← Chapters

အပိုင်း(၄၆၀)

Vol. 31 Ch. 460

အပိုင်း(၄၆၀)

Vol. 31 Ch. 460

အချိန်များကုန်ဆုံးသွားပြီးနောက်  စွမ်းအားများအားလုံးကုန်ဆုံးလုနီး

ပါးဖြစ်နေသော  အဝါရောင်လျှပ်စီးတို့မှာ နောက်ဆုံး၌ ရှစ်ဖုန့်၏  နောက်ဆုံးလက်သီးချက်အောက်တွင်  အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ ၎င်းကအဝါရောင်လျှပ်စီးအလင်းစီးကြောင်းများအဖြစ်ပြောင်းလဲသွားပြီး  မိုးပြာရောင်ကောင်းကင်ထဲ၌ ဟိုဟိုသည်သည်ရောက်သွားပြီးနောက်ဆုံး၌  ပျောက်ကွယ်သွားသည်။

အမွှေးနက်မိစ္ဆာကဲ့သို့ဖြစ်နေသော ရှစ်ဖုန့်မှာ  ဟင်းလင်းပြင်ထဲတွင် ဝင့်ကြွားစွာထရပ်လိုက်ပြီး   ဟင်းလင်းပြင်ထဲ၌ပင်ရှိနေသော လူလေးဦးအား အော်ပြောလိုက်သည်။

“သွားစို့”

ဤအချိန်တွင် ရှစ်ဖုန့်အနေဖြင့် သေခြင်းတားမြစ်နယ်မြေအတွင်းမှ ပျံသန်းထွက်ခွာရန်အတွက်  မစောင့်ဆိုင်းနိုင်ပေ။ သူ့ကိုယ်ပေါ်ရှိ ရှည်လျားသော အမွှေးနက်များက လည်ပင်း အထိပျံ့နှံ့ရောက်ရှိလာပြီဖြစ်သည်။  သူ၏စိတ်ထဲတွင် ဝိုးတိုးဝါးတားဖြစ်နေသော နတ်ဆိုးအသံအား မသဲမကွဲအမှတ်ရနေသည်။

သူ့အနေဖြင့် ဤသေခြင်းတားမြစ်နယ်မြေအတွင်းမှ  ဖြစ်နိုင်သမျှ  အမြန်ဆုံးထွက်ခွာသွားရမည်ဖြစ်၏။

အကယ်၍ သူ၏ကိုယ်အား အပိုင်းပိုက်ကွဲထွက်အောင်လုပ်ပြီး သူ၏ ကိုယ်မှဝိညာဉ်အားခွဲထွက်ရမည်ဆိုလျှင်တောင်   ဤသေခြင်းတားမြစ်နယ်မြေထဲ၌တော့သူမလုပ်ရဲပေ။  ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူ၏လက်အတွင်း ကိုင်ထားခဲ့သော ဖျောင်ရွှယ်ယွဲ့၏  ဝိညာဉ်က  ဤနည်းဖြင့်ပင် ဖျက်ဆီးခြင်းကိုခံလိုက်ရသောကြောင့်ဖြစ်သည်။

အော်ပြောပြီးနောက် ရှစ်ဖုန့်က သူ၏ ရွှေ့လျားမှု ကို ထုတ်ဖော်လိုက်ပြီး  အမြင့်ဆုံးသော အမြန်နှုန်းဖြင့်  ရှေ့သို့တစ်ဟုန်ထိုးဦးတည်သွားသည်။  သူဖြတ်သန်းသွားသောနေရာတိုင်းတွင်   ဟင်းလင်းပြင်ထဲ၌  အဖြူရောင်အရိပ်များ အတွဲလိုက်ကျန်ရစ်ခဲ့သည်။

သားအမိနှစ်ဦးမှာ အစက ချူးယွဲ့အားရှာဖွေရန်အတွက်သေခြင်း

တားမြစ်နယ်မြေဆီသို့လာခဲ့ခြင်းဖြစ်သည်။  ယခု ချူးယွဲ့အားရှာတွေ့ခဲ့ပြီး ၎င်းက နင်ချန်၏လက်အတွင်း၌ရှိနေသည်။ ပင်ကိုယ်အား ဖြင့် သူမတို့သည် ဤကဲ့သို့ အန္တရာယ်များသောနေရာ၌  နေလိမ့်မည်မဟုတ်ပေ။

ချီလင်ဘုရင်မှာလည်းဤသေခြင်းတားမြစ်နယ်မြေအတွင်း၌ သေလုနီးပါး အကြိမ်များစွာဖြစ်ခဲ့သည်။ ရှစ်ဖုန့်၏ကျေးဇူးများကြောင့်သာ ရှစ်ဖုန့်ထွက်ခွာသွားပြီးနောက် သူ့အား ငထူးဆန်းကောင်နင်ချန်၏ ကယ်တင်ပေးမှုအား အကြိမ်များစွာခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးတွင် အဆင့်ခုနှစ် သူတော်စင်နယ်ပယ်ဓားရှည်တစ်လက်အား သူရရှိခဲ့သောကြောင့်  သူ့အနေဖြင့်ကျေနပ်မှုရှိသည်ဖြစ်သည်။  ရှစ်ဖုန့်က ထွက်ခွာမည်ဟုပြောသောကြောင့်   သူသည်လည်း ပင်ကိုယ်အားဖြင် ထပ်ပြီး ဤနေရာ၌နေလိမ့်မည်မဟုတ်ပေ။

နင်ချန်၏ စကားများအတွက်ကတော့ သူမသိချေ။ဤငထူးဆန်းကောင် က အိပ်မောကျနေသော  အမွေးနက်မွန်းစတားကိုသယ်ဆောင်ပြီး အခြားသူများနှင့်အတူအဝေးသို့ပျံသန်း

သွားသည်။ ဤငထူးဆန်းကောင်၏ စိတ်ထဲ၌ ဘာရှိသည်ဆိုသည်ကို မည်သူမျှမသိချေ။

“ငါ့ကိုအညံ့ခံစမ်း..ငါ့ကိုအညံ့ခံစမ်း.ငါ့ကိုအညံ့ခံစမ်း”

ရှေ့မှပျံသန်းနေသော ရှစ်ဖုန့်မှာ   သူ၏စိတ်တွင်းမှ စိတ်ညှို့နေသော   နတ်ဆိုးအသံကို နောက်တစ်ကြိမ်ထပ်မံ၍ ကြားလိုက်ရပြီး   ရှစ်ဖုန့်တစ်ယောက် ယာယီစိတ်လွတ်သလိုဖြစ်သွားရသည်။  ရှစ်ဖုန့်ပြန်အသိဝင်လာချိန်တွင်  ရုတ်တရက်ကြီးစွား အလန့်တကြားနိုးကြားမှုဖြစ်သွားရ၏။ ပျံသန်းနေရင်းသူ၏လက်တို့အား ဆီးလ်တစ်ခုလုပ်လိုက်ပြီး  အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။

“စိတ်.အကာအကွယ်”

“ငါမြန်မှရမယ်…ငါဒီသောက်နေရာစုတ်ကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရမယ်”

နာရီဝက်ခန့်ကြာပြီးနောက်   နောက်ဆုံးတွင်  သူ့ရှေ့ရှိ ဧရာမတောင်ကြီးတစ်လုံးအားရှစ်ဖုန့်တွေ့လိုက်ရပြီး ၎င်းက ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ထားပုံပေါ်၏။ တောင်၏အခြေ၌  မြင့်အားသော သံချေးရောင်  တံခါးနှစ်ချပ်ရှိနေပြီး ၎င်းက  အချိန်ကြာမြင့်တည်ရှိနေခဲ့ပုံရသည်။  ဤအချိန်၌  သံချေးရောင်တံခါးနှစ်ချပ်မှာ ထပ်မံ၍ ခပ်တင်းတင်း ပိတ်ထားပြန်သည်။

၎င်းမှာပွင့်သွားပြီးနောက် အချိန်တစ်ခုကြာမြင့်ပြီးနောက်တွင် အလိုအလျောက်ပြန်လည်ပိတ်သည့်ပုံပေါ်သည်။

ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့ ချူးယွဲ့နောက်သို့လိုက်ပြီး ဤနေရာသို့ ရောက်တုံးကကဲ့သို့ပင်   ၎င်းတို့က ပိတ်နေသည်။

“လောင်ကျွမ်းစမ်း”

ရှစ်ဖုန့်အော်ပြောလိုက်သည်။  ရုတ်ခြည်း  ပြင်းထန်သာ သွေးနီရောင်မီးတောက်အစုအဝေးက  ရှစ်ဖုန့်ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာပြီး ရှေ့သို့လောင်ကျွမ်းသွားသည်။  လောင်ကျွမ်းနေသော မီးတောက်များက  သွေးနီရောင်မီးတောက်ပုံရိပ်တစ်ခုအဖြစ် လျှင်မြန်စွာ ဖွဲ့စည်းသွားပြီး  သံချေးရောင်တံခါးနှစ်ချပ်ရှေ့၌ ကျဆင်းသွားသည်။

“ခရက်..ခရက်.ခရက်..ခရက်”

သွေးနီရောင်မီးတောက်ပုံရိပ်က   ရုတ်တရက်  သံချေးရောင်တံခါးနှစ်ချပ်အား  ဆွဲလိုက်ပြီး ယင်းက မြေပြင်အားထပ်မံတုန်ခါသွားစေသည်။  သံချေးရောင်တံခါးနှစ်ချပ်ထပ်မံပွင့်လာ

သောအခါတွင်   သွေးနီရောင်မီးတောက်ပုံရိပ်က  သွေးနီရောင်မီးတောက် အစုအဝေးအဖြစ်ပြန်ပြောင်းသွားပြီး  ရှစ်ဖုန့်ဆီသို့ပြန်လာသည်။

ရှစ်ဖုန့်က ခေါင်းလှည့်၍ သူ၏ နောက်သို့ကြည့်လိုက်သည်။  နင်ချန်နှင့်ချီလင်ဘုရင်တို့ကသူ့အားမှီလုနီးဖြစ်သည်။  ပြဿနာကား ဘိုးဘေးနယ်ပယ်အဆင့်၌သာရှိနေသော လှပသည့်သားအမိနှစ်ဦးပင်ဖြစ်သည်။ သူမတို့က နောက်ခပ်ဝေးဝေးတွင်ကျန်နေခဲ့၏။

“ဒါက အလုပ်အဖြစ်ဘူး.သူတို့က အရမ်းနှေးတယ်..”

သားအမိနှစ်ဦးအားကြည့်ကာ ရှစ်ဖုန့်မျက်မှောင်ကြုတ်လိုက်သည်။ ထိုထက်ပိုသည်ကား၎င်းတို့မှာ အရမ်းအားနည်း၏။  ၎င်းတို့က သူထွက်ခွာရန်အတွက်ကြန့်ကြာစေဖို့ဖြစ်ဖို့များသည်။

ဤအရာအားတွေးမိသောအခါတွင်  ရှစ်ဖုန့် ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ကောင်းကင်အားတစ်ဟုန်ထိုးထိုးခွင်း၍ သားအမိနှစ် ဦးထံပျံသန်းသွားလိုက်သည်။

“အမ်”

ရှစ်ဖုန့်ပြန်လည်ပျံသန်းလာသည်ကိုတွေ့လိုက်ရသောအခါ နင်ချန်နှင့်ချီလင်ဘုရင့်တို့အံ့အားသင့်သွားသည်။

“ရွှတ်”

ရှစ်ဖုန့်၏ ပုံရိပ်က ၎င်းတို့အား လေကဲ့သို့ဖြတ်သန်းသွားသည်။  သူတို့ခေါင်းအားလှည့်လိုက်သောအခါတွင်  ရှစ်ဖုန့်ကသူတို့နောက်ရှိ သားအမိနှစ်ဦးထံပျံသန်းသွားသည်ကို တွေ့လိုက်သည်။

ရှစ်ဖုန့်က သားအမိနှစ်ဦးရှေ့ရောက်ပြီးပြီးချင်း  တဲ့တိုးပင်ပြောလိုက်သည်။

“မင်းတို့ဒီလိုလုပ်လို့မဖြစ်ဖူး..မင်းတို့က အရမ်း နှေးတယ်…ဒီသခင်လေးတို့တွေ သေခြင်းတားမြစ်နယ်မြေထဲက ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားဖို့လိုတယ်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်  သားအမိနှစ်ဦးမှာ   တုန်လှုပ်သွားသည်။ရှစ်ဖုန့်၏ ဆိုလိုရင်းအားသူမတို့နားလည်ပုံပေါ်၏။  သူမတို့က အရမ်းနှေးသောကြောင့်သူမတို့အား  ပစ်ပယ်ထားခဲ့တော့မည်လား။

သေခြင်းတားမြစ်နယ်မြေအတွင်းမှ အကျပ်အတည်းများနှင့် သေခါနီးမှသီသီးလေး လွတ်ခဲ့မှုတို့အား တွေးမိသောအခါတွင် သူ့ကြေင့်သာမဟုတ်ပါက သားအမိနှစ်ဦးမှာ အချိန်တော်တော်ကြာကတည်းက သေခဲ့ပြီးဖြစ်သည်။

သူသာသူမတို့အား တကယ်ပစ်ပယ်ခဲ့လျှင် သေခြင်းတားမြစ်နယ်မြေထဲက မည်ကဲ့သို့ထွက်ရည်ကိုသူမတို့မသိချေ။

ဂူအတွင်းရှိ အဖြူရောင်အရိုးစုများအပေါ်မှ အမွှေးနက်လက်ကြီးတစ်ခုတည်းကပင် သူမတို့အား ထွက်သွား၍ မရနိုင်အောင် လုပ်နိုင်သည်ဖြစ်သည်။ဂူအပြင်ဘက်

တောင်ကြားချိုင့်ဝှမ်းအတွင်းရှိနေသော ဖုတ်ကောင်များမှာ သူတော်စင်နယ်ပယ်များဖြစ်ကြသည်။၎င်းတို့ထဲမှမည်သူမဆိုသူတို့အားသတ်ပစ်နိုင်

သည်ဖြစ်သည်။

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လှပသော အမျိုးသမီးမှာ ပို၍ စိတ်ပူလာသည်။ သူမကသူ့အားကြည့်လိုက်ပြီးတောင်းပန်လိုက်သည်။

“တို့မင်းကိုဆွဲမထားပါဘူး..ဒါပေမဲ့ ရှင်းအာနဲ့ ချူးယွဲ့ကိုတော့ခေါ်သွားပေးဖို့တို့ကိုကူညီနိုင်မလား..တို့မင်းကိုတောင်းပန်ပါတယ်.. တို့တွေအတူတူရှိခဲ့တာကြာပြီလေ”

မိခင်ဖြစ်သူ၏ စကားအားကြားရသောအခါတွင်   ကောင်မလေး၏မျက်နှာထက်၌ ရုတ်ခြည်း တုန်လှုပ်မှုများဖြင့်ပြည့်သွားသည်။ သူမကချက်ချင်းခေါင်းခါယမ်း

လိုက်ပြီးပြောလိုက်သည်။

“ဟင့်အင်း ..အမေ.. သမီးဘယ်လိုလုပ်ပြီးသွားနိုင်မှာလဲ.ဘယ်လိုလုပ်ပြီး ဒီနေရာမှာ အမေ့ကိုတစ်ယောက်တည်းထားခဲ့နိုင်မှာလဲ..

သမီးဖာသာသမီးသွားမယ်..အမေသွားချင်တယ်ဆို သမီးတို့အတူတူသွားမယ်”

သားအမိနှစ်ဦး၏ စကားတို့အားကြားလိုက်ရသောအခါတွင် သူမတို့သူ့အားနားလည်မှုလွဲနေမှန်း ရှစ်ဖုန့်သိလိုက်သည်။ သူကလျှင်မြန်စွာပြောလိုက်သည်။

“မင်းတို့နှစ်ယောက်လုံး အတွေးများနေပြီ…ဒီသခင်လေးကမင်းတို့ကို ဒီမှာထားခဲ့မယ်လို့ဆိုလိုတာမဟုတ်ဖူး”

“ဒါဆို”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် သားအမိနှစ်ဦးက ရှစ်ဖုန့်အားအံ့အားသင့်စွာကြည့်လိုက်သည်။  အစောပိုင်းကသူမတို့ကသူ့အားလေး

ဖင့်စေသည်ဟု ရှင်းလင်းစွာဆိုခဲ့သည်ဖြစ်သည်။

ရှစ်ဖုန့်ကသူမတို့အားပြောလိုက်သည်။

“ဒီသခင်လေးမှာ နေရာလွတ်ရွှမ်းလက်နက်ရှိတယ်.. မင်းတို့အဲ့ထဲဝင်လို့ရတယ်..ဒီသခင်လေး ခေါ်သွားပေးမယ်”

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်သားအမိနှစ်ဦးမှာ ပို၍ အံ့အားသင့်သွားသည်။သူမတို့သိရသလောက် သက်ရှိများအား ဝင်ရောက်ခွင့်ပြုနိုင်သော  နေရာလွတ်ရွှမ်းလက်နက်တစ်ခုအားလုံးဝကြားဖူးခြင်းမရှိပေ။

ယနေ့ခေတ်တွင် ဤကမ္ဘာ၌  လက်နက်သန့်စင်နည်းလမ်းအများစုမှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။သက်ရှိများအား ဆံ့သော နေရာလွတ်ရွှမ်းလက်နက်တစ်ခုမှာ ရှေးခေတ်ဒဏ္ဍာရီအချိန်များ၌သာ တည်ရှိခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ် အဂ္ဂရိတ်သန့်စင်သူများက၎င်းအား မသန့်စင်နိုင်ပေ။ ထို့ကြောင့် သက်ရှိများ ဝင်ဆံ့သော နေရာလွတ်ရွှမ်းလက်နက်တစ်ခုအကြောင်းအား သားအမိနှစ်ဦးမသိသည်မှာ အံ့အားသင့်စရာတော့မဟုတ်ပေ။

ထို့နောက်ရှစ်ဖုန့်က သားအမိနှစ်ဦးအားပြောလိုက်သည်။

“မင်းတို့စိတ်ကို လျော့ထား”

တစ်လျှောက်လုံးရှစ်ဖုန့်၏  စကားအားနားထောင်ခဲ့ပြီးသည့်နောက်သားအမိနှစ်ဦးမှာ ရှစ်ဖုန့်၏စကားများအပေါ် ချီတုံချီချဖြစ်မနေပေ။  ထို့နောက်မကြာခင် ရှစ်ဖုန့်၏ ညွှန်ကြားချက်အတိုင်းလိုက်နာပြီးသူမတို့၏ စိတ်အားဖြေလျော့ထားလိုက်သည်။

ရှစ်ဖုန့်ကသူ၏ဘယ်လက်ဝါးအား သူမတို့ထံ ညွှန်လိုက်သည်။  ထိုနောက်သွေးနီရောင်အလင်းတစ်ခုလင်းလက်သွားပြီး  သားအမိနှစ်ဦးမှာ ရှစ်ဖုန့်၏ နေရာလွတ်သွေးနီရောင်ကျောက်ပြားအတွင်းသို့ ဆွဲယူခြင်းခံလိုက်ရသည်။

လုပ်စရာများပြီသည့်နောက် ရှစ်ဖုန့်က အချိန်ထပ်မဖြုန်းနေပေ။  လျှင်မြန်စွာလှည့်လိုက်ပြီး ဧရာမတောင်ကြီးထံပျံသန်းလိုက်သည်။ စောင့်ကြည့်နေကြသော နင်ချန်နှင့်ချီလင်ဘုရင်တို့အနီးသို့ ကပ်လာသောအခါ၌  ရှစ်ဖုန့် ကအော်ပြောလိုက်သည်။

“သွားလေ..မင်းတို့ကဘာကို

ကြောင်ကြည့်နေတာလဲ”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters