် အကြံတစ်ခု ရှိပေသည်။ သူသာ တာ့ယီအင်မော်တယ်မြို့ဆီ ပြေးလိုက်ပြီး ဟန်ချင်းရုကို ဆွဲကာ ချက်ချင်း ထွက်ပြေးလိုက်ပါက  ဘေးကင်းကင်း လွတ်မြောက်နိုင်ချေ ၆၀ ရာခိုင်နှုန်းလောက် ရှိ၏။

သို့သော်လည်း သူက ထိုသို့ မလုပ်ရဲချေ။ ဟန်ချင်းရုက  သူ့ကို သတိပေးဖို့ရာ ဤမျှအထိ ကြိုးစားထားလေရာ သူသာ တာ့ယီမြို့အနီးသို့ ချည်းကပ်သည်နှင့် ဟန်ချင်းရုက အမှန်အတိုင်း ပြောမိပေလိမ့်မည်။

အကယ်၍ ထိုသို့ ဖြစ်လာလျှင်  နှစ်ဖက်လုံး အထိနာနိုင်ပေ၏။ ဟန်ချင်းရုကို နာကျင်စေရုံသာမက  သူလည်း  ပိုဆိုးရွားသည့် အခြေအနေထဲ ကျရောက်သွားပေလိမ့်မည်။

ဤတစ်ကြိမ်၌  မိုဝူကျိက အဖြစ်အပျက်ကို နားမလည်သေးဘဲ ဖြစ်နေလျှင် ယနေ့အချိန်အထိ  အသက်ရှင်နေမည် မဟုတ်ပေ။

သူ ကောင်းကင်ချောက်ကမ်းပါးမြို့ထဲ ဝင်စဉ်မှ စ၍  မသက်မသာ ခံစားခဲ့ရသည်။ ဆိုလိုသည်မှာ သူ ကောင်းကင်ချောက်ကမ်းပါးမြို့ထဲ ဝင်လိုက်သည်နှင့် သူ့ကို မှတ်မိနေသူ ရှိနေလေ၏။

ထို့အပြင်  ကောင်းကင်ချောက်ကမ်းပါးမြိုသို့ ရောက်လာသည်မှာ နေ့ဝက်ခန့်သာ ရှိသော်လည်း ဤနေ့ဝက်ခန့်အတွင်း  တာ့ယီအင်မော်တယ်မြို့၌ ထိပ်တန်း အစီအရင်အသစ် ခင်းကျင်းပြီးသွားလေသည်။  ထိုအရာက မည်သို့များ သာမန်လူတစ်ယောက်အနေနှင့် တတ်နိုင်မည်နည်း။ လျှပ်စီးဂိုဏ်း သို့မဟုတ် မဟာဓားလမ်းစဉ်မှ လွဲ၍ ကျန်သူများက မည်သို့ လုပ်နိုင်မည်နည်း။ သူတို့ ပူးပေါင်းထားခြင်းပင် ဖြစ်နေနိုင်သေး၏။

သို့သော် ယခုတွင် သူ့ဘေးပတ်လည်၌ အင်မော်တယ် ဧကရာဇ်အဆင့် ရှိမနေချေ။ ဆိုလိုသည်မှာ ထိုအင်မော်တယ်  ဧကရာဇ်များက သူ့ကို စောင့်ကြည့်နေခြင်းသာ ဖြစ်ပြီး သူ တာ့ယီမြို့ထဲ မဝင်သည်နှင့် ချက်ချင်း တိုက်ခိုက်ကြလိမ့်မည်။ ထို့အပြင်  ထိုအဆင့်မြင့် ကျင့်ကြံသူများက  သူ့အား တာ့ယီမြို့ထဲ၌ စောင့်နေကြခြင်း ဖြစ်၏။

ယခု သူက ဘာပြဿနာမှ ရင်ဆိုင်ကြုံတွေ့မနေရပေ။ သို့သော် သူ နောက်ဆုတ်လိုက်သည်နှင့် တစ်ခုခု သေချာပေါက် ဖြစ်ပျက်သွားလိမ့်မည်။

သို့သော် ထိုတစ်စုံတစ်ခုက  ကြီးမားသည်ဆိုလျှင်ပင် မိုဝူကျိက နောက်ဆုတ်နိုင်သေး၏။ သူက ပျံသန်း၍လည်း မသွားရဲပေ။ သူ မကြည့်လျှင်ပင် သူ့ဘေးပတ်လည်ကို  ကာဆီးထားလိုက်ကြောင်း သိလိုက်၏။

ထိုပိတ်လှောင်မှုက ဆိုးရွားစွာ ဖွဲ့စည်းထားသော်လည်း  သူ့ပေါ် အသက်တစ်ရှိုက်စာမျှ ချုပ်ထိန်းထားနိုင်သရွေ့  သူ့ကို အဆုံးသတ်သွားနိုင်ပေသည်။

မိုဝူကျိ နောက်ဆုတ်လိုက်သည်နှင့် တာ့ယီမြို့မှ မြောက်များစွာသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းတွင် မိုဝူကျိဆီ  သဘာဝ စွမ်းအားလှိုင်း မြောက်များစွာ ရောက်ရှိလာတော့သည်။

မိုဝူကျိက  ဘာကိုမှ ဂရုစိုက်ပေ။ တာ့ဟွမ်ကို အနီးအနား ခေါ်ကာ  ရွေ့ပြောင်းစွမ်းရည် သုံးလိုက်သည်။ ဗလာကောင်းကင်အင်မော်တယ်နယ်မြေ အစွန်းအထိ ထွက်ပြေးသွားလိုက်ပါက သူအနေနှင့် အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး ရှိပေလိမ့်မည်။

“ ဘုန်း ဘုန်း ဘုန်း ….” သဘာဝစွမ်းအားပေါက်ကွဲမှုများက မိုဝူကျိဆီ အဆက်မပြတ် ကျရောက်လာသည်။ ထိုတိုက်ခိုက်မှု သုံးမျိုးမှာ အဝေးမှ ပစ်လွှတ်လိုက်သော်လည်း  အင်မော်တယ် ဧကရာဇ်များဆီမှ တိုက်ခိုက်မှု ဖြစ်နေဆဲ ဖြစ်၏။ မိုဝူကျိ၏ ရုပ်ခန္ဓာအဆင့်မှာ အင်မော်တယ် ရုပ်ခန္ဓာအဆင့် ၃ ရောက်နေသော်လည်း  ထိုပေါက်ကွဲမှုများက သူ့ဆီ မျှားသုံးစင်းအလား ရောက်ရှိလာကာ  သွေးအန်သွားစေ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်ထဲမှ အရိုးအက်သံများလည်း ထွက်ပေါ်လာသည်။

ထိုစဉ် မိုဝူကျိ၏ ရွေ့ပြောင်းစွမ်းရည်နှင့် လေလွတ်မြောက်ရေး နည်းစနစ်တို့ကို အဆုံးအစွန်အထိ ထုတ်သုံးလိုက်သည်။ သူက အချိန်တိုလေးအတွင်း အင်မော်တယ်နယ်မြေ၏ အစွန်းဖျားဆီ ရောက်သွားကာ အာကာပြင်ထဲ ဝင်ချင်မိ၏။

သူက အင်မော်တယ်နယ်မြေ အစွန်းအဖျားဆီ ရောက်လာသည့်အခါ ရပ်တန့်လိုက်၏။ သူက ရုတ်ချည်း တစ်စုံတစ်ခုကို တွေးမိသွားသည်။ အကယ်၍ သူ့အနေဖြင့်  ဟန်ချင်းရုက သူ့ကို ကူညီလိုက်ကြောင်း ပြောနေနိုင်လျှင် ထိုအင်မော်တယ် ဧကရာဇ်များက မသိဘဲ နေမည်လား။

သူတို့က ချက်ချင်း မတွေးမိလျှင်ပင် အဆုံးသတ်၌ တွေးမိကြပေလိမ့်မည်။

သူက အသက်တစ်ရှိုက်စာလောက် ရပ်တန့်လိုက်သော်လည်း သေခြင်းတရားများ သူ့ဆီ ရောက်ရှိကာ လွှမ်းခြုံသွားသည်။ မိုဝူကျိက ထိုအင်မော်တယ်ဧကရာဇ်များနှင့် ရင်ဆိုင်သည့်အခါ အသက်တစ်ရှိုက်စာကပင် အဖိုးတန်မှန်း သိပေသည်။ အကယ်၍ သူ လှည့်ပြန်လျှင်လည်း ဟန်ချင်းရုကို ကယ်နိုင်မည် မဟုတ်ပေ။ သူ့ကိုယ်သူ အခြေအနေဆိုးထဲ ကျရောက်စေပေလိမ့်မည်။ သူ့တစ်ခုတည်းသော ရွေးချယ်စရာမှာ အာကာပြင်ထဲ ထွက်ပြေးရန် ဖြစ်၏။ ထိုအရာက ဟန်ချင်းရုအတွက် ထွက်ပြေးဖို့ရာ အချိန်အနည်းငယ် ဆွဲထားပေးနိုင်လိမ့်မည်။

မိုဝူကျိက သူ့အသက်ဓာတ်ကို လှုံ့ဆော်လိုက်သည်။ သူက ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း သူ့တစ်ကိုယ်လုံးမှာ နေရာမှာတင် ပျောက်ကွယ်သွားလေ၏။

မိုဝူကျိ ပျောက်ကွယ်သွားသည်နှင့်  သူ့နဂိုနေရာသို့ တည်နေရာ ပိတ်လှောင်မှု စွမ်းအားများ ကျရောက်လာသည်။ တစ်ချိန်တည်းဆိုသလို ထိုနေရာ၌ ကြောက်မက်ဖွယ် သဘာဝစွမ်းအားပေါက်ကွဲမှုက ဗလာနတ္ထိအဖြစ် ပြောင်းလဲပစ်လိုက်၏။

“ ကျေးဇူရှင်မို ဘယ်လိုလဲ …. ဒီကိုယ်တော်က စောင့်နေတာ  အတော်ကြာပြီ …”  နွေးထွေးသည့် အသံ တစ်သံ ထွက်ပေါ်လာပြီးနောက် ကွမ်းနဉ် ပေါ်လာကာ  မိုဝူကျိ လမ်းကို တားဆီးထားလိုက်သည်။ သူက မိုဝူကျိသည် တာ့ယီမြို့ထဲ မဝင်မည်ကို သိနေသည့်အလား ဤနေရာ၌ ကြိုတင် စောင့်ဆိုင်းနေခြင်း ဖြစ်၏။

All Chapters