← Chapters

အတိတ်မှ လူတစ်ယောက်နှင့် ပြန်တွေ့ဆုံခြင်း

Vol. 49 Ch. 681

အတိတ်မှ လူတစ်ယောက်နှင့် ပြန်တွေ့ဆုံခြင်း

Vol. 49 Ch. 681

ယန်ယွဲ့ရုန်က  သူမ အလိုက်ခံခဲ့ရသည့် အကြိမ်များကို ပြန်တွေးမိလိုက်ရင်း ငြိမ်ကျသွားသည်။ ဖြောင့်မတ်သော သဘောထားရှိသည့် အင်မော်တယ်များအပေါ် ယုံကြည်မှုမှာ ဖြည်းဖြည်းချင်း လျော့ကျလာမိ၏။

ယန်ယွဲ့ရုန်၏ မပျော်ရွင်မှုကို ခံစားမိသည့်  ရှောင်ရှောင်ယုက ကျောက်စိမ်းပုလင်းကို လူလတ်အရွယ် အမျိုးသားဆီ ပေးလိုက်၏  “ ခေါင်းဆောင် … ဒီဟာက တာ့ဟွမ် ရလာတဲ့ အင်မော်တယ်ဘုရင်ဆေးလုံးပါ ။ မမလေးကို ပေးဖို့  ပြင်ထားတာပါ ”

မိုဝူကျိ ကိုယ်တိုင်ပင် အံ့ဩမိသွားသည်။ ရှောင်ရှောင်ယုက သူမ ကိုယ်တိုင် ဤဆေးလုံးကို အလောတကြီး လိုအပ်နေသော်လည်း  ယန်ယွဲ့ရုန်ဆီ ပေးချင်နေသေး၏။ အကယ်၍ မဟာလော့ရှန်း ထိပ်ဆုံးအဆင့် ရောက်နေသော တခြားသူသာ ဖြစ်နေလျှင် ဤသို့ ဆုံးဖြတ်ချက် ချရန် အလွန်ခက်ခဲပေလိမ့်မည်။

“ အင်မော်တယ် ဘုရင်ဆေးလုံးလား ” လူလတ်အရွယ် အမျိုးသားက ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်ပြီးနောက် တအံ့တဩ ရေရွတ်လိုက်သည်  “ တကယ်ကို ပြိုင်ဖက်ကင်းအဆင့် အင်မော်တယ်ဘုရင်ဆေးလုံးပဲ ။ ရှောင်ယု ဒီလို အဖိုးတန်တာကို ဘယ်လိုလုပ် ရလာတာလဲ ”

အင်မော်တယ်လောကရှိ အင်မော်တယ် ဘုရင်အသီးများ  ညိုးနွမ်းသွားမှုကြောင့် အင်မော်တယ် ဘုရင်ဆေးလုံး တန်ဖိုးမှာ  ပို၍ ဈေးကြီးလာပေ၏။ ထို့အပြင် ပြိုင်ဖက်ကင်းအဆင့် အင်မော်တယ် ဘုရင်ဆေးလုံးမှာ အဆင့် ၈ ဆေးလုံးဧကရာဇ်များသာ ဖော်စပ်နိုင်ကြခြင်း ဖြစ်ပေသည်။

ရှောင်ရှောင်ယုက မိုဝူကျိအား ညွှန်ပြကာ  “ တာ့ဟွမ်က အဲဒီဆေးလုံးကို တွေ့လာတာပါ ”

ထို့နောက် မိုဝူကျိ ပြောပြထားသော ဇာတ်ကြောင်းကို ပြန်ပြောပြလိုက်သည်။

ကောက်ယူခဲ့တာလား ….

လူလတ်အရွယ် အမျိုးသား၏ စိတ်စွမ်းအားမှာ ချက်ချင်းဆိုသလို မိုဝူကျိကို လွှမ်းခြုံသွားလေ၏။ အင်မော်တယ်ဘုရင်ဆေးလုံးမှာ ကြုံရာကျပန်း တွေ့ကာ ကောက်ယူလို့ ရသည့် ဆေးလုံး ဖြစ်ကြောင်း မယုံနိုင်ပေ။

မိုဝူကျိက  ရယ်မောနေမိသည်။

 အင်မော်တယ် အုပ်စိုးသူ ဖြစ်နေတော့လည်း ဘာအရေးလဲ ….

သူ့ချီသွေးကြောများအကြောင်း မည်သူမှ မသိပေ။ အင်မော်တယ် ဘုရင်ဆေးလုံးမှာ ကြုံရာကျပန်း တွေ့နိုင်သည့် ဆေးလုံး မဟုတ်သလို အင်မော်တယ် အုပ်စိုးသူအနေနှင့်လည်း သူ့ကျင့်ကြံဆင့်ကို ပြောနိုင်မည် မဟုတ်ပေ။

ခဏအကြာတွင် လူလတ်အရွယ် အမျိုးသားက စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး သက်ပြင်းချကာ  “ သူက သေမျိုး ဖြစ်နေပြီးတော့  သေမျိုး ဝိညာဉ်ကြောပဲ ရှိတာ နှမြောစရာပဲ ”

ယန်ယွဲ့ရုန် ပြောသည့် မိုဝူကျိအတွက် သိုင်းပညာရပ် ကျင့်စဉ်များ ရှာဖွေပေးမည့် အဆိုပြုချက်မှာ အဆိုပြုချက်တစ်ခုသာ ဖြစ်၏။ သူမက ထိပ်တန်း သိုင်းပညာရပ် ကျင့်စဉ်များ ရှာတွေ့ခဲ့လျှင်ပင် လူ ဘယ်လောက်က အောင်အောင်မြင်မြင် လေ့ကျင့်နိုင်မည်နည်း။ သိုင်းပညာရပ် လမ်းကြောင်းမှာ အင်မော်တယ်တာအိုထက် များစွာ ခက်ခဲကြမ်းတမ်းပေသည်။ လူတစ်ယောက်၏ မွေးရာပါ  ပါရမီလည်း  အထူးလိုအပ်သည်။

ထိုစဉ်  သူက မိုဝူကျိသည် အင်မတန် ကံကောင်းသူ ဖြစ်ကြောင်း ယုံကြည်လာမိသည်။ အင်မော်တယ် ဘုရင်ဆေးလုံးကို ကောက်တွေ့သည့် ဖြစ်နိုင်ချေမှာ အလွန်နည်းပါးသော်လည်း သုညတော့ မဟုတ်ချေ။ အပြန်ပြန် အလှန်လှန်ပြောရလျှင် မိုဝူကျိလို သေမျိုး တစ်ယောက်အတွက် သူ့ဘာသာ ပြိုင်ဖက်ကင်းအဆင့် အင်မော်တယ်ဘုရင် ဆေးလုံး ရလာသည်မှာ မဖြစ်နိုင်ပေ။

လူလတ်အရွယ် အမျိုးသားက ကျောက်စိမ်းပုလင်းကို ရှောင်ရှောင်ယုဆီ ပြန်ပေးလိုက်ပြီး

“ ဒါက မင်းရလာတာလေ။ အင်မော်တယ် အစည်းအဝေးပွဲ ပြီးသွားရင် မင်း အင်မော်တယ်ဘုရင်အဖြစ် တက်လှမ်းဖို့ ပြင်တော့ … ငါ မင်းကို စောင့်ကြပ်ပေးမယ်။ ယွဲ့ရုန် မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့် ရောက်လာတဲ့အခါ သူမလည်း သူမဘာသာ အခွင့်အရေး ရလာမှာပါ ”

“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင် …” ရှောင်ရှောင်ယုက သူ့အား လေးလေးစားစား ဦးညွှတ်၍ ကျေးဇူးတင်လိုက်သည်။ သူမတွင် အင်မော်တယ်ဘုရင်အဖြစ် တက်လှမ်းလိုသည့် ဆန္ဒရှိသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။

ထိုအရာကို ကြားပြီး ယန်ယွဲ့ရုန်က မိုဝူကျိဆီ လျှောက်လာကာ ကျေးဇူးတင်လိုက်၏  “ တာ့ဟွမ် ကျေးဇူးပါ။ ဒီနေ့ည ငါတို့နဲ့အတူတူ အင်မော်တယ်ဂိုဏ်း အစည်းအဝေးကို လိုက်ခဲ့ပါ့လား။ နောင်ကျ  ရှင်လည်း  သိုင်းပညာ တာအိုကို လျှောက်လှမ်းနိုင်ရင် လျှောက်လှမ်းနိုင်မှာပေါ့။  ဘယ်သူ သိမလဲ … ”

ထိုသို့ပြောပြီးနောက် သူမက လူလွတ်အရွယ် အမျိုးသားကို တောင်းဆိုဟန်ဖြင့်  “ ဒီနေ့ည အင်မော်တယ်ဂိုဏ်း အစည်းအဝေးကို တာ့ဟွမ်ကို ခေါ်သွားမယ်နော်။ သူလည်း နောင်ကျ မြေးနောက် လိုက်မှာဆိုတော့ သူ့အတွက် များများသိထားတော့ ပိုကောင်းတာပေါ့ ”

ဖြစ်နိုင်တာက မိုဝူကျိ တစ်ယောက် အင်မော်တယ်ဘုရင်ဆေးလုံးကို ယူလာ၍ ဖြစ်လောက်သည်။ လူလတ်အမျိုးသားက သက်ပြင်းချပြီးနောက် သဘောတူလိုက်၏

“ ရတယ်လေ။ ဒီအစည်းအဝေးက ရေဓာတ် သဘာဝ အမြုတေအကြောင်းလည်း ပါမှာ ဆိုတော့  ဓာတ် ငါးမျိုး အမြုတေအကြောင်းကြားရင်း  များများ မပြောမိစေဖို့ မှတ်ထားဦး ”

တကယ်တမ်း မိုဝူကျိက အင်မော်တယ်ဂိုဏ်း အစည်းအဝေးကို စိတ်မဝင်စားပေ။ ယန်ယွဲ့ရုန် အဆင်ပြေသည်ကို တွေ့ပြီးနောက် ထွက်သွားရန် ကြံရွယ်ထားသော်လည်း  သူမ အဘိုးဖြစ်သူ၏ စကားကြောင့် ထိုအတွေးများ လက်လျော့လိုက်တော့သည်။ ဓာတ် သဘာဝ အမြုတေများအကြောင်းမှာ သူ ရှာနေသည်နှင့် ကွက်တိ ဖြစ်၏။

……………

လေလွင်ပြင်မြို့မှာ အင်မော်တယ် မြို့အသေးလေး ဖြစ်ပြီး အကြီးမားဆုံး နေရာမှာ မြို့စား အိမ်တော်ရှိ စုဝေးခန်းမ ဖြစ်၏။

ရေဓာတ် သဘာဝ အမြုတေနှင့် ရှေးဦးမူလရေကျောက်များစွာ  အဆိပ်ရေကန်၌ ပေါ်လာသည့် ကိစ္စမှာ  ယုံရင်အင်မော်တယ်နယ်မြေ တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။

မဟာကျီရှန်းအဆင့် ကျင့်ကြံသူလေးက ထိုသို့မျိုး ရတနာများ ပိုင်ဆိုင်နေသည်ကို မည်သူကများ ခံနိုင်ရည် ရှိကြမည်နည်း။

ထို့ကြောင့် အင်မော်တယ်ဂိုဏ်း အစည်းအဝေးပွဲ နောက်ဆုံးမိနစ်သည့်တိုင်  မြောက်များစွာသော  ဂိုဏ်းအမျိုးမျိုးက ရောက်လာနေကြဆဲ ဖြစ်သည်။ အားလုံး၏ စိတ်ထဲတွင် ရည်ရွယ်ချက် တစ်ခုသာ ရှိကြပြီး ရှေးဦးမူလ ရေကျောက်နှင့် ရေဓာတ် သဘာဝ အမြုတေတို့ ဖြစ်၏။

မိုဝူကျိက ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့နောက်မှ လိုက်ပါလာပြီး သေမျိုးတစ်ယောက်အဖြစ်  ဝင်ခွင့်ကို တားဆီးမခံချင်ပေ။

ကျေးဇူးတင်စရာ ကောင်းသည်က  မည်သူကမှ သူ့ကို သေမျိုး ဟုတ်လား၊ မဟုတ်လား မစစ်ဆေးကြပေ။ ထို့ကြောင့် သူ့အတွက် အစည်းအဝေးခန်းမထဲ ရောက်သွားဖို့ရာ အတော်လေး လွယ်ကူပေ၏။

ထိုစဉ် မြို့စား အိမ်တော်၏ စုဝေးခန်းမကား  ပွဲကျင်းပရာ နေရာဖြစ်သွားပြီး မိုဝူကျိက လူအုပ်ကြား ရင်းနှီးပြီးသား မျက်နှာတချို့ မြင်လိုက်ရသည်။

ထိပ်သီးတာအိုဂိုဏ်းမှ မုရုန်ရှန်းယွီ၏ ဆရာ ဖြစ်သော ချင်းယီဟယ်လည်း အပါအဝင် ဖြစ်၏။ မုရုန်ရှန်းယွီကို  မမြင်မိသောကြောင့် ကျိုးပျက်ကမ္ဘာ တတိယအလွှာမှ ထွက်လာပြီးနောက် ထိပ်သီးတာအိုဂိုဏ်းသို့ ပြန်ရောက်လား၊ မရောက်လားဆိုသည့် အကြောင်းကို မသိပေ။ ထို့အပြင် ဓားတစ်လက် ဂိုဏ်း၏ တူဖေးကိုလည်း တွေ့သေး၏။

ယန်ယွဲ့ရုန်၏ အဘိုးဖြစ်သူ၏ အင်မော်တယ် အုပ်စိုးသူအဆင့်မှာ ထိုလူများအကြား ထူးချွန်နေဟန် မပေါ်တော့ပေ။

ယခု မိုဝူကျိက ချင်းယီဟယ်ကို လေ့လာနေလေ၏။ သူမကို ယန်းယဲ့အဖြစ်နှင့် ရှိစဉ် ပတ်သတ်ဖူး‌လေရာ  မုရုန်ရှန်းယွီကို မှီခိုပြီး စူးခရာအင်မော်တယ်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်၏။ ထို့နောက်မှ ကိုယ့်အားကို သုံးကာ ကျိုးပျက်ကမ္ဘာထဲ ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။ ကျိုးပျက်ကမ္ဘာအတွင်း မုရုန်ရှန်းယွီကို ကယ်ပေးခဲ့ပြီး လော့ကျမ်းစာရွက် ခုနှစ်ရွက်ကို ပိုင်ဆိုင်စေခဲ့သည်။ အဆုံးသတ်၌  မုရုန်ရှန်းယွီက သူ့အား  ကျေးဇူးတင်သည့် အနေဖြင့် စာရွက် နှစ်ရွက် ပေးလေသည်။ တစ်ရွက်မှာ  သူနှင့် အတူတူ ရှိနေပြီး နောက်တစ်ရွက်မှာ လင်းဂူမှ တဆင့် ချိန်စုယင်ဆီ ပေးခိုင်းထား၏။

ထိုစဉ် သူ့နောက်မှ ရနံ့သင်းသင်းလေး ပျံ့လွှင့်လာသည်။ မိုဝူကျိက ယန်ယွဲ့ရုန်တို့၊ ရှောင်ရှောင်ယုတို့နှင့် အတူတူ ရောက်လာခြင်း ဖြစ်သောကြောင့် သူတို့ နှစ်ယောက် မဟုတ်ကြောင်း သေချာသိ၏။

အစပိုင်းတွင် သူက မြန်မြန် ထွက်သွားချင်သော်လည်း ယခုသေမျိုးအဖြစ် ဟန်ဆောင်နေသည်ကို သတိပြုမိပြီး  ဘာမှ မသိသကဲ့သို့ ဆက်နေကာ အခြေအနေကို ဆက်လေ့လာနေလိုက်သည်။

“ ရှင့်နာမည်က ဘယ်သူလဲ ” ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ သူ့က မြန်မြန် လှည့်ကြည့်လိုက်သောအခါ အံ့ဩတကြီး ဖြစ်သွားလေ၏။

ထိုသူမှာ ရင်းနှီးကျွမ်းဝင်ဖူးသော မျက်နှာပိုင်ရှင် ကျီယွဲ့ ဖြစ်နေသည်။

ကျီယွဲ့က သူတို့နောက်ဆုံး တွေ့ခဲ့သည့်အချိန်ထက် ပိုမို၍ ဆွဲဆောင်မှု ရှိလာသည်။

“ တာ့ဟွမ် …”  မိုဝူကျိက ရေရွတ်လိုက်သည်။ ကျီယွဲ့က သူ့အား အဘယ်ကြောင့် ရှာမှန်း နားမလည်သလို သူမအနေနှင့် သူ့အား ယန်းယဲ့အဖြစ် မှတ်မိဖို့ရာလည်း မဖြစ်နိုင်ချေ။

“ ရှင့်ကို ဘာလို့မှန်း မသိဘူး သိနေတယ်လို့ ခံစားမိနေတယ် ” ကျီယွဲ့က ပြုံးကာ ပြောလိုက်သည်  “ ဒါနဲ့ ရှင့်ဆီမှာ နောက်ခံရှိတဲ့ပုံပဲ …. ”

ထိုစဉ် မိုဝူကျိ နောက်ကျော၌ ချွေအေးများ ထွက်လာလေပြီ။ ထိုအမျိုးသမီးကား ကြောက်ဖို့ ကောင်းလှသည်။ သူ့အစိုးရိမ်မိဆုံး အရာမှာ လူတစ်ယောက်က သူ့အား အလိုလို သိနေမည်ကို ဖြစ်၏။

ထိုအမျိုးသမီး၏ အလိုလို သိစိတ်မှာ ကြောက်မက်ဖို့ ကောင်းအောင် စူးရှနေရုံသာမက သူမ နည်းလမ်းမှာလည်း ရက်စက်လွန်းလှသည်။ သူမ ကျင့်ကြံဆင့်မှာ ရွမ်ရှန်းအဆင့်မှ မဟာယီရှန်းအဆင့်သို့ ရောက်ရှိနေလေပြီ။ သူမက ကောင်းကောင်း နေရဟန် ပေါ်၏။ ကြည့်ရသည်မှာ ကျီမျိုးနွယ်စု၏ စတေးခံ သတို့သမီး ဘဝမှ လွှတ်မြောက်လာဟန် ပေါ်သည်။

“ တာ့ဟွမ် သူမက ဘယ်သူလဲ ” ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့  ယန်ယွဲ့ရုန်၏ အဘိုးကို နှုတ်ဆက်စကားပြောပြီးနောက်  ရောက်လာသည့်အခါ ဘဝင်ခိုက်နေသည့် ကျီယွဲ့ကို မြင်လိုက်ကြရသည်။

ကျီယွဲ့က ရယ်မောကာ  “ ဒီအတိုင်း ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ။ သွားတော့မယ်နော် ”

ထိုသို့ပြောပြီးနောက် တုံ့ဆိုင်းမနေဘဲ လှည့်ထွက်သွားလေ၏။

မိုဝူကျိက  ခေါင်းခါကာ

“ ကျုပ်လည်း မသိဘူး။ သူက ကျုပ်မှာ နောက်ခံရှိတာပဲဆိုပြီး လာပြောနေတာ။ ပြီးတော့  သူ့ အပြုံးလှလှကြီးနဲ့ ကျုပ်ကို ကြည့်ရော …. အဲဒါက ကျုပ်တို့ရွာက အမျိုးသမီးတွေ အမျိုးသားတွေကို ဆွဲဆောင်တဲ့အခါ ထုတ်သုံးတဲ့ အပြုံးနဲ့ တူတယ်။ သူက ကျုပ်ကိုများ ဆွဲဆောင်နေတာလား  မသိဘူး …. ”

“ ဖူး …” ရှောင်ရှောင်ယုပင် မိုဝူကျိ စကားများကြောင့် မရယ်မောဘဲ မနေနိုင်တော့ချေ။

မဟာယီရှန်း မိန်းမလှလေးက ငါးဖမ်းသမားကြီးကို ဆွဲဆောင်နေတာတဲ့လား ….

ကျီယွဲ့လည်း  ထိုစကားကို ကြားသောအခါ လဲကျလုမတတ် ဖြစ်သွားရသည်။

ထိုစဉ် အသံတစ်သံက သူမ ရှက်ရွံ့မှုကို ထိန်းပေးလိုက်၏

“ အင်မော်တယ်ရောင်းရင်းတို့ … ဒီအင်မော်တယ်ဂိုဏ်း အစည်းအဝေးပွဲကို အလောတကြီး  ကျင်းပလိုက်ရတာက ကိစ္စတွေက အရေးကြီးနေလို့ပါ။ ဒီနေ့ ရောက်လာကြတဲ့ အင်မော်တယ်ရောင်းရင်းတို့က ကျုပ်ထက် ကျင့်ကြံဆင့်လည်း မြင့်တယ်။ နာမည်လည်း ပိုကြီးကြတယ်ဆိုပေမဲ့  အင်မော်တယ် ဂိုဏ်း အစည်းအဝေးပွဲရဲ့ သဘာဝအရ ကျုပ် လေလွင်ပြင်မြို့စားက  ပွဲကို ဦးစီးပြီး ကျင်းပပါ့မယ်။

အခု အားလုံး ကျေးဇူးပြုပြီး ထိုင်ခုံနေရာ ယူပေးဖို့ ဖိတ်ကြားချင်ပါတယ် ”

ပြောလိုက်သူမှာ မုတ်ဆိတ်မွေးများနှင့် အင်မော်တယ် အုပ်စိုးသူ အစောပိုင်းအဆင့်ဖြစ်ပေသည်။ သူ့သွင်ပြင်ကို ကြည့်ရုံဖြင့် အသက်အရွယ်ကို ခန့်မှန်း၍ မရပေ။ သူက ယန်ယွဲ့ရုန်၏ အဘိုးထက်ပင် ငယ်ရွယ်သည့်ဟန် ပေါက်နေသည်။

ယန်ယွဲ့ရုန်၊ ရှောင်ရှောင်ယုနှင့် မိုဝူကျိ တို့ သုံးယောက်သားလည်း ထိုင်ချလိုက်သည်။ သူတို့အဆင့်အတန်းမှာ အတော်လေး နိမ့်၍ နောက်နားတွင် နေရာ ရ၏။

“ မမရှောင်ယု …. အဲဒါက လေလွင်ပြင်မြို့စား တုံ့ရှန်းလေ့ မလား ”

အသံထိန်း အတားအဆီးတစ်ခု အသက်သွင်းကာ  ရှောင်ရှောင်ယုက ပြန်ဖြေလိုက်သည်  “ မမလေး ဒီမှာ စကားပြောလို့ မရဘူးလေ။ ကျမတို့ ဘယ်လောက်ပဲ အသံတိုးတိုးပြောပြော လက်ရှိကျင့်ကြံဆင့်နဲ့  တခြားသူတွေက အကုန်ကြားနေရတယ် ”

ယန်ယွဲ့ရုန်က ခေါင်းညိတ်ကာ ဘာမှဆက်မမေးတော့ပေ။

သို့သော်လည်း ယန်ယွဲ့ရုန်၏ စကားကို တုံ့ရှန်းလေ့ ကြားကြောင်း မိုဝူကျိက သိနေပြီးသား ဖြစ်၏။ အင်မော်တယ် အုပ်စိုးသူအနေနှင့် အနီးအနားမှ သူ့နာမည် ပြောသည့်အကြောင်းကို မကြားမှသာ ထူးဆန်းနေပေလိမ့်မည်။

ထိုလူက တစ်မူထူးသည့်သူ မဟုတ်သောကြောင့် အဆင့်နိမ့် အင်မော်တယ်များ သူ့အကြောင်း ပြောနေသည်ကို ဂရုမစိုက်ပေ။

“ အဲဆို  ကွေ့ပတ်မပြောတော့ပါဘူး။ အဓိက အချက်က  ရေဓာတ် သဘာဝ အမြုတေနဲ့ ရှေးဦးမူလ ရေကျောက် ဆယ်ခုအကြောင်း ဆွေးနွေးကြဖို့ပါ ”

အားလုံးက အကြောင်းအရင်းကို သိပြီးသား ဖြစ်သော်လည်း  တုံ့ရှန်းလေ့ ပြောပြီးသည့်နောက်၌ အုတ်အော်သောင်းနင်း ဖြစ်သွားသေး၏။

တုံ့ရှန်းလေ့က ခဏတာ ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်  “ မျက်မြင်သက်သေအရ ရှေးဦးမူလရေကျောက်နဲ့ ရေဓာတ် သဘာဝ အမြုတေ ယူသွားတဲ့သူက မဟာကျီရှန်းအဆင့်ဖြစ်ပြီးတော့ သူ့မျက်နှာမှာ အမာရွတ် ရှိပါတယ် ”

ထိုသို့ပြောပြီးနောက် တုံ့ရှန်းလေ့က လက်ကို ဝှေ့လိုက်သည့်အခါ မိုဝူကျိ၏ ပုံရိပ် ပေါ်လာသည်  “ ဒီလူက အဆိပ်ရေကန်ကနေ ကိုယ့်ဘာသာ ကာကွယ်နိုင်ရုံတင် မကဘူး။ ရွေ့ပြောင်းစွမ်းရည်လည်း ရှိတယ်။ အဲဒါကြောင့် သူ့သွင်ပြင် ပြောင်းထားတာလည်း ဖြစ်နိုင်တယ် ”

“ မြို့စားတုံ့ … အဲဒီလူက ကန်ထဲ က ထွက်သွားတာနဲ့ အဲဒီလူဆီမှာ ရှေးဦးမူလ ရေကျောက် ဆယ်ခုနဲ့ ရေဓာတ် သဘာဝ အမြုတေ ပါသွားတယ် ဆိုတာ ဘယ်လိုသိလဲ” အရပ်ရှည်ရှည် အင်မော်တယ် အုပ်စိုးသူ တစ်ယောက်က ရုတ်ချည်း ထမေးလိုက်သည်။

တုံ့ရှန်းလေ့က ဦးညွှတ်လိုက်ပြီး

“ အင်မော်တယ်ရောင်းရင်းဟွမ်းရဲ့ မေးခွန်းက အဓိပ္ပါယ်ရှိပါတယ်။ အဲဒီလူ ထွက်သွားပြီးတော့  ကန်ထဲ ဆင်းတဲ့သူ  ရှိခဲ့ပါတယ်။ အဲဒီမှာ အိမ်တစ်လုံး တွေ့ပြီးတော့ ရှေးဦးမူလရေကျောက်နဲ့ ရေဓာတ် သဘာဝ အမြု‌တေ ယူသွားတယ်ဆိုတာ သိလိုက်ရတာပါ။ အိမ်ထဲက အားလုံးကို ယူသွားတာပါ။ ဒါပေမဲ့ ကျောက်စိမ်းပြားလေး ကျန်နေခဲ့တယ် ”

“ အဲဆို ကျောက်စိမ်းပြား ယူသွားတဲ့ ကျင့်ကြံသူက ဘယ်မှာလဲ ” အရပ်ရှည်ရှည် အင်မော်တယ် အုပ်စိုးသူက ထမေးလိုက်သည်။

တုံ့ရှန်းလေ့က စိတ်ဓာတ်ကျစွာ  “ သူက အဆိပ်မိထားလို့ ဒီနေ့ကျော်ပြီး ခံနိုင်ပါ့မလားဆိုတာ မသိသေးပါဘူး ”

ထိုအရာကို ကြားပြီး မိုဝူကျိ  စိတ်ထဲ လေးလံမိသွားသည်။ အိမ်ထဲ၌ ကျောက်စိမ်းပြား မရှိသည်မှာ သေချာ၏။ ကန်ထဲ ဝင်ပြီးနောက် အဆိပ်မိသော ကျင့်ကြံသူမှာ ဝင်ပူးခံရခြင်း ဖြစ်နိုင်လောက်သည်။ ဆိုလိုသည်မှာ ရေကန်ထဲမှ ထိုလူကား ထွက်လာလေပြီ။ ကံကောင်းသည်က သူ့တွင် ထာဝရ ကမ္ဘာ ရှိနေ၏။ မဟုတ်လျှင် ထိုလူက ရေဓာတ် သဘာဝ အမြုတေ အငွေ့အသက်ကို အာရုံခံနိုင်နေမလားဆိုတာ မည်သူ သိမည်နည်း။

All Chapters