← Chapters

ရှုပ်ထွေးလှသော ဆက်ဆံရေးများ

Vol. 49 Ch. 673

ရှုပ်ထွေးလှသော ဆက်ဆံရေးများ

Vol. 49 Ch. 673

ဆရာ ….” မိုဝူကျိက ယူကျင့်ဖုန်းမှာ သူ့တပည့် ဖြစ်ကြောင်း မပြောနိုင်လိုက်ခင် လျန်ယင်ရှန်းက ရုတ်တရက်ကြီး ရှေ့တိုးလာကာ သူ့အား ဖက်လိုက်၏။ သူမ မျက်နှာတွင် မျက်ရည်စီးကြောင်း ရှိနေဆဲ ဖြစ်သည်။

နူးနူးညံညံ ခံစားချက်က သူ့အား နှောင့်ယှက်နေလေ၏။ မိုဝူကျိက လျန်ယင်ရှန်း၏ စိတ်ခံစားချက်ကို နားလည်ပေရာ သူ့တွင် မသန့်ရှင်းသော အတွေးတစ်ချက်ပင် မရှိပေ။ လျန်ယင်ရှန်းက ပြတ်သားကာ  တိတ်ဆိတ်နေတတ်သူ ဖြစ်သော်လည်း  တကယ်တမ်းတွင် သူမက မိသားစု အချစ် လိုအပ်နေခြင်း ဖြစ်၏။ သူမ မိဘများက ငယ်ရွယ်စဉ်ကတည်းမှ သေဆုံးသွားလေရာ သူမအနေဖြင့်  ရင့်ကျက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ယူချန်းက သူမကို အသက်ရှင်ဖို့ရာ ထောက်ပံ့ပေးထားသော်လည်း  လိုအပ်နေသည့် မိသားစု အချစ်ကိုတော့ မဖြည့်ဆည်းပေးနိုင်လိုက်ချေ။

မိုဝူကျိ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေ၏။ လျန်ယင်ရှန်းမှာ စိတ်ခံစားချက်များ ရောပြွန်းနေပေသည်။ သူမက ဖူးဖူးမှုတ်ခံကာ အလိုလိုက်ခံထားရသည့် ခံစားချက်ကို မသိသလို အားပေးထောက်ခံပေးသည့် ခံစားချက်မျိုးကိုလည်း မသိခဲ့ချေ။ သူမ ခံစားနေရသည့်အခါ ရင့်ကျက်ဖို့ရာသာ ကြိုးစားခဲ့ရ၏။ တခြားသူများအမြင်၌ သူမမှာ အမှီအခိုကင်းကာ အလုပ်ကြိုးစားသော အမျိုးသမီးတစ်ဦး ဖြစ်နေသည်။

သူမ မိဘများနှင့် ဆက်ဆံရေးအပြင် အဘိုးယူချန်းက သူမအတွက် များစွာ ထောက်ပံ့ပေးခဲ့သည်မှာ ယူကျင့်ရှန်းနှင့် လက်ထပ်ပေးလို၍ ဖြစ်သည်။ ထိုအရာက သူမအား အလိုက်သင့် လက်ခံပေးရသော အခြေအနေသို့ တွန်းပို့သလို ဖြစ်သွားသည်။  မိုဝူကျိက သူမကို တပည့်အဖြစ် လက်ခံမည့်အကြောင်း ပြောစဉ် သိုဝှက်ထားသော   ရည်ရွယ်ချက် မရှိဘဲ  လေးနက်မှုကိုသာ  ခံစားမိလိုက်ရသည်။

သူမ အဖမ်းခံရပြီး  အနိုင်ကျင့်ခံရစဉ် သူမကိုယ်သူမ  သေးနုပ်လာသည်စု ခံစားမိလိုက်၏။ သူမက ထောက်ပံ့မှုတချို့ကို အလိုရှိလာသည်။ မိုဝူကျိက ထိုစကားများ ပြောလိုက်သောအခါ မိုဝူကျိက လိမ်ညာနေခြင်း မဟုတ်ကြောင်း ခံစားမိ၍  သူမ ကြိုးစားအောင့်အီး သည်းခံထားရသော ဝန်ထုပ်ကို လွှတ်ချလိုက်ရုံမှ လွဲ၍ မတတ်နိုင်တော့ပေ။

“ ဘုန်း  ” အခန်း၏ အတားအဆီးက ဖျက်စီးခံလိုက်ရသည်။ အနည်းငယ် ရုပ်ဆိုးဆိုး လူငယ်တစ်ယောက်က တံခါးရှေ့ ရပ်နေလေ၏။ ရုပ်ဆိုးဆိုး လူငယ်လေးဘေးတွင် အရည်ရှည်ရှည်နှင့် အမျိုးသား တစ်ယောက် ရှိနေသည်။ အရပ်ရှည်ရှည် အမျိုးသား၏ လက်မောင်းက နံဘေး ပြန်ကျသွားသည်ကို မြင်လိုက်ရ၍  အတားအဆီးကို ချိုးဖောက်သူမှန်း သူမှန်း သိသာလှသည်။

အတားအဆီးကို ထိတွေ့လိုက်သည်နှင့် မိုဝူကျိက  တံခါးနှင့် မျက်နှာချင်းဆိုင်  လှည့်လိုက်သည်။ သူ မြင်လိုက်ရသည့် ပထမဆုံးအရာမှာ ထိုလူနှစ်ယောက် ဖြစ်၏။ သူက အရိုးရှင်းဆုံး အတားအဆီး ချထားပြီး စိတ်စွမ်းအားကို ဖြန့်ကျက်မထားသည်မှာ  သွေဖယ်ခြင်းရွာ၌   ထိုသို့ လုပ်ဆောင်ရန်  အားကောင်းသည့်သူ  ရှိလိမ့်မည်ဟု မတွေးမိ၍ ဖြစ်သည်။

တံခါးဝတွင် ရပ်နေသူ နှစ်ယောက်မှာ ကျင့်ကြံသူများ ဖြစ်ကြသည်။ ရုပ်ဆိုးဆိုး လူငယ်လေး၏ ကျင့်ကြံဆင့်မှာ အလွန်နိမ့်နေပြီး ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်သာ ရှိသေး၏။ တစ်ဖက်တွင် အရပ်ရှည်ရှည် အမျိုးသားမှာ ကျင်းရှန်းအစောပိုင်းအဆင့် ဖြစ်ပေသည်။ မိုဝူကျိ အမြင်၌မူ ထိုသူသည်လည်း ပါးမွှားလေးသာ ဖြစ်၏။

“ ယူကျင့်ရှန်းလား  ” လျန်ယင်ရှန်းက မိုဝူကျိအား  ဖက်ထားမှုကို  ကြောက်လန့်တကြား လွှတ်လိုက်သည်။ သူမက ရုပ်ဆိုးဆိုး လူငယ်လေးအား  တအံ့တဩ စိုက်ကြည့်လိုက်မိပြီးနောက် မိုဝူကျိနောက် ဝင်ကွယ်မိလိုက်သည်။

မိုဝူကျိက နားလည်သွားလေ၏။ ကြည့်ရသည်မှာ ယူကျင့်ဖုန်း၏ အစ်ကိုဖြစ်သူမှာ မသေဆုံးသေးဘဲ ဂိုဏ်းတစ်ဂိုဏ်းဆီ ဝင်ရောက်ကာ  ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်အထိ ကျင့်ကြံလာနိုင်ခြင်း ဖြစ်ရမည်။

ဆယ်နှစ်အတွင်း ယူကျင့်ရှန်းက ရိုးရိုးငါးဖမ်းသမား ဘဝမှ  ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့် ရောက်ရှိသွားသည်။ အင်မော်တယ်လောက ဖြစ်သောကြောင့် သူက အင်မော်တယ် ဝိညာဉ်စွမ်းအားများနှင့် ကျင့်ကြံသည်ဟု ဆိုသော်လည်း  ယူကျင့်ရှန်း၏ ဝိညာဉ်ကြောနှင့် ပင်ကိုယ်အခြေအနေမှာ မြင့်ကြောင်း သိသာပေသည်။

“လျန်ယင်ရှန်း  မိန်းမပျက် …  ငါကတော့ နင့်ကို  ဂိုဏ်းဆီ ခေါ်ဖို့ ပြန်လာခဲ့တယ်  …. သွားသေလိုက်တော့  ” ယူကျင့်ရှန်းက ဒေါသတကြီး အော်ဟစ်ကာ လှုပ်ရှားဖို့ ပြင်လိုက်သည်။

“ ရပ်လိုက်စမ်း ” ယူချန်းက အပြေးအလွှား ရောက်လာကာ ယူကျင့်ရှန်းရှေ့ ဝင်ရပ်လိုက်၏။

“ ဘိုးဘိုး က အပြင်လူဘက်ကနေ ကူပြောနေတာလား။ ကျတော် မိန်းမက နောက်လူနဲ့ ဖောက်ပြန်နေတာကို အဘိုးက သူ့ဘက်ကနေ ဝင်ကူပေးနေတာလား ” ယူကျင့်ရှန်း၏ နဖူးမှ သွေးကြောများပင် ထောင်လာသည်။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ယူကျင့်ဖုန်းက သူ့ကို ကယ်ထားသည့် အချက်ကြောင့်သာ မဟုတ်လျှင် လျန်ယင်ရှန်းနှင့်အတူတူ ထွက်သွားမိလောက်၏။

ယူကျင့်ရှန်းက မည်မျှပင် ပါရမီကောင်းစေကာမူ  လျန်ယင်ရှန်းနှင့် မယှဉ်နိုင်ပေ။ ထို့အပြင်  လျန်ယင်ရှန်းမှာ အဆင့်မြင့်ကျင့်ကြံသူ တစ်ယောက် ပြန်လည်ဝင်စားခြင်း ဖြစ်နေနိုင်လေ၏။ သူမ မှတ်ဉာဏ်များမှာ  သူမအတွင်း ပိတ်လှောင်ထားခြင်း ဖြစ်လိမ့်မည်။ အကယ်၍ ယူကျင့်ရှန်းက သူမ ရိုးသားမှုကို ဖျက်စီးမိခဲ့လျှင် မထင်ထားသည့်အရာ တစ်ခုခု ဖြစ်ပျက်သွားနိုင်သည်။

မိုဝူကျိက ခေါင်းအနည်းငယ် ကိုက်လာမိသည်။ သူက ယူကျင့်ဖုန်းကို တပည့်အဖြစ် လက်ခံရန် ပြင်ဆင်ထားသော်လည်း ယူကျင့်ဖုန်းက သူ့တပည့် ဖြစ်လာသည်နှင့်  မိုဝူကျိ၏ တိုက်ရိုက်တပည့် ဖြစ်သွားလိမ့်မည်။ ယနေ့ အထင်အမြင်လွဲမှားခြင်းက  ယူကျင့်ဖုန်းအနေဖြင့် သူ့အပေါ်တွင် အမုန်းတရားတချို့ ဖြစ်သွားစေနိုင်သည်။ ယူချန်းနှင့် ယူကျင့်ဖုန်းတို့ကို ထောက်ထား၍ သူက ယူကျင့်ရှန်းကို သေချာပေါက် မသတ်သင့်ပေ။

ယူကျင့်ရှန်းကို မသတ်လိုက်ခြင်းက  ယူကျင့်ဖုန်းကို တပည့်အဖြစ် လက်ခံဆဲ ဖြစ်ကြောင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ ရန်သူတစ်ယောက်၏ ညီကို တပည့် အဖြစ် လက်ခံလိုက်ခြင်းက သူ့ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်နေပေ၏။ သူက ထိုညီအစ်ကိုမှာ တစ်ယောက်နှင့် တစ်ယောက် မပတ်သတ်ဘဲ နေလိမ့်မည်ဟု မထင်ပေ။ အကယ်၍ သူက ဤအချက်ကို ထည့်မစဉ်းစားမိလျှင်  နောင်၌ ကိုယ့်ပြဿနာကို ရှာသလို ဖြစ်နေလိမ့်မည်။

ဘေးမှ ကျင်းရှန်းအဆင့် ကျင့်ကြံသူက ဝင်ပြောလိုက်၏

“ ဘာလို့ ပြောနေဦးမှာလဲ … ဂျုနီယာညီလေး သူတို့ကို သတ်ပစ်လိုက်စမ်းပါ။ သူမလိုမျိုး  မိန်းမပျက်တွေက ပေါသောနေတာပါကွာ  မင်းအနေနဲ့ အလေးအနက် ထားနေဖို့ မလိုဘူး။ အဲဒီလူကို သတ်ပြီးတော့  မိန်းကလေးနဲ့ အချိန်ကောင်းလေးတွေ ရှိလိုက်ပေါ့ ….

ပြီးတော့မှ သတ်ပစ်လိုက်၊  အဲဆို ဘာမှ စိုးရိမ်နေဖို့ မလိုတော့ဘူး။ တကယ်လို့ ပြဿနာ ရှိလာရင်လည်း  မင်းအတွက် ငါ ရှိပါတယ်ကွာ ”

ယူကျင့်ရှန်းက  သူ့တွဲဖက် ပြောစကားများကို နားလည်၏။ မိုဝူကျိက ကျင့်ကြံသူ ဖြစ်နေလျှင်ပင်  သူ ရှိနေကြောင်း ပြောနေခြင်း ဖြစ်၏။

ကျင်းရှန်းအဆင့် ကျင့်ကြံသူက ဖြစ်တည်ခြင်းမဲ့ နတ်ဘုရားအဆင့်အား အကြံပေးနေခြင်း ဖြစ်၏။ ယူကျင့်ရှန်းက  သူ့ဂိုဏ်းအတွင်း အသိအမှတ်ပြုခံထားရသည့် အနေအထား ရောက်နေကြောင်း သိသာလှသည်။

“ အစ်ကိုကြီး မရီးကို သတ်ပစ်လို့ မဖြစ်ဘူးလေ။ ရွာထဲက လူတွေက အစ်ကိုကြီး သေသွားပြီဆိုပြီး ပြောနေကြတာ။ အဲဒါကြောင့် အဘိုးနဲ့ ကျတော်က  မရီးကို လက်ထပ်ဖို့ အစ်ကိုကြီးတာ့ဟွမ်ကို ခွင့်ပြုပေးဖို့ ဆုံးဖြတ်လိုက်ကြတာ ….” ယူကျင့်ဖုန်းက ထိုစကားများ ပြောသောအခါ စိုးရိမ်မိနေသည်။ သူက အဘိုးယူချန်းနှင့်အတူ ဝင်ကာ ယူကျင့်ရှန်းရှေ့မှ ပိတ်ရပ်လိုက်သည်။

သူ့အစ်ကိုက ပျံသန်း၍ ရောက်ရှိလာခြင်း ဖြစ်၏။ ကောင်းကင်မှ ဆင်းသက်လာသည့်အခါ သူ့စိတ်ထဲ အတော်လေး တုန်လှုပ်မိသွားသည်။ ယခင်က မိုဝူကျိက သူ့နှင့်အတူတူ ရွေ့ပြောင်းစွမ်းရည် သုံးဖူးသော်လည်း  ရွေ့ပြောင်းစွမ်းရည်မှာ ပျံသန်းခြင်းထက် ခက်ခဲကြောင်း မသိပေ။ ပျံသန်းခြင်းက ပို၍ အထင်ကြီးစရာကောင်းပြီး အင်အားကို ပြသနိုင်ကြောင်း ယုံကြည်လေသည်။

သူ့မျက်လုံးထဲ၌ သူသာ ကျင့်ကြံနိုင်သရွေ့ ရွေ့ပြောင်းစွမ်းရည်မှာ ဦးဆုံးအရည်အချင်း ဖြစ်လာလိမ့်မည်ဟု ထင်မှတ်နေမိသည်။

“ ကောင်စုတ် ဘေးဖယ်နေစမ်း …. အဘိုးကြောင့်သာ မဟုတ်ရင် မင်းကို တစ်ချက်တည်းနဲ့ ခြေမွပစ်လိုက်ပြီးပြီ ” ယူကျင့်ရှန်းက ဒေါသတကြီး အော်ပြောလိုက်သည်။

“ မင်း ပါးစပ်ကို ပိတ်စမ်း ” ယူချန်းက ယူကျင့်ရှန်းကို ဖြူဖတ်ဖြူရော်ဖြင့်  လက်ညိုးငေါက်ငေါက် ထိုးကာ “ မင်း မျက်လုံးထဲ မင်း မိဘတွေနဲ့ ငါ့ကို ထည့်သေးရဲ့လား။ ဒီလိုစကားမျိုးတွေ လာပြောနေရဲတယ်ပေါ့  ”

“ ဘိုးဘိုး …  ကျုပ် မှားလို့လား  … သူက ခွေးမသားပဲလေ ” ယူကျင့်ရှန်းက အေးစက်စွာ သရော်လိုက်သည်။ သူက မလှုပ်ရှားခြင်းမှာ ယူချန်းကို ထောက်ထားနေ၍ ဖြစ်သည်။

ယူချန်းက  “ ကျင့်ရှန်း … မင်း ကျင့်ကြံသူ ဖြစ်လာတယ်ဆိုတာကို သိတယ်။ အဲဒါကိုလည်း လေးစားမိတယ်။ အင်မော်တယ်ဆရာတစ်ယောက်က ယူမိသားစုကနေ ထွက်ပေါ်လာပြီလေ။ ဒါပေမဲ့  ကျင့်ဖုန်းရဲ့ စကားတွေက မမှားဘူး … သူ့ကို အော်မနေသင့်ဘူး ”

“ ဘိုးဘိုး ” ယူကျင့်ဖုန်းက ယူချန်းအား နားမလည်စွာ စိုက်ကြည့်လိုက်သည်။ သူ့အစ်ကိုဖြစ်သူက သူ့အား ခွေးမ သား ဟု ခေါ်ဆိုသည့် အကြောင်းအရင်းကို နားမလည်ချေ။

ယူချန်းက  သက်ပြင်းချကာ

“ အမှန်တရားကို ရှင်းပြရတဲ့ နေ့ ရောက်မလာစေပါနဲ့လို့ မျှော်လင့်နေမိတာ ။ ဒါပေမဲ့  ကိစ္စ‌တွေက ဒီလောက်အထိ ဖြစ်လာမှတော့  သေချာရှင်းပြရမယ်။ ကျင့်ရှန်း …    မင်း ယင်ရှန်းကို အပြစ်မတင်ဖို့ မျှော်လင့်တယ်။ ဒီကိစ္စက သူမ ဘာမှ မမှားဘူး  … ”

ယူကျင့်ရှန်း အင်မော်တယ် တစ်ယောက် ဖြစ်လာသည်မှာ သိပ်မကြာမြင့်သေးပေ။ ထို့ကြောင့် သေမျိုးများကို ပုရွက်ဆိတ်အဖြစ် သတ်မှတ်လေ့ ရှိသည့် အလေ့အကျင့် မရှိသေးပေ။ သူက ယူချန်း စကားများကို ကြားသောအခါ တည်ငြိမ်သွားလေ၏။

“ အရင်တုန်းက မင်းအဖေ အသက်ကို  ယင်ရှန်း မိဘတွေက ကယ်ပေးခဲ့တာ  … မင်း အမေကို မကယ်ခဲ့နိုင်ပေမဲ့ ယင်ရှန်းရဲ့ အမေက  အဲကိစ္စကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့တယ်။ အဲဒါကြောင့်ပဲ  ယင်ရှန်း မွေးလာကတည်းက  အိပ်ယာထဲ လဲသွားရတာ  …. အခု ယင်ရှန်းအပေါ် မင်း  လက်ပါရင် မင်း ကျေးဇူးကန်းတဲ့သူ  ဖြစ်သွားလိမ့်မယ်။ ယောက်ျားဆိုတာ  ပြတ်သားပြီးတော့  ကိုယ့်ကျင့်တရား ကောင်းရတယ်လို့  ….

ငါ  မင်းကို ခဏတိုင်း သင်မပေးခဲ့ဘူးလား။ မဟုတ်ရင်  အောင်မြင်နေတာ ဘာအဓိပ္ပါယ် ရှိမှာလဲ။ ပြီးတော့  ယင်ရှန်းရဲ့ ကိစ္စကို  ငါလည်း သဘောတူထားတာ …. ”

ယူချန်း စကားများကို ကြားပြီး မိုဝူကျိက တိတ်တဆိတ် ခေါင်းညိတ်မိလိုက်သည်။ ယူချန်းမှာ ကိုယ်ကျင့်တရားကို တန်ဖိုးထားသူ ဖြစ်လေရာ ယူကျင့်ဖုန်းက ယူချန်းဆီမှ ထိုအရာများ အမွေရထားခြင်း ဖြစ်၏။ ယူကျင့်ရှန်းသည် သူ့တွဲဖက်၏ သွေးထိုးစကားများကို  ခံနိုင်ရည် ရှိနေသည့် အကြောင်းအရင်းမှာလည်း  ယူချန်း၏ ယခင်သင်ပြမှုများကြောင့် ဖြစ်လိမ့်မည်။

“ ဘိုးဘိုး  ကျတော် အမေက  …. ” ယူကျင့်ဖုန်းက ထိုဇာတ်ကြောင်း၌ ပုံမှန်မဟုတ်မှုကို ချက်ချင်း သတိပြုမိလိုက်သည်။

အကယ်၍ ယူကျင့်ရှန်း၏ အမေက သေသွားခဲ့သည် ဆိုလျှင် သူက  ဘယ်နေရာက ရောက်လာတာလဲ

ယူချန်းက ယူကျင့်ဖုန်း ခေါင်းကို ပုတ်ကာ  သက်ပြင်းချလိုက်ရင်း

“ ကျင့်ဖုန်း …. ဖြစ်နိုင်မယ်ဆိုရင် အဘိုးက မင်းနဲ့အတူတူ ဒီသွေဖယ်ခြင်းရွာမှာ အေးအေးချမ်းချမ်း  ဆက်နေချင်သေးတယ်။  ဒါပေမဲ့  လတ်တလော ကိစ္စတွေက  ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်မလာဘူးလေ။ မင်း ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတာနဲ့  ရလာမှာ မဟုတ်ဘူး။ တစ်ခါတစ်ရံကျ အခြေအနေကို ကြည့်ရတယ်လေ ….

ဟူး  … အခုတော့ မင်းကို ပြောပြရတော့မယ်။ ကျင့်ရှန်း အမေဆုံးသွားတော့ ကျင့်ရှန်းရဲ့ အဖေက တက်ကြွမှုမရှိ၊ အသက်မဲ့သလိုမျိုး ဖြစ်သွားတာ။ နောက်ပိုင်းကျ မင်းအမေက  သွေဖယ်ခြင်းရွာကို ရောက်လာတယ်။ အဲဒီမှာ မင်းကိုယ်ဝန်ကြီးနဲ့ပေါ့ …  အဲဒီမှာ ကျင့်ရှန်းရဲ့ အဖေက သူမကို ကယ်ပေးလိုက်တာ။   မင်းကို မွေးဖွားပြီးတော့  သူတို့နှစ်ယောက် အတူတူ နေသွားကြတယ် ”

ယူချန်းက စကားအဆုံးတွင် ယူကျင့်ရှန်းဘက် လှည့်ကာ

“ ကျင့်ရှန်း  မင်းက ငါ့ရဲ့ တစ်ဦးတည်းသော မြေးအရင်းပဲ။ ငါ ပင်လယ်ထဲ ဆက်မထွက်နိုင်တော့ဘူးဆိုတာ  မင်းလည်း သိမှာပါ။ ဒီနှစ်တွေမှာ  မင်းထွက်သွားပြီးတော့ ကျင့်ဖုန်း တစ်ယောက်တည်း ငါတို့ကို ရှာကျွေးလာတာ … ကျင့်ဖုန်းက  အသက် ၁၁ နှစ်နဲ့ ပင်လယ်ထဲ ထွက်ခဲ့ရတယ်။ တကယ်လို့ ယင်ရှန်းနဲ့ ကျင့်ဖုန်းကြောင့် မဟုတ်ရင် ငါတော့ အရိုးစု ဖြစ်နေလောက်ပြီ …

ပြီးတော့ ယင်ရှန်းနဲ့ မင်းက  သာမာန်ရိုးကျ လက်ထပ်မှုကိုတောင် ဖြတ်ကျော်ခဲ့တာ မဟုတ်ဘူးလေ။ မင်း အကြောင်းကြားတော့ ယင်ရှန်းကို သူမ မှီခိုလို့ ရမဲ့ သူ ရှာတွေ့စေချင်ခဲ့တယ်။ ကျင့်ရှန်း  မင်းလည်း အင်မော်တယ်တစ်ယောက် ဖြစ်နေပြီ။ မင်း အနာဂတ်က တောက်ပနေပါတယ်ကွယ်။

အမျိုးသမီး တစ်ဦးမှာ ဒုတိယယောက်ျား ထားဖို့ ခွင့်မပြုထားဘူး။ သူမကို တာ့ဟွမ်နဲ့ လက်ထပ်ဖို့ သဘောတူထားမှတော့ မင်းနဲ့ ဆက်ဆံရေးကို ပြတ်စဲပစ်ဖို့လည်း ဆုံးဖြတ်ချက် ချပေးရလိမ့်မယ် …. ”

ယူကျင့်ရှန်းက ကျင့်ဝတ်ရှိသော မြေးတစ်ဦး ဖြစ်ပေသည်။ သူ့အဘိုးစကားများကို ကြားသောအခါ ခေါင်းကို ငုံ့ထားလိုက်သည်။ တကယ်တမ်း ကျင့်ကြံခြင်း၌ စိတ်နှလုံးသားမှာ အရေးကြီးဆုံး ဖြစ်၏။  ကျန် အရာအားလုံးမှာ  သာမည ဖြစ်ပေသည်။ ဤတစ်ကြိမ် သူက အဘိုးနှင့် ယင်ရှန်းကို ပြန်ခေါ်ရန် ရောက်လာခြင်း ဖြစ်၏။ ယူကျင့်ဖုန်းကိုတော့ အစကတည်းက ခေါ်သွားဖို့ရာ ဆန္ဒမရှိပေ။

သူက လျန်ယင်ရှန်းကို ခေါ်သွားလိုသည့် အကြောင်းအရင်းမှာ သူ့ဂိုဏ်း၌ လျန်ယင်ရှန်းထက် ပိုလှသော မိန်းကလေး မတွေ့၍ ဖြစ်၏။ လျန်ယင်ရှန်းတွင် ဝိညာဉ်ကြော မရှိလျှင်ပင် သူမကို ကျေနပ်နေပြီ ဖြစ်၏။ ထို့အပြင် နောင်၌ သူ့အနေနှင့် တာအိုလက်တွဲဖော် နောက်တစ်ယောက် ရှာနိုင်သေး၏။

ယူကျင့်ဖုန်းက ထိုအကြောင်းကို ကြားသောအခါ တုန်လှုပ်မိနေဆဲ ဖြစ်သည်။ သူက ယူမိသားစုမှ မဟုတ်ကြောင်း တစ်ခါမှ မတွေးမိခဲ့ပေ။ ယခု သူက သူ့အဖေကိုပင် မသိတော့ပေ။

မိုဝူကျိလည်း ပြောစရာ ရှာမတွေ့ ဖြစ်သွားရသည်။ သာမာန် မိသားစုကား အမှန်တကယ် ရှုပ်ထွေးလွန်းနေပေသည်။

သို့သော် ကိစ္စများက ပိုအဆင်ပြေသွားလေ၏။ မဟုတ်လျှင် သူ့အနေနှင့် ယူကျင့်ဖုန်းကို တပည့်အဖြစ် လက်ခံဖို့ရာ ပြန်လည် စဉ်းစားနေရလိမ့်မည်။ သူက ယူကျင့်ဖုန်းကို တပည့်အဖြစ် လက်ခံလိုသည့် အချက်မှာ ယူကျင့်ဖုန်း၏ ပါရမီကြောင့် မဟုတ်ဘဲ သူ့အကျင့်စရိုက်ကြောင့် ဖြစ်၏။

ထို့အပြင် သူ လိုအပ်နေသည့် တပည့်မှာ သေမျိုး ဖြစ်နေ၏။ ပါရမီကောင်းသော အင်မော်တယ်များကို ရှာဖို့ရာ ခက်ခဲမည် ဖြစ်သော်လည်း သေမျိုးများက  နေရာတိုင်း  ရှိ၏။ သူက ယူကျင့်ဖုန်းကို တပည့်အဖြစ် လက်မခံလျှင်ပင် ယူကျင့်ဖုန်း၏ ကျေးဇူးကြွေးကို ပြန်ဆပ်ရန် တခြားနည်းလမ်းများ ရှိလေ၏။

“ ဘိုးဘိုး စကားတွေက အမှန်ပဲလား ” အချိန်အတော်ကြာပြီးနောက် ယူကျင့်ဖုန်းက တည်ငြိမ်သွားကာ မေးလိုက်သည်။

ယူချန်းက ခေါင်းညိတ်ပြကာ “ ကျင့်ဖုန်း တောင်းပန်ပါတယ်ကွယ် …. အဘိုးပြောတဲ့ အရာအားလုံးက အမှန်တွေပါ။ အဘိုးက မင်းရဲ့ အဘိုးအရင်း မဟုတ်ပါဘူးကွယ် ”

“ မဟုတ်ဘူး  … ဘိုးဘိုးက ကျတော်အတွက် အမြဲတမ်း အဘိုးပဲ ” ယူကျင့်ဖုန်းက ချက်ချင်း ပြောလိုက်သည်။ သူ့စိတ်ထဲ၌ ယူချန်းမှာ သူ့အဘိုးသာ ဖြစ်၏။ အကယ်၍ ယူချန်းကြောင့်သာ မဟုတ်လျှင် ယနေ့အထိ အသက်ရှင်နေနိုင်မည် မဟုတ်ချေ။

ယူကျင့်ရှန်းက မျက်မှောင်ကျုတ်လိုက်သည်။ သူက မိုဝူကျိကို အမှန်တကယ် သတ်ပစ်ချင်နေသည်။ ယူကျင့်ဖုန်းကိုတော့ သတ်သတ်၊ မသတ်သတ် ကိစ္စ မရှိပေ။ လျန်ယင်ရှန်းကိုတော့  သေချာပေါက် ခေါ်သွားရမည်။

All Chapters