← Chapters

မဟာဓားလမ်းစဉ်၏ ဓား အကျဉ်းထောင်

Vol. 50 Ch. 684

မဟာဓားလမ်းစဉ်၏ ဓား အကျဉ်းထောင်

Vol. 50 Ch. 684

“ တာ့ဟွမ် ကိစ္စတစ်ခုခု ရှိလို့လား။ နေလို့ မကောင်းဘူးလား ” တိုက်တိုက်ဆိုင်ဆိုင် ယန်ယွဲ့ရုန်က  မိုဝူကျိဘက် လှည့်ကြည့်လိုက်စဉ် သူ့ဒေါသထွက်နေသည့် အမူအယာကို မြင်ပြီး ချက်ချင်း မေးလိုက်သည်။

မိုဝူကျိက အသက်ပြင်းပြင်းရှုကာ  ခေါင်းခါလိုက်ရင်း   “ မိုဝူကျိ အကြောင်းကို ကြားပြီး ဒေါသထွက်သွားမိလို့ပါ ”

ယန်ယွဲ့ရုန်က မြန်မြန် ပြောလိုက်၏  “ တာ့ဟွမ် …  ရှင်က သေမျိုးလေ၊ ဒီကိစ္စကို များများ တွေးမနေနဲ့။ ပြီးတော့ ကျမရဲ့ အဘိုးက ပြောတယ်လေ … အဲဒီ မိုဝူကျိက အပုတ်ချခံရတာတဲ့ …. ”

“ရုန်အာ  ….  ဒီလို ကိစ္စကို ပုံမှန်အတိုင်း မပြောသင့်ဘူးလေ။ မင်းတို့တွေ အခန်းပြန်ပြီးတော့ ငါ့ကို စောင့်နေ။ ငါ လုပ်စရာလေး ရှိသေးလို့  ” ယန်ထန်းက တစ်ခွန်းလွင်ပြင် တည်းခိုဆောင် အပြင်ဘက်၌ ရပ်နေရင်း ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့  ဝင်သည့်အထိ စောင့်ပေးလိုက်၏။ ထို့နောက် အလျှင်စလို ထွက်သွား၏။

ယန်ထန်း ထွက်သွားပြီးနောက် သုံးယောက်သား သူတို့အခန်းဆီ ပြန်လာကြသည်။

မိုဝူကျိက မေးလိုက်၏

“ ညီမလေး စောစောလေးက မဟာဓားလမ်းစဉ်ဂိုဏ်းက ကျင်းရှန်းအဆင့် မိန်းကလေးကို ဖမ်းထားတာဆိုတာ ဘာဖြစ်တာလဲ။ ကြားရတာနဲ့တင်  အဲဒီ မဟာဓားလမ်းစဉ်ဂိုဏ်းက ဂိုဏ်းကြီးကြီး ထင်တယ်။ ပြီးတော့  ကျုပ် ကြားသလောက်ဆိုရင် ကျင်းရှန်းအဆင့် အင်မော်တယ်တွေက  အင်မော်တယ်လောကထဲ ရောက်လာခါစ အင်မော်တယ်တွေ မလား။ အဲလို ဂိုဏ်းကြီးကြီးက  ဘာလို့ အင်မော်တယ်လောကထဲ ရောက်လာခါစ ကောင်မလေးကို ဖမ်းတာတုန်း ”

ယန်ယွဲ့ရုန်က  ပါးစပ်ကို အုပ်ကာ ရယ်မောကာ “ တာ့ဟွမ် … မမရှောင်ယုကို ဘာလို့  ညီမလေးလို့ ခေါ်တာလဲ ”

ရှောင်ရှောင်ယုက အခေါ်အဝေါ်ကို စိတ်ထဲ မထားပေ။ မိုဝူကျိက သူမအား  အင်မော်တယ် ဘုရင်ဆေးလုံး ပေးထားသည့်အတွက် ဤသေမျိုးအား  အစ်ကိုကြီးဟု ခေါ်ရလျှင်လည်း ကိစ္စမရှိပေ။

သူမက မိုဝူကျိကို ကျေးဇူးတင်နေသောကြောင့် မိုဝူကျိ၏ မေးခွန်းကို တကယ် စိတ်ထဲ မထားပေ။ ထို့အစား သူမက လေးလေးနက်နက် ဖြေပေးလိုက်၏

“ အဲဒီ မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်းက လူတွေကို သတ်ထားတော့  သူတို့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့  ဂုဏ်သိက္ခာကို ပျက်ရယ်ပြုတယ်ပေါ့။ အဲဒါနဲ့ ခက်ခက်ခဲခြ စီစဉ်ပြီးတော့ မဟာဓားလမ်းစဉ်ဂိုဏ်းက တာ့ယီအင်မော်တယ်မြို့မှာ သူ့ကို ဖမ်းဖို့ ကြံစည်ထားကြတာ။ ဒါပေမဲ့ သူတို့အကြံက ဟန်ချင်းရုလို့ ခေါ်တဲ့ မိန်းကလေးကြောင့် ပျက်စီးသွားတယ်လေ။

ပြောကြတာတော့ ဟန်ချင်းရုနဲ့ မိုဝူကျိက တစ်ယောက်နဲ့ တစ်ယောက် သိကြတယ်တဲ့။ အဲကြောင့် အဲကောင်မလေးက စတေးခံပြီးတော့ မိုဝူကျိ ထွက်ပြေးလို့ ရအောင် သတိပေးလိုက်တာတဲ့ ….   ”

မိုဝူကျိ၏ လက်ဖဝါးမှာ လက်သည်းကြောင့် သွေးများပင် ထွက်နေပြီ ဖြစ်၏။ သူက အလွန်တုံးအမိခဲ့သည်။  ထိုမဟာဧကရာဇ်များက ဟန်ချင်းရု၏ ရည်ရွယ်ချက်ကို  မသိလောက်ဟု ကိုယ့်ဘာသာ လိမ်ညာမိခဲ့သည်။ သူနှင့် သဲထဲ ခေါင်းစိုက်ထားသည့် ဌက်ကုလားအုတ်နှင့် ဘာများ ကွာခြားမည်နည်း။

တကယ်လို့ ဟန်ချင်းရုသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သူ့ကိုယ်သူ မည်သိုများ ခွင့်လွတ်ရတော့မည်နည်း။

“ အဲဒီ ဟန်ချင်းရုက သစ္စာရှိပြီးတော့ ဖြောင့်မတ်တာပဲ ” ယန်ယွဲ့ရုန်က နောက်တစ်ဖန် ချီးကျုးလိုက်ပြန်သည်။

“ မဟာဓားလမ်းစဉ်ဂိုဏ်းက သူမကို ဘာလို့ မသတ်လိုက်တာလဲ ” မိုဝူကျိက စိတ်ထဲမှ ဒေါသတရားကို ချိုးနှိမ်ကာ  မေးလိုက်၏။

ရှောင်ရှောင်ယုက မိုဝူကျိအား နားမလည်သလို ကြည့်လိုက်သည်။ သူမက မိုဝူကျိ၏ အပြုအမူများမှာ  ပိုလွန်းနေကြောင်း ခံစားမိ၏။ သို့သော်လည်း  သူမက ဖြေလိုက်သေး၏

“ မဟာဓားလမ်းစဉ်ဂိုဏ်းက  ဟန်ချင်းရုကို သူတို့ဓားအကျဉ်းထောင်ထဲ ပိတ်ထားတာလေ။ အဲဒီ ဓားအကျဉ်းထောင်က မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ကြောက်စရာ အကောင်းဆုံး အကျဉ်းထောင်ပဲ။ အဲထဲမှာ ပိတ်မိနေတဲ့ လူအားလုံး သူတို့နှလုံးသားကို ထိုးစိုက်သလိုမျိုး၊ ဝိညာဉ်ကို တလွှာစီ လှီးဖြတ်နေသလိုမျိုး ဆက်တိုက် ခံစားရလိမ့်မယ်။ သူတို့က ဆက်တိုက် နှိပ်စက်ခံနေရပေမဲ့  မသေနိုင်ကြဘူး …. တာ့ဟွမ် ဘာဖြစ်လို့လဲ  …. ”

ရှောင်ရှောင်ယုက မိုဝူကျိ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်၏။ ထိုစဉ် မိုဝူကျိ၏ မျက်လုံးနှစ်ဖက်လုံးမှာ နီရဲနေပြီး ဆုတ်ဖြဲနေသည့်အလား ဖြစ်၏။

ယန်ယွဲ့ရုန်လည်း  မျက်လုံးကို ပွတ်ကာ

“ တာ့ဟွမ်ကို သွားမပြောနေပါနဲ့။ ညီမ နှလုံးသားတောင် ဒီဟာကို ကြားရတော့ တဆစ်ဆစ်နဲ့ နာနေတာ။ အဲဒီမမချင်းရုက အတော်လေး သစ္စာ ရှိရက်သားနဲ့  မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ရက်ရက်စက်စက် နှိပ်စက်တာကို ခံနေရတယ် …. ”

ကျင့်ကြံသူများအနေနှင့် သုံးယောက်လုံးမှာ ဓားစွမ်းအင်ကြောင့် ဝိညာဉ် အလှီးဖြတ်ခံနေရသည့် ခံစားချက်မှာ မည်မျှ နာကျင်ကြောင်း ရှင်းရှင်းလင်းလင်း သိကြ၏။ ဟန်ချင်းရုက ထိုဓားစွမ်းအင်ကြောင့်  ဆက်တိုက် ခံစားနေရမည်ကို ပြောနေစရာ မလိုတော့ပေ။ ဝိညာဉ်ကို အနည်းငယ် ထိခိုက်မှုလေးကပင် လူတစ်ယောက်အား သေလုမတတ် နာကျင်စေသည်။ မိုဝူကျိက သူ့ရုပ်ခန္ဓာကို မည်မျှ လေ့ကျင့်စေကာမူ  အသွေးအသားကိုသာ လေ့ကျင့်တာ ဖြစ်ပြီး ဝိညာဉ်ကို မဟုတ်ပေ။

ရှောင်ရှောင်ယုက ယန်ယွဲ့ရုန်ထက် အတွေ့အကြုံ ပိုရှိသောကြောင့် မိုဝူကျိ၏ စိတ်ခံစားချက်များမှာ ယန်ယွဲ့ရုန်နှင့် ခြားနားကြောင်း ခံစားမိ၏။ မိုဝူကျိက ဟန်ချင်းရုကို သနားလျှင်ပင် ထိုမျှအထိ စိတ်တိုစရာ မလိုအပ်ပေ။

မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်ပြီး  သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းကာ

“ ကျုပ်ဆီမှာလည်း ချင်းရုလို့ ခေါ်တဲ့ အစ်မ တစ်ယောက် ရှိတယ်။ ချင်းရုကြောင့်သာ မဟုတ်ရင် ကျုပ် သေနေလောက်ပြီ။ ဟန်ချင်းရုအကြောင်း ကြားတုန်းက  အတိတ်တုန်းက ဖြစ်ရပ်ကို သတိရသွားပြီး နည်းနည်း အကဲဆတ်မိသွားတယ် … ”

ဒီလိုကိုး  …..

ရှောင်ရှောင်ယုနှင့် ယန်ယွဲ့ရုန်တို့က မိုဝူကျိ၏ ခံစားချက်များကို နားလည်သွားကြသည်။

“ ဟူး …. အဲဒီ မိုဝူကျိက ဟန်ချင်းရုကို သွားကယ်မလား၊ မကယ်ဘူးလားတော့ မသိဘူး။ သူမက အတော်လေး သနားစရာ ကောင်းတယ် ” ယန်ယွဲ့ရုန်က သက်ပြင်းချကာ ပြောလိုက်သည်။

“ မကယ်လောက်ဘူး။ မဟာဓားလမ်းစဉ်ဂိုဏ်းက အင်မော်တယ်လောက တစ်ခုလုံးမှာ နံပါတ်တစ် အင်မော်တယ်ကျောင်းပဲလေ။ ပြီးတော့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယီမင်ရှုက ဟန်ချင်းရုကို ပိတ်ထားတဲ့သူလေ။

အဲဒီလူက မဟာဧကရာဇ် တစ်ယောက်  ….   ငါတို့ ယုံရင်အင်မော်တယ်နယ်မြေ တစ်ခုလုံးမှာ သူနဲ့ လက်ရည်တူတဲ့သူ မရှိဘူး ” ရှောင်ရှောင်ယုက ခေါင်းခါကာ ပြောလိုက်သည်။

“ မမရှောင်ယု  … သူက မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ မဟာဧကရာဇ်ဆိုတော့  မိုဝူကျိကို ဘာလို့ လွှတ်ပေးလိုက်တာလဲ။ မဟာဧကရာဇ်ကတောင် မိုဝူကျိကို မဖမ်းနိုင်ဘူးလား။ မိုဝူကျိက ဘယ်လောက်တောင် အားကောင်းနေတာလဲ။ ဖြစ်နိုင်တာ သူလည်း  မဟာဧကရာဇ်များလား ” ယန်ယွဲ့ရုန်က သိချင်စွာ မေးလိုက်သည်။

“ မဟုတ်ပါဘူး။ မိုဝူကျိက မဟာယီရှန်းအဆင့်ပဲ ရှိသေးတာ။ မိုဝူကျိ အဝိုင်းခံရတုန်းက  ယီမင်ရှု တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူး။ သူ့အပြင်  လျှပ်စီးဂိုဏ်းရဲ့ နံပါတ်တစ် အဆင့်မြင့် ကျင့်ကြံသူ လိန်ကူယွင်တို့၊ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းရဲ့ အကြီးအကဲ ကျင်းယွီရှန်းတို့လည်း ရှိနေသေးတယ်။ ပြီးတော့ မဟာခွန်ဗုဒ္ဓဂိုဏ်းရဲ့ ဧကရာဇ်တပိုင်းအဆင့် ကွမ်းနဉ်လည်း ရှိနေတယ်။ အဲဒီလေးယောက် ရှိနေရက်သားနဲ့ မိုဝူကျိက လွတ်သွားတာ ….. ”

သူမက ရှောင်ရှောင်ယု စကားများ ကြားသောအခါ ယန်ယွဲ့ရုန်က လေအေးများ မှုတ်ထုတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူမက ရေရွှတ်လိုက်သည်

“ အံ့ဩစရာကြီး ”

သူမက မိုဝူကျိ အကြောင်း ပြောနေသလား ဒါမှမဟုတ်  သူ့ကို ဝိုင်းထားသည့် လူများအကြောင်း ပြောနေလားဆိုတာ မသိရပေ။

သုံးယောက်သား တိတ်ဆိတ်သွားလေ၏။ အချိန်အတော်ကြာပြီးနောက် ယန်ယွဲ့ရုန်က တစ်ခုခု အမှတ်ရဟန်ဖြင့်  ရုတ်တရက် ကောက်ပြောလိုက်သည်  “ မမရှောင်ယု … မဟာဓားလမ်းစဉ်ဂိုဏ်းချုပ်ရော ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်ကို သွားမယ်လို့ ထင်လား …. ”

ရှောင်ရှောင်ယုက ခေါင်းညိတ်ကာ  “ သွားလောက်တယ်။ တတိယအလွှာမှာ အဖိုးတန် ရတနာတွေ အများကြီး တွေ့ခဲ့တာလေ။ ပြီးတော့ လော့ကျမ်းစာရွက်လည်း ပေါ်လာသေးတယ်။ တတိယအလွှာထဲက ရတနာတွေက အံ့ဩတုန်လှုပ်စရာတွေဆိုတော့ အထက်ဘုံက လူတွေက လေးလွှာမြောက်ကို ဖွင့်ဖို့ ဖိအားပေးနေကြတာလေ။ မဟာဧကရာဇ်တောင် အဲဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူး ”

“ မိုဝူကျိက အဲဒီအခွင့်အရေးကို ယူပြီး သူ့မိတ်ဆွေကို သွားကယ်မယ်လို့ ထင်လား ” ယန်ယွဲ့ရုန်က သူမအတွေးသူ အံ့ဩမိသွားသည်။

ရှောင်ရှောင်ယုက ယန်ယွဲ့ရုန်ကို ကြည့်ပြီး ပြောစရာ ရှာမတွေ့ ဖြစ်မိသွားသည်

“ မမလေး … မဟာဓားလမ်းစဉ်ဂိုဏ်းချုပ်က အဲဒါကို မတွေးမိဘဲ နေပါ့မလား။ သူက မဟာဓားလမ်းစဉ်ဂိုဏ်းမှာ မရှိရင်တောင် ဓားအကျဉ်းထောင်ကို ကာကွယ်ရေး အထပ်ထပ်နဲ့ ကာထားတာလေ …. ”

“ညီမလေး  အဲဒီဓား အကျဉ်းထောင်က ဘယ်လိုနေရာမျိုးလဲ ” မိုဝူကျိက  ရုတ်တရက် ဖြတ်မေးလိုက်သည်။

ရှောင်ရှောင်ယုက အလေးအနက် ပြောင်းသွားကာ

“ ပြောရမယ်ဆိုရင်တော့  နယ်မြေတစ်ခုလိုမျိုးတဲ့။ အဲဒီနယ်မြေထဲမှာ အဆက်မပြတ် ဓားစွမ်းအင်တွေ ရှိနေတာ။ ဓားအကျဉ်းထောင်ထဲ အဖမ်းခံထားရတဲ့ လူအားလုံးကို မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဓားအဆောင်စာရွက်က ကာကွယ်ပေးထားတာတဲ့ ”

“မမရှောင်ယု …. မဟာဓားလမ်းစဉ်ဂိုဏ်းက အဲလူတွေကို ဖမ်းပြီး အကျဉ်းထောင်ထဲ ထည့်ထားတာ မဟုတ်ဘူးလား။ ဘာလို့  သူတို့ဓားအဆောင်စာရွက်နဲ့ ကာကွယ်ပေးနေသေးတာလဲ ” ယန်ယွဲ့ရုန်က နားမလည်ပေ။

ရှောင်ရှောင်ယုက သက်ပြင်းချကာ

“ အဲဒီမဟာဓားလမ်းစဉ်ဂိုဏ်းက သူတို့အကျဉ်းသားတွေကို ဒီအတိုင်း အသေခံမယ် ထင်လား။ အဲဒီ ဓားအဆောင်စာရွက် သူတို့ကို တကယ် ကာကွယ်ပေးတာတော့ မဟုတ်ဘူး။ ပြောရမယ်ဆိုရင်  ဓားစွမ်းအင်တွေက သူတို့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖျက်စီးပစ်နေတာကို ခွင့်ပြုပေးတယ်။ သေဆုံးတာကနေပဲ ကာကွယ်ပေးတာ …..  အဲဒီ ဓားအဆောင်စာရွက်မှာ အဆင့်မျိုးစုံ ရှိတယ်။

အဆင့်နိမ့်ဆုံးက  လူတစ်ယောက်ကို ၄၉ ရက် တောင့်ခံခိုင်းပြီးတော့မှ သေခွင့် ပြုတယ်။ အဆင့်မြင့်ဆုံးကျ လူတစ်ယောက်ကို နှစ်ပေါင်း ၉၉၉၉ နှစ် ခံစားစေပြီးမှ သေခွင့် ပြုတယ်။ တွေးကြည့်ပါဦး …..  ဓားစွမ်းအင်က ခန္ဓာကိုယ်ကို တစ်လက်မစီ တိုက်စားနေတာမျိုး၊ အသွေးအသားကို တတိတိ ဖျက်စီးပစ်နေတာမျိုးဆိုတော့  ဘယ်သူက သေရုံအပြင် အသက်ဆက်ရှင်ချင်ပါ့မလဲ …. ”

“ ရက်စက်လိုက်ကြတာ ” ယန်ယွဲ့ရုန်က တုန်ယင်သွားမိသည်။

“ အဲဒါကြောင့်မလို့  အင်မော်တယ်လောက တစ်ခုလုံးမှာ  မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ အကျဉ်းထောင်က ကြောက်စရာ အကောင်းဆုံး ဖြစ်နေတာပေါ့ ”‌ ရှောင်ရှောင်ယုက မထူးမခြားနား ပြောလိုက်သည်။

သူက ပိုကြားလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်၏။ မိုဝူကျိက သူ့ကိုယ်သူ အတင်းချိုးနှိမ်ကာ  “ ညီမလေး  အဲဆို အဖမ်းခံထားရတဲ့ လူတွေကို ပြန်ထုတ်လို့ ရလား ”

“ သူတို့တွေ ဓားအကျဉ်းထောင်ထဲ ဝင်သွားတာနဲ့ အသက် ဆုံးရှုံးသွားတာနဲ့ အတူတူပဲ။ ထွက်လမ်း မရှိဘူး။ ဓားအကျဉ်းထောင်မှာ အဖမ်းခံပြီးတော့ လွတ်လာတာ တစ်ယောက်မှ မရှိသေးဘူး ” ရှောင်ရှောင်ယုက ဖြေပေးလိုက်သည်။

“ အဲဆို မဟာဓားလမ်းစဉ်ဂိုဏ်းက လူတွေက ဓားအကျဉ်းထောင်ကနေ တစ်ယောက်ယောက် ထွက်ပြေးမှာကို မစိုးရိမ်ကြဘူးလား ” မိုဝူကျိက သူ့ကိုယ်သူ တည်ငြိမ်ရန် ထိန်းချုပ်နေရဆဲ ဖြစ်၏။

ရှောင်ရှောင်ယုက မိုဝူကျိအား ကြည့်လိုက်ပြီး

“ စောစောက ပြောသလိုပဲလေ။ ဓားအကျဉ်းထောင် ကိုယ်တိုင်ကိုက ငရဲပါဆိုနေ … ဝင်သွားတာနဲ့ သေဖို့ပဲ စောင့်နေရမှာ။ ချွင်းချက် မရှိဘူး။ ဓားအကျဉ်းထောင်ထဲ ဝင်ပြီးသွားရင် ဘယ်သူကမှ ရှင့်ကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သေလူ ဖြစ်နေပြီးသား မလို့ပဲ …. ”

“ ရှောင်ယု …. ဒီတစ်ခါတော့ မင်းကို ကျေးဇူးတင်ရမှာပဲ။ မင်းသာ  အဲဒီလူတွေကို မျှားခေါ်မသွားရင်  ငါတော့  သခင်ကြီး ရောက်လာတဲ့အထိ တောင့်ခံနိုင်မှာ မဟုတ်ဘူး ” သူတို့ ပြောနေစဉ် ယုချန် ရောက်ရှိလာ၏။

“ဦးလေးယု ဒဏ်ရာတွေ သက်သာရဲ့လား ” ရှောင်ရှောင်ယုက ပျော်ရွင်မိသွားသည်။

မိုဝူကျိက ထပ်မစောင့်နိုင်တော့ဘဲ ဖြတ်ပြောလိုက်သည်  “ညီမလေးရုန်အာ၊ ညီမလေး  ရှောင်ယု၊ ဦးလေး ယု ကျုပ် သွားလိုက်ပါဦးမယ်။ ခင်ဗျားတို့လည်း ကိုယ့်ဘာသာ ဂရုစိုက်ကြပါ ”

“ အာ  …” ယန်ယွဲ့ရုန်က မိုဝူကျိအား အံ့ဩတကြီး ကြည့်ကာ  “ တာ့ဟွမ် … ရှင့်လို သေမျိုးတစ်ယောက်က  ဘယ်သွားမလို့လဲ။ ကျမတို့နောက် လိုက်မယ်ဆို …. ”

မိုဝူကျိက ခေါင်းခါကာ  “ ကျုပ်က ကိုယ့်ဘာသာ ဆက်သွားဖို့ပဲ ရည်ရွယ်ထားတာပါ။ ခင်ဗျားတို့အားလုံးက အင်မော်တယ်တွေလေ။ ကျုပ် လိုက်လာရင် ဝန်ထုပ်တစ်ခုလို ဖြစ်နေမှာပေါ့။ အဲလိုဆို ကျုပ် ခရီးနောက်က အဓိပ္ပါယ် ပျောက်ဆုံးသွားလိမ့်မယ် …. ”

“ မဟုတ်သေးဘူးလေ …” ယန်ယွဲ့ရုန်က  တဆတ်ဆတ် ခါကာ  “ ရှင့်လို သေမျိုးက တစ်ယောက်တည်း သွားရင် အသတ်ခံရမှာပေါ့ ”

ယုချန်းက သူ့မမလေးနှင့် ရှောင်ရှောင်ယုတို့အပေါ်  မိုဝူကျိ၏ ခေါ်ဝေါ်ပုံကို ကြားသောအခါ  အံ့ဩမိသွားသည်။ သို့သော်လည်း မမလေးနှင့် ရှောင်ရှောင်ယုတို့က ထူးဆန်းနေဟန် မထင်ကြသောကြောင့် သူက ဘာမှ ဝင်မပြောလိုက်ပေ။

မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်  “ အဆုံးအစွန်ပင်လယ်က ကျုပ် သွားရမဲ့ နေရာပါ။ အဲဒီနေရာမှာ ကိုယ်ပိုင့်နက်တစ်ခု လုပ်ဖို့ ရည်ရွယ်ထားတယ်။ တကယ်လို့ အလိုရှိရင်  နောင်ကျ အဆုံးအစွန်ပင်လယ်ဆီ လာလည်လှည့်ပါ။ အခုတော့ သွားပါဦးမယ် …. ”

မိုဝူကျိက ပြောလိုက်ရင်း လှည့်ထွက်လိုက်သည်။ သူက တစ်စက်လေးမှ တုံ့ဆိုင်းမနေပေ။ ကျိုးပျက်ကမ္ဘာ လေးလွှာမြောက်တွင် မည်သို့သော အဖိုးတန် ရတနာများ ရှိနေစေကာမူ ဟန်ချင်းရုကို ကယ်တင်မည့် ကိစ္စအား မတားဆီးနိုင်ပေ။

ယန်ယွဲ့ရုန်က မိုဝူကျိကု ပြန်ခေါ်ချင်သော်လည်း ရှောင်ရှောင်ယု၏ တားဆီးခြင်းကို ခံလိုက်ရသည်

“မမလေး  …. အားလုံးက ကိုယ်ပိုင်အိပ်မက်တွေ ရှိကြတယ်လေ။ နောင်ကျမှ တာ့ဟွမ်ကို အဆုံးအစွန်ပင်လယ်ဆီ သွားတွေ့ကြတာပေါ့။ အခုတော့ သူ့ကိုယ်ပိုင် လမ်းအတွက် လက်လွှတ်ပေးသင့်တယ်လေ။ အဲဒါက သူ့ကို ပိုပျော်ရွင်စေလိမ့်မယ် …. ”

“ ဒါပေမဲ့  …” စကားလုံး တစ်လုံးသာ ရေရွတ်ပြီးနောက် ယန်ယွဲ့ရုန်က လက်လျော့လိုက်တော့သည်။ ထို့နောက် သူမက မိုဝူကျိ၏ ပျောက်ကွယ်သွားသည့် ပုံရိပ်ကို မြင်ရလို့ဌာ တံခါးနား သွားလိုက်သည်။

“ တာ့ဟွမ် ကိုယ့်ဘာသာ ဂရုစိုက်ရမယ်နော် ” မိုဝူကျိ၏ ပုံရိပ် ပျောက်ကွယ်သွားသည့်အခါ ယန်ယွဲ့ရုန်က ရေရွတ်လိုက်သည်။

……………….

မိုဝူကျိက လေလွင်ပြင်မြို့မှ ထွက်လာပြီးနောက် ပျံသန်းရေး ရတနာကို ထုတ်ကာ ယွမ်ယန်အင်မော်တယ်မြို့ဆီ တတ်နိုင်သမျှ မြန်မြန် ဦးတည်လိုက်တော့သည်။

လော့လင်အင်မော်တယ်နယ်မြေသို့ သွားသည့် ကူးသန်းရေး အစီအရင်မှာ ယွမ်ယန်အင်မော်တယ်မြို့တွင် တည်ရှိ၏။ သူက ဟန်ချင်းရု တစ်ယောက် ဓားအကျဉ်းထောင်ထဲ အဖမ်းခံထားရသည့် အကြောင်း ကြားသောအခါ ဘာကိုမှ မစောင့်နိုင်တော့ဘဲ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဝင်ပေါက်ဆီသာ ဦးတည်လိုက်သည်။

ယီမင်ရှုက ဟန်ချင်းရုအား ဓားစာခံအဖြစ် တမင်ဖမ်းဆီးထားလည်း ဂရုမစိုက်ပေ။ ယီမင်ရှုက မဟာဓားလမ်းစဉ်ဂိုဏ်းတွင် ရှိနေလျှင်ပင် ဂရုမစိုက်တော့ချေ။ ထောင်ချောက် ဖြစ်နေလျှင်လည်း  ကိစ္စမရှိပေ။ မိုဝူကျိက တုံ့ဆိုင်းမနေဘဲ မဟာဓားလမ်းစဉ်ဂိုဏ်းဆီ တန်းတန်းမတ်မတ် သွားမည် ဖြစ်၏။

ဟန်ချင်းရုအစား သူ့ဝိညာဉ်ကိုသာ နှိပ်စက်ခံ လိုက်ချင်မိတော့သည်။

All Chapters