← Chapters

ဖုန်းရှို့တောင်မှ နာမည်ကျော်များ

Vol. 13 Ch. 173

ဖုန်းရှို့တောင်မှ နာမည်ကျော်များ

Vol. 13 Ch. 173

ခေါင်းလောင်းသံ လေးကြိမ်သည် ကြီးမားသော နိုင်ပွဲအား ရည်ညွန်း၏။

ဖုန်းလင်ဓားဂိုဏ်းနှင့် တိုက်ပွဲက အနိုင်ရသွားတာများလား။

ဟန်မူယဲ့ အလင်းတန်းအသွင်ဖြင့် ဓားစံအိမ်ထံသို့ ပြေးလွှားသွားသည်။

“လီရှီးရှီး… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွင်းစည်းတပည့်ဟာ တောင်ပိုင်းကုန်းမြေက မိစ္ဆာကို သတ်ဖြတ်ပြီးတော့ ဓားတစ်လက်ကို ဓားစံအိမ်သို့ ပို့ဆောင်ခဲ့ပါတယ်”

“အတွင်းစည်းတပည့်တွေ ဖြစ်တဲ့ စုန့်ရှစ်ယွမ်နဲ့ စုန့်စစ်ယွီတို့ဟာ တောင်ပိုင်းကုန်းမြေက မိစ္ဆာများကို သတ်ဖြတ်ခဲ့ပါတယ်”

“အတွင်းစည်းတပည့် လုရီဟာ တောင်ပိုင်းကုန်းမြေက ကျားမိစ္ဆာကို အမဲလိုက်သတ်ဖြတ်ပြီးတော့ အရိုးတွေကို ဂိုဏ်းသို့ ပြန်လည်ပို့ဆောင်ပါတယ်”

…

အတွင်းစည်းဂိုဏ်း နံပါတ် ၂၊ လီရှီးရှီး။

အတွင်းစည်းဂိုဏ်း နံပါတ် ၃၊ စုန့်ရှစ်ယွမ်။

အတွင်းစည်းဂိုဏ်း နံပါတ် ၄၊ စုန့်စစ်ယွီ။

အတွင်းစည်းဂိုဏ်း နံပါတ် ၅၊ လုရီကျန့်။

သူတို့အားလုံးသည် ဂိုဏ်း၏တိုက်ရိုက်တပည့်များ ဖြစ်ကြသည်။

ယခု ထိုနာမည်များအား ထုတ်ပြန်ကြေညာသောအခါ လူတိုင်းက လူငယ်မျိုးဆက်များသည်လည်း သူတို့ မသိလိုက်သောအချိန်တွင်ပင် ဂိုဏ်း၏ထောက်တိုင်များ ဖြစ်လာပြီဖြစ်ကြောင်း သိလိုက်ကြသည်။

အတွင်းစည်းဂိုဏ်းသားတချို့သည် ကမ္ဘာမြေအဆင့်မိစ္ဆာများအား သတ်ဖြတ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သူတို့က ဖုန်းရှို့တောင်တွင် တိုက်ပွဲတချို့ အနိုင်ရလာခြင်း ဖြစ်နေသည်။

ဟန်မူယဲ့ ဓားစံအိမ်သို့ ရောက်သွားသောအခါ အနီရောင်ဝတ်ဂိုဏ်းသားတချို့ ထိုနေရာတွင် ရပ်နေပြီး ဖြစ်သည်။

ဟန်မူယဲ့က ကျောက်တုံးလှေကားထစ်ပေါ်သို့ တက်ကာ ဓားပို့ဆောင်သောလူအား ကြည့်သည်။

လုတစ်ဆယ်။

အတွင်းစည်း နံပါတ် ၅၊ လုရီကျန့်။

“အတွင်းစည်းတပည့် လုရီကျန့်က စီနီယာအစ်မ ရခဲ့တဲ့ဓားကို ဓားစံအိမ်သို့ ပို့ဆောင်ပါတယ်”

လုတစ်ဆယ်က အော်ဟစ်ကာ ဓားကို လက်နှစ်ဖက်ဖြင့် ကမ်းပေးသည်။

ဟန်မူယဲ့က ဓားကို လှမ်းယူလိုက်၏။

ကလင်…

ဓားကို ထုတ်လိုက်လျှင် အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ဝိညာဉ်ဓားတစ်လက်။

ဓားသည် သူ့လက်ထဲတွင် ရှိနေသောအခါ ဟန်မူယဲ့က သူ့သွေးများ ဆူပွက်လာသည်ဟု ခံစားရသည်။

ဓားသည် တောင်ပိုင်းကုန်းမြေ၏ သွေးယဇ်ပူဇော်ခြင်းနည်းစနစ်ဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။ ၎င်း၏အစွဲအလမ်းအငွေ့အသက်များမှာ အလွန်အားကောင်း၏။

ဓားသည် ဓားစံအိမ်တတိယထပ်တွင် ထားကာ တဖြေးဖြေး ဓားချီဖြင့် ပြန်လည်သန့်စင်ရန် လိုအပ်၏။

“ဒီနေ့ ကျုပ်က ဖုန်းရှို့တောင်တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဓားတစ်လက်ကို ဓားစံအိမ်သို့ လက်ခံခဲ့တယ်”

ဓားကို ဓားအိမ်ထဲ ပြန်ထည့်ကာ ဟန်မူယဲ့က လုတစ်ဆယ်အား ခေါင်းညိတ်ပြသည်။ ထို့နောက် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်လျှက် ဓားစံအိမ်ထဲသို့ ဝင်လာ၏။

ဟန်မူယဲ့ လှေကားထစ်အတိုင်း အပေါ်ထပ်သို့ တက်လာ၏။ သူ၏လက်သည် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထား၏။ ဓားချီများ ဓားထံသို့ စီးဆင်းသွားသည်။

ဓားသည် မိစ္ဆာမျိုးနွယ်ပညာရှင်တစ်ဦး၏ ရှားပါးဓားတစ်လက် ဖြစ်သည်။

ဓားထံမှ ရုန့်ရမ်းသော ဓားချီအနည်းငယ်သည် ဟန်မူယဲ့အား တားဆီးကြ၏။ သို့သော်လည်း ထိုဓားချီများမှာ ဟန်မူယဲ့အတွက် ဘာမှ မဟုတ်ပါ။ အချိန်တိုအတွင်း ဓားအတွင်း၌ ရှိနေသော ဓားချီများ ပြိုကွဲသွားသည်။

ဟန်မူယဲ့၏အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။

ဓားသည် မိစ္ဆာသားရိုင်းများ၏သန့်စင်သော သွေးများဖြင့် သွန်းလုပ်ရာတွင် ယဇ်ပူဇော်ထားခြင်း ဖြစ်သည်။

သည်ဓားတစ်လက်တည်း၌ အခြေခံအုတ်မြစ်အဆင့် သားရိုင်းများစွာတို့၏‌ သွေးများဖြင့် သန့်စင်ထုဆစ်ထားသည်။

ကမ္ဘာမြေအဆင့်မိစ္ဆာ၊ ထို့ယွမ်။

မြေခွေးစိမ်းမျိုးနွယ်။

ကမ္ဘာမြေအဆင့် မြေခွေးမိစ္ဆာသည် ဓားတစ်လက်ကို ကိုင်ကာ တိုက်ခိုက်နေသည်အား သူ မြင်၏။

သူသည် မျိုးနွယ်တူများ၊ မျိုးနွယ်ကွဲများနှင့် တခြားသော လူသားများအား သတ်ဖြတ်သည်။

ထိုဓားများမှ ဟန်မူယဲ့သည် တောင်ပိုင်းကုန်းမြေမှ ပရမ်းပတာ အခြေအနေများအား မြင်တွေ့ရ၏။

တောင်ပိုင်းကုန်းမြေတွင်ကား အားကြီးသူက အားနည်းသူကို အနိုင်စားကာ တောတွင်းဥပဒေကို ကျင့်သုံးကြသည်။ နေရာတိုင်းတွင် တိုက်ခိုက်လုယက်ခြင်း၊ သတ်ဖြတ်ခြင်းများဖြင့် ရှိနေကာ ရက်စက်ကြမ်းတမ်းသော သူတို့၏သဘာဝကို ထင်ဟပ်စေသည်။

ထို့ကြောင့်ပင် တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများသည် တိုက်ခိုက်သတ်ဖြတ်ရာ၌ ထူးချွန်ကြ၏။

ဓား၏ပုံရိပ်များမှ တစ်ဆင့် မိစ္ဆာထို့ယွမ်သည် ဝိညာဉ်နိုးထခြင်း အဌမအဆင့်၌သာ ရှိသော်လည်း သူသည် အမြုတေဖွဲ့စည်းခြင်း စတုတ္ထအဆင့်များကိုပင် အနိုင်ယူနိုင်သည်ကို တွေ့ရသည်။

ဖုန်းရှို့တောင်တွင် သူသည် လူသားအတော်များများကို သည်ဓားဖြင့် သတ်ဖြတ်ခဲ့၏။

လီသုံးက ထို့ယွမ်အား သတ်ဖြတ်ကာ ဓားကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပို့ဆောင်ခဲ့ခြင်းမှာ မထူးဆန်းတော့ပါ။

ဟန်မူယဲ့သည် မိစ္ဆာမျိုးနွယ်တို့၏ဓားသိုင်း၊ ဖုန်းလင်ဓားသိုင်းအား တတ်မြောက်ခဲ့သည်။

သူသည် မိစ္ဆာမျိုးနွယ်ဓားသိုင်း၊ သွေးစွန်းဓားသိုင်းကို တတ်မြောက်ခဲ့သည်။

လူသားတို့၏ဓားသိုင်းများနှင့် နှိုင်းယှဉ်ပါက မိစ္ဆာမျိုးနွယ်ဓားသိုင်းများမှာ ပိုမို၍ ရိုးရှင်းကာ ရုန့်ရမ်းကြမ်းတမ်းသည်။

ထို့ယွမ်၏ဓားသိုင်းသည် ထူးဆန်းကာ သူ အသုံးပြုသောအခါ အလွန်ရက်စက်ကြမ်းကြုတ်၏။

သူတစ်ယောက်တည်း ထိုသို့မဟုတ်ပါ၊ တခြားမိစ္ဆာများသည်လည်း ထိုနည်းတူ ဖြစ်သည်။

သူ တတိယထပ်သို့ တက်လာသောအချိန်အတွင်းမှာပင် လီရှီးရှီးက သူမ၏ဓားဖြင့် မိစ္ဆာထို့ယွမ်ကို သတ်ဖြတ်သော မြင်ကွင်းအား မြင်တွေ့ရသည်။

သူမ၏ဓားကား နဂါးတစ်ကောင်အလား လေနှင့်တိမ်တို့ကို ဆွဲခေါ်နိုင်သည်။

ဓားသည် အလွန်မြန်ဆန်ကာ တိကျ၏။

ဓားစွမ်းအင်သည် ဆယ်မိုင်ပတ်လည်မှ ရာသီဥတုအား ပြောင်းလဲစေသည်။

ဓားတစ်ချက်ဖြင့် သူမသည် ထို့ယွမ်အား သတ်ဖြတ်ခဲ့၏။

ဖုန်းရှို့တောင်သည် လူငယ်သူရဲကောင်းများ နာမည်ကျော်ကြားရာ နေရာ ဖြစ်လာသည်။

ပုံရိပ်ထဲမှ တိုက်ခိုက်နေကြသော လူငယ်သူရဲကောင်းများအား ကြည့်ကာ ဟန်မူယဲ့၏သွေးများ ဆူပွက်လာပြီး သူ့ဒန်ထျန်မှ ဓားဆေးလုံးသည် လှုပ်ယမ်းလာ၏။

လောကတွင် ထိုသို့ မြင်ကွင်းကို ကြည့်ကာ မည်သူက သွေးမဆူဘဲ နေမည်နည်း။

ဓားသမားတစ်ဦးသည် တိုက်ခိုက်ခြင်းဖြင့် အတွေ့အကြုံကို စုဆောင်းရသည်။

ဓားသည် တုန်ခါကာ သူ၏သွေးချီများလည်း လှည့်ပတ်လာသည်။

ထိုစဉ် ဓားထံမှ သွေးအဆီအနှစ်များသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာကာ သူ၏ကိုယ်မှ ရှေးဟောင်းနွားသိုးသွေးမျိုးဆက်အား ပိုမိုအားကောင်းလာစေသည်။

သူ၏နောက်တွင် ရှေးဟောင်းနွားသိုးပုံရိပ် ဖြစ်ပေါ်လာကာ သွေးချီများမှာ ပိုမိုသန့်စင်စုစည်းလာသည်ကို တွေ့ရ၏။

ဤသည်ကား အံ့ဖွယ် ရှာဖွေတွေ့ရှိမှု ဖြစ်သည်။

ဓားထံမှ သွေးအဆီအနှစ်သည် သူ၏နွားသိုးခွန်အားနည်းစနစ်ကို ချီစုစည်းခြင်း ဒုတိယအဆင့်သို့ အမှန်တကယ် တက်လှမ်းစေခဲ့သည်။

နောင်တွင် သူသည် မိစ္ဆာများ၏သွေးအဆီအနှစ်များကို စုဆောင်းရတော့မည့်ဟန်ရှိသည်။

ဓားကို ဓားစံအိမ်တတိယထပ်ရှိ သစ်သားစင်ပေါ်၌ တင်ထားခဲ့ပြီးနောက် ဟန်မူယဲ့ အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

သူ အောက်ထပ်သို့ ဆင်းလာသောအခါ ယန်မင်ရွှမ်နှင့် ကျန်းမင်တို့သည် တခြားဓားများကို စာရင်းမှတ် သိမ်းဆည်းနေကြသည်ကို တွေ့ရသည်။

“အစ်ကိုတစ်ဆယ်… အခြေအနေ ဘယ်လိုလဲ”

လုတစ်ဆယ်အား ဓားစံအိမ်အပြင်တွင် တွေ့ဆုံကာ ဟန်မူယဲ့က ပြုံးလျက် မေးသည်။

လုတစ်ဆယ်ကလည်း ပြုံးသည်။

“သေချာပေါက် စိတ်ကြိုက်သတ်ဖြတ်ခဲ့တာပေါ့”

“ငါ မင်းကို ပြောမယ်။ မင်း အားရင် ဖုန်းရှို့တောင်ကို သွားသင့်တယ်”

“တောင်ပိုင်းကုန်းမြေက မိစ္ဆာတွေနဲ့ တိုက်ခိုက်တာက တကယ်ပဲ မင်းရဲ့ တိုက်ပွဲအတွေ့အကြုံကို အားကောင်းစေတယ်။ အဲဒီမိစ္ဆာတွေရဲ့ တိုက်ခိုက်စွမ်းရည်တွေက တကယ်ပဲ သာမန်မဟုတ်ဘူးပဲ”

ဟန်မူယဲ့က လုတစ်ဆယ်၏စကားများက သူ မည်မျှ တိုးတက်လာကြောင်း ခန့်မှန်းမိသည်။

“ဂုဏ်ပြုပါတယ်။ စီနီယာအစ်ကိုဟာ အတော်လေး တိုးတက်လာခဲ့တာပဲ”

လုတစ်ဆယ်က လက်ဝှေ့ယမ်းသည်။

“အစ်မသုံးနဲ့ ယှဉ်ရင် ငါက ဘာမှ မဟုတ်ဘူး။ အစ်မသုံးဟာ ဖုန်းရှို့တောင်မှာ လေလွင့်ဓားဆိုတဲ့ နာမည်နဲ့ နာမည်ကြီးနေပြီ”

“မင်း သိလား… ဖုန်းရှို့တောင်မှာ နာမည်ရတဲ့သူတွေဟာ ဂိုဏ်းတွေရဲ့ ထိပ်သီးပါရမီရှင်တွေပဲ”

“အေးခဲလောက၊ လော့ရှောင်ယွီ”

“အလှသစ္စာရှင် စွန်းကျင်းရှစ်…”

“လက်ဝိဇ္ဇာ ချန်းအာ…”

လုတစ်ဆယ်၏မျက်လုံးများ စူးရှသွားသည်။

သူ့စကားများကို နားထောင်ပြီးနောက် ဟန်မူယဲ့ကလည်း ထိုပါရမီရှင်များ၏ အငွေ့အသက်များကို ခံစားရသည်။

“အစ်ကိုတစ်ဆယ်ကရော…”

ဟန်မူယဲ့က စိတ်ဝင်စားစွာ မေးသည်။

“ဟားဟား… ငါက ကျားအရေပြားဝတ်စုံကို ဝတ်ပြီး တိုက်ခိုက်ခဲ့တယ်လေ။ သူတို့က ငါ့ကို ကျားဓားရှင်လို့ နာမည်ပေးကြတယ်”

ဖုန်းရှို့တောင်မှ ပြန်လာပြီးနောက် လုတစ်ဆယ်ကား ယခင်လို သတ်ဖြတ်ခြင်းကို စိုးရိမ်ထိတ်လန့်တတ်သူ မဟုတ်တော့ပါ။ သူ့မျက်လုံးများမှ သတ်ဖြတ်လိုသော အငွေ့အသက်များကိုပင် ခံစားရသည်။

“ဆယ့်ကိုး… မင်းဆေးလုံးတွေက တိုက်ပွဲမြေပြင်မှာ ရတနာတွေပဲ။ မင်း တကယ်ပဲ ငါ့ကို အများကြီး ကူညီခဲ့တယ်”

လုတစ်ဆယ်က ထူးဆန်းသော စာရွက်အိတ်တစ်လုံးအား ဟန်မူယဲ့ကို ပေးသည်။

“ငါ မင်းကို ဒီလက်ဆောင်ပဲ ယူလာနိုင်သေးတယ်။ နောက်ပိုင်း ကောင်းတာလေးတွေ တွေ့ရင် မင်းအတွက် သေချာပေါက် ယူလာပေးမယ်”

ဟန်မူယဲ့က စာရွက်အိတ်ကို ယူကာ ဖွင့်ကြည့်လိုက်သည်။

ချီးပဲ…

ဧရာမကျားမြီးတစ်ခု…

လုတစ်ဆယ်သည် တပည့်တစ်စုနှင့်အတူ ထွက်သွားပြီး ဖြစ်သည်။

“အစ်ကိုတစ်ဆယ်… ဂရုစိုက်ပါ… အစ်မသုံးကိုလည်း လျှော့သောက်ဖို့ ပြောလိုက်ပါ”

လုတစ်ဆယ်က လှည့်မကြည့်ဘဲ လက်ဝှေ့ယမ်းကာ ပြောသည်။

“သိပြီ။ အစ်မသုံးကတော့ အရင်လို သေရည်မသောက်တော့ဘူး”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

…

ဓားစံအိမ်တတိယထပ်တွင် ဟန်မူယဲ့သည် အနက်ရောင်ဓားတစ်လက်အား စားပွဲပေါ်၌ တင်ထား၏။

အံ့ဖွယ်နေမင်းဓား။

သည်ဓားသည် အံ့ဖွယ်နေမင်းကိုယ်ရံတော် ရှရီ သူ့အား ပေးခဲ့ခြင်း ဖြစ်သည်။

ဓားတွင်ကား ဓားဆန္ဒတစ်ဝက် ပါရှိသည်။

ဓားမှ သူသည် အလယ်ပိုင်းကုန်းမြေ၏တိုးတက်ထွန်းကားမှုများအား မြင်တွေ့ရ၏။

ရှုချီစီရင်စုသည်ပင် အနောက်ဘက်ကုန်းမြေတစ်ဝက်ခန့် ကျယ်ဝန်း၏။

သူတို့၏ကျင့်ကြံသူ အရေအတွက်သည် အနောက်ဘက်ကုန်းမြေထက် လျော့နည်းဟန်မတူပါ။

ရှုချီစီရင်စု၌ ထိပ်သီးပညာရှင်ငါးဦး ရှိသည်။

သုံးဦးမှာ နန်းတွင်းမှ ဖြစ်ကြ၏။

ရှုချီစီရင်စု၊ မီးတောက်နီစစ်တပ်ခေါင်းဆောင်၊ ကောင်းကင်ဘုံတစ်ဝက် ဝိညာဉ်သူငယ်အဆင့်ပညာရှင်။

သူသည် ရှုချီစီရင်စု အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင်လည်း ဖြစ်သည်။

ကွန်ဖျူးရှပ်လမ်းစဉ်။

ဓား၏ပုံရိပ်များမှ တစ်ဆင့် ဟန်မူယဲ့သည် အလယ်ပိုင်းကုန်းမြေမှ လမ်းစဉ်များအား မြင်တွေ့ရသည်။

အနောက်ဘက်ကုန်းမြေတွင် ကွန်ဖျူးရှပ်လမ်းစဉ် မရှိပါ။

ကွန်ဖျူးရှပ်လမ်းစဉ်သည် ပုံမှန်တာအိုဂိုဏ်းများနှင့် အနည်းငယ်ဆင်တူသော်လည်း ရင်းမြစ်မတူပါ။

တာအိုဂိုဏ်းများသည် မိမိကိုယ်ကို ကျင့်ကြံခြင်း ဖြစ်သည်။

ကွန်ဖျူးရှပ်လမ်းစဉ်သည် လောကသို့ ဝင်ရောက်ကာ စိတ်ကို ကျင့်ကြံခြင်း ဖြစ်သည်။

အလယ်ပိုင်းကုန်းမြေပြည်ထောင်၏ အမတ်ချုပ်သည် လောကနံပါတ်၁ ကွန်ဖျူးရှပ်လမ်းစဉ်ပညာရှင် ဖြစ်သည်။ သူသည် ကွန်ဖျူးရှပ်တာအို၏ ရှီသူတော်စင်လည်း ဖြစ်သည်။ ထိုအဆင့်သည် ကောင်းကင်ဘုံအဆင့်ထက်ပင် သာလွန်သည်လည်း ပြောကြ၏။

သူ၏စကားများသည် လောကစည်းမျဉ်းများ ဖြစ်သည်။

သည်မတိုင်ခင် အံ့ဖွယ်နေမင်းဓား၌ တွေ့မြင်ခဲ့ရသောသူမှာ အလယ်ပိုင်းကုန်းမြေပြည်ထောင်၏ နန်းတွင်းအမတ်ချုပ်ကြီးဖြစ်သည်။

ယနေ့ ရှရီ၏ဓားတွင် မြင်တွေ့ခဲ့ရသော ကွန်ဖျူးရှလမ်းစဉ်သည် ရှုချီစီရင်စု၏အမြင့်ဆုံး ကွန်ဖျူးရှပ်လမ်းစဉ်ပညာရပ်လည်း ဖြစ်သည်။

ရှုချီစီရင်စုအုပ်ချုပ်ရေးအကြီးအကဲက မိုးရွာစေရန် မန္တန်တစ်ခုအား ဆင့်ခေါ်သည်ကို ရှရီက သူ၏ဓားကို ကိုင်ဆောင်လျှက် တွေ့မြင်ခဲ့သည်။

ကွန်ဖျူးရှပ်လမ်းစဉ်အား အခြေခံလျှက် သူသည် စုတ်တံကို ကိုင်ကာ လောက၏သဘာဝစွမ်းအင်များကို ထိန်းချုပ်ပြီး မိုင်သုံးထောင်ပတ်လည်ရှိ မိုးလေဝါသကို ပြောင်းလဲစေသည်။

ထိုနည်းစနစ်ကား အင်မော်တယ်နတ်ဘုရားများအလား စွမ်းဆောင်နိုင်သည်။

အလယ်ပိုင်းကုန်းမြေသည် လောကအား နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သည်မှာ မထူးဆန်းတော့ပါ။

လူသားများမှာ အားနည်းသော်လည်း သူတို့သည် ကျင့်ကြံခြင်းလောက၏ အခြေခံအုတ်မြစ်ဖြစ်သည်။

လောကရှိ လူသားတို့၏ စိတ်နှလုံးကို တည်ငြိမ်ငြိမ်းချမ်းစေခြင်းအားဖြင့် ကွန်ဖျူးရှပ်လမ်းစည်သည် လောကြီးအား ထိန်းချုပ်နိုင်ပေသည်။

သို့သော်လည်း အလယ်ပိုင်းကုန်းမြေပြည်ထောင်၏ ကံစွမ်းအားမှာ ကြီးမားသည့်တိုင် သူတို့က လောကကြီးအား ထိန်းချုပ်နိုင်ရုံမျှသာ စွမ်းနိုင်၏။

အလယ်ပိုင်းကုန်းမြေတွင် မရေမတွက်နိုင်သော ဂိုဏ်းများနှင့် မိသားစုကြီးများ ရှိသည်။ နန်းတွင်းမိသားစုက ဂရုစိုက်အလေးထားရသော ပုဂ္ဂိုလ်ထူးကြီးများလည်း တည်ရှိကြသည်။

မိစ္ဆာများ၊ မကောင်းဆိုးဝါးများနှင့် အောက်လမ်းပညာရှင်များ။

အလယ်ပိုင်းကုန်းမြေသည် ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံတစ်ခုသာ မဟုတ်ပေ။

ထိုနေရာသည် မရေတွက်နိုင်သော ကျင့်ကြံသူများအတွက် အန္တရာယ်များ မျိုးစုံတွေ့နိုင်သော နေရာလည်း ဖြစ်သည်။

ဒင်…

ခေါင်းဆောင်းသံသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းတစ်ခုလုံးအား လှုပ်ယမ်းသွား၏။

“ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ အစည်းအဝေးရှိပါတယ်။ ဓားစံအိမ်က စီနီယာအစ်ကိုဟန်… ကျေးဇူးပြုပြီး တက်ရောက်ပေးပါ”

ဓားစံအိမ်ရှေ့မှ အသံတစ်သံအား ကြားရသည်။

ပင်မခန်းဆောင်တွင် အစည်းအဝေးရှိသည်လား။

အဝတ်အစားများကို ပြင်ဆင်ကာ ဟန်မူယဲ့ အောက်ထပ်သို့ ဆင်းလာသည်။

ဤသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်း အရေးကိစ္စများ၌ ပထမဆုံးအကြိမ် ဟန်မူယဲ့က ဓားစံအိမ်ကို ကိုယ်စားပြုတက်ရောက်ခြင်း ဖြစ်သည်။

မဲပေးနိုင်သော တက်ရောက်သူ မဟုတ်သေးသော်လည်း ယနေ့ သူက အစည်းအဝေးကို တက်ရောက်ခွင့်ရခြင်းသည် ဂိုဏ်းက သူ့အား အထက်စည်းအုပ်ချုပ်သူအတန်းအစားသို့ စာရင်းထဲ ထည့်လိုက်ပြီဖြစ်ကြောင်းလည်း သိသာစေသည်။

All Chapters