← Chapters

နတ်ဘုရား ရုပ်ခန္ဓာအဆင့်

Vol. 48 Ch. 664

နတ်ဘုရား ရုပ်ခန္ဓာအဆင့်

Vol. 48 Ch. 664

ယူကျင့်ဖုန်း၏ အဘိုးမှာ ယူချန်း ဖြစ်ပေသည်။ ယူကျင့်ဖုန်းနှင့် ယှဉ်လျှင် အတွေ့အကြုံများသည့် ယူချန်းက  အတိုက်ခံများသော ကမ္ဘာကြီးအကြောင်း ပိုမိုကြားဖူး၊ မြင်တွေ့ဖူး၏။ ယူကျင့်ဖုန်းက  ဒဏ်ရာအပြင်းအထန် ရနေသည့် မိုဝူကျိကို ခေါ်ဆောင်လာပြီ ဖြစ်သောကြောင့် မိုဝူကျိ၏ မိတ်ဆွေ၊ ရန်သူများနှင့် ထိပ်တိုက် ကြုံတွေ့ရမည့် ကံတရားကိုသာ ပြင်ဆင်ထားလိုက်တော့သည်။ထိ

သူ့အသက်အရွယ်နှင့် အတွေ့အကြုံကြောင့် ယူချန်းက သူ့နေရာသူ သိပေ၏။ သေမျိုး ဖြစ်စေ၊ အင်မော်တယ် ဖြစ်စေ မည်သူမဆို လူသားတစ်ယောက်၏ အသိစိတ် ရှိရန် လိုအပ်ပေသည်။ သူက မြေးလေးကို ဤကမ္ဘာကြီးထဲ အသက်ရှင်ရက် နေထိုင်နိုင်ခြင်းမှာ  ကျန်ရှိနေသော ချမ်းသာကြွယ်ဝမှုများထက် များစွာ သာလွန်ကြောင်း မကြာခဏ ဆိုဆုံးမဖူး၏။

တစ်ခါတစ်ရံ၌ အင်မော်တယ် နှစ်ယောက် တိုက်ခိုက်ကြသည့်အခါ သူတို့၏ ပြင်းထန်သော စွမ်းအားများက ဘေးနားမှ လူများကိုပါ ရှင်းထုတ်လိုက်သလို ဖြစ်သွားပြီး  အပျက်အစီးအများအပြားကို ဖြစ်စေသည်။

သေမျိုးကမ္ဘာရှိ ရွာလေးမှာ အင်မော်တယ်မြို့များနှင့် အလွန်ကွာခြားလှပေသည်။ အင်မော်တယ်များ တိုက်ပွဲမှာ အင်မော်တယ်မြို့များ၌  ဖြစ်ပျက်လေ့ မရှိသော်လည်း ဖြစ်ပျက်လာလျှင်ပင် အင်မော်တယ်များက တိုက်ခိုက်မှုများကို တားဆီးပေးဦးမည် ဖြစ်၏။ ထို့ကြောင့်  အင်မော်တယ်များက အရေးသာပေသည်။ လူအရေအတွက်ကို ထည့်တွက်လျှင်ပင်  သေမျိုးများက အင်မော်တယ်များ တိုက်ပွဲကြား၌ ပုရွက်ဆိတ်မျှသာ ဖြစ်ပေသည်။ သူတို့ သွေဖယ်ခြင်းရွာ၌ ဤသို့ကပ်ဘေးမျိုး ကြုံတွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ယူချန်း ကြုံတွေ့ဖူးသည့် အခြေအနေအရ ဤသို့မျိုး အခိုက်အတန့် နှစ်ခေါက် ဖြစ်ခဲ့ဖူးပြီး  တစ်ခေါက်မှာ  လူဦးရေ ၈၀ ရာခိုင်နှုန်းအား သေသွားစေလေသည်။

မျက်စိတစ်မှိတ်အတွင်း  လများစွာ ကုန်ဆုံးသွား၏။ သွေဖယ်ခြင်းရွာကား တိတ်ဆိတ်ငြိမ်သက်လျက် ရှိပြီး မည်သူမှ လက်စားချေရန် ရောက်မလာကြပေ။ ယူချန်း စိတ်ထဲမှ လေးလံမှု  ကျောက်တုံးကြီးမှာ နောက်ဆုံး၌ ပေါ့ပါးလာလေ၏။

သူ့အဘိုးဖြစ်သူ၏ စကားများကို အလေးထားပြီး ယူကျင့်ဖုန်းက သိုလှောင်ခန်းသို့ ရွေ့ကာ သူ့အခန်းအား မိုဝူကျိအား ပေးလိုက်သည်။

…………....

ဟုန်မုန့်စွမ်းအင်ကို အောင်အောင်မြင်မြင် စုပ်ယူနိုင်လိုက်ပြီးနောက်  မိုဝူကျိက တစ်ယောက်ယောက် သူ့အား ကယ်တင်ပေးသွားကြောင်း သိလိုက်၏။

မိုဝူကျိက  စိတ်သက်သာရာ ရသလို ခံစားလိုက်ရပြီး သူ့ဒဏ်ရာရာ ခန္ဓာကိုယ်အား ပြန်ကောင်းနှုန်းကို မြန်ဆန်စေမည့်  သူ့အသက်ရှု လမ်းကြောင်းကို ပြင်ဆင်ဖို့ရာ  စတင်လိုက်၏။

မိုဝူကျိက အသိစိတ် အပြည့်အဝ မကပ်သေးသော်လည်း ဟုန်မုန့်စွမ်းအင်ကို ရုပ်ခန္ဓာကျင့်စဉ်နှင့် ပေါင်းစပ်လိုက်သည့်အခါ သူ့အရိုးများမှာ အင်အားများ ပြန်ပြည့်လာသကဲ့သို့ အရိုးများ ပြန်လည် ဖြစ်ပေါ်လာကြောင်း ခံစားမိလိုက်သည်။

နှစ်ဝက်အကြာတွင် သူ့ချီသွေးကြော  ၁၀၈ ခုလုံးမှာ အပြည့်အဝ ပြန်ကောင်းသွားပြီ ဖြစ်၏။ တူညီလှစွာ သူ့အရိုးများမှာလည်း အလျှင်အမြန် ပြန်လည် ကောင်းလာနေသည်။ အရိုးကြားမှ ရွှေရောင်ဖျော့ဖျော့ အလင်းလေး ထုတ်လွှင့်နေပြီး အရိုးအနက်ပိုင်း အထိ ထိုးဖောက်နေသည်။

မိုဝူကျိက မျက်လုံးဖွင့်ကာ  သူ့ဘေးပတ်လည်၌ ဝိညာဉ်စွမ်းအား ကင်းမဲ့နေကြောင်း  ချက်ချင်း  ခံစားမိလိုက်သည်။ သူ့တွင် ဟုန်မုန့်စွမ်းအင် ရှိနေ၍ ကံကောင်းလှပေသည်။ မဟုတ်လျှင် သူ့အခြေအနေ  ပြန်ကောင်းလာနိုင်မှုကား  နှစ်တစ်သောင်းကြာလျှင်ပင် မဖြစ်နိုင်ချေ။

သို့သော်လည်း  သူ့စိတ်စွမ်းအားဖြင့် ဟုန်မုန့်စွမ်းအင်ကို ထိန်းချုပ်ကာ ရုပ်ခန္ဓာ ကုသနေမှုကား အလွန်နှေးကွေး၏။ အကောင်းဆုံး ရွေးချယ်မှုမှာ သူ့အနေနှင့် ဟုန်မုန့်စွမ်းအင်ဖြင့် လွှမ်းခြုံလိုက်စေဖို့ ဖြစ်၏။

သူ့စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်ပြီးနောက် သူ ဘယ်နေရာ ရောက်နေမှန်း သိလိုက်သည်။ သူက အင်မော်တယ် ဝိညာဉ် စွမ်းအား မှိန်ဖျဖျလေးအရ အင်မော်တယ်နယ်မြေတွင် ရှိနေသေးကြောင်း သိလိုက်သည်။ သို့သော်လည်း  သေမျိုးများစွာလည်း  ရှိနေသည့်အတွက် အတိအကျဆိုရလျှင် သူက  ဝိညာဉ်ကြော မရှိသည့် လူသားများ နေထိုင်သည့်  အင်မော်တယ်နယ်မြေကို ရောက်ရှိနေပြီး လူသားတစ်ယောက်က သူ့အား ကယ်တင်ပေးထားခြင်း ဖြစ်ပေသည်။

မိုဝူကျိက  စိတ်သက်သာရာ ရမှုကို ခံစားမိလိုက်သည်။ ကံကောင်းခြင်း မိန်းမပျိုက လူသားတစ်ယောက် သူ့အား ကင်တင်ပေးရန်  ဆောင်မကြည့်ရှုလိုက်ခြင်း ဖြစ်လိမ့်မည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်နှင့် တွေ့ပါက အသက်ရှိလောက်တော့မည် မဟုတ်ပေ။

ဤနေရာ၌ သေမျိုးများ နေထိုင်ကြသော်လည်း အင်မော်တယ်နယ်မြေ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပေသည်။ သူ့စွမ်းအားများ ပြန်ရောက်မလာသေးသည့် နေ့ရက်တိုင်းမှာ အန္တရာယ်များစေနိုင်သည့် ရက်များ ဖြစ်၏။ သူ့အနေနှင့် တတ်နိုင်သမျှ အချိန်တိုအတွင်း ပြန်ကောင်းလာရမည်။

တုံ့ဆိုင်းခြင်းမရှိ မိုဝူကျိက အစီအရင်အလံ ဆယ်ခုကို ဆွဲထုတ်ကာ သူတို့ကို သုံး၍  အခန်းနှင့် ထာဝရ ကမ္ဘာအား ဖုံးကွယ်စေရန် အစီအရင် ပြုလုပ်လိုက်သည်။

“ သခင်လေး.... ” ဗျာများနေသည့်  ရွိုက်ကောက မိုဝူကျိ ဝင်လာသည်ကို  မြင်မြင်ချင်း  ရောက်ရှိလာသည်။

အင်မော်တယ်ကျောက်များနှင့် ဆေးလုံးများကြောင့် ရွိုက်ကောမှာ အဆင့် ၉ သားရဲဖြစ်နေပြီး အင်မော်တယ် သားရဲအဆင့်နှင့် နီးကပ်နေလေပြီ။

ထိုစဉ် မိုဝူကျိက အံ့ဩဖွယ် ပြန်လည် ကောင်းမွန်နေဟန် ပေါ်နေသော်ငြား ရွိုက်ကောမှာ အံ့အားသင့်မိနေဆဲ ဖြစ်သည်။

သူ့သခင်လေး  ဤသို့အခြေအနေအထိ ရောက်ရှိသွားသည့်အချိန်  တာ့ဟွမ်က ဘယ်များ ရောက်နေတာလဲ ….. သူနဲ့ အမြဲစနောက်နေတဲ့ တာ့ဟွမ်က ဘယ်မှာလဲ ….

မိုဝူကျိက လက်ကို အသာဝှေ့ကာ ခရမ်းရောင် ဘူးသီး‌ခြောက်နား ရပ်လိုက်သည်။  မိုဝူကျိက  ထာဝရ တော်ဝင်ဝါးအား  ဟုန်မုန့်စွမ်းအင်ထဲ မထည့်လိုက်ခင်  သိပ်သည်းကြွယ်ဝလှ‌သော ဟုန်မုန့်စွမ်းအင်က သူ့အား ရစ်ပတ်သွား၏။ သူက ထာဝရ တော်ဝင်ဝါး မရှိလျှင်ပင် သူ့ရုပ်ခန္ဓာကို ပြန်လည် ကုသနိုင်သေးသော်လည်း ယခု သူတွင် ရတနာ လက်ဝယ်ပိုင်ဆိုင်ထားလေရာ အသုံးပြုဖို့ရာ တုံ့ဆိုင်းမနေပေ။

မိုဝူကျိက  ဟုန်မုန့်စွမ်းအင်ကြား ဝင်နေလေ၏။ ဟုန်မု့န်စွမ်းအင်ကို  သူ့စိတ်စွမ်းအားဖြင့်  အသုံးပြုခြင်းနှင့် ကိုယ်တိုင် ဝင်နေခြင်းမှာ အလွန်ကွာခြားလွန်းလှသည်။

ချီသွေးကြော  ၁၀၈ ခုလုံး၏ ပြန်လည် ကောင်းနိုင်စွမ်းမှာ ဆက်တိုက် မြင့်တက်နေပေ၏။  ပြန်လည် နလန်ထူခြင်း အခြေအနေအောက်၌ မိုဝူကျိ ခန္ဓာကို ထွက်ပေါ်နေသော ရွှေရောင်အလင်းများမှာ  မည်းနက်လာပြီးနောက် ဖြည်းဖြည်းချင်း  ဒဏ်ရာများကို ကုစားပေးကာ  ကျန်းမာသည့်  အခြေအနေသို့ ပြောင်းလဲသွားစေသည်။

အချိန်တိုလေးအတွင်း  မိုဝူကျိ၏ ရုပ်ခန္ဓာမှာ တွေးကြည့်၍ မရသည့် အမြန်နှုန်းဖြင့် ပြန်ကောင်းလာနေသည်။

သူတို့  ပြန်လည် ပေါင်းစပ်သွားသောကြောင့်  အရိုးများနှင့် ကြွက်သားများက အသံများပင် ထွက်ပေါ်လာသည်။

မိုဝူကျိက သူ့ခန္ဓာကိုယ် အပြည့်အဝ ပြန်ကောင်းလာနေသည်ကို ခံစားမိလိုက်သည်။ ပို၍ အားကောင်းလာသည်ကိုလည်း ခံစားမိလိုက်၏။

အင်မော်တယ် ရုပ်ခန္ဓာအဆင့်  ၄၊ အဆင့်  ၅  …. အဆင့်  ၈ ….

“ ဘုန်း ” နားကွဲလုမတတ် အသံကြီးက သူ့ခန္ဓာကိုယ်မှာ  နောက်တစ်ကြိမ် ပေါက်ကွဲထွက်တော့မည့်အလား  ထွက်ပေါ်လာသည်။

မိုဝူကျိ ခန္ဓာကိုယ်ကို  ရွေရောင်အလင်းများ ဝန်းရံထားကာ  အထဲထိ ထိုးဖောက်ဝင်ရောက်သွားသည်။ တစ်ခါမှ မခံစားဖူးသေးသည့် စိတ်လှုပ်ရှားမှုမျိုးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပေသည်။

မိုဝူကျိက မတ်တတ်ရပ်ကာ  ကောင်းကင်သို့ မော့ကြည့်၍ အားရပါးရ ဟစ်ကြွေးလိုက်တော့သည်။  အစပိုင်း စုတ်ပြတ်နေသော  သူ့ရုပ်ခန္ဓာမှာ   အပြည့်အဝ ပြန်ကောင်းသွားပြီ ဖြစ်၏။ ထို့အပြင်  သူက အင်မော်တယ် ရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိသွားပြီး မဟာလော့ရှန်းအဆင့် စွမ်းအားများကိုလည်း ထိန်းထားပြီးပြီ ဖြစ်ပေသည်။ သူ့စိတ်လှုပ်ရှားမှုများအား ကောင်းကင်သို့ ဟစ်ကြွေးလိုက်ခြင်း ဖြစ်၏။

အင်မော်တယ်လောက၌  အင်မော်တယ်ဧကရာဇ်များစွာ ရှိသော်လည်း  အင်မော်တယ်ရုပ်ခန္ဓာအဆင့် ရောက်သူမှာ အနည်းငယ်သာ ရှိပေ၏။ မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရန် အရမ်း အလှမ်းကွာနေသေးသော်လည်း  မဟာလော့ရှန်းအဆင့်ဖြင့်  အင်မော်တယ် ရုပ်ခန္ဓာအဆင့် ရောက်ရှိလာသည့်သူမှာ မိုဝူကျိက  ပထမဆုံး ဖြစ်ပေလိမ့်မည်။

ယခု  သူက အင်မော်တယ် ဧကရာဇ် သုံးယောက်နှင့် ဧကရာဇ်တပိုင်းအဆင့်တို့၏ စွမ်းအားများကို ကြယ်တာရာ လှည့်ပတ်ဖြတ်သန်းခြင်း  ကျင့်စဉ်ဖြင့် အာကာသ အက်ကြောင်း ပေါ်လာစေဖို့ရာ လုပ်ဆောင်နိုင်ခဲ့သော်လည်း  ဒဏ်ရာ  အပြင်းအထန် ရခဲ့ဆဲ ဖြစ်သည်။ သို့သော်လည်း ထိုဒဏ်ရာများက သူ့အား အရိုးစုအဖြစ် ပျက်စီးကိန်းဆိုက်မသွားစေပေ။

“ သခင်လေး  နေလို့ ကောင်းလာပြီလား။ တာ့ဟွမ်ရော … ” ရွိုက်ကောက အပြေးအလွှား ရောက်လာကာ မေးလိုက်သည်။

မိုဝူကျိက ခဏတာ တိတ်ဆိတ်သွားပြီး ပစ္စည်း စိတ်ဝိညာဉ်ကို ထုတ်ကာ  “ တာ့ဟွမ်က ငါ့ကို ကာကွယ်ပေးဖို့ သူ့ကိုယ်သူ စတေးသွားတယ်။ ဒီပစ္စည်း စိတ်ဝိညာဉ်က သူ့ဆီက ကျန်နေခဲ့တာ …. ”

ရွိက်ကောက မိုဝူကျိ လေသံမှ ခံစားရခက်သည့် အခြေအနေကို ခံစားမိ၏။ သူက ဘာမှ ဆက်မပြောတော့ဘဲ ထောင့်တစ်နေရာ၌ သက်ပြင်းသာ ချလိုက်သည်။ တာ့ဟွမ်မှာ အားကောင်းသော်လည်း သူ့အသက်ကို ကာကွယ်ဖို့ရာအတွက် မလုံလောက်ပေ။ ဆိုလိုသည်မှာ ရွိုက်ကောလည်း  များစွာ လေ့ကျင့်ရဦးမည် ဖြစ်၏။

မိုဝူကျိက တာ့ဟွမ်၏ ပစ္စည်း စိတ်ဝိညာဉ်ကို ဟုန်မုန့်စွမ်းအင်နား ပို့လိုက်ပြီးနောက် ရွိုက်ကောအား ပြောလိုက်သည်

“ ရွိုက်ကော … ဟုန်မုန့်စွမ်းအင်မှာ စကြဝဠာကြီးကို  ဖန်တီးထားတဲ့ စွမ်းအင်တွေ ပါတယ်။ တာ့ဟွမ်ရဲ့ ပစ္စည်း စိတ်ဝိညာဉ်က ဒီနေရာမှာ ထားလိုက်ရင် သူ့ဘာသာ အသိစိတ်ရလာ မလားဆိုတာတော ငါ မသိဘူး။  အဲကြောင့် ထာဝရ ကမ္ဘထဲ  ကျင့်ကြံနေတုန်း  ရှင်သန်မှု အရိပ်အယောင်တွေ့လာရင် ငါ့ကို လာအကြောင်းကြားပေး …. ”

“ ဟုတ်ကဲ့ သခင်လေး ” ရွိုက်ကောက ချက်ချင်း ပြန်ဖြေလိုက်သည်။

…………....

မိုဝူကျိ အခန်းထဲမှ ထွက်လာသည်နှင့် မီးခိုရောင်ဝတ်စုံနှင့် မိန်းကလေးက သူ့ဆီ  ဇွတ်ပြေးလာ၏။

မိန်းမလှလေးတွင် နှင်းလိုဖြူဖွေးသော အသားအရည် ရှိ၏။ သူမက လက်ကြမ်းကြမ်းများမှ လွဲ၍ သူမက ကမ်းစပ်မှ ရွာသူပုံစံ မပေါက်ပေ။ သူမ ဆံပင်များမှာ ရှုပ်ထွေးနေပြီး အဝတ်အစားများမှာလည်း သွေးများနှင့် ပေစွန်းနေ၏။ သူမ မျက်နှာတွင် အနီရောင်အစက်များ ရှိနေပြီး သွေးများလည်း ပေကျံနေသည်။ သွေးချောင်းစီထားသော မြင်ကွင်းမျိုး ဖြစ်နေလေသည်။

မိုဝူကျိက မိန်းကလေးကို  ကြည့်ရှုပြီးနောက်  ထိုမိန်းကလေးမှာ ဒဏ်ရာမရဘဲ သွေးများမှာ တခြားသူ သွေးဖြစ်ကြောင်း သိလိုက်သည်။

“ ရှင်က ဘယ်သူလဲ ” မိန်းကလေးက အခန်းအလယ်တွင် မတ်တတ်ရပ်ရင်း မိုဝူကျိအား စိုက်ကြည့်ကာ မေးလေ၏။

မိုဝူကျိက နေရခက်သည့် အခြေအနေမျိုး၌ မဖြေရန်သာ ရွေးချယ်လိုက်သည်။ ပထမဦးစွာ သူက ထိုမိန်းကလေးကို မသိပေ။ ဒုတိယအချက်အနေနှင့် သူ့ကယ်တင်ရှင် ပြန်လာတော့မည်မှန်း  ခံစားမိလိုက်သည်။

“ မရီး ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ  ….” သွေးများ ပေစွန်းနေသည့် အမျိုးသမီး ပုံရိပ်မှာ ယူကျင့်ဖုန်း မျက်လုံးထဲ အထင်းသား ဝင်လာ၏။

ယူကျင့်ဖုန်းက ပင်လယ်ငါးနီကို ဖမ်းမိလာသောကြောင့်  ပျော်ရွင်သွားနေမိသည်။  ပင်လယ်ငါးနီမှာ အင်မော်တယ်များ စားသုံးကြသည့်  တန်ဖိုးကြီး အစားအစာဟု ယူဆ၍ ရပေသည်။ ထိုတစ်ကောင်တည်းကပင် လဝက်တာ သူ ဖမ်းထားသော တခြားငါးများထက် တန်ဖိုးကျော်လွန်သွားပြီ ဖြစ်၏။

ထို့ကြောင့် ယူကျင့်ဖုန်းက ပြန်ရောက်လာပေရာ    လာမတွေ့တာ နှစ်ချီနေပြီ ဖြစ်သည့်  မရီး ဖြစ်သူ ကို မမျှော်လင့်ဘဲ တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

“ကျင့်ဖုန်း …   အဘိုးရော ဘယ်မှာလဲ ။ ပြီးတော့ သူက ဘယ်သူလဲ  ” အမျိုးသမီးက စိတ်ထိခိုက်မှု ကြီးကြီးမားမား ကြုံတွေ့ထားရသည့်အလား  တုန်တုန်ယင်ယင် မေးလိုက်သည်။

“ မိတ်ဆွေလေး …  နိုးလာပြီလား …” ယူကျင့်ဖုန်းက  မိုဝူကျိကို မှတ်မိပေသည်။

လွန်ခဲ့သည့် လအနည်းငယ်ခန့်က မိုဝူကျိ၏ အခန်းမှာ အလုံပိတ်ထားသလို မြင်ကွင်းမှ ကွယ်ပျောက်နေလေ၏။ ယူကျင့်ဖုန်းအနေနှင့် ထူးဆန်းသည်ဟု ထင်မှတ်သော်လည်း  သိချင်စိတ်ကို ချိုးနှိမ်ကာ  သူ့အဘိုးဖြစ်သူ၏ အကြံကိုသာ လိုက်နာလိုက်ရသည်။  အသားကျပြီးနောက်  လအနည်းငယ်အကြာတွင် သူက မိုဝူကျိ၏ သွင်ပြင်ကို မြင်တွေ့လိုက်ရတော့သည်။

ယူကျင်းဖုန်းက မိုဝူကျိအား ခြေမှ ခေါင်းဆုံး ကြည့်လိုက်သည်။ မိုဝူကျိက သူ့ဒဏ်ရာများမှ အပြည့်အဝ ပြန်ကောင်းလာပြီ ဖြစ်ရာ ပြန်လည်ကောင်းလာမှု ဖြစ်စဉ်မှာ ပြီးပြည့်စုံလေ၏။

“ ငါ့အသက်ကို ကယ်ပေးတာ ကျေးဇူးပါ …. မင်း ကြောင့်သာ မဟုတ်ရင် ငါတော့ သေသွားလောက်ပြီ ” မိုဝူကျိက ကျေးဇူးတင်ဟန်ဖြင့် လေးလေးစားစား ပြောလိုက်သည်။

“ ရပါတယ် … မိတ်ဆွေလေး … ကျတော် အဘိုးက အမြဲတမ်း သင်ပေးထားတာ .. အာ မရီး ဘာဖြစ်တာလဲ  …. ”

သူက ပြောနေရင်း သွေးများ ပေစွန်းနေသည့် မရီးဖြစ်သူကို   ရုတ်ချည်း အမှတ်ရသွားက ချက်ချင်း မေးလိုက်သည်။

“ ငါ ..”  မိန်းကလေးက မိုဝူကျိအား တစ်ချက်ကြည့်ပြီးနောက် တုံ့ဆိုင်းနေလေ၏။ သူမက  သွေဖွယ်ခြင်းရွာသို့ မရောက်သည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း  ရွာထဲ၌ မသိသည့်သူ မရှိပေ။ သို့သော်လည်း မိုဝူကျိကို တစ်ခါမှ မမြင်ဖူးပေ။

“ မင်းတို့တွေ စကားပြောနှင့်ပါ … ငါ ဒီနား အညောင်းပြေ လျှောက်သွားလိုက်ဦးမယ် ” မိုဝူကျိက ထိုမိန်းကလေးမှာ သူ့ရှိနေလျှင် သက်တောင့်သက်သာ မပြောနိုင်ကြောင်း ခံစားမိ၍ ရှောင်ပေးလိုက်သည်။

ယူကျင့်ဖုန်းက လက်ဝှေ့ပြလိုက်သည်။ သူ့အဘိုးဖြစ်သူမှ မိုဝူကျိမှာ အင်မော်တယ် ဖြစ်ကြောင်း သိရှိထားပေရာ ဤသို့မျိုး မရီးနှင့် စကားပြောဖို့ရာ နေရာဖယ်ခိုင်းခြင်းမှာ မလေးမစားရာ ကျရောက်သွားမလားဟု တွေးမိသွားသည်။

“ ပြန်လည် ကောင်းလာတာ ဝမ်းသာပါတယ်။ ကျတော်တို့ အိမ်စုတ်လေးက ခင်ဗျားလို ဆရာတစ်ယောက်အတွက် သက်တောင့်သက်သာ မဖြစ်မှာကို စိုးရိမ်မိပါတယ်” ယူချန်းအသံမှာ တံခါးဝမှ ထွက်ပေါ်လာ၏။

All Chapters