ဓားအရှင်
Vol. 45 Ch. 617
“ ဒါကဘာလဲ” ဓားအရှင်က မေးလိုက်သည်။
“ သိုလှောင်လက်စွပ်ထဲမှာ ကုရွှမ်ဆီက ရထားတဲ့ ပထမတန်းစား ဆန့်ကျင်ချီမျှင် နှစ်ခုပါပြီးတော့ အဆောင်ကတော့ ဘိုးဘေးက အဖေအတွက် ချန်ခဲ့တဲ့ဟာပါ။ ဒါပေမဲ့ အကြီးအကဲဓားကလည်း ဓားသမားတစ်ယောက်ဆိုတော့ အကျိုးရှိလောက်တယ်”
ဓားအရှင်က သိုလှောင်လက်စွပ်ကို ကြည့်လိုက်ပြီးသည့်နောက်တွင် တုံ့ဆိုင်းနေမိသည်။ စိတ်ထဲ လွန်ဆွဲပြီးသည့်နောက် သူမက ခေါင်းအသာခါကာ “ ဘိုးဘေးက မင်းအဖေကို ပေးတာလေ။ ငါက ယူပိုင်ခွင့်မရှိပါဘူး”
“ သူ သေမျိုးတစ်ဖန်ကနေ ပြန်ရောက်မလာခင် အသုံးပြုထားလို့ရပါတယ်။ ပြီးတော့ ဘိုးဘေးက တခြားသူတွေကို မပြရဘူးဆိုပြီးတော့ တားဆီးထားတာမျိုးလည်း မရှိဘူးလေ။ လီကျွင်းနဲ့ ယန်းလီလင်းတို့လည်း ကျွန်တော်နဲ့ တိုင်ပင်ပြီးတဲ့နောက်မှာ အဲလိုမျိုး အတူတူလုပ်မယ်ဆိုတာ သေချာတယ်”
ထိုနှစ်ယောက်ကလည်း တစ်ကိုယ်ကောင်းမဆန်သလို အဖိုးတန် အရင်းအမြစ်များအား ဂိုဏ်း၏ အကြီးအကဲများနှင့် မျှဝေပေးချင်ကြောင်း သိထားလေသည်။ အထူးသဖြင့် ဘိုးဘေးအဆင့်လူများဆီ ဖြစ်၏။ အကယ်၍ သူတို့သာ အင်အားကို တိုးမြှင့်နိုင်လျှင် ဂိုဏ်း၏ အခြေခံအုတ်မြစ်က ပို၍နက်နဲသွားမည် ဖြစ်၏။
ဓားအရှင်က လက်ကိုမြှောက်ကာ အဆောင်ကို ယူလိုက်သော်လည်း ရပ်တန့်သွားသည်။ သူမက တစ်မိနစ်ကြာ တွေးပြီးသည့်နောက်တွင် အံကြိတ်ကာ ရွတ်လိုက်၏
“ ကျေးဇူးပါ” သူမက ပြောလိုက်သည်။
“ ရပါတယ်။ အခြေအနေတွေ နောက်ပြန်ဆုတ်လို့ရရင်လည်း အကြီးအကဲဓားက အဲ့လိုလုပ်မယ်ဆိုတာ သိပါတယ်” ဝမ်ဝေ့က ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် သူ့စံအိမ်ဆီ ပြန်လာလိုက်သည်။ ထိုစဉ် ဓားအရှင်က ပျောက်ကွယ်သွားပြီး သူမ၏ ကမ္ဘာထဲ ပြန်ဝင်သွား၏။
သူမက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အဆောင်ကို အသက်သွင်းလိုက်သည်။ ထိုစဉ် ဓားဧကရီ၏ ပုံရိပ်က သူမရှေ့တွင် ပေါ်ထွက်လာ၏။
“ သ…သခင်မလေး”
“ ဒီကောင်လေးက သူ့မိသားစုအတွက်ပဲ သိမ်းထားလောက်အောင် တစ်ကိုယ်ကောင်းမဆန်ဘူးလို့ ထင်သားပဲ။ ငါတို့ရဲ့ အမွေအနှစ်တွေက ကောင်းတဲ့သူဆီမှာပဲ” ဓားဧကရီက ပြောလိုက်သည်။
“ ရှောင်ကျူး မတွေ့တာကြာပြီ”
“ သခင်မလေး ရှောင်ကျူးက ထပ်တွေ့ရလို့ ပျော်မိပါတယ်” ဓားအရှင်က မျက်ရည်များဝဲလာလျက် ပြောလိုက်သည်။ သူမက ငွေရောင်မျက်နှာဖုံးကို ဖယ်ရှားလိုက်၏။ ဓားဧကရီက သူမကို ကြည့်ကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။
သူမအနေဖြင့် ဟိုးလွန်ခဲ့သည့်အချိန် သေမျိုးဖြစ်စဉ်အခါက အစ်ကိုချီယွမ်နှင့် ပြန်လည်မတွေ့ဆုံခင်အချိန်ကို ပြန်လည်အမှတ်ရလိုက်သည်။ သူမက ချမ်းသာကြွယ်ဝသည့် မိသားစုမှ သခင်မလေး တစ်ယောက် ဖြစ်၏။ သူ့တွင် ကောင်းကျူးဟု ခေါ်သည့် အစေခံတစ်ဦး ရှိလေသည်။
ကလေးဘဝကတည်းက ကောင်းကျူးက သူမနှင့်အတူ ရှိနေခဲ့ပြီး သူမအတွက် ဂရုစိုက်ပေးခဲ့သည်။ ချီယွမ်နှင့် တွေ့ဆုံပြီး ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းပြီးသည့်နောက်တွင် ရှောင်ကျူးက သူတို့ခရီးစဉ်နောက် လိုက်ခဲ့လေသည်။ သို့သော်လည်း ဓားဧကရီက အခြေအနေသည် အန္တရာယ်များလာ၍ သူမကို ချန်ထားခဲ့ရသည်။
“ အဲဒီတုန်းက မင်းကို ငါနဲ့အတူ ခေါ်သွားရမှာ။ မင်းကို ဘယ်တုန်းကမှ ချန်မထားခဲ့သင့်ဘူး”
“ မဟုတ်ပါဘူး” ဓားအရှင်က ခေါင်းအသာယမ်းကာ ပြောလိုက်သည် “ ကျွန်မ ဆုံးဖြတ်ချက်နဲ့ နေခဲ့တာပါ။ ကျွန်မက သခင်မလေးကို အမှီမလိုက်နိုင်ဘူးဆိုတာ သိပါတယ်။ သခင်မလေးရဲ့ အမွေအနှစ်ကို စောင့်ရှောက်ပေးရတာကိုက ကျေနပ်လှပါပြီ”
ဓားအရှင်က တိုက်ပွဲရူး တစ်ယောက် တာအိုကို သက်သေပြပြီး တက်လှမ်းသည့်အခါတွင် လိုက်လာဖို့ ဒုတိယအခွင့်အရေး ရရှိခဲ့သည်။ သူက သူမကို သူနှင့်အတူ တက်လှမ်းလိုလားဟု မေးမြန်းခဲ့၏။ သို့သော် သူမက သူမ သခင်မလေး၏ ဂိုဏ်းနှင့် အမွေအနှစ်ကို ကာကွယ်လိုသည့်အတွက် ငြင်းဆန်ခဲ့သည်။
“ အခုတော့ အားလုံးက ကောင်းဖို့အတွက်ပါပဲ” ဓားဧကရီက တက်လှမ်းစဉ်ကတည်းက အတွေ့အကြုံများကို ပြန်လည်စဉ်းစားရင်း ရေရွတ်လိုက်သည်။ သူမ၏ ရန်သူများက သူ့မတွင် ရှောင်ကျူးလိုမျိုး အားနည်းချက်ရှိနေလျှင် ကိစ္စများက ပိုမိုရှုပ်ထွေးသွားမည် ဖြစ်၏။
“ ငါက ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူးဆိုတော့ ရှင်းရှင်းပဲ ပြောတော့မယ်။ ဒိုင်မေးရှင်းအမြင့်က အခြေအနေတွေကို သိလား”
“ ဟုတ်ကဲ့။ ကောင်လေးဆီကနေ သိထားပါတယ်။ အဆုံးမဲ့လေဟာနယ်မှာလည်း မူမမှန်မှုတွေကို ခံစားမိတယ်”
“ ဟုတ်တယ်။ အဲဒါဆိုတော့ ငါ့အတွက် ရှင်းပြနေဖို့ မလိုတော့ဘူး။ ဒိုင်မေးရှင်းအမြင့်ရဲ့ ကန့်သတ်မှုကြောင့် ပုန်းအောင်းနေတဲ့ ဧကရာဇ်တွေနဲ့ တခြားသက်ရှိတွေက လှုပ်ရှားလာကြလိမ့်မယ်။ အစစ်အမှန် ကောင်းကင်တာအိုက ပုံမှန်ထက် စီမံခန့်ခွဲတာ နှေးကွေးပြီးတော့ အချိန်ဆွဲနေတယ်။ အဲဒီလူတွေက အဲဒါကို သိသွားရင် ဒိုင်မေးရှင်း အနိမ့်က ဖရိုဖရဲဖြစ်လာလိမ့်မယ်”
ဓားအရှင်က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် အခြေအနေကို သုံးသပ်လိုက်သည်။ ကောင်းကင်အလိုဆန္ဒကမ္ဘာတိုင်း၏ ကောင်းကင်တာအိုက ဒုတိယတန်းစားမဟာဧကရာဇ်နှင့် ညီမျှပေသည်။ သူတို့က စွမ်းအားကို ငှားယူဖို့ အစစ်အမှန် ကောင်းကင်တာအိုဆီမှ စွမ်းအားကို ငှားယူကြရသည်။ ထို့ကြောင့် ပြဿနာတစ်ခုခုရှိလာခဲ့လျှင် ကောင်းကင်တာအိုက အသုံးမဝင်ဖြစ်လာနိုင်သည်။
“ အဲဒီလူတွေအကြောင်း စိုးရိမ်နေတာမဟုတ်ဘူး” ဓားဧကရီက ပြောလိုက်သည် “ ဒိုင်မေးရှင်းအနိမ့်မှာ ကျန်ရှိနေတဲ့ ထာဝရဧကရာဇ်တွေနဲ့ မသေမျိုးဦးသျှောင်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတာ။ တချို့က အသင်္ချေအင်ပါယာကမ္ဘာနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းဆီမှာ လှုပ်ရှားလာကြလိမ့်မယ်”
“ ဘယ်လို သခင်မလေး။ ကျွန်မတို့ ဘာလုပ်ရမလဲ”
ဓားအရှင်က ရှေးဟောင်းခေတ်ကာလကတည်းက အသက်ရှင်ခဲ့၍ ထိုလူများသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သိထားလေသည်။ အထူးသဖြင့် ထာဝရဦးသျှောင်များဖြစ်၏။ အကယ်၍ ဒိုင်မေးရှင်းအနိမ့်တွင် သူတို့ အသုံးပြုနိုင်သည့် စွမ်းအားပမာဏ အကန့်အသတ်ကြောင့်သာ မဟုတ်လျှင် တစ်ယောက်တည်းဖြင့် အဆုံးမဲ့လေဟာနယ်အများစုကို အုပ်စိုးဖို့ရာ လုံလောက်လေပြီ။
“ မင်း များများ စိုးရိမ်နေစရာမလိုဘူး။ ထာဝရဦးသျှောင်က သူတို့ရဲ့ ကန့်သတ်ချက်တော့ ရှိကြသေးတာပဲ”
ဓားဧကရီက အစစ်အမှန် ကောင်းကင်တာအိုဖြစ်စေ သို့မဟုတ် အန္တိမသဟဇာတဖြစ်စေ သူတို့က ဒိုင်မေးရှင်းအနိမ့်ကို ဆိုးဆိုးရွားရွား ပျက်စီးစေဖို့ ခွင့်ပြုမည် မဟုတ်ကြောင်း သိထားလေသည်။ သို့သော် အဆင့် ၁၁ သက်ရှိက ဒိုင်မေးရှင်းအနိမ့်တွင် အားအပြည့်ထုတ်သုံးခြင်း၏ ရလဒ်က ပျက်စီးခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။
အောက်ခြေစည်းအနေဖြင့် အန္တိမသဟဇာတနှင့် ကောင်းကင်တာအိုတို့က ကမ္ဘာ၏ ဘေးကင်းမှုကို အာမခံဖို့ အတူတကွ အလုပ်လုပ်ကြရလိမ့်မည်။
“ အဲဒါဆိုရင်တော့ တော်ပါသေးရဲ့”
“ နောက်ဆုံးအချိန်မတိုင်ခင်တုန်းက မင်းအတွက် လျှို့ဝှက်နယ်မြေတစ်ခု ချန်ထားပေးခဲ့တယ်။ အဲဒီအထဲမှာ မင်းကို ထာဝရဧကရာဇ်နဲ့ တူညီတဲ့ ဆန့်ကျင်ကျင့်ကြံသူတစ်ယောက် ပြောင်းလဲပေးနိုင်မဲ့အရာကို ထားရစ်ခဲ့တယ်။ ပြီးတော့ ဂိုဏ်းအတွက် အသက်ရှင်မဲ့ နည်းလမ်းတချို့လည်း ချန်ထားခဲ့တယ်။ မင်း အဲဒီထာဝရဧကရာဇ်တွေနဲ့ မတွေ့ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ”
ဓားဧကရီက ထိုထာဝရသက်ရှိများကြား အင်အားကွာခြားချက်ရှိကြောင်း သိထားလေသည်။ နမူနာအားဖြင့် သူမ၊ ချီယွမ်နှင့် ဝူဟုန်တို့သည် တာအိုကို သက်သေပြပြီးသည့်နောက် မဟာတာအိုအရင်းအမြစ် နှစ်ဆယ်ရာခိုင်နှုန်းအထက် တိုက်ပွဲခွန်အားကို ရှိထားကြသည်။
“ သခင်မလေးကို ကျေးဇူးတင်ပါတယ်”
“ မလိုပါဘူး။ ငါက အခုထိ အပြစ်ရှိစိတ် ခံစားမိနေတုန်းပဲ။ တကယ်လို့ မင်းကို ငါနဲ့သာ အတူခေါ်သွားခဲ့ရင် မင်းက ကျင့်ကြံရေးလမ်းကြောင်းမှာ ပိုပြီးတော့ မြင့်မားအောင်မြင်နေလောက်ပြီ”
“ သခင်မလေးဘာသာ သခင်မလေး အပြစ်တင်ဖို့ မလိုပါဘူး”
ဓားအရှင်က ခေါင်းယမ်းလိုက်၏ “ အဲဒီတုန်းက ကျွန်မတို့ရဲ့ ဘဝတွေကို အမှတ်ရပါသေးတယ်။ ကျွန်မရဲ့ နိမ့်ကျတဲ့ပါရမီကြောင့် ကျင့်ကြံရေးလမ်းကြောင်းမှာ အောင်မြင်မှုရရှိလိမ့်မယ်လို့ တစ်ခါမှ မတွေးထားမိခဲ့ဘူး။ ဒီနေ့လို အောင်မြင်မှုရအောင် သခင်မလေးက ကျွန်မကို အရင်းအမြစ်တွေ၊ အချိန်တွေ၊ အားစိုက်ထုတ်မှုတွေနဲ့ ထောက်ပံ့ပေးပြီး လှုံ့ဆော်ပေးခဲ့တာပါ။ ကျွန်မက ဒီခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းချင်ပေမဲ့ ကျွန်မ လုပ်နိုင်တဲ့ အရာကိုလည်း ကောင်းကောင်းသိထားပါတယ်။”
ဓားအရှင်က မဟာတာအိုအရင်းအမြစ် ၄၈ ရာခိုင်နှုန်းကို နားလည်ထားပြီး စွမ်းအားကို တိုးမြှင့်နိုင်သည်။ အဆင့် ၅ တာအိုဘိုးဘေး ဖြစ်မလာခင် ၄ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်သည်နှင့် နှိုင်းယှဉ်လိုက်လျှင် သူမက တိုးတက်နှုန်းသည် နှေးကွေးသော်လည်း ပျော်ရွှင်နေမိ၏။
“ ရောင့်ရဲတတ်တာ ကောင်းတယ်” ဓားဧကရီက အပြုံးလေးဖြင့် ပြောလိုက်သည် “ ကောင်းပြီ။ ငါ သွားရတော့မယ်”
“ ဒီလောက်မြန်မြန်လား”
“ ငါတို့တွေ သိပ်မကြာခင် ပြန်လည်ဆုံစည်းကြမှာပါ။ တခြားသူတွေကိုလည်း သူတို့အတွက် ဘာမှမချန်ထားခဲ့တဲ့အတွက် စိတ်မကောင်းဘူးလို့ ပြောပေးပါဦး။ ငါတို့တွေရဲ့ အခြေအနေကလည်း အကောင်းဆုံးတော့ မဟုတ်ဘူး။ စွမ်းဆောင်ရည်တွေက ကန့်သတ်ခံထားရတယ်”
တခြားသူများက သူတို့၏ ဆန့်ကျင်ကျင့်ကြံသူများအတွက် တစ်စုံတစ်ခု ချန်ထားပေးခဲ့ပြီး အများစုက လျှို့ဝှက်နယ်မြေထဲတွင် ရှိကြသည်။ သို့သော်လည်း သူတို့၏ နည်းလမ်းက ဓားအရှင် ချန်ထားပေးခဲ့သလောက် အကျိုးသက်ရောက်မှု မရှိပေ။ ထိုအရာက သူတို့အတွက် အကျိုးရှိနိုင်သော်လည်း အချိန်ကြာမြင့်လှ၏။
“ သခင်မလေး အဆင်ပြေရဲ့လား”
“ ငါ အဆင်ပြေမှာပါ။ ဒီကောင်လေးကို ကာကွယ်ထား။ သူက အရာအားလုံးအတွက် အဖြေ ဖြစ်နိုင်တယ်။ တခြားသူတွေအပေါ် တင်နေတဲ့အကြွေးကို သူ့ကို ဆပ်ခိုင်းလိုက်။ သူ့ဆီမှာ မင်းတို့အားလုံးအတွက် ပိုကောင်းတဲ့ ကျင့်ကြံရေး ပတ်ဝန်းကျင်မျိုး ထောက်ပံ့နိုင်တဲ့ နည်းလမ်းရှိတာဆိုတာ သေချာတယ်”
ဓားအရှင်က သူ့သခင်မလေး ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း စိတ်ခံစားချက်များကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။
“ သခင်မလေး သေချာဂရုစိုက်ပြီး အစာစားဖို့ မမေ့နဲ့နော်”
ဓားဧကရီ၏ မျက်ဝန်းထောင့်မှ မျက်ရည်များ စီးကျလာသည်။ သူမက ထိုစကားများကို မကြားရသည်မှာ ယွင်ခေတ်ကာလများစွာ ကြာမြင့်နေပြီဖြစ်၏။ ယခင်က သူမသည် လူများစွာ ကြောက်ရွံ့ရသည့် အားကောင်းကောင်း ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည့်အခါတွင်ပင် ရှောင်ကျူးက သူ့မကို အမြဲလိုလို ဂရုစိုက်ဖို့နှင့် အချိန်မှန်မှန်စားဖို့ ပြောလေ့ရှိသည်။
“ အင်းပါ” ယန်းအိုက်က အမြဲပြောခဲ့သည့်အတိုင်း ပြန်ဖြေလိုက်သည်။
ဓားအရှင်က တည်ငြိမ်မှုပြန်ရလာဖို့ မိနစ်ပိုင်းကြာ ကြာမြင့်သွားသည်။ အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက် သူမက မျက်နှာဖုံးကို ပြန်တပ်လိုက်၏။ ယခင်ရှောင်ကျူးက မရှိတော့ဘဲ တာအိုအခွင့်အလမ်းဂိုဏ်း၏ ဓားကာကွယ်သူ ဓားအရှင်သာ ကျန်ရှိတော့သည်။
သူမက တခြားသူများကို ဆက်နွယ်ကာ ဆန့်ကျင်ချီနှင့် ပတ်သက်၍ သတင်းစကားကို ပြောခဲ့သည်။ နောက်ဆုံးတွင် သူမက လျှို့ဝှက်နယ်မြေဆီ ထွက်ခွာသွားသည်။
……………………………………
အိမ်သို့ အပြန်လမ်းတွင် ဝမ်ဝေ့က ရုတ်ချည်းဆိုသလို နှာချေလိုက်မိသည်။
“ တစ်ယောက်ယောက်က ကိုယ့်အကြောင်း ပြောနေတာလား မသိဘူး” သူက ရပ်တန့်လိုက်သည်။ နှာချေခြင်းက သူသည် လှည့်ဖျားရေးစစ်ဆေးမှု မျှော်နန်းဆောင်ကို ဂိုဏ်းအတွင်း ထားရှိဖို့ရာ မေ့နေကြောင်း အသိပေးနေ၏။ ထို့ကြောင့် သူက အကြီးအကဲတချို့ကို ဆင့်ခေါ်ကာ ထိုအတွက်နေရာကို မေးမြန်းခဲ့သည်။
အကြီးအကဲများက သူ့အပေါ် စိတ်ခုနေ၍ အကြောင်းအရင်းကို မေးမြန်းခဲ့ရာ ထိုသူများက သူသည် ဂိုဏ်းချုပ် ဖြစ်လာကတည်းက မည်မျှတာဝန်မယူကြောင်း ရှင်းပြခဲ့ကြသည်။ သူက အစည်းအဝေးတချို့ကိုသာ တက်ရောက်ပြီး အလုပ်အားလုံးကို သူတို့ဆီ ချန်ထားခဲ့၏။ သူတို့က လီကျွင်းနှင့် ယန်းလီလင်းအကြောင်း ညည်းတွားကြသော်လည်း ဝမ်ဝေ့ကမူ အဆိုးဆုံး ဖြစ်ပေသည်။
ဝမ်ဝေ့က မျက်နှာပူလျက် သူ့ဂိုဏ်းချုပ်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ပါမည်ဟု ကတိစကား ပေးလိုက်ရသည်။ ထို့နောက် သူက အိမ်သို့ ပြန်လာရာ ကုတင်ပေါ်တွင် လဲလျောင်းကာ ဝတ္ထုဖတ်နေသည့် သူ့ချစ်ဇနီးလေးကို မြင်လိုက်ရသည်။
“ မင်းကို ပြန်လည်ကျင့်ကြံသွားပြီလို့ ထင်နေတာ”
“ ကျွန်မရဲ့ စွမ်းအားအများဆုံးနဲ့ စွမ်းဆောင်ရည်အရှိဆုံး ကိုယ်ပွားကို အဲဒီနေရာမှာ ထားလိုက်တယ်လေ။ ကျွန်မတို့တွေ အချိန်အတူတူ ကုန်ဆုံးလို့ ရအောင်လို့ပေါ့”
“ ကောင်းတယ်” သူက ပြန်ဖြေလိုက်သည်။
“ အဲဒီအရာတွေ စဉ်းကို မစဉ်းစားနဲ့။ လာ နောက်ထပ် ဝတ္ထုတချို့ ရေးပေးဦး”
ဝမ်ဝေ့က သူမအနားတွင် လဲလျောင်းကာ “ အရင်ပေးခဲ့တဲ့ စာအုပ်ပုံကြီးကရော။ မင်းက ဖြည်းဖြည်းချင်း ဖတ်ချင်တယ်လို့ ထင်နေတာ”
“ အဲဒါက ကြာလှပြီလေ”
“ ဒါနဲ့ မင်းက ဘယ်အရာကို အကြိုက်ဆုံးလဲ”
“ ကံကြမ္မာတာအိုကို ကျင့်ကြံတဲ့ ဝတ္ထုကို ပိုကြိုက်တယ်။ အဲဒါက ရှင့်အပေါ် အခြေခံထားတယ်ဆိုတာ သိပေမဲ့ ဖတ်ရတာ သဘောကျနေတုန်းပဲ။ အထူးသဖြင့် မောင်းမဆောင်အကြောင်း မဟုတ်တဲ့အခါမျိုးပေါ့”
“ အဲဒါက ကိုယ့်အကောင်းဆုံးလက်ရာထဲက တစ်ခုပဲ။ ဒါပေမဲ့ အစပိုင်းတော့ သိပ်သဘောမတွေ့ဘူး”
“ အဲလောက်ကြီးလည်း မဆိုးပါဘူး။ ဘာဖြစ်ဖြစ် နောက်ပိုင်းကျ ရှင်က အဲ့လိုပုံစံမျိုး များများရေးသင့်တယ်။ ဒါပေမဲ့ ကျွန်မနဲ့ ဆင်တူတဲ့ အမျိုးသမီးဇာတ်လိုက်ကို လိုချင်တယ်”
“ ကောင်းပြီ။ ဒါပေမဲ့ မင်းရော ကိုယ့်ဘာသာကိုယ် မရေးဘူးလား”
“ ရေးတာပေါ့”
“ ကြည့်ရအောင်”
“ မရဘူး”
“ ဘာလို့လဲ”
“ ကျွန်မ မပြချင်ဘူး”
“ လာပါ။ မင်း ကိုယ့်ကို မပြရင်တောင် ကိုယ်က ထပ်ပြီးတော့ ပူဆာနေမှာဆိုတာ သိတယ်မလား”
“ ကောင်းပြီ”
ဝမ်ဝေ့က သူမ၏ ဝတ္ထုကို ဖတ်ရှုကြည့်လိုက်သည် “ မင်းက ကိုယ့်ကို ဘာလို့မပြချင်တာလဲဆိုတာကို နားလည်သွားပြီ။ မင်းက ဆိုးရွားတဲ့ စာရေးဆရာပဲ”
“ ရှင် ထပ်ပြောကြည့်လိုက်”
“ နောက်ဆုံးတော့ မင်း မတော်တာတစ်ခုတော့ တွေ့သွားခဲ့ပြီ”
ဝမ်ဝေ့က သူမ၏ အရေးအသားသည် ပြဿနာမရှိသော်လည်း သူမ၏ ဇာတ်ကြောင်း၊ ဇာတ်အိမ်တည်ဆောက်ပုံ၊ ဖန်တီးဉာဏ်နှင့် ဇာတ်ကောင်စရိုက်နှင့် ဖွံ့ဖြိုးမှုတို့က အကြမ်းထည်ဆန်နေသည်။
“ ဒီည ရှင်တစ်ယောက်တည်း အိပ်ချင်နေတာလား”
“ ကိုယ် တောင်းပန်ပါတယ်။ ဒါပေမဲ့ တစ်ခုခုမှာ မတော်တာက ဘာမှအမှားအယွင်းမရှိပါဘူး”
“ ပြီးပြည့်စုံတဲ့လူက ပြောထားဦးပေါ့”
“ ကိုယ်မတော်တာလည်း တစ်ခုခုတော့ ရှိမှာ သေချာပါတယ်။ ကိုယ် ရှာမတွေ့သေးရုံပါ” ဝမ်ဝေ့က ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။ ဝူဟုန်က သူ့အား တစ်ချက်ရိုက်လိုက်သည်။
“ ဘာဖြစ်ဖြစ် အခု ကျွန်မရဲ့ ဝတ္ထုတွေကို သွားရေးပေးတော့။ ဒီဧကရီက စိတ်ဝင်စားစရာလေးတွေ လိုနေပြီ”
***