အပိုင်း(၄၆၁)
Vol. 31 Ch. 461
ရှစ်ဖုန့်၏ ပုံရိပ်က လှစ်ခနဲဖြစ်သွားပြီး နင်ချန်နှင့်ချီလင်ဘုရင်တို့အား ထပ်မံ ရွှတ်ခနဲဖြတ်ကျောက်သွားသည်။
ရှစ်ဖုန့်က သူတို့အား ဖြတ်ကျောက်သွားသောအခါတွင် နင်ချန်နှင့်ချီလင်ဘုရင်တို့မှာ တစ်ယောက်ကိုယ်တစ်ယောက်ကြည့်
လိုက်ကြသည်။ နင်ချန်က ပြောလိုက်သည်။
“လူအိုကြီး ခင်ဗျားမြင်လိုက်တယ်မလား.. ကျုပ်ရဲ့ချစ်ဖို့ကောင်းတဲ့ ဂျူနီယာညီလေးက..”
“အင်း”
နင်ချန်၏ စကားတို့အားကြားပြီးနောက် ချီလင်ဘုရင်က လေးလေးနက်နက်ခေါင်းညိမ့်လိုက်ပြီး နင်ချန်အားပြောလိုက်သည်။
“သားအမိနှစ်ယောက်က သူ့ရဲ့လက်ဖဝါးအောက်မှာခြေမွခံလိုက်ရပြီ..သူတို့ရဲ့ပြာတောင်မှမကျန်ဘူး”
“ကျုပ်ရဲ့ဂျူနီယာညီလေးက ရက်စက်တဲ့သူပဲ. သူ့ရဲ့လက်တွေကို လှပတဲ့ သားအမိနှစ်ယောက်အပေါ်မှာတောင် အသုံးပြုရဲတယ်.. “
နင်ချန်က ခေါင်းငုံ့လိုက်ပြီး သူ၏လက်အတွင်းမှ အိပ်မောကျနေသော ရှည်လျားသည့်အမွှေးနက်များဖြင့်
မွန်းစတားအားကြည့်လိုက်သည်။
“ဒီလူက ဒီလိုမျိုးလှပတဲ့ အမျိုးသမီးရဲ ခန္ဓာကိုယ်နဲ့ ထပ်ပြီးတော့ မပျော်ပါးရတော့တာ စိတ်မကောင်းစရာပဲ”
“သွေးဆာတယ်.ရက်စက်တယ် အကြင်နာမဲ့တယ်. နတ်ဆိုးဆန်တယ်..ရှစ်ဖုန့်.အရူးနတ်ဆိုး..
သူ့ရဲ့ဂုဏ်ပုဒ်နဲ့ တကယ်ပဲထိုက်တန်ပါတယ်”
ချီလင်ဘုရင်က သိပ်မဝေးသောနေရာရှိပုံရိပ်အားကြည့်၍ ပြောလိုက်သည်။
“တို့လည်းသွားစို့ သားအမိနှစ်ယောက်လုပ်သလိုမျိုးသူ့ကို ကြန့်ကြာစေပြီးတော့ ငါတို့လည်းမစော်ကားမိချင်ဘူး..အဲ့လိုဖြစ်ရင်သူတို့ကို သတ်လိမ့်မယ်”
“ကောင်းပြီ”
မကြာခင်တွင် ပုံရိပ်နှစ်ခု ဧရာမတောင်ကြီး၏ အခြေဆီသို့ ရွှတ်ခနဲဝင်ရောက်သွားသည်။
သံချေးရောင်ဂိတ်အားရှစ်ဖုန့်ဖြတ်သန်း
ပြီးနောက် ယခင်ကသူဝင်ရောက်ခဲ့သော ဂူသို့ ပြန်လည်ရောက်ရှိလာသည်။ မိုးပြာရောင်အလင်း၏ထွန်းလင်းမှုအောက်တွင် မူလက မည်းမှောင်နေသော ဂူမှာ မိုးပြာရောင်အလင်းတို့ စွန်းထင်းလာ၏။
ထို့နောက် ရှစ်ဖုန့် ထပ်မံ တုန့်ဆိုင်းနေခြင်းမရှိပေ။ သူ၏ရွေးလျားမှုပညာရပ်ကိုအသုံးပြုလိုက်ပြီး ဂူအားဖြတ်သန်းလိုက်ကာ အဖြူရောင်အရိပ်တစ်ခုအားဂူအတွင်း၌ချန်ထားခဲ့သည်။
နင်ချန်နှင့်ချီလင်ဘုရင်တို့မှာလည်းသူတို့၏ ဟင်းလင်းပြင်ချိုးဖျက် ခန္ဓာကိုယ်ရွေ့လျားမှု တို့အားအသုံးပြုပြီး လျှင်မြန်စွာရှစ်ဖုန့်အား မှီလာသည်။ ရှစ်ဖုန့်၏နောက်မှ နေ၍ သူတို့လည်းဤဂူနှင့်များစွာရင်းနီးသည်ဖြစ်သည်။ မကြာခင်တွင် ရှည်လျားသော အမွှေးနက်လက်ကြီး၏ရိုက်နှက်ခံရမှု
ကြောင့်ဖြစ်ပေါ်နေသော အဖြူရောင်အရိုးပုံများရှိရာသို့ ရှစ်ဖုန့်ချဉ်းကပ်လာသည်။
“နီးနီးကပ်ကပ်လိုက်လာကြ”
ရှစ်ဖုန့်က သူ့နောက်တွင်ရှိနေသောလူနှစ်ယောက်အား အော်ပြောလိုက်သည်။ ရုတ်ခြည်းပဲ လပြည့်ဓားက သူ၏လက်အတွင်းပေါ်လာ၏။ စွမ်းအင်တို့အား ၎င်းအတွင်းသွန်းလောင်းလိုက်သည်။ သူ၏အကန့်အသတ်သို့ရောက်သောအခါတွင် လပြည့်ဓားက အပေါ်သို့ လည်တက်သွားသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်အမွှေးတို့ဖြင့်လက်ကြီးက သူတို့အထက်၌ပေါ်လာ၏။ “ဘန်း”ဟူသောအသံနှင့်အတူ ရိုက်နှက်ကျဆင်းလာပြီး လပြည့်ဓားနှင့် ပစ်ဆောင့်သွားသည်။
လပြည့်ဓားနှင့်လက်ကြီးတို့မှာ ခေတ္တရပ်တန့်သွားကြ၏။ဤအချိန်တွင်ရှစ်ဖုန့်၏ ပုံရိပ်က မြေပြင်အားဖြတ်သန်းသွားပြီး နင်ချန်နှင့်ချီလင်ဘုရင်တို့ကလည်း
နောက်မှလိုက်ပါလာသည်။ “ရွှတ်” ဆိုသောအသံနှင့် လျှင်မြန်စွာဖြတ်သန်းသွားသည်။
“ဖန်း”
လပြည့်ဓားမှာ နောက်တစ်ကြိမ်ထပ်မံ၍ အဝေးသို့ ရိုက်ထုတ်ခံလိုက်ရသည်။ သို့သော် ထို့နောက်တွင် ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ကဖြတ်
သန်းပြီးဖြစ်သောကြောင့် ရှည်လျားသော အမွှေးနက်လက်ကြီးလည်း
ပျောက်ကွယ်သွား၏။
ရှစ်ဖုန့်က သူ၏လက်အား ဝေ့ယမ်းလိုက်ပြီး လပြည့်ဓဦးက သူ၏လက်အတွင်ပြန်လည်ပျံသန်းလာသည်။
“သွားစို့”
သူ၏ကိုယ်ပေါ်ရှိ အမွှေးနက်များက သူ၏မေးစေ့ထံသို့ စတင်ပျံ့နှံ့လာပြီး သူ၏စိတ်ထဲမှ အသံမှာလည်း ရှင်းလင်းသည်ထက်ရှင်းလင်းလာသည်ကို ရှစ်ဖုန့်သိလိုက်သည်။ ယခု ရှစ်ဖုန့်မှာ အချိန်လုရသောအခြေအနေသို့ စိုက်ရောက်နေသည်။ သူ့အနေဖြင့် နောက်ထပ် အချိန်ဖြုန်းရဲခြင်းမရှိဘဲ ဤသောက်နေရာ မှ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားရမည်ဖြစ်သည်။
ဖျက်ခနဲ နောက်ဆုံး၌ ရှစ်ဖုန့်ဂူထဲမှထွက်သွားပြီး မြူများ ဖုတ်ကောင်များဖြင့်ပြည့်နှက်နေသော တောင်ကြားချိုင့်ဝှမ်းသို့ ရောက်ရှိလာသည်။
“ဂါး..ဂါး..ဂါး.ဂါး.ဂါး.”
ဂူဝင်ပေါက်၌ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်
အဆင့်ရှိသော ဖုတ်ကောင်များစုဝေးနေကြသည်။ ရှစ်ဖုန့်ထွက်လာသည်အား တွေ့လိုက်ကြရသောအခါတွင် သားရဲရိုင်းများကဲ့သို့ ရှစ်ဖုန့်အား ရုတ်ခြည်းခုန်အုပ်လိုက်သည်။
တလက်လက်ထနေသော စွမ်းအင်စီးကြောင်းများက ဦးတည်ချက်အနှံ့သို့ပြန့်နှံ့သွားသည်။ ယင်းမှာ ၎င်းတို့အသက်ရှင်စဉ်ကာလက ကျင့်ကြံခဲ့သော သိုင်းပညာရပ်များဖြစ်သည်။
“ဖယ်စမ်း”
သူထံသို့ လာနေသည့် စက်ဆုပ်ဖွယ်ကောင်းသော ဖုတ်ကောင်များကိုကြည့်ရင်း ရှစ်ဖုန့်ဒေါသတကြီးအော်ဟစ်လိုက်သည်။ ရုတ်ခြည်းပြင်းထန်သော သွေးနီရောင်မီးတောက်တို့က သူ၏ ကိုယ်မှ ဟုန်းခနဲထွက်ပေါ်လာပြီး ဖုတ်ကောင်များအား ဝါးမျိုသွားသည်။
“ဂါး.ဂါး..ဂါး.ဂါး.ဂါး”
နာကျင်စွာအော်ဟစ်သောအသံအတွဲလိုက်နှင့်အတူ သွေးနီရောင်မီးတောက်ကြောင့် ဖုတ်ကောင်များမှာ ပြာဖြစ်သည်အထိ လျှင်မြန်စွာလောင်ကျွမ်းခံလိုက်ကြရသည်။
ထို့နောက် သေခြင်းတားမြစ်နယ်မြေမှ ထူးဆန်းသော မီးခိုးဖြူရောင်မြူတို့၏ ဖိနှိပ်မှုအောက်တွင် ရှစ်ဖုန့် ကိုယ်ကို နှိမ့်၍ ပျံသန်းလိုက်သည်။ သို့သော်သူ့လမ်းအား ပိတ်ထားသော ဖုတ်ကောင်များ အားသတ်ဖြတ်ခြင်းက မရပ်တန့်ပေ။ တောင်ကြားချိုင့်ဝှမ်းအပြင်ဘက်တွင် မြေပြင်မှတိုးထွက်လာသော ထူးဆန်းသည့်ကျောက်လက်များမှာ ရှစ်ဖုန့်၏ ဝန်းကျင်၌ပေါ်လာသော အဖြူရောင်ဓားချီတို့ကြောင့် ဖျက်ဆီးခံလိုက်ရသည်။
ရှစ်ဖုန့်၏ နောက်၌ရှိသော နင်ချန်နှင့်ချီလင်ဘုရင်တို့မှာ အေးအေးဆေးဆေးစိမ်ပြေနပြေ ပျံသန်းလာ၏။
သူတို့သုံးယောက်သား မူလ အနက်ရောင်မြစ်သို့ လျှင်မြန်စွာရောက်ရှိလာပြီး နောက် ကိုယ်ကိုနှိမ့်၍ ပျံသန်းနေရာမှ ယာယီရပ်တန့်လိုက်သည်။
“ဟေး ဂျူနီယာညီလေး..မင်းမှာအခု မုတ်ဆိတ်တွေရှိလာပါရောလား..အဲ့တာ အရမ်းထူပြီးလန်းနေရော.. ရှည်တာလဲမြန်တယ်နော့်”
နင်ချန်က သူ့ဘေးတွင်ရှိနေသော ရှစ်ဖုန့်အား အမှုမဲ့ အမှတ်မဲ့ကြည့်မိလိုက်သည်။ ရုတ်တရက် ရှစ်ဖုန့် နှာခေါင်းအောက်ရှိ မျက်နှာ၌ ရှည်လျားသော အမွှေးနက်များဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
ချီလင်ဘုရင်ပင် ဤအရာအားမြင်ပြီးအံ့အားသင့်သွားသည်။ ယခု နင်ချန်၏လက်အတွင်းမှ မွန်းစတားက လှပသောအမျိုးသမီး၏ ယောက်ျားဖြစ်သည်ဆိုသည်ကိုနောက်ဆုံး၌ ချီလင်ဘုရင်နားလည်သွားသည်။ ၎င်းမှာလူသားတစ်ယောက်မှ ပြောင်းလဲသွားခြင်းဖြစ်သည်။ ရှစ်ဖုန့်ကလည်း ရှည်လျားသော အမွှေးနက်မွန်းစတား
အဖြစ်သို့ပြောင်းလဲနေသည်။
ရှစ်ဖုန့်က ပုံမှန်မဟုတ်သော နင်ချန်အား အာရုံစိုက်မနေပေ။ သိပ်သည်းသော မီးခိုးဖြူရောင်မြူတို့ဝန်းရံနေသည့် အနက်ရောင်မြစ်အား စိုက်ကြည့်လိုက်သည်။အနက်ရောင်မြစ်က တည်ငြိမ်နေသည်ကို အာရုံခံပြီးနောက်ချက်ချင်းပဲ ရှေ့သို့ ဂရုတစိုက်နှင့် တိတ်ဆိတ်စွာပျံသန်းလိုက်သည်။
အနက်ရောင်မြစ်ထံသို့ရောက်သောအခါတွင် မြစ်အတွင်းမှ ဆန်းကြယ်သောတည်ရှိမှုအား တွေးမိပြီးရှစ်ဖုန့် သတိဝီရိယဖြစ်နေသည်။နင်ချန်ပင်လျှင် သူ၏ ပါးစပ်အားပိတ်ထားပြီး မြစ်ကို ဂရုတစိုက်ဖြတ်သန်းနေ၏။
“ဖူး”
မြစ်၏ အခြားတစ်ဖက်ခြမ်းသို့ရောက်မှသာ ရှစ်ဖုန့်အသက်ရှူနိုင်ပြီး မြစ်အတွင်းရှိဆန်းကြယ်ပြီး စွမ်းအားကြီးသော တည်ရှိမှုအားသူအနှောက်အယှက်
မပေးခဲ့မိသည့်အတွက် တိတ်တဆိတ်ဝမ်းမြောက်သွားမိသည်။
ထို့နောက် ရှစ်ဖုန့်မှသူ၏နောက်တွင်ရှိနေသောချီလင်ဘုရင်နှင့် နင်ချန်တို့အားစောင့်မနေပေ။ ရှေ့ကဦးဆောင်ကာကိုယ်ကိုနှိမ့်ပျံသန်းပြီး သူတို့သေခြင်းတားမြစ်နယ်မြေအတွင်းဝင်ရောက်ခဲ့သောမူလလမ်းကြောင်းသို့ပြန်သွား
လိုက်သည်။
သို့သော် သေခြင်းတားမြစ်နယ်မြေ၏ ဝင်ပေါက်သို့သူချဉ်းကပ်လာသကဲ့သို့ စိတ်ထင့်မှုက ရှစ်ဖုန့်၏နှလုံးသားထဲမှ တိတ်တဆိတ်ထွက်ပေါ်လာသည်။ တစ်စုံတစ်ခုမှားနေသည်ကို ရှစ်ဖုန့် ဆက်တိုက်ခံစားမိနေ၏။ ဤနေရာက ယခင်၌ တူညီသော နေရာဖြစ်နေပြီး ပြန့်ကျဲနေသာ အပျက်အစီးများ ထူးဆန်းသော မီးခိုးဖြူရောင်မြူများရှိနေသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရှစ်ဖုန့် ခံစားမိနေဆဲဖြစ်သည်။
“ဒါက သေခြင်းတားမြစ်နယ်မြေထဲက ထွက်ဖို့အတွက် အရမ်းလွယ်လွန်းတယ်”
သူ အဝါရောင် လျှပ်စီး အကျဉ်းထောင်တွင်းရှိစဉ်က စိတ်ထဲ၌ဖြစ်ပေါ်လာခဲ့သော မေးခွန်းအား ရှစ်ဖုန့်တွေးမိသွားသည်။
သေခြင်းတားမြစ်နယ်မြေက အရမ်းကြီးမားပြီး သူဖြတ်လျှောက်ခဲ့သည်က သေးငယ်သည့် အနားစွန်းလေးစ်ခုသာဖြစ်သော်လည်း ဤသေခြင်းတားမြစ်နယ်မြေ၌ တစ်ခုခုပျောက်ဆုံးနေသည်ဟုသူခံစား
နေရဆဲဖြစ်သည်။
သေခြင်းတားမြစ်နယ်မြေ၌ အကြီးမားဆုံးသောအန္တရာယ်ရှိနေသည်။ ယင်းမှာ နှစ်ရာပေါင်းများစွာကြာ ဤနေရာသို့ ဝင်ရောက်ခဲ့သော ကျင့်ကြံသူများအား သတ်ပစ်ခဲ့သည့် အကြီးမားဆုံးအန္တရာယ်ဖြစ်သည်။
“ဟမ်”
လမ်းတစ်လျှောက်တွင် ရှစ်ဖုန့်က ကိုယ်ကိုနှိမ့်၍ အပျက်အစီးများအပေါ်မှပျံသန်းခဲ့သည်။ သေခြင်းတားမြစ်နယ်မြေ၏ ဝင်ပေါက်သို့သူရောက်တော့မည့်အချိန်တွင် ရှစ်ဖုန့်၏ တစ်ဟုန်ထိုး ပျံသန်းနေသောပုံရိပ်မှာ ရုတ်တရက် တန့်သွားသည်။သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုက သူ၏ မျက်နှာထက်တွင်ပေါ်လာသည်။
“ဟားဟား မင်းရှာတွေ့သွားပြီလား..ဟားဟား..ဟားဟားဟားဟားဟား..ဟားဟား”
ရုတ်တရက်အိုမင်းသော ရယ်မောသံတစ်ခုက ရှစ်ဖုန့်၏ဝန်းကျင် မှထွက်ပေါ်လာ၏။ ဤအသံအားကြားရသောအခါတွင် ရှစ်ဖုန့်၏ဝန်းကျင်မှလူများရယ်နေသကဲ့သို့ဖြစ်သည်။ သို့သော် ဤရယ်မောသံက အသံလှိုင်းကျင့်ကြံခြင်းနည်းလမ်းအား အသုံးပြုသော လူတစ်ယောက်တည်းထံမှလာခြင်းဖြစ်ကြောင်းကိုရှစ်ဖုန့်သိသည်ဖြစ်သည်။
ပတ်ဝန်းကျင်ရှိရယ်မောသံနောက်သို့လိုက်ပါ၍ ရုတ်တရက်အမှောင်ထုက ကျဆင်းလာသည်။ ယင်းမှာ ကမ္ဘာကြီးက ရုတ်တရက် ပိန်းပေါက်အောင်မှောင်သွားသကဲ့သို့ဖြစ်သည်။
“အမှောင် ကမ္ဘာအစီအရင်”
ပတ်ဝန်းကျင်ရှိအမှောင်ထုအား ကြည့်၍ ရှစ်ဖုန့်က နက်ရှိုင်းသော အသံဖြင့်အော်ပြောလိုက်သည်။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE