← Chapters

နတ်သူငယ်သခင်မမျိုးနွယ်

Vol. 77 Ch. 1072

နတ်သူငယ်သခင်မမျိုးနွယ်

Vol. 77 Ch. 1072

ကျန့်ထျန်းလဲ့သည် ယဉ်ရို့ပင်းက ခြံဝန်းထဲတွင် ထိုင်နေရာမှ အဘယ်ကြောင့် ရုတ်တရက် ထ၍ ထွက်သွားရကြောင်းကို မသိခဲ့ပေ။ သို့သော် ယဉ်ရို့ပင်းက ယောက်ျားနှစ်ယောက်ကို ရပ်တန့်ရန် ပြောခဲ့သော်လည်း ထိုနှစ်ယောက်က မိန်းမပျိုများကို သတိလစ်အောင်လုပ်ရန် ဟန်ပြင်နေသေးရာ ကျန့်ထျန်းလဲ့သည် လူကြီးလူကောင်းတစ်ယောက် ဖြစ်သည့်အလျောက် ဝင်ပါလိုက်ခြင်းပင်။ ယခုမှလွဲ၍ မည်သည့်အချိန်တွင် သူ ထိုအခွင့်အရေးမျိုးကို ရပါဦးမည်နည်း။

လီဟုန် စိတ်ထဲမှနေ၍ ဆဲဆိုလိုက်သည်။ ယဉ်ရို့ပင်းနေရာတွင် ယဉ်မျိုးနွယ်မှ အခြားတစ်ယောက် ဖြစ်ပါက သူ မှုမည် မဟုတ်ပေ။ ယဉ်ရို့ပင်းက အပေါ်ယံတွင် တည်ငြိမ်၍ ဖော်ရွေပုံ ပေါ်သော်လည်း အမှန်တွင်မူ သွေးအေးကာ မာနကြီးသူတစ်ယောက်ဖြစ်သည်။ သူမနှင့် ပြောဆိုဆက်ဆံရန် မလွယ်ပေ။ ထို့ပြင် တစ်စုံတစ်ယောက်က သူမကို ဒေါသထွက်အောင် လုပ်လိုက်ပါက သူမသည် ထိုလူကို လုံးဝမျက်နှာသာပေးမည် မဟုတ်ချေ။

လီဟုန်က ပြုံး၍ ယဉ်ရို့ပင်းကို နှုတ်ဆက်လိုက်သည်။

“ရို့ပင်း၊ သခင်လေးထျန်းလဲ့... မနေ့ကတောင် ငါ လာနှုတ်ဆက်သေးတယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်က နတ်ဘုရားအသံလှိုင်းကန်ဆီ ရှုခင်းကြည့်သွားကြတယ်လို့ အစေခံလေးတွေက ပြောလို့ ငါပြန်သွားတာ”

“အွန်း...”

ယဉ်ရို့ပင်းက ခေါင်းဆတ်ပြလိုက်သည်။ အမှန်တွင် ပြီးခဲ့သောသုံးရက်လုံးလုံး သူမ ရှုခင်းကြည့်သွားနေခြင်းမှာ လီဟုန်နှင့် မတွေ့လို၍ ဖြစ်သည်။ သူ့ကို မြင်ရတိုင်း သူမ စိတ်မသက်မသာ ခံစားရသည်။ သူမသည် သူမ၏ ကျော်ကြားသော ဦးလေးသုံးကို မနှစ်မြို့ပေ။

ထို့ကြောင့် ယဉ်ရို့ပင်းသည် ဝေ့ဝိုက်ကာ အချိန်ဖြုန်းမနေလိုပေ။ သူမ ထန်ရွှယ်နှင့် ထန်ယန်တို့ကို ညွှန်ပြကာ ပြောလိုက်သည်။

“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။ လီဟုန်... ရှင်က ကောင်မလေးတွေကို ထပ်ပြီး အတင်းအဓမ္မခေါ်နေပြန်ပြီလား”

“အာ...”

လီဟုန်တစ်ယောက် မျက်နှာရဲသွား၏။ ယဉ်ရို့ပင်းသည် ယခင်က သူ ကောင်မလေးများကို အတင်းအဓမ္မ ခေါ်သည်ကို တစ်ကြိမ် တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ယဉ်ရို့ပင်းက သူ့ကို သဘောမကျကြောင်း သူသိထားသည်။ ယနေ့တွင် သူမက သူ့ကို ဦးလေးသုံးဟုမခေါ်ဘဲ နာမည်အပြည့်အစုံ ခေါ်နေသည်။ သို့ဖြစ်ရာ သူမက သူ့အပေါ်တွင် မည်သို့ ခံစားနေရကြောင်း သိသာပေသည်။

လီဟုန် ခါးသက်သက် ပြုံး၍ ရှင်းပြလိုက်သည်။

“ရို့ပင်း... မင်း ဘာတွေပြောနေတာလဲ။ ဦးလေးသုံးက အဲ့လိုလူစားမျိုး မလို့လား။ အဲ့နှစ်ယောက်က ထန်မျိုးနွယ်က အစေခံမလေးတွေပါ။ မင်းရဲ့ဝမ်းကွဲအစ်ကိုက အရင်တစ်ခေါက် သူတို့နှစ်ယောက်ကို တွေ့တုန်းက သဘောကျသွားလို့ ငါက ဘုံကြိုးပြတ်ဝါး အချောင်းတစ်ရာကို သုံးပြီး သူတို့ကို ဝယ်ခဲ့တာပါ။ မင်း မယုံဘူးဆိုရင် ထန်မျိုးနွယ်ကလူတွေကို မေးကြည့်လို့ရပါတယ်”

“ဝမ်းကွဲအစ်ကိုလား”

ယဉ်ရို့ပင်း၏မျက်ဝန်းများထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ လီဟုန်သည် သူ၏မကောင်းမှုများကို ဖုံးကွယ်ရန် သူ့သားအပေါ် အပြစ်ပုံချနေခြင်းလော။ သူမ အလွန်ရွံရှာလာသဖြင့် ဝေ့ဝိုက်မနေလိုတော့ပေ။ ထို့ကြောင့် သူမ တည့်သာ ပြောလိုက်သည်။

“ကျွန်မ အဲ့ကောင်မလေးနှစ်ယောက်ကို အသုံးလိုတယ်။ သူတို့ကို ကျွန်မဆီ ပေးလိုက်ပါ”

“အဲ့ဒါက...”

လီဟုန် နှုတ်ခမ်းတွန့်သွား၏။ သူ ခပ်သွက်သွက် လက်ဆုပ်၍ ပြောလိုက်သည်။

“ရို့ပင်း... တခြား အစေခံမလေးတွေဆိုရင် ငါ ဘာမှ ပြောနေမှာ မဟုတ်ပါဘူး။ ငါ့မှာ မင်းကို ငြင်းစရာ အကြောင်းလည်း မရှိပါဘူး။ ဒါပေမဲ့ မင်းရဲ့ဝမ်းကွဲအစ်ကိုက အဲ့ကောင်မလေးနှစ်ယောက်ကို လက်ထပ်ယူချင်နေတာ။ နောက်ကျရင် သူတို့က မင်းရဲ့ မရီးတွေ ဖြစ်လာမှာ။ အဲ့တော့ မင်းက သူတို့ကို အစေခံအဖြစ် ထားမယ်ဆိုရင် မသင့်တော်ဘူးမလား”

ယဉ်ရို့ပင်းက အေးစက်စက် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ရှင် သူတို့ကို ပေးမှာလား၊ မပေးဘူးလား”

ကျန့်ထျန်းလဲသည် ရောက်ကတည်းက စကားတစ်ခွန်းမှ ဝင်မပြောသေးပေ။ သူသည် ထန်ရွှယ်နှင့် ထန်ယန်တို့ကိုကြည့်၍ ထူးဆန်းသောကိစ္စတစ်ခုခု ဖြစ်နေသည်ဟု ခံစားနေရသည်။ အဘယ်ကြောင့် ယဉ်ရို့ပင်းက လီဟုန်နှင့် ထိပ်တိုက်တွေ့နေရသနည်း။ ယဉ်ရို့ပင်းတွင် အစေခံမလေးများစွာ ရှိသည်။ သူမက စိတ်ကောင်းနှလုံးကောင်းကြောင့် ထိုကောင်မလေးနှစ်ယောက်ကို ကယ်နေခြင်းလော။ သို့သော် သူမသည် လူမြင်ကွင်းတွင် သူမ၏ဦးလေးကို မျက်နှာသာမပေးဘဲ ပြောဆိုနေပေသည်။ ယင်းက မ‌ကောင်းသည် မဟုတ်လော။

ကျန့်ထျန်းလဲ့သည် အတန်ငယ် တွေးတောပြီးနောက် အခြေအနေက မည်သို့ဖြစ်စေ ယဉ်ရို့ပင်းကိုသာ ကူညီရန် ဆုံးဖြတ်လိုက်လေသည်။ ထို့ကြောင့် သူ ဝင်ပြောလိုက်သည်။

“အကြီးအကဲလီ... ရို့ပင်းက သူတို့ကို လိုချင်မှတော့ အကြီးအကဲ သူတို့ကို ပေးလိုက်သင့်ပါတယ်။ အကြီးအကဲရဲ့သားက သူ့ဘာသာ မိန်းမ မရှာနိုင်ဘူးလို့ ထင်လို့လား”

ကျန့်ထျန်းလဲ့၏ အဆင့်အတန်းက အလွန်ထူးကဲသည်။ ချန်မျိုးနွယ်ခေါင်းဆောင်သည်ပင် သူ့ကို တလေးတစား ပြောဆိုဆက်ဆံရသည်။ ယခု သူက ဝင်ပြောလိုက်ပြီဖြစ်၍ လီဟုန်တစ်ယောက် ချောင်ပိတ်မိလာပြီဖြစ်သည်။

လီဟုန်သည် ထန်ရွှယ်နှင့် ထန်ယန်တို့ကို ထပ်မံကြည့်လိုက်၏။ သူ၏မျက်နှာထားက အကြိမ်ကြိမ် ပြောင်းလဲနေသည်။ နောက်ဆုံးတွင သူ အံကြိတ်ကာ ပြောလိုက်လေသည်။

“ရို့ပင်းနဲ့ သခင်လေးထျန်းလဲ... ငါတောင်းပန်ပါတယ်။ ငါက မင်းတို့ကို မျက်နှာသာမပေးချင်တာ မဟုတ်ပါဘူး။ အဲ့ကောင်မလေးနှစ်ယောက်က အရမ်းအရေးကြီးတယ်။ ငါ သူတို့ကို မပေးနိုင်ဘူး”

“အန်...”

ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူတို့သည် ထန်ရွှယ်နှင့် ထန်ယန်တို့က ဘာထူးခြားနေသနည်းဟု ကြည့်လိုက်ကြ၏။ အကယ်၍ သူမတို့နှစ်ယောက်ကသာ သာမန်မိန်းကလေးများဖြစ်လျှင် လီဟုန်က သေချာပေါက် ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့ကို ဆန့်ကျင်မည် မဟုတ်ပေ။

“ငါ မင်းတို့နှစ်ယောက်ကို ဆက်ပြီးလျှို့ဝှက်မထားတော့ပါဘူး”

လီဟုန်က ခါးသက်သက်ပြုံးကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူတို့နှစ်‌ယောက်က ထိပ်တန်းနတ်ဘုရားမီးဖိုဆယ်လုံးလို့ တင်စားရတဲ့ သခင်မမျိုးနွယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ နတ်သူငယ်သခင်မမျိုးနွယ်ကပါ။ ပြီးတော့ သူတို့က အမွှာလည်း ဖြစ်တယ်။ သူတို့ကို တွေ့နိုင်ဖို့က အရမ်းခက်ပါတယ်။ မင်းရဲ့ ဝမ်းကွဲအစ်ကိုသာ သူတို့နှစ်ယောက်ကို ရနိုင်လိုက်ရင် သူ့ရဲ့စွမ်းအားတွေက သေချာပေါက် ဆတိုး တိုးသွားမှာပဲ။ အဲ့ဒါကြောင့် ငါ့မှာ ရွေးချယ်စရာမရှိဘဲ မင်းတို့နှစ်ယောက်ကို ငြင်းရတာပါ။ တကယ်လို့ မင်း အစေခံမလေးတွေ လိုချင်တယ်ဆိုရင် ငါ မျိုးနွယ်ကို ပြန်ရောက်တာနဲ့ မင်းဆီ အစေခံမလေးငါးယောက် မဟုတ်ဘူး ဆယ်ယောက် ပို့ပေးလိုက်မယ်။ ဘယ်လိုလဲ...”

“နတ်သူငယ်သခင်မမျိုးနွယ်ကလား”

ယဉ်ရို့ပင်းနှင့် ကျန့်ထျန်းလဲ့တို့ အံ့အားသင့်သွား၏။ သူမတို့နှင့်အတူ ပါလာသော ကိုယ်ရံတော်များကလည်း ခါးမတ်သွားကြပြီး ထန်ရွှယ်နှင့် ထန်ယန်တို့ကို လိုချင်တပ်မက်စွာ ကြည်လိုက်ကြသည်။ ကျန့်ထျန်းလဲ့သည်ပင် မိန်းမပျိုနှစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် လောဘအရိပ်အယောင်တစ်ခု လက်သွားလေသည်။

နတ်သူငယ်သခင်မမျိုးနွယ်က ထိပ်တန်းသခင်မမျိုးနွယ်(၁၀)ခုထဲတွင် နံပါတ်(၄)ချိတ်သည်။ ထိုမျိုးနွယ်က နတ်မိမယ်သခင်မမျိုးနွယ်၊ နံ့သာသခင်မမျိုးနွယ်နှင့် ဝံပုလွေသခင်မမျိုးနွယ်တို့ထက်သာ နိမ့်သည်။ နတ်သူငယ်သခင်မမျိုးနွယ်က လောကထဲတွင် အကျော်ကြားဆုံးဖြစ်သော ကိုးပါးမျှော့ကို ပိုင်ဆိုင်ထားသည်။ ချစ်တင်းနှောချိန်တွင် ထိုမျိုးနွယ်ဝင်တို့၏ မအင်္ဂါဇာတ်က တစ်ခါတရံတွင် အရိုးခိုက်မတတ် အေးခြင်း၊ တစ်ခါတရံတွင် ချစ်ချစ်တောက် ပူခြင်းတို့ ဖြစ်တတ်သည်။ သာမန်‌ယောက်ျားများဆိုလျှင် နှစ်မိနစ်ခွဲထက်ပို၍ တောင့်ခံနိုင်ကြမည် မဟုတ်ပေ။ ထိုမျိုးနွယ်မှ မိန်းကလေးများက ယောက်ျားများ၏ လိုလားတောင့်တမှုကို အခံရဆုံးဖြစ်သည်။ သူမတို့က တူနှစ်ကိုယ်ကျင့်ကြံခြင်းအတွက် အကောင်းဆုံး မီးဖိုများပင်။ ထို့ပြင် သူမတို့က ယောက်ျားတစ်ယောက်၏ ကျင့်ကြံနှုန်းကို ငါးဆမှ ခြောက်ဆအထိ တိုးမြှင့်ပေးနိုင်ပေသည်။

ယခု နတ်သူငယ်သခင်မမျိုးနွယ်မှ မိန်းမပျိုနှစ်ယောက်က အမွှာပင် ဖြစ်နေသေးသည်။ ယင်းက လောကအတွင်းမှ ယောက်ျားများကို ပို၍ပင် ရူးသွပ်သွားစေမည်ဖြစ်သည်။ ထိုအခိုက်တွင် ကျန့်ထျန်းလဲသည်ပင် သူမတို့ကို လိုချင်သွားပေပြီ။ သူနှင့် စေ့စပ်ထားသည့် ထိပ်တန်းသခင်မမျိုးနွယ်(၁၀)ခုထဲမှ နံပါတ်(၂)ဖြစ်သော နံ့သာသခင်မမျိုးနွယ်မှ မိန်းမပျိုလေးက သူ့ဘေးတွင် ရပ်နေသော်လည်း သူသည် သူ၏အတွင်းစိတ်ကို ဖုံးကွယ်မထားနိုင်ချေ။ ထို့ကြောင့် နတ်သူငယ်သခင်မမျိုးနွယ်က ယောက်ျားများကို မည်မျှဆွဲဆောင်နိုင်ကြောင်း ထင်ရှားပေသည်။

နံ့သာသခင်မမျိုးနွယ်မှဖြစ်သော ယဉ်ရို့ပင်းသည်ပင် ထိပ်တန်းသခင်မမျိုးနွယ်(၁၀)ခုမှ မျိုးနွယ်ဝင်များအား ရုပ်ရည်ကိုကြည့်၍ မခွဲတတ်ပေ။ သို့သော် လီဟုန်က မိစ္ဆာအတတ်တစ်ခုကို တတ်ထားပြီး အဆိပ်မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသဖြင့် ခွဲခြားနိုင်ပုံပေါ်သည်။ သူ၏ခွဲခြားမှုက မလွဲလောက်ပေ။

‘ကျန်းရီ... အဲ့ မိန်းမပွေတဲ့ ကောင်စုတ်ကတော့...’

ယဉ်ရို့ပင်းသည် ရုတ်တရက် မနာလိုဖြစ်သွား၏။ ထို့နောက် သူမ ရှက်လာ၍ မျက်နှာလေး ရဲတက်လာသည်။ ထိုအခိုက်တွင် သူမ မည်သို့ပြောရမည်မသိ ဖြစ်နေသည်။ ထိုမိန်းမပျိုနှစ်ယောက်က အဖိုးတန်ရတနာနှစ်ခု မဟုတ်ပါလော။ အကယ်၍ သူမသာ ထိုမိန်းမပျိုနှစ်ယောက်ကို အတင်းခေါ်သွားမည်ဆိုလျှင် ရှင်းပြချက် ပေးရပေလိမ့်မည်။

လီဟုန်သည် ထိုမိန်းမပျိုနှစ်ယောက်က သူ့သားအတွက်ဟု ဆိုထား၏။ ထိုအကြောင်းပြချက်က ကောင်းလှသည်။ သို့ဖြစ်ရာ ယဉ်ရို့ပင်းသည် ထိုမိန်းမပျိုနှစ်ယောက်ကို အတင်းခေါ်သွားပြီး သူမ၏အစေခံ လုပ်ခိုင်းထားလျှင် သင့်တော်တော့မည် မဟုတ်ပေ။ သူမ၏ ထိုမရီးနှစ်ယောက်က အလွန်အဖိုးတန်သဖြင့် အနီးရှိ ချန်မျိုးနွယ်မှ အစောင့်များနှင့် အစေခံမလေးများပင် လှမ်းကြည့်နေကြသည်။

‘ယောက်ျားတွေအကုန်လုံးက မကောင်းတဲ့သူတွေချည်းပဲ’

ယဉ်ရို့ပင်းသည် ထန်ရွှယ်နှင့် ထန်ယန်တို့ကို ကြည့်နေသော ကျန့်ထျန်းလဲ့၏ အကြည့်များကို သတိပြုမိသွား၏။ သူမ အေးစက်စက် နှာခေါင်းရှုံ့လိုက်ရာ ကျန့်ထျန်းလဲ့ သတိဝင်လာသည်။ သူ မလုံမလဲဖြင့် ခပ်သွက်သွက်ဖြင့် ပြောလိုက်သည်။

“ရို့ပင်း... အဲ့ကောင်မလေးနှစ်ယောက်က ထိပ်တန်းသခင်မမျိုးနွယ်တစ်ခုကဆိုတော့ မင်းရဲ့မရီးတွေ ဖြစ်သင့်ပါတယ်။ ငါတို့... ထားလိုက်ပါတော့”

ကျန့်ထျန်းလဲ့သည် ထိုသို့ပြော၍ သူနှင့် ယဉ်ရို့ပင်းတို့ နှစ်ယောက်စလုံးအတွက် ထွက်ပေါက်ပေးလိုခြင်းပင်။ ထို့ပြင် သူက ယဉ်ရို့ပင်းအပေါ် သစ္စာရှိပြီး ထိုမိန်းမပျိုနှစ်ယောက်အပေါ် လိုချင်တပ်မက်စိတ်မရှိကြောင်းကိုလည်း ပြသလိုခြင်းဖြစ်သည်။

လီဟုန်သည် ကျန့်ထျန်းလဲ့၏ စကားကို ကြားသောအခါ ရုတ်ခြည်း စိတ်လှုပ်ရှားလာပြီး တောင်းဆိုဟန်ဖြင့် ပြောလိုက်သည်။

“ရို့ပင်း.... မင်းရဲ့ ဦးလေးသုံးကို မျက်နှာသာနည်းနည်းလောက် ပေးပါ။ ဒီမှာ အပြင်လူတွေ အများကြီး ရှိနေတယ်။ ငါတို့ မျိုးနွယ်ကို ပြန်ရောက်မှ ငါ ယဉ်ဧကရာဇ်မြို့ကို လာပြီး မင်းနဲ့ မင်းအမေကို  လာတောင်းပန်ပါမယ်”

“ရှင်က ကျွန်မအမေကို အသုံးချပြီး ကျွန်မကို ဖိအားပေးချင်တာလား”

ယဉ်ရို့ပင်း၏ မျက်လုံးများက ထပ်မံအေးစက်လာ၏။ သူမက ထိုကိစ္စအတွက် ကျန်းရီကို ကတိပေးထားပြီးပေပြီ။ အကယ်၍ သူမ လက်လျှော့လိုက်ရလျှင် ကျန်းရီကို မည်သို့ ရှင်းပြရမည်နည်း။ ထို့ကြောင့် သူမ စိတ်လှုပ်ရှားလာပြီး အံကြိတ်ကာ ပြောလိုက်လေသည်။

“ဟင့်အင်း... သူတို့နှစ်ယောက်က ကျွန်မနဲ့ လိုက်ခဲ့ရမယ်”

လီဟုန်လည်း ဒေါသထွက်လာပေပြီ။ သူ ယဉ်ရို့ပင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“သူတို့ကို ခေါ်သွားချင်ရင် မင်း ငါ့ကို သတ်သွားမှာရမယ်။ မင်းက ငါ့ကို အထင်သေးမှတော့ ငါ အသက်ဆက်ရှင်နေစရာအကြောင်း မရှိတော့ဘူး”

“အာ...”

ကျန့်ထျန်းလဲ့နှင့် အခြားသူများ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ဘာလုပ်ရမည်မသိ ဖြစ်နေကြသည်။ အခြေအနေက ဤအဆင့်အထိ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားကြ၍ သူတို့သည် ထိုအခိုက်တွင် ယဉ်ရို့ပင်းနှင့်လီဟုန်ကို မည်သို့ဖျောင်းဖျရမည်မသိဖြစ်နေပေသည်။ ထိုကိစ္စက အခြားမျိုးနွယ်တစ်ခု၏ အတွင်းရေးကိစ္စ မဟုတ်ပါလား။ ကျန့်ထျန်းလဲ့အနေဖြင့် ဝင်ပါရန် မသင့်တော်ပေ။ လီဟုန်နေရာတွင် အခြားသူတစ်ယောက် ဖြစ်ပါမူ သူ ထိုသူကို သတ်ပြီးပေပြီ။

ယဉ်ရို့ပင်း၏ မျက်နှာက အလွန်နီရဲလာသည်။ လီဟုန်က အရာအားလုံးကို ရင်းလိုနေ၍ သူမသည်လည်း ဘာလုပ်ရမည်မသိ ဖြစ်နေသည်။ အခြေအနေက သရေဖြစ်နေသည်။ ထန်ရွှယ်နှင့် ထန်ယန်တို့အပါအဝင် ပတ်ဝန်းကျင်မှ အစောင့်များ၊ အစေခံမလေးများသည် အသက်ပင်မရှူဝံ့ဘဲ အခြေအနေက မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်နေကြလေသည်။

***

All Chapters