ချီယွမ်၏ အကွက်ကျကျစီစဉ်မှု
Vol. 45 Ch. 618
လွန်ခဲ့သည့် နှစ်သုံးရာခန့်က ဒိုင်မေးရှင်းအမြင့်တွင်
အန္တိမသဟဇာတက သူ့ကျောင်းဆောင်အတွင်းမှ ရုတ်ချည်းဆိုသလို မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့အကြည့်က ဒိုင်မေးရှင်းအနိမ့်ကို ထိုးဖောက်သွားပြီး မဟာတာအို ပေါ်ထွက်လာကာ လူသုံးယောက်အား တည်ရှိမှုမှ ဖျောက်ဖျက်ပစ်လိုက်သည်ကို ကြည့်နေလိုက်၏။
တားမြစ်ချက်အငွေ့အသက်… သမိုင်းမတိုင်မီ ကမ္ဘာဆီက ထွက်နေတဲ့အရာနဲ့ အတူတူပဲ။ ဒီကောင်လေးက လျှို့ဝှက်ချက်အများကြီး ရှိတယ်ဆိုတာ သိနေတယ်…
သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် တိတ်တဆိတ် ဝင်ရောက်စွက်ဖက်နိုင်ပြီး သူနှင့် ယှဉ်နိုင်သည့် စွမ်းအားတစ်ခုကို ခံစားမိစဉ်အချိန်ကို ပြန်လည်အမှတ်ရလိုက်မိ၏။
ပထမဦးစွာ သူနှင့် မေတ္တယျတို့ ခံစားမိသည်မှာ အချိန်တိုတောင်းသည့်အတွက် တစ်ခဏမျှ ခြိမ်းခြောက်မှုဟုသာ ထင်ခဲ့ကြသည်။ သို့သော် ယခုတွင် သူက ထိုဖြစ်ရပ်က တားမြစ်ချက်နှင့် ဆက်နွယ်နေပြီး အရာအားလုံး၏ သော့ချက်က ဝမ်ဝေ့ ဖြစ်နိုင်ကြောင်း နားလည်သွားသည်။
အန္တိမသဟဇာတက သူ့စံအိမ်မှ ထွက်လာကာ ဒိုင်မေးရှင်းအနိမ့်ဆီ ဦးတည်လိုက်သည်။ သူ့အင်အားဖြင့် မည်သည့်အရာမှ သူ့အား မတားဆီးနိုင်ပေ။ သာမန်ပုံစံပေါ်သည့် ရသေ့မယ်ကမူ ခြွင်းချက် ဖြစ်၏။
“ ငါ့ကို ဘာလို့တားတာလဲ” အန္တိမသဟဇာတက အေးစက်စက်ဖြင့် ပြောလိုက်သည်။
“ အဲ့ကလေးကို ထိလို့မရဘူး”
“ ငါ လုပ်ချင်တာ လုပ်လို့ရတယ်”
“ တကယ်လို့ ကျွန်မသာ ဆန္ဒရှိရင် ရှင့်ကို တားနိုင်တယ်”
အန္တိမသဟဇာတက သူမအား စိုက်ကြည့်လိုက်ပြီး “ မင်းရော မလိုချင်ဘူးလား။ သမိုင်းမတိုင်မီ ကမ္ဘာက ဝှက်ထားတဲ့ လျှို့ဝှက်ချက်က ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ရမဲ့ လမ်းကြောင်းရဲ့ သော့ချက် ဖြစ်လာလိမ့်မယ်။”
ကျင့်ကြံရေးလမ်းကြောင်းတွင် တက်လှမ်း မရှိတော့သည့် သူတို့အဆင့်တွင် တားမြစ်ချက်မှ လျှို့ဝှက်ချက်များကို ရှာဖွေခြင်းက အတွေ့အကြုံသစ်များကို ခံစားပြီး ရှေ့ဆက်ရမည့်လမ်းကို တွေ့နိုင်ချေရှိသည့် နောက်တစ်နည်းလမ်း ဖြစ်၏။
“ လိုချင်တာပေါ့။ ဒါပေမဲ့ သူက ကျွန်မတို့လို အနေအထား ရောက်တဲ့အထိ စောင့်ပြီးမှ သူ့ကို မေးမယ်”
မေတ္တယျက ဝမ်ဝေ့၏ အကျင့်စရိုက်ကို ကောင်းကောင်းသိထားပြီး အကြွေးပြန်ဆပ်မည်ကိုလည်း သိထားသည်။ အကယ်၍ သူမသာ သမိုင်းမတိုင်မီ ကမ္ဘာအကြောင်း မေးပါက သူသည် ပြောပြလိမ့်မည်။ သို့သော်လည်း သူတို့က သူသည် ပိုမိုလုံခြုံပြီး ယုံကြည်ချက်ရှိမည့်အချိန် အနေအထားတူ ရောက်သည်အထိ စောင့်ဆိုင်းလိုသည်။ ဤနည်းဖြင့် သူတို့က ပိုမိုပွင့်လင်းမြင်သာသည့် စကားဝိုင်းကို ပြောဆိုနိုင်လိမ့်မည်။
“ ဒါက အားနည်းသူတွေရဲ့ စိတ်ဓာတ်ပဲ” အန္တိမသဟဇာတက ထိုအဓိပ္ပာယ်မရှိသည့် စကားများကို မယုံပေ။ သူက အင်အားကိုသာ ယုံကြည်ထား၏။ သူက သူ့ထက်အားနည်းသည့်သူများဆီမှ သူ လိုချင်တာကို ရယူနိုင်သည်။
“ ရှင်လည်း တစ်ခါက အားနည်းခဲ့တာပဲ”
“ အဓိကအချက်က အရင်တုန်းက အားနည်းခဲ့တာ။ အတိတ်ကို ကိုယ်စားပြုနေခဲ့တာ။ ပြီးတော့ သူက ငါတို့အဆင့်လိုမျိုး ရောက်နိုင်တယ်လို့ ပြောကတည်းက မင်းရဲ့ အစီအစဉ်က ဟာကွက်ဖြစ်နေပြီ။”
“ ဘာလို့ ဖြစ်ရမှာလဲ။ ရှင်ရော ကျွန်မရောက အကြွင်းမဲ့တားမြစ်ချက် ရောက်ရှိလာပြီးတဲ့နောက်မှာ ကျွန်မတို့အဆင့်တွေက ပုံမှန်ဖြစ်လာမယ်ဆိုတာကို သိကြတာပဲ”
ဤသည်က အမှန်ဖြစ်၏။ ချီယွမ်၏ ဒုတိယမြောက် မူလတိုက်ပွဲက ဟွင်သွမ်းစကြဝဠာတစ်ခုလုံး၏ အရေးအကြီးဆုံး ဖြစ်ရပ်ထဲမှ တစ်ခုဖြစ်ခဲ့သည်။ လူအများစုက သူသည် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာအား စကြဝဠာ၏ ဗဟိုချက်အဖြစ် ပြုလုပ်လိုကာ ဟွင်သွမ်းကမ္ဘာကို ကံကောင်းမှုအများဆုံး သို့မဟုတ် ကံကြမ္မာအများဆုံးအဖြစ် ရယူဖို့ရာ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်ဟု ထင်မှတ်ထားကြသည်။
သို့သော် ထိုအရာက အပေါ်ယံမျှသာ ဖြစ်၏။ ချီယွမ်၏ တကယ့်ရည်ရွယ်ချက်က စကြဝဠာတစ်ခုလုံးကို ဖြန့်ကျက်သွားစေမည့် စစ်ပွဲတစ်ခုကို အစပြုဖို့ရာ ဖြစ်သည်။ အားလုံးက အုတ်အော်သောင်းနင်းဖြစ်နေစဉ် သူက စကြဝဠာတစ်ခုလုံး၏ ကံကောင်းမှုကို စုစည်းပြီး အကြွင်းမဲ့တားမြစ်ချက်ကို ဆင့်ခေါ်ဖို့ ဟွင်သွမ်းကမ္ဘာအသီးသီးတွင် နယ်ရုပ်များကို စီစဉ်ထားခဲ့သည်။
အဆုံးသတ်တွင် သူက အောင်မြင်သွား၏။ ထိုအစီအစဉ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာနှင့် တခြားဟွင်သွမ်းကမ္ဘာတို့မှ မဟာမိတ်များ၏ အကူအညီကြောင့် အောင်မြင်သွားခဲ့သည်။ အကြွင်းမဲ့တားမြစ်ချက် ဖြစ်ရပ်အပြီးတွင် အန္တိမသဟဇာတနှင့် မေတ္တယျကဲ့သို့သော အစွဲကင်းမဲ့တစ်ပိုင်းအဆင့် သက်ရှိများက ဟွင်သွမ်းစကြဝဠာအတွင်း ပုံမှန်သာဖြစ်လာကြသည်။
“ ကျွန်မတို့အချိန်နဲ့ မတူဘဲ တစ်ယောက်ယောက်က ကျွန်မတို့ အဆင့်ကို ရောက်ဖို့ သိပ်ကြီး အလှမ်းဝေးမနေဘူး” မေတ္တယျက ပြန်လည်ချေပလိုက်သည်။
အကယ်၍ ထိုဖြစ်ရပ်တွင် ပါဝင်ဆင်နွှဲခဲ့သည့် လူအများစုက မသေသွားခဲ့လျှင် သို့မဟုတ် အစွဲကင်းဖို့ အပြီးပြည့်စုံဆုံး နည်းလမ်းကို ခေါင်းမာမာဖြင့် ဆက်လက် မကြိုးစားခဲ့ကြလျှင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် အများကြီး ရှိနေလိမ့်မည်။
“ အရေအတွက်များတာက ပိုကောင်းတယ်လို့ ဆိုလိုတာ မဟုတ်ဘူး” အန္တိမသဟဇာတက ပြန်လည်ပြောလိုက်သည် “ ငါတို့အဆင့်မှာ လူတွေများလာလေလေ ငါတို့အတွက် အရင်းအမြစ်နည်းလာလေလေပဲ”
“ ဒါပေမဲ့ ကျွန်မတို့တွေက အတွေ့အကြုံနဲ့ နည်းလမ်းတွေကို မျှဝေပြီးတော့ ရှေ့ဆက်ရမဲ့ လမ်းကြောင်းကို ရှာဖွေနိုင်တယ်။ ဒီစကြဝဠာကြီးက လှောင်ချိုင့်တစ်ခုဆိုတာ ရှင်ရော ကျွန်မရော သိတာပဲ။ အတူတကွ ပူးပေါင်းလုပ်ခြင်းကပဲ ကျွန်မတို့ကို လွတ်မြောက်စေမှာ”
“ ငါက အစွဲကင်းမှုကို ရောက်ရှိဖို့ ဘယ်သူ့အကူအညီမှမလိုဘူး”
“ ရှင်နဲ့ ပြောနေရတာ အဓိပ္ပာယ်မရှိဘူးပဲ” မေတ္တယျက ခေါင်းခါကာ ပြောလိုက်၏။ သူမရှေ့မှ သူသည် ယခင်က သိခဲ့သည့်သူ မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။ ယခင်က အန္တိမသဟဇာတသည် ဒုတိယမြောက် မူလတိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့၏။ သူက အကြွင်းမဲ့တားမြစ်ချက်အကြောင်း သိထားသူတစ်ယောက်ဖြစ်ကာ ထိုအရာမှ အကျိုးကျေးဇူးရရှိခဲ့သည်။
သို့သော်လည်း ယခုတွင် သူက သူကိုယ်တိုင် အစွဲကင်းလွတ်ဖို့ရာ ထူးကဲသည့် နည်းလမ်းကို သူကိုယ်တိုင် ဖန်တီးနိုင်လိမ့်မည်ဟု မောက်မာစွာ တွေးနေသည်။ မေတ္တယျက အန္တိမသဟဇာတသည် ထိုသို့ဖြစ်လာသည်မှာ ယခင်ကတည်းကလား ဒါမှမဟုတ် အကြွင်းမဲ့တားမြစ်ချက်ဆီမှ ရရှိထားသည့် နည်းလမ်း၏ ရလဒ်ကြောင့်လားဟု မကြာခဏ တွေးလေ့ရှိသည်။
“ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို ထိလို့မရဘူး”
“ အဲဒါဆိုလည်း တိုက်ကြတာပေါ့”
“ ကောင်းပြီ။ ဒီကမ္ဘာကို မဖျက်ဆီးမိအောင် ကမ္ဘာဦးဟွင်သွမ်းဆီ သွားကြတာပေါ့”
နှစ်ဦးသားက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ထွက်ခွာသွားကြပြီး ကမ္ဘာဦးဟွင်သွမ်းထဲတွင် ဆယ်စုနှစ်ကြာ တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် မေတ္တယျက တိုက်ပွဲကို ရပ်တန့်ခဲ့၏။ ထိုစဉ်အဆုံးမဲ့အမှောင်ထု အာကာပြင်အတွင်း ရပ်နေစဉ် သူမက အန္တိမသဟဇာတကို ကြည့်လိုက်သည်။
“ တော်ပြီ။ ရှင်နဲ့ တိုက်နေပြီးတော့ အချိန်မဖြုန်းချင်ဘူး။ ရပ်လိုက်တော့ မဟုတ်ရင် အကျိုးဆက်ကို ခံစားရမယ်”
“ အဲဒါက ဘာများလဲ”
“ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ဖျက်ဆီးပြီးတော့ ပြန်လည်တည်ဆောက်ပစ်မယ်”
“ မင်းက လျှောက်ပြောနေမှာတော့ ပိုယုတ္တိရှိတာ ပြောသင့်တယ်။ ကမ္ဘာရဲ့ ဖျက်ဆီးမှုက မင်းရဲ့အဆင့်ကိုလည်း ယိုယွင်းသွားစေမှာပဲ”
“ ဟုတ်တယ်။ ဒါပေမဲ့ ရှင့်လောက်တော့ မဆိုးဘူး”
အန္တိမသဟဇာတက ကိစ္စများကို တွက်ချက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သူတို့နှစ်ဦးလုံးက အစွဲကင်းမှုနယ်မြေထဲကို ခြေတစ်လှမ်းဝင်နိုင်ဖို့ရာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို လိုအပ်နေကြသည်။ သို့သော်လည်း သူမ၏ နည်းလမ်းက သူ့ထက်စာလျှင် ကမ္ဘာအပေါ် မှီခိုမှုကင်း၏။
အန္တိမသဟဇာတက အချိန်မရှိတော့ကြောင်း သဘောပေါက်သွားသည်။ အကယ်၍ မေတ္တယျကသာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာထံ သူ့အရင်အစွဲကို ဖယ်ဖျက်နိုင်ခဲ့ပါက သူသည် အန္တရာယ်ကြားကျရောက်လိမ့်မည်။
ထို့ကြောင့် သူက အခြေအနေကို သုံးသပ်ကာ မေတ္တယျနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့နေဖို့ အချိန်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ကောင်းကင်တာအိုနှင့် ရင်ဆိုင်ပြီးသည့်နောက်တွင် သူက ထိုအရာကို ဝါးမျိုကာ အနှောင်အဖွဲ့များမှ ကင်းလွတ်လာလိမ့်မည်။ သူက ဘာမှမပြောဘဲ သူ့စံအိမ်ဆီ ပြန်သွားလိုက်၏။
ထိုစဉ် မေတ္တယျက သူ ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ မျက်နှာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားပြီး စိတ်ခံစားချက်၊ လိုအင်ဆန္ဒ၊ ထူးဆန်းသည့် အပြုအမူမျိုးကို မြင်နေရသည့် အမူအရာမျိုး ပေါ်ထွက်လာသည်။ ထို့နောက် သူမက စိတ်ထဲမှ အသံများစွာကို ကြားနေရပြီး အားလုံးက ဆက်တိုက်ဆိုသလို ပြောဆိုနေကြသည်။ ထိုဖြစ်စဉ်က ဆယ်မိနစ်ခန့်ကြာမြင့်ပြီးနောက် ရပ်တန့်သွား၏။
အခုထိ မတည်ငြိမ်သေးဘူးပဲ။ ငါ အချိန်ထပ်လိုနေတယ်…
သူမက တည်နေရာတစ်ခုကို လှမ်းကြည့်ရင်း သက်ပြင်းချလိုက်သည်။
ဟွင်သွမ်းစကြဝဠာထဲက အပြောင်းအလဲတွေကို ငါက ကောက်ချက်မချနိုင်ပေမဲ့ အလုံးစုံပကတိအမြင် ကျောင်းဆောင်က ဘယ်လိုလုပ် လုပ်နိုင်တာလဲ။ ကျောင်းဆောင်က ဂမ္ဘီရတာအိုကျင့်ကြံတဲ့ အထွတ်အထိပ်စံပြတစ်ယောက်ပဲ ရှိတာလေ…
လူအများစုက ဒုတိယမူလတိုက်ပွဲမှာ သူတို့ရဲ့ ဂမ္ဘီရက ဖြစ်ရပ်တစ်ခုလုံးကို သက်ရောက်မှုရှိလာမှာကို ဆိုးပြီးတော့ ကျောင်းဆောင်ကို စည်းပိတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်…
ဝူဟုန်က ထိုစည်းတံဆိပ်ကိုလုပ်ခဲ့ပြီး မည်သူကမှ ပြန်လည်မဖြေနိုင်အောင် လုပ်ခဲ့သည်။ ထို့ကြောင့် သူတို့က အကြွင်းမဲ့တားမြစ်ချက်တွင်ပင် ဝင်ရောက် ပါဝင်မဆင်နွှဲလိုက်ရပေ။
ရောက်ရှိလာတဲ့ အဖြစ်အပျက်တွေက အကြွင်းမဲ့တားမြစ်ချက်လောက် ကြီးမားတဲ့ တစ်စုံတစ်ခုဖြစ်လာမယ်လို့ ပြနေတဲ့ အရိပ်အယောင်တွေပဲ။ ငါ ရေစီးကြောင်းအတိုင်း မျောပါသွားလို့ မဖြစ်ဘဲနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုနေပြီ…
စက္ကန့်ပိုင်းကြာ တွေးမိပြီးသည့်နောက်တွင် သူမက သမိုင်းမတိုင်မီ ကမ္ဘာကို လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ သူမက ကျောင်းဆောင်ဆီ မသွားသလို နောက်လိုက်များကိုလည်း သွားမတွေ့ဘဲ မိတ်ဆွေဟောင်းတစ်ယောက်ဆီ ထွက်လာခဲ့လိုက်၏။
“ ဘာလိုချင်လို့လဲ” ဝူဟုန်က မေးလိုက်သည်။
“ စကားပြောဖို့ ရောက်လာတာ”
“ အဖြစ်အပျက်တွေကို ရှင်းပြဖို့ အဆင်သင့်ဖြစ်ပြီလား”
“ ငါက ကမ္ဘာကို တည်ငြိမ်နေအောင် ထိန်းထားဖို့ လိုအပ်တယ်။ စံပြဖြစ်လာဖို့ ဘယ်သူ့ကိုမှ ခွင့်ပြုမပေးနိုင်ဘူး”
“ အဲ့လောက်ကတော့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ ကိစ္စတော်တော်များများက ရှင်းပြလို့ မရဘူး။ ဒီလိုပြစ်ချက်ရှိတဲ့နည်းလမ်းနဲ့ ဘာလို့ ဖြေရှင်းခဲ့တာလဲ။ ရှင်လည်း ကျွန်မတို့လိုမျိုး စိတ်ထားခဲ့တာပဲ။ ဒါပေမဲ့ ရှင် ပြုမူတဲ့ အပြုအမူတွေက ထူးဆန်းတယ်”
“ မင်း မှတ်ဉာဏ်တွေ ပြန်ရလာပြီလား” မေတ္တယျက ပြောလိုက်သည်။
“ မရသေးဘူး။ စကားလမ်းကြောင်းမလွှဲပါနဲ့”
“ အခုထိ ငါ ပြောလို့ မရသေးဘူး”
“ အဲဒါဆို ရှင် ပြောနိုင်တဲ့အချိန်ကျမှ ပြောကြတာပေါ့” ဝူဟုန်က မျက်လုံးမှိတ်လိုက်ကာ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ မေတ္တယျက သက်ပြင်းချကာ ထွက်သွားဖို့ ပြင်လိုက်၏။
ထို့နောက် သူမက တစ်စုံတစ်ခု တွေးမိသွားဟန်ဖြင့်
ဒီကောင်လေးဆိုရင် ဒီအခြေအနေမျိုးမှာ ဘာလုပ်မလဲ။ သူကတော့ အရှက်မဲ့မဲ့ ပြုမူမှာပဲ…
သူမ မျက်ဝန်းအထက် အလင်းတစ်ချက်ပေါ်ထွက်လာကာ ဝူဟုန်ရှေ့ ဝင်ထိုင်လိုက်သည်။
“ အခု ဘာလဲ”
“ မိတ်ဆွေဟောင်းနဲ့ အဖန်ရည် လာသောက်တာလေ။ မသောက်ရမချင်း ထွက်မသွားဘူး”
ဝူဟုန်က သူမအား ကြည့်လိုက်ပြီး မျက်တောင်ပင် မခတ်ပေ။
“ စိတ်ရှည်တာနဲ့ ပတ်သက်လာရင် မင်း ငါ့ကို မနိုင်ဘူးနော်။ ငါက ယွင်ခေတ်ကာလသန်းချီ ထိုင်နေနိုင်တယ်”
“ တကယ်ကြီး ထွက်မသွားဘူးလား”
“ မသွားဘူး”
“ ကောင်းပြီ” ဝူဟုန်က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် အဖန်ရည်စားပွဲကို ပြင်ဆင်ကာ ဧည့်သည်ကို ဧည့်ခံလိုက်သည်။ သို့သော်လည်း သူမက အဖန်ရည်ကို တိတ်တဆိတ်ဖြင့်သာ သောက်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ မေတ္တယျက စိတ်ထဲမထားဘဲ သဘောကျနေ၏။
သူမ၏ အဖန်ရည်ကို သောက်သုံးပြီးသည့်နောက်တွင် သူမက ဝူဟုန်ကို ကျေးဇူးတင်ကာ အပြုံးလေးဖြင့် ထွက်လာခဲ့လိုက်သည်။ ကံဆိုးစွာဖြင့် မေတ္တယျက ထိုင်ဖို့ပင် အချိန်မရှိသေးခင် တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ သူမက ပျောက်ကွယ်သွားပြီးနောက် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ထောင့်တစ်နေရာတွင် ပြန်လည်ပေါ်ထွက်လာသည်။
အန္တိမသဟဇာတကလည်း သူမနှင့် တစ်ချိန်တည်း ရောက်ရှိလာ၏။ နှစ်ယောက်လုံးက အချင်းချင်းကြည့်ကာ မျက်နှာအထက် မရွှင်မပျအမူအရာမျိုး ရှိနေကြသည်။
“ အလင်းမဲ့ အမှန်တရား” မေတ္တယျက ဒိုင်မေးရှင်းအနိမ့်တွင် ပေါ်ထွက်လာသည့် ခဲဖြူရောင် မြူခိုးကြီးကို ကြည့်ရင် ရေရွတ်လိုက်သည်။
***