← Chapters

အသက်ကြိုးမျှင် တစ်ခုပဲ

Vol. 50 Ch. 685

အသက်ကြိုးမျှင် တစ်ခုပဲ

Vol. 50 Ch. 685

မဟာဓားလမ်းစဉ်ဂိုဏ်း

လော့လင်အင်မော်တယ်နယ်မြေ၏ ထိပ်သီးဂိုဏ်း တစ်ခု ဖြစ်ပေသည်။ ထိပ်သီးဂိုဏ်းများကြား မဟာဓားလမ်းစဉ်ဂိုဏ်းမှာ အင်မော်တယ် ဧကရာဇ်အဆင့် အဆင့်မြင့် ကျင့်ကြံသူ အများဆုံး  မရှိကောင်း မရှိနိုင်ပေမဲ့  တိုက်ခိုက်စွမ်းနှင့် ယှဉ်လာလျှင် လော့လင်အင်မော်တယ်နယ်မြေတွင် ထိပ်ဆုံး၌ ရပ်တည်နေပေသည်။ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဓားကျင့်စဉ်မှာ သူတို့တပည့်များကို တခြားသော ကျင့်ကြံဆင့်တူ ကျင့်ကြံသူများကြား၌ ပိုသာစေလေ၏။

လော့လင် အင်မော်တယ်နယ်မြေတင် မကပေ။ အင်မော်တယ်လောက၌ မဟာဓားလမ်းစဉ် အမည်နာမကို မသိသူမှာ ခပ်ရှားရှား ဖြစ်၏။ ဓားတာအိုနှင့် ပတ်သတ်လာလျှင် အင်မော်တယ်များအတွက် ဓားတာအိုကို လေ့လာလိုက်စားရန် အကောင်းဆုံး တော်ဝင်နယ်မြေတစ်ခုလို ဖြစ်ကာ ပြိုင်ဖက်ကင်း ပေသည်။

မဟာဓားလမ်းစဉ်ဂိုဏ်း၌ နာမည်ကျော် နေရာ သုံးခု ရှိ၏။ ပထမဆုံး နေရာမှာ မဟာဓားတောင် ဖြစ်၏။

မဟာဓားတောင်မှာ ရိုးရိုး တောင်တစ်ခုလုံးမျှ မဟုတ်ပေ။ ပြောရလျှင် မဟာဓားလမ်းစဉ်ဂိုဏ်း၏ သင်္ကေတ ပြယုတ် တစ်ခု ဖြစ်ပေသည်။ ထိုအမည်နာမ ရရှိလာခြင်းမှာ  ထိုတောင်က  ဓားတစ်ချောင်းကဲ့သို့  ကောင်းကင်မှ ကျရောက်လာကာ  မြေပြင်သို့  စိုက်ဝင်သွားသောကြောင့် ဖြစ်၏။

ထိုဧရာမ ဓားတောင်တွင် အဆုံးမဲ့သော ဓားအငွေ့အသက်များ ပါဝင်နေသည်။ ထိုဓားအငွေ့အသက်များက ပြင်းအားနှင့် ဩဇာလွှမ်းမိုးမှုမှာ ပို၍ ပို၍ ဆက်တိုက် တိုးလာသည်။ တောင်အမြင့် ရောက်လေလေ ဓားအငွေ့အသက်က ပို၍ နက်နဲလာလေလေ ဖြစ်၏။ မဟာဓားလမ်းစဉ်ဂိုဏ်းမှ တပည့်တိုင်းက ဤနေရာသို့ လာကာ ဓားအငွေ့အသက်များမှ ဉာဏ်အလင်းပွင့်မှုကို ရှာဖွေလေ့ ရှိကြသည်။ မဟာဓားလမ်းစဉ်ဂိုဏ်းထဲကို ဝင်ပြီးနောက် အကြီးမားဆုံး လမ်းညွှန်ပေးမှုမှာ  ဤမဟာဓားတောင်၌ အသိဉာဏ်ပွင့်ရန် တက်လှမ်းခြင်း ဖြစ်၏။

ဒုတိယနေရာမှာ ဓားအကျဉ်းထောင် ဖြစ်ပေသည်။ ဓားအကျဉ်းထောင်မှာ လူလုပ် အကျဉ်းထောင် တစ်ခု မဟုတ်ပေ။ တခြာ‌းသော လူလုပ် အကျဉ်းထောင်များထက်  ပို၍ ကြောက်စရာ ကောင်းလှသည်။ အကြောင်းမှာ  တခြားအကျဉ်းထောင်များ၌ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်လေး ရှိသေးသော်လည်း  ဓားအကျဉ်းထောင်သို့ ဝင်သွားပြီးနောက် သေခြင်းတရားက တစ်ခုတည်းသော ရလဒ် ဖြစ်ပေသည်။

မဟာဓားလမ်းစဉ်ဂိုဏ်း၏  ဓားအကျဉ်းထောင်မှ အသက်ရှက်လျက် ထွက်လာသည့် သူအကြောင်း  နမူနာလည်း မရှိဖူးသလို၊ ဇာတ်ကြောင်းလည်း မရှိဖူးပေ။ ဓားအကျဉ်းထောင်ရှိ ဓားစွမ်းအင်မှာ  စူးရှပြီး တိကျသည်။ အထူးသဖြင့်  ဝိညာဉ်များအပေါ် သက်ရောက်မှု ပြင်းလေသည်။ အင်မော်တယ် ဧကရာဇ်တစ်ယောက် ဝင်သွားလျှင်ပင် ယုံမှားဖွယ် သေဆုံးသွားပေလိမ့်မည်။ တစ်ခုတည်းသော ခြားနားချက်မှာ  အကျဉ်းထောင်အတွင်း အချိန်အတော်ကြာ အသက်ရှင်နိုင်ခြင်းသာ ဖြစ်၏။

တတိယ နေရာမှာ ဓားလဲလှယ်ရေး တောင်ကြားဟု ခေါ်ဆိုကြသည်။

တကယ်တော့ ဓားလဲလှယ်ရေး တောင်ကြားမှာ ဓားအကျဉ်းထောင် ဝင်ပေါက်ကို စောင့်ကြပ်ထားသော  နေရာဟု ယူဆ၍ ရပေသည်။ သို့သော်လည်း အစောင့်တစ်ယောက်မှ မရှိပေ။ အင်မော်တယ် တစ်ယောက်က မည်မျှ အံ့ဩဖွယ် ကောင်းနေစေကာမူ ဓားအကျဉ်းထောင်ထဲ ရောက်သွားသည်နှင့် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် ဤနေရာမှာ  ဖြည်းဖြည်းချင်း အရောင်းအဝယ် လုပ်သည့် နေရာ တစ်ခု ဖြစ်လာခဲ့သည်။ ပြောရလျှင် “ ဓားစွမ်းအင် အရိုးပန်း” အရောင်းအဝယ် တစ်မျိုးသာ ရှိ၏။

ဓားစွမ်းအင် အရိုးပန်းမှာ လက်ချောင်းတစ်ခုစာမျှသာ ရှိပြီး  မပွင့်သေးသည့် ပန်းတစ်ပွင့်နှင့် တူပေသည်။ ထိုအရာမှာ ဓားလဲလှယ်ရေး တောင်ကြား၌သာ ရှင်သန်ပေါက်ရောက်လေ့ ရှိသည်။

ထိုအရိုးပန်းကို ရန်သူများနှင့် ရင်ဆိုင်သည့်အခါ အသုံးပြုကြပြီး တိုက်ပွဲအတွင်း  လျို့ဝှက်လက်နက် တစ်ခုအဖြစ်နှင့် အသုံးပြုနိုင်ပေသည်။ ထိုအရာကို ပစ်လွှတ်လိုက်သည်နှင့် အရိုးပန်းမှာ ဓားစွမ်းအင်ဖြစ် ပြောင်းလဲသွားပြီး တစ်ဖက်လူကို သဲကြီးမဲကြီး တိုက်ခိုက်မည် ဖြစ်၏။ ထိုမျှတင် မကသေးဘဲ အရိုးပန်းမှာ ဓားအငွေ့အသက်အပေါ်  ဉာဏ်အလင်း ပွင့်ဖို့ရာအတွက်လည်း အသုံးပြုကြသည်။

ထို့ကြောင့်  ဓားစွမ်းအင် အရိုးပန်းမှာ  လူကြိုက်များလာခြင်း ဖြစ်၏။ တစ်နေရာတည်းသာ ရရှိနိုင်ပြီး  ထိုနေရာမှာလည်း ဓားအကျဉ်းထောင်၏ ဝင်ပေါက်၌ ဖြစ်ပေသည်။ ဓားအကျဉ်းထောင် နှစ်ဖက်လုံး၌ အပေါက် အနည်းငယ်နှင့် အက်ကြောင်း အနည်းငယ် ရှိနေသည်။ ဓားစွမ်းအင် အရိုးပန်းမှာ ထိုအက်ကြောင်းများကြားတွင် ပေါက်ရောက်လာခြင်း ဖြစ်၏။

အချိန်အတော်ကြာပြီးနောက် ဤနေရာကို ဓားလဲလှယ်ရေး တောင်ကြားဟု ခေါ်ဆိုလာကြခြင်း ဖြစ်၏။ ဓားစွမ်းအင် အရိုးပန်း အရောင်းအဝယ် နေရာတစ်ခု ဖြစ်လာသည်။

ဓားစွမ်းအင် အရိုးပန်း ဖြစ်တည်လာမည့် အချိန်ကား အတိအကျ မဟုတ်ပေ။ တစ်နှစ်မှ ရာစုနှစ်များပင် ကြာသွားနိုင်ပေသည်။ ဓားစွမ်းအင် အရိုးပန်းက ကြာလေလေ ပို၍ အားကြီးလေလေ ဖြစ်ပြီး အထဲတွင် တည်ရှိနေသည့် ဓားအငွေ့အသက်များက ပိုမို နက်နဲလာခြင်း ဖြစ်၏။ ထို့ကြောင့် ဓားစွမ်းအင် အရိုးပန်းမှာ ဖြစ်တည်လာသည့် အချိန်ပေါ် မူတည်သေး၏။

မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဓားလဲလှယ်ရေး တောင်ကြား၌ အင်မတန် တင်းကျပ်ထားသည့် စည်းမျည်း တစ်ခု ရှိပေသည်။ ဘယ်သူပင် ဖြစ်နေစေကာမူ ဓားစွမ်းအင် အရိုးပန်း  ပေါက်ရောက်ရာ မီတာ သုံးဆယ်အတွင်း  သွားလို့ မရပေ။

မီတာ ၃၀ အတွင်း ရောက်ရှိသွားသည်နှင့် ရည်ရွယ်ချက်က မည်သို့ပင် ဖြစ်နေစေကာမူ  ဓားအကျဉ်းထောင်ထဲ ချက်ချင်း အပို့ခံရမည် ဖြစ်သည်။

ဤနေရာသို့ ရောက်လာကြသည့် ကျင့်ကြံသူနီးပါးတိုင်းက ဤစည်းမျည်းအား သိကြသည်။ ဤနေရာ၌  ဓားစွမ်းအင် ပန်းအရိုးကို လဲလှယ်ပြီးနောက် အလျှင်အမြန်သာ ထွက်သွားတတ်ကြ၏။

ခုနှစ်ရက်ကြာပြီးနောက် မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်း အပြင်ဘက်သို့ ရောက်ရှိလာသည်။

သူ့စိတ်နှလုံးထဲမှ ဒေါသတရားက ဆက်တိုက် လောင်ကျွမ်းနေဆဲ ဖြစ်သော်လည်း  စိတ်ကား  အတော်လေး တည်ငြိမ်နေလေပြီ။ လွန်ခဲ့သည့် ရက်များက သူက လုံလုံလောက်လောက် ပြင်ဆင်ထားခဲ့သည်။ ယန်ယွဲ့ရုန် ပြောထားသကဲ့သို့ ယခုအချိန်မှာ  မဟာဓားလမ်းစဉ်ဂိုဏ်းသို့ သွားဖို့ရာ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။ မဟာဓားလမ်းစဉ်ဂိုဏ်း၏ အင်မော်တယ် ဧကရာဇ်များ၊ ဧကရာဇ် တပိုင်းအဆင့်များနှင့် သူတို့၏ ထိပ်သီး အင်မော်တယ် အုပ်စိုးသူတို့မှာ  ကျိုးပျက်ကမ္ဘာထဲ သွားကြမည် ဖြစ်ရာ မိုဝူကျိအတွက်  ဘေးအကင်းဆုံးအချိန် ဖြစ်၏။

တစ်ဖက်တွင် ရှောင်ရှောင်ယုက ယီမင်ရှု မရှိလျှင်ပင် မိုဝူကျိအပေါ်  အာရုံစိုက်မှုနှင့် သတိထားမှုတို့ လျော့ချထားမည် မဟုတ်ကြောင်း ယုံကြည်၏။ သို့သော် သူမ ခန့်မှန်းချက်မှာ မှားယွင်းနေလေသည်။

ယီမင်ရှုအနေနှင့် မိုဝူကျိက အချိန်တိုအတွင်း ပြန်လည် ထူထူထောင်ထောင် ဖြစ်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားမည် မဟုတ်ပေ။ မိုဝူကျိအနေနှင့် ကယ်တင်ဖို့ ကြိုးစားဖို့ရာ  နှစ်တစ်ရာအတွင်း လုပ်နိုင်လိမ့်မည်ဟု မထင်ထားပေ။ ထို့အပြင် ထိုအရာမှာ ခန့်မှန်းခြေမျှသာ ဖြစ်၏။ တကယ်တမ်း၌  နှစ်တစ်သောင်း ကြာမြင့်သွားသည့်တိုင်  မိုဝူကျိအနေနှင့် ပြန်လည် ကောင်းမွန်လာဖို့ရာ မဖြစ်နိုင်လောက်ပေ။

ထိုအပြင် မိုဝူကျိက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့၏။ မိုဝူကျိက အင်မော်တယ် ဧကရာဇ် ဖြစ်နေပြီး အကောင်းဆုံး  ကုသရေး ရတနာများ ရှိနေလျှင်ပင် သူ့အနေနှင့် အချိန်တိုလေးအတွင်း ပြန်ကောင်းလာမည် မဟုတ်ပေ။ ယီမင်ရှုက မိုဝူကျိ၏  ကျင့်ကြံဆင့်အရ မဖြစ်နိုင်သော်လည်း သူ့ခန္ဓာကိုယ်မှာ အင်မော်တယ် ဧကရာဇ် တစ်ယောက်နှင့်ပင် ယှဉ်၍ ရကြောင်း မသိခဲ့ပေ။ ထို့အပြင် မိုဝူကျိ၏ အသက်ဓာတ် လမ်းကြောင်းနှင့် ဟုန်မုန့်စွမ်းအင်တို့ကိုတော့ တွေးမိမည်ပင် မဟုတ်ချေ။

ထို့ကြောင့် မိုဝူကျိက နှစ် ၁၀၀ ပင် မကြာလိုက်ပေ။ အတိအကျပြောရလျှင် ပြန်လာဖို့ရာ  ၂ နှစ်ပင် မလိုလိုက်ပေ။

အခြားလူများအတွက် မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဓားအကျဉ်းထောင်ကို ဝင်ခြင်းက ကိုယ့်ဘာသာ သေခြင်းတရားဆီ ဦးတည်သွားလိုက်သလို ဖြစ်နေသော်လည်း မိုဝူကျိက ထိုသို့ အတွေး မရှိပေ။

သူ မဟာဓားလမ်းစဉ်ဂိုဏ်းသို့ မလာခင် သူက အကြံအစည် ဆွဲထားပြီးသား ဖြစ်၏။ ရှောင်ရှောင်ယုဆီမှ ရရှိလာသော  သတင်းအချက်အလက်များအပြင် သူက တစ်ဖန် စစ်ဆေးကြည့်ထားသေး၏။

ဓားအကျဉ်းထောင်မှာ ရှောင်ရှောင်ယု ပြောထားသည့်အတိုင်း လူတစ်ယောက်၏ ဝိညာဉ်နှင့် အသွေးအသားကို ဖျက်စီးပစ်မည့်  အဆုံးမဲ့  ဓားစွမ်းအင်များနှင့် ပြည့်နှက်နေသည်။

သို့သော်လည်း မိုဝူကျိတွင် နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရှိကာ  အင်မော်တယ်လောက၌ လူမည်မျှက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ရှိနိုင်မည်နည်း။ ထို့အပြင် သူက ထိပ်တန်း ခန္ဓာလေ့ကျင့်ရေး ကျင့်စဉ်လည်း ရှိသည်။ သူ့အသွေးအသားများကို စုတ်ဖြဲပစ်စေသည့် ဓားစွမ်းအင်များမှာ အသေးအမွှား နာကျင်မှုသာ ဖြစ်ရာ သူက ဂရုမစိုက်ချေ။

မိုဝူကျိက ဝိညာဉ်ကို စုတ်ဖြဲပစ်သလို  ခံစားရမည့် ခံစားချက်ကိုတော့ အာရုံ မစိုက်ချေ။ ဝိညာဉ်မှာ ကမ္ဘာဦး စိတ်ဝိညာဉ်မှ ဖြစ်တည်လာခြင်း ဖြစ်ပြီး ဝိညာဉ်ကို စုတ်ဖြဲပစ်ခြင်းသည် ကမ္ဘာဦး စိတ်ဝိညာဉ်မှ အစပြုရလိမ့်မည်။ သူ့နတ်ဘုရား ရုပ်ခန္ဓာမှာ သေမျိုးခန္ဓာတွင် အခြေခံထားပြီး  သူက ကမ္ဘာဦး စိတ်ဝိညာဉ်ကို မလေ့ကျင့်ဖူးဘဲ  အဆုံးမဲ့ ကျယ်ပြောသော ခရမ်းရေကန် အသိစိတ်ပင်လယ်သာ ရှိ၏။ ဝိညာဉ်ကို စုတ်ဖြဲခြင်း ကိစ္စမှာ သူ့အပေါ်တွင် သက်ရောက်မှု မရှိပေ။

သူက ဓားအကျဉ်းထောင် ဝင်နိုင်သည်နှင့် ပထမခြေလှမ်းမှာ အောင်မြင်သွားလိမ့်မည်။

ဓားအကျဉ်းထောင်ထဲ ဝင်သည့်သူတိုင်းတွင် ဓားအဆောင် ထားပေး၏။ ထိုဓားအဆောင်က နောက်ဆုံးအသက်အမျှင်လေးကို ကာကွယ်ပေးရုံသာမက ခန္ဓာနှင့်ဝိညာဉ်အပေါ် ဓားစွမ်းအင်ကိုလည်း တိုးပွားလာစေသည်။ ဆိုလိုသည်မှာ ခံစားရ ပိုခက်စေသော်လည်း  မသေနိုင်ပေ။

မိုဝူကျိက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ဖြစ်ပြီး  ကမ္ဘာဦး စိတ်ဝိညာဉ် မရှိပေ။ သို့သော် သူက အဆင့်မြင့် ဓားအဆောင်ကို ယူပြီး သူ့ကိုယ်သူ နှိပ်စက်ဖို့ရာ အလိုရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို့ကြောင့် ဒုတိယခြေလှမ်းမှာ  ဓားအကျဉ်းထောင်ကို တာဝန်ယူထားသော လူများထံမှ အထင်သေးခြင်းကို  အရယူရန် ဖြစ်သည်။ ထိုအခါ သူတို့က သူ့အပေါ်  အဆင့်နိမ့်ဆုံး ဓားအဆောင်ကို အသုံးပြုလိမ့်မည်။

တတိယခြေလှမ်းမှာ  ဟန်ချင်းရုကို ရှာဖို့ ဖြစ်၏။ ထိုခြေလှမ်းမှာ ဓားအကျဉ်းထောင်အတွင်းရှိ အခြေအနေများပေါ် မူတည်သေး၏။ လေးလှမ်းမြောက်ကား ဟန်ချင်းရုကို ရှာတွေ့ပြီးနောက် ဓားအကျဉ်းထောင်မှ ထွက်လာရန် ဖြစ်သည်။

ဓားအကျဉ်းထောင်၏ သမိုင်းကြောင်းအရ  အကျဉ်းထောင်ထဲ ဝင်သွားသည့် အကျဉ်းသားတိုင်း အသက်ရှင်လျက် ထွက်မလာဖူးပေ။ သို့သော်လည်း မိုဝူကျိက ထိုအရာကို အပြည့်အဝ မယုံပေ။ သူက တာအိုလမ်းစဉ်ကို လျှောက်လှမ်းလာပြီးနောက် မည်သို့ပင် ဖြစ်လာစေကာမူ အမြဲတမ်း အသက်ရှင်သန်ရာ ကြိုးမျှင်တစ်မျှင်တော့ ကျန်ရှိတတ်မှန်း အသိအမှတ် ပြုလာသည်။ ဤကျယ်ပြောလှသော စကြဝဠာကြီး၌ အပြည့်အဝ  သေခြင်းတရား ဟူ၍ မရှိပေ။ မျှော်လင့်ချက် မရှိကြောင်း တွေးထားသည့် အကြောင်းအရင်းမှာ မရှာဖွေ၍ သော်လည်းကောင်း၊ ကံကောင်းမှုက မလုံလောက်၍ သော်လည်းကောင်း ဖြစ်လိမ့်မည်။

မိုဝူကျိက အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ဖန်တီးခဲ့ပြီး သေမျိုးများအတွက် ကျင့်ကြံခြင်း လမ်းကြောင်းကို သွန်းလုပ်ပေးခဲ့သည်။ ထို့ကြောင့်  တာအိုအပေါ် သူ့ထိုးထွင်းဉာဏ်မှာ ပို၍ ပို၍ တိုးလာသည်။

သူက မဟာဓားလမ်းစဉ်ဂိုဏ်းတွင် ဓားအကျဉ်းထောင်၌ လူများကို အသက်ရှင်လျက် ထားသည့်အကြောင်းအရင်း ရှိနေလိမ့်မည် ဖြစ်ကြောင်း ယုံကြသည်။ သို့မဟုတ် ဓားအကျဉ်းထောင်ထဲ ဝင်သွားကြသူများက အသက်ကြိုးမျှင်ကို ရှာမတွေ့ကြသေးခြင်းသာ ဖြစ်လိမ့်မည်။ မည်သို့ပင် ဖြစ်စေ အသက်ကြိုးမျှင် ရှိလိမ့်မည် ဖြစ်ကြောင်း ယုံကြည်ချက် ရှိ၏။

တာအိုပေါ် အခြေခံ၍ သေခြင်းတရား ပြည့်နေသည့် နေရာ ဟူ၍ မရှိပေ။ ကန့်သက်ချက် ရောက်သွားသည်နှင့် အသက်ကြိုးမျှင်က ပေါ်လာလိမ့်မည်။ ထိုအရာမှာ မိုဝူကျိ၏ တာအိုအပေါ် နားလည်ချက် ဖြစ်၏။ ထိုကြောင့်သာ သူက သေမျိုးတာအိုကို  ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် ဝိညာဉ်ကြော မရှိသည့်  သေမျိုးများက မည်သို့များ ကျင်ကြံပြီးတော့ အင်မော်တယ် ဖြစ်လာနိုင်မည်နည်း။ သေမျိုးများက သိုင်းပညာကို လိုက်စားနိုင်သည်မှာ အမှန် ဖြစ်သော်လည်း သိုင်းပညာမှာ  အင်မော်တယ် တာအိုနှင့် မတူပေ။ အင်မော်တယ် ဖြစ်လာဖို့ရာ ကျင့်ကြံခြင်းနှင့် များစွာ ကွဲထွက်နေသည်။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက  အခွင့်အရေးများမှာ ကောင်းမွန်စွာ ပြင်ဆင်ထားသည့်သူထံ ရောက်လာလိမ့်မည်ဟု အပြည့်အဝ ယုံကြည်၏။ သူ့ကျင့်ကြံဆင့်မှာ မလုံလောက်သေးသော်လည်း အကျဉ်းထောင်ထဲ ဝင်ဖို့ရာ အခြေအနေအရပ်ရပ် အားလုံးကို ပြင်ဆင်ထား၏။

ခုနှစ်ရက်….

ထိုခုနှစ်ရက်အတွင်း မိုဝူကျိက ကူးသန်းရေး အစီအရင်ပြား များစွာကို ပြင်ဆင်ထားခဲ့သည်။ သူက မဟာဓားလမ်းစဉ်ဂိုဏ်း၏ နယ်နမိတ်ထဲ ရောက်နေကတည်းက  သူက ကူးသန်းရေး အစီအရင်များကို တိတ်တဆိတ် ခင်းကျင်းထားလေ၏။ ထိုကူးသန်းရေး အစီအရင်များမှာ အသုံးဝင်သည် ဖြစ်စေ၊ အသုံးမဝင်ဘူး ဖြစ်စေ ခင်းကျင်းထားဦးမည် ဖြစ်သည်။

မိုဝူကျိက အစွန်အဖျား ရောက်လာသည့်အခါ တိမ်တွေထိ ထိုးထောင်ကာ မြင့်မားနေသည့်  မဟာဓားတောင်ကို မော့ကြည့်လိုက်သည်။ သူက ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်ထားလိုက်သည်။ သူ့တွင် အခွင့်အရေး ရလာသည်နှင့် မဟာဓားတောင်ကို သေချာပေါက် ဖျက်စီးပစ်ရမည်။

မိုဝူကျိ ရရှိလာသော သတင်းများအရ ဓားအကျဉ်းထောင်ထဲ ဝင်နိုင်သည့်  အရိုးရှင်းဆုံး နည်းလမ်းမှာ  ဓားစွမ်းအင် အရိုးပန်း ပေါက်ရောက်သည့် နေရာကို ကျုးကျော်ခြင်း ဖြစ်၏။

ဓားစွမ်းအင် အရိုးပန်း ရောင်းဝယ်လဲလှယ်ရန် အဆင်ပြေစေဖို့ရာ ဓားလဲလှယ်ရေး တောင်ကြားကို မဟာဓားလမ်းစဉ်ဂိုဏ်း အစွန်း၌ တည်ဆောက်ထား၏။

ဓားလဲလှယ်ရေး တောင်ကြားကို အစောင့်အကြပ် မထားပေ။ ထိုနေရာမှာ ရောင်းဝယ်ဖောက်ကားရေး နေရာ ဖြစ်သည့်အတွက် လူများက တန်းစီနေပေ၏။ မိုဝူကျိက လူအုပ်ကြီးနောက် လိုက်လာကာ တောင်ကြားထဲသို့ အလွယ်တကူ ရောက်ရှိသွားသည်။

နေရာက မြို့အသေးလေးနှင့် တူပေ၏။ တည်းခိုဆောင်များ၊ ဈေးဆိုင်များ၊ ဧည့်ရိပ်သာများ …. အကြီးမားဆုံး နေရာမှာ  ဓားလဲလှယ်ရေး အိမ်တော် ဖြစ်၏။

ဓားစွမ်းအင် အရိုးပန်းနှင့် လဲလှယ်လိုသည့် မည်သူမဆို ဓားလဲလှယ်ရေး အိမ်တော်သို့ သွားရောက်ရသည်။ အကယ်၍ အင်မော်တယ်ကျောက် လုံလုံလောက်လောက် မရှိပါက  အပြင်ရှိ ဈေးဆိုင်များ၌  သွားလာကြည့်ရှုနိုင်သည်။ ဓားစွမ်းအင် အရိုးပန်းမှာ အဖိုးတန်လွန်းသည့်အတွက် အချိန်ကြာမြင့်သည့်  ဓားစွမ်းအင် အရိုးပန်းကို အလိုရှိကြသော ကျင့်ကြံသူများက  တည်းခိုဆောင်များ၊ ဧည့်ရိပ်သာများတွင် နေထိုင်ပြီး စောင့်ကြသည်။

ဓားလဲလှယ်ရေး အိမ်တော်မှာ  အတွင်းပိုင်းတွင် ရှိသည်ဟု ယူဆ၍ ရပေသည်။ အကယ်၍ အထဲဝင်သွားလျှင် တားထားသော  အနီရောင်မျည်း တစ်ကြောင်း ရှိလိမ့်မည်။ ထိုအနီရောင်မျည်းနောက်ကား ဓားစွမ်းအင် အရိုးပန်းများ ပေါက်ရောက်ရာ နေရာ ဖြစ်ပေသည်။ မဟာဓားလမ်းစဉ်ဂိုဏ်းက ထိုနေရာကို ဖြတ်သွားဖို့ မည်သူကိုမှ ခွင့်မပြုထားပေ။

ထိုစဉ် မိုဝူကျိက ခြေဦးတည့်ရာ သွားလာသည့် ပုံစံမျိုး ရုပ်ဖျက်ထား၏။ သူ့ကျင့်ကြံဆင့်မှာ ကျင်းရှန်း နောက်ပိုင်းအဆင့်တွင်မျှ ရှိလေသည်။ သူ့နောက်ကျော၌ အဆင့် ၃ အင်မော်တယ် ဓားရှည်တစ်ချောင်း သယ်ဆောင်ထား၏။ ဓားအိမ်မှာ အနည်းငယ် မှိန်တိုင်းနေကာ  ထိုဓားက ပိုင်ရှင်နှင့်အတူတူ ရှိနေသည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်ကြောင်း ပြောနိုင်၏။

သူ့ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေသော်လည်း  သူ့သွင်ပြင်မှာ  ခန့်ညားပြီး သူရဲကောင်းဆန်ဆန် ပေါ်နေသေး၏။ သူ့ချည်ထည် အဝတ်မှာ သူ့အား ဓားသမားအဖြစ် ထင်မှတ်စေလိမ့်မည်။

“ကျုပ် ဓားစွမ်းအင် အရိုးပန်း လိုချင်တယ် ” မိုဝူကျိက ဓားလဲလှယ်ရေး အိမ်တော်ဆီ လျှောက်လှမ်းသွားပြီး အနီးဆုံး ရောင်းဝယ်ရေးကောင်တာကို ရွေးချယ်လိုက်သည်။ သူက ရိုးရိုးရှင်းရှင်းသာ ပြောလိုက်ပြီး လက်သီးများကို အနည်းငယ် ဆုပ်ထားလိုက်သည်။

အရောင်းဝန်ထမ်းက မိုဝူကျိ၏ စိုးရိမ်မှုကို မြင်သောအခါ ပြုံးလိုက်ပြီး  “ တာအိုရောင်းရင်း ဓားလဲလှယ်ရေး တောင်ကြားမှာ စိုးရိမ်နေဖို့ မလိုပါဘူး။  ဘယ်သူကမှ ခင်ဗျားကို ဘာမှ မလုပ်ရဲပါဘူး။ တကယ်လို့ ခင်ဗျားက တစ်နှစ် သက်တမ်း ဓားစွမ်းအင် အရိုးပန်းကို လိုချင်ရင် ဈေးနှုန်းက  ၃ ….. ”

အရောင်းဝန်ထမ်းက ရုတ်တရက် ရပ်လိုက်ပြီး  မိုဝူကျိ လက်ထဲမှ ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်သည်။ မိုဝူကျိက ကျောက်စိမ်းသေတ္တာအား  ဖွင့်ထားပြီးပြီ ဖြစ်ရာ  အထဲတွင် အစိမ်းဖျော့ဖျော့  အင်မော်တယ် အသီးတစ်လုံး ရှိနေသည်။ အရောင်းဝန်ထမ်းအနေနှင့် ကျင့်ကြံဆင့်က မမြင့်သော်လည်း  ဗဟုသုတများက မနိမ့်ကျပေ။

သူက တစ်ချက်ကြည့်ရုံဖြင့် အရွက်မဲ့ကြော တစ်ရာ အသီးမှန်း  ချက်ချင်း သိလိုက်သည်။

All Chapters