← Chapters

မရဏအရှင်

Vol. 45 Ch. 624

မရဏအရှင်

Vol. 45 Ch. 624

“ ရှင်က မရဏအရှင်အကြောင်းကို မေးနေတာလား”

“ အဲဒါက သူ့နာမည်လား” ဝမ်ဝေ့က ပြောလိုက်သည်။ အလောင်းရောင်းဝယ်ရေးဂိုဏ်း၏ တည်ထောင်သူက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်ပြီး မည်သူကမှ ထိုဂိုဏ်းအစပြုရာကို မသိကြပေ။ တည်ထောင်သူ၏ အစပြုရာ ဝိညာဉ်သန့်စင်ရေးကမ္ဘာနှင့် မြေအောက်ယင်ကမ္ဘာတို့မှ အဖွဲ့ခွဲနှစ်ခုကို ပင်မဟု မှတ်ယူထားကြသည်။

ထိုကောင်းကင်အလိုဆန္ဒကမ္ဘာနှစ်ခုရှိ အလောင်းရောင်းဝယ်ရေးဂိုဏ်းတွင် မဟာဧကရာဇ်ငါးယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပြီး အရေအတွက် အများဆုံးအဖွဲ့ခွဲလည်း ဖြစ်ပေသည်။

“ အလောင်းရောင်းဝယ်ရေးဂိုဏ်းနဲ့ ပတ်သက်ပြီး ဘာဖြေရှင်းချင်လို့လဲ” ဝူဟုန်က အနည်းငယ် စိုးရိမ်နေမိဟန် ပေါ်သည်။

“ သူတို့အင်အားစုရဲ့ ချီကံကောင်းမှုက ပြဿနာရှာဖို့ တန်တယ်လို့ ထင်တယ်။ ဒါပေမဲ့ မင်းရဲ့ အမြင်ကိုလည်း သိချင်သေးတယ်”

“ ကျွန်မ မသိဘူး”

“ ဘာကိုပြောချင်တာလဲ”

“ ကျွန်မက နည်းနည်းတော့ လွန်ဆွဲနေမိတယ်။” ဝူဟုန်က ပြန်ဖြေလိုက်၏။

“ ကျွန်မရဲ့ တစ်စိတ်တစ်ပိုင်းက ဒါက တစ်ခုတည်းသော အခွင့်အရေးဆိုပြီးတော့ ရှင့်ကို ဖြေရှင်းစေချင်နေပေမဲ့ တစ်ဖက်မှာလည်း မရဏအရှင်နဲ့ ရှင့်ကို မပတ်သက်စေချင်ဘူး။ အထူးသဖြင့် ရှင့်ရဲ့ အစောပိုင်း ကျင့်ကြံရေးခရီးလမ်းမှာပေါ့”

“ အဲဒါဆိုတော့ မင်းကို တုံ့ဆိုင်းအောင် လုပ်နိုင်တာ ဘယ်သူများလဲ”

“ မရဏအရှင်က ကျွန်မနဲ့ ရှင့်ရဲ့ ဘိုးဘေးတို့နဲ့ ယှဉ်နိုင်တဲ့ အဆုံးစွန်မဲ့ စံပြတစ်ယောက်ပဲ။ သူက ဖြစ်ရပ်အများစုမှာ အရေးပါတဲ့ ကဏ္ဍကနေ ပါခဲ့တယ်။ ဒါပေမဲ့ သူ့ကို အမြဲတမ်း သတိထားနေရတော့ သူ့ကို သိပ်သဘောမကျကြဘူး”

“ ဘာကို သတိထားတာလဲ”

“ သူ့ရဲ့ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကိုပေါ့” ဝူဟုန်က ပြန်ပြောလိုက်သည်။

“ သူ ငယ်ငယ်တုန်းကတည်းက သူက သေခြင်းတရားနဲ့ ပတ်သက်ပြီး စွဲလန်းလာခဲ့တာ။ သေခြင်းတရားက တည်ရှိမှုထဲက အရာအားလုံး ကြုံတွေ့သင့်တဲ့ လှပတဲ့ အရာတစ်ခုလို့ ယုံကြည်ထားတာလေ”

“ ဒါက အန္တရာယ်တော့ များသား”

“ ဟုတ်တယ်။ သူ့ရဲ့ပြိုင်ဘက်ကင်း ပါရမီနဲ့ဆိုရင်တောင် ကပ်ဘေးလမ်းစ  ဖြစ်နေသလိုပဲ”

“ အဲဒါဆိုတော့ သူက ဘာလုပ်ခဲ့တာလဲ”

“ အစတုန်းက အဆုံးမဲ့လေဟာနယ်ထဲမှာ ကံကောင်းမှုကို စုစည်းဖို့ အလောင်းရောင်းဝယ်ရေးဂိုဏ်းကို ဖြန့်ကျက်ခဲ့တယ်လို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ ဒုတိယမြောက် မူလတိုက်ပွဲမှာ သူ လုပ်ခဲ့တဲ့အရာက သူ့ တကယ့်ရည်ရွယ်ချက်ကို သဘောပေါက်စေခဲ့တယ်”

ဝူဟုန်က တွေးတောရင်း စကားလမ်းစ ရပ်လိုက်သည်။

“ လွှမ်းမိုးဖို့ အခက်ကြုံတဲ့ အရင်းအမြစ်ဟွင်သွမ်းကမ္ဘာတစ်ခု ရှိဖူးတယ်။ အဲဒီမှာ အမည်မသိ စွမ်းအားတချို့ရှိနေပြီးတော့ ကျွန်မတို့တွေ တိုက်ရိုက်မသွားနိုင်ဘူး။ အဲဒါနဲ့ ကိုယ်ပွားတွေကို စေလွှတ်ပြီးတော့ပဲ ကျူးကျော်နိုင်တယ်။ သူတို့တွေကို ပြုစုပျိုးထောင်ပြီးတော့ အတွင်းပိုင်းကနေ သိမ်းပိုက်ဖို့ အစီအစဉ်ပေါ့။

ကံဆိုးတာက မရဏအရှင် ပေါ်မထွက်လာခင် အချိန်အထိ ဒီနည်းလမ်းကလည်း အသုံးမဝင်ခဲ့ဘူး။ အရင်းအမြစ်ဟွင်သွမ်း ကမ္ဘာရဲ့ အဓိကပြဿနာက ကျွန်မတို့တွေ ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းဖို့ ကြိုးစားလိုက်တာနဲ့ ချက်ချင်းရှာတွေ့သွားပြီးတော့ ဖျက်ဆီးခံလိုက်ရတယ်”

“ မရဏအရှင်က ဘာများ ကွဲပြားနေလို့လဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ နည်းနည်းပေါ့။ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူက အလောင်းရောင်းဝယ်ရေးဂိုဏ်းကို အလုံးစုံပညာရှိကမ္ဘာ တစ်လျှောက်ဖြန့်ကျက်ခဲ့ပြီးတော့ သူ့ကိုယ်ပွားက  ဆက်လက် မကျင့်ကြံဘဲနဲ့ ပုန်းအောင်းနေခဲ့တယ်။ ယွမ်ခေတ်ကာလများစွာ ကြာပြီးတဲ့နောက်မှာ အဲဒီအရာက ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားတာနဲ့ သူက ဂိုဏ်းအားလုံးရဲ့ စွမ်းအားကို စုစည်းပြီးတော့ ချက်ချင်းဆိုသလို စံပြအဆင့်ကို ရောက်ရှိသွားတယ်”

ဝူဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး “ ကျွန်မတို့တွေ နောက်ဆုံးတော့ အောင်မြင်ပြီလို့ ထင်ခဲ့ကြတာ။ ဒါပေမဲ့ သူက အစွယ် ထုတ်ပြလာတယ်လေ။ အလောင်းရောင်းဝယ်ရေးဂိုဏ်းက သူ့အနေနဲ့ အဲဒီကမ္ဘာတစ်ခုလုံးကို ဘယ်အဆင့်ဖြစ်ဖြစ် သက်ရှိအားလုံးကို သတ်ပစ်ဖို့ မရဏကမ္ဘာအဖြစ် ပြောင်းလဲပစ်မဲ့ အခမ်းအနားတစ်ခုပဲ။”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး “ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ သူ့အစီအစဉ်တွေကို  ပေါက်ကြားသွားမှန်းသိရဲ့နဲ့ ဘာလို့များ လုပ်ခဲ့တာလဲ။”

“ ကျွန်မတို့လည်း အတိအကျတော့ မသိဘူး။ အကောင်းဆုံးမှန်းဆမိတာက အဲဒီကမ္ဘာမှာ အဖိုးတန်တဲ့အရာ တစ်ခုခု ရှိနေတယ်ဆိုပြီးတော့ပဲ။ အရေးကြီးတာက အဲဒီအရာက ကျွန်မတို့ကို မဝင်ရောက်နိုင်အောင် ကာကွယ်ထားပြီးတော့ ကျွန်မတို့ရဲ့ တိုးတက်မှုကို ကန့်သတ်ထားတယ်”

ဝမ်ဝေ့က ကိစ္စများသည် သူ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးလာကြောင်း ခံစားမိလိုက်သည်။ သူက ထိုသူ့ဂိုဏ်း၏ ချီကံကောင်းမှုကို လောဘတက်ရုံမျှ ဖြစ်သော်လည်း ဤသို့အားကောင်းသည့် လျှို့ဝှက်ခေါင်းဆောင်ကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထင်မထားမိပေ။

“ နောက်ထပ် ဘာဖြစ်သွားလဲ”

“ သူ့ကို ဝိုင်းတိုက်ခိုက်ခဲ့တာပေါ့။ ကျွန်မတို့ရဲ့ မွေးရပ်မြေကိုလည်း အဲလိုကံကြမ္မာမျိုး မကြုံတွေ့ချင်ဘူးလေ”

“ သူ အသက်ရှင်သွားတယ်လား” ဝမ်ဝေ့က တအံ့တဩဖြင့်မေးလိုက်သည်။

“ ဟုတ်တယ်။ အဲဒါတင် မကဘူး။ သူက ဒဏ်ရာနဲ့ ထွက်ပြေးသွားနိုင်တယ်” သူမက ထိုတိုက်ပွဲကို အမှတ်ရနေဆဲ ဖြစ်သည်။ အဆုံးစွန်မဲ့ စံပြမြောက်များစွာက မရဏအရှင်ကို သုတ်သင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ကြသော်လည်း သူက လွတ်မြောက်သွားခဲ့သည်။ အလုံးစုံပညာရှိကမ္ဘာ စကြဝဠာမျက်နှာပြင်မှ ရုတ်ချည်း ပျောက်ကွယ်သွားပြီးသည့်နောက် သူက အကြွင်းမဲ့ တားမြစ်ချက်တွင် ဝင်ရောက်ဆင်နွှဲခဲ့သည်။

“ တွေးကြည့်ရုံနဲ့တင် ကြောက်စရာပဲ။ ဒီလိုဆိုရင် အလောင်းရောင်းဝယ်ရေးဂိုဏ်းက ဘယ်လိုလဲ။ သူတို့တွေကို မဖယ်ရှားပစ်ဘူးလား”

“ ဖယ်ရှားပစ်ဖို့ ကြိုးစားတာပေါ့။ ဒါပေမဲ့ ကန့်သတ်ချက်တွေကြောင့် ကျရှုံးခဲ့ရတယ်”

“ ဒါကရော ဘာကို ပြောချင်တာလဲ”

“ မဟာဧကရာဇ်အများစုက တက်လှမ်းပြီးတဲ့နောက်မှာ ဒိုင်မေးရှင်းအနိမ့်က အရာတွေကို ဘာမှ ဝင်မစွက်ဖက်နိုင်ဘူး။ ကောင်းကင်ဘုံအဆင့်တွေက ပုံရိပ်ယောင် စေလွှတ်နိုင်ပေမဲ့ ကောင်းကင်တာအိုဆီက ပြစ်ဒဏ်ကို ခံယူဖို့ လိုလားမှသာ တိုက်ခိုက်နိုင်တယ်။ သူတို့ရဲ့ တိုက်ကွက်တွေကလည်း စွမ်းအား အကန့်အသတ် ရှိတယ်။ စံပြတွေကတော့ ပုံရိပ်ယောင် စေလွှတ်ပြီးတော့ တိုက်ခိုက်နိုင်တယ်။ ဒါပေမဲ့ ကန့်သတ်ချက် ရှိပြီးတော့ တိုက်ကွက်ရဲ့ အနေအထားလည်း ရှိသေးတယ်။

ပုံရိပ်ယောင်တွေ စေလွှတ်ပြီးတော့ အလောင်းရောင်းဝယ်ရေးဂိုဏ်းကို သုတ်သင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ မရဏအရှင်က အမြဲလိုလို ပေါ်ထွက်လာပြီးတော့ တားဆီးခဲ့တယ်။ အဲဒါကြောင့် အဖွဲ့ခွဲတချို့ကို ဖယ်ရှားနိုင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးတော့ တည်ဆောက်နိုင်သွားတာပဲ”

“ အဲဒီလူက ဘယ်လိုတောင် လုပ်နိုင်စွမ်း ရှိနေရတာလဲ” ဝမ်ဝေ့က ပြောလိုက်သည်။

“ သူက ထူးဆန်းတယ်။ သူ့ကို အပြစ်ပေးပြီးတဲ့နောက်မှာ သူ့နည်းလမ်းအများစုက ထူးဆန်းတာကို တွေ့ခဲ့ကြတယ်။ ပြီးတော့ သူ့ ပုန်းအောင်းနိုင်တဲ့ စွမ်းရည်အပြင် သူက အစီအစဉ်ကျမှု၊ မကျမှုကြောင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတယ်။”

“ အဲဒါကရော ဘာကို ပြောချင်တာလဲ”

“ သူက သူ့အရေးသာချက်ရအောင် ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာကို သိတယ်” ဝူဟုန်က ပြောလိုက်သည် “ နမူနာအနေနဲ့ဆိုရင် တခြားကမ္ဘာ့အသိုက်အဝန်းတွေဆီကို ဖြန့်ကျက်တဲ့ပုံစံက အလောင်းရောင်းဝယ်ရေးဂိုဏ်း ဖန်တီးထားတာ မဟုတ်ဘူး။  ဗလာခေတ်မတိုင်ခင်တုန်းက ဒီနည်းလမ်းမျိုးက အတော်လေးကို အသုံးများပြီးတော့ အင်အားစုတချို့က ဖြန့်ကျက်ပြီးတော့ ဖျက်ဆီးခံရတာကနေ ကာကွယ်နိုင်အောင် လုပ်ထားကြတယ်လေ။

ဒါပေမဲ့လည်း အစစ်အမှန် ကောင်းကင်တာအိုရဲ့ မျှခြေစနစ်က အသက်ဝင်လာပြီးတော့ ဒီနည်းလမ်းကို တားမြစ်ခဲ့တယ်။ ဒီနည်းလမ်းကို အသုံးပြုဖို့ ကြိုးစားတဲ့သူတိုင်းက အဖွဲ့ခွဲတွေ ဖျက်ဆီးခံရမှုနဲ့ ကြုံရလေ့ရှိတယ်”

“ ဒါပေမဲ့ အလောင်းရောင်းဝယ်ရေးဂိုဏ်းက အကောင်းကြီးအတိုင်း ရှိသေးတယ်လေ”

“ ဒီနေ့အထိ သူ ဘယ်လိုလုပ်ထားတယ်ဆိုတာကို မသိရသေးဘူး”

ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီးနောက် ကိစ္စများက ပိုမိုရှုပ်ထွေးလာသည်ကို ခံစားမိလိုက်သည်။

“ သူ့မွေးရပ်မြေကိုရော ဘယ်လိုလဲ … သူက ဝိညာဉ်သန့်စင်ရေးကမ္ဘာ ဒါမှမဟုတ် မြေအောက်ယင်ကမ္ဘာတို့ကမလား။ အဲဒီကရော ဘာရှာတွေ့ထားသေးတုန်း”

“ ဘာမှရှာမတွေ့ဘူး။ တကယ်တော့ သူ လုပ်ခဲ့တဲ့ ပထမအဖွဲ့ခွဲကို ဘယ်သူမှ မသိကြဘူး။ သမိုင်းကြောင်းကနေ ဖျောက်ဖျက်ထားခဲ့တယ်လေ။ အဲဒါကြောင့် အဲဒီလူက ပထမအဖွဲ့ခွဲကို ပြင်ပကနေ သီးသန့်ထားထားတယ်လို့တောင် သံသယဖြစ်မိတယ်။ သူ့မွေးရပ်မြေ စိတ်ဝိညာဉ်ဗဟိုချက်ကမ္ဘာအထိ ရှာဖွေခဲ့ပေမဲ့ ဘာမှမတွေ့ရဘူး”

“ စိတ်ဝိညာဉ်ဗဟိုချက်ကမ္ဘာက စိတ်ဝိညာဉ်မျိုးနွယ် အုပ်စိုးတဲ့ ရှားပါးကမ္ဘာမလား။ မရဏအရှင်က သူတို့ထဲက တစ်ယောက်လား”

“ ဟုတ်တယ်။ အတိအကျပြောရရင် သူက အသိစိတ်ဝင်လာတဲ့ ဂူဗိမာန်တစ်ခုပေါ့”

“ အင်း သူ့နာမည်နဲ့ ရည်ရွယ်ချက်နဲ့တော့ ကိုက်ညီသား” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ရှေ့နောက်လျှောက်ရင်း စဉ်းစားနေ၏။

“ အဲဒါဆို နေမင်းနှစ်စင်းကရော သူတို့ကရော မရဏအရှင်ကို ဘာမှမလုပ်ကြဘူးလား”

ဝူဟုန်က သူ ပြောလိုက်သည့်အခါမှ ရုတ်ချည်း သဘောပေါက်သွားဟန်ဖြင့် “ မေတ္တယျနဲ့ အဲဒီသူက မရဏအရှင်ရဲ့ ထူးဆန်းမှုနဲ့ ခြိမ်းခြောက်မှု အလားအလာအကြောင်းကို သိထားကြတယ်။ ဒါပေမဲ့ သူ့တည်ရှိမှုနဲ့ သမိုင်းကြောင်းက ဖျောက်ဖျက်မခံရဘူးဆိုတော့ သူတို့နှစ်ယောက်ကလည်း သူ့ကို ရှာမတွေ့တဲ့ပုံပဲ”

“ ဒီလိုဆိုရင် သူတို့တွေက အလောင်းရောင်းဝယ်ရေးဂိုဏ်းကို ဘာလို့ ဖျက်ဆီးမပစ်ရတာလဲ”

“ အဲဒါတော့ ကျွန်မလည်း မသိဘူး” သူမက ခေါင်းခါကာ ဖြေလိုက်၏ “ ဒါပေမဲ့ မရဏအခမ်းအနားနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မလိုဘူး။ မရဏအရှင်ကသာ ပြဿနာပဲ”

“ မင်းတို့တွေ အဲဒီအခမ်းအနား ပြဿနာကိုတော့ ဖြေရှင်းခဲ့သေးလား”

“ ဒါပေါ့။ သူ့ဂိုဏ်းကို သုတ်သင်ဖို့ ကျရှုံးပြီးတဲ့နောက်မှာ ဒိုင်မေးရှင်းအမြင့်မှာ အခမ်းအနားကို ပြန်လည်တုံ့ပြန်နိုင်မဲ့ အစီအရင်တချို့ ထားရှိခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး စိုးရိမ်မှု ဖယ်ရှားနိုင်ရင်တော့ အကောင်းဆုံးပေါ့”

သူမက သူ့အားကြည့်ကာ “ အခု ရှင် ဘာဆက်လုပ်မှာလဲ”

“ မင်းရော ဘယ်လိုထင်လဲ”

“ ရှင့်ရဲ့ အစီအစဉ်နဲ့ဆိုရင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ ထူးကဲတဲ့ နေရာတစ်ခုကို ရောက်ရှိလိမ့်မယ်။ အဲဒါကြောင့် အလောင်းရောင်းဝယ်ရေးဂိုဏ်းနဲ့  ဖြေရှင်းတာက ပြဿနာတစ်ခုတော့ မဟုတ်ဘူး။ ဒါပေမဲ့ မရဏအရှင်နဲ့ စောစောစီးစီး တိုက်ရိုက်မတွေ့ဆုံစေချင်ဘူး။ အဲဒါက ခံစားချက်ဆိုးစေတယ်”

ဝမ်ဝေ့က သူမ၏ တုံ့ဆိုင်းမှုကို နားလည်လေသည်။ မရဏအရှင်က ပါရမီထူးကဲပြီး အားကောင်းကာ ဉာဏ်များပြီး နေမင်းနှစ်စင်းပင် အာရုံမခံနိုင်သည့် ထူးခြားသည့် နည်းလမ်းများစွာ ရှိထားလေရာ သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် ရင်ဆိုင်ဖို့ရာ ခက်ခဲလေသည်။

သူ့တွင် အရေးသာချက် တချို့ရှိထားသော်လည်း ထိုအရေးသာချက်များက သူ့ဘက်တွင် မျက်နှာသာမပေးနိုင်ပေ။

“ အဲဒါဆိုတော့ သူက တခြားသူတွေလိုမျိုး မပြီးမပြတ် အခြေအနေမှာ ရှိနေတာလား”

“ ဟုတ်တယ်”

“ အဲလိုဆိုရင်တော့ ကိုယ့်အတွက် သတင်းကောင်းပဲ။ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး”

“ အဲဒါဆိုတော့ ရှင် ဘာလုပ်မှာလဲ”

“ တာအိုကို သက်သေပြပြီးတဲ့နောက်မှာ ဆုံးဖြတ်တော့မယ်”

ယခုအထိ ကိစ္စများစွာက ဖြစ်ပျက်ခဲ့ပြီး ဝမ်ဝေ့က အခြေအနေကို ဆက်လက် စောင့်ကြည့်ချင်မိသည်။ ယခုအထိ သူက အလောင်းရောင်းဝယ်ရေးဂိုဏ်းကို သုတ်သင်ဖို့ရာ လိုလား၏။ အကြောင်းအရင်းမှာ သူတို့၏ ချီကံကောင်းမှုကြောင့်သာ မဟုတ်ဘဲ သူ့အလိုလိုသိစိတ်က မရဏအရှင်သည် သူ့နောက်ပိုင်း ကျင့်ကြံရေးခရီးတွင် ပြဿနာဖြစ်လာနိုင်ကြောင်း ပြောပြနေ၏။

အကယ်၍ သူသာ ထိုသူကို တတ်နိုင်သမျှ ထိခိုက်စေနိုင်လျှင် အခွင့်အရေးကို ရယူနိုင်လိမ်မည်။ သူက သူတို့အား ယခုသုတ်သင်ဖို့ မလိုသေးသလို ကိုယ်တိုင်လုပ်ဖို့လည်း မလိုပေ။  သူ တက်လှမ်းသွားပြီး သေချာသည့် အဆင့်တစ်ခုရောက်ပြီးသည့်နောက် တခြားသူများ လုပ်ဆောင်ဖို့ နည်းလမ်းကို ချန်ထားနိုင်သည်။ ထိုအရာက တာအိုကို သက်သေပြပြီးသည့်နောက် အခြေအနေအပေါ် မူတည်နေ၏။

ဝူဟုန်နှင့် စကားစမြည်ပြောပြီး အစီအစဉ်ကို ချမှတ်ပြီးသည့်နောက် သူ့ ဘိုးဘေးဆီမှ သတင်းကို စောင့်ဆိုင်းရင်း သူ့သိပ္ပံနှင့် နည်းပညာကမ္ဘာကို သွားရောက်စစ်ဆေးကြည့်ခဲ့သည်။

***

All Chapters