← Chapters

အပိုင်း(၄၅၉)

Vol. 31 Ch. 459

အပိုင်း(၄၅၉)

Vol. 31 Ch. 459

အကယ်၍ ယွဲ့ဝူရှန့်သာ ကြီးမားသော  နေရာလွတ်ကူးပြောင်းအစီအရင်အား တကယ်အသက်သွင်းခဲ့ပြီး  ထွက်ခွာသွားခဲ့လျှင်   သူ့အနေဖြင့် သူမအား တကယ်ကို ရှာဖွေနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။ ခေါင်းမတဲ့ကောင်မလေး ပါတကား။ သူ က သူမအားကူညီချင်သည်ဆိုလျှင်တောင်  သူမဘယ်ကိုသွားသည်ဆိုသည်အား

သူမသိချေ။

“ဟေး..ငါ့ရဲ့ချစ်ဖို့ကောင်းတဲ့ဂျူနီယာညီလေး.. မင်းလက်တွေကဘယ်တုံးက ဆွဲဆောင်မှုတွေညို့ယူနိုင်စွမ်းတွေရှိလာတာတုံး . ငါအဲ့တာကို သတိမထားမိပါလား”

အဝါရောင်လျှပ်စီးများအလယ်ရှိ ရှစ်ဖုန့်၏ လက်မှာ အမွှေးနက်အရှည်များအားကြည့်၍ ငကြောင်ကောင်နင်ချန်က ရုတ်တရက် အံ့အားသင့်စွာဖြင့်အော်ပြောလိုက်သည်။

“မဟုတ်သေးပါဘူး. ဘာလို့အဲ့ ဆွဲဆောင်မှုရှိတဲ့ လက်တွေက ငါနဲ့အရမ်းရင်းနီးနေရာတာပါလိမ့်..”

နင်ချန်ကသံသယမကင်းစွာဖြင့််ပြောလိုက်သည်။ ထို့နောက်  တစ်စုံတစ်ခုအားတွေးမိသွားသကဲ့သို့  ချက်ချင်းသူ၏ခေါင်းအားငုံ့လိုက်ပြီး   သူ့လက်အတွင်းမှ ရှည်လျားသော အမွှေးနက်မွန်းစတားအားကြည့်လိုက်သည်။

“သူတို့ကို အရမ်းရင်းနှီးနေတာ မအံ့ဩတော့ပါဘူး.. ငါ့ရဲ့ချစ်ဖို့ကောင်းတဲ့ဂျူနီယာညီလေး.. မင်းက သူ့မိသားစုဝင်တစ်ယောက်များ ဖြစ်နေတာလား”

“ငါ့လခွီးကြီးကို မိသားစုပါလား”

“ရှင်.. ကျွန်မအဖေကို လွှတ်ပေးစမ်း”

ဤအခိုက်အတန့်တွင်   နှစ်လိုဖွယ်ကောင်းသော အော်ပြောသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။  အကွာအဝေးတစ်ခုအတွင်းမှရှစ်ဖုန့်အား စောင့်နေကြသော သားအမိနှစ်ဦးကလည်း တစ်ဟုန်ထိုးရောက်လာသည်။ ရုတ်တရက် နင်ချန်၏လက်တို့အတွင်း၌ ကိုင်ဆောင်ထားသော အမွှေးနက်မွန်းစတားအား တွေ့လိုက်ကြသည်။ ထိုထက်ပိုသည်ကား  နင်ချန်က ၎င်းအား ရိုင်းစိုင်းသော ခွေးတစ်ကောင်ကဲ့သို့ ကိုင်ထားခြင်းဖြစ်သည်။  ကောင်မလေး က ချက်ချင်းပဲ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ချူးယွဲ့”

လှပသောအမျိုးသမီးက သူမလက်အားဖွင့်လိုက်ပြီး   ရွှေရောင်ကျောက်ဆွဲသီးက ရွှေရောင်အလင်းတစ်ခုလင်းလက်နေသည်။  လူသားပုံစံ အမွှေးနက်ရှည်မွန်းစတား၏ ရင်ဘက်မှလည်း  ရွှေရောင်အလင်းတစ်ခုလင်းလက်နေသည်။  သူမ၏ယောက်ျားဖြစ်ကြောင်းကို အတည်ပြုပြီးနောက်   လှပသော

အမျိုးသမီးက အလျှင်အမြန်အော်ခေါ်လိုက်သည်။

“မင်းအဖေလား..သူက လေ..”

နင်ချန်ကလှည့်လိုက်ပြီး လှပသော သားအမိနှစ်ဦးအားကြည့်လိုက်သည်။  ထို့နောက်  လှပသောကောင်မလေးအားကြည့်လိုက်ပြီး  သူ့လက်အတွင်းမှ အမွှေးနက်ရှည်မွန်းစတားအား ထိုးညွှန်ပြလိုက်သည်။ ငကြောင်ကောင်၏မျက်နှာထက်တွင် ပင် အံ့အားသင့်မှုများ၊မယုံကြည်နိုင်မှုများ တဖြည်းဖြည်းပြည့်နှက်လာသည်။

“အဲ့တာကျွန်မအဖေပဲ”

ကောင်မလေးက လေးနက်စွာခေါင်းညိမ့်လိုက်သည်။

ထို့နောက်နင်ချန်၏အကြည့်က လှပသော အမျိုးသမီးထံသို့ပြောင်းလိုက်သည်။ သူ့လက်အတွင်းမှ အမွှေးနက်ရှည်မွန်းစတားအားထိုးညွှန်ပြပြီး အားနည်းသော အသံဖြင့်မေးလိုက်သည်။

“ဒီတော့သူက  ခင်ဗျားယောက်ျားပေါ့ ”

“ဟုတ်တယ် အမှန်ပဲ”

လှပသောအမျိုးသမီး က ခေါင်းညိမ့်လိုက်သည်။

“ဘုရားရေ”

ကောင်မလေးခေါင်းညိမ့်သည်ကိုမြင်ရပြီး နောက်ထပ်မေးလိုက်သော လှပသောအမျိုးသမီးကလည်းခေါင်းညိမ့်လိုက်သည်ကိုတွေ့ရသောအခါတွင်   နင်ချန်ကသူ့နဖူးသူ သူ၏ဘယ်လက်ဖြင့်ထိလိုက်သည်။  ကမ္ဘာကြီးကတစ်နည်းနည်းဖြင့် အစစ်အမှန်မဟုတ်တော့သလိုသူခံစားလိုက်ရသည်။

“အလှလေးနဲ့ သားရဲ တစ်ကောင်”

“ဒီကမ္ဘာမှာ ငါ့ထက်ပိုပြီး ထူးဆန်းတဲ့သူတွေ ကရှိသေးတာလား.. ဒီကမ္ဘာကြီးအပေါ်မှာငါနားလည်ထားတဲ့နားလည်မှုတွေကပဲ မှားနေတာများဖြစ်နိုင်မလား”

လှပသော သားအမိနှစ်ယောက်ပေါ်လာသည်ကို ရှစ်ဖုန့်မြင်တွေိ့လိုက်ရသောအခါတွင်  သူက ၎င်းတို့အား ပြောလိုက်သည်။

“ဒီလူက မင်းတို့လူဖြစ်နေတယ်ဆိုရင်တောင် သူ့ရဲ့လက်ရှိအခြေအနေအရ  သူ့စွမ်းအားဟာ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်မှာရှိတယ်.. သူက အသိစိတ်ကိုဆုံးရှုံးပြီးဖြစ်နေပြီးတော့   မိတ်ဆွေလားရန်သူလားဆိုတာကို မခွဲခြားတတ်တော့ဘူး. မင်းတို့လူကို သူနဲ့အတူ အရင်ဆုံးထားထားလိုက်တာကောင်းမယ်.. ဒီသေခြင်းတားမြစ်နယ်မြေထဲကနေ ထွက်သွားပြီးတဲ့နောက်မှာ ဒီသခင်လေးသူ့ကိုမင်းတို့ဆီပြန်ပေးမယ်”

အဘယ်ကြောင့်များသူက လူတစ်ယောက်အား “ပြန်ပေးမယ်” ဟူသောစကားကိုသုံးခဲ့ရပါသနည်း။  သို့သော် လက်ရှိအခြေအနေအရတော့ ထိုကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက်   သားအမိနှစ်ဦးမှာ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြသည်။  ထို့နောက် ကောင်မလေးကပြောလိုက်သည်။

“အမေ.. အကိုကြီးပြောတာ အဓိပ္ပါယ်ရှိတယ်..ဒီလူက အကိုကြီး ရဲ့ မိတ်ဆွေပဲ. သူက အဖေ့ကို နာကျင်အောင်လုပ်မှာမဟုတ်ပါဘူး”

“အင်း”

လှပသော အမျိုးသမီးက ကောင်မလေးအားခေါင်းညိမ့်ပြလိုက်သည်။

“ဒါပေါ့. ငါ့သူ့ကို ငါ့ရဲ့ရည်းစားဦးလေးလို ဆက်ဆံမှာပါ”

နင်ချန်က အပြုံးတစ်ခုဖြင့်ပြောသည်။  သူကလက်ကိုဆန့်ထုတ်လိုက်ပြီး   ခေါင်းငုံ့၍  အမွေးနက်မွန်းစတား၏ ကျောပြင်အား ယုယစွာပွတ်သပ်လိုက်၏။

ယင်းမှသူက ၎င်းအား တကယ်ကြီးတုန်နေအောင်ချစ်နေသကဲ့သို့ပင်ဖြစ်သည်။

“ဂါး..ဂါး.ဂါး..ဂါး.ဂါး.”

ရုတ်တရက် အမွှေးနက်မွန်းစတားမှာ ဒေါသအိုးပေါက်ကွဲသွားပုံရသည်။ နင်ချန်က သူ၏လက်သီးကိုဆုပ်၍  မွန်းစတားအား ထိုးရန်စောင့်နေသည်။ သို့သော်  ကောင်မလေးကသူ့အားကြည့်နေသည်ကို  သတိရသွားသည်။ သူ၏လက်သီးအား ဖြေလျော့လိုက်ပြီး  ကောင်မလေးဘက်သို့လှည့်၍ ပြုံးပြလိုက်၏။

“တွေ့လား..ဒီလိုအခြေအနေမျိုးမှာတောင်  ငါသူ့ကို ထိခိုက်အောင်မလုပ်ဖူး. ငါသူ့ကို တုန်နေအောင်ချစ်တာ”

ထို့နောက်မကြာခင်  ငထူးဆန်းကောင် နင်ချန်က  သူ၏ လက်ညှိုးအား မြှောက်လိုက်ပြီး   မွန်းစတား၏ နောက်ကျောသို့ထိုးညွှန်လိုက်သည်။ ထို့နောက်ချက်ချင်း  ဒေါသအိုး ပေါက်ကွဲထွက်နေသော မွန်းစတားမှ ငြိမ်ကျသွားသည်။

“အဖေ”

နင်ချန်၎င်းအား လက်ညှိုးဖြင့်ထိုးပြီးနောက်  လူသားပုံစံမွန်းစတားက ငြိမ်ကျသွားသည်ကို တွေ့ရသောအခါတွင်  ကောင်မလေးက အလျှင်အမြန်အော်ခေါ်လိုက်သည်။

နင်ချန်က သူ၏ လက်ချောင်းအား မွန်းစတား၏ကျောပြင်မှပြန်ရုတ်လိုက်ပြီး သူ၏လက်အား ကောင်မလေးထံ ဝေ့ယမ်းပြလိုက်သည်။

“မစိုးရိမ်ပါနဲ့..  သူလုံးဝအဆင်ပြေတယ်..  ငါသူ့ကို ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်တဲ့အခြေအနေမှာ

ထားထားတာ..ငါသူ့ကိုကောင်းကောင်းဂရုစိုက်ပါမယ်ပြောခဲ့သားပဲ.. ဟီးဟီးဟီး”

နင်ချန်က စကားပြောနေရင်း ရုတ်တရက် ထူးဆန်းစွာရယ်မောလိုက်သည်။

ဤလူက အနည်းငယ်ထူးဆန်းသည်ဟုခံစားရသော်လည်း သူ၏စကားတို့အားကြားရပြီးနောက် သူ့လက်ထဲတွင်ရှိနေသော ဖခင်ဖြစ်သူအားကြည့်ကာ ကောင်မလေးက ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ကျွန်မရှင့်ကိုယုံတယ်.. ရှင်က အကိုကြီးရဲ့မိတ်ဆွေပဲ .ဒီတော့ ရှင်ကလူကောင်းပဲနေမှာ”

“ဒါပေါ့..ဒါပါ့.. ငါက လူကောင်းလေးပါ”

ရှစ်ဖုန့်မှာ လျှပ်စီးအကျဉ်းထောင်အတွင်း၌ရှိနေဆဲဖြစ်

သည်။ သူ၏မျက်လုံးတို့က ငထူးဆန်းကောင်ပေါ်တွင် ကျရောက်နေ၏။  နင်ချန်က အမွှေးနက်မွန်းစတား၏ကျောပြင်အား လက်ညှိုးဖြင့်ထိုးလိုက်ချိန်တွင် ထူးဆန်းပြီး ဆန်းကြယ်သော စွမ်းအားတစ်ခုအား ရှစ်ဖုန့်ခံစားလိုက်ရသည်။

“ဒီငကြောင် ဘာကို ကျင့်ကြံထားတာလဲ”

ရှစ်ဖုန့် ငထူးဆန်းကောင်အားကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး ခပ်တိုးတိုးတီးတိုးရေရွတ်လိုက်သည်။

ထို့နောက် နင်ချန်လက်အတွင်းရှိနေသော မွန်းစတားနှင့်အတူ လူလေးယောက်က ရှစ်ဖုန့်၏ ဝန်းကျင်၌ စောင့်ကြပ်နေကြ၏။  ရှစ်ဖုန့်အားအကျဉ်းချထားသော အဝါရောင်လျှပ်စီးအကျဉ်းထောင်၏ စွမ်းအင်တို့ ပျောက်ကွယ်သည်အထိသူတို့စောင့်

နေကြသည်။ ထို့နောက် သေခြင်းတားမြစ်နယ်မြေအတွင်းမှထွက်ခွာရန် သူတို့ ပြင်ဆင်လိုက်ကြ၏။

ယွဲ့ဝူရှန့်အား ရှာတွေ့ပြီးနောက်သူမက ထွက်ခွာသွားသည်။  ရှစ်ဖုန့်က လည်းနတ်ဘုရားဆေးပင်အားရရှိခဲ့သည်။ သေခြင်းတားမြစ်နယ်မြေအတွင်းမှာ ရှစ်ဖုန့်၏ တာဝန်က ပြီးမြောက်ပြီဟု သုံးသပ်၍ရနိုင်သည်ဖြစ်သည်။ ယခုက ထွက်ခွာသွားရမည့်အချိန်ပင်ဖြစ်သည်။

အမွှေးနက်များက  သူ၏လက်တို့မှာ ဆက်လက်ရှည်ထွက်လာသည်။  ထိုထက်ပိုသည်ကား   အမွှေးနက်များ အား သူ့ကိုယ်အားဆက်လက်ပျံ့နှံ့လာခြင်းဖြစ်သည်။  ၎င်းတို့က သူ၏ပခုံးတို့သို့ ရောက်ရှိနေပြီဖြစ်၏။

ဤအမွှေးနက်များအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမှန်းကိုရှစ်ဖုန့်မသိချေ။ သူလုပ်နိုင်သည့်တစ်ခုတည်းသော အရာမှာ သေခြင်းတားမြစ်နယ်မြေအတွင်းမှ

ထွက်သွားပြီး  စစ်ဆေးကြည့်ရန်သာဖြစ်သည်။အကယ်၍ သေခြင်းတားမြစ်နယ်မြေအတွင်းမှ ထွက်ခွာလာပြီးနောက် ၎င်းအား မဖယ်ရှားနိုင်ခဲ့လျှင် သူ၏ကိုယ်အားတစ်စစီပြိုကွဲအောင်လုပ်ပစ်ပြီး အခြားသော ဝင်ပူးကပ်နိုင်မည့်ကိုယ်အား ရှာရန်အတွက် အရင်ဆုံးသူ၏ဝိညာဉ်ကထွက်ခွာရ

မည်ဖြစ်သည်။

ထိုအချိန်ကျလျှင် အစောကမိန်းကလေးပြောသကဲ့သို့သူက ဧကရာဇ်ကျိုးယိုဝင်ပူးသောသူဖြစ်

လာလိမ့်မည်ဖြစ်သည်။

သို့သော် ၎င်းကလုပ်ရမည့်တစ်ခုတည်းသော နည်းလမ်းတစ်ခုဖြစ်သည်။  ရှစ်ဖုန့်အနေဖြင့် သူ့အသိစိတ်အားဆုံးရှုံးရပြီး လမ်းလျှောက်နေသော အလောင်းကောင်ကဲ့သို့ အမွှေးနက်မွန်းစတားတစ်ကောင်တကယ်မဖြစ်လိုပေ။

အချိန်များဖြည်းဖြည်းချင်းကုန်ဆုံးသွားသည်။ ရှစ်ဖုန့်အားအကျဉ်းချထားသော အစီအရင်၏ စွမ်းအားတို့က စတင်၍ ထပ်မံအားနည်းလာသည်။ရှစ်ဖုန့်၏ကိုယ်ပေါ်ရှိ အမွှေးနက်တို့ကလည်း ထပ်မံပျံ့နှံ့လာ၏။ ဤအကြိမ်တွင်  ၎င်းတို့က သူ၏ ရင်ဘက်နားသို့ ရောက်လုနီးပါးဖြစ််နေပြီဖြစ်၏။

ထိုထက်ပိုသည်ကား ၎င်းက လမ်းကြောင်းနှစ်ခုအဖြစ်ခွဲသွားပြီး  ရင်ဘက်အပေါ်အောက်ခွဲ၍ စတင်ပျံ့နှံ့လာခြင်းဖြစ်သည်။ဤသို့သာဆက်သွားနေမည်ဆိုလျှင် ရလဒ်က စိတ်ကူးကြည့်ရပင်ရနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် သူ့အနေဖြင့် သေခြင်းတားမြစ်နယ်မြေအတွင်းမှ ထွက်ခွာသွားရန်ပြင်ဆင်ထားပြီးဖြစ်သကဲ့သို့  အခြားသောပြဿနာတစ်ခုကိုရှစ်ဖုန့်တွေးမိလိုက်သည်။ ယင်းမှာ  သေခြင်းတားမြစ်နယ်မြေအတွင်းဝင်သွားသော မည်သူမျှ ပြန်ထွက်လာနိုင်ခြင်းမရှိဟူသော

ကောလဟာလပင်ဖြစ်သည်။

ဤခရီးပြီးနောက် သေခြင်းတားမြစ်နယ်မြေက ကောလဟာလတစ်ခုမဟုတ်သူကို သူသဘောပေါက်လိုက်သည်။ငွေကျောက်တုံးအားသူရရှိခဲ့သောကြောင့်  ရုတ်တရက်သတ်ဖြတ်ခံရခြင်းရှိလိမ့်မည်မဟုတ်ပဲ သေချာသော စွမ်းအားအဆင့်တစ်ခုရှိနေမည်ဖြစ်ပြီး အသက်ရှင်လျက်ထွက်သွားရန် က သိပ်တော့ခက်ခဲ့မည့်ပုံမပေါ်ပေ။

နောက်လာမည့်ဖြစ်ပျက်မှုက သေခြင်းတားမြစ်နယ်မြေအတွင်းဝင်ရောက်ပြီးရာမှ ပြန်အထွက်၌ ထပ်မံဖြစ်ခြင်းမျိုးဖြစ်နိုင်မည်လော။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters