အကြံကြီးသော အမျိုးသမီး
Vol. 49 Ch. 682
“ ဒီအစည်းအဝေးကို ကျင်းပတဲ့ အကြောင်းအရင်းက အဲဒီလူက သူ့ရုပ်ကို ဖျက်ထားတာလည်း ဖြစ်နိုင်တယ် ဆိုပေမဲ့ သူ့ကျင့်ကြံခြင်း အငွေ့အသက်ကိုတော့ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မလို့ ကျုပ်တို့က ဒီအင်မော်တယ်ရောင်းရင်း လန်ယွီလင်းကို ကျေးဇူးတင်ရမှာပါပဲ။ သူမက အဲဒီကျင့်ကြံသူရဲ့ အငွေ့အသက်ကို ပြောပြပေးမဲ့သူပါ ”
တုံ့ရှန်းလေ့က ထိုအထိ ပြောပြီးနောက် သလင်းကျောက်ကို မြှောက်ကာ
“ ဒီသလင်းကျောက်ထဲမှာ ဖန်လင်းရဲ့ ကျင့်ကြံခြင်း အငွေ့အသက်တွေ ပါနေပါတယ်။ အားလုံး နာမည်ကိုတော့ မှတ်ထားဖို့ မလိုပါဘူး။ ဘယ်လိုဖြစ်ဖြစ် နာမည်က အတုနေမှာပါ။ ဒါပေမဲ့ သူက ဘယ်လောက် ရုပ်ဖျက်ဖျက် သူ့အငွေ့အသက်က ပြောင်းလဲသွားမှာ မဟုတ်ဘူး။
အခု အားလုံး စိတ်စွမ်းအား ပို့လွှတ်ပြီးတော့ အဲဒီအငွေ့အသက်ကို ပွားယူလိုက်ကြပါ။ အဲဒီလူရဲ့ အငွေ့အသက် ထွက်ပေါ်လာတာနဲ့ သူ ဘယ်လောက် ကြိုးစား ကြိုးစား ယုံရင် အင်မော်တယ်နယ်မြေကနေ ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလို့ ကျုပ်တော့ ယုံတယ် ”
အားလုံးက တုံ့ရှန်းလေ့ စကားများမှာ မှန်ကန်ကြောင်း သိကြသည်။ ကျင့်ကြံသူ တစ်ယောက်က ရုပ်ပြောင်းရုပ်လွဲ လုပ်နိုင်သော်လည်း သူ့အငွေ့အသက်များကို မပြောင်းလဲနိုင်ပေ။ သူ့တွင် အဆင့် ၇ နှင့်အထက် ရုပ်ပြောင်း ပစ္စည်းကို မပိုင်ဆိုင်သရွေ့ သို့မဟုတ် အဆင့် ၈ အသွင်ပြောင်းဆေးလုံးကို မပိုင်ဆိုင်သရွေ့ အခြေအနေတွင် ဖြစ်၏။ သို့သော်လည်း ယုံရင်အင်မော်တယ် နယ်မြေ တစ်ခုလုံး၌ အသွင်ပြောင်းဆေးလုံး အရေအတွက်မှာ လက်တစ်ဖက်စာပင် မပြည့်ပေ။ မဟာကျီရှန်းအဆင့် ကျင့်ကြံသူ၌ ထိုသို့ ရတနာ မည်သို့ ရှိမည်နည်း။ အဆင့် ၇ နှင့်အထက် ရုပ်ပြောင်းပစ္စည်း၏ တန်ဖိုးမှာ အသွင်ပြောင်းဆေးလုံးထက်ပင် ပို၍ တန်ဖိုးများပေသည်။
မိုဝူကျိက စိတ်စွမ်းအားဖြင့် တုံ့ရှန်းလေ့အား ထိန်းချုပ်ခံနေရတာလားဟု စစ်ဆေးကြည့်ချင်မိသည်။ ရေကန်အောက်မှ ထိုဝိညာဉ်က အရာအားလုံးကို ကြံဖန်ထားခြင်း ဖြစ်နေမလား သံသယဝင်မိလာသည်။ ထိုသူ၏ ရည်ရွယ်ချက်မှာ ကွန်ယက်နည်းလမ်းကို အသုံးပြုပြီး သူ့တည်နေရာကို သိရန် ဖြစ်၏။ ကံကောင်းသည်က မိုဝူကျိက စိတ်လက်မာန်ပါ လုပ်ဆောင်မှုကို ချိုးနှိမ်ထားလိုက်ပြီး ရေဓာတ် သဘာဝ အမြုတေနှင့် ရှေးဦးမူလရေကျောက်များမှာ သူ့ဆီ ရှိနေသည့်အတွက် ထိုမျှ စူးစမ်းနေစရာ မလိုတော့ပေ။
ထို့အပြင် သူ လန်ယွီလင်းနှင့် ရှိစဉ် သူ့အငွေ့အသက်များမှာ ပြောင်းလဲထားပြီးသား ဖြစ်၏။ သူ့တွင် သေမျိုးဝိညာဉ်ကြော ရှိနေခြင်းကြောင့် ဝိညာဉ်စွမ်းအား အငွေ့အသက်များ ရှိမနေပေ။ တုံ့ရှန်းလေ့က ဝိညာဉ် ပူးကပ်ခြင်း ခံနေရလျှင်ပင် မိုဝူကျိက သူ့ရှေ့တည့်တည့် ရပ်နေလျှင်ပင် သူက မိုဝူကျိအား ခွဲခြားနိုင်မည် မဟုတ်ပေ။
အားလုံးက သလင်းကျောက်ထဲမှ အငွေ့အသက်ကို ပွားယူဖို့ရာ စောင့်ဆိုင်းပြီးနောက် တုံ့ရှန်းလေ့က ဆက်ပြောလိုက်သည်
“ ရေဓာတ် သဘာဝ အမြုတေက ဘယ်လိုရတနာမျိုးလဲဆိုတာ အားလုံးလဲ သိမှာပါ။ ဓာတ် ငါးမျိုး သဘာဝ အမြုတေထဲက တစ်ခုဖြစ်ပြီးတော့ ရှေးဦးမူလရေကျောက်ထက်တောင် တန်ဖိုး ပိုမြင့်မားတယ်။ တကယ်လို့ ဓာတ် ငါးမျိုး သဘာဝ အမြုတေတွေကိုသာ စုစည်းနိုင်ခဲ့ရင် ကမ္ဘာတစ်ခု ဖန်တီးနိုင်တယ်။
ကံကောင်းမှုနဲ့ ရတနာတွေလည်း ရှိမယ်ဆိုရင် အဲဒီကမ္ဘာက ကမ္ဘာဦး ကမ္ဘာတောင် ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ဒီအစည်းအဝေးပွဲမှာ ကျုပ်တို့ ထပ်ဆွေးနွေးချင်တာက ရေဓာတ် သဘာဝ အမြုတေအပြင် နောက်ထပ် ဓာတ် ငါးမျိုး သဘာဝ အမြုတေထဲက တစ်ခုဖြစ်တဲ့ သစ်သားဓာတ် သဘာဝ အမြုတေအကြောင်းပဲ …..”
သစ်သားဓာတ် သဘာဝ အမြတေအအကြောင်း ကြားသောအခါ မိုဝူကျိက နှလုံးခုန် မြန်လာမိသည်။ သူက မီးဓာတ် နှင့် သစ်သားဓာတ် သဘာဝ အမြုတေများ လိုအပ်နေသေး၏။ သူ့ကံ ထိုမျှ ကောင်းနေလိမ့်မည်ဟု မထင်ထားမိပေ။ ဤနေရာ၌ သစ်သားဓာတ် သဘာဝ အမြုတေအကြောင်း ကြားလိုက်ရသည်။
မိုဝူကျိတင် မကပေ။ ကျင့်ကြံသူအားလုံးက တုံ့ရှန်းလေ့အား စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရင်း တုံ့ရှန်းလေ့ဆီမှ သစ်သားဓာတ် သဘာဝ အမြုတေ နေရာအကြောင်း ထုတ်ပြောလာမည်ကို စောင့်ဆိုင်းနေကြသည်။
ဓာတ် ငါးမျိုး သဘာဝ အမြုတေများကြား အဖိုးတန်ဆုံးအရာမှာ သစ်သားဓာတ် သဘာဝ အမြုတေ ဖြစ်၏။ ဝိညာဉ်ကြော အမျိုးအစားက မည်သို့ပင် ဖြစ်နေစေကာမူ ကိစ္စမရှိပေ။ သစ်သားဓာတ် သဘာဝ အမြုတေကို ပိုင်ဆိုင်သည်နှင့် အနာဂတ် တောက်ပနေသည်မှာ ယုံမှားဖွယ် မရှိပေ။ သစ်သားဓာတ် သဘာဝ အမြုတေကို အင်မော်တယ် ဆေးပင် ဥယျာဉ်ထဲ ထည့်မြှပ်နှံ့လိုက်ရုံဖြင့် ဥယျာဉ်မှာ စည်ပင်ကြီးထွားလာလေသည်။ တခြား ဆေးပင် ဥယျာဉ်တွင် စိုက်ပျိုးလို့ မရသည့် အင်မော်တယ်ဆေးပင်များမှာ ထိုဥယျာဉ်၌ ကောင်းစွာ ရှင်သန်လိမ့်မည်။
တုံ့ရှန်းလေ့က လက်ကို ဝှေ့လိုက်သည့်အခါ မြေပုံတစ်ခု …. မြေပုံ အပိုင်းအစ တစ်ခု ပေါ်လာလေ၏။ ထိုမြေပုံမှာ အင်မတန် ရှင်းလင်းနေပြီး မြေပုံအောက်ခြေ၌ သစ်သားဓာတ် သဘာဝ အမြုတေဟူ၍ ပါရှိသည်။
မိုဝူကျိက ထိုမြေပုံကို မြင်သောအခါ နှလုံးခုန် မြန်လာမိသည်။ သူ့တွင် မကောင်းသည့် ခံစားချက်များ ရနေသည်။ အကြောင်းမှာ ထိုမြေပုံက သူ့ဆီ ရှိနေသည့်အရာနှင့် တူနေသောကြောင့် ဖြစ်၏။ ယန်းယဲ့ မသေခင် ယန်းယဲ့က သူ့အား နောက်ဆုံးဆန္ဒ ဖြည့်ဆည်းပေးသည့်အနေနှင့် ထိုမြေပုံကို ပေးလိုက်၏။
သူက ကျီယွဲ့ကို လက်ထပ်ရန် သဘောမတူသော်လည်း မိုဝူကျိက ယန်းယဲ့၏ လက်စွပ်အား သူ့ညီမ ယန်းယီဆီ ပေးပေးလိုက်ခြင်းဖြင့် ကူညီပေးခဲ့သည်။ ထိုမြေပုံတွင် သူ့ထာဝရ ကမ္ဘာတွင် ရှိနေသည်မှာ သေချာလှပေရာ မည်သို့ ဤနေရာ၌ ရောက်ရှိနေရသနည်း။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ယန်းယဲ့က သူ့ဆီ မြေပုံကို မပေးခင် တစ်ယောက်ယောက်က ပုံတူပွားထားခြင်းသာ ဖြစ်လိမ့်မည်။ ယခင်က စုံစမ်းကြည့်ခဲ့သော်လည်း မည်သူကမှ ထိုမြေပုံမှ နေရာအကြောင်း မကြားဖူးကြချေ။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားလေ၏။ မြေပုံမှာ သူ တစ်ဦးတည်း ပိုင်ဆိုင်နေခြင်း မဟုတ်ကြောင်း ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ ဒီမြေပုံက မပြည့်စုံသေးဘူး ” တစ်ယောက်က ထပြောလိုက်သည်။
တုံ့ရှန်းလေ့က ခေါင်းညိတ်ကာ
“ ဟုတ်ပါတယ် … ဒီမြေပုံက မပြည့်စုံသေးပါဘူး။ ဒါပေမဲ့ တစ်ခြားအပိုင်းက ကျုပ်ဆီမှာ ရှိပါတယ်။ ဒီမြေပုံ က ဘာကို ညွှန်ပြချင်နေတာလဲဆိုတာ မသိဘူးလေ။ ရှာတွေ့ဖို့လည်း အရမ်းခက်တယ်။ တကယ်လို့ တစ်ယောက်ယောက်က မြေပုံက အညွှန်းတွေက ဘာလဲဆိုတာ ပြောပြနိုင်ရင် ကျုပ်ဘက်က ပူးပေါင်းဖို့ ဆန္ဒရှိပါတယ် ”
ခန်းမထဲက လူများက ပြောစရာ မလိုဘဲ ထိုမြေပုံကို ပုံတူပွားယူလိုက်ကြသည်။ အားလုံးက ပူးပေါင်းမည့် ကိစ္စမှာ ဤနေရာ၌ ပြောဆိုကြမည် မဟုတ်ကြောင်း သိနေကြသည်။ သူတို့က အစည်းအဝေး ပြီးဆုံးသွားသည့်အထိ စောင့်ဆိုင်းပြီးနောက် တုံ့ရှန်းလေ့ဆီ ချည်းကပ်ကြရမည်။
အားလုံးက တုံ့ရှန်းလေ့၏ ရည်ရွယ်ချက်ကို နားလည်ကြပေသည်။ ထိုမြေပုံ တစ်ဝက်အကြောင်း သတင်းဖြန့်ရန် ဖြစ်ပြီး သဲလွန်စ ရှိသူက သူ့ဆီ ရောက်လာစေရန် ဖြစ်သည်။
တုံ့ရှန်းလေ့က မြေပုံကို သိမ်းကာ ပြောလိုက်သည်
“ ဒီအစည်းအဝေးကို အင်မော်တယ်ဂိုဏ်း အစည်းအဝေးပွဲလို့ ခေါ်ပေမဲ့ မြန်မြန် ကျင်းပလိုက်ရပါတယ်။ ရေဓာတ် သဘာဝ အမြုတေနဲ့ သစ်သားဓာတ် သဘာဝ အမြုတေကို ရှာရမှာ အပြင် ကျန်ရှိတဲ့ သဘာဝ အမြုတေ အကြောင်း သိရင်လည်း ပူးပေါင်းဖို့အတွက် ကျုပ်ဆီ လာရှာနိုင်ပါတယ်။ နောက်တစ်ခု ထပ်ပြောချင်တာက လတ်တလော ကျုပ်က တပည့်တစ်ယောက် လက်ခံထားပါတယ် … ”
တုံ့ရှန်းလေ့က ထိုသို့ ပြောပြီးနောက် လက်ဝှေ့ကာ “ ယွဲ့အာ ထွက်ခဲ့ပါဦး ”
ကျီယွဲ့က အရှက်သည်းစွာဖြင့် တုံ့ရှန်းလေ့ ဘေးနား ရောက်လာသည်။
တုံ့ရှန်းလေ့က ရယ်မောကာ
“ ဒါကတော့ ကျီယွဲ့ပါ။ သူမ ပါရမီက မဆိုးဘူး။ ကျုပ်က အချိန်အများစုကို တံခါးပိတ် ကျင့်ကြံတာနဲ့ အချိန်ကုန်နေပြီးတော့ လေလွင်ပြင်မြို့ ကိစ္စတွေကို ဖြေရှင်းဖို့ လိုအပ်တယ်လေ။ အဲဒါကြောင့် ကျုပ် တပည့်ကို များများ သင်ပြချိန်တော့ မရလိုက်ဘူး။ ဒီတစ်ခေါက် အခွင့်အရေးကို အရယူပြီးတော့ သူမအတွက် ဝါသနာတူ မှီခိုလို့ရမဲ့ တာအိုလက်တွဲဖော် တစ်ယောက် ရှာပေးချင်ပါတယ် ”
တုံ့ရှန်းလေ့ စကားပြောပြီးသည်နှင့် ဆွေးနွေးချက်များနှင့် ပြည့်နှက်သွားသည်။
ကျီယွဲ့၏ အလှတရားမှာ ဂိုဏ်းအသီးသီးရှိ နံပါတ်တစ် အလှလေးထက် ပိုမို တင့်တယ်ပေသည်။ ထို့အပြင် သူမက ငယ်ငယ်ရွယ်ရွယ်ဖြင့် မဟာယီရှန်းအဆင့် ရောက်ရှိနေလေရာ တာအိုလက်တွဲဖော်အတွက် သေချာပေါက် မြင့်မြင့်မှန်းပေလိမ့်မည်။ သူမဆရာဖြစ်သူမှာ အင်မော်တယ် အုပ်စိုးသူအဆင့် လေလွင်ပြင်မြို့စား တုံ့ရှန်းလေ့ ဖြစ်နေသေးသည် မဟုတ်ပါလော။
မိုဝူကျိက တုံ့ရှန်းလေ့၏ မြေပုံမှာ ကျီယွဲ့ထံမှ ရရှိလာခြင်း ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ကျီယွဲ့က ယန်းယဲ့ဆီမှ မြေပုံကို ရရှိထားခြင်း ဖြစ်လိမ့်မည်။
ယန်းယဲ့က ကျီယွဲ့ စကားများကို တသွေမတိမ်း နားထောင်လေသည်။ သူမအတွက် ဆိုပါက နှလုံးသားကိုပင် ထုတ်ပေးမည့် လူစားမျိုး ဖြစ်၏။ ယန်းယဲ့အနေနှင့် ကျီယွဲ့ကို မြေပုံ ပေးလိုက်သည့် ကိစ္စမှာ မျှော်လင့်ထားသည်နှင့် ကွဲလွဲနေသည်တော့ မဟုတ်ပေ။
ထိုအမျိုးသမီးမှာ အတော်လေး အံ့ဩဖို့ ကောင်းလေ၏။ သူမက ကျီမျိုးနွယ်စုမှ လွတ်မြောက်လာရုံ သာမက ယခု သူမအတွက် အသုံးမဝင်သည့် သစ်သားဓာတ် သဘာဝ အမြုတေ မြေပုံလည်း ရှိနေသောကြောင့် တုံ့ရှန်းလော့အား ပေးကာ ဆရာအဖြစ် တင်မြောက်လိုက်ခြင်း ဖြစ်ရမည်။ ထိုမျှတင် မကသေးပေ။ သူမက တုံ့ရှန်းလေ့ ကိုယ်တိုင် သူမအကြောင်းများကို ပြောပြစေလိုက်ပြီး သူမအတွက် အင်အားကောင်းသည့် တာအိုလက်တွဲဖော် ရှာပေးစေလိုက်သေး၏။
အရာအားလုံးကို အသုံးချနိုင်သည့် အမျိုးသမီးမှာ ကြောက်ဖို့ အကောင်းဆုံး ဖြစ်၏။ ယခု အင်မော်တယ် အုပ်စိုးသူ တစ်ယောက်ပင် သူမ၏ အသုံးချခြင်း ခံနေရသည် မဟုတ်ပါလော။ သူမ၏ ရှက်ရွံ့နေသည့် အမူအယာမှာလည်း အကြံဆိုးများထဲမှ တစ်ခုသာ ဖြစ်လိမ့်မည်။
“ အဲဒီမမက တော်တော် လှတာပဲ ” မိုဝူကျိဘေးတွင် ရှိနေသော ယန်ယွဲ့ရုန်က မချီးကျူးဘဲ မနေနိုင်တော့ချေ။
သူမက အမှန်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။ ကျီယွဲ့က ခေါင်းလေး ငုံ့ထားပြီး ရှက်ရွံ့နေသည့် အမူအယာလေးမှာ သူမ အလှတရားကို ထပ်ဆင့် အားဖြည့်ပေးနေဟန် ပေါ်၏။
ပုံမှန် ဘဲဥ သဏ္ဍာန် မျက်နှာမှာ ဇီဇာကြောင်သည့် သွင်ပြင် ပေးစွမ်းနေသော်လည်း ကျီယွဲ့၏ မျက်နှာသွင်ပြင်က စာဖွဲ့မရသည့် အလှတရားမျိုး ဖြစ်၏။ မြူထဲမှ ထွက်ပေါ်လာသော အလှလေး ဖြစ်ပေသည်။
အင်မော်တယ် အများစုက သူတို့နေရာမှ မတ်တတ်ရပ်ကုန်ကြသည်။ အကယ်၍ တုံ့ရှန်းလေ့က ကျီယွဲ့နှင့် သဘောတူခွင့် ရရန် နည်းလမ်း မပြောပြပါက ထိုလူများမှာ ရှေ့တက်သွားလောက်လေပြီ။
“ အစည်းအဝေးကတော့ ပြီးဆုံးသွားပါပြီ။ ကျုပ်တွေက အလျှင်လိုနေတာက ဒီကိစ္စက ကြာကြာအချိန်ဆွဲလို့ မရလို့ပါ။ အဲဒီဖန်လင်းရဲ့ အမြန်နှုန်းက အရမ်းကို မြန်တယ်။ သူ ယုံရင်အင်မော်တယ် နယ်မြေက မထွက်သွားခင် ကျုပ်တို့တွေ သူ့ကျင့်ကြံခြင်း အငွေ့အသက်ကို ရှာကြည့်ဖို့ လိုတယ်။ ဘယ်လိုဖြစ်ဖြစ် သူ့ကို ထွက်ပြေးခွင့် ပေးလို့ မဖြစ်ဘူး။
တစ်ချိန်တည်းမှာ ကျုပ်တို့က ပါရမီရှင်တွေကို ခေါ်ပြီး စူးခရာအင်မော်တယ်မြိုဟောင်းဆီ သွားဖို့ နှောင့်နှေးနေလို့ မရဘူး ” တုံ့ရှန်းလေ့က အစည်းအဝေးပြီးဆုံးကြောင်း ကြေညာလိုက်သည့်အခါ လူအများစုက ကျီယွဲ့အတွက် တာအိုလက်တွဲဖော် မရွေးပေးသည့် အကြောင်းကို စိတ်ပျက်ကုန်ကြသည်။
သူ ပြောလိုက်သည်က အတိအကျပင် ဖြစ်၏။ ဤအစည်းအဝေးပွဲကား အလျှင်စလို စတင်ခဲ့ရပြီး အလျှင်စလို နိဂုံးချုပ်ခဲ့ရသည်။ သူ နောက်ဆုံး ပြောလိုက်သည့် စူးခရာအင်မော်တယ်မြို့ဟောင်းဆီ သွားဖို့ အားလုံး၏ အခွင့်အရေးများကို မဖြုန်းတီးပစ်လိုကြောင်း ပြောစဉ် လူတော်တော်များများက နားမလည် ဖြစ်သွားရသည်။
ခန်းမအတွင်းရှိ အင်မော်တယ်များက ထရပ်လိုက်ကြသည်။ လက်တွေ့၌ တချို့မှာ ဆက်နေရန် ဆန္ဒ ရှိကြသည်။ သစ်သားဓာတ် သဘာဝ အမြုတေအကြောင်း သတင်းဖြန့်ရမည့် ကိစ္စအား ဒုတိယ ဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ ရေဓာတ် သဘာဝ အမြုတေနှင့် ရှေးဦးမူလရေကျောက်များ ဖြစ်ကြသည်။
ထိုရတနာ တစ်ခု ရလိုက်သည်က သူတို့အတွက် အနာဂတ်ကို မြင့်မားသွားစေလိမ့်မည်။ ထို့အပြင် ထိုရတနာများကို ယူဆောင်သွားသူမှာ မဟာကျီရှန်းအဆင့်မျှ ဖြစ်နေ၍ မည်သူက မလိုချင်ဘဲ နေမည်နည်း။
“ မိန်းမလှလေး ကျီယွဲ့ …. ကျုပ်က ပင်လယ်ပိတာန်မြို့ရဲ့ ကျိုးယီရှန်းပါ။ မိန်းမလှလေးက ကျုပ်ကို မျက်နှာသာပေးပြီး တစ်ခွန်းတည်းခိုဆောင်မှာ အတူတူ လိုက်ထိုင်ပေးနိုင်မလား ” နွေးထွေးသော အသံလေးက မိုဝူကျိနှင့် မနီးမဝေးမှ ထွက်ပေါ်လာသည်။
မိုဝူကျိက ခေါင်းမော့ကြည့်လိုက်သည့်အခါ ခန္ဓာကိုယ်တောင့်တောင့်နှင့် ကျိုးယီရှန်းကို မြင်လိုက်ရသည်။
ကျိုးယီရှန်းမှာ ပင်လယ်ပိတာန်မြို့စားငယ်လေး ဖြစ်ပြီး သူ့ဖခင်မှာ မြို့စား ဖြစ်၏။ ထိုလူ၏ အကျင့်စရိုက်မှာ နွေးထွေးဖော်ရွှေမှု ရှိပြီး မောက်မာမှု မရှိသလို ဒေါသလည်း မကြီးပေ။ မိုဝူကျိက သူ့အား အသိအမှတ်ပြုမိ၏။ ထိုမျှတင် မက ကျိုးယီရှန်းမှာ ကြယ်ခုနှစ်လုံး ပါရမီရှင် တစ်ယောက် ဖြစ်နေသေးသည်။ တစ်ခုတည်းသော ကံမကောင်းသည့်အရာမှာ ထိုသူ၏ ရုပ်ရည်မှာ ပုံမှန် ဖြစ်နေပြီး ချောမောခန့်ညားခြင်း မရှိပေ။
မိုဝူကျိက ထိုလူအနေနှင့် ကျီယွဲ့ကို မျက်စိကျလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ ကျီယွဲ့က စီနီယာအစ်ကိုကြီးကျိုးရဲ့ ဖိတ်ခေါ်မှုကို မငြင်းချင်ပါဘူးရှင် ….” ကျီယွဲ့က အရှက်သည်းသွားကာ အသံတိုးတိုးလေးဖြင့် “ ဒါပေမဲ့လေ …. ”
သူမက အချိန်အတော်ကြာ တွန့်ဆုတ်နေပြီး ဘာကိုမှ တိတိကျကျ မပြောပေ။
မိုဝူကျိက ထိုအမျိုးသမီးမှာ ကျိုးယီရှန်း၏ ဇာစ်မြစ်အကြောင်း သိနေကြောင်း သေချာသည်။ မဟုတ်လျှင် သူမက သူ့ကို တန်းငြင်းပယ်လိမ့်မည်။ ဤသို့ မူယာမာယာ ပိုနေမည် မဟုတ်ပေ။
“ မိန်းမလှလေး ကျီယွဲ့ စိတ်ပူနေဖို့ မလိုပါဘူး။ ကျုပ်က အခါးရည် သောက်ဖို့ ဖိတ်ကြားတာပါ …. ပြီးတော့ လေလွင်ပြင်မြို့ရဲ့ ရှုခင်းတွေကို အတူတူ ကြည့်ရှုရအောင်လေ။ ဒီလောက်ပါပဲ ” ကျိုးယီရှန်းက မိန်းကလေးများကို မည်သို့ ဆွဲဆောင်ရမှန်း မသိသည်မှာ သေချာလှသည်။ သူ့စကားလုံးများမှာ အကြမ်းထည် ဖြစ်နေ၏။
မျှော်ထင့်မထားသည်က ကျီယွဲ့က “ အွန်း ” တစ်လုံးဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
ကျိုးယီရှန်းက ပျော်သွားကာ “ အဲဆို မိန်းမလှလေး ကျီယွဲ့ ... အခုအချိန်ထက် ပိုကောင်းတဲ့အချိန် မရှိဘူး။ ကျုပ်တို့တွေ အခုသွားရအောင်လေ။ ပြီးတော့ ရေဓာတ် သဘာဝ အမြုတေတို့၊ ရှေးဦးမူလရေကျောက်တို့ ရှာတာက ကျုပ်တို့လို လူတွေ လုပ်နိုင်တာမှာ မဟုတ်တာပဲ …. ”
“ အွန်း ” ကျီယွဲ့က အသံတိုးတိုးလေး ပြောလိုက်သည်။
မိုဝူကျိကတော့ ခေါင်းသာ ခါလိုက်တော့သည်။ သူက ကျိုးယီရှန်းအား ထိုသို့မျို မိန်းမနှင့် မပတ်သတ်ရန် အကြံပေးချင်သော်လည်း ဤနေရာ၌ အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိနေလေရာ သူ့ကိုယ်သူ ပြဿနာ ပြန်ရှာမိမည်ကို စိုးရိမ်ရသေး၏။
“ စီနီယာအစ်ကိုကြီးကျိုးက ကျိုးပျက်ကမ္ဘာက ပြန်လာတာလို့ ကြားထားတယ် ” ကျီယွဲ့က ရုတ်တရက် ပြောလိုက်သည်။
ကျိုးယီရှန်းက ပျော်သွားသော်လည်း ခေါင်းညိတ်ကာ “ ဟုတ်တယ်လေ …. ကျုပ် ကျိုးပျက်ကမ္ဘာကို အရင်က ရောက်ဖူးတယ် ”
“ အဲဆို ယန်းယဲ့ကို သိလားဟင်။ သူလည်း ကျိုးပျက်ကမ္ဘာကို သွားတယ်လို့ ကြားလိုက်တယ် …” ကျီယွဲ့က အနည်းငယ် ပူပင်နေသည့် လေသံဖြင့် မေးလိုက်၏။
မိုဝူကျိပင် နှလုံးခုန်မြန်မိသွားသည်။
ဒီအမျိုးသမီးက သူ့အကြောင်း ဘာလို့ မေးတာလဲ …..
သူက ခြေလှမ်းများကို တမင်နှေးကာ ထိုအမျိုးသမီး ဆက်ပြောမည့် စကားကို နားထောင်လိုက်သည်။