← Chapters

နွားသိုးခွန်အားကျင့်စဉ်

Vol. 13 Ch. 171

နွားသိုးခွန်အားကျင့်စဉ်

Vol. 13 Ch. 171

“အကြီးအကဲစုလျန့်နဲ့ ဆေးခန်းဆောင်က စီနီယာတွေကို ကျေးဇူးတင်ကြောင်း ပြောပေးပါ”

ဟန်မူယဲ့က မိန်းကလေးကျင်းယွမ်အား ပြောသည်။

“အင်မော်တယ်အဆင့် ခရမ်းကျောက်စိမ်းဆေးလုံးကိုတော့ အများယုံကြည်အောင် တစ်လုံးအရင် ဖော်စပ်ပြီး ဆုကြေးထုတ်ပြန်ခဲ့တာပါ။ နောက်ပိုင်း ဂိုဏ်းနဲ့ အရောင်းအဝယ်ကိစ္စ ဆက်ပြီး စီစဉ်ပေးပါ့မယ်”

မိန်းကလေးကျင်းယွမ် ထွက်သွားပြီးလျှင် နောက်ထပ် အစိမ်းရောင်ဝတ် အကြီးအကဲတချို့ ဓားစံအိမ်သို့ ရောက်လာကြပြန်သည်။

ဟန်မူယဲ့သည် ခေါင်းဆောင်လာသူအား မြင်ဖူး၏။

“စီနီယာအစ်ကိုဟန်…”

အဖိုးအိုက ဟန်မူယဲ့အား လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

ပေါင်ရှု။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၊ ကာကွယ်ရေးခန်းဆောင်မှ စီမံခန့်ခွဲရေးမှူး။

အပြင်ပန်းတွင် ဟန်မူယဲ့သည် ဓားစံအိမ်၏သာမန်ဓားထိန်းတစ်ဦးသာ ဖြစ်သည်။

သို့သော်လည်း ဓားစံအိမ်အကြီးအကဲ မရှိသောအခါ သူသည် ဓားစံအိမ်ကို စီမံခန့်ခွဲကာ တာဝန်ယူရသူ ဖြစ်သည်။

ပုံမှန်အားဖြင့် သူသည် ဓားစံအိမ်၏ခေါင်းဆောင်ရာထူး၌ ရှိသည်။

ထို့ကြောင့် ပေါင်ရှုက သူ့အား စီနီယာအစ်ကိုဟန်ဟု ရည်ညွန်းပြောဆိုရ၏။

“စီမံခန့်ခွဲရေးမှူးပေါင်… ဘာကိစ္စများလဲ မသိဘူး”

ဟန်မူယဲ့က စိတ်ဝင်စားစွာ မေးသည်။

ပုံမှန်အားဖြင့် သူတို့သည် ကာကွယ်ရေးခန်းဆောင်နှင့် အဆက်အဆံသိပ်မရှိပေ။

ပုံမှန်အားဖြင့် တိုက်ခိုက်ရေးခန်းဆောင်သည်သာ ဓားစံအိမ်ထံသို့ ဓားများပို့ဆောင်လေ့ရှိသည့်အတွက် မကြာခဏ အဆက်အဆံရှိသည်။

“စီနီယာအစ်ကိုဟန်… ဟွမ်ကျန်းရှုံးဟာ ဓားစံအိမ်ရဲ့ဓားထိန်းတစ်ယောက် ဖြစ်တယ်။ သူ တောင်အောက်ကို ဆင်းရင် ကျုပ်တို့ ကာကွယ်ရေးခန်းဆောင်ကို အသိပေးရမှာပါ”

ပေါင်ရှုဘေးမှ သက်လတ်ပိုင်းအရွယ် အစိမ်းရောင်ဝတ်လူတစ်ဦးက ပြောသည်။

အသိပေးရမည်လား။

ဟန်မူယဲ့ နားမလည်ပေ။

သူက ထပ်မေးမည် ပြုလိုက်စဉ် ပေါင်ရှုက ပြောသည်။

“ဒါ မှန်တယ်။ ကျုပ်တို့က စီနီယာအစ်ကိုဟန်ရဲ့ ဆုကြေးကို မမက်မောပါဘူး။ ဒါပေမဲ့ အစ်ကိုဟွမ် တောင်အောက်ကို ဆင်းတဲ့အခါ ကျုပ်တို့ ကာကွယ်ရေးခန်းဆောင်က ဘယ်လိုလုပ် အစောင့်အရှောက် မထည့်ပေးလို့ ဖြစ်မလဲ”

ဟန်မူယဲ့က နားလည်သွားသည်။

သူက ခေါင်းညိတ်သည်။

“ကျုပ် သတိလွတ်သွားတယ်…”

ပေါင်ရှုက လက်ဝှေ့ယမ်းကာ ပြောသည်။

“စီနီယာအစ်ကိုဟန်က ပုံမှန်အားဖြင့် အလုပ်များတာပဲ။ ဒီလို အသေးအမွှားကိစ္စကို ကျုပ်တို့ ကာကွယ်ရေးခန်းဆောင်က တာဝန်ယူပေးနိုင်ပါတယ်”

“မနေ့ညကပဲ ကမ္ဘာမြေအဆင့် ငါးယောက်၊ အခြေခံအုတ်မြစ်အဆင့်နဲ့ ချီစုစည်းခြင်းအဆင့် အယောက် ငါးဆယ်ဟာ တောင်အောက်ကို ဆင်းသွားကြပြီးပါပြီ”

ထို့နောက် ပေါင်ရှုက အသာခြောင်းဟန့်ကာ ဟန်မူယဲ့အား အသံတိုးတိုးဖြင့် ပြောသည်။

“စကားမစပ် စီနီယာအစ်ကိုဟန်… ခင်ဗျားရဲ့ ဆုကြေးက အမှန်ပဲလား”

ဆုကြေး။

ခရမ်းကျောက်စိမ်းဆေးလုံး။

ကြည့်ရသည်မှာ အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံး ထိုသတင်းအား သိပြီး ဖြစ်ရပေမည်။

“မှန်တယ်… ပညာရှင်တွေကို စေလွှတ်ပြီးတော့ အစ်ကိုဟွမ်နဲ့ မိန်းကလေးလုကို ကာကွယ်ပါ။ ခင်ဗျားတို့က သူတို့အသက်ကို ကာကွယ်ပေးနိုင်ရင် သေချာပေါက် အင်မော်တယ်အဆင့်ဆေးလုံးကို ဆုကြေးရမယ်”

ဟန်မူယဲ့က ပေါင်ရှုနှင့် တခြားလူများအား ပြောသည်။

သည်လူများအားလုံးသည် ကမ္ဘာမြေအဆင့်များ ဖြစ်ကြသည်။

“စီနီယာအစ်ကိုတို့… ကျင့်ကြံခြင်းလမ်းစဉ်မှာ မိတ်ဆွေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရတာ ကံကောင်းခြင်းတစ်ရပ်ပဲ”

“အစ်ကိုဟွမ်ဟာ ကျုပ် ကျင့်ကြံခြင်းလမ်းစဉ်ကို ခြေချဖို့ အများကြီး ကူညီခဲ့တယ်။ ဓားစံအိမ်မှာ သူဟာ ကျုပ်အစ်ကိုအရင်းနဲ့ မခြားဘူးပဲ။ သူ့အတွက် အင်မော်တယ်အဆင့်ဆေးလုံးကို ဆုကြေးပေးတာ သိပ်မများဘူးမလား”

ဟန်မူယဲ့စကားကို ကြားလျှင် ပေါင်ရှုတို့မှာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်လာကြသည်။

သူတို့ ကျင့်ကြံရာ၌ ထိုသို့သော မိတ်ဆွေကောင်းအား မလိုချင်သူ မရှိပါ။

ကျင့်ကြံခြင်းသည် အထီးကျန်သော လမ်းစဉ် ဖြစ်သည်။

“မများပါဘူး…”

“အစ်ကိုဟွမ်ဟာ ကိုယ်ကျင့်တရားကောင်းမွန်သူပဲ။ ဒါကြောင့်ပဲ ခင်ဗျားလို ညီကိုတစ်ယောက်ကို သူ ပိုင်ဆိုင်ရတာ”

ကာကွယ်ရေးခန်းဆောင်မှ အကြီးအကဲတချို့က ပြောကြသည်။

“ကျုပ်တို့ အစ်ကိုဟန်ရဲ့ သဘောကို နားလည်ပါပြီ”

ပေါင်ရှုက လက်နှစ်ဖက်ဆုပ်ကာ ကျယ်လောင်စွာ ပြောသည်။

“ကျုပ်တို့ လူတွေ ထပ်စေလွှတ်ပြီးတော့ အစ်ကိုဟွမ်ကို ကာကွယ်ပါမယ်”

ဟန်မူယဲ့က ခေါင်းညိတ်ကာ လက်နှစ်ဖက်ဆုပ်သည်။

“ကျေးဇူးတင်ပါတယ်…”

ပေါင်ရှုတို့ ထွက်သွားလျှင် ဟန်မူယဲ့က နောက်လှည့်ကာ ပြောသည်။

“အစ်ကိုလု… တောင်အောက်က သတင်းတွေကို နားစွင့်ထားပါ။ အရေးကြီးကိစ္စရှိရင် ကျုပ်ကို အသိပေးပါ”

လုကော ခေါင်းညိတ်သည်။

သူသည် သတင်းများ စုဆောင်းရာ၌ တော်ပေသည်။

ဟွမ်လောင်လျှို တောင်အောက်သို့ ဆင်းသွားကတည်းက အစေခံခန်းမမှ လူများအား သတင်းများ စုဆောင်းရန် သူ ညွှန်ကြားထားပြီး ဖြစ်သည်။

…

ဟန်မူယဲ့ ဓားစံအိမ်တတိယထပ်သို့ တိုက်ရိုက်တက်လှမ်းလာခဲ့သည်။

ယခုတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပါက ကောင်းကင်ဘုံ၏အလိုအတိုင်းဟု သတ်မှတ်နိုင်ပေတော့မည်။

လက်ရှိတွင်တော့ သူ၏ကျင့်ကြံခြင်းသာ အရေးအကြီးဆုံး ဖြစ်သည်။

စပါးစိမ်းတောင်ကုန်းကို သွားရောက်ခြင်းမှ သူသည် သံမဏိနွားသိုးကျင့်စဉ်၏ နောက်ဆက်တွဲကျင့်စဉ်အား တွေ့ရှိစေခဲ့၏။

စားပွဲရှည်ရှေ့တွင် ထိုင်ရင်း သူ့ထံမှ အနက်ရောင်အငွေ့အသက်များ စတင် ဖြစ်ပေါ်လာသည်။

ဟန်မူယဲ့နောက်၌ နွားသိုးကိုးကောင် ပုံရိပ်များ ဖြစ်ပေါ်လာ၏။

သူ၏အာရုံ၌ သံမဏိနွားသိုးကျင့်စဉ်၏နောက်ဆက်တွဲ သဘောတရားများအား အဆက်မပြတ် လေ့လာဆင်ခြင်နေသည်။

“သံမဏိနွားသိုးဟာ ခွန်အားနဲ့ သန်မာမှုကို အခြေပြုတယ်။ သူက ပေါက်ကွဲနိုင်စွမ်းကို အရမ်းအားကိုးလွန်းတယ်”

ဟန်မူယဲ့က တီးတိုးရေရွက်ရင်း မျက်လုံးများ စူးရှလာသည်။

လက်ရှိတွင် သူသည် ထိုနည်းလမ်းနှစ်ခုမှ သူကိုယ်တိုင် ကြံဆထားသော သဘောတရားအား လက်တွေ့စမ်းသပ်ရမည့် အချိန်အခါ ဖြစ်သည်။

မိစ္ဆာနွားသိုးကျင့်စဉ်သည် သေချာပေါက် သားရိုင်းများ လေ့ကျင့်သော နည်းစနစ်ဖြစ်သည်။

သို့သော်လည်း သံမဏိနွားသိုးကျင့်စဉ်နှင့် တူသည်ကား နှစ်ခုလုံး နွားသိုးခွန်အားကို အခြေပြုခြင်းဖြစ်သည်။

ဘန်း…

နွားသိုးကိုးကောင်သည် တစ်ကောင်တည်း ဖြစ်လာကာ သွေးချီအလင်းသည် ဧရာမပုံရိပ်ကြီးအသွင်သို့ ပြောင်းလဲသွား၏။

၎င်းမှ ထွက်ပေါ်လာသော အလင်းသည် ကောင်းကင်ယံကို ထိုးတက်သွားကာ ဓားစံအိမ်အပြင်မှ ကာကွယ်ရေးဝင်္ကပါအား တုန်ခါစေသည်။

ခွန်အား…

ဟန်မူယဲ့ ပြုံးလိုက်သည်။

ရှေးဟောင်းနွားသိုး၏ သွေးမျိုးဆက်စွမ်းအားကို ခန္ဓာကိုယ်သို့ ဆင့်ခေါ်လှည့်ပတ်စေခြင်း။

သူသည် ၎င်း၏ ခွန်အားနှင့် သန်မာမှုကိုသာ ဦးစားပေး လေ့လာဆင်ခြင်သည်။

ခွန်အားသည် အရာရာကို အနိုင်ယူနိုင်သည်။

ဟန်မူယဲ့အတွက်ကား ခန္ဓာကိုယ်ကျင့်စဉ်သည် ဒုတိယဦးစားပေးသာ ဖြစ်သည်။ သို့သော်လည်း သူက ခန္ဓာကိုယ်ကျင့်ကြံခြင်းကို လိုက်စားမှတော့ အကောင်းဆုံးသော လမ်းစဉ်ကို ရှာဖွေရန် လိုသည်။

သည်ရှေးဟောင်းနွားသိုးသွေးမျိုးဆက်သည် မိစ္ဆာနွားသိုးကျင့်စဉ်ထက် အဆများစွာ အားကောင်း၏။

နွားသိုးပုံရိပ်တစ်ခုသည် ကက်တီ သုံးသောင်းခန့် ခွန်အားရှိသည်။

ထို့အပြင် နွားသိုး၏အကြော၊အရိုးနှင့် အရေပြား အရာအားလုံးမှာ အလွန်သန်မာ၏။

ထိုသွေးမျိုးဆက်အား ခန္ဓာကိုယ်ထဲ လှည့်ပတ်စေခြင်းသည် ဟန်မူယဲ့အား အလွန်သန်မာစေသည်။

နွားသိုးပုံရိပ် ကွယ်ပျောက်သွားပြီးနောက် ဟန်မူယဲ့ စိတ်ကြေနပ်စွာ ခြေလက်များကို ဆန့်လိုက်သည်။

အကယ်၍ သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းသည် ချီစုစည်းခြင်းအဆင့်သို့ ရောက်ပါက ၎င်း၏ခွန်အားသည် ကက်တီ သုံးသောင်းခန့် အထိ ရရှိနိုင်၏။ အကယ်၍ ချီစုစည်းခြင်း အဆင့်ကိုးသို့ ရောက်ပါက ထိုခွန်အားသည် ကိုးဆ အားကောင်းလာပေမည်။

ထိုနည်းဖြင့် သူသည် ဓားချီများကို ပို၍ ကောင်းမွန်စွာ လေ့ကျင့်နိုင်ပေလိမ့်မည်။

“အနာဂတ်မှာ ဒီကျင့်ကြံနည်းကို နွားသိုးခွန်အားကျင့်စဉ်လို့ သတ်မှတ်တာပေါ့”

ဟန်မူယဲ့က ရေရွက်သည်။

သူသည် ထိုနည်းစနစ်ဖြင့် ချီစုစည်းခြင်း နဝမအဆင့်သို့ ရောက်ပါက ကီတီ နှစ်သိန်းခုနစ်သောင်းသော ခွန်အားကို ပိုင်ဆိုင်ပေမည်။

ဝုန်း…

ထိုစဉ် ဟန်မူယဲ့၏ ခန္ဓာကိုယ်မှ ချီအားများ အဆက်မပြတ် လည်ပတ်လာကာ သူ၏ဒန်ထျန်မှ ဝဲဂယက်ငယ်တစ်ခု ဖြစ်ပေါ်လာသည်။

သူ ရက်ပေါင်းများစွာ ချိုးနှိမ်ထားသော စွမ်းအင်ကျင့်ကြံခြင်းသည် ရုတ်တရက် ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။

ဝဲဂယက်ငယ်အလယ်၌ ကျောက်စိမ်းရောင်ဓားဆေးလုံးငယ် တစ်လုံး ရှိနေသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းကာ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ငါးတုံးခန့် ထုတ်လိုက်သည်။

ဘန်း…

ဘန်း…

ဝိညာဉ်ကျောက်တုံးများ ပေါက်ကွဲထွက်လာကာ သဘာဝစွမ်းအင်များ ထိုနေရာ၌ ထုထည်ကြီးစွာ ဖြစ်ပေါ်လာ၏။

ထိုသဘာဝစွမ်းအားများ ပျက်ပြယ်သွားသောအခါ ဟန်မူယဲ့သည် ချီစုစည်းခြင်း အဌမအဆင့်သို့ တက်ရောက်သွားပြီး ဖြစ်သည်။

စွမ်းအားများကို ပြန်လည်ချုပ်တီးပြီးနောက် ဟန်မူယဲ့ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

ပထမထပ်တွင် ယန်မင်ရွှမ်သည် ဓားများကို သန့်ရှင်းရေးလုပ်နေသည်။

ကျန်းမင်ကား တစ်နေရာသို့ သွားနေဟန်ရသည်။

တံခါးတွင် လုကောက ဦးညွှတ်ကာ ပြောသည်။

“စီနီယာအစ်ကိုဟန်… အစ်ကိုဟွမ်ဟာ အေးစက်လွင်ပြင်တောင်ကြားသို့ ရောက်သွားပြီ”

အေးစိမ့်လွင်ပြင်တောင်ကြားသည် သန့်စင်ရေကျောင်းတော်နှင့် တောင်ဘက်၌ တည်ရှိ၏။ ထိုနယ်မြေကား ကြမ်းတမ်း၏။

“လက်ရှိသတင်းတွေအရတော့ အစ်ကိုဟွမ်ဟာ ကျင့်ကြံသူတွေကို ဦးဆောင်ပြီး အေးစိမ့်လွင်ပြင်တောင်ကြားမှာ သန့်စင်ရေကျောင်းတော်က လူတွေကို သွားပြီး တားဆီးနေတယ် ကြားတယ်”

ထို့နောက် လုကောက ထူးဆန်းသော အမူအရာဖြင့် ပြောသည်။

“ပြီးတော့ ကောင်းမိသားစုက ဝိညာဉ်အဆင့်လက်နက်တစ်ခုနဲ့ ဝိညာဉ်တစ်ဝက်လက်နက် သုံးခုကို ဆုကြေးထုတ်ပြန်ခဲ့တယ်”

“တာဝန်ဟာ မိန်းကလေးလုကို ကာကွယ်ဖို့ပါ”

All Chapters