← Chapters

အလောင်းရောင်းဝယ်ရေးဂိုဏ်း

Vol. 45 Ch. 623

အလောင်းရောင်းဝယ်ရေးဂိုဏ်း

Vol. 45 Ch. 623

ဝိညာဉ်မျိုးနွယ်က အသင်္ချေအင်ပါယာကမ္ဘာတွင် မျိုးနွယ်စုငယ်ထဲမှ တစ်ခုဖြစ်ပြီး သူတို့၏ လူဦးရေက အလယ်အလတ်အရွယ်အစား မျိုးနွယ်လောက် ရှိရုံမျှသာ ဖြစ်၏။ သူတို့၏ အင်အားကို ပြောရလျှင် မဟာဧကရာဇ်နှစ်ယောက်သာရှိသည်။

နှမြောစရာကောင်းလှသည်က ဖြစ်ရပ်တစ်ခုသည် သူတို့၏ မျိုးနွယ်ကို ကမ္ဘာငယ်တစ်ခုအတွင်း ထာဝရပိတ်မိနေအောင် ဖိအားပေးခဲ့သည်။ သူတို့၏ ဒုတိယမြောက် ဧကရာဇ် ဖြစ်သည့် မျက်နှာများသူ ဧကရာဇ်က သူမမျိုးနွယ်၏ သဘာဝစွမ်းရည်ကို အသုံးပြုကာ အစီအစဉ်ကြီးတစ်ခု ဖော်ဆောင်ဖို့ ကြံစည်ခဲ့သည်။ မျက်နှာများသူ ဧကရာဇ်က သူမ၏ ဝိညာဉ်ကို အကန့်အသတ်မဲ့ အရေအတွက်ဖြင့် ပိုင်းဖြတ်ကာ အသင်္ချေအင်ပါယာကမ္ဘာ၏ သက်ရှိတိုင်းကို ပူးကပ်ပြီး ဝိညာဉ်အမြောက်အများအဖြစ် ပြောင်းလဲပစ်လိုသည်။

ကံဆိုးသည်က သူမသည် ဓာတ်ငါးပါးနန်းဆောင်ကို ပစ်မှတ်ထားခဲ့မိပြီး သူတို့၏ ဆန့်ကျင့်ကျင့်ကြံသူ ၆ယောက်က ပထမတန်းစား ဧကရာဇ်ဖြစ်သည့် မျက်နှာများသူဧကရာဇ်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။

သူမက ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီး တိုက်ခိုက်ရေး ဆုံးရှုံးသွား၏။ သို့သော်လည်း ဝိညာဉ်တာအိုတွင် ကျွမ်းကျင်သူတစ်ယောက်အနေနှင့် သူမက လွတ်မြောက်သွားသည်။ ဝိညာဉ်မျိုးနွယ်ကမူ သီးသန့်နေထိုင်ဖို့ ဖိအားပေးခံရပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှသာ ပေါ်ထွက်လာရသည်။

ဝမ်ဝေ့အနေဖြင့် ယနေ့အထိ ထိုမျက်နှာများသူ ဧကရာဇ်သည် ထွက်သွားခြင်း မဟုတ်ဘဲ သူမ၏ အစီအစဉ်ကို မမြင်ကွယ်ရာမှသာ လှုပ်ရှားနေကြောင်း ကောလဟာလများ ထွက်ခဲ့သည်ကို သိထားသည်။ သူမက လျှို့ဝှက်စွာ လှုပ်ရှားလို၏။

ဝိညာဉ်မျိုးနွယ်၏ အဖြစ်အပျက်က အစောပိုင်းဧကရာဇ်ခေတ်ကာလအတွင်း စိတ်လှုပ်ရှားဖွယ်ကိစ္စများအနက် တစ်ခုဖြစ်ပြီး ကျောင်းတော် မြင့်တက်လာမှုနှင့်အတူတူ ဖြစ်၏။ ထိုတိုက်ပွဲက ဓာတ်ငါးပါးနန်းဆောင်အပေါ် အပြင်းအထန် သက်ရောက်မှု ဖြစ်လာစေခဲ့ပြီး ထိုက်ယီနက်နဲမုခ်နှင့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စေခဲ့သည်။

သိပ်မကြာခင် သူတို့က ခုနစ်ယောက်မြောက် ဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွင် အနိုင်ရရှိသွားသည်။ ထို့နောက် သူတို့က ဓာတ်ငါးပါးနန်းဆောင်ကို အလယ်ပိုင်းကုန်းမြေမှ နှင်ထုတ်ခဲ့၏။

“ ဘာ …”

ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက အပြင်ဘက်ကို မော့ကြည့်လိုက်သည့်အခါ ကောင်းကင်အထက် ဧရာမနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး အလင်းပျောက်များအဖြစ် ပြိုကွဲသွားသည်ကို မြင်လိုက်ရသည်။ တစ်ကမ္ဘာလုံးတွင် ဝမ်းနည်းပြီး ဆုံးရှုံးသည့် စိတ်ခံစားချက်တစ်ခု လွှမ်းခြုံသွားကာ အရေးပါသူတစ်ယောက် သေဆုံးသွားကြောင်း ညွှန်ပြနေ၏။

သေမျိုးများက အဖြစ်အပျက်ကို မသိကြသော်လည်း ကျင့်ကြံသူများကမူ ကောင်းကင်ရွေးချယ်ခံ တစ်ယောက် ပျောက်ကွယ်သွားကြောင်း သိကြလေသည်။ သူတို့က ဘယ်သူလဲဟု တွက်ချက်ကြည့်လိုက်သည့်အခါ မဟာဝူတိုင်းပြည်၏ စွင်းကျောင်းလုံ ဖြစ်နေသည်ကို သိလိုက်ရ၏။ သူတို့က မည်သူ့လက်ချက်မှန်းလည်း သိလိုကြသည်။

အဖြေ မရရှိခဲ့ပေ။ သူတို့က ဆန့်ကျင် ကျင့်ကြံသူ မဟုတ်သရွေ့ ဝမ်ဝေ့အကြောင်း သတင်းအချက်အလက် ကောက်ချက်ချနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူက သူ့နေရာအကြောင်း ဝှက်ထားဖို့ရာ သတိမထားသည့်အတွက် သိသွားနိုင်ချေလည်း ရှိ၏။

မဟာဝူတိုင်းပြည်က လွန်ခဲ့သည့် ၆လကတည်းက သူတို့၏ ကောင်းကင်ရွေးချယ်ခံ သေဆုံးသွားသည်ကို သိထားခဲ့ပြီးသား ဖြစ်သည်။ သူ့ဝိညာဉ်မီးအိမ်  ငြိမ်းသတ်သွားသည်နှင့် တန်းသိလိုက်သည် မဟုတ်ပါလော။ ဉာဏ်ကောင်းသည့်သူများက ခေတ်ကာလ၏ သားတော်သည် ကောင်းကင်ရွေးချယ်ခံ၏ သေဆုံးမှုကို နှောင့်နှေးထားကြောင်း ပြောနိုင်သည်။

စွင်းကျောင်းလုံ သေဆုံးသွားပြီးသည့်နောက်တွင် ဝမ်ဝေ့ကမူ သူ့ဘဝကို ဆက်လက် လျှောက်လှမ်းနေသည်။

“ အဲဒီလူနဲ့ ပတ်သက်ပြီး ဘာထူးခြားလို့လဲ”

“ လတ်တလော အလောင်းရောင်းဝယ်ရေးဂိုဏ်းရဲ့ စီးပွားရေးက အတော်လေးကို ဖွံ့ဖြိုးလာတယ်။ လူအများစုက ကံကောင်းပြီး သူတို့ပါရမီ တိုးမြင့်နိုင်မဲ့ အလောင်းကောင်းကောင်းကို လိုချင်ကြတယ်လေ” ဝမ်ကျူက ရှင်းပြလိုက်သည်။

ခန္ဓာကိုယ်ပူးကပ်ခြင်းက လူများစွာ အရေးသာချက် ရရှိနိုင်သည့် အခွင့်ကောင်းတချို့တော့ ရှိလေသည်။ နမူနာအားဖြင့် တချို့မျိုးနွယ်များသည် သူတို့ကို ပူးကပ်ခြင်းဖြင့် သဘာဝအတိုင်း ကောင်းချီးပေးခံထားရပြီး သူတို့၏ ပါရမီ၏ အတားအဆီးများကို ချိုးဖျက်ကာ ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် အောင်မြင်မှု ရရှိနိုင်သည်။

တစ်ခုတည်းသော ပြဿနာက ဝိညာဉ်သည် ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ သင့်တော်ဖို့ ဖြစ်၏။ ကျင့်ကြံသူများက ထိုဖြစ်စဉ်အတွက် ကျင့်စဉ်များ၊ အစီအရင်များနှင့် အရင်းအမြစ်များစွာ လိုအပ်ကြသည်။ လူတစ်ယောက်က သူတို့၏ ကျင့်ကြံဆင့်အပေါ် မူတည်၍ ခန္ဓာကိုယ် ပြောင်းလဲနိုင်သည့် အရေအတွက် ကန့်သတ်ချက် ရှိ၏။

ကျင့်ကြံသူအများစုအနက် ဝမ်ဝေ့လိုမျိုး ထူးခြားသည့်သူအတွက်ပင် သူတို့ ကပ်သည့်ခန္ဓာကိုယ်နှင့် သင့်တော်ဖို့ ၉၅မှ ၉၉ ရာခိုင်နှုန်းမျှသာ ရှိ၏။ သို့သော် ဝိညာဉ်မျိုးနွယ်ကမူ ထိုသို့သော ပြဿနာကို မကြုံတွေ့ရပေ။

“ ဒါပေမဲ့ ယွီကျူးက ထူးခြားတဲ့ ခန္ဓာကိုယ်ကို တောင်းဆိုထားတယ်။ တောင်းဆိုချက်ကြောင့် အလောင်းရောင်းဝယ်ရေးဂိုဏ်းက တခြားအဖွဲ့ခွဲတွေကို ဆက်သွယ်ပြီး သူ့အတွက် ရယူပေးရတယ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ အလောင်းရောင်းဝယ်ရေးဂိုဏ်းက အဆုံးမဲ့လေဟာနယ်တစ်လျှောက် အားအကောင်းဆုံး အင်အားစုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။ သူတို့က ပထမနေရာပင် ကိုင်စွဲထားနိုင်လောက်၏။

ကောင်းကင်အလိုဆန္ဒကမ္ဘာများတွင် ဂိုဏ်းခွဲများ ပျံ့နှံ့နေပြီး မဟာဧကရာဇ်တစ်ယောက်နှင့်အထက် ရှိလေသည်။ သူတို့၏ ဂိုဏ်းများက စီးပွားရေး သို့မဟုတ် ပူးပေါင်းရေးမျှသာ လုပ်ဆောင်ကြပြီး အလောင်းရောင်းချရေးအပေါ်သာ အာရုံစိုက်ထားကြသည်။ သူတို့က တစ်စုံတစ်ယောက်ကို ရန်စခြင်း သို့မဟုတ် ထိပ်တိုက်တွေ့ဆုံခြင်း ရှားပါးလှ၏။ သူတို့က သိုသိုသိပ်သိပ်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

သို့သော်လည်း ဝမ်ဝေ့က သူတို့ကို အန္တရာယ်အဖြစ် မှတ်ယူထားသည်။ အထူးသဖြင့် သူက တခြားကောင်းကင်အလိုဆန္ဒကမ္ဘာများနှင့် ထိတွေ့ပြီးသည့်နောက်တွင် ထိုဂိုဏ်းသည် မည်မျှချဲ့ထွင်ထားကြောင်း သိလိုက်ရသည်။ ထိုအင်အားစု၏ ချီကံကောင်းမှု ပမာဏက မှန်းကြည့်၍ မရပေ။

သူမ စထားသလောက် သူတို့၏ အင်အားစုက နာမည်အမျိုးမျိုးအောက်တွင် ဂိုဏ်းခွဲများ ရှိပြီး တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင် ပုန်းအောင်းပြီး အစကနေ ပြန်စတင်နိုင်ဖို့ ပြင်ဆင်ထားကြ၏။

အလောင်းရောင်းဝယ်ရေးဂိုဏ်းရဲ့ တည်ထောင်သူက တစ်ခုခုပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့မှန်းဆချက်အရ သူတို့လုပ်ဆောင်ပုံဖြင့် အလောင်းရောင်းဝယ်ရေးဂိုဏ်းသည် သူ့အစီအစဉ်အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ အနှစ်ချုပ်ပြောရရင် သူတို့က ပြီးပြည့်စုံသည့် တွဲဖက် ဖြစ်လာနိုင်၏။

သို့သော်လည်း သူက သူတို့အင်အားစု၏ ကံကောင်းမှုကို သူ့အတွက်သာ လိုချင်မိသည်။ ပြဿနာကား သူတို့၏ တည်ထောင်သူ ဖြစ်၏။ သူက ထိုသူကို မည်သူမှန်း မသိရပေ။ သို့သော် ထိုသူက ဉာဏ်ကောင်းသည့်သူမှန်း သိသာလှ၏။

ဝမ်ဝေ့က ထိုသူသည် မပြီးမပြတ် အခြေအနေတွင် ရှိနေသည့် စံပြတစ်ယောက်ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။ ထိုသူက သူ့ဂိုဏ်း၏ ချီကံကောင်းမှုကို အသုံးပြုကာ ပြန်လည်ရှင်သန်လာနိုင်လောက်၏။ အကယ်၍ ထိုသူ၏ စီးပွားရေးအပေါ် လောဘကြီးခဲ့မိလျှင် သူ့အတွက် ရန်သူဖန်တီးမိသလို ဖြစ်လိမ့်မည်။ ထိုရန်သူက သူ့ဘိုးဘေးနှင့်တောင် ယှဉ်နိုင်လောက်၏။

“ ယွီကျူး  ဝိညာဉ်မျိုးနွယ်ထဲမှာ ရှိတုန်းက သတင်းအချက်အလက်ရော ရှိလား”

“ ဟုတ်ကဲ့” ဝမ်ကျူက အိပ်စက်သူ၏ သတင်းအချက်အလက်များကို ထုတ်ပေးလိုက်စဉ် ဝမ်ဝေ့က မျက်မှောင်ကြုတ်သွားသည်။

သူက ယွီကျူးသည် ဒိုင်မေးရှင်းအမြင့်မှ သူလျှို ဖြစ်ရမည်ဟု သံသယရှိမိ၏။ သို့သော်လည်း သူ့ဘဝက မူမမှန်မှု မရှိပေ။ အပြုအမူ၊ ပြောဆိုပုံ၊ ရုတ်တရက် အင်အားတိုးမြင့်လာမှု သို့မဟုတ် ထူးထူးဆန်းဆန်း အပြုအမူတစ်ခုမှ မရှိပေ။

ယွီကျူးက ဝိညာဉ်မျိုးနွယ်၏ ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်၏။ တခြားသူများကို အနိုင်ယူပြီးသည့်နောက်တွင် သူက တစ်မျိုးနွယ်စုလုံး၏ ထောက်ခံမှုကို ရယူကာ ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

“ တကယ်လို့ ယွီကျူးက သူလျှိုဆိုရင် ဖြစ်နိုင်ချေ နှစ်ခုရှိတယ်။ ဒိုင်မေးရှင်းအမြင့်က အသုံးပြုတဲ့နည်းလမ်းတွေက ငါတို့အာရုံခံလို့မရတာမျိုး … ဒုတိယအနေနဲ့ အသင်္ချေအင်ပါယာကမ္ဘာကို ဒီမျိုးဆက် အစကတည်းက ကျူးကျော်ထားတာမျိုး ဖြစ်လာနိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ သူက သူလျှို ဖြစ်ပြီးတော့ ငါတို့ကမ္ဘာက မဟုတ်ဘူးဆိုတာကို သက်သေပြစရာရှိလား”

“ ဟုတ်ကဲ့။ သူ့နဖူးပေါ်က မီးတောက် အမှတ်အသားပါ”

“ အဲဒါက ဘာဖြစ်လို့လဲ” ဤသို့သော အမှတ်အသားမျိုးက ယွီကျူးသည် အားကောင်းသည့် မီးတောက်ကျင့်စဉ်ကို ကျင့်ကြံနေသည်ဟု ညွှန်ပြချက်တစ်ခု ဖြစ်နေနိုင်သည်။

“ မှတ်တမ်းတွေအရ ငယ်စဉ်တုန်းက ဒီလိုတူညီတဲ့ အမှတ်အသားမျိုးရှိတဲ့သူ တစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ သူက ထာဝရဇာမဏီဧကရာဇ်”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်၏။ သူက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်ကို ထာဝရဇာမဏီဧကရာဇ်နှင့် ကပ်ဘေးဧကရာဇ်တို့နှင့် ပတ်သက်ပြီး သတင်းအချက်အလက်ကို ရှာဖွေခိုင်းခဲ့သည်။ သူတို့က အသင်္ချေအင်ပါယာကမ္ဘာနှင့် ဆက်နွယ်မှု ရှိနေဖူး၍ ဖြစ်သည်။

“ ယွီကျူးကို ဆက်စောင့်ကြည့်ထားလိုက်။ သူက ထာဝရဇာမဏီရဲ့ အမွေအနှစ်ကို ရရှိထားတာ ဖြစ်နိုင်တယ်ဆိုပေမဲ့ သံသယဖြစ်ဖို့ ကောင်းတယ်။ သူ့ရဲ့ စွမ်းရည်ကို စမ်းသပ်ဖို့ လူတချို့လွှတ်လိုက်”

“ ဟုတ်ကဲ့ပါ။ အလောင်းရောင်းဝယ်ရေးဂိုဏ်းကိုရော”

“ ငါတို့တွေ အဲဒီဂိုဏ်းထဲ ရာထူးမြင့်တဲ့သူတွေ ရှိတယ်မလား”

“ ဟုတ်ကဲ့”

“ သူတို့က တခြားဂိုဏ်းခွဲတွေကို ကျူးကျော်နိုင်မလား”

“ အဲလိုတော့ မဖြစ်နိုင်လောက်ဘူး။ တခြားဂိုဏ်းခွဲတွေကို ဆက်သွယ်ဖို့က တင်းကြပ်တဲ့ လိုအပ်ချက်တွေရှိတယ်”

“ မင်းကို ဖန်တီးဖို့ပြောထားတဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ခွဲရော ဘယ်လိုလဲ”

“ သခင်လေးရဲ့ အကူအညီနဲ့ အစပိုင်းဖွံ့ဖြိုးမှုက အဆင်ပြေနေပါတယ်။ ဒါပေမဲ့ အိပ်စက်သူတွေ မရှိဘဲနဲ့ အင်အားစုတွေဆီမှာ အာရုံစိုက်မခံရဘဲ ကျူးကျော်ဖို့က မဖြစ်နိုင်သလောက်ပဲ”

သူ့စိတ်ဝိညာဉ်ပန်းပွင့်၏ စွမ်းရည်ဖြင့် ဝမ်ဝေ့သည် ကံကြမ္မာအရိပ်တပ်ဖွဲ့အား တခြားကောင်းကင်အလိုဆန္ဒကမ္ဘာများတွင် ဝင်ရောက်ဖို့ ကူညီပေးနိုင်ခဲ့သည်။ သို့သော်လည်း အသင်္ချေအင်ပါယာကမ္ဘာအလွှာတွင် ဖြစ်လိုပါက အချိန်တိုအတွင်း မဖြစ်နိုင်ပေ။

“ ကောင်းပြီ။ အဲဒါဆိုရင် အလောင်းရောင်းဝယ်ရေးဂိုဏ်းကို ဆက်ပြီး စောင့်ကြည့်ထားလိုက်။ သတင်းနဲ့ ပတ်သက်လာရင် သူတို့ကို အဓိကဦးစားပေးနေရာမှာ ထားထားလိုက်”

“ ဟုတ်ကဲ့ပါ”

“ ငါ သီးသန့်မကျင့်ကြံခင် နောက်ထပ်အရေးကြီးတဲ့ ကိစ္စတချို့ရှိသေးတယ်။ မင်းကို ငါ့အရိပ်ဖြစ်ဖို့ တရားဝင် အခမ်းအနားဖြတ်ကျော်မဲ့အချိန်လည်း ယူရဦးမယ်”

ဝမ်ကျူ၏ အကြည့်များက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။ သူမက ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် တာဝန်ထမ်းဆောင်ဖို့ ထွက်သွား၏။ ထိုစဉ် ဝမ်ဝေ့က ဂိုဏ်းချုပ်အမှတ်အသားပြားကို အသုံးပြုကာ ဘိုးဘေးဆီ အကူအညီတစ်ခု တောင်းဆိုလိုက်သည်။ သူက သူတို့၏ အကူအညီ လိုနေသည့် အရေးကြီးသော တစ်စုံတစ်ခုကို လုပ်ဖို့ လိုအပ်နေ၏။

ထိုအရာ အောင်မြင်ပြီးမှသာ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်လိမ့်မည်။

ထို့နောက် သူက သူ့ဇနီးနှင့် တွေ့ဆုံဖို့ အိမ်သို့ ပြန်လာခဲ့လိုက်၏။

ဝူဟုန်က သူ့အား မျက်လုံးထောင့်မှကြည့်လာသည်။

“ ရှင့်ရဲ့ ခြေသံတွေအရ ကျွန်မကို တွေ့လို့ စိတ်လှုပ်ရှားနေတာ မဟုတ်ဘဲနဲ့ ကျွန်မဆီက တစ်စုံတစ်ခု လိုချင်နေတာပဲ”

“ မင်းဆီကနေ တစ်ခုမေးချင်လို့ပါ”

“ အဲဒါဆိုတော့ ကျွန်မ ပြောတာ မှန်နေတာပဲ”

“ လိုချင်တာနဲ့ မေးချင်တာနဲ့က မတူဘူးလေ”

“ အဓိပ္ပာယ်ကတော့ အတူတူပါပဲ။ ဒါနဲ့ သိချင်တာလဲ။ တကယ်လို့ ကောင်းကင်ဝါးမျိုရေးဧကရာဇ်အကြောင်း မေးချင်တယ်ဆိုရင်တော့ အဲဒီအမျိုးသားနဲ့ တစ်ခါမှ မဆက်သွယ်ဖူးဘူး။ အဲဒါကြောင့် နည်းနည်းပဲ သိတယ်”

“ မဟုတ်ဘူး။ အလောင်းရောင်းဝယ်ရေးဂိုဏ်းရဲ့ တည်ထောင်သူကို သိချင်တာ”

ဝူဟုန်က ထိုမေးခွန်းကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

***

All Chapters