အပိုင်း(၄၆၂)
Vol. 31 Ch. 462
အမှောင်ကမ္ဘာအစီအရင်က ရှစ်ဖုန့်အား အမှောင်ကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လာခဲ့သည်။
‘ဟေး..ရုတ်တရက်ကြီး ဘာလို့
အရမ်းမှောင် သွားရတာတုံး..သေခြင်းတားမြစ်နယ်မြေထဲမှာ ကောင်းကင်က အမှောင်အဖြစ်ပြောင်းသွားတာလား”
ရှစ်ဖုန့်၏နောက်မှ ငထူးဆန်းကောင် နင်ချန်၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
“ဒါနဲ့ပက်သက်ပြီး တော့ တစ်ခုခုတော့ မသင်္ကာဖွယ်ရာပဲ”
ချီလင်ဘုရင်၏ လေးနက်သော အသံကလည်း ထပ်မံထွက်ပေါ်လာသည်။
နင်ချန်နှင့်ချီလင်ဘုရင်တို့က လည်း ရှစ်ဖုန့်ကဲ့သို့ အမှောင်ကမ္ဘာအတွင်းဝင်ရောက်လာသည်။
“ဟားဟား…ဟားဟားဟားဟားဟား”
အဘိုးအို၏ ရယ်မောသံက အမှောင်ကမ္ဘာအတွင်း၌ ဆက်လက်မြည်ဟိန်းနေဆဲဖြစ်သည်။ ၎င်းတို့မှာ တစ္ဆေတစ်ကောင်၏ အသံကဲ့သို့ ဦးတည်ချက်ပေါင်းစုံမှ လာနေပုံရသည်။
“ဒီအသံကို အရမ်းရင်းနှီးနေသလိုပဲ.. ဘယ်သူရယ်နေတာပါလိမ့်”
အသံအားကြားလိုက်ရသောအခါတွင်နင်ချန်က တစိမ့်စိမ့်တွေးဆလိုက်သည်။
“ဟုတ်တယ်.ဒါက ဂန္ဓမာအဘိုးအိုရဲ့ချခင်းထားတဲ့လှည့်ကွက်တွေ”
သူပြောနေသော ဂန္ဓမာ အဘိုးအို ဆိုသူမှာ သူ့အား သေခြင်းတားမြစ်နယ်မြေသို့ ပြီးပြည့်စုံသော လမ်းညွှန်မှုစာအုပ်အား တုန်းဟွေ့မြို့၌သူတို့သေခြင်းတားမြစ်နယ်မြေအတွင်းမဝင်ရောက်ခင် ရောင်းခဲ့သော အဘိုးအိုဖြစ်သည်။ သူ၏ အိုမင်းသော မျက်နှာက ပြုံးလိုက်သော အခါတွင် ဂန္ဓမာပန်းကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ချီလင်ဘုရင်က သူ့အား ဂန္ဓမာအဘိုးအိုဟုခေါ်ခြင်းဖြစ်သည်။
“ဂန္ဓမာအဘိုးအိုလား”
ချီလင်ဘုရင်၏ စကားတို့အားကြားလိုက်ရသောအခါတွင် နင်ချန်တစ်ယောက် ရှုပ်ထွေးသွားသည်။
ရှစ်ဖုန့်က တော့ အသံကိုကြားလိုက်ရစဉ်ကတည်းက ၎င်းအား မှတ်မိလိုက်သည်။ ၎င်းမှာ သေခြင်းတားမြစ်နယ်မြေသို့ ပြီးပြည့်စုံသောလမ်းညွှန်မှုစာအုပ်အား သူတို့ကို ရောင်းချခဲ့သည့် အဘိုးအိုပင်ဖြစ်သည်။ ထိုအဘိုးအိုက အမှောင်ကမ္ဘာအစီအရင်အား ခင်ကျင်းထားခဲ့သူဖြစ်နိုင်လောက်၏။
“ဟားဟား..ဟားဟားဟား”
ထို့နောက်ချက်ချင်း ဦးတည်ချက်အားလုံးမှ ရယ်မောသံများမှာ ရွေ့လျားလာပြီး သူတို့ရှေ့၌ စုစည်းလာပုံရ၏။ ထို့နောက်ချက်ချင်း သူတို့၏ရှေ့သိပ်မဝေးသော နေရာတွင် မှုန်ဝါးသော ပုံရိပ်တစ်ခုက ခပ်ယဲ့ယဲ့ပေါ်လာသည်။ ဤအချိန်တွင် ထူးဆန်းသော ရယ်မောသံက ထိုပုံရိပ်ထံမှလာသည်ဖြစ်သည်ကို သူတို့ရှင်းလင်းစွာကြားနိုင်၏။
ထို့နောက် မှုန်ဝါးနေသော ပုံရိပ်က ဖြည်းဖြည်းချင်း ကျစ်လစ်လာသည်။ သူတို့၏ မြင်ကွင်းအတွင်းသို့ ပထမဆုံးဝင်ရောက်လာသောအရာမှာ ဂန္ဓမာပန်းကဲ့သို့ ပြုံးနေသော အဘိုးအို၏ မျက်နှာပင်ဖြစ်သည်။ သို့သော် အဘိုးအို၏မျက်နှာမှာ ကြင်နာတတ်ပြီးဖော်ရွေပုံပေါ်နေ၏။
၎င်းမှာ ဂန္ဓမာအဘိုးအိုပင်ဖြစ်သည်။
မကြာခင်တွင် မျက်နှာအပြင် ဂန္ဓမာ အဘိုးအို ၏ မှုန်ဝါးနေသောကိုယ်မှာလည်း ကျစ်လျစ်ပြီး ရှင်းလင်းလာသည်။
“ဟုတ်တယ် ..ငါပဲ.. ငါ့ရဲ့ နမည်ပြောင်က ဂန္ဓမာအဘိုးအို”
ဂန္ဓမာအဘိုးအိုပေါ်လာပြီးပြီးချင်း ချီလင်ဘုရင်အား ခေါင်းညိမ့်ပြလိုက်သည်။ ယင်းမှာသူ၏ရယ်မောသံမှတဆင့်ချီလင်ဘုရင်က ဂန္ဓမာအဘိုးအိုဖြစ်သည်ကို ခန့်မှန်းနိုင်သောကြောင့် အရမ်းအထင်ကြီးသွားသကဲ့သို့ဖြစ်သည်။
“သူပဲ…ကြင်နာတတ်တဲ့အဘိုး”
ဤအချိန်တွင် နင်ချန်မှာ အဘိုးအိုအားမြင်လိုက်ရသောအခါတွင် သူ၏ညာလက်ထဲတွင်ရှိနေသော အမွှေးနက်မွန်းစတားအား သူ၏ဘယ်လက်သို့ပြောင်းလဲလိုက်သည်။ ထို့နောက် သူ၏ ညာလက်ကို မြှောက်၍ ဂန္ဓမာအဘိုးအိုအား ဝေ့ယမ်းပြကာ နှုတ်ဆက်လိုက်သည်။
“မင်းကိုး..”
ဂန္ဓမာအဘိုးအိုမှာ နင်ချန်အား မြင်တွေ့လိုက်ရသောအခါတွင် ကြင်နာပြီးဖော်ရွေတတ်သောသူ၏မျက်နှာက ရုတ်ခြည်းပြောင်းလဲသွားသည်။ယင်းမှာ သူတို့နှစ်ဦးကြားထဲ၌ ကြီးစွာသောရန်ငြိုးတစ်ခုရှိနေသကဲ့သို့ဖြစ်ပြီး သူ၏အံကို ခါးခါးသီးသီးကြိတ်ထားသည်။
“ကောင်းတယ်…ကောင်းတယ်.. သူတောင်းစားလေး..ဒီအဘိုးကြီး
နောက်ဆုံးတော့ မင်းကို ဖမ်းမိပြီ.. မင်းတကယ်ပဲ ဒီအဘိုးကြီးရဲ့ သေခြင်းတားမြစ်နယ်မြေလမ်းညွှန်စာအုပ်ကို ခိုးယူသွားရဲတာပဲ..ဒီအဘိုးကြီးက သေချာပေါက်မင်းကို သေခြင်းနဲ့ရှင်ခြင်းကြားထဲမှာ ရစ်သီရစ်သီဖြစ်တဲ့အထိ နှိပ်စက်ပစ်မယ်..မင်းသေပါရစေလို့ဆုတောင်းတဲ့အထိမင်းကို ဝေဒနာတွေခံစားရအောင်ငါလုပ်ပြမယ်…”
ဂန္ဓမာ အဘိုးအိုက နင်ချန်အား ရက်ရက်စက်စက်ပင်ပြောဆိုသည်။
မူလက နင်ချန်အား ဂန္ဓမာ အဘိုးအိုက တွေ့လိုက်သည်နှင့် သူ၏မျက်နှာထက်ရှိအပြုံးတို့က ပို၍ ဖော်ရွေသည်ထက်ဖော်ရွေလာလိမ့်မည်ဟု ချီလင်ဘုရင်တွေးခဲ့သည်။သို့သော် ဂန္ဓမာအဘိုးအို ၏ နင်ချန်အား ကြမ်းကြုတ်ခက်ထန်သော အမူအယာတို့ဖော်ပြမှုအားတွေ့လိုက်ရသည့်အခါတွင် ချီလင်ဘုရင်က ခေါင်းလှည့်ပြီး သူ့ဘေးတွင်ရှိနေသော နင်ချန်အားကြည့်၍ သံသယမကင်းစွာဖြင့်မေးလိုက်သည်။
“မင်းကသူ့ရဲ့တရားမဝင်သားမဟုတ်ဖူးလား.
.ဘာလို့သူက အခု မင်းကသူ့အဖေကိုသတ်သွားတဲ့လူလို
ဆက်ဆံနေရတာလဲ”
ဂန္ဓမာအဘိုးအို၏ စကားတို့အားကြားပြီးနောက် နင်ချန်၏ အသုံးတည့်သော သေခြင်းတားမြစ်နယ်မြေသို့ ပြီးပြည့်စုံသော လမ်းညွှန်မှုစာအုပ်မှာ ဂန္ဓမာအဘိုးအို ထံမှ ခိုးယူခဲ့ခြင်းဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က ဂန္ဓမာအဘိုးအို ၏ မျက်နှာအားစိုက်ကြည့်ပြီး မေးလိုက်သည်။
“ဒီသခင်လေးသာ မမှားဘူးဆိုရင် သေခြင်းတားမြစ်နယ်မြေထဲကနေ ဘယ်သူမှ အသက်ရှင်လျက်ပြန်ထွက်မသွားနိုင်တဲ့ အကြောင်းပြချက်က ခင်ဗျားကြောင့်ပဲဖြစ်လိမ့်မယ်”
“ဟီးဟီး”
“အဲ့အချိန်ကို ငါမှတ်မိသေးတယ်.. ငယ်ရွယ်အပြစ်ကင်းပြီး တက်ကြွသက်ဝင်တဲ့ချစ်ဖို့ကောင်းတဲ့
ကောင်လေး အရွယ်တုံးကပေါ့ ….ငါ့မိသားစုက ငါ့ကို တာဝန်တစ်ခုကို လွှဲပေးခဲ့တယ်…အဲ့တာက သေခြင်းတားမြစ်နယ်မြေထဲကို ဝင်လာတဲ့လူတိုင်းကို သတ်ပစ်ဖို့နဲ့ .. သူတို့ကို သတ်ပြီးတဲ့နောက် သူတို့ရဲ့ သေသွားတဲ့အလောင်းတွေက နေ သေခြင်းတားမြစ်နယ်မြေထဲမှာရရှိခဲ့တဲ့ ရတနာအားလုံးကို လုယက်ဖို့ပဲ”
“မင်းတို့အနေနဲ့ ငါတို့ကို သေခြင်းတားမြစ်နယ်မြေထွက်ပေါက်ရဲ့စောင့်ရှောက်သူ ဒါမှမဟုတ် …… ထွက်ပေါက် မုဆိုးတွေလို့ခေါ်လို့ရတဘ်. ဘယ်လိုပဲခေါ်ခေါ်ပါ အဆင်ပြေတယ်..ဟီးဟီး”
“ဒီတော့ ခင်ဗျားက မျိုးဆက်ပေါင်းများစွာရဲ့ သေခြင်းတားမြစ်နယ်မြေထဲက မရေတွက်နိုင်တဲ့ရတနာတွေကို ရရှိခဲ့တယ်လို့ ပြောနေတာလား”
ဂန္ဓမာအဘိုး၏ စကားတို့အားကြားရမှုအပေါ် အခြေခံ၍ ချီလင်ဘုရင်က ဂန္ဓမာအဘိုးအိုအား ရွေလျားနေသော ရတနာ သိုက်တစ်ခုကဲ့သို့ ကြည့်လိုက်သည်။
“ဟားဟား.မင်းအဲ့လိုပြောလို့ရပါတယ်. ငါ့မှာ မရေတွက်နိုင်တဲ့ရတနာတွေရှိတယ်..ငါက ရွေ့လျားရတနာသိုက်တစ်ခုပဲ….
ဒါပေမဲ့………..”
ဂန္ဓမာအဘိုးအိုပြောနေရင်း “ဒါပေမဲ့” အရောက်တွင် ရုတ်တရက်ရပ်လိုက်ပြီး သူ၏ မျက်နှာက လေးနက်မှုအဖြစ်ပြောင်းသွားသည်။
ထို့နောက် ဂန္ဓမာအဘိုးအို၏ အရှိန်အဝါက ရုတ်ခြည်းမြင့်တက်လာသည်။ သူ၏ ကုန်းနေသော ခါးက အနည်းငယ်မတ်သွားသည်။ သူ၏ အဝတ်အစားများနှင့် သူ၏ခေါင်းထက်ရှိ ဆံပင်ဖြူတို့က လေနှင့်အတူစတင်ကခုန်လာသည်။
“မင်းတို့တွေ ဒီအဘိုးကြီးဆီက အားလုံးကို လိုချင်တယ်ဆိုရင် မင်းတို့မှာ အဲ့လိုလုပ်နိုင်စွမ်းရှိဖို့လိုတယ်.. ဒါပေမဲ့ မင်းတို့တေွ အခွင့်အရေးရှိိမှာမဟုတ်ဖူး.. မကြာခင်မှာ မင်းတို့တွေလည်း သေခြင်းတားမြစ်နယ်မြေထဲက အေးစက်တဲ့ အလောင်းသုံးခု ဖြစ်လာမှာပဲ”
ဂန္ဓမာ အဘိုးအို၏ အရှိန်အဝါမြင့်တက်လာမှုအား မြင်တွေ့လိုက်ရသောအခါတွင် ချီလင်ဘုရင်၏မျက်နှာက သိသိသာသာကို ပြောင်းလဲသွားသည်။ သူ့ရှေ့တွင်ရှိနေသော ဂန္ဓမာ အဘိုးအိုက အစောပိုင်းတွင် ဘုရင်နယ်ပယ်အဆင့်၌သာ ရှိသည့်ပုံပေါ်သည်။သို့သော် ယခုအခါ၌ သူ့အနေဖြင့် ၎င်း ၏ ကျင့်ကြံမှုအားလုံးဝမြင်တွေ့ရခြင်းမရှိတော့ပေ။
ချီလင်ဘုရင်မှာ အဘိုးအို၏ ပုံရိပ်အားကြည့်နေသောအခါတွင် ဧရာမတောင်ကြီးတစ်လုံးအားကြည့်နေရသကဲ့သို့ဖြစ်နေသည်။ ၎င်း၏ရှေ့တွင်သူသည်သေးငယ်သော ပုရွတ်ဆိတ်လေးတစ်ကောင်ကဲ့သို့ဖြစ်သည်။ ယင်းမှာ ဂန္ဓမာအဘိုးအိုက အနည်းငယ်လှုပ်ရှားရုံဖြင့် သူ၏ အသက်အားနှုတ်ယူနိုင်သကဲ့သို့ဖြစ်သည်။
“မဟာသူတော်စင်နယ်ပယ်”
ရှစ်ဖုန့်က ရေရွတ်လိုက်သည်။ အဘိုးအို က မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူ
တစ်ဦးဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဤကဲ့သို ကျွမ်းကျက်သူတစ်ဦးက ပတ်ဆို့ကာဆီးထားခြင်းကြောင့် လွန်ခဲ့သောနှစ်များအတွင်း သေခြင်းတားမြစ်နယ်မြေအတွင်းမှ မည်သူမျှ အသက်ရှင်လျက်ထွက်မလာနိုင်ဟူသော ကောလဟာ ဖြစ်ပေါ်လာသည်မှာ အံ့ဩစရာမရှိပေ။
“ဘာ..”
ချီလင်ဘုရင်မှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသော အခါတွင် သူ၏မျက်နှာကသိသိသာသာကို ပြောင်းလဲသွားသည်။
“မဟာသူတော်စင်..မဟာသူတော်စင်နယ်ပယ်.”
ဤအဘိုးအို မှာ မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်
သူတစ်ယောက်ဖြစ်နေသည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် မဟာသူတော်စင်နယ်ပယ်အောက်၌ရှိသောသူအားလုံးက ပုရွတ်ဆိတ်များဖြစ်သည်ဟုပြောကြသည်။
ဂန္ဓမာအဘိုးအို၏ ရှေ့၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ပုရွတ်ဆိတ်ကဲ့သို့သူဖြစ်နေသည်မှာ အံ့ဩစရာမဟုတ်ပေ။
“ငါတို့တော့ဒီတစ်ကြိမ် ပြဿနာတတ်ပြီ”
သူ့ရှေ့တွင်ရှိနေသာ ဂန္ဓမာ အဘိုးအိုအားကြည့်ရင်း ရှစ်ဖုန့်ပို၍ပို၍ လေးနက်လာသည်။ မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ဤကဲ့သို့နေရာ၌ ပုန်းအောင်း
နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
“ဟီးဟီး.. ငါမင်းတို့ နဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို မပြောချင်ဘူး. မင်းတို့သုံးယောက်ကို အခုပဲ ငရဲကိုပို့ပေးမယ်”
အရှိန်အဝါတို့သိသိသာသာပြောင်းလဲသွားသော ဂန္ဓမာအဘိုးအိုကပြုံးလိုက်သည်။ထို့နောက် ဂန္ဓမာအဘိုးအိုက သူ၏လက်ဝါးအားအနည်းငယ်မြှောက်လိုက်၏။ ရုတ်တရက် ဗလာနတ္ထိအမှောင်ကမ္ဘာအတွင်း တောင်ငယ်လေးတစ်လုံးကဲ့သို့ ဧရာမ လက်ဝါးကြီးတစ်ခုက သူတို့သုံးယောက်အထက်တွင်ပေါ်လာပြီး ၎င်းတို့အား လွှမ်းခြုံသွားသည်။
“မဟာသူတော်စင်နယ်ပယ် စွမ်းအား”
ဆက်ရန်….
ဘာသာပြန်သူ-ARISE