← Chapters

အခန်း (၆၂၁)

Vol. 45 Ch. 621

အခန်း (၆၂၁)

Vol. 45 Ch. 621

စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်က ပုံစံပြန်ပေါ်လာပြီးနောက် အသွင်ပြောင်းသွားသည်။ သူက နောက်ထပ်သုံးမီတာ ပိုမိုမြင့်မားလာပြီး ရွှေရောင်အမွေးအမျှင်များက သူ့ခန္ဓာကိုယ်ကို ခြေမှ ခေါင်းအဆုံး ဖုံးလွှမ်းသွား၏။ အနီရောင် တိုက်ပွဲချပ်ဝတ်တစ်ခုက သူ့ခန္ဓာကိုယ်အထက် ပေါ်ထွက်လာကာ အသွင်ပြောင်းထားသည့် နတ်ဆိုးကံကြမ္မာဓားဟု ထင်ရသည့် အနက်ရောင်တုတ်ရှည်တစ်ခုလည်း ထွက်ပေါ်လာသည်။

“ တိုက်ပွဲသူတော်စင် မျိုးဆက်လား။ မဟုတ်သေးဘူး ဒါက ဆင့်ကဲပြောင်းလဲထားတာနဲ့တူတယ်။” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ထိုသူ ကူးပြောင်းမှုပြီးပြီးချင်းတွင် သူက မယုံနိုင်လောက်ဖွယ်အလျင်ဖြင့် ပြေးသွားပြီးနောက် စွင်းကျောင်းလုံ၏ ရင်ဘတ်ကို ထိုးစိုက်ကာ နှလုံးသားကို ဆွဲယူထုတ်လိုက်သည်။ သူက ကြက်ရာသီခွင်စွမ်းအားကိုပါ အသုံးပြု၍ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲခဲ့ပြီး စွင်းကျောင်းလုံ၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ခဲ့သည်။

ဝမ်ဝေ့က ထိုသူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ် လဲကျသွားသည်ကို ကြည့်နေလိုက်၏။ သူ့ရင်ဘတ်တွင် လက်သီးအရွယ်အပေါက်ကြီး ရှိနေသည်။ ထင်ထားသည့်အတိုင်း ထိုအပေါက်က ချက်ချင်းဆိုသလို ကောင်းလာပြီး စွင်းကျောင်းလုံက အသက်ပြန်ရှင်လာသည်။

စွင်းကျောင်းလုံက တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးကာ ကမ္ဘာတုငယ်လေးဆီမှ ထွက်ပြေးဖို့ အာကာပြင်အပေါက်ကို ဖန်တီးလိုက်သည်။ သူက ထိုအာကာပြင်အပေါက်မှ ထွက်သွားစဉ် တူညီသည့်နေရာသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။

ဝမ်ဝေ့က သူ့အား လှောင်ပြောင်သည့် အပြုံးမျိုးဖြင့် ကြည့်လိုက်သည်။

“ စိတ်ဝင်စားစရာကောင်းတဲ့ ပင်ကိုစွမ်းရည်ပဲ။ မင်းက ကိုယ့်ဘာသာကိုယ် အသက်ပြန်ရှင်နိုင်ပြီးတော့ သေဆုံးမှုတစ်ခုချင်းစီတိုင်းမှာ မင်းရဲ့ တိုက်ပွဲစွမ်းအားက တိုးမြင့်လာတယ်။ ဒါက မင်းရဲ့ ထူးဆန်းတဲ့ သွေးမျိုးဆက်ရဲ့ ရလဒ်ပဲ ဖြစ်ရမယ်။ တိုက်ပွဲအတွက် သွေးမျိုးဆက်ပေါ့”

စွင်းကျောင်းလုံက ပြန်မဖြေဘဲ လေဟာနယ်ဖြိုခွင်းခြင်းအဆောင်ကို ထုတ်ယူကာ ဤနေရာမှ တတ်နိုင်သမျှမြန်မြန် ထွက်သွားချင်မိသည်။ သူ့အနားရှိအာကာပြင်က တွန့်လိမ်လာသော်လည်း ဘာမှဖြစ်ပျက်မလာပေ။ သူက တူညီသည့် နေရာတွင် ရှိနေဆဲ ဖြစ်၏။

ငါက ပိုင်နက်ကိုလည်း မခံစားမိဘူး။ သူက ဘယ်လိုလုပ် ဒီလောက် အားကောင်းနေရတာလဲ…

စွင်းကျောင်းလုံက နှလုံးခုန်မြန်လာရင်း တွေးလိုက်မိသည်။ သူက ဖြေရှင်းနည်းတစ်ခုကို ကြိုးစား စဉ်းစားနေ၏။

“ မင်းက ဘယ်နှစ်ကြိမ်သေပြီးတော့ ပြန်ရှင်နိုင်မလဲဆိုတာ ကြည့်ရအောင်” ဝမ်ဝေ့က သူ့အား စိုက်ကြည့်လိုက်သည်။ ထိုစဉ် မရဏစွမ်းအားက သူ့အား လွှမ်းခြုံသွား၏။ စွင်းကျောင်းလုံက ကောင်းကင်မှ ပြုတ်ကျလာကာ ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ဒဏ်ရာမရှိသော်လည်း သေဆုံးသွားသည်။

သေဆုံးမှုက သူ့ဆီ ကျရောက်လာသည့်အခါ သေဆုံးသွား၏။ ဘာမှမပိုသလို ဘာမှလည်း မလျော့ပေ။ ဤသည်က ရိုးရှင်းလှသည်။

စွင်းကျောင်းလုံက မျက်လုံးဖွင့်ကာ အသက်ပြင်းပြင်းရှူလိုက်၏။ သူ့အဆုတ်ပင် အချိန်အတော်ကြာ အလုပ်ကောင်းကောင်း မလုပ်ထားသကဲ့သို့ ဖြစ်သည်။ ယခုအချိန်မတိုင်ခင်အထိ သေခြင်းတရားက သူ့အတွက် ကြောက်စရာမကောင်းခဲ့ပေ။ ယခုကိစ္စများက သူမျှော်လင့်ချက် ကုန်ဆုံးတော့လောက်သည်အထိ ဆိုးရွားလာခဲ့သည်။

သူက ပိုင်နက်ကို ဖွင့်လိုက်သည့်အတွက် ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားမိသည်။ သူ တွက်ချက်ထားသလောက် စစ်ဆေးမှုထဲ ပါသည့်သူများကသာ အဆင့်တက်လှမ်းနိုင်ကြပြီး ကျန်သူများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သာ ရှိသင့်သေးသည်။

ကြည့်ရတာ ဒီမျိုးဆက်ရဲ့ ကြီးထွားနှုန်းက အရင်မှန်းထားတာထက် ပိုမြန်ဆန်နေတာပဲ…

သူက လက်ချောင်းကို ချိုးလိုက်သည့်အခါ ကြိုးမျှင်မြောက်များစွာ ထွက်ပေါ်လာပြီးသည့်နောက် စွင်းကျောင်းလုံဆီ ထိုးစိုက်သွားသည်။

စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်အထက် အနီရောင်ချပ်ဝတ်တစ်ခု ပေါ်ထွက်လာပြီး စည်းမျဉ်းချပ်ဝတ်ကို အသုံးပြုကာ စည်းမျဉ်း၏ စွမ်းအားကို အကြွင်းမဲ့ ကာကွယ်ရေးပုံစံအဖြစ် ပြောင်းလဲလိုက်သည်။

ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်ပြီးသည့်နောက်တွင် ကြိုးများက သူ့အကာအကွယ်ကို လျစ်လျူရှုကာ စိုက်ဝင်သွားသည်ကိုသာ ကြည့်နေလိုက်၏။ ဤသို့သော နည်းလမ်းမျိုးက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တွင် အသုံးဝင်သော်လည်း သူတော်စင်အဆင့်တွင်မူ မဟုတ်ပေ။ သူ့ပိုင်နက်ကို သူ့အနားရှိ နေရာတစ်ခုကိုသာ ဖွဲ့စည်းထားပြီး ကာကွယ်သည်က ပို၍ ကောင်းပေသည်။

ထိုနည်းဗျူဟာက ပါရမီ လိုအပ်သော်လည်း စွင်းကျောင်းလုံကမူ လေ့ကျင့်ပြီးသည့်နောက် လုပ်ဆောင်နိုင်ခဲ့သည်။ သူ့အပြုအမူက သူသည် တိုက်ပွဲဉာဏ်ရည် နိမ့်ကျကာ သူတော်စင်အဆင့် ဝင်ရောက်ခါစဖြစ်ပြီး ကျင့်ကြံဖို့ သို့မဟုတ် လေ့ကျင့်ဖို့ အချိန်မရှိကြောင်း ပြသနေသည်။

တစ်ယောက်ယောက်က ပြင်ပအကူအညီအပေါ် မှီခိုလွန်းရင် ဒီလိုဖြစ်လာမှာပဲ…

ဝမ်ဝေ့က စွင်းကျောင်းလုံ၏ အလောင်းဆီ လျှောက်လှမ်းလာသည်။ ထိုသူ အသက်ပြန်ရှင်လာသည့်အခါ လက်ကို ထိုသူ့ခေါင်းပေါ်တင်၍ မှတ်ဉာဏ်နှင့် ကံကြမ္မာကြိုးမျှင်ကို အတင်းအကြပ် ဖတ်ရှုလိုက်သည်။

သူက စွင်းကျောင်းလုံ၏ ဘဝကို မြင်တွေ့ဖူးသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှုအပြီးတွင် သူက ထိုလူ၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုခဲ့ဖူး၏။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ဘာကိုမှ မလွတ်ရလေအောင် အသေးစိတ် အာရုံစိုက်ထားလိုက်သည်။ သူက စွင်းကျောင်းလုံနှင့် လူသားဧကရာဇ်တို့ကြားမှ ဆက်နွယ်မှုကို ရှာဖွေလို၏။

“ ဘာမှမရှိဘူးပဲ” သူက ရေရွတ်လိုက်ပြီးသည့်နောက်တွင် အလောင်းကို ပစ်ချလိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် မျှော်လင့်ချက် ကုန်ဆုံးနေသည့် စွင်းကျောင်းလုံက အသက်ပြန်ရှင်လာသည်။ သူ့အရှိန်အဝါက ချက်ချင်းဆိုသလို ပိုအားကောင်းလာ၏။

“ အသက် ၆သက်စာလောက်ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးသည့်နောက်တွင် “ ဒီလိုမျိုး အင်အားတိုးလာတာတောင် မင်းရဲ့စွမ်းအားက ထာဝရအရှင်အဆင့်တောင် မရောက်သေးပါလား”

သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာသည်။

“ လူသားကံကြမ္မာဓားက ကမ္ဘာကြီးက လိုအပ်နေတဲ့ ရှားပါးတဲ့ အချိန်မျိုးမှာပဲ ပေါ်ထွက်လာလေ့ရှိတာ။ ဒီမျိုးဆက်မှာ ပေါ်ထွက်လာတာက ဒီခေတ်ကာလရဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်မယ်ဆိုတာကို သိတယ်။ လူသားဧကရာဇ်ကလည်း မင်းကို တူညီတဲ့ အကြောင်းပြချက်ကြောင့် ရွေးချယ်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ မင်းက ဘာလို့ အဲ့လောက်တောင် အားနည်းနေရတာလဲ။ ဒီခေတ်ကာလရဲ့ စွမ်းအားက ကောင်းကင်ရွေးချယ်ခံတွေ များပြားမယ်ဆိုတာကို သူက ကြိုမမြင်ခဲ့တာများလား”

“ ငါ ပြောတယ်။ ငါက လူသားဧကရာဇ်ရဲ့ နယ်ရုပ် မဟုတ်ဘူး”

“ အဲလိုလား။ အဲဒါဆိုလည်း ကြည့်ရအောင်လေ” ဝမ်ဝေ့က လက်သီးဆုပ်လိုက်ပြီးသည့်နောက်တွင် ထိုးချလိုက်သည်။

ဘန်း

စွင်းကျောင်းလုံက နတ်ဆိုးကံကြမ္မာဓားဖြင့် တားဆီးဖို့ ကြိုးစားသော်လည်း အသုံးမဝင်ခဲ့ပေ။ သူ့အတွက် ကံကောင်းသည်က သူ့ခန္ဓာကိုယ်မှ အမည်မသိ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ထွက်ပေါ်လာကာ ဝမ်ဝေ့အား လွင့်စင်သွားစေ၏။

“ ဒီမှာပဲ” သူက ထရပ်ရင်း ပြောလိုက်သည်။ ထိုစွမ်းအားက အဆင့်(၁) တာအိုဘိုးဘေးနှင့် ယှဉ်နိုင်၏။

လူသားဧကရာဇ်က ဒီမျိုးဆက်ရဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ဝင်ရောက်စွက်ဖက်ချင်နေတာလား…

ထိုမေးခွန်းများစွာကို စုစည်းရင်း သူ့စိတ်ထဲ ကိစ္စများစွာ ပေါ်ထွက်လာသည်။ ထိုသူများက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို လွှမ်းမိုးနိုင်စွမ်း မရှိသင့်ပေ။ အစစ်အမှန်ကောင်းကင်တာအို၏ အခြေအနေအရ ကိစ္စများက ကွဲပြားသွားနိုင်၏။

လူသားဧကရာဇ်က အဆင့်(၁)တာအိုစွမ်းအားက စွင်းကျောင်းလုံကို တိုက်ပွဲမှာ အနိုင်ရဖို့ မလုံလောက်ဘူးဆိုတာ သိသင့်တယ်။ သူ့ရဲ့  အပြုအမူက ဘာများလဲ…

သူက ဤသို့သော အဆင့် စွမ်းအားကို လတ်တလောမှ ရရှိထားသော်လည်း တိထျန်းကမူ အစကတည်းက ရရှိထားခြင်း ဖြစ်၏။ ထိုသူက နဝမမြောက် အဆုံးစွန်အုတ်မြစ်အကြောင်းကိုလည်း သိထားလိမ့်မည်။

“ သူက အရေးပေါ်ကိစ္စအတွက် စွင်းကျောင်းလုံကို ကာကွယ်ချင်တာ မဟုတ်သရွေ့ပေါ့”

စွင်းကျောင်းလုံ၏ ရည်ရွယ်ချက်က ကောင်းကင်အလိုဆန္ဒတိုက်ပွဲနှင့် ဆက်နွယ်မနေဘဲ လူသား၊ မြေကမ္ဘာနှင့် ကောင်းကင်ဧကရာဇ်၏ ကံကြမ္မာနေရာများနှင့် ဆက်နွယ်နေသည်။

သူ့ကို သတ်ဖို့ ပိုပြီးတော့ အကြောင်းပြချက် ရှိသွားတာပဲ…

ကောင်းကင်ဧကရာဇ်နေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်…

သူက ထိုနေရာအတွက် အစီအစဉ်များစွာ ရှိထားခဲ့သည်။ အရိုးသားဆုံးပြောရလျှင် သူ့အနေနှင့် ကုရွှမ်း၏ မှတ်ဉာဏ်များမှ မြေကမ္ဘာဧကရာဇ်အကြောင်း မသိစဉ်အချိန်အထိ ကံရာထူးနေရာသုံးခုနှင့် ပတ်သက်ပြီး မသိခဲ့ပေ။ သို့သော်လည်း သူက ကောင်းကင်ဧကရာဇ်သည် သူ့အနာဂတ် အစီအစဉ်တစ်ခုအဖြစ် သတ်မှတ်ဖို့ စီစဉ်ထားပြီးသား ဖြစ်၏။ ထိုအချက်က လူသားဧကရာဇ်သည် သူ့အား တွက်ချက်ခဲ့ပြီး ထိုနေရာကို ဖန်တီးမည့် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည်ဟု ခံစားချက်ရလာစေသည်။

ဝမ်ဝေ့က ထိုခံစားချက်ကို သဘောမကျ၍ စွင်းကျောင်းလုံသည် သေရမည်။

ဝမ်ဝေ့က ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အံ့ဖွယ်အသိစိတ်ကို ခံစားမိ၍ ချွန်ထက်သည့် သွားများဖြင့် ပြုံးပြနေသည့် လူငယ်လေးကို မြင်လိုက်ရ၏။

“ ဒါက နက်နဲကင်းမွန်မျိုးနွယ်က ယီလျန်ချန်းလား။ ဘယ်လိုတောင် ကြက်သီးထဖို့ကောင်းတဲ့ အငွေ့အသက်မျိုးလဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူက သူ တရားမဝင် လာရောက်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဂိုဏ်းများကြား အရှုပ်အထွေး မဖြစ်လိုပေ။ ထို့ကြောင့် သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကူးသန်းရေးအစီအရင်တစ်ခုကို ဖန်တီးပြီး သူ့ကမ္ဘာပေါ်မှ ရေမျက်နှာပြင်အထိ ထွက်လာခဲ့သည်။

သူက ပင်လယ်အထက် မျောလွင့်နေရင်း မျက်လုံးမှိတ်ကာ တစ်စုံတစ်ခုကို ခံစားလိုက်သည်။

“ မြောက်ဘက်ကုန်းမြေလား”

သူက အာကာပြင်ကို ချိုးဖောက်ကာ အစီအရင်ဖြင့် ကာကွယ်ထားသည့် လျှို့ဝှက်နယ်မြေတစ်ခုကို ခံစားမိသည့် တောင်နိမိတ်သို့ ကူးသန်းသွားလာလိုက်သည်။ သူက လျှို့ဝှက်နယ်မြေကို လက်သီးဖြင့် ထိုးချလိုက်သည်။ နောက်ထပ် ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လိုက်သည့်အခါ ဖရိုဖရဲဖြစ်နေသည့် စွင်းကျောင်းလုံ ပေါ်ထွက်လာ၏။

သူက အကောင်းဆုံးအခြေအနေတွင် ရှိမနေပေ။ သူ့ဒဏ်ရာတွေကြောင့် သာမကဘဲ ထူးခြားအံ့ဖွယ်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ရုတ်တရက် ပေါ်ထွက်လာလို့သာ ဖြစ်၏။

ငါက နယ်ရုပ်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါ့ ပြိုင်ဘက်ကို သတ်နိုင်မဲ့ ခွန်အားကိုပဲပေး။

သူက စိတ်ထဲတွင် အော်ပြောလိုက်သည်။ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက သူ့ဆုတောင်းကို ဖြေကြားသည့်အလား သူ့ကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

စွင်းကျောင်းလုံက ဝမ်ဝေ့အား သားကောင်လိုမျိုး ကြည့်လိုက်သည်။

“ အာဏာရူးနေတာလား။ မင်းက အဆုံးသတ်ထိ စိတ်ပျက်ဖို့ကောင်းတာပဲ” သူက လူဝင်စားများနှင့် ဆက်သွယ်လိုက်ပြီးသည့်နောက်တွင် သူ့အရှိန်အဝါက တစ်ဖက်လူထက် အဆများစွာ မြင့်တက်လာသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က စွင်းကျောင်းလုံ၏ အလောင်းကို ကိုင်ဆောင်ထား၏။ သူက ထိုလူ သေဆုံးသွားတာ တကယ်လားဟု သေချာဖို့ရာ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးလေးကြိမ်အထိ စစ်ဆေးခဲ့သည်။ သူက နတ်ဆိုးကံကြမ္မာဓားကို စည်းပိတ်ပြီး သိမ်းဆည်းပြီးသည့်နောက်တွင်ပင် ထပ်မံ စစ်ဆေးကြည့်ခဲ့သေးသည်။

အဆုံးသတ်တွင် သူက စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်ကို ဘာမှမကျန်တော့သည်အထိ လောင်ကျွမ်းပစ်ခဲ့သည်။ နောက်ဆုံးတွင် သူက ခေတ်ကာလ သားတော် အဆင့်အတန်းအား အသုံးပြုကာ ကောင်းကင်တာအိုအား ဆက်သွယ်လိုက်ပြီး စွင်းကျောင်းလုံ၏ သေဆုံးမှုကို ကြေညာဖို့ နှောင့်နှေးထားလိုက်သည်။

ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် သူ့သေဆုံးမှုက တစ်ကမ္ဘာလုံးထံ အမြင်ရုပ်လွှာ ထွက်ပေါ်လာမည်ဖြစ်ကာ သေခြင်းတရားကို ကြေညာပေးလိမ့်မည်။ ဝမ်ဝေ့က နောက်ပြိုင်ဘက်ဆီ မသွားခင်အထိ နှောင့်နှေးထားခဲ့ချင်မိသည်။

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ အနောက်ဘက်ကုန်းမြေဆီ အာကာပြင်အပေါက်ကို ဖွင့်လှစ်လိုက်၏။

မပြီးမပြတ်အခြေအနေ၊ သက်ရှိနှင့် သက်မဲ့ကြားနေရာ၊ တည်ရှိခြင်းနှင့် မတည်ရှိခြင်းကြားနေရာ

လူသားဧကရာဇ်က စွင်းကျောင်းလုံ၏ သေဆုံးမှုကို အာရုံခံမိလိုက်၏။

“ ဘာဖြစ်သွားတာလဲ။ ငါ တွက်ချက်ထားမှုအရ ပထမအဆင့်မှာ ဘာပြဿနာမှ မဖြစ်သင့်ဘူး”

သူ့အစီအစဉ်က ကောင်းကင်ဧကရာဇ်နေရာကို ရယူဖို့ ပါဝင်လေသည်။ သို့သော်လည်း နှစ်များစွာ တွက်ချက်အကွက်ချ စီစဉ်ပြီးသည့်နောက်တွင် ဤသည်က အစီအစဉ်၏ အလွယ်ကူဆုံးအပိုင်း ဖြစ်သင့်၏။

ငါ့ဂမ္ဘီရက မှားယွင်းနေတာလား…

သူ့ဂမ္ဘီရအရ ပထမအဆင့်သည် အသင်္ချေအင်ပါယာကမ္ဘာတွင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အနိုင်ရရှိဖို့ လိုအပ်သည်။ ထို့ကြောင့် သူက ယခုအထိ စောင့်ဆိုင်းခဲ့သော်လည်း ယခုတွင် ယာယီပြဿနာ ပေါ်ထွက်လာဟန်ပေါ်၏။

သူက ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဂမ္ဘီရ မှားယွင်းနိုင်ချေအား ငြင်းဆန်လိုက်သည်။ သူက ဟုန်ကျွင်း ပေးထားသည့် ရတနာကောင်းကို အသုံးပြုခဲ့ပြီး ထိုသူ၏ ကျင့်ကြံဆင့်အရ  ဤသို့ပြဿနာမျိုး ရှိပါ့မလား သံသယဖြစ်မိသည်။

လူသားဧကရာဇ်က ဝမ်ဝေ့သည် သူ့နယ်ရုပ်ကို သုတ်သင်လိုက်သည့် တာဝန်ရှိသူမှန်း အာရုံခံမိလိုက်၍ နောက်အဆင့်ကို လှုပ်ရှားဖို့ ထပ်မံ တွက်ချက်လိုက်သည်။

“ စောင့်ကြည်ကြတာပေါ့။ အရင်ဆုံး မြေကမ္ဘာဧကရာဇ်ရဲ့ ရာထူးကို အရင်ယူဖို့ပဲ အာရုံစိုက်ထားမယ်” သူ့အတွက် အလုပ်များစွာ လုပ်ဖို့ လိုအပ်သည့် ကောင်းကင်ဧကရာဇ် ရာထူးနေရာနှင့် မတူဘဲ မြေကမ္ဘာဧကရာဇ် နေရာသည် ကောက်ယူဖို့ အဆင်သင့်ဖြစ်နေသည့် အသီးမှည့်တစ်လုံးလို ဖြစ်နေသည်။

***

All Chapters