← Chapters

ပူးပေါင်းဖို့ရာ အလိုရှိသူ

Vol. 49 Ch. 676

ပူးပေါင်းဖို့ရာ အလိုရှိသူ

Vol. 49 Ch. 676

“ ဆရာ …. တကယ်လို့ ဂိုဏ်း တည်ထောင်ရင် ဂိုဏ်းချုပ် ဖြစ်လာမှာပေါ့ ” လျန်ယင်ရှန်းက ရုတ်တရက် မေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ဟုတ်တယ်လေ ….ငါက ဂိုဏ်း တည်ထောင်မှတော့  ဂိုဏ်းချုပ်ပေါ့ ”

လက်တွေ့၌ မိုဝူကျိက ဂိုဏ်းတစ်ဂိုဏ်းမျှ တည်ထောင်ခြင်း မကပေ။ သူက ဂိုဏ်းထက် ကျော်လွန်သော  ဖင်းဖန်ကို တည်ဆောက်မည် ဖြစ်၏။ သို့သော်လည်း လျန်ယင်ရှန်းကို ဤကိစ္စများ  ရှင်းပြရန် မလိုပေ။

“ အဲဆို  ဆရာက  စီနီယာအစ်ကို လုပ်ပြီးတော့  ကျမက ဂျုနီယာညီမလေး လုပ်လို့ရော မရဘူးလား ”လျန်ယင်ရှန်းက မိုဝူကျိအား စိတ်လှုပ်ရှားစွာ ကြည့်ရင်း မေးလိုက်၏။

မိုဝူကျိက သူ့မအား အင်မော်တယ်ကျောက် အပြည့် ဖြစ်နေသည့် နေရာသို့ ခေါ်ဆောင်လာပြီးနောက် သူမ သဘောထားမှာ အနည်းငယ် ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။ သွေဖယ်ခြင်းရွာတွင် ရှိစဉ် သူမက  ကျေးဇူးတင်မှုကို ခံစားခဲ့ရပြီး မိုဝူကျိအား  စီနီယာအဖြစ် သတ်မှတ်ခဲ့သည်။ သို့သော် ယခုတွင် သူမက  မိုဝူကျိ၏ တပည့်ထက် မိတ်ဆွေ ပို၍ ဖြစ်ချင်မိသည်။

မိုဝူကျိက အနည်းငယ် ဝေခွဲမရ ဖြစ်သွားလေ၏။ တပည့် သို့မဟုတ် ဂျုနီယာညီမ ဖြစ်လာခြင်းက  သူ့ဂိုဏ်း တည်ထောင်ခြင်းနှင့် မည်သို့များ ဆက်စပ်နေသနည်း။

သို့သော်လည်း သူက လျန်ယင်ရှန်းသည် နောင်အနာဂတ်၌ သေချာပေါက်  အဆင့်မြင့် ကျင့်ကြံသူ ဖြစ်လာမည့်အကြောင်း တွေးမိလိုက်သည်။ သူမက  သူ့တပည့် ဖြစ်ဖြစ်၊ ဂျုနီယာညီမဖြစ်ဖြစ် ကိစ္စမရှိပေ။ သူမက ဖင်းဖန် အဖွဲ့ဝင်တစ်ယောက် ဖြစ်နေဦးမည် ဖြစ်၏။ လျန်ယင်ရှန်းက သူ့တပည့် ဖြစ်လာရန် ဆန္ဒမရှိသောကြောင့်  ဂျုနီယာညီမ ဖြစ်လာလျှင်လည်း အဆင်ပြေပေသည်။

“ ကောင်းပြီလေ။ အဲဆိုလည်း  ဂျုနီယာညီမလေး လုပ်ပေါ့။  ငါ့ ကျင့်စဉ်က  ကိုယ့်ဘာသာ ဖန်တီးထားတာဆိုတော့ ကျင့်ဖုန်းနဲ့ သင့်တော်ပေမဲ့  မင်းအတွက် သင့်တော်ပါ့မလား ဆိုတာကို သေချာမသိဘူး။ အဲကြောင့် ငါ့ဆီမှာ အကြံနှစ်ခု ရှိတယ်။ အရင်ဆုံး ကျင့်ဖုန်းလိုမျိုး ဝိညာဉ်လမ်းကြောင်း ဖွင့်ကြည့်ဖို့  လုပ်ကြည့်ကြမယ်။ အဲဒီနောက်ကျ  မင်းက ငါ့ကျင့်စဉ်နဲ့ ကျင့်ကြံပြီးတော့  မင်းစိတ်နန်းတော်ထဲမှာ ရှိနေတဲ့  ကျင့်ကြံဆင့်ကို ဖြည်းဖြည်းချင်း ထုတ်လွှင့်ရမယ်။ အဲဒါက ဖြည်းဖြည်းချင်း မင်း စွမ်းအား ဖြစ်လာလိမ့်မယ်။

ဒုတိယနည်းလမ်းက  ငါ့ကျင့်စဉ်ကို သုံးပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ပဲ။ မင်းရဲ့ ခန္ဓာကိုယ်က သေချာတဲ့အဆင့်တစ်ခု ရောက်သွားရင်  မင်းရဲ့ စိတ်နန်းတော်ထဲက  ကျင့်ကြံဆင့်ကို လွှတ်ကြည့်ဖို့ ကြိုးစားကြည့်ရမယ်။ တကယ်လို့ ငါတို့ မလုပ်နိုင်ရင် မင်းရဲ့ ခန္ဓာကိုယ်က ကျင့်ကြံဆင့်ကို ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး  ….” မိုဝူကျိက ရှင်းပြလိုက်၏။

လျန်ယင်ရှန်းက အင်မော်တယ်များအကြောင်း ဖူကျင့်ဖုန်းထက် ပိုသိသော်လည်း  သူမက သေမျိုးတစ်ယောက်သာ ဖြစ်နေသေး၏။ သူမက မိုဝူကျိ ပြောပြသည့် နည်းလမ်း နှစ်ခုကို နားမလည်ပေ။ သူမက

“ စီနီယာအစ်ကိုကြီးကပဲ  ညီမအတွက် ဆုံးဖြတ်ပေးပါ … ”

“ အဲဆို ပထမတစ်ခုကို ရွေးချယ်ရလိမ့်မယ်။ တကယ်လို့ အလုပ်မဖြစ်ရင်တော့ ဒုတိယနည်းလမ်းကို ကြိုးစားကြတာပေါ့ ” မိုဝူကျိက ဖြေလိုက်၏။

ဒုတိယနည်းလမ်းဖြင့် ကျင့်စဉ်များကြား အတိုက်အခံဖြစ်မည့် အခြေအနေ ရှိမည် မဟုတ်ပေ။ လျန်ယင်ရှန်းက သူမ မှတ်ဉာဏ်များ ပြန်လည် ရရှိလာသည့်အခါ သူမအနေနှင့် ကိုယ်ပိုင်ကျင့်စဉ် ရှိပေလိမ့်မည်။ သို့သော်လည်း ဒုတိယနည်းလမ်းမှာ  အနည်းငယ် ညစ်ညမ်းလေ၏။ သူတို့ခန္ဓာကိုယ်ချင်း ထိတွေ့ဖို့ လိုအပ်ပေသည်။ ထိုအရာက မိုဝူကျိနှင့် လျန်ယင်ရှန်းတို့အတွက် မသင့်တော်ပေ။

“ စီနီယာအစ်ကိုကြီး စကားကို နားထောင်ပြီး ပထမနည်းလမ်း သုံးပါ့မယ် ” လျန်ယင်ရှန်းက  ခန္ဓာကိုယ် လေ့ကျင့်မည့် အကြောင်း သေချာမသိသော်လည်း  မိုဝူကျိအား သူမ ခန္ဓာလေ့ကျင့်စေမည့် ကိစ္စမှာ မသင့်တော်ကြောင်း ခံစားမိပေသည်။

………..…

လဝက်အကြာတွင် မိုဝူကျိက  အဆုံးအစွန်ပင်လယ်ကြမ်းပြင်မှ ထွက်လာလိုက်သည်။ သူက လျန်ယင်ရှန်းအတွက် ချီသွေးကြောဖွင့်  လျှပ်စီးရေကန်တစ်ခု ပြုလုပ်ပေးခဲ့သည်။  ဖူကျင့်ဖုန်းကဲ့သို့ သူ့ကျင့်စဉ်နှင့် ဗဟုသုတများကို လျန်ယင်ရှန်းဆီ လက်ဆင့်ကမ်းပေးခဲ့၏။

သူ မထွက်သွားခင် ဖူကျင့်ဖုန်း၏ အခြေအနေကို စစ်ကြည့်ဖို့ရာ စိတ်စွမ်းအားပင် သုံးဖို့ရာ မလိုလိုက်ပေ။ သို့သော်လည်း ဖူကျင့်ဖုန်း၏ လျှပ်စီးအစီအရင်မှ ထွက်ပေါ်နေသော လျှပ်စီးအဆီအနှစ် လှိုင်းများကို ခံစားမိပေသည်။ ဖူကျင့်ဖုန်းက ချီသွေးကြောများ ဖွင့်ပြီးနေလေပြီ။

မိုဝူကျိ ထွက်သွားသည့် အကြောင်းအရင်းမှာ အဆိပ်ရေကန်ဆီ သွားချင်၍ ဖြစ်သည်။

သူ့ထာဝရ ကမ္ဘာတွင် မီးဓာတ် သဘာဝ အမြုတေ၊ သစ်သားဓာတ် သဘာဝ အမြုတေနှင့် ရေဓာတ် သဘာဝ အမြုတေ လိုအပ်နေဆဲ ဖြစ်၏။ ရှေးဦးမူလရေကျောက်က အဆိပ်ရေကန်ထဲ ပေါ်လာသောကြောင့် ရေဓာတ် သဘာဝ အမြုတေ ရှိနိုင်ခြေလည်း ရှိ၏။ ထို့အပြင်  ရှေးဦးမူလရေကျောက် သတင်းမှာ  ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့ပြီးပြီ ဖြစ်ရာ သူ့အနေနှင့် အခွင့်အရေးကို လက်မလွှတ်ချင်ပေ။

………..…

လေလွင်ပြင်မြို့မှာ ယုံရင် အင်မော်တယ်နယ်မြေရှိ အလယ်အလတ် အင်မော်တယ်အဆင့် မြို့ ဖြစ်ပေသည်။ တစ်ခုတည်းသော ထူးခြားချက်မှာ လေလွင်ပြင် မြို့အား ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ဆေးလုံးဆရာ မာထျန်းမှာ ယုံရင်ဆေးပညာ ပြိုင်ပွဲ၌  အယောက် ၃၀၀ ထဲ ရလဒ်ကောင်းကောင်းနှင့် ပါခဲ့ခြင်းကြောင့် ဖြစ်၏။

မာထျန်းမှာ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့မှ ဖြစ်ပြီး လေလွင်ပြင်မြို့နှင့် ပတ်သတ်ဆက်နွယ်မှု မရှိချေ။ ပြိုင်ပွဲအပြီးတွင် လေလွင်ပြင်မြို့မှာ ယခင်အတိုင်း အနေအထား ပြန်ထိန်းထားနိုင်လိုက်သည်။

သို့သော်လည်း  လတ်တလော၌  လေလွင်ပြင် အမည်နာမမှာ  နောက်တဖန် ပြန်၍ ပြန့်နှံ့လာ၏။ အင်မော်တယ်မြို့ကြောင့် မဟုတ်ဘဲ အနီးအနားတွင် တည်ရှိနေသော အဆိပ်ရေကန်ကြောင့် ဖြစ်ပေ၏။

အဆိပ်ရေကန် နာမည် ရရှိလာခြင်းမှာ အဆိပ်ရှိနေသော ရေများကြောင့် ဖြစ်သည်။ ပို၍ ဆိုးရွားသည်က ထိုရေများက အလွန်အဆိပ်အတောက် ဖြစ်သောကြောင့် အင်မော်တယ် ဧကရာဇ်ပင် ထိုရေကန်မှ အဆိပ်ကို ခံနိုင်ရည် မရှိကြောင်း ပြောကြသည်။ အများစုက နတ်ဘုရား ရုပ်ခန္ဓာအဆင့်ရှိသော သူသာ ဝင်နိုင်လိမ့်မည်ဟု ပြောကြလေ့  ရှိသည်။

လူအများစုက အဆိပ်ဖြေဆေးသုံး၍ ရေကန်ထဲ ဝင်ဖို့ရာ ကြိုးစားကြသော်လည်း ကျင့်ကြံသူများက  ရလဒ်တစ်ခုကိုသာ  ရင်ဆိုင်နေရဆဲ ဖြစ်သည်။

အဆိပ်သင့် သေဆုံးခြင်း

တစ်ခုတည်းသော ခြားနားချက်မှာ  သူတို့ မသေဆုံးခင် ကြာချိန် ဖြစ်၏။

သို့သော် သူတို့ မည်မျှ ကြာစေကာမူ သူတို့ ရေကန်မှ ထွက်လာနိုင်လျှင် တစ်ရက်ထက် မပိုပေ။ ရေကန်ထဲ ဆက်လက်၍ နေမည်ဆိုလျှင် နှစ်နာရီထက် မပိုပေ။

အဆိပ်ရေကန်၌ လူဦးရေ များပြားလာခြင်းမှာ  လတ်တလော ကောလဟာလများကြောင့်် ဖြစ်၏။ ပြောရမည်ဆိုလျှင် ကျင့်ကြံသူ တစ်ယောက်က အသက်ကို စတေး၍  ရေကန်ထဲ ဝင်ကာ  ရှေးဦးမူလရေကျောက်နှင့်အတူ လွှတ်မြောက်သွားခဲ့သည်။

ရှေးဦးမူလရေကျောက်က မည်သို့အရာ  ဖြစ်မည်နည်း။ ထိုအရာမှာ အင်မော်တယ် ဧကရာဇ်များပင် အလိုရှိနေသည့်အရာ ဖြစ်၏။ အကယ်၍ ရေသဘာဝ ကျင့်ကြံသူ ရရှိသွားပါက တစ်လှမ်းတည်းဖြင့် ကောင်းကင်အထိ တက်လှမ်းနိုင်သွားလိမ့်မည်။  ရေသဘာဝ မဟုတ်သော ကျင့်ကြံသူ ရရှိလျှင်ပင် တခြားတစ်ခုဖြင့် အလွယ်တကူ လဲလှယ်နိုင်သေး၏။

ထို့ကြောင့်  လတ်တလော၌ မြောက်များစွာသော ကျင့်ကြံသူများက အဆိပ်ရေကန်သို့ ရောက်လာကြသည်။ သူတို့အားလုံးတွင် ရည်ရွယ်ချက် တစ်ခုသာ ရှိပေသည်။ ရှေးဦးမူလရေကျောက်ကို ရရှိရန် ဖြစ်၏။

မိုဝူကျိလည်း  အပါအဝင် ဖြစ်၏။ ထိုစဉ် သူက မျက်နှာမည်း ဘုန်းကြီးအဖြစ် ရုပ်ဖျက်ထားသည်။  ကျင့်ကြံခြင်းလောကတွင် ရှိစဉ် နယ်လှည့်ကျင့်ကြံသူ  ၂၇၀၅ အဖြစ် ရုပ်ဖျက်ထားသည့် ပုံစံနှင့်အတူတူ ဖြစ်ပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူ့မျက်နှာပေါ်ရှိ အမာရွတ် အပိုများ ဖြစ်၏။ သူ့မျက်နှာပေါ်၌  အထင်းသား ရှိနေသာကြောင့် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသည်။

သူ့တွင် ခါးသက်သက် အငွေ့အသက်များ ရှိနေသည်။  တစ်ချက်တည်း ကြည့်ရုံဖြင့်  ရန်စရမည့်သူ မဟုတ်မှန်း ပြောနိုင်ပေလိမ့်မည်။ သူ့ကျင့်ကြံဆင့်ကိုတော့ မဟာကျီရှန်းအဆင့် အစောပိုင်းအထိ ထိန်းချုပ်ထားသည်။

မူလ မဟာကျီရှန်းအဆင့် ကျင့်ကြံသူမှာ လေလွင်ပြင်မြို့၌ အဆင့်မြင့် ကျင့်ကြံသူအဖြစ် သတ်မှတ်၍ ရသော်လည်း  လတ်တလော၌ ကျင့်ကြံသူများစွာ ရောက်ရှိနေလေရာ  မဟာကျီရှန်းအဆင့်မှာ ဘာမှ မဟုတ်တော့ပေ။ မိုဝူကျိ၏ ရက်စက်သည့် သွင်ပြင်နှင့်  ခါးသက်သက် အမုန်းတရား အငွေ့အသက်များကြောင့် လူအများက သူ့အား မလေ့လာကြခြင်း ဖြစ်၏။

မိုဝူကျိက ဤနေရာ၌ ကြာကြာနေရန် ဆန္ဒ မရှိပေ။ သူက လေလွင်ပြင်မြို့ထဲပင် မဝင်ဘဲ  မြို့အပြင်မှ အဆိပ်ရေကန်ဆီ  တန်းသွားလိုက်သည်။

အဆိပ်ရေကန်၏ နေရာမှာ သိပ်မကျယ်ဝန်းပေ။ ကီလိုမီတာ  ၁၀၀ ပတ်လည်ပင် ကျော်မည် မဟုတ်ပေ။ ကမ္ဘာမြေတွင်ပင်  ဤသို့မျိုးနေရာကို ကျယ်ဝန်းသည်ဟု ယူဆမရပေ။

အဆိပ်ရေကန် ဘေးဖက်၌ ယာယီအဆောက်အဦးများ၊ ဈေးဆိုင်များ၊ ဆေးလုံး အိမ်တော်များ၊ တည်းခိုဆောင်များနှင့် ပြည့်နေသည်။ လူအုပ်ကြီးမှာလည်း မနည်းပါးလှပေ။ အများစုမှာ အဆိပ်ရေကန်ဘေးနား၌ ယောင်လည်လည် လုပ်နေကြလေ၏။ မိုဝူကျိက ဝင်သွားသည့်သူ တစ်ယောက်မှ မမြင်မိသေးပေ။

သူက ဈေးဆိုင်များအထိ လျှောက်လှမ်းသွားလိုက်သည့်အခါ အဆိပ်ဖြေဆေးမျိုးမျိုးကို ရောင်းချနေကြောင်း တွေ့လိုက်ရသည်။ အဆိပ်ဖြေဆေးအမျိုးမျိုး ဖြစ်ပြီး ဆေးလုံးအမျိုးအစားများမှာ  နှင်းဆီပန်း ဥယျာဉ်သဖွယ် ခင်းကျင်းထားလေ၏။ အများစုမှာ အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်သည့် မိုဝူကျိပင် မသိပေ။

မည်သို့သော အဆိပ်ဖြေဆေးကို မြင်စေကာမူ အောက်ခြေမှာ သတိပေးချက် ပါနေပြီး  ရောင်းသူအနေဖြင့် အဆိပ်ရေကန်ထဲမှ အဆိပ် ပြေစေရန် တာဝန်ယူပေးမည် မဟုတ်ကြောင်း  သတိပေးထားသည်။

ထိုသို့ သတိပေးထားသော်လည်း မိုဝူကျိက ကျင့်ကြံသူများစွာမှာ အဆိပ်ဖြေများ ဝယ်ယူနေကြကြောင်း တွေ့လိုက်ရသည်။ သူတို့က  ရေကန်ထဲ မဆင်းကြသေးသော်လည်း  ရေကန်ဘေးတွင် အချိန်ကြာကြာ ရှိနေခြင်းမှာလည်း အဆိပ်ဖြေဆေး လိုအပ်ပေသည်။

မိုဝူကျိက ခေါင်းခါလိုက်တော့သည်။ အခွင့်အရေး ရှိနေသရွေ့ လူများက စတေးကြမည် ဖြစ်၏။ သူတို့အသက် ဆုံးရှုံးသွားလျှင်ပင်  အလကားသပ်သပ် မဖြစ်ချေ။ သူက ထိုသို့တွေးမိသောကြောင့် သူလည်း အတူတူ ဖြစ်မနေဘူးလား။ တစ်ခုတည်းသော ခြားနားချက်မှာ သူတို့က ရှေးဦးမူလရေကျောက်အတွက် ရောက်လာကြစဉ် သူက ရေဓာတ် သဘာဝအမြုတေအတွက် ရောက်လာခြင်း ဖြစ်၏။

မိုဝူကျိက တည်းခိုဆောင်ထဲ ဝင်ကာ  ဝိညာဉ်အခါးရည်တစ်ခွက်ကို မှာလိုက်သည်။ သူက အရင်ဆုံး  စားပွဲထိုးဆီမှ အအဆိပ်ရေကန်အကြောင်းများ မေးမြန်းချင်သော်လည်း  သူ့ဘေးတွင် ဆွေးနွေးနေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤသို့ဆိုမှတော့ သူ့အနေနှင့် စားပွဲထိုးကို ခေါ်မမေးတော့ဘဲ  ဆွေးနွေးမှုကို နားစိုက်ထားလိုက်သည်။

“ မဟုတ်သေးဘူး  … အဲဒီဝေပင်းက ရေကန်ထဲ ဆင်းပြီးတော့ ရှစ်နာရီအကြာမှာ သေသွားတာ။ သူက မြုခိုးဝေ ဆေးလုံးအိမ်တော်ကနေ အဆိပ်ဖြေဆေး ဝယ်လာတာ။ သူက အကြာဆုံး ခံတာပဲ …. ”

“ မင်း ပြောနေတာ သတင်းအဟောင်းတွေကွ … ဒီမနက်တုန်းက  ဓားကြီးတောင်ဂိုဏ်းရဲ့  ပိုင်ဖင်းကျစ်က ရေကန်ထဲကနေ ထွက်လာပြီးတော့ ဆယ်နာရီ ခံတယ်တဲ့ ”

“ ရှေးဦးမူလရေကျောက်က ကန်ထဲမှာ တစ်ခုတည်း ရှိတာ ထင်တယ်။ မဟုတ်ရင် ကျန်တဲ့သူတွေက ဘာမှမရဘဲ ဘယ်လိုလုပ် နေမှာလဲ ”

“ ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ။ အဆိပ်ရေကန်ထဲ ဝင်တဲ့သူတွေက မြန်မြန် ထွက်သွားကြတာကို။ သူတို့ ဘာတွေ့သွားတယ်ဆိုတာ ဘယ်သူက သိမှာလဲ။ ငါတို့လို လူမျိုးတွေက ဒီကိုလာကြည့်ရုံပဲ တတ်နိုင်ကြတာကို …. ငါတို့တွေ တစ်ခုခု တွေ့ရင်တောင်  ပျော်ရွင်လောက်အောင် အသက်မြဲမှာ မဟုတ်ဘူး ”

…………….…

ထိုလူများက ပြင်းပြစွာ  ဆွေးနွေးနေကြသည်။ သူတို့ဆွေးနွေးမှုများမှ လူများက  လူမည်မျှ ရေကန်ထဲ  ဝင်သွားကြောင်း ပြောနိုင်ကြလေသည်။

“ ဒီမိတ်ဆွေလေးက အဆိပ်ရေကန်ကို အခုမှ ရောက်လာတာလား ” မိုဝူကျိက ဘေးနားမှ စကားဝိုင်းကို နားစိုက်ထောင်နေစဉ်  ကြည်ကြည်လင်လင် အသံတစ်သံက နှောင့်ယှက်လိုက်၏။

ကောက်ကြောင်းလှလှနှင့် အမျိုးသမီး တစ်ဦးက မိုဝူကျိရှေ့ ရောက်လာသည်။ ထိုအမျိုးသမီး ပေါ်လာသည်နှင့် ခပ်ဖျော့ဖျော့  ရနံ့ကလည်း မိုဝူကျိ၏ နှာခေါင်းဝဆီ ရောက်ရှိလာသည်။ မိုဝူကျိ စိတ်ထဲ ခံစားချက်တချို့ ဖြစ်ပေါ်သွားသည်။

သူက စိတ်ထဲ အေးစက်စွာ သရော်ကာ ရယ်မောလိုက်၏။

မဟာကျီရှန်းအဆင့်လေးက သူ့အား အဆိပ်ခတ်ရဲတယ်လား  ….. ထိုအမျိုးသမီးက သေချင်နေတာလား ….

သူ့အဆိပ်ဖြေ ချီသွေးကြောကို တစ်ကြိမ် လှည့်ပတ်လိုက်ရုံဖြင့် ထိုအဆိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားလေ၏။

“ ဒီမှာများ ထိုင်လို့ ရမလားဟင် ” အမျိုးသမီးက ဆွဲဆောင်မှုအပေါ် ချိုချိုသာသာ အပြုံးလေး ထပ်ပေါင်းကာ ပြောလိုက်သည်။

မိုဝူကျိက အမျိုးသမီး လည်ပင်းကို စိုက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်  “ ကြိုက်သလို လုပ်ပါ ”

အမျိုးသမီး ခန္ဓာကိုယ်က ကွေးညွတ်လာကာ ထိုင်ချလိုက်သည်။ သူမ၏ ဝင့်ထွားသော ရင်သားများ အနည်းငယ် ထွက်ပေါ်နေသည်ကို  ဂရုမစိုက်မိဟန်ဖြင့် မိုဝူကျိအား  ပြောလိုက်ပေသည်  “ အင်မော်တယ်ရောင်းရင်းက  အဆိပ်ရေကန်ဆီ သွားချင်နေတာလား ”

“ ဟုတ်တယ်။ ကျုပ် တစ်ချက်သွားကြည့်မလို့  ….  ရက်နည်းနည်းလောက် လေ့လာကြည့်တာ ဘယ်သူမှ အဆိပ်ရေကန်ကနေ အသက်ရှင်ရက် ထွက်မလာနိုင်ဘူးလေ။ အဲကြောင့် အခု အခက်တွေ့နေတာ ” မိုဝူကျိက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။

အမျိုးသမီးက လက်ကို မြှောက်ကာ ဘေးပတ်လည်၌ အတားအဆီးချလိုက်ပြီး

“ အင်မော်တယ်ရောင်းရင်း …  ကျမဆီမှာ အဆင့် ၇ အဆိပ်ဖြေဆေး ရှိတယ်။ တကယ်လို့ အင်မော်တယ်ရောင်းရင်းက ကျမနဲ့ ပူးပေါင်းမယ်ဆိုရင်  ဒီဆေးလုံးကို ပေးပါ့မယ်။ ဒါပေမဲ့ ကျမဆီမှာ တောင်းဆိုချက် တစ်ခုတော့ ရှိတယ်။

တကယ်လို့ အင်မော်တယ်ရောင်းရင်းက ရှေးဦးမူလရေကျောက်ကို တွေ့ခဲ့ရင် ကျမ သုံးပုံတစ်ပုံ လိုချင်တယ်။ ကျန်တာ ဘာမှ မလိုပါဘူး  ”

“ ကျုပ် သေသွားရင်ရော ” မိုဝူကျိက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

အမျိုးသမီးက တည်ငြိမ်နေဆဲ ဖြစ်ပြီး

“ အဆိပ်ရေကန်ထဲ ဝင်တာနဲ့  သေဆုံးနိုင်ခြေက အလွန်မြင့်တယ်။ ကျမဆီမှာ အဆင့် ၇ အဆိပ်ဖြေဆေး ရှိတယ်ဆိုပေမဲ့  အင်မော်တယ်ရောင်းရင်း အဆင်ပြေလိမ့်မယ်လို့ အာမခံမပေးရဲဘူး။ ကျမတို့တွေ ပူးပေါင်းလုပ်မှာဆိုတော့ နှစ်ဖက်လုံး စတေးရမှာပေါ့။

ကျမက အဆင့် ၇ အဆိပ်ဖြေဆေးလုံးကို ပေးမယ်။ အဆင့် ၇ အဆိပ်ဖြေဆေးလုံးက  ဖီးနစ်ဌက်မွေးလိုမျိုး ရှားပါးတဲ့အရာဆိုတာ သိမှာပါ။ တကယ်လို့ အဆိပ်ဖြေဆေး မရှိရင် အဆိပ်ရေကန်ထဲ ဝင်လာတဲ့ သေလိမ့်မယ်။  စတေးနိုင်မှ ဆုလာဘ်လည်း ရမှာ မဟုတ်ဘူးလား  ….. ”

All Chapters