← Chapters

အမှန်တရားကို သိမြင်ခြင်း

Vol. 45 Ch. 622

အမှန်တရားကို သိမြင်ခြင်း

Vol. 45 Ch. 622

ဝမ်ဝေ့က မိုမျိုးနွယ်စုရှိရာ အနောက်ဘက်ကုန်းမြေဆီ ထွက်လာလိုက်သည်။ ယခင် သူ သောင်းကျန်းထားမှုကြောင့် ဤနေရာတွင် ကြိုဆိုခြင်းမခံရသည့်အတွက် သူ့ဇစ်မြစ်ကို ဖုံးကွယ်ထား၏။

တစ်လကုန်ဆုံးသွားသော်လည်း မိုရှင်းယွင်ကို ဘယ်နေရာမှ ရှာမတွေ့သေးပေ။ ဝမ်ဝေ့က ပိုမိုတက်ကြွသည့် နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။ သူက မိုမျိုးနွယ်တွင် အဆင့်အတန်းမြင့်သည့် အရိပ်တပ်ဖွဲ့ဝင်တစ်ယောက်အား ဆက်သွယ်လိုက်ပြီး သူမကို အပြင်လွှတ်ဖို့ အကြောင်းပြချက်ကို ရှာခိုင်းခဲ့သည်။

ထိုအစီအစဉ်က အလုပ်ဖြစ်သော်လည်း ဝမ်ဝေ့အနေဖြင့် သူမ ထွက်ပေါ်မလာခင် ၆လလုံးလုံး စောင့်လိုက်ရသည်။ သူက သူ့ကိုရှာဖို့ ကြိုးစားနေသည့် ထူးထူးဆန်းဆန်း နည်းလမ်းများကို အကြိမ်ရေတချို့ ခံစားမိလိုက်သည်။ သူက နည်းစနစ်များ အသုံးပြုကာ သေချာဖုံးကွယ်ထားခဲ့သည်။ ကံကောင်းစွာဖြင့် မိုရှင်းယွင်က မျိုးနွယ်စုမှ ထွက်လာလေသည်။

သူမက ဦးတည်ရာသို့ ရောက်သည့်အခါ ဝမ်ဝေ့က သူမအား ဖြတ်ပြောလိုက်၏ “ အရမ်းကို သတိကြီးနေတာမလား”

“ အဲလိုပါပဲ။ ဒါပေမဲ့ မလုံလောက်ဘူးပေါ့” မိုရှင်းယွင်က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။

“ မင်းကို မိုရှင်းယွင်လို့ ခေါ်ရမလား။ ဒါမမဟုတ် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်လို့ ခေါ်ရမလား”

“ ကျွန်မရဲ့ ဘိုးဘေးနာမည်ကို ဘာလို့ခေါ်နေတာလဲ” သူမက ပြန်ချေပလိုက်၏။

“ မင်းရဲ့ နည်းလမ်းတွေက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ ငါ ဘယ်လိုနည်းလမ်းပဲ အသုံးပြုပြု ခန္ဓာကိုယ်ပူးကပ်ထားတဲ့ အရိပ်အယောင်ကို မမြင်ရဘူး။ မင်းရဲ့ သွေးမျိုးဆက်ကတောင် ပုံမှန်ပဲ”

“ အဲဒါက ရှင့်ရဲ့ ယူဆချက်မှားနေလို့ပေါ့။ ကျွန်မက မိုရှင်းယွင်ပဲ”

“ အဲလိုဆိုရင် မူမမှန်မှုတွေကို ဘယ်လိုရှင်းပြမှာလဲ။ မင်း မသိသင့်တဲ့ အရာတွေကိုသိနေတာရော ဘာကြောင့်လဲ”

“ ရှင့်ကို ဘာမှရှင်းပြနေစရာ မလိုဘူး”

“ အမှန်ပဲ။ ဘာပဲဖြစ်ဖြစ် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က လူအများကြီး ဝိုင်းတိုက်ခိုက်တာကနေ ဆိုးဆိုးရွားရွား သေဆုံးသွားတယ်ဆိုတာ အတည်ပြုပြီးတဲ့နောက်မှာ မင်းက သူ အသက်ပြန်ရှင်လာနိုင်တဲ့ နည်းလမ်း တစ်ခုဆိုတာကို ကောက်ချက်ချထားပြီးသား။ မင်းရဲ့ တည်ရှိမှုကို ဖယ်ရှားပစ်ဖို့ လုံလောက်တယ်”

ဝမ်ဝေ့က သူ့ပင်မခန္ဓာကိုယ်၏ စွမ်းအားအကုန်ဖြင့် ထိုးချလိုက်သည်။

ဝုန်း

မိုရှင်းယွင်၏ ဘေးပတ်လည်ရှိနေရာက တွန့်လိမ်သွားကာ တွင်းနက်ကြီးနှင့်တူသည့် ဝဲကတော့ငယ် ဆယ်ခုထွက်ပေါ်လာပြီး သူမအား ကာကွယ်ပေးကာ  ထိုလက်သီးချက်၏ စွမ်းအားကို စုပ်ယူသွား၏။ သူမက အကောင်းအတိုင်း ကျန်ရှိနေသည်။

“ ပွင့်ချပ်လေးလွှာ စွမ်းအားနဲ့ ဝါးမျိုခြင်းတာအိုကို ကြောက်ခမန်းလိလိ ထိန်းချုပ်နိုင်စွမ်းပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။

သူ့တိုက်ကွက်က ပွင့်ချပ်(၆)လွှာအဆင့်ဖြစ်သော်လည်း ထိုအရာက သူမ၏ ကန့်သတ်ချက်ထက် ကျော်လွန်နေသော်လည်း ဝါးမျိုနိုင်သေး၏။ အကြောင်းအရင်းမှာ သူမတွင် ဝါးမျိုလိုက်သည့် အရာအားလုံးကို ပြိုင်ဘက်ကင်း သန့်စင်နိုင်စွမ်း ရှိထားသည်။ သူမ၏ စွမ်းဆောင်ရည်က ဝမ်ဝေ့သည် ဝါးမျိုခြင်းတာအိုကို ကျင့်ကြံလျှင်ပင် သူ လုပ်နိုင်သည့်အရာတော့ မဟုတ်ပေ။

“ ရှင့်ရဲ့ ချီးကျူးမှုအတွက် ဝမ်းသာနေရမှာလား”

“ ဒါပေါ့။ ငါ နည်းနည်းတော့ စိတ်ပျက်မိသား”

“ ဘာကြောင့်များလဲ”

“ မင်းဆီကနေ နဝမအဆုံးစွန်အုတ်မြစ်ကို မခံစားမိဘူး”

“ အဲဒါက လူတိုင်းရနိုင်တဲ့အရာ မဟုတ်ဘူး”

“ အဟုတ်ပဲ။ ဒါပေမဲ့ မင်းက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်လေ”

“ ကျွန်မက မဟုတ်ဘူး”

“ တည်ရှိမှုအပေါ် မင်းရဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် သမာသမတ် မကျတဲ့နည်းလမ်းကို အသုံးပြုလို့ရတယ်”

“ ရှင့်စကားနဲ့ကို ကျွန်မက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ် မဟုတ်ဘူးလို့ သက်သေပြပြီးသွားပြီလေ” မိုရှင်းယွင်က ဤအခြေအနေမှ လွတ်မြောက်မည့် နည်းလမ်းကို စဉ်းစားလိုက်သည်။ သူမက လွတ်မြောက်ပြီး ဤအခြေအနေကို ပြန်လည်ရင်ဆိုင်မည့် နည်းလမ်းကို စဉ်းစားနေ၏။

“ မဟုတ်ဘူး။ ငါ တစ်ခုခုတော့ လိုအပ်သွားတယ်” ဝမ်ဝေ့က တွေးရင်းထုတ်ပြောလိုက်သည် “ ဧကရာဇ်တစ်ယောက်အတွက် သူတို့ဘာသာသူတို့ ပြန်လည်ရှင်သန်နိုင်တဲ့ အမြန်ဆုံးနည်းလမ်းက သူတို့ရဲ့ တာအိုနဲ့ စွမ်းအားအတွက် မိသားစုက ပြီးပြည့်စုံသော သွေးကြောဆိုတော့ သွေးမျိုးဆက် ဆက်နွယ်နေတဲ့သူကို ပူးကပ်လိုက်တာ အကောင်းဆုံးပဲ။

ဒါပေမဲ့ မိုးမြေရဲ့ အစီအစဉ်ကျမှုအရ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ ပါဝင်ပြီး အနိုင်ယူခွင့်ပေးမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကန့်သတ်ချက် ရှိရမယ်။ တစ်ခုက မင်း ပူးကပ်လိုက်တဲ့သူရဲ့ ပါရမီနဲ့ စွမ်းအားကို မှီခိုရလိမ့်မယ်။

မိုရှင်းယွင်ရဲ့ ခန္ဓာကိုယ်ကို လက်ရှိလောက် အားကောင်းအောင် အတွေ့အကြုံနဲ့ ဗဟုသုတတွေ အသုံးပြုခဲ့ရမှာပေါ့။ ဒါပေမဲ့ နဝမအဆုံးစွန်အုတ်မြစ်ကို ဖန်တီးဖို့ တည်ရှိမှု နားလည်နိုင်စွမ်းကိုတော့ အသုံးပြုလို့ မရဘူး။ သူမကသာ တည်ရှိမှုသဘောတရားကို နားလည်မဲ့ ပါရမီရှိမှ နဝမအဆုံးစွန်အုတ်မြစ်ကို ရရှိလိမ့်မယ် ဟုတ်တယ်မလား”

ဝမ်ဝေ့က ကမ္ဘာ၏ အစီအစဉ်ကျမှုအပေါ် နက်ရှိုင်းစွာ နားလည်ထားသည်။ ကောင်းကင်တာအိုက မဟာဧကရာဇ်များအား ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခွင့်ပြုမည် မဟုတ်ပေ။ သို့သော်လည်း သူတို့က ဤနည်းလမ်းဖြင့် သူတို့ဘာသာသူတို့ အသက်ပြန်သွင်းလာခဲ့လျှင်မူ လျစ်လျူရှုထားလိမ့်မည်။ ဝမ်ဝေ့က ဧကရာဇ်အားလုံးသည် ထိုနည်းလမ်းကို အသုံးပြုနိုင်သည်ဟု မယုံပေ။ ပေးဆပ်ရမည့် တန်ကြေးတစ်ခုတော့ ရှိနိုင်သေး၏။

ဤနည်းလမ်းဖြင့် ယွမ်ခေတ်ကာလများစွာ စောင့်ဆိုင်းနေမည့်အစား သူတို့ဘာသာသူတို့ အသက်ပြန်ရှင်အောင် ကြိုးစားကြလိမ့်မည်။

“ ကျွန်မ ပြောတယ်။ ကျွန်မက ဘိုးဘေးမဟုတ်ဘူး။ သူ့ဆီက အမွေအနှစ်နည်းနည်းကိုပဲ ရရှိခဲ့ရုံပဲ”

“ ခပ်သွက်သွက် မေးမယ်။ ခင်ဗျား သွင်ပြင်စိတ်ဓာတ်ကျမှုရော မခံစားခဲ့ရဘူးလား။ ဘာပဲဖြစ်ဖြစ် တစ်ခါက အမျိုးသား ဖြစ်ခဲ့တာပဲလေ”

မိုရှင်းယွင်က ပြန်မဖြေပေ။ ဝမ်ဝေ့က ပုခုံးတွန့်ကာ သူ့လူဝင်စားဆီမှ စွမ်းအားအားလုံးကို စုစည်း၍ လက်သီးဖြင့် ထိုးချလိုက်သည်။

ကံကြမ္မာသုတ်သင်ရေးလက်သီး

နေရာတစ်ခုလုံးတုန်ခါသွားပြီးနောက် အက်ကြောင်းများ ထွက်ပေါ်လာသည်။ သို့သော်လည်း မိုရှင်းယွင်ကိုမူ ရှာမတွေ့တော့ပေ။

“ တကယ်ကို ပြောင်မြောက်တဲ့ နည်းစနစ်ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်၏။ မိုရှင်းယွင်၏ တာအိုသက်သေပြပစ္စည်းသည် ထူးကဲပြီး သူမ ခန္ဓာကိုယ် မဝါးမျိုနိုင်သည့်စွမ်းအားများကို သိမ်းဆည်းထားနိုင်သည်။ သူမက သူ့စွမ်းအားတိုက်ကွက် တစ်ခုလုံးကို ဝါးမျိုခဲ့ကာ လမ်းကြောင်းပြောင်း၍ အာကာပြင်လမ်းကြောင်းကို ဖွင့်လှစ်လိုက်ခြင်းဖြစ်၏။

မိုရှင်းယွင်က သူ့စွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်မှု သူ့အတားအဆီးများကို ဖယ်ရှားပစ်ခဲ့သည်။ သူမက မြန်ဆန်ကာ တိုက်ပွဲဉာဏ်ရည်မြင့်မားလာသည်။ သူမ၏ ထူးခြားလှသည့် စွမ်းရည်က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ် သူမကို ဝင်ပူးကပ်နေသည်ဟု ပို၍ယုံကြည်သွားစေသည်။

ဝမ်ဝေ့က သူ လုပ်ခဲ့သည့် အပျက်အစီးများကို ပြန်ဖြေရှင်းဖို့ ကိုယ်ပွား ချန်ထားခဲ့သည်။ ထိုစဉ် သူ့ပင်မခန္ဓာကိုယ်က မိုရှင်းယွင်၏ တည်နေရာကို တွက်ချက်ကြည့်လိုက်၏။

သူမ၏ ဦးတည်ရာဆီ ကူးသန်းလာပြီးသည့်နောက်တွင် သူက မျက်မှောင်ကြုတ်လိုက်သည်။ ထိုနေရာက တားမြစ်နယ်မြေတစ်ခုဖြစ်သည့် ဝါးမျိုရေးဇုန် ဖြစ်နေ၏။ သူ့မြင်ကွင်းထဲ အချိန်စွမ်းအားတချို့  ဖြတ်ပြေးသွားကာ သူမသည် လွန်ခဲ့သည့် စက္ကန့်ပိုင်းကမှ ပြေးဝင်သွားသည်ကို မြင်လိုက်ရသည်။

ဝမ်ဝေ့က နောက်ကနေ လိုက်ရမည်လား မလိုက်ရမည်လား စဉ်းစားရခက်နေသည်။ သူက ထာဝရဧကရာဇ် ဖြစ်နိုင်ချေရှိသည့်သူနှင့် ရင်ဆိုင်နေရ၏။ ထိုသူ့ကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားသည်ဟု ဆိုလျှင်ပင် ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က တာအိုနယ်ရှင် တစ်ယောက်ဖြစ်သည့်အတွက် သူ၏ ဉာဏ်များမှုနှင့် လှည့်ဖျားနိုင်စွမ်းတို့က သိသာလှသည်။

ပတ်ဝန်းကျင်အခြေအနေကို ထည့်စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဝေ့က မိုရှင်းယွင်ကို ဝါးမျိုခြင်းစွမ်းအား ပြည့်နှက်နေသည့် တိုက်ခိုက်ရလောက်အောင် မတုံးအပေ။ ခေတ္တမျှစဉ်းစားပြီးသည့်နောက် သူက ထွက်လာလိုက်၏။ သူက စွင်းကျောင်းလုံလို ခြိမ်းခြောက်မှုတစ်ခုကို ဖယ်ရှားနိုင်ခဲ့သည်ကိုပင် ကျေနပ်နေမိသည်။

မိုရှင်းယွင်အတွက်မူ သူက စောင့်ကြည့်ရမည့် စာရင်းထိပ်ဆုံးတွင် ထည့်ထားလိမ့်မည်။

ဝါးမျိုရေးဇုန်အတွင်း မိုရှင်းယွင်က မိနစ်ပိုင်းကြာ စောင့်ဆိုင်းနေ၏။

“ ငါးစာ လာတောင် မဟပ်ဘူးပဲ”

သူမက နှမြောတသစွာဖြင့် ရေရွတ်လိုက်သည်။ သူမက ဤနေရာကို လက်ခုပ်ထဲမှ ရေလိုမျိုး သိထားလေရာ တတိယတန်းစားဧကရာဇ်ကိုပင် ဖြေရှင်းနိုင်စွမ်း ရှိ၏။

မိုရှင်းယွင်က တစ်ခါက ရှိခဲ့ဖူးသည့် အရာကို တောင်းတနေဆဲဖြစ်ကာ အလယ်ဘက်ဆီ လှမ်းကြည့်လိုက်သည်။ အရွယ်ဆီ ကြည့်လိုက်ပြီးသည့်နောက်တွင် သူမက အသက်ပြင်းပြင်းရှူလိုက်ပြီးသည့်နောက် အစီအစဉ်ကို ပြန်လည်စီမံလိုက်၏။

တကယ်လို့ ငါ တာအိုကို ထပ်ပြီးတော့ သက်သေပြချင်ရင် ဒီနဝမအဆုံးစွန်အုတ်မြစ်လူတွေနဲ့ ဖြေရှင်းဖို့ နည်းလမ်းလိုတယ်…

သူမ၏ စိတ်ထဲအလျင်အမြန် တွက်ချက်ကာ ဖြစ်နိုင်ချေအားလုံးကို စဉ်းစားနေသည်။

သူတို့နဲ့ ယှဉ်နိုင်မဲ့ အားကောင်းတဲ့ မှော်လက်နက်တစ်ခုတော့ လိုအပ်နေပြီ…

ကောင်းကင်တာအိုက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွက် ပြင်ပအကူအညီများကို အသုံးပြုဖို့ တင်းကြပ်ထားသည့် စည်းမျဉ်းရှိသည်။ နမူနာအားဖြင့် ပြိုင်ပွဲဝင်များသည် တာအိုဘိုးဘေးအဆင့် ရုပ်သေးရုပ် သို့မဟုတ် အဆောင်များကို အသုံးမပြုနိုင်ကြပေ။ မိုရှင်းယွင်က ထိုအရာကို အစောပိုင်းဧကရာဇ်ခေတ်ကာလကတည်းက သိခဲ့၏။ ကောင်းကင်ရွေးချယ်ခံများက အစောပိုင်းဧကရာဇ်ခေတ်ကာလတွင် သူတို့တိုက်ပွဲအတွင်း ဧကရာဇ်လက်နက်များပင် အသုံးမပြုနိုင်ခဲ့ကြပေ။

သို့သော်လည်း သူမက ထိုဇစ်မြစ်၏ ဟာကွက်ကို သိထား၏။ သူမက သူမကိုယ်တိုင် သန့်စင်နိုင်သရွေ့ ပြင်ပအကူအညီကို အသုံးပြုနိုင်သည်။ နမူနာအားဖြင့် လက်နက်သန့်စင်သူ တစ်ယောက်က ထာဝရလက်နက်ကို ဖန်တီးနိုင်ခဲ့လျှင် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း ထိုလက်နက်ကို အသုံးပြုခွင့် ရှိသည်။ ထိုအရာက သူမ၏ အစီအစဉ် ဖြစ်၏။

မိုရှင်းယွင်က ပတ်ဝန်းကျင်ရှိ အစီအရင်များကို အသုံးပြုကာ ဝါးမျိုရေးစွမ်းအားကို စတင်စုစည်းလိုက်သည်။ သူမက အဆင့်(၅)တာအိုဘိုးဘေးနှင့် ယှဉ်နိုင်သည့်လက်နက်ကို ဖန်တီးပြီး ဝမ်ဝေ့နှင့် တိထျန်းတို့ အားအနည်းဆုံးဖြစ်သည့် အချိန်ကို အခွင့်ကောင်းယူကာ အသုံးပြုဖို့ စီစဉ်ထားသည်။ သူမ၏ မဟာမိတ်တွင် လိုအပ်လာသည့်အခါ ထိုလူနှစ်ယောက်ကို အားနည်းအောင် လုပ်နိုင်မည့် အမြှောက်စာ လုံလုံလောက်လောက် ရှိနေသည်။

………

ဝမ်ဝေ့က ဂိုဏ်းဆီ ပြန်လာလိုက်၏။ သူက လတ်တလော မြင့်တက်လာသည့် ကောင်းကင်ရွေးချယ်ခံအသစ်များကို အမဲလိုက်လိုသည်။ သူက ထိုလူများသည် ဒိုင်မေးရှင်းအမြင့်မှ သူလျှိုများ ဖြစ်လိမ့်မည်ဟု သံသယရှိမိ၏။ နှမြောစရာကောင်းလှသည်က ထိုလူများသည် ဂမ္ဘီရမှ ပုန်းအောင်းနိုင်သည့် ထူးခြားသော နည်းလမ်းများ ရှိဟန်ပေါ်သည်။

သူက ထိုသစ္စာဖောက်များကို မတွေ့မချင်း စိတ်လွတ်လက်လွတ် သတ်ပစ်မည် မဟုတ်ပေ။ ထိုအရာက ခေတ်ကာလသားတော် ဂုဏ်ပုဒ်အပေါ် သက်ရောက်မှု ရှိလာနိုင်၏။ သို့သော် သူက ထိုအရာကို အလွယ်တကူ လက်မလျှော့နိုင်ပေ။ သူက သူတို့၏ ဇစ်မြစ်ကို မတွက်ချက်နိုင်သောကြောင့် သူ ရှာချင်သည့်သူများကို ရှာဖွေဖို့ သူ့သတင်းကွန်ယက်ကို အသုံးပြုရမည်။

သူက အိမ်ပြန်ရောက်သည်နှင့် ဝမ်ကျူအား ဆက်သွယ်ကာ သတင်းအချက်အလက် ရယူလိုက်သည်။

“ ဘယ်လိုလဲ။ တစ်ယောက်ယောက် တွေ့ခဲ့လား”

“ ဟုတ်ကဲ့။ တွေ့လည်းတွေ့တယ်။ မတွေ့လည်း မတွေ့ခဲ့ဘူး။ ပါးမွှားလို့ခေါ်လို့ရတဲ့ လူတချို့တော့ တွေ့မိတယ်” သူမက ရှင်းပြလိုက်သည် “ တကယ့်အရေးကြီးတဲ့သူအတွက်တော့ ကျွန်မတို့ သံသယဝင်တာ တစ်ယောက်တော့ ရှိတယ်”

သူမက ပုံရိပ်အဆောင်အသုံးပြုကာ ပုံရိပ်တစ်ခုကို ထုတ်ပြလိုက်သည်။

ဤသည်က မျက်ဆံမရှိဘဲ အနက်ရောင်မျက်ဝန်းနှင့် နဖူးအထက်တွင် မီးတောက် အမှတ်အသား ရှိသည့် လူငယ်လေး၏ ပုံရိပ် ဖြစ်သည်။

“ ဝိညာဉ်မျိုးနွယ်ဝင် ယွီကျူး”

***

All Chapters