← Chapters

ဝေကျီတောက်အား ခြောက်လန့်ခြင်း

Vol. 50 Ch. 690

ဝေကျီတောက်အား ခြောက်လန့်ခြင်း

Vol. 50 Ch. 690

“ အင်မော်တယ်လောကမှာ နံပါတ်တစ်ဂိုဏ်းတဲ့လား  … ” အမျိုးသား တစ်ဦးက ဖေးလင်အား ကြည့်ကာ ခက်ထန်စွာ ပြောလိုက်၏။

အစောပိုင်းရက်များ၌ နတ်ဘုရားအင်မော်တယ်နယ်မြေမှ နတ်ဘုရား အင်မော်တယ်ဂိုဏ်းမှာ အင်မော်တယ်လောက၏ နံပါတ်တစ်ဟု ယူဆရရုံလောက်သာ ဖြစ်ပေသည်။ နတ်ဘုရား အင်မော်တယ်ဂိုဏ်း ကျရှုံးပြီးနောက် အင်မော်တယ်လောက၌ ထိုဂုဏ်ပုဒ် အရယူနိုင်သည့် ဂိုဏ်း မရှိခဲ့သလို မည်သူကမှလည်း မကြေညာရဲပေ။

သူက ဖေးလင်ကို မှတ်မိသော်လည်း  ဖေးလင်က သူ့ပိုင်နက်အတွင်း  ထိုလူငယ်အား အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ်ဟု ခေါ်ဆိုရဲလောက်သည်အထိ သတ္တိရှိလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ ဝေကျီတောက်က သူ့ကိုယ်သူ အင်မော်တယ်လောက နံပါတ်တစ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ကြောင်း ပြောရဲသည့်သူမှာ မည်သို့ လူစားမျိုး ဖြစ်ကြောင်း သိချင်မိသည်။ အကယ်၍ သူ့ရှေ့၌ လျှောက်ပြောနေရဲလျှင် ဝေကျီတောက် ရက်စက်သည့်အတွက် သူတို့  အပြစ်မတင်သင့်ပေ။

ဝေကျီတောက်က တိုက်ခိုက်လျှင် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်ကို သိသော်လည်း  ထိုမောက်မာနေသည့် လူကို သတ်ကို သတ်ပစ်ဦးမည် ဖြစ်၏။

ဖေးလင်ရှေ့တွင် ထိုင်နေသော  ပိန်ပါးပါး အမျိုးသားမှာ အမှန်ပင် အင်မော်တယ် အမဲလိုက်သူ၏ အင်အားစု ခေါင်းဆောင် ဝေကျီတောက် ဖြစ်သည်။ ဓားအကျဉ်းထောင်ထဲ ပိတ်မိနေသော  အင်မော်တယ် ဧကရာဇ်များကြား  ဝေကျီတောက်မှာ  တစ်ဦးတည်းသော အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်  ဖြစ်၏။ သို့သော်လည်း  ဓားအကျဉ်းထောင်ထဲ ရောက်ရှိလာပြီးနောက်  နောက်ပိုင်းအဆင့် ဖြစ်စေ၊ အလယ်အလတ် အဆင့် ဖြစ်စေ အင်အားမှာ ထိုမျှအထိ မသိသာတော့ပေ။

ဝေကျီတောက်က ထိုမျှ အားကောင်းနေလျှင်ပင် ဘေးကင်းနွယ်တောင်၌ တမင် တိုက်ခိုက်မည် မဟုတ်ပေ။ ဓားအကျဉ်းထောင်ထဲတွင် တိုက်ခိုက်ခြင်းက ပေးဆပ်ရမည့် တန်ဖိုးအကြီးကြီး ရှိနေသည်။

ဝေကျီတောက်က သာမာန် အင်မော်တယ်များနှင့် တစ်ပုံစံတည်း  ဖြစ်သော်လည်း လက်ရှိမှာ  အမှန်တရား ဖြစ်၏။ သူက သွေးမလုံမလောက် ဖြစ်နေပြီး ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် သဘာဝစွမ်းအားတို့မှာ အချိန်မရွေး ပြိုကွဲသွားနိုင်သည့် အခြေအနေသို့ ကျရောက်နေလေပြီ။

ထို အကြောင်းပြချက်ကြောင့်  သူက တိုက်ခိုက်ဖို့ ရွေးချယ်လိုက်လျှင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ဖို့ရာ လိုအပ်ပေသည်။ ဝေကျီတောက် အပြင် နတ်ဆိုးလက် အင်အားစု၏ ခေါင်းဆောင် ဖန်းဟုန်သည်လည်း တိုက်ခိုက်ဖို့ရာ ဆုံးဖြတ်မည် ဆိုလျှင် တန်ဖိုးအကြီးကြီး ပေးဆပ်ရလိမ့်မည်။

တန်ဖိုးအကြီးကြီး ပေးဆပ်ရမည် ဆိုလျှင်ပင် သူ့ရှေ့၌ အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ်ဟု ပြောရဲသည့်သူ အကြောင်းကို မျိုသိပ်လိုက်မည် မဟုတ်ပေ။

သူ့ဆီမှ ထွက်ပေါ်လာသော  စိတ်စွမ်းအားက မိုဝူကျိဆီ အပြေးအလွှား ရောက်ရှိလာသည်။

သူက ဟန်ချင်းရုကို သယ်ထားရင်း အပြင်၌  စောင့်နေစဉ်  သူ့ဆီ စိတ်စွမ်းအား တစ်ခု  ရောက်ရှိလာသည်ကို ခံစားမိလိုက်သည်။ တခြားရက် ဖြစ်နေလျှင် မိုဝူကျိက သူ့လျို့ဝှက်ချက်ကို ဖုံးကွယ်ထားဖို့သာ ကြိုးစားမည် ဖြစ်သောကြောင့် ဘာတုံ့ပြန်မှုမှ ရှိမည် မဟုတ်ပေ။

သို့သော်လည်း ယနေ့ အခြေအနေကို ကောင်းကောင်း သိထား၏။ ဝေကျီတောက်ကို သူ့အင်အား အစစ်အမှန် ပြသရန် လိုအပ်ကြောင်း သိထားသည်။ ထိုမှသာ ထိုသူနှင့် အတူတူ တွဲလုပ်နိုင်လိမ့်မည်။

စိတ်စွမ်းအားက မိုဝူကျိ၏ စွမ်းအားစက်ကွင်းဆီ ရောက်ရှိလာသည့်အခါ မိုဝူကျိ၏ သာမာန် စိတ်စွမ်းအားနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားတို့ကို တန်ပြန် လွှတ်လိုက်သည်။

မိုဝူကျိက ကြယ်တာရာ ပင်လယ် ကျင့်စဉ်ကို မကျင့်ကြံစဉ် ကတည်းက  သူ့စိတ်စွမ်းအား မှာ အင်မော်တယ်ဘုရင် အများစုထက် ပို၍ အားကောင်းနေပြီးသား ဖြစ်၏။

ထို့အပြင် သူက စွမ်းအား စက်ကွင်း ဝဲကတော့ကို ချဲ့နိုင်သေး၏။ သူ့စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ကလည်း  ဝဲကတော့ စွမ်းအားများ သယ်ဆောင်လာသောကြောင့် သူ့ဘက် အရေးသာအောင် အလွယ်တကူ ပြောင်းလဲပစ်နိုင်လေ၏။

လက်ရှိ၌ ဓားအကျဉ်းထောင်အတွင်း  မိုဝူကျိ၏ စိတ်စွမ်းအားမှာ  သက်ရောက်မှု မရှိသော်လည်း  ဝေကျီတောက်အနေနှင့် သူ့ တကယ် အင်အား၏ ၀.၁ ရာခိုင်နှုန်းလောက်သာ ရှီနေလောက်မည်။ သူက ထိုမျှ ရှိနေလျှင်ပင် ဝေကျီတောက်က အကုန်စုစည်းနိုင်မည် မဟုတ်ပေ။ အကြောင်းမှာ သူ့စိတ်စွမ်းအားကို အတင်းကျပ် နှိုးဆွလိုက်သည်နှင့် သူ့အသိစိတ်ပင်လယ်မှာ ပြိုလဲသွားနိုင်လောက်၏။ သူ့အသိစိတ်ပင်လယ် ပျက်စီးသွားသည့်အခါ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်ကလည်း ထိုအတိုင်း ဖြစ်သွားကာ  သေခြင်းတရားနှင့် ကွာဝေးတော့မည် မဟုတ်ပေ။

စိတ်စွမ်းအား နှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသောအခါ ဝေကျီတောက်က သူ့အသိစိတ်ပင်လယ်အား တူနှင့် ရိုက်နှက်သလို ခံစားလိုက်ရပြီး သူ့အသိစိတ်ပင်လယ်မှာ တစစီ ကျိုးကျေလုမတတ် ဖြစ်သွားသည်။ မိုဝူကျိ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှာ အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားထက် များစွာ တိုက်ခိုက်အား ကောင်းသောကြောင့် ဝေကျီတောက်အနေနှင့်  မိုဝူကျိကို  မည်သို့ ယှဉ်နိုင်မည်နည်း။

“ အား …” ဝေကျီတောက်က သွေးအန်လိုက်ရပြီး သူ့သဘာဝစွမ်းအားများမှာ နောက်အခိုက်အတန့်လေး၌ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။

ဝေကျီတောက်က မိုဝူကျိကို လက်စားချေဖို့ရာ စိတ်စွမ်းအား ထပ်မသုံးရဲတော့ပေ။ သူက ဘေးနားမှ ရေခွက်ကို တစ်ငုံတည်းဖြင့် မြန်မြန် သောက်ပစ်လိုက်၏။

“ ကြည့်ရတာ အင်မော်တယ်ရောင်းရင်းဝေက ကျုပ်ကို မကြိုဆိုဘူး ထင်တယ် …” ဝေကျီတောက်၏ ပျူပျူဌာဌာ မရှိသည့် အပြုအမူကို ကြုံတွေ့ပြီးနောက် မိုဝူကျိက ဟန်ချင်းရုကို သယ်ကာ  အင်မော်တယ် အမဲလိုက်သူ အင်အားစု၏ ရိုးရှင်းသော ခန်းမအတွင်း ဝင်ရောက်လာလိုက်သည်။

“ ဂိုဏ်းချုပ်မို ….” ဝေကျီတောက်က မျက်နှာဖြူလျော့စွာဖြင့် ထရပ်လိုက်ရင်း လက်နှစ်ဖက် ယှက်ကာ

“ စောစောလေး နားလည်မှု လွဲတာပါ။ ဂိုဏ်းချုပ်မို စိတ်ထဲ မထားဖို့ မျှော်လင့်ပါတယ် …  ကျုပ်တို့က ဓားအကျဉ်းထောင်ထဲမှာ ပိတ်မိနေပြီး စက္ကန့်တိုင်း ခံစားနေရတယ်ဆိုတာကို ဂိုဏ်းချုပ်မိုလည်း သိမှာပါ။  အဲဒါကြောင့် ကျုပ်တို့ အပြုအမူက မူမမှန်တော့တာပါ …. ”

ဝေကျီတောက် အမြင်၌ မိုဝူကျိ၏ စိတ်စွမ်းအားမှာ အရမ်းအံ့အားသင့်ဖို့ ကောင်းပြီး  သူ့ထက်ပင် အားကောင်းနေလေ၏။ သူက မိုဝူကျိအား ပညာပေးချင်သည်မှာ သူက မဟုတ်တမ်းတွေ လျှောက်ပြောနေပြီး အင်မော်တယ်လောက၏ နံပါတ်တစ်ဂိုဏ်းချုပ် ဖြစ်ကြောင်း ပြောနေ၍ ဖြစ်သည်။ ထို့အပြင် သူက မိုဝူကျီမှာ အလွန်ငယ်ရွယ်နေသေးကြောင်းလည်း သိ၏။ ထို့ကြောင့် မိုဝူကျိလို မောက်မာသည့် စကားများ ပြောသူကို သည်းမခံနိုင်ခြင်း ဖြစ်၏။

မိုဝူကျိ၏ ကြီးကျယ်သော စိတ်စွမ်းအား တိုက်ခိုက်မှုကို ခံစားပြီးနောက် သူက မိုဝူကျိကို မဆန့်ကျင်ရဲတော့ပေ။ မိုဝူကျိက အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ စိတ်ထဲ မထားတော့ပေ။

ဓားအကျဉ်းထောင်၌ အသက်ရှင်ဖို့ရာ မလွယ်ကူချေ။ ဘေးကင်းနွယ်တောင်၌ ခြေကုပ်နေရာ ရလာပြီ ဖြစ်ရာ  ထိုနေရာအား  တမင် လက်မလွှတ်လိုက်ချင်ပေ။

“ အဲဆို နားလည်မှု လွဲတယ်လို့ မှတ်ယူလိုက်ပါ့မယ် ….”  မိုဝူကျိက ဝေကျီတောက်နှင့် ပြဿနာ မတက်လိုပေ။

မိုဝူကျိ၏ စိတ်စွမ်းအားက ဝေကျီတောက်အား ချုပ်ထိန်းထားနိုင်လိုက်သော်လည်း အမှန်တကယ် တိုက်ရမည်ဆိုလျှင် ဝေကျီတောက်လို အင်မော်တယ် ဧကရာဇ်တစ်ယောက်အား နိုင်မည် မဟုတ်ပေ။ အားနည်းသော ကုလားအုတ်က မြင်းထက်တော့ အားကောင်းနေသေးသည် မဟုတ်ပါလော။

“ ဂိုဏ်းချုပ်မို ထိုင်ပါ ….” ဝေကျီတောက်က  မိုဝူကျိသည် ထိုအကြောင်း ဆက်မပြောတော့သည်ကို မြင်သောအခါ စိတ်အေးသွားပြီး သက်ပြင်းအကြီးကြီး ချလိုက်တော့သည်။ ထို့နောက် မိုဝူကျိအတွက် နေရာကို ညွှန်ပြလိုက်၏။

မိုဝူကျိက ခေါင်းညိတ်ပြကာ နေရာတွင် ဝင်ထိုင်လိုက်၏။

ဝေကျီတောက်က ခွက်တစ်ခွက် ထုတ်ကာ မိုဝူကျိအား ရေထည့်ပေးလိုက်ပြီး   “ ဂိုဏ်းချုပ်မို သောက်ပါဦး … ”

“ ဒါက ဓားစွမ်းအင်မြစ်က ရေများလား ” မိုဝူကျိက မေးခွန်းထုတ်လိုက်၏။

ဝေကျီတောက်က ဂုဏ်ယူစွာဖြင့်   “ ဟုတ်လိုက်လေ … ဒါက ဓားစွမ်းအင်မြစ်က ရေပါ။ အခု ပိုရှားလာပြီလေ ”

“ ဂိုဏ်းချုပ်မို … ဒီရေတစ်ခွက်ဆိုရင် အင်မော်တယ်ဘုရင်အနေနဲ့ ရက်အတော် ခပ်ရလိမ့်မယ် …” ဖေးလင်က မိုဝူကျိနား တီးတိုးပြောလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ သောက်ကြည့်လိုက်၏။ ရေသာ ဖြစ်သော်လည်း မိုဝူကျိ ပါးစပ်ထဲ ရောက်ရှိပြီးနောက် ထူးဆန်းသော စွမ်းအင်တမျိုးအဖြစ် ပြောင်းလဲသွား၏။ ထိုစွမ်းအင်မှာ မိုဝူကျိ၏ အခြားအစိတ်အပိုင်းများအထိ ပြန့်နှံ့သွားပြီး ဓားအငွေ့အသက် ဖျော့ဖျော့လေးကို ခံစားမိလိုက်၏။

ဝေကျီတောက် ခန်းမ၌ ဓားအငွေ့အသက် မရှိသလို အပြင်ဘက်ရှိ ဓားစွမ်းအင်တို့ကလည်း မိုဝူကျိအပေါ် သက်ရောက်မှု မရှိပေ။ မိုဝူကျိက ထိုရေတစ်ခွက်ကို သောက်သုံးပြီးမှ ထိုသို့ ခံစားရခြင်း ဖြစ်၏။

ဓားစွမ်းအင်  ပြန်လည် တိုက်နိုင်စွမ်းအတွက်   မိုဝူကျိက အပြင်ဘက်ရှိ ဓားစွမ်းအင်များမှာ သူ့အပေါ် သက်ရောက်မှု မရှိသောကြောင့်  ထိုရေများက ဘာကို ဆန့်ကျင်မည်နည်း။

“ ဘယ်လိုလဲ …” ဝေကျီတောက်က မိုဝူကျိအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ မိုဝူကျိ၏ အင်အားကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးနောက် မိုဝူကျိနှင့် တည့်အောင် နေရန် ဆုံးဖြတ်ထားလေ၏။

မိုဝူကျိက တစ်ခေါက် ခေါင်းညိတ်ပြလိုက်ပြီး  “ အတော်လေး ကောင်းပါတယ်။ အထဲမှာ ဓားအငွေ့အသက် မှိန်ဖျဖျလေးတောင် ပါသေးတယ်။ ကျုပ်က ဒီလိုရေမျိုးကို ကျင့်သားမရတော့ ဖေးလင်  ခင်ဗျား သောက်လိုက်ပါ့လား  …. ”

အကယ်၍ ရိုင်းဆိုင်းသည့် အပြုအမူ ဖြစ်မည် ဆိုး၍သာ မဟုတ်လျှင် မိုဝူကျိက ထိုခွက်အား  ဝေကျီတောက်ဆီ ပြန်ပေးရန် ကြံရွယ်ထားသည်။

ဝေကျီတောက်က ခဏတာ အံ့ဩတုန်လှုပ်မိသွားသည်။

 မိုဝူကျိလို လူမျိုး ရှိနေသေးသည်လား …. ဓားစွမ်းအင်မြစ်ရေက ဘယ်လောက်တောင် အဖိုးတန်တယ်ဆိုတာကို မသိဘူးလား …. သူက တစ်ယောက်ကို ပေးလိုက်တယ်တဲ့လား ….

“ဟုတ်ကဲ့  …  ဂိုဏ်းချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ် ” ဖေးလင်က မစောင့်နိုင်တော့ဘဲ ခွက်ကို ယူကာ တဂွတ်ဂွတ် သောက်ပစ်လိုက်တော့သည်။ ရေများကို မျိုချပြီးနောက် သူက မျက်လုံးမှိတ်ကာ  ပါးစပ်ထဲမှ ရေ၏ ခံစားချက်ကို အာရုံခံနေသေး၏။

ခန်းမအတွင်းရှိ ကျင့်ကြံသူအားလုံးက ဖေးလင်အား အားကျစွာ ကြည့်လိုက်ကြသည်။ အကြောင်းမှာ  ဤရေတစ်ခွက် သောက်ဖို့ရာ မည်မျှ ရှားပါးသည့် အခွင့်အရေး ဖြစ်ကြောင်း အားလုံးက ကောင်းကောင်း သိနေကြ၍ ဖြစ်သည်။

ဖေးလင်က ရေသောက်ပြီးနောက် ဝေကျီတောက်က သက်ပြင်းချကာ  “ ဂိုဏ်းချုပ်မိုက သာမာန်လူ မဟုတ်ဘူးပဲ  …. ဒါနဲ့  ဂိုဏ်းချုပ်မိုရဲ့ နာမည်ကို မမေးရသေးပါ့လား ”

ယခင် ဖေးလင် ပြောစဉ်က အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ်မိုဟုသာ ပြောခဲ့လေရာ ဝေကျီတောက်က မိုဝူကျိ၏ နာမည်ကို မသိသေးချေ။

“ ကျုပ်နာမည်က မိုဝူကျိပါ … ဒီနေ့ ရောက်လာတာက အင်မော်တယ်ရောင်းရင်းဝေနဲ့ မိတ်ဆွေ ဖွဲ့ဖို့ပါ ” မိုဝူကျိက အသာပြောလိုက်သည်။

ဤသို့မျိုး နေရာမျိုး၌ သူက ဝေကျီတောက်ကဲ့သို့ အဆင့်အတန်းတူဖြင့် ရောက်လာသောကြောင့် မိုဝူကျိက ဝေကျီတောက်၏ အနေအထားနှင့် အဆင့်အတန်းကို မလေးမစား မပြုသင့်ကြောင်း သိပေသည်။

“ ဂိုဏ်းချုပ်မို …. အင်မော်တယ်ရောင်းရင်းဖေးလင်ဆီကနေ ခင်ဗျားရဲ့ ဂိုဏ်းက အင်မော်တယ်လောကမှာ နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့  ဖင်းဖန်ဂိုဏ်းဆိုတာ ကြားထားပါတယ်  ” ဝေကျီတောက်က သတိထားကာ ပြောလိုက်၏။

မိုဝူကျိက ခိုင်မာစွာ ပြောလိုက်၏  “ တချို့အသေးစိတ် အချက်တွေက လွဲရင် ဖေးလင် မှန်ပါတယ်။ ဖင်းဖန်က ဖင်းဖန်ဂိုဏ်း မဟုတ်ပါဘူး။ အင်မော်တယ်လောကရဲ့ နံပါတ်တစ် ကျောင်းတော်ပါ။ ဖင်းဖန် ကျောင်းတော်မှာ  ဂိုဏ်းခွဲ အမျိုးမျိုး ရှိမှာပါ။ ဖင်းဖန်ကတော့ ဂိုဏ်းတွေထက် ပိုတဲ့ တည်ရှိမှု တစ်ခုပေါ့ …. အဲဒါကြောင့် အင်မော်တယ်လောကရဲ့ နံပါတ်တစ် ဖြစ်မှာပါ …. ”

“ အဲဆို အင်မော်တယ်နယ်မြေ မဟုတ်ဘူးလား  ” ဝေကျီတောက်က ပို၍ အံ့အားသင့်သွားသည်။ အင်မော်တယ်လောက၌ အင်မော်တယ်လောက ခုနှစ်မြေ ပိုင်းခြားထားပြီး ရှစ်ခုမြောက် နယ်မြေမှာ အင်မော်တယ်များအနေနှင့် ဆွဲဆောင်နိုင်စွမ်း မရှိသည့်  မြေအောက်နယ်မြေ ဖြစ်၏။

အကယ်၍ တစ်ယောက်ယောက်က သီးခြားနယ်မြေတစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး အင်မော်တယ်နယ်မြေ ခုနှစ်ခု မျှခြေကို ဖျက်စီးရဲလျှင် တည်ရှိနေသော အင်မော်တယ်နယ်မြေများ၏ အဆင့်မြင့် ပါရမီရှင်များ၏ ပူးပေါင်း ခြေမှုန်းခြင်းကို ခံရလိမ့်မည်။

မိုဝူကျိက ဘာတွေများ လုပ်နိုင်စွမ်း ရှိနေတာလဲ …..  သူ့ကိုယ်ပိုင်ဂိုဏ်းကို အင်မော်တယ်နယ်မြေလို့ ခေါ်ရဲတယ်လား …..

မိုဝူကျိက ရယ်မောကာ

“ အင်မော်တယ် ရောင်းရင်းဝေက နားလည်မှု လွဲနေတာပါ။ ကျုပ် ဖင်းဖန်က အင်မော်တယ်လောကရဲ့ နံပါတ်တစ် ကျောင်းတော်ပါ။ အင်မော်တယ်နယ်မြေ တစ်ခု မဟုတ်ပါဘူး။ ဖင်းဖန်ဆီ ဝင်တဲ့ ဘယ်ဂိုဏ်းမဆို  သူတို့ဂိုဏ်းကို ပြန်အုပ်ချုပ်တဲ့အခါ  ဖင်းဖန်ရဲ့ စည်းမျည်းကို လိုက်နာရမယ်လေ။ အဲလိုမျိုးပေါ့  …. ”

“ အခု  နားလည်ပြီ ” ဝေကျီတောက်က  အသက်ပြင်းပြင်း ရှုလိုက်သည်။ အကြောင်းမှာ ဂိုဏ်းချုပ်မို ပြောသမျှ စကားလုံးတိုင်းက အံ့ဩတုန်လှုပ်ဖွယ် ဖြစ်နေ၍ ဖြစ်သည်။

“ ဂိုဏ်းချုုပ်မိုက ဓားအကျဉ်းထောင်ထဲ ဘယ်လိုများ ဝင်လာတာပါလဲ  ” ဝေကျီတောက်က ဤမေးခွန်းကို တောက်လျောက်တွေးနေမိခဲ့၏။ အကယ်၍ မိုဝူကျိက သူ ပြောသလောက် အားကောင်းနေလျှင် ဓားအကျဉ်းထောင်ထဲ အဘယ်ကြောင့် ထည့်ခဲ့လိုက်ရတာလဲ။

မိုဝူကျိက တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်၏

“ ကျုပ်က မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ယီမင်ရှုရယ်၊ လျှပ်စီးဂိုဏ်းက လိန်ကူယွင်ရယ်။ ကျယ်ပြောပင်လယ် အင်မော်တယ်ကျောင်းတော်က ကျင်းယွီရှန်းရယ် ပြီးတော့  မဟာခွန်ဗုဒ္ဓဂိုဏ်းက ကွမ်းနဉ်တို့ ဝိုင်းထားတာကို ခံခဲ့ရတယ်။ ထင်ထားတဲ့အတိုင်း ကျုပ်က သူတို့အတွက် လက်ရည်တူ မဟုတ်တော့  ဒဏ်ရာတွေနဲ့ ထွက်ပြေးရတာပေါ့။ မဟာဓားလမ်းစဉ်ဂိုဏ်းက ကျုပ်ရဲ့ စီနီယာအစ်မကို ဖမ်းထားပြီးတော့ ဒီထဲ ထည့်ထားလိမ့်မယ်ဆိုတာ ဘယ်သူက သိမှာလဲ။ အဲကြောင့် ကျုပ်က ကျုပ်ရဲ့ စီနီယာအစ်မကို လာကယ်တာပါ …. ”

ဝေကျီတောက်က အတော်လေး ကြောင်အမ်းသွားသည်။ တခြားသူများက မည်သို့ပင် ကြိုးစား ကြိုးစား  ဓားအကျဉ်းထောင်ထဲ ဖမ်းထည့်ခံရခြင်းမှ မရှောင်ရှားနိုင်ကြစဉ်  ဤလူက အရင်ဦးစွာ ဝင်လာသည်တဲ့လား။  ထိုအရာက အဓိက အချက် မဟုတ်သေးပေ။ အဓိကအချက်မှာ ဝေကျီတောက်က မိုဝူကျိ ပြောလိုက်သော လူလေးယောက်လုံးကို ကောင်းကောင်း သိ၏။ သူ အင်မော်တယ်လောကတွင် ရှိစဉ်က  ထိုလေးယောက်ထဲက တစ်ယောက်ယောက်ကို တွေ့လျှင်ပင် သူက ဦးညွှတ်ဖို့ရာ လိုအပ်ပေသည်။

မဟာခွန်ဗုဒ္ဓဂိုဏ်း၏ ကွမ်းနဉ်မှ လွဲ၍  အခြားသုံးယောက်လုံးမှာ မဟာဧကရာဇ်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက ဝေကျီတောက်ကို စက္ကန့်ပိုင်းလေးအတွင်း ရှင်းပြနိုင်လေ၏။ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ယီမင်ရှုမှာ အလွန်အားကောင်းရုံသာမက လည်ဝယ်ပါးနပ်သေး၏။  ဝေကျီတောက် ဒဏ်ရာရသွားသည်မှာ ယီမင်ရှုကြောင့် ဖြစ်ပြီး ဓားအကျဉ်းထောင်ထဲ ဖမ်းထည့်ခံခဲ့ရခြင်း ဖြစ်၏။ ထိုဂိုဏ်းချုပ်မိုက ထိုလေးယောက်လုံး  အဝိုင်းခံထားရဖြင့် အသက်ရှင်လျက် ထွက်ပြေးသွားနိုင်သေး၏။

ထိုအရာက တုန်လှုပ်ဖို့ မကောင်းပေဘူးလား …..

All Chapters