ယုံကြည်မှု
Vol. 45 Ch. 626
လူသားနှင့် နတ်ဆိုး ကာကွယ်ရေး အစီအရင်က အသင်္ချေအင်ပါယာကမ္ဘာအနေနှင့် မိစ္ဆာမျိုးနွယ်ကျူးကျော်မှုထဲ ကျရှုံးမသွားရသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်ပေသည်။ ထိုအရာ၏ အကူအညီဖြင့် ထာဝရဧကရာဇ်အများအပြားက ကမ္ဘာ၏ မျှခြေကို ပြောင်းလဲဖို့ ကြိုးစားသည့်အခါ သေဆုံးသွားကြသည်။ ထိုအရာကြောင့် ကျောင်းတော်က ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်ကို နှင်ထုတ်နိုင်ခဲ့၏။
တစ်ခုတည်းသော ဆိုးကျိုးက ကမ္ဘာအန္တရာယ် ကျရောက်လာသည့်အခါ သူ့အလိုလို အသက်ဝင်လာခြင်း ဖြစ်သည့်အတွက် အသိစိတ်ရှိကြောင်း ညွှန်ပြနေသည်။ သို့သော်လည်း လူသားနှင့် နတ်ဆိုးကံကြမ္မာ ဓားများ ပေါ်ထွက်လာပြီဖြစ်၍ ထိုအရာကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။
“ မင်းရဲ့ အစီအစဉ်က ကောင်းပါတယ်” ဖန်းလုံမျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည် “ ဒါပေမဲ့ ပင်လယ်မျိုးနွယ်မှာ ကာကွယ်ရေးအစီအရင် မရှိဘူး”
“ ခေါင်းဆောင်လုံ သမိုင်းကြောင်းတစ်လျှောက်မှာ ဒါက အလိမ်အညာဆိုတာ ကျုပ်တို့အားလုံးလည်း သိကြတာပဲ” ဝမ်ဝေ့က ပြန်လည်ချေပလိုက်သည်။
“ ခင်ဗျားတို့မျိုးနွယ် ကြွယ်ဝဖို့ ကံကောင်းမှုစုစည်းရေးပစ္စည်းတောင် ရှိမှာပဲ။ ခင်ဗျားတို့ ဧကရာဇ်တွေထဲက တစ်ယောက်က မျိုးနွယ်ကာကွယ်ရေးအစီအရင်ရဲ့ အကျိုးကျေးဇူးကို တွက်ချက်ပြီးလောက်ပြီ။ လူဦးရေအနည်းဆုံးဖြစ်တဲ့ စိတ်ဝိညာဉ်မျိုးနွယ်မှာတောင် အဲ့ပစ္စည်းနှစ်ခုကတော့ သေချာပေါက် ရှိတယ်”
“ ဂျူနီယာ မင်းက ငါ့ကို လူလိမ်လို့ ခေါ်နေတာလား” ဖန်းလုံခေါင်းဆောင်က အသံမြှင့်ကာ ပြောလိုက်၏။
“ ဂျူနီယာတဲ့လား” ဝမ်ဝေ့က ပုံမှန်တည်တည်ငြိမ်ငြိမ် အမူအရာဖြင့် ပြောလိုက်၏ “ ကျင့်ကြံသူတွေရဲ့ ကမ္ဘာက ခွန်အားအလိုက် လေးစားကြတာ မဟုတ်ဘူးလား။ လုံဟိုင် ခင်ဗျားကို လေးစားနေတာက ခင်ဗျားရဲ့ အဆင့်အတန်းကြောင့် … ခင်ဗျားရဲ့ အင်အားကြောင့် မဟုတ်ဘူး”
ခေါင်းဆောင်လုံဟိုင်၏ နဖူးအထက် သွေးကြောများ ထင်းထွက်လာသည်။
“ မယုံဘူးလား။ အဲဒါဆိုရင် ကျုပ်နဲ့ တိုက်လိုက်။ ခင်ဗျားရဲ့ တည်ရှိမှုကို ဖယ်ရှားပစ်ဖို့ ကျုပ် လက်ဘယ်နှစ်ချောင်းလောက်ပဲ သုံးစရာလိုမလဲဆိုတာ သင်ယူလိုက်လေ။ တကယ်လို့ ခင်ဗျား တစ်ခါထက်ပိုပြီး အသက်ရှင်ခဲ့မယ်ဆိုရင် ခင်ဗျားရဲ့ နာမည်က သမိုင်းကြောင်း တစ်လျှောက်မှာ ထာဝရ ကျန်ရှိနေမှာပဲ”
အစည်းအဝေးက တိတ်ဆိတ်သွားကာ သေမျိုးကိုယ်စားလှယ်အများစုက တစ်စုံတစ်ခုကို သဘောပေါက်သွားကြသည်။ လူငယ်မျိုးဆက်က သူတို့ကို ကျော်တက်သွားလေပြီ။ ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံအများစုက သူတော်စင်အဆင့် ရောက်ရှိနေပြီဖြစ်ကာ သူတို့နှင့် အဆင့်အတူတူ ရောက်ရှိနေကြပြီ ဖြစ်သည်။
အထွတ်အထိပ်လမ်းစဉ်ကို ချိုးဖောက်ပြီးသည့်လူများပင် သူတို့၏ အဆင့်က အရေးမကြီးကြောင်း သဘောပေါက်သွားကြသည်။ အကြောင်းမှာ ထိုပါရမီရှင်များက သူတို့ကို တိုက်ခိုက်ကာ အနိုင်ပိုင်းနိုင်သေးသည် မဟုတ်ပါလော။
“ ကျုပ်တို့ခေါင်းဆောင်ရဲ့ ဒေါသကို ဗွေမယူပါနဲ့” ဖန်းလုံမျိုးနွယ်၏ ဆန့်ကျင် ကျင့်ကြံသူ ဖန်းလုံ(၁)က ပြောလိုက်သည် “ ပင်လယ်မျိုးနွယ်က ဒီကိစ္စမှာ ဝင်ပါပါ့မယ်”
သူက ကိစ္စများသည် သူတို့အတွက် မှားယွင်းနိုင်သည်ဖြစ်၍ အခြေအနေတင်းမာမှုကို ထိန်းသိမ်းဖို့ ဆုံးဖြတ်လိုက်သည်။ ကံဆိုးစွာဖြင့် သူက အနည်းငယ် နောက်ကျသွားခဲ့၏။
“ ပင်လယ်မျိုးနွယ်က အမြဲတမ်း သံသယဖြစ်ဖို့ ကောင်းတယ်” အားလုံးက ပြောသည့်သူအား လှည့်ကြည့်လိုက်သည့်အခါ လတ်တလော မူလလက်နက်တောင်၏ ဂိုဏ်းချုပ်အဖြစ် သတ်မှတ်ခံထားရသည့် လူငယ်မျိုးဆက်မှ ချန်ချန်း ဖြစ်နေသည်။
“ အဲဒါက ဘာအဓိပ္ပာယ်လဲ” ဖန်းလုံ(၁)က မေးလိုက်သည်။
“ သမိုင်းကြောင်းတစ်လျှောက် ခင်ဗျားတို့မျိုးနွယ်က ကမ္ဘာရဲ့ ကပ်ဘေးတွေမှာ ဒုက္ခအနည်းဆုံး ခံစားရတဲ့သူတွေပဲ။ ခင်ဗျားတို့က ပင်လယ်ထဲမှာပဲ နေပြီးတော့ ဘာပြဿနာမှ မရှိကြဘူး” သူက ထပ်ပြောလိုက်သည်။
“ အဲဒါက အမှန် မဟုတ်ဘူး။ ယုံကြည်မှုခေတ်ကာလတုန်းက ဘုန်းကြီးတွေက အမဲလိုက်ပြီးတော့ ကျုပ်တို့မျိုးနွယ်ကို အတင်းအကြပ် ပြောင်းလဲပစ်ခဲ့ကြတယ်။ မိစ္ဆာမျိုးနွယ်ကလည်း ကျုပ်တို့ မွေးရပ်မြေကို သစ္စာဖောက်ဖို့ ငြင်းဆန်တော့ လူအများအပြားကို သတ်ဖြတ်ခဲ့ကြသေးတယ်။ ကျုပ်တို့တွေ တိုက်ခိုက်ရင်းနဲ့ ထာဝရဦးသျှောင် အများကြီး ဆုံးရှုံးခဲ့ရတယ်။ ကျုပ်တို့လည်း ခံစားခဲ့ရတာပဲ”
“ အဲဒါက အမှန်ဆိုပေမဲ့…”
“ တော်တော့” ဝမ်ဝေ့က ပြောလိုက်သည် “ ကျုပ်တို့က သမိုင်းကြောင်းတစ်လျှောက် ဘယ်သူက ခံစားရလဲဆိုတာ ယှဉ်ပြိုင်ဖို့ ရောက်နေတာ မဟုတ်ဘူး”
တကယ်တော့ သူက ချန်ချန်းစကားကို သဘောတူ၏။ ပင်လယ်မျိုးနွယ်က ကမ္ဘာ့ပဋိပက္ခများကြားတွင် သက်ရောက်မှု အနည်းဆုံးသူများ ဖြစ်ကြသည်။
သူတို့တွင် ထာဝရဦးသျှောင် အသက်ရှင်နေသေးသည်ဟုပင် ထင်မိသည်။ အကယ်၍ ထာဝရဦးသျှောင်ရှိနေမည့် အင်အားစုတစ်ခု ရှိမည်ဆိုလျှင် သူတို့သာလျှင် ဖြစ်လိမ့်မည်။ ဘိုးဘေးဝမ်ဝူချန်က အသင်္ချေအင်ပါယာကမ္ဘာတွင် ထာဝရဦးသျှောင် မရှိတော့ကြောင်း ပြောခဲ့သော်လည်း သူ့အနေနှင့် ရာနှုန်းပြည့် မသေချာခဲ့ပေ။
နောက်ဆုံးတွင် ဝမ်ဝေ့က ပင်လယ်သမုဒ္ဒရာအောက်ခြေတွင် ကြောက်မက်ဖွယ်အရာ တည်ရှိနေမည်ကို စိုးထိတ်မိ၏။ သူက ကမ္ဘာမြေတွင် နေစဉ်အခါက ချူးထူလုအကြောင်း သဘောတရားများစွာကို ဖတ်ရှုခဲ့ဖူးသည်။
အကယ်၍ အသင်္ချေအင်ပါယာကမ္ဘာ၏ ပင်လယ်အနက်တွင် အသက်ရှင်နေထိုင်နိုင်မည့် သတ္တဝါ ရှိနေပါက မည်မျှကြောက်ဖို့ကောင်းမည်မှန်း တွေးကြည့်၍ မရပေ။
“ ပင်လယ်မျိုးနွယ်က သဘောတူတယ်။ ကျုပ်တို့တွေ ဆက်ပြီးတော့ ဆွေးနွေးကြမယ်”
“ ကောင်းပြီ။ ဒါပေမဲ့ နတ်ဆိုးမျိုးနွယ်က ဘာမှမလုပ်နိုင်ဘူး” ရွှေခြင်္သေ့ခေါင်းဆောင်က ဝင်ပြောလိုက်သည် “ ငါတို့ဆီမှာ အစီအရင်ကို အသက်သွင်းဖို့ နတ်ဆိုးကံကြမ္မာဓား မရှိဘူး”
“ ဓားက ကျုပ် လက်ထဲမှာ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည် “ ယုံကြည်မှုကို ပြသတဲ့အနေနဲ့ ခင်ဗျားတို့ မျိုးနွယ်ဆီကို ပေးမယ်”
နတ်ဆိုးမျိုးနွယ် ကိုယ်စားလှယ်များက ချက်ချင်းဆိုသလို အံ့အားသင့်သွားကြသည်။ သို့သော် သူတို့က အခြေအနေကို သုံးသပ်ပြီး ကျေးဇူးမတင်နိုင်ခင် တစ်ယောက်က ဝင်၍ ကန့်ကွက်လိုက်သည်။
“ ဂိုဏ်းချုပ်ဝမ်ဝေ့ ဒါက အကြံကောင်း ဟုတ်ရဲ့လား”
“ ကျုပ်ရော အဲလိုထင်တယ်။ ကျုပ်တို့ အင်အားစုတွေ လုံလုံခြုံခြုံ သိမ်းဆည်းထားတဲ့ နေရာမှာထားတာ အကောင်းဆုံးလို့ထင်တယ်”
“ ကျုပ်ရော သဘောတူတယ်”
“ ကျုပ်ရောပဲ”
“ ခင်ဗျားတို့လူသားတွေက ကျုပ်တို့နတ်ဆိုးမျိုးနွယ်ရဲ့ ကံကောင်းမှုကို ထိန်းချုပ်ချင်နေကြတာပဲ”
“ မင်းတို့လူတွေ လုပ်ခဲ့တာတွေအရ ငါတို့ကို အပြစ်တင်နေတာလား”
“ အဲဒါဆို ကျုပ်တို့အပေါ် လုပ်တာရော” နတ်ဆိုးကိုယ်စားလှယ်က ပြန်လည်တုံ့ပြန်လိုက်သည် “ နှစ်သန်းထောင်ချီကြာ ဖိနှိပ်ခံရပြီးတဲ့နောက်မှာ ခင်ဗျားတို့မျိုးနွယ်က ရွှေလူဝံဧကရာဇ် သတ်ခဲ့တဲ့ အရေအတွက်ထက်တောင် ပိုပြီးတော့ သတ်ခဲ့ကြသေးတယ်”
“ ငါတို့ရဲ့ အပြုအမူက သမိုင်းကြောင်း တစ်လျှောက် နောက်ထပ်ဖြစ်မလာအောင် ကာကွယ်ထားရုံပဲ”
“ မင်းတို့နတ်ဆိုးတွေက ဒီကမ္ဘာကနေ အမြစ်ဖြတ်သုတ်သင်မခံရတာကို ဝမ်းသာသင့်တယ်”
“ ကောင်းပြီ။ ဒီကိစ္စတွေ ရပ်လိုက်တော့” ဝမ်ဝေ့က ပြောလိုက်သည်။ ဤသို့သော အငြင်းအခုန်မျိုးတွင် ခေတ်ကာလ၏ သားတော်အနေအထားက အသုံးဝင်လာသည်။
“ ခင်ဗျားတို့အားလုံးက ရေရှည် တွေးသင့်တယ်။ အသင်္ချေအင်ပါယာကမ္ဘာရဲ့ နယ်နိမိတ်ကို ကျော်လွန်ပြီးတော့ အဆုံးမဲ့လေဟာနယ်တစ်ခုလုံးကို ထည့်တွေးကြည့်ကြ”
အားလုံးက သူ့စကားဆုံးအောင်အထိ နားထောင်နေကြသည်။
“ ကုရွှမ်းရဲ့ စစ်ဆေးမှုကနေ အခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် ခေတ်ကာလဖိနှိပ်နိုင်တဲ့ ပါရမီရှင်လို့ ဆိုနိုင်တဲ့လူတွေ ဒိုင်မေးရှင်းအနိမ့်မှာ ပေါ်ထွက်လာတာ သတိထားမိကြမှာပါ။ အဲဒါက တခြားကမ္ဘာ့အသိုက်အဝန်းတွေမှာလည်း ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ်ခေတ်ကာလ ပေါ်ထွက်လာလုနီးပါးပဲ။ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ်ခေတ်ကာလရဲ့ တာဝန်က ဘာလဲ”
“ ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်ဖို့”
“ အတိအကျပဲ။ အဲဒါကြောင့် ဒီမျိုးဆက်မှာ ကမ္ဘာ့အသိုက်အဝန်း သုံးထောင်ကနေ ထာဝရဧကရာဇ်ဒါဇင်ကျော် ထွက်ပေါ်လာဖို့ အခွင့်အရေးများတယ်။ တကယ်လို့ အဲဒီလူတွေကသာ အသင်္ချေအင်ပါယာကမ္ဘာကို ချက်ကောင်းထိနှက်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးဖို့ ကြိုးစားမယ်ဆိုရင် ဘယ်လောက်တောင် ရှုပ်ထွေးလာမလဲ တွေးကြည့်လိုက်စမ်းပါ”
ထို့နောက် ဝမ်ဝေ့က နတ်ဆိုးမျိုးနွယ်ကိုယ်စားလှယ်အား ကြည့်လိုက်သည်။
“ ကျုပ် တဲ့တိုးပဲ ပြောမယ်။ ခင်ဗျားတို့နတ်ဆိုးမျိုးနွယ်က တကယ်ကို အလားအလာရှိတဲ့ ပြဿနာတစ်ခုပဲ။ လူသားမျိုးနွယ်အပေါ် အမုန်းတရားက ခင်ဗျားတို့ရဲ့ သစ္စာဖောက်မှုကို ဖြစ်လာစေနိုင်တယ်”
“ ငါတို့က ဘယ်တော့မှ အဲ့လိုမလုပ်ဘူး။ အသင်္ချေအင်ပါယာကမ္ဘာက မင်းတို့လူသားတွေလိုမျိုး ငါတို့အတွက်လည်း မွေးရပ်မြေပဲ” ရွှေငှက်ကြီး ခေါင်းဆောင်က ဝင်ပြောလိုက်သည်။
“ အဲ့လို ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျုပ် သဘောထားက မပြောင်းလဲဘူး” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။
“ ခင်ဗျားရဲ့ မျိုးနွယ်ကို သုတ်သင်ပစ်လိုက်တာက ဒီပြဿနာရဲ့ ဖြေရှင်းနည်းတစ်ခုပဲ။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ပေးဆပ်ရမဲ့ တန်ကြေးကို ရှောင်ရှားချင်တယ်။ အဲဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့က ခင်ဗျားတို့ဆီ ဓားကိုပေးမယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက မြေခွေးမျိုးနွယ်ကို ကြားခံအဖြစ် သုံးပြီးတော့ မြောက်ပိုင်းကုန်းမြေနဲ့ စီးပွားရေး လုပ်မယ်။ ကျုပ်တို့ကြားက ဆက်ဆံရေးက ဒီနည်းလမ်းနဲ့ ဖြည်းဖြည်းချင်း အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်တယ်”
ထို့နောက် သူက တခြားသူများအား ကြည့်ကာ “ ခင်ဗျားတို့ တချို့လည်း ကျုပ်တို့ နည်းလမ်းအတိုင်း လိုက်လုပ်ဖို့ မျှော်လင့်တယ်”
ဝမ်ဝေ့က တာအိုကို သက်သေပြပြီးသည့်နောက်တွင် တစ်ကမ္ဘာလုံး၏ စွမ်းအားကို ပြန်လည်စုစည်းထူထောင်ဖို့ လိုအပ်သည်။ မျိုးနွယ်စုအားလုံး၏ မဟာမိတ်များ ဖွဲ့စည်းတာ အကောင်းဆုံး ဖြစ်၏။ နတ်ဆိုးကံကြမ္မာဓားအတွက်မူ နောက်ပိုင်းမှ ပြန်လည်ယူဆောင်နိုင်သည်။
ထိုအခါ သူက တခြားမျိုးနွယ်၏ ဓားများပင် ယူဆောင်မည်ဖြစ်သောကြောင့် နတ်ဆိုးမျိုးနွယ်က အငြင်းပွားမည် မဟုတ်ပေ။ သူတို့ကို ဆက်ဆံရေးကောင်း တည်ဆောက်ခြင်းဖြင့် ကူညီပေးနိုင်သည်။
တခြားလူများကလည်း သူတို့၏ နောက်အဆင့်ကို စဉ်းစားနေကြသည်။ နတ်ဆိုးမျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ဖို့က မထိုက်တန်ပေ။
မြောက်ပိုင်းကုန်းမြေက အဖိုးတန် အရင်းအမြစ်နည်းပါးသည့် ကျပ်တီးကုန်းမြေတစ်ခု ဖြစ်ရာ မြောက်ပိုင်းကုန်းမြေက နတ်ဆိုးမျိုးနွယ်အပြင် အဖိုးတန်အရင်းအမြစ်နည်းပါးသည့် ကျတ်တီးကုန်းမြေတစ်ခုဖြစ်၏။ သူတို့တွင် ရှိသည့် ရှားပါးအရင်းအမြစ်များကို ထည့်တွက် ကြည့်လျှင် ဧကရာဇ်မျိုးနွယ်များက သူတို့၏ အကျိုးအမြတ်အတွက် မဖြစ်စလောက် တန်ကြေးဖြင့် ခေါင်းပုံဖြတ်ဝယ်ယူနိုင်သည်။ သူတို့နှင့် မဟာမိတ်ဖွဲ့ခြင်းက တစ်ဖက်သတ် ဖြစ်နေမည်ဖြစ်ကာ သူတို့၏ အင်အားစုကသာ နတ်ဆိုးမျိုးနွယ်များကို အကူအညီ ပေးနေရလိမ့်မည်။
ထို့အပြင် အင်အားစုအများစုက နတ်ဆိုးမျိုးနွယ်အပေါ် အမုန်းတရားများ ရှိကြသည်။ တချို့သော မသေမျိုးဆန့်ကျင် ကျင့်ကြံသူများက ရွှေလူဝံ သိမ်းပိုက်ခဲ့စဉ် ခေတ်ကာလအတွင်း ရှင်သန်ခဲ့သူများဖြစ်၍ မဟာမိတ်အဖြစ် လက်ခံဖို့ ပိုမိုခက်ခဲနေကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က အဘက်ဘက်မှ တွေးတောကာ စိတ်ခံစားချက်များကို ဖယ်ထုတ်ထားဖို့ လိုကြောင်း နားလည်ကြသည်။ ဤနည်းဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းက နတ်ဆိုးမျိုးနွယ်ဖြင့် မဟာမိတ်ဖွဲ့စည်းခြင်းဖြင့် မည်သည့်အကျိုးကျေးဇူး ရရှိသွားမည်နည်း။
အရင်းအမြစ် တိုးမြင့်လာမည် မဟုတ်သော်လည်း လွှမ်းမိုးမှုနှင့် အာဏာ ချဲ့ထွင်လာနိုင်လိမ့်မည်။ နှစ်များစွာ ဖိနှိပ်ထားပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်က မျိုးနွယ်စုအသီးသီးကို ထည့်စဉ်းစားလျှင်ပင် သူတို့အားလုံးက အတူတကွပေါင်းစည်းကာ အားကောင်းသည့် တစ်ခု ဖြစ်လာကြရသည်။
အကယ်၍ တာအိုအခွင့်အလမ်းဂိုဏ်းက နတ်ဆိုးမျိုးနွယ်နှင့် မဟာမိတ်ဖွဲ့ခဲ့လျှင် အသင်္ချေအင်ပါယာကမ္ဘာတွင် သူတို့၏ လွှမ်းမိုးမှု ပိုမိုအားကောင်းလာလိမ့်မည်။
“ ထာဝရအိပ်မက်ဂိုဏ်းက ကျွန်မတို့ရဲ့ မဟာမိတ်ကို အမြဲထောက်ခံတယ်” ဂိုဏ်းချုပ် ထန်ကျစ်ချန်းက ပြောလိုက်သည်။
“ ကျောင်းတော်ကလည်း နတ်ဆိုးမျိုးနွယ်တွေကို ကူညီပေးမယ်” စုန့်လီက ပြောလိုက်၏။ သူ့အနောက်တွင် ဓားရေးစံအိမ်၊ ထိုက်ယီနက်နဲမုခ်နှင့် ယင်စန္ဒာနန်းဆောင် အစရှိသည့် ထိပ်တန်းဧကရာဇ်မျိုးနွယ်အများစုက သဘောတူလာကြသည်။ အကြောင်းမှာ သူတို့က တာအိုအခွင့်အလမ်းဂိုဏ်း၏ လွှမ်းမိုးမှုကို မများပြားစေလိုပေ။
ဝမ်ဝေ့က သူ ဂရုမစိုက်သည့်အလား ခေါင်းညိတ်လိုက်၏။ ထိုလူများက ရည်ရွယ်ချက်သန့်သန့် မရှိကြပေ။ ထိုစဉ် သူကမူ သူ့အစီအစဉ်များ အောင်မြင်ဖို့ရာ နတ်ဆိုးမျိုးနွယ်နှင့် အမှန်တကယ် ပူးပေါင်းလို၏။
“ နတ်ဆိုးမျိုးနွယ်ကိုယ်စား ဒီနေရာမှာရှိတဲ့လူအားလုံးကို ကျေးဇူးတင်ပါတယ်” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည်။ ထိူလူများသည် စကားမျှသာဖြစ်ကြောင်း သိထားလေ၏။ သူမက မြောက်ပိုင်းကုန်းမြေ၏ အခြေခံအပြောင်းအလဲများကို မမြင်ရခင်အထိ မျှော်လင့်ချက်မထားပေ။
“ ကျုပ်တို့တွေ သဘောတူပြီဆိုမှတော့ အရင်းအမြစ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရအောင်” ဝမ်ဝေ့က ပြောလိုက်သည်။
***