ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့
Vol. 49 Ch. 669
မိုဝူကျိက ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့၏ ပထမထပ် ခန်းမဆီ ဝင်သွားလိုက်သည့်အခါ ခေတ်သစ် ရုံးအဆောက်အဦးထဲ ရောက်သွားသလို ခံစားလိုက်ရသည်။
ပထမထပ် ခန်းမမှာ နေရာ အတော်ကျယ်ဝန်းပြီး အတွင်းပိုင်းအထိ ကောင်တာ အတန်းလိုက် ရှိနေသည်။ ထိုကောင်တာများပေါ်တွင် ရောင်းချမည့် ပစ္စည်းများ ရှိမနေဘဲ ဆိုင်းဘုတ်များသာ ရှိနေသည်။ နမူနာအားဖြင့် ပင်လယ် လူသုံးကုန် လဲလျယ်ရေး ကောင်တာ၊ လူသုံးကုန် လဲလှယ်ရေး ကောင်တာ စသည်ဖြင့် ရှိကြသည်။
ကောင်တာ တစ်ခုစီတွင် အရောင်းဝန်ထမ်း တစ်ယောက်စီ ရှိ၏။ ကောင်တာနောက်တွင် တခြားအခန်းနှင့် ဆက်စပ်ထားသော တံခါး ရှိနေသည်။
ဤသို့မျိး အမျိုးအစား ခွဲခြားထားခြင်းက အချိန်တိုတိုနှင့် ပြီးစီးသောကြောင့် သက်ရောက်မှု အကြီးကြီ ဖြစ်စေလိမ့်မည်။
ခန်းမအတွင်း လူများစွာက သူတို့အလှည့်ကျရန် စောင့်နေကြသည်။ မိုဝူကျိက သူတို့စကားဝိုင်းကို နားထောင်ပြီးနောက် အများစုမှာ လက်ကားရောင်းကြောင်း သိလိုက်ရ၏။
ဒုတိယထပ်သို့ သွားရာလမ်း၌ ဆိုင်းဘုတ်ကြီးကြီး ချိတ်ဆွဲထားပြန်သည်။
“ဒုတိယထပ်ရှိ အင်မော်တယ် ကျောက် လဲလှယ်ရေးနှင့် ရတနာ လဲလှယ်ရေး”
“ ဒီက မိတ်ဆွေ ... အလဲအလှယ်လုပ်ဖို့ စိတ်ဝင်စားလို့လား ” မိုဝူကျိက ဒုတိယထပ် ဆိုင်းဘုတ်နား အကြာကြီး ရပ်နေသည်ကို မြင်ပြီး အရောင်းဝန်ထမ်း တစ်ဦးက ချည်းကပ်လာသည်။
မိုဝူကျိက ပြောလိုက်သည် “ မင်းတို့ စီမံခန့်ခွဲရေးမှူး ရှိလား …. ကျုပ်က အင်မော်တယ်ကျောက် အလဲအလှယ်အကြောင်း မေးချင်လို့ ”
အင်မော်တယ်ကျောက် အလဲအလှယ်လား …..
အရောင်းဝန်ထမ်းက မိုဝူကျိ စကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး
“ မိတ်ဆွေလေး …. အရာအားလုံးက အင်မော်တယ်ကျောက်နဲ့ လဲလို့ ရတာ မဟုတ်ဘူး။ အရင်ဆုံး ပစ္စည်းကို ပြကြည့်ပါ့လား။ တကယ်လို့ တကယ် တန်တယ်ဆိုရင်တော့ ဒုတိယထပ်ဆီ ခေါ်သွားပေးပါ့မယ် ”
မိုဝူကျိ မျက်နှာမှာ အုံ့မှိုင်းသွားပြီး
“ မင်းက ဘာမလို့လဲ။ ငါ့ ရတနာကို ကြည့်ချင်တယ်ပေါ့လေ။ မင်းတို့ရဲ့ အကြီးအကဲကိုသာ ခေါ်လိုက် … တကယ်လို့ သူ မလာရင် တခြားသူနဲ့ အလဲအလှယ် လုပ်လိုက်မှ ငါ့ကို အပြစ်လာမတင်နဲ့ ”
မိုဝူကျိက ပြောလိုက်ရင်း စိတ်စွမ်းအားကို ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့ တစ်ခုလုံးထဲ ဖြန့်ကျက်ထားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့ထဲ၌ စိတ်စွမ်းအား ကန့်သတ်ထားသော အတားအဆီးများနှင့် ပြည့်နေသည်။ စိတ်စွမ်းအားက ဒုတိယထပ်ထဲ ကျူးကျော်၍ မရသလို မြေအောက်သို့လည်း ထိုးဖောက်၍လည်း မရပေ။
“ မင်းရဲ့ ရတနာက ဘာလဲ ” တိုးညင်းသော အသံ တစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ရွှေရောင်ဝတ်ရုံနှင့် လူလတ်အရွယ် အမျိုးသားက လျှောက်လှမ်းလာသည်။
ထိုသူမှာ ကောင်းကင်အင်မော်တယ်နောက်ပိုင်းအဆင့် ဖြစ်၏။ မိုဝူကျိက လူလတ်အရွယ် အမျိုးသား၏ ကျင့်ကြံဆင့်ကို သိဖို့ရာ စိတ်စွမ်းအားပင် သုံးဖို့ မလိုလိုက်ပေ၊
“ ခင်ဗျားက ဘယ်သူလဲ ” မိုဝူကျိက မေးလိုက်သည်။
အရောင်းဝန်ထမ်းက မြန်မြန် ပြောလိုက်သည် “ ဒါက ကျုပ်တို့ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့က တာဝန်ခံဝူပါ ….. ဒုတိယထပ် အင်မော်တယ်ကျောက်နဲ့ အလဲအလှယ် တာဝန်ကို တာဝန်ခံဝူက ကြီးကျပ်နေတာပါ ….”
မိုဝူကျိက အဆင့် ၄ အင်မော်တယ် ဆေးပင်ဖြစ်သည့် စိမ်းစိုမြင့်သစ်သားကို ထုတ်ကာ ပြောလိုက်သည်
“ ဒါက ကျုပ်ရလာတဲ့ အင်မော်တယ်ဆေးပင်ပါ။ ဘယ်အဆင့်မှန်း သေချာမသိပေမဲ့ ကျုပ် လက်ထဲ ရောက်လာတော့ သက်တောင့်သက်တာ ခံစားချက်ကို ရလိုက်တယ်။ မရိုးရှင်းဘူးဆိုတာတော့ သိသာတယ် .. ”
မိုဝူကျိ၏ ဆေးပင်ကို မြင်ကာ တာဝန်ခံဝူ၏ မျက်လုံးများက လင်းလက်လာသည်။ ချက်ချင်းဆိုသလို သူက ခေါင်းညိတ်လိုက်ပြီး
“ ဟုတ်တာပေါ့ ဒါက အဆင့် ၂ အင်မော်တယ်ဆေးပင် စိမ်းစိုမြက်ပင်ပဲ …. အင်မော်တယ်ကျောက်နဲ့ လဲလို့ ရတာပေါ့။ နောက်က လိုက်ခဲ့ပါ ”
မိုဝူကျိက စိတ်ထဲမှ သရော်လိုက်သည်။ ဤလူက အမှန်ပင် အရှက်မရှိချေ။ အဆင့် ၄ အင်မော်တယ် ဆေးပင်ကို အဆင့် ၂ အဖြစ် လျော့ချလိုက်လေ၏။ ထို့အပြင် စိမ်းစိုမြင့် သစ်သားမှာ အတော်လေး ကောင်းသည့် အဆင့် ၄ အင်မော်တယ်ဆေးပင် ဖြစ်၏။ ဤဆေးပင်ကို ဝါးဆွေးဆေးလုံးအတွက် အသုံးပြုကြလေ့ ရှိသည်။ ဝါးဆွေးဆေးလုံးမှာ အလှအပဆေးလုံး ဖြစ်ပြီး အသုံးပြုပြီးနောက် ရုပ်သွင်မှာ မပြောင်းမလဲ ရှိနေနိုင်ခြင်း ဖြစ်ပေသည်။
အင်မော်တယ်များအတွက်ပင် အဖိုးတန်လှသည်။ အဆင့် ၂ စိမ်းစိုမြက်ပင်ကိုတော့ မိုဝူကျိက အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်လာသော်လည်း တစ်ခါမှ မကြားဖူးသေးပေ။
“ ဒီဆေးပင်ကို မရောင်းဘူး … ကျုပ်က လူနှစ်ယောက်နဲ့ လဲချင်တာ ” မိုဝူကျိက စိမ်းစိုမြင့် သစ်သားကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ ထိုသို့ လုပ်လိုက်စဉ် သူက ကြောက်ရွံ့နေဟန်ဖြင့် လက်မှာ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေသည်။
တာဝန်ခံဝူက မိုဝူကျိ၏ အပြုအမူကို မြင်သောအခါ မျက်မှောင်ကျုတ်လိုက်ပြီး စိတ်မရှည်စွာ မေးလိုက်၏ “ ဘယ်သူနဲ့ လဲချင်တာလဲ ”
“ ကျုပ် အဘိုး ယူချန်းနဲ့ မရီး လျန်ယင်ရှန်း …” မိုဝူကျိနောက်တွင် ရှိနေသည့် ယူကျင့်ဖုန်းက အမြန် ဝင်ပြောလိုက်သည်။
တာဝန်ခံဝူ မျက်နှာမှာ မှုန်ကုပ်သွား၏။ သူ့လေသံမှာ ချက်ချင်းဆိုသလို အေးစက်လာပြီး
“ အဲဒီ နှစ်ယောက်က ပြစ်မှု ကျူးလွန်ထားတာဆိုတော့ သူတို့နှစ်ယောက်ကို ဒီအဖွဲ့ကနေ ယာယီ ထွက်သွားခွင့် မပေးနိုင်သေးဘူး ”
“ အဲဆို အင်မော်တယ် ဆရာကြီးအနေနဲ ကျုပ်တို့ကို တွေ့ခွင့်များ ပေးလို့ ရမလား ” မိုဝူကျိက စိုးရိမ်နေဟန်ဖြင့် မေးလိုက်သည်။
တာဝန်ခံဝူက ရုတ်ချည်း ပြုံးလိုက်ကာ
“ ရတာပေါ့ … ကျုပ်တို့ ပင်လယ်ကမ်းစပ် ကုန်သွယ်ရေး အဖွဲ့က အကျိုးအကြောင်းသင့် နေရာ တစ်ခုပါ။ ပြီးတော့ ယူချန်းနဲ့ လျန်ယင်ရှန်းကိုလည်း အကြာကြီး ဖမ်းမထားပါဘူး။ ကျုပ်တို့တွေ စစ်ဆေးပြီးတာနဲ့ လွှတ်ပေးမှာပါ ”
“ အဲဆိုရင်တော့ လမ်းပြဖို့ အင်မော်တယ်ဆရာကြီးကိုပဲ ဒုက္ခ ပေးရတော့မှာပဲဗျာ ” မိုဝူကျိက အထိတ်တလန့်ဖြင့် ပြုံးပြလိုက်သည်။
“ ကောင်းပြီလေ ငါ့နောက်ကို လိုက်ခဲ့ ” တာဝန်ခံဝူက ဘာကိုမှ ဆက်မပြောဘဲ လျှောက်လှမ်းသွားလိုက်သည်။
မိုဝူကျိက တာဝန်ခံဝူ၏ စိတ်ကို သေချာသိနေသည်။ သူက ယူချန်းနှင့် လျန်ယင်ရှန်းဆီ ခေါ်ဆောင်သွားပြီး သူတို့ဆီ မရောက်ခင် သူ့စိမ်းစိုမြင့် သစ်သားကို ယူရန် ကြံရွယ်ထားလေ၏။ သို့သော်လည်း သူက မသိနားလည်ဟန် ဆောင်ရင်း ယူကျင့်ဖုန်းကို ခေါ်ကာ တာဝန်ခံဝူနောက်မှ လိုက်သွားလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် တာဝန်ခံဝူက အဆောက်အဦးမှ အတွင်းဆုံးပိုင်းကို ခေါ်ဆောင်သွားလေ၏။ ထို့နောက် တံခါးကို ဖွင့်လိုက်သည်။
သူတို့ အခန်းထဲ ဝင်သွားသည့်အခါ မိုဝူကျိက အတားအဆီးတစ်ခုကို မြင်လိုက်ရသည်။ တာဝန်ခံဝူက ကျောက်စိမ်းပြားကို ထုတ်၍ အတားအဆီးပေါ် ထိလိုက်သည်။
အခန်းအလယ်၌ အုံ့မှိုင်းမှိုင်း လှေကားတစ်ခု ပေါ်လာ၏။ တာဝန်ခံဝူက မိုဝူကျိနှင့် ယူကျင့်ဖုန်းအား ပြောလိုက်သည် “ သူတို့တွေ အောက်မှာ ရှိတယ်။ ကျုပ်နောက်က လိုက်ခဲ့ … ”
သူတို့တွေ အောက်ထပ် ဆင်းသွားကြသည့်အခါ ပတ်ဝန်းကျင် လေထုက အစိုဓာတ် တိုးလာသည်။ သူတို့တွေ အတော်လျှောက်လှမ်းလာပြီးနောက် မြေအောက်အကျဉ်းထောင်ဆီ ရောက်ရှိသွားကြသည်။
ဤနေရာ၌ စိတ်စွမ်းအင် ကန့်သတ်ထားသည့် အစီအရင်များ မရှိသောကြောင့် တစ်ချက်ကြည့်ရုံဖြင့် သံမဏိ အကျဉ်းထောင် ဆယ်ခုကျော်ကို တွေ့လိုက်ရသည်။ အားလုံးနီးပါးက အကျဉ်းထောင်မှန်း သိသာလှသည်။
အော်ဂလီဆန်စရာ ကောင်းသည့် အနံ့အသက်များနှင့် ပြည့်နှက်နေ၏။ မိုဝူကျိက အကျဉ်းထောင်တချို့၌ ပုပ်သွေးဆွေးမြည့်နေသည့် အလောင်းများ ရှိနေကြောင်း မြင်လိုက်ရသည်။
မိုဝူကျိ၏ အကြည့်တို့က ယူချန်းနှင့် လျန်ယင်ရှန်းတို့ ဖမ်းထားသည့် နေရာဆီ ရောက်ရှိသွားသည်။ လျန်ယင်ရှန်းက သူမ အကျဉ်းထောင် အခန်း ထောင့်၌ ရှိနေပြီး အကျဉ်းထောင်မှူးက သူမ ရှေ့တွင် ရှိကာ တစ်ခုခုလုပ်ရန် အတင်းစေခိုင်းနေဟန် ပေါ်၏။ အကျဉ်းထောင်မှူးက ထိုကိစ္စ၌ စိတ်နှစ်ထားသောကြောင့် သူတို့ ရောက်လာသည့်တိုင် လုံးဝ သတိမပြုမိပေ။
လျန်ယင်ရှန်း၏ ဆက်တိုက် ငြင်းဆန်မှုအပြီးတွင် ထိုသူက လက်ကို မြှောက်ကာ လျန်ယင်ရှန်း၏ အပေါ်ပိုင်း အဝတ်အား စုတ်ဖြဲပစ်လိုက်သည်။
လျန်ယင်ရှန်းက အကြောက်တရားကြောင့် တုန်တုန်ယင်ယင် ဖြစ်နေပြီး ထောင့်သို့သာ အတင်းကပ်နေလေ၏။ ထိုစဉ် တာဝန်ခံဝူက အသံပြုလိုက်သည်။ အကျဉ်းထောင်မှူးက အခြေအနေကို သိသွားဟန်ဖြင့် မြန်မြန် ထွက်လာကာ တာဝန်ခံဝူအား ဦးညွှတ်ကာ “ တာဝန်ခံ ဆရာ ဝူ … ”
“ အခန်းရှင်းထားလိုက် … အကျဉ်းသားရဲ့ မိသားစု လာတွေ့တယ် ” တာဝန်ခံဝူက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ဟုတ်ကဲ့ ” အကျဉ်းထောင်မှူးက တုံ့ပြန်လိုက်ပြီးနောက် မိုဝူကျိနှင့် ယူကျင့်ဖုန်းကို ဝေ့ကြည့်ကာ မကျေမနပ် ကြည့်လိုက်၏။
ရုတ်တရက်ဆိုသလို နှစ်ယောက်သား အကျဉ်းခန်းထဲ တွန်းပို့ခံလိုက်ရ၏။ ယူကျင့်ဖုန်းက တာဝန်ခံဝူကို အထိတ်တလန့် ကြည့်လိုက်ပြီးနောက် မိုဝူကျိအား မယုံကြည်နိုင်စွာ မေးလိုက်သည် “ အစ်ကိုကြီးတာ့ဟွမ် … ကျ .. ကျတော်တို့ ဒီမှာ ပိတ်မိသွားတာလား ”
သူတို့အထဲ ရောက်သွားသည့်အခါ ယူကျင့်ဖုန်းက အကျဉ်းထောင်အတွင်းမှ အခြေအနေများကို မြင်တွေ့ပြီးသား ဖြစ်၏။ အကယ်၍ သူတို့သာ ပိတ်လှောင်ခံရပါက သေခြင်းမှအပ ထွက်လမ်း မရှိကြောင်း သိပေသည်။
မိုဝူကျိပင် ပြောစရာ ရှာမတွေ့ ဖြစ်သွားမိသည်။ သူက တာဝန်ခံဝူသည် စိမ်းစိုမြင့် သစ်သားကို လိုချင်နေမှန်း တွေးမိသော်လည်း ဤလူက ဤမျှအကြံပက်စက်လိမ့်မည်ဟု မထင်ထားမိပေ။ အင်မော်တယ်များ အမြင်၌ သေမျိုးများကို ပုရွက်ဆိတ်လောက်ပင် မမြင်မိကြပေ။
“ ကျင့်ဖုန်း …. မင်း ဘာလို့ ဒီရောက်နေတာလဲ ” ယူချန်းက ယူကျင့်ဖုန်းကို မြင်သောအခါ စိတ်ထဲ၌ စိုးရိမ်မှု ကြီးစိုးလာသည်။ မိုဝူကျိက အင်မော်တယ်တစ်ယောက် ဖြစ်သော်လည်း ပင်လယ်ကမ်းစပ် ကုန်သွယ်ရေးအဖွဲ့၌ အင်မော်တယ်ဆရာများ ပြည့်နှက်နေသည် မဟုတ်ပါလော။
မိုဝူကျိလည်း တုန်လှုပ်တကြီး မေးလိုက်သည် “ အင်မော်တယ်ဆရာကြီး ကျုပ်တို့ပါ ဒီမှာ အဖမ်းခံရမှာလား ”
မိုဝူကျိက ပြောနေရင်း စိတ်ထဲ၌ အမှန်တကယ် စိတ်ရှုပ်ထွေးနေမိသည်။ လျန်ယင်ရှန်းမှာ မဟာလော့ရှန်း နောက်ပိုင်းအဆင့် ဖြစ်လေရာ သူမအနေနှင့် တမင်တကာ အဖမ်းခံလိုက်လျှင်ပင် ဤမျှအထိ အနိုင်ကျင့်ခံရမည် မဟုတ်ပေ။
လူလတ်အရွယ် အမျိုးသား ပြန်မဖြေခင် တုန်ခါမှုလှိုင်းများကို ခံစားလိုက်ရသည်။ ထို့နောက် ပိန်ပါးပါး အမျိုးသား တစ်ယောက်က ခပ်ဝဝ အမျိုးသားတစ်ယောက်ကို တရွတ်တိုက် ဆွဲခေါ်လာလေ၏။
“ အဖွဲ့ခေါင်းဆောင် …” တာဝန်ခံဝူက ပိန်ပါးပါးအမျိုးသား တစ်ယောက်နောက်မှ ပါလာသော လူကို ကြည့်ကာ အထိတ်တလန့် အော်ခေါ်လိုက်သည်။
မိုဝူကျိလည်း တွေးနေမိသည်။ ထိုခပ်ဝဝ အမျိုးသားမှာ အဖွဲ့ခေါင်းဆောင် ဖြစ်ပေမည်။ ထိုလူ၏ ကျင့်ကြံဆင့်က တာဝန်ခံဝူထက် မြင့်ကာ ကျင်းရှန်း အလယ်အလတ်အဆင့် ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း ဆွဲခေါ်လာသော ပိန်ပါးပါး အမျိုးသားက ပိုမို အားကြီးရာ မဟာယီရှန်း အစောပိုင်းအဆင့် ရောက်ရှိနေလေပြီ။
မဟာယီရှန်းအဆင့်က သေမျိုးမြို့ သေးသေးလေး၌ အမှန်တကယ် ပေါ်လာလေ၏။
တာဝန်ခံဝူက ပိန်ပါးပါးအမျိုးသားမှာ အင်မတန် အားကောင်းကြောင်း အလွယ်တကူ ပြောနိုင်၏။ အဖွဲ့ခေါင်းဆောင်ပင် အဖမ်းခံထားရသည်။ ထိုအမျိုးသားအတွက် သူ့ကို သတ်ဖို့ရာ ဌက်ပျောသီး စားတာထက်ပင် လွယ်ကူနေပေလိမ့်မည်။
သူက မသိမသာ နောက်ဆုတ်လိုက်တော့သည်။ သိုသော် တတိယမြောက် ခြေလှမ်း၌ ပိန်ပါးပါး မဟာယီရှန်းအဆင့် ကျင့်ကြံသူက ဓားအလင်းတစ်ချက် လွှင့်လိုက်သည်။ တာဝန်ခံဝူမှာ နှစ်ပိုင်း ပြတ်သွားပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ပင် ထွက်ပြေးဖို့ရာ အခွင့်အရေး မရလိုက်ပေ။
“ ဘယ်သူက အလင်းရွာကလဲ ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက တာဝန်ခံဝူကို သတ်ပြီးနောက် ဘာကိစ္စမှ မဖြစ်ခဲ့သည့်အလား အေးအေးဆေးဆေး မေးလိုက်သည်။
မိုဝူကျိက ယူကျင့်ဖုန်းဆီ စိတ်ဖြင့် ဆက်သွယ်ကာ အမှန်အတိုင်း ပြောဖို့ ညွှန်ကြားလိုက်သည်။ ထို့ကြောင့် ယူကျင့်ဖုန်းက မြန်မြန် ပြောလိုက်သည် “ အင်မော်တယ်ဆရာကြီးခင်ဗျ … ကျတော်ရဲ့ မရီးက အလင်းရွာကပါ ”
လျန်ယင်ရှန်းက အသိစိတ်ပြန်ဝင်လာကာ မြန်မြန် ပြောလိုက်သည် “ ကျမက အလင်းရွာကပါ … အာ … ”
လျန်ယင်ရှန်း “ အာ ” ဟု ပြောသည်ကို ကြားပြီးနောက် မဟာယီရှန်းအဆင့် ကျင့်ကြံသူက မေးလိုက်သည် “ မင်း ဒီလူကို သိလား ”
သူက ပြောနေရင်း လျန်ယင်ရှန်းရှေ့ ခပ်ဝဝ အမျိုးသားကို ခေါ်လာလိုက်သည်။
လျန်ယင်ရှန်းက ခေါင်းညိတ်ကာ “ ဟုတ် … သူက အလင်းရွာကို လာပြီးတော့ သိုရှန်းနဲ့ သိုချိုက်ကို သတ်သွားတဲ့ သူပါ ”
“ ဘာဖြစ်ခဲ့တာလဲဆိုတာ အသေးစိတ် ပြန်ပြော ” ပိန်ပါးပါး မဟာယီရှန်းအဆင့် ကျင့်ကြံသူ၏ မျက်ဝန်း၌ အလင်းတစ်ချက် ပေါ်သွားကာ လေသံမှာ သတ်ဖြတ်ငွေ့များ ရောနှောလာသည်။
လျန်ယင်ရှန်းက ဘာကိုမှ လျို့ဝှက်မထားရဲပေ။ သူမက သတိကြီးကြီးထားကာ
“ သူက အလင်းရွာကို နောက်တစ်ယောက်နဲ့အတူတူ ရောက်လာတယ်။ သူတို့က သိုရှန်းဆီကနေ ကျောက်စိမ်းသေတ္တာကို အတင်းတောင်းခဲ့တယ်။ သိုရှန်း ကျောက်စိမ်းသေတ္တာ ထုတ်ပေးလိုက်တာနဲ့ သူက သိုရှန်းနဲ့ သိုချိုက်ကို သတ်သွားခဲ့တာ ပြီးတော့ နောက်တစ်ယောက်က သူ့ကို သစ္စာဖောက်သွားတော့ အချင်းချင်း ပြန်တိုက်ကုန်ကြတယ် ”
“ အဖွဲ့ခေါင်းဆောင်ရုန်ရှု … မင်းကို သူခိုးက လူပြန်ဟစ်မဲ့ လူစားမျိုးလို့ ထင်မထားဘူး။ မင်းက ပစ္စည်းကို ယူထားပြီးတော့ မျက်မြင်သက်သေကိုတောင် ဖမ်းထားရဲတယ်ပေါ့လေ… ပြီးတော့ ဘာမှ မဖြစ်ခဲ့ ဟန်ဆောင်နေတယ်ပေါ့။ ငါ မင်းကို သုံးလ ပေးမယ်။ ပစ္စည်း ဘယ်မှာလဲ ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက အေးစက်စွာ ပြောပြီး ခပ်ဝဝ အမျိုးသားအား မြေပြင်ပေါ် ပစ်ချလိုက်သည်။
အရိုးကျိုးသံများပင် ကြားနေရလေ၏။ အဖွဲ့ခေါင်းဆောင် ရုန်ရှုက မြန်မြန် အော်ကာ
“ စီနီယာ ကျေးဇူးပြုပြီး သက်ညှာပေးပါ … ကျတော်က အဲဒီပစ္စည်းကို ကျတော်အတွက် သိမ်းထားမိတာပါ။ စီနီယာအတွင် ထုတ်ပေးပါ့မယ် ”
“ လျှောက်ပြောနေဖို့ မလိုဘူး။ မင်းသာ မထုတ်ရင် မင်းကို တန်းသတ်ပစ်မှာ။ မင်း ထုတ်ရင်တော့ မင်းအသက်ကို ချမ်းသာပေးမယ် ဒါပေမဲ့ မင်းရဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်မယ် ” မဟာယီရှန်းအဆင့် ကျင့်ကြံသူက စကားအဆုံးတွင် ဓားအလင်းတန်း ပေါ်လာပြီး ရုန်ရှု၏ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်သည်။
“ ထုတ်ပေးပါ့မယ် ထုတ်ပေးပါ့မယ်ဗျာ ” ရုန်ရှက သူသာ နှောင့်နှေးနေပါက တစ်ဖက်လူမှာ သူ့ကို သတ်သွားမည် ဖြစ်ကြောင်း နားလည်၏။
သူက ပြောရင်း ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်သည်။ မိုဝူကျိက ကျောက်စိမ်းသေတ္တာထဲ ဘာရှိနေသည်ကို မမြင်ရသော်လည်း စိတ်ထဲ၌ သက်ပြင်းသာ ချမိလိုက်သည်။ ဤလူများက နည်းလမ်းကိုယ်စီ ရှိနေကြသည် မဟုတ်ပါလော။
ဤရုန်ရှုက သူ့တွဲဖက်၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။ သူ့တွဲဖက် သေဆုံးသွားပြီးနောက် သူက သူခိုးဖမ်းရန် ဒုန်ဆိုင်းနေပြန်သည်။ သူက ကျောက်စိမ်းသေတ္တာ သတင်း ပြန့်သွားကြောင်း သိလိုက်ကြောင်း သိသာလှသည်။ မိုဝူကျိအနေဖြင့် ဤလူက တမင်သပ်သပ် ရည်ရွယ်၍ သစ္စာဖောက်ခံလိုက်ရသလားဟုပင် တွေးမိသွားသည်။
မဟာယီရှန်းအဆင့် ကျင့်ကြံသူက ပို၍ အံ့ဩဖို့ ကောင်း၏။ သူက ရုန်ရှုအထိ အားလုံးကို နောက်ကြောင်း ပြန်လိုက်နိုင်လေသည်။
ပိန်ပါးပါး မဟာယီရှန်းအဆင့် ကျင့်ကြံသူ ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်နှင့် သိပ်သည်းလှသော ရေသဘာဝ စွမ်းအားများကို မိုဝူကျိက အာရံခံမိလိုက်သည်။ မိုဝူကျိ မျက်လုံးများပင် လင်းလက်လာလေ၏။ သူက သေမျိုး လူသားမြို့အသေးလေး၌ ရေသဘာဝ အမြုတေကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။