← Chapters

အပိုင်း(၄၅၈)

Vol. 31 Ch. 458

အပိုင်း(၄၅၈)

Vol. 31 Ch. 458

ယွဲ့ဝူရှန့်ထွက်ခွာသွားပြီးနောက်၌

ရှစ်ဖုန့်၏ ဒေါသတို့ ဖြည်းဖြည်းချင်း  လျော့ကျလာသည်။ဤအမျိုးသမီးအား ရှာဖွေရန်အတွက် သေခြင်းတားမြစ်နယ်မြေအတွင်း

သို့ဝင်ရောက်ခဲ့ပြီးနောက်   သူမ၌ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့သည်ကို သူတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။  သူမက အဆိပ်ကိုကျင့်ကြံခဲ့ပြီး  သူမ၏ဆံပင်က အဖြူရောင်အဖြစ်ပြောင်းသွားခဲ့သည်။  သူမနှင့်ပထမဆုံးတွေ့ချိန်၌ သူမ၏ အသိစိတ်အားဆုံးရှုံးနေ၏။  ထို့နောက်   သူ၏ ဝိညာဉ်နှင့်သူမ၏ဝိညာဉ်တို့ပစ်ဆောင့်မိချိန်တွင်  သူမ၏အသိတို့အားပြန်လည်ရရှိခဲ့သည်။

သို့သော် သူမ၏ အသိတို့ပြန်လည်ရရှိခဲ့ပြီးသည့်နောက်၌   သူမပြောရမရနိုင်သော အခက်အခဲအချို့သူမ၌ရှိနေပုံပေါ်သည်။  သူမကိုယ်သူမ အတင်းဖုံးကွယ်ထားလိုပြီး မည်သူ့ကိုမှ  ၎င်းအား ထုတ်ပြလိုစိတ်မရှိခဲ့ပေ။

“ဟူး”

ရှစ်ဖုန့်က သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ   သူ၏ရှေ့၌လွင့်မျောနေသော အရောင်ဆယ်မျိုးပွင့်ချပ်အားကြည့်လိုက်သည်။ ဤပွင့်ချပ်မှာ ထျန်းရှဲ့အဓိပဓိ  သူ့အားပြောခဲ့သော နတ်ဘုရားဆေးပင်ထံမှ ကြွေကျခဲ့ခြင်းဖြစ်လိမ့်မည်ဖြစ်သည်။

ယွဲ့ဝူရှန့်နှင့် နတ်ဘုရားဆေးပင်အားရှာဖွေရန်အတွက် သေခြင်းတားမြစ်နယ်မြေအတွင်းဝင်

ရောက်ခဲ့ပြီးနောက်   သူက ဤပွင့်ချပ်အား

သူမကိုယ်တိုင် သိမ်းထားရမည့်အစား  သူအား ပစ်ပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ယွဲ့ဝူရှန့်က  ဤပွင့်ချပ်အား သူ၏တပည့်ဖြစ်သူ ချင်ယူဖန်းကို ပေးပေးရန်အတွက်သူ့ကိုတောင်းဆိုခဲ့သည်။သို့သော် ၎င်းက သူတပည့်ဖြစ်သူ၏ တပည့် ဖြစ်သောကြောင့် ရှစ်ဖုန့်အနေဖြင့် ၎င်းအား ပြင်ပလူအဖြစ်ဆက်ဆံခြင်းပြုမည်မဟုတ်ပေ။ သို့သော် ဟုန်ယွဲ့မှာ   သူ့ကြောင်းပြင်းထန်သော ဒဏ်ရာကိုရရှိထားပြီး သူမ၏အသက်က အန္တရာယ်ကျရောက်နေသည်ဖြစ်သည်။ ထို့ကြောင့်  ဤပွင့်ချပ်အား  သူမအတွင် သူအရေးပေါ်အသုံးပြုရလိမ့်မည်ဖြစ်၏။

ထို့နောက် သူက သူ၏သိုလှောင်လပ်စွပ်အတွင်းမှ ကျောက်စိမ်းသေတ္တာအားထုတ်ယူလိုက်ပြီး   အရောင်ဆယ်မျိုး ပွင့်ချပ်အား ၎င်းအတွင်း ဂရုတစိုက်ထည့်သွင်းလိုက်သည်။  ထို့နော်က ကျောက်စိမ်းသေတ္တာအား သူ၏သိုလှောင်လက်စွပ်အတွင်းပြန်လည်ထည့်ထားလိုက်သည်။

“ဟူး”

လျှပ်စီးအကျဉ်းထောင် အစီအရင်အား သူချိုးဖျက်နိုင်ခြင်းမရှိသည်ကို သိလိုက်ပြီးနောက် ရှစ်ဖုန့်တစ်ယောက် ရိုးရှင်းစွာပင်တင်ပျဉ်ခွေထိုင်ချလိုက်ပြီး  လျှပ်စီးအကျဉ်းထောင်၏စွမ်းအင်တို့ ပျောက်ကွယ်သွားရန်စောင့်နေလိုက်သည်။

လျှပ်စီးအကျဉ်းထောင်၏  စွမ်းအင်တို့က ပျောက်ကွယ်လာနေသည်ကို ရှစ်ဖုန့် အာရုံခံမိသည်ဖြစ်သည်။  ယင်းမှာသူ့ကြောင့်မဟုတ်ပေ ။၎င်း၏စွမ်းအားကသာဖြည်းဖြည်း

ချင်းပျောက်ကွယ်လာခြင်းဖြစ်သည်။

အကယ်၍သူထွက်သွားချင်သည်ဆို

လျှင်သူ့အနေဖြင့် ဤကဲ့သို့ စောင့်ဆိုင်းရန်သာတက်နိုင်ပြီး  ပျောက်ကွယ်သွားသည့်အခိုက်အ

တန့်ကိုသာစောင့်နေရမည်ဖြစ်သည်။

သို့သော် ရှစ်ဖုန့် အေးအေးဆေးဆေးမနေနိုင်ပေ။  ရှည်လျားသော အမွှေးနက်များက သူ၏လက်အဖျားမှလက်ကောက်ဝတ်ထိုမှတစ်ဆင့်  ယခု သူ၏လက်မောင်းတို့အထိပျံ့နှံ့လာပြီဖြစ်သည်။

“ချီးပဲ..ဒါကဘယ်လိုဖြစ်ရတာလဲ”

အပေါ်သို့ ပျံ့နှံ့လာနေသော ရှည်လျားသည့် အမွှေးနက်များအားကြည့်၍  ရှစ်ဖုန့် အေးဆေးစွာနေနိုင်ခြင်းမရှိပေ။  ဤအမွှေးနက်များမှာ ကျိန်စာကဲ့သို့ဖြစ်ပြီး   ၎င်းအား ဖယ်ရှားပစ်ရန်နည်းလမ်းမရှိပေ။

“ဟေး..ငါ့ရဲ့ ချစ်ဖို့ကောင်းတဲ့ ဂျူနီယာညီလေး .. မင်းဘာလို့ဒီမှာရှိနေတာလဲ..   မင်းက လျှပ်စီးထဲမှာတောင် ပိတ်မိနေသေးတယ်…  ဘယ်လိုမျိုးရူးလောက်စရာကိစ္စတွေကိုမင်းလုပ်ခဲ့လို့လဲ..”

ရုတ်တရက် မရိုးစင်းသော အသံတစ်ခုက ရှစ်ဖုန့်၏ အနောက်ဘက်မှထွက်ပေါ်လာသည်။

ဤအသံအားကြားလိုက်ရသောအခါတွင် တင်ပျဉ်ခွေထိုင်နေသာ ရှစ်ဖုန့်က လှည့်လိုက်ပြီး သူ့နောက်သို့ ကြည့်လိုက်သည်။ ထင်သည့်အတိုင်း  ၎င်းမှာ ငကြောင်ကောင်နင်ချန်နှင့် သူ့ဘေး၌ ဝင့်ကြွားစွာလွင့်မျောနေသော ချီလင်ဘုရင်တို့ဖြစ်သည်။

“သခင်လေးဖုန့်..သခင်လေး ဘာလို့ ဒီမှာရှိနေတာလဲ.. ဘာဖြစ်ခဲ့တာလဲ.”

ချီလင်ဘုရင်က  ရှစ်ဖုန့်အားကည့်လိုက်ပြီး မေးလိုက်သည်။

“မင်း.. မင်းခုဏတုံးက ဘယ်ကိုရောက်နေတာလဲ. ခရမ်းရောင် တောင်ကျရေတွေပျောက်ကွယ်

သွားပြီးတဲ့နောက်  မင်းတို့ ရဲ့  ဘာသဲလွန်စကိုမှာ ဘာလို့  မတွေ့ရတာလဲ”

ထို့နောက်ချက်ချင်း  ငကြောင်ကောင်နင်ချန်၏ ညာလက်က ကျောထက်တွင်ရှိနေသော အမွှေးနက်များနှင့်   လူသားပုံစံမွန်းစတားအား  ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ဤအနက်ရောင်  လူသားပုံစံမွန်းစတားက နင်ချန်၏ လက်အတွင်း အပြင်းအထန်ရုန်းကန်နေသည်။

“ချူးယွဲ့ပဲ”

မွန်းစတား ၏ကျောဘက်ခြမ်းမှ‌နေ၍  ၎င်းမှာ ဤဂူအတွင်၌ သားအမိနှစ်ယောက်ရှာဖွေနေသော ချူးယွဲ့ဆိုသည့်သူဖြစ်သည်ကို ရှစ်ဖုန့် မှတ်မိလိုက်သည်။  ဤအနက်ရောင်လူသားအသွင်မွန်းစတား၏   ကျင့်ကြံမှုနယ်ပယ်က   ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်အဆင့်တွင်ရှိသည်ဖြစ်သည်။

“ဘာလဲကွ..မင်းက နာခံမှုမရှိသေးဘူးလား. ဣန္ဒြေရရနေစမ်း”

သူ့လက်အတွင်း   နက်ရောင်လူသားအသွင်မွန်းစတားက ရုန်းကန်နေသည်ကိုတွေ့လိုက်ရသောအခါတွင်   နင်ချန်က သူ၏ဘယ်လက်အားလက်သီး

တစ်ခုအဖြစ်ဆုပ်၍ မွန်းစတား၏ ခေါင်းအား ထပ်ကာထပ်ကာထိုးနှက်လိုက်သည်။

“ဂါး..ဂီး..ဂါး..ဂါး.ဂါး”

နင်ချန်၏ ရိုက်နှက်မှုအောက်တွင်  ရှည်လျားသောအမွှေးနက်များနှင့်မွန်းစတားမှာ ဟစ်အော်လိုက်ပြီး အသံမှာ သားရဲ ရိုင်းတစ်ကောင်  နှိပ်စက်ညှင်းပန်းခံရသည်နှင့်တူသည်။

ရှစ်ဖုန့်၏ မျက်လုံးတို့က ထိုငကြောင်ကောင်အပေါ်တွင် ကျရောက်နေသည်။  သေချာပေါက်ကို ဤငကြောင်က မရိုးရှင်းလှပေ။ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်အ

ဆင့်ရှိ‌သော  အမွေးနက်လူသားပုံစံမွန်းစတားက  ခွေးတစ်ကောင်အားဆရာတစ်ယောက်က  သင်ခန်းစာတစ်ခုပေးနေသကဲ့သို့  နင်ချန်၏လုံးဝ နှိပ်ကွပ်မှုကို ခံနေရသည်။

လူသားပုံစံအနက်ရောင်မွန်းစတားအား ခေတ္တမျှရိုက်နှက်ပြီးနောက်  နင်ချန်မှာရှစ်ဖုန့်၏‌ မေးခွန်းအား အမှတ်ရလိုက်ပြီး  ပြောလိုက်သည်။

“အိုး…မင်းက ငါတို့ကို ပြောနေတာပဲ..ငါတို့ကို လျှို့ဝှက် လမ်းကြောင်းတစ်ခုက စုပ်ယူသွားပြီးတော့   လွန်စွာကြီးမားတဲ့အခက်အခဲတွေနဲ့ပြန်ထွက်လာခဲ့ရတာ.. ဒီနှစ်ခန်းစာလောက်ပဲ အသက်ရှင်နိုင်မဲ့ လူအိုကြီးကိုကြည့်လိုက်ပါအုံး   သူက အဲ့မှာ ရွှမ်းလက်နက်တစ်ခုကိုရခဲ့တယ်လေ”

နင်ချန်၏ စကားတို့ဆုံးပြီးနောက် သူ့ဘေးတွင်ရှိနေသောချီလင်ဘုရင်က သွားပေါ်အောင်ရယ်လိုက်သည်။  ထို့နောက်မကြာခင်   သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဓားတစ်ခုအသံထွက်ပေါ်လာသည်။ ရွှေရောင်နဂါးပုံစံ ဓားရှည်တစ်လက်က ချီလင်ဘုရင် ၏ သိုလှောင်လက်စွပ်အတွင်းမှပျံသန်း

ထွက်လာပြီး  တောက်ပသော ရွှေရောင်အလင်းတစ်ခုလင်းလက်နေသည်။

ရွှေနဂါး ပုံစံဓားရှည်ပေါ်လာပြီးပြီးချင်း  ချီလင်ဘုရင်က ဝင့်ကြွားစွာရယ်မောလိုက်သည်။

“ဟားဟား..ဟားဟားဟားဟားဟား”

ချီလင်ဘုရင် ၏ကိုယ်ပေါ်ရှိ ရွှေရောင်ဝဝ်ရုံနှင့်  သူ၏နောက်ဘက်ရှိ  ရှည်လျားသော အနက်ရောင်ဆံပင်ရှည်တို့က   လေတိုက်ခတ်ခြင်းမရှိပါဘဲ ကခုန်နေသည်။ သူ၏ပုံစံမှာ လွန်စွာတက်ကြွနေသည့်အသွင်ဖြစ်နေ၏။

ဤငကြောင်ကောင်နင်ချန်နှင့်အချိန်အ

ချို့ကြာအောင်ကုန်ဆုံးခဲ့ပြီးနောက် ၎င်းပင်လျှင် ပုံမှန်မဟုတ်တော့ဟု ရှစ်ဖုန့်ခံစားရသည်။

“သခင်လေးဖုန့် ကြည့်ပါအုံး. ဒီဓားကိုသခင်လေး ဘယ်လိုထင်လဲ”

ရွှေနဂါးပုံစံဓားရှည်ပျံသန်းထွက်လာပြီးနောက်  ၎င်းက ကျလာပြီး  ချီလင်ဘုရင်ကဖမ်းလိုက်သည်။

ထို့နောက်ချီလင်ဘုရင်က သူ၏ညာလက်ဖြင့်ဓားအား

တောက်လိုက်သည်။

“ထန်”

ဓားရှည်ထံမှ နဂါးတစ်ကောင်၏ ဟိန်းသံထွက်ပေါ်လာ၏။

ဤသည်မှာ အဆင့်ခုနှစ် ရွှမ်းလက်နက်ဓားရှည်တစ်ခုဖြစ်သည်။  ဤဓားအားရရှိခြင်းကြောင့်   ချီလင်ဘုရင်တစ်ယောက်ပျော်မြူးနေသည်မှာအံ့ဩစရာတော့မဟုတ်ပေ။

သူ၏ ယခင်ထျန်းမြောင်အင်ပါယာတွင် ပင်လျှင်  အဆင့်ခြောက်လက်နက်တစ်ခုအား နက်ဘုရားလက်နက်အဖြစ်ခေါ်ဝေါ်နေခဲ့ပြီဖြစ်သည်။

၎င်းမှာ အဆင့်ခုနှစ် ရွှမ်းလက်နစ်တစ်ခုသာဖြစ်သောကြောင့် ရှစ်ဖုန့်ကသိပ်အလေးအနက်မထားချေ။  သူနက်ရှိုင်းစွာအိပ်မောကျနေရာမှ နိုးလာပြီးနောက် သူ၏ ဓားနှင့် ဓား၏ ဝိညာဉ်ဖြစ်သော ယင်သားရဲတို့က  သူတော်စင်အဆင့်လက်နက်တစ်ခုအဖြစ်တက်လှမ်းသွားသည်ကို သူသိပြီးဖြစ်လေသည်။  ၎င်းတို့သူတော်စင်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းမှာ   ၎င်းတို့အနေဖြင့်ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းအရွယ်လူ၏  သွေးတို့အား  စုပ်ယူခဲ့၍ဖြစ်ကြောင်းကိုလည်း

ရှစ်ဖုန့်သိသည်ဖြစ်သည်။

ယင်းမှာ အဘယ့်ကြောင့်ဆိုသော သူနိုးလာသောအခါတွင် ၎င်းတို့က သူတော်စင်နယ်ပယ်သို့ အဆင့်တက်နေပြီး   အလောင်းကလည်း ရှုံ့တွနေသော အလောင်းတစ်ခုဖြစ်နေပြီးဖြစ်

သောကြောင့်ဖြစ်သည်။

ချီလင်ဘုရင်နှင့်သူ၏လက်အတွင်းမှာ အဆင့်ခုနှစ်  သူတော်စင်နယ်ပယ် နဂါးပုံဏ့ဓားရှည်တို့အားရှစ်ဖုန့် လျစ်လျူရှုလိုက်သည်။ ထိုအစား သူကနင်ချန်ကိုကြည့်လိုက်ပြီးပြောလိုက်၏။

“နင်ချန်.. ဝူရှန့်အခုဘယ်နေရာမှာရှိလဲဆိုတာကို မင်းအာရုံခံနိုင်လား”

“အိုး  …ချစ်ဖို့ကောင်းတဲ့ဂျူနီယာညီမလေး ဝူရှန့်”

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်   နင်ချန်ကပြောလိုက်သည်။

“တို့တွေ ထွက်လာပြီးတော့ ငရဲဘုံကိုးခု ခြေရာခံအမှတ်အသားကို အားကိုးပြီး  ဂျူနီဘာညီမလေး ဝူရှန့်ရှိတဲ့ဒီနေရာကိုလာခဲ့တာ..  ဒါပေမဲ့အခု  ဂျူနီယာညီမလေးဝူရှန့်ကို ငါအာရုံခံလို့မရတော့ဘူး..  သေခြင်းတားမြစ်နယ်မြေထဲကနေ  သူထွက်သွားပြီးတာဖြစ်ဖို့များတယ်”

“သူက မင်းရဲ့ အာရုံခံနိုင်တဲ့ အကွာအဝေးထဲကနေထွက်သွားတာလား”

ငရဲဘုံကိုးခု  ခြေရာခံအမှတ်အသားက အခြားသောအခြားများထက်ပိုမို

ကောင်းမွန်သည်ကို ရှစ်ဖုန့်သိသည်ဖြစ်သည်။ ငရဲဘုံကိုးခု ခြေရာခံအမှတ်အသားသက်ရောက်

မှုရှိသူများအား ၎င်းတို့ ယွင်လိုင်အင်ပါယာအတွင်း၌ရှိနေလျှင်ပင်  သေခြင်းတားမြစ်နယ်မြေအတွင်းမှ အာရုံခံနိုင်စွမ်းရှိလိမ့်မည်ဖြစ်၏။

ယွဲ့ဝူရှန့် ၏ အမြန်နှုန်းဖြင့် သူမထွက်ခွာသွားခဲ့သည်မှာ နေ့တစ်ဝက်ခန့်သာကြာမြင့်သေးသည်ဖြစ်သည်။ နင်ချန်၏အာရုံခံနိုင်သော အကွာအဝေးအတွင်းမှ ပြေးထွက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

သူမက နေရာကူးပြောင်း ခြင်းအားအသုံးပြုခဲ့လျှင်တော့အသုံးမဝင်ပေ။  ချီလင်ဘုရင်အား   ဒေသများကို ကူးလူးဖြတ်သန်းနိုင်သည့် ကြီးမားသော နေရာ ကူးပြောင်းအစီအရင်အကြောင်းကို မေးမြန်းခဲ့ပြီး  ၎င်းက   အရှေိ့ပိုင်းဒေသကြီးအတွင်းရှိ အင်ပါယာကြီးသုံးခုအပြင်   သေခြင်းတားမြစ်နယ်မြေအတွင်းရှိ တုန်းကူး မြို့ဟောင်း၌ နေရာကူးပြောင်းအစီအရင်တစ်ခုရှိသည်ဟု ပြောခဲ့သည်ဖြစ်သည်။

“ကြီးမားတဲ့နေရာလွတ်ကူးပြောင်းအစီအရင်ကို ဒီသေခြင်းတားမြစ်နယ်မြေထဲမှာသူ ရှာတွေ့သွားတာကြောင့်  နေရာကူးပြောင်းအစီအရင်ကို အသက်သွင်းပြီးတော့ ထွက်သွားတာများဖြစ်နိုင်မလား”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters