← Chapters

စုဝေးခြင်း

Vol. 45 Ch. 625

စုဝေးခြင်း

Vol. 45 Ch. 625

ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်မှ အရာအားလုံးကို ကြည့်လိုက်သည်။ ခေတ်မီသည့် အဆောက်အအုံများဖြင့် ပြည့်နှက်နေသည့် ငြိမ်းချမ်းသော ကမ္ဘာတစ်ခု မရှိတော့ပေ။ သူက ငှက်များ ပြောင်းရွှေ့သလိုမျိုး ကောင်းကင်ကို လွှမ်းမိုးထားသည့် အာကာသယာဉ်များကိုလည်း မမြင်ရပေ။ ထိုအစား ကောင်းကင်က မှုန်မှိုင်းမှိုင်း မီးခိုရောင်ဖြစ်ကာ တစ်ကမ္ဘာလုံးက စိတ်ဓာတ်ကျသည့် လေထုမျိုး ဖုံးလွှမ်းနေ၏။

သူက နေရာအနှံ့အသီးသီးမှ အက်ကြောင်းများကို မြင်လိုက်ရသည်။ နေရာအများစုက တောအုပ်များ၊ မြစ်များနှင့် လူဦးရေထူထပ်သည့် မြို့များအပါအဝင် အားလုံး ပျက်စီးနေသည်။ အသစ်စတင်လာခါစ လူမှုအဖွဲ့အစည်းတချို့တော့ ရှိဟန်ပေါ်၏။

မျိုးရိုးဗီဇစစ်သည်တော်များကလည်း ယခုအခါ ရှားပါးသွားပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် ယှဉ်နိုင်ကြသည့် အားကောင်းသည့် သူတချို့က ကမ္ဘာအနှံ့မှ နေရာအသီးသီးကို အုပ်စိုးထားကြသည်။ သိပ္ပံပညာရှင်များက ယခုအခါ တန်ဖိုးအရှိဆုံးဖြစ်ပြီး အင်အားစုအသီးသီးမှ လုယက်နေရသည့်သူများ ဖြစ်လာသည်။

သို့သော်လည်း သူတို့က အာဏာ မရှိတော့ဘဲ သုတေသနသာ လုပ်ဖို့ အတင်းအကြပ် ဖိအားပေးခံရသည်။ သူတို့က အိမ်တွင် အကျယ်ချုပ် ဖမ်းမိထားသလိုမျိုး ဖြစ်နေ၏။

“ ဒီတိုက်ကွက်က တကယ်ကို ကြီးကြီးမားမား သက်ရောက်စေခဲ့တာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ မူလသိပ္ပံနှင့် နည်းပညာကမ္ဘာသည် အလယ်အလတ်ကမ္ဘာမျှသာ ဖြစ်၏။ ဝမ်ဝေ့က ထိုအရာ၏ မိုးမြေစည်းမျဉ်းများကို ထိန်းချုပ်ကာ ကမ္ဘာကို ချဲ့ထွင်ခဲ့သော်လည်း အဆီအနှစ်အရ အလယ်အလတ်ကမ္ဘာသာ ဖြစ်နေ၍ ကျိုးပဲ့လွယ်နေသည်။

မဟာဧကရာဇ် နှစ်ယောက်က အားအပြည့်ဖြင့် တိုက်ခိုက်လာသည့်အခါ သူတို့က ကမ္ဘာကို ဖျက်ဆီးခဲ့ပြီး လူဦးရေ ၉၉ ရာခိုင်နှုန်းကျော် သေဆုံးသွားရသည်။ ဝမ်ဝေ့ သီးသန့်ကျင့်ကြံနေသည့် နှစ်သုံးရာအတွင်း လူမှုအဖွဲ့အစည်းတစ်ခု ထွက်ပေါ်လာခဲ့၏။

ဝမ်ဝေ့က အခြေအနေကို သုံးသပ်စစ်ဆေးပြီးသည့်နောက်တွင် စတင် ပြန်လည်ပြင်ဆင်လိုက်သည်။ သူက ကာလံဒေသံစည်းမျဉ်းနှင့် ကံကြမ္မာစည်းမျဉ်းကို အသုံးပြုကာ သေသူများကို ပြန်လည်အသက်သွင်းခြင်းအပါအဝင် ကမ္ဘာကို မူလအခြေအနေရောက်အောင် ပြန်ပြောင်းခဲ့သည်။ တစ်ခုတည်းသော ပြဿနာက သူက လူတိုင်းကို မကယ်တင်နိုင်ပေ။

လူအများစုက မဟာဧကရာဇ်၏ တိုက်ကွက်ကြောင့် သေဆုံးသွားကြခြင်း ဖြစ်၏။ ထိုလူများက သေမျိုးများစွာ ဖြစ်သည့်အတွက် ထိုတိုက်ကွက်က သူတို့၏ တည်ရှိမှုကို သုတ်သင်သွားရာ လက်ရှိ ဝမ်ဝေ့အနေဖြင့် ဘာမှမတတ်နိုင်ပေ။ သို့သော်လည်း သူက ကမ္ဘာ၏ ဖျက်ဆီးမှုကြောင့် သေဆုံးသွားသည့်သူများကိုမူ အသက်ပြန်သွင်းနိုင်သေး၏။

သူက လူတချို့ကို ကယ်တင်ဖို့ ကြိုးစားကြည့်ခဲ့သည်။ ဝမ်ဝေ့က သူ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကံနည်းစနစ်ကို အသုံးပြုကာ လူတချို့ကို ကယ်တင်ဖို့ ကြိုးစားခဲ့သည်။ သူက အတိတ်မှ သိပ္ပံပညာရှင်တစ်ယောက်ဆီ ကံဆက်နွယ်မှုကို အသုံးပြုကာ သတင်းစကားပါးခဲ့၏။

သူက ထိုသိပ္ပံပညာရှင်ကို လူအများ၏ ဘေးကင်းမှုအတွက် မြေအောက်ဗုံးခိုကျင်း တည်ဆောက်ဖို့ တာဝန်ပေးခဲ့သည်။ ကောင်းကင်တာအို၏ တားဆီးချက် မရှိဘဲ သူက ကိစ္စများစွာကို လုပ်ဆောင်နိုင်၏။

ထိုသိပ္ပံပညာရှင်က ကမ္ဘာရှိ လူတိုင်းကို ကမ္ဘာကြီးအဆုံးသတ်တော့မည် ဖြစ်ကြောင်း မဖျောင်းဖျနိုင်သော်လည်း လူတချို့ကိုမူ ဖျောင်းဖျနိုင်ခဲ့သည်။ ကံဆိုးစွာဖြင့် ထိုနည်းလမ်းက အသုံးမဝင်ဖြစ်ကာ မဟာဧကရာဇ်တိုက်ကွက်အတွင်း သေဆုံးသွားသည့် သူများက ဗုံးခိုကျင်း၌ အသက်ရှင်ခဲ့လျှင်ပင် သေဆုံးသွားကြဆဲသာ ဖြစ်၏။

ဝမ်ဝေ့က တည်ရှိမှုမှ ပျောက်ကွယ်သွားသည့် ထိုလူများကို ကြည့်နေရင်း ရေရွတ်လိုက်သည် “ အဲဒါဆိုတော့ မဟာဧကရာဇ်တွေက သေမျိုးအဆင့်အောက်က တိုက်ကွက်တွေ၊ မန္တန်တွေနဲ့ နည်းစနစ်တွေအကုန်လုံးကို ခုခံနိုင်စွမ်းတချို့ရှိနေတာပဲ”

သဘောတရားအားလုံးအရ ဝမ်ဝေ့က အတိတ်ကို ပြောင်းလဲလိုက်သည့်အတွက် ထိုလူများက အသက်ရှင်သင့်ပေသည်။ သို့သော် ယခုကား ပြဿနာ မဟုတ်ပေ။ သူက ကူကယ်ရာမဲ့စွာဖြင့် ကမ္ဘာကို ယခင်အခြေအနေအတိုင်း ပြန်လည်ပြောင်းလိုက်သည်။ သူက အဖွဲ့အစည်းကို နဂိုအစီအစဉ်အတိုင်း ပြန်လည်ပြောင်းလဲလိုက်သော်လည်း လူဦးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသေးသည်။

သူက အသက်ပြန်မသွင်းနိုင်သည့်သူများကို ကိုယ်ပွားဖန်တီးခဲ့၏။ ထင်ထားသည့်အတိုင်း ဧကရာဇ်၏ စွမ်းအားက ထိုလူများကို ဤနည်းဖြင့် အသက်ပြန်ရှင်လာခွင့် မပြုပေ။ သူက သူတို့၏ မျက်နှာများကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် ကိုယ်ပွား အရေအတွက်ကို ဖန်တီးခဲ့သည်။

ကံကောင်းသည်က ဤကမ္ဘာ၏ အဆင့်မြင့် မျိုးရိုးဗီဇနည်းပညာကြောင့် အချိန်တိုအတွင်း ပြဿနာမရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က မွေးဖွားနှုန်းမြှင့်တင်ဖို့ စည်းမျဉ်းကို ထုတ်ခဲ့သည်။ သူက လူအများစုဆီမှ စိတ်ပျက်ခြင်းနှင့် စိတ်အားငယ်ခြင်းများကို ဖယ်ရှားနိုင်ဖို့ရာ ကပ်ဘေးမှတ်ဉာဏ်များကို ဖယ်ရှားပစ်ခဲ့သည်။

နောက်ဆုံးတွင် သူက သူတော်စင်၊ အထွတ်အထိပ်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်များ၏ သွေးနမူနာကို သိပ္ပံပညာရှင်များ ဆက်လက်လေ့လာနိုင်ဖို့အတွက် ချန်ထားပေးခဲ့သည်။

သိပ္ပံနှင့် နည်းပညာကမ္ဘာမှ ထွက်လာပြီးသည့်နောက်တွင် သူက မဟာတာအို ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေလိုက်၏။ သူက ဟုန်ကျွင်းသည် သူ့အား မဟာတာအိုဆီမှ ကာကွယ်ထားနိုင်သည်ကို တွေးမိကာ မည်မျှအားကြီးလဲဟု စဉ်းစားမိသွားပြီး သက်ပြင်းချလိုက်သည်။

သူ့ချစ်ဇနီးနှင့်အတူ အချိန်ကုန်ဆုံးရင်း ဘိုးဘေးဆီမှ သတင်းစကားကို စောင့်မျှော်နေမိသည်။ တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် သူက ဆင့်ခေါ်မှုရရှိလိုက်ပြီး ဂိုဏ်း၏ လျှို့ဝှက်နယ်မြေတစ်ခုဆီ ဦးတည်ထွက်လာလိုက်၏။

“ အကြီးအကဲက …” သူက သူ့ရှေ့မှ လူလတ်အရွယ်အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။ သူက အင်မတန် တည်ငြိမ်ကြောင်း ညွှန်ပြနေသည့် ငြိမ်းအေးသော အငွေ့အသက် ရှိနေသည်။

“ မူလ(၁) …  ငါ့ကို အကြီးအကဲမူလလို့ ခေါ်လို့ရတယ်။” ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်တော့မည့်ဆဲဆဲတွင် မူလအရှင်က တားဆီးလာသည် “ မင်းက ဂိုဏ်းချုပ်ဆိုတော့ ငါတို့တွေကို ဦးညွှတ်နေစရာ မလိုဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ထိုအရာက ဂိုဏ်း၏ စည်းမျဉ်းတစ်ခု ဖြစ်ကြောင်း သိထားလေသည်။

“ အားလုံး အဆင်သင့်ဖြစ်သွားပြီလား။ ကျွန်တော်က အချိန်ကြာဦးမယ် မှတ်နေတာ” ဝမ်ဝေ့က ပြောလိုက်သည်။

“ ကုရွှမ်းရဲ့ စစ်ဆေးမှုအတွင်း ငါတို့အားလုံးက တရားဝင်မဟုတ်တဲ့ မဟာမိတ်တချို့တော့ ဖွဲ့စည်းထားပြီးသား။ အဲဒါကြောင့် စုစည်းဖို့ ပိုလွယ်ကူတယ်”

“ ကောင်းပြီ” သူက ခေါင်းညိတ်လိုက်၏ “ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလို့ရမလား”

“ ရတယ်။ ဒါပေမဲ့ ငါ ဖြေနိုင်ချင်မှ ဖြေနိုင်လိမ့်မယ်”

“ ကျွန်တော် တခြားသူတွေအကြောင်းကိုလည်း ကြားဖူးတယ်။ ဓား(၁)၊ ဖျက်ဆီးခြင်း (၁)နဲ့ အစရှိတဲ့ ကျန်တဲ့သူတွေကိုရောပဲ။ ကျွန်တော်တို့ ဧကရာဇ်တွေနဲ့ တူညီတဲ့ တာအိုကို ကျင့်ကြံကြတာလား”

“ ငါတို့ထဲက တချို့ကတော့ လုပ်ကြတယ်။ ဒါပေမဲ့ အားလုံးတော့ မဟုတ်ဘူး” မူလအရှင်က ပြန်ဖြေလိုက်သည်

“ နမူနာအနေနဲ့ဆိုရင် ငါက မိုးကြိုးတာအိုကို ကျင့်ကြံပေမဲ့ ချီယွမ်ကကျတော့ ငါ့ကို မူလတာအိုက စွမ်းဆောင်ရည်တွေနဲ့ ကောင်းချီးပေးထားတယ်။ ကွဲပြားတဲ့တာအိုကို ကျင့်ကြံတဲ့ တခြားသူတွေအတွက်ကလည်း အတူတူပဲ”

“ အဲဒါဆိုတော့ အဓိပ္ပာယ်ရှိသား”

“ မင်းက ဒီစကားတွေကို နားလည်သင့်တယ်”

“ ဟုတ်ပါတယ်။ နောက်ဆုံးမေးခွန်းက အဖြေဖြေပုံက နည်းနည်းတစ်မျိုး ဖြစ်နေသလိုပဲ။ သူ့ကို လူကိုယ်တိုင် သိထားလား”

“ အဲလိုမျိုးပေါ့” မူလအရှင်က ပြန်ဖြေလိုက်သည်။ ဒီကောင်လေးက ဉာဏ်ကောင်းမှန်းသိထားသော်လည်း သူနှင့် ဆက်ဆံရုံဖြင့် ဤအရိပ်အမြွက်ကို သတိထားမိသည်မှာ ထူးခြားလှသည်။

“ ငါက ရှေးဟောင်း ဝမ်မျိုးနွယ်ထဲမှာ ရှိတုန်းက သူ့ရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ခဲ့တာ။ တခြားသူတွေက သူ့ရဲ့ အတွေးအခေါ်နဲ့ ယုံကြည်မှုတွေကို ကန့်ကွက်တုန်းက ငါက သူ့ကို ထောက်ခံပြီးတော့ ကာကွယ်ပေးခဲ့တယ်လေ”

“ အဲဒါဆို အကြီးအကဲကြောင့်သာ မဟုတ်ရင် သူက ဒီနေ့လိုဖြစ်လာမှာ မဟုတ်ဘူးပဲ။”

“ အဲလိုဖြစ်နိုင်ပါတယ်” မူလအရှင်က ပြောလိုက်သည် “ ကောင်းပြီ။ အစည်းအဝေးကို စလိုက်ရအောင်”

ဝမ်ဝေ့က အစီအရင် အပြည့်ရှိသည့် အခန်းတစ်ခုအတွင်း လိုက်သွားသည်။

ထိုအရာကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် လူများစွာ၏ မျက်နှာများက ပိတ်ကားချပ်အငယ် ပုံစံလေးများဖြင့် ထွက်ပေါ်လာသည်။ ဝမ်ဝေ့က ထွက်ပေါ်လာသည့်အခါ အားလုံးက သူ့ကို အာရုံစိုက်လာကြ၏။ လက်ရှိတွင် ရှိသည့် အားလုံးက မသေမျိုးအဆင့်ပုဂ္ဂိုလ် သို့မဟုတ် မသေမျိုးအဆင့်ပုဂ္ဂိုလ်မှ အဖော်ပြုပေးသည့်သူများသာ ဖြစ်ကြသည်။

ဤသူက အသင်္ချေအင်ပါယာကမ္ဘာတွင် အားအကောင်းဆုံးဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် ခေတ်တစ်ခေတ်ကာလ၏ သားတော်ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

“ တာအိုရောင်းရင်းတို့ မင်္ဂလာပါ” ဝမ်ဝေ့က တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။ သူက ကုန်းမြေငါးခုလုံးမှ အုတ်မြစ်ငါးခုလုံးမှ ဧကရာဇ်မျိုးနွယ်အများစု၏ ကိုယ်စားလှယ်များကို ရင်ဆိုင်ရသည့်အခါတွင်ပင် စိတ်လှုပ်ရှားခြင်း မရှိပေ။

“ ဒီတွေ့ဆုံမှုရဲ့ အကြောင်းအရင်းက ဘာလဲ” ဖန်းလုံမျိုးနွယ်ခေါင်းဆောင်က  မေးလိုက်သည်။ သူ့ကို သူ့မျိုးနွယ်မှ ဆန့်ကျင် ကျင့်ကြံသူတစ်ယောက်က ဘေးနားတွင် အဖော်ပြုပေးထားသည်။ သူတို့၏ ပင်လယ်မျိုးနွယ်က အပေါ်ယံကမ္ဘာ၏ ပဋိပက္ခများမှ အမြဲလိုလို ကျန်နေလေ့ရှိ၏။

“ ဒိုင်မေးရှင်းအနိမ့်က လတ်တလော အပြောင်းအလဲတွေအကြောင်းကို သိထားလား” ဝမ်ဝေ့က တဲ့တိုးသာမေးလိုက်သည်။ သေမျိုးကျင့်ကြံသူအများစုက သူ ပြောနေသည့် အကြောင်းကို မသိကြတာဖြစ်နိုင်သော်လည်း မသေမျိုးအဆင့် ပုဂ္ဂိုလ်များကမူ ဝမ်ဝေ့သည် သူတို့အား အစည်းအဝေး တက်ရောက်စေသည့် အကြောင်းအရင်းကို သိထား၏။

ထိုပုဂ္ဂိုလ်များက သူတို့၏ ဂိုဏ်းချုပ် သို့မဟုတ် ခေါင်းဆောင်များကို အစည်းအဝေး၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး တင်ပြလိုက်ကြသည်။ ဝမ်ဝေ့က ဝင်ရောက်မစွက်ဖက်ဘဲ သူတို့အား သတင်းအချက်အလက် သိစေဖို့ အချိန်ပေးထားလိုက်သည်။

“ ဒီအစည်းအဝေးနဲ့ ဘာဆိုင်လို့လဲ” ရှေးဟောင်းမျိုးနွယ်၏ ကိုယ်စားလှယ် ဟို့ဖုန်းဟွမ်၏ ဖခင်ဖြစ်သူ ဟို့ရုက ပြောလာသည်။

“ အခု ခင်ဗျားတို့အားလုံးက ကျုပ်တို့ မြင့်တက်လာမှုကို တခြားကမ္ဘာတွေက ခြိမ်းခြောက်မှုတစ်ခုလို့ မြင်နေတာကို သိသွားလောက်ပြီ” ဝမ်ဝေ့က ထပ်ပြောလိုက်သည် “ ဒိုင်မေးရှင်းအမြင့်က ဝင်ရောက်စွက်ဖက်မှုတွေ မပါဘဲနဲ့တောင် အဲဒီလူတွေက သူတို့အပြုအမူတွေမှာ ရဲရဲတင်းတင်း ပြုမူလာနိုင်တယ်”

“ တကယ်လို့ သူတို့က အလွှာစစ်ပွဲ စချင်တယ်ဆိုရင်လည်း ငါတို့က ကြောက်မနေဘူး” ဓားရေးစံအိမ်မှ ကျန့်ယီက ပြောလိုက်သည်။

“ အဲဒါက အဓိကပြဿနာ မဟုတ်ဘူး။ တကယ်လို့ အဲဒီကမ္ဘာတွေက ပူးပေါင်းပြီးတော့ ငါတို့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ရောက်စွက်ဖက်လာနိုင်တယ်” ဓာတ်ငါးပါးနန်းဆောင်မှ ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်သည်။

“ ထာဝရဦးသျှောင်တွေ ဝင်ရောက်စွက်ဖက်နိုင်ချေကိုလည်း ထည့်စဉ်းစားရမယ်” တိထျန်း၏ အဖေက ဝင်ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ ဤသည်က သူ့အဓိက စိုးရိမ်မှုထဲမှ တစ်ခု ဖြစ်သည်။ သူက ကောင်းကင်တာအိုသည် ဒိုင်မေးရှင်းအနိမ့်၏ ထာဝရဦးသျှောင်ကဲ့သို့သော ကိုင်တွယ်ရခက်သည့်လူများကို သဘောမကျမှန်း ယုံကြည်ထားသည်။

ထို့ကြောင့် ထိုအရာက သူတို့၏ ကျရှုံးမှုကို စီစဉ်ထားခဲ့ပြီး အရေအတွက်ကို လျှော့ချထားခဲ့သည်။ သို့သော်လည်း တချို့တလေ ကျန်ရှိနေနိုင်သေး၏။

“ ခင်ဗျားတို့တွေအားလုံးက စိုးရိမ်လွန်းနေတာ မဟုတ်ဘူးလား” အနောက်ပိုင်းကုန်းမြေ၏ မိုမျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။

“ အခုထိ ဘာမှမဖြစ်သေးဘူးလေ”

ဝမ်ဝေ့က သူ့အား ကြည့်လိုက်၏။ သူက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ် အသက်ပြန်ရှင်လာနိုင်ချေရှိသည့် သတင်းကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်ထားသည်။ သူ့တွင် အခိုင်အမာ သက်သေမရှိသေး၍ ဖြစ်သည်။ အကယ်၍ ထုတ်ဖော်လိုက်လျှင်ပင် ရရှိနိုင်သည့် အကျိုးအမြတ် မရှိသေးပေ။

“ တားမြစ်ဇုံတွေထဲက တာအိုသင်္ချိုင်းမြေနဲ့ ပတ်သက်ပြီး မေ့သွားပြီလား” ဝမ်ဝေ့က ပြောလိုက်သည် “ ဒိုင်မေးရှင်းအမြင့်က ဖိအားတွေ ဝင်ရောက်စွက်ဖက်မှုတွေ မပါဘဲနဲ့တောင် အဲဒီလူတွေက ဘာလုပ်မယ်ဆိုတာ ဘယ်သူက သိမှာလဲ”

တားမြစ်ဇုံများက အသင်္ချေအင်ပါယာကမ္ဘာ၏ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သည်။ ထာဝရဦးသျှောင်မရှိသည့် လက်ရှိအခြေအနေအရ ထာဝရဧကရာဇ်များနှင့် ရင်ဆိုင်ရခြင်းက ကပ်ဘေးတစ်ခုလို ဖြစ်နေသည်။

“ ငါတို့ ဘာလုပ်သင့်တယ်လို့ အကြံပြုချင်လဲ” ထာဝရအိပ်မက်ဂိုဏ်း၏ ဂိုဏ်းချုပ် ထန်ကျစ်ချန်းက မေးလိုက်သည် “ မင်းက ငါတို့အားလုံးကို ခေါ်တယ်ဆိုတော့ မင်းဆီမှာ ဖြေရှင်းနည်းတချို့တော့ ရှိမှာပဲ”

“ ဟုတ်ပါတယ်” ဝမ်ဝေ့က ပြောလိုက်သည် “ ကျုပ်ရဲ့ ဖြေရှင်းနည်းက ရိုးရှင်းတယ်။ ကျုပ်တို့တွေ လူသားကာကွယ်ရေး အစီအရင်ကို အသက်သွင်းဖို့ လိုတယ်။ အဲဒါတင်မကဘဲနဲ့ နတ်ဆိုးနဲ့ ပင်လယ်မျိုးနွယ် ကာကွယ်ရေးအစီအရင်ရော အပါအဝင်ပဲ”

***

All Chapters