← Chapters

စောစောစီးစီး ထွက်သွားမလို့လား

Vol. 50 Ch. 692

စောစောစီးစီး ထွက်သွားမလို့လား

Vol. 50 Ch. 692

ဝေကျီတောက်က  ရှန့်ဟဲကောင်းကို တစ်ချက် ကြည့်လိုက်၏။ ယခု အခိုက်အတန့်လေး၌ ရှန့်ဟဲကောင်းမှာ အရေးကြီးဆုံး ဖြစ်နေသည်။ အကယ်၍ ရှန့်ဟဲကောင်းက ဖန်းဟုန်ကို လျစ်လျုရှုဖို့ ရွေးချယ်ခဲ့မည် ဆိုလျှင် သူက ချက်ချင်း တိုက်ခိုက်မည် ဖြစ်၏။

ဖန်းဟုန်လို ဆန်ကုန်မြေလေးမှာ သူ့ပိုင်နက်အတွင်း လူများကို ခေါ်လာရဲသည့်အတွက် အထိုးခံသင့်ပေသည်။

ရှန့်ဟဲကောင်းက ဟန်ချင်းရုကို သယ်ထားသည့် မိုဝူကျိအား တစ်ချက်ကြည့်ကာ

“ အစ်ကိုကျီတောက် … ဘေးကင်းနွယ်တောင်က ကျုပ်တို့ရဲ့ ခိုလှုံရာ နေရာ တစ်ခု ဖြစ်လာတာက ကျုပ်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြပြီး မျှခြေကို ထိန်းထားနိုင်ကြလို့ပါ။ ဒီနေ့တော့ အစ်ကိုကျီတောက်က အပြင်လူတစ်ယောက်ကို ခေါ်ပြီး စည်းမျည်းတွေကို ဖောက်ဖျက်ခဲ့တယ်။ နတ်ဆိုးလက်ရဲ့ သစ္စာဖောက်ကိုလည်း လက်ခံပေးထားသေးတယ်။ အဲဒါကြောင့် ကျုပ်  ဒီကိစ္စကို  အစ်ကိုဖန်းဘက်ကနေ ရပ်တည်ပေးရလိမ့်မယ် … ”

ဝေကျီတောက်က ခပ်ယဲ့ယဲ့ ပြုံးကာ  “ ရှန့်ဟဲကောင်း … မင်းက နောက်ခံကောင်းကောင်း တွေ့သွားတာပေါ့။ ဒီလိုဆိုမှတော့ ငါတို့တွေ ဘာမှ ပြောနေစရာ မလိုတော့ဘူး။ မင်းတို့က ဒီကို လိုချင်မှတော့  တိုက်ကြစို့  …. ငါ ဝေကျီတောက်က တစ်ယောက်မှ မကြောက်ဘူးကွ ”

ရှန့်ဟဲကောင်း အသံမှာအေးစက်လာပြီး

“ အစ်ကိုကျီတောက် နားလည်မှု မလွဲပါနဲ့။ ခင်ဗျား ဘယ်လောက် အားကောင်းကောင်း တစ်ယောက်တည်းပဲ ရှိတာလေ။ ကျုပ်တို့က အခု အင်မော်တယ် ဧကရာဇ် ငါးယောက် ရှိတယ်။ တကယ်ကြီး တစ်ယောက်တည်း တိုက်ချင်တာလား ”

မိုဝူကျိက လက်ကို မြှောက်ကာ ဝေကျီတောက်အား ကျောက်စိမ်းပုလင်း ပေးလိုက်ပြီး  “ အင်မော်တယ်ရောင်းရင်း ကျီတောက် …  ဘာမှ မလုပ်ခင် အရင်ဆုံး ဒီဆေးလုံးတွေကို သောက်လိုက်ပါဦး ”

ဝေကျီတောက်က ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့စိတ်စွမ်းအားဖြင့်  သဘာဝကျီဆေးလုံး သုံးလုံး ပါဝင်နေကြောင်း သိလိုက်၏။

လက်ရှိ ဝေကျီတောက်က ရှန့်ဟဲကောင်း စကားများကို အာရုံမစိုက်တော့ဘဲ သဘာဝကျီဆေး သုံးလုံးကို သောက်ပစ်လိုက်သည်။ ဖော်ပြမရသည့် အင်အားများက သူ့အသိစိတ်ပင်လယ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်ထဲ စီးဝင်သွားပြီး အလျှင်အမြန် ကုသပေးနေသည်။ သူ့ပျက်စီးနေသော ဝိညာဉ်မှာ အပြည့်အဝ မတည်ငြိမ်သေးသော်လည်း ယခုအခါ လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်လေပြီ။

“ ဂိုဏ်းချုပ်မိုကို ကျေးဇူးအများကြီး တင်ပါတယ် ” ဝေကျီတောက်က လက်နှစ်ဖက် ယှက်ကာ မိုဝူကျိဘက် လှည့်ပြောလိုက်၏။ ထို့နောက် ဖန်းဟုန်ဆီ ရှေ့တက်သွားတော့သည်။

“ တိုက် ..” ဖန်းဟုန်က ဝေကျီတောက်၏ အပြုအမူကို မြင်လိုက်သည့်အခါ လက်သီးချက် တစ်ချက် ထိုးခွင်းရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဘေးကင်းနွယ်တောင်၌ မည်သူကမှ မှော်ရတနာကို ထုတ်မသုံးရဲကြချေ။ မိုဝူကျိကဲ့သို့ ရှားပါးသည့် လူအရေအတွက်လောက်သာ တိုက်ခိုက်သည်နှင့် လက်နက်ကို ဆွဲကိုင်ခြင်း ဖြစ်၏။

ဤနေရာ၌ မှော်ရတနာကို ဆွဲထုတ်လိုက်ခြင်းက လက်နက်တွင်  အင်မော်တယ် စွမ်းအင် ပါဝင်နေသရွေ့ ဓားစွမ်းအင် ထိုးဖောက်နိုင်သည့် အခြေအနေကို ဖြစ်သွားစေလိမ့်မည်။ တခြားနည်းဖြင့် ပြောရလျှင် မှော်ရတနာကို အသုံးပြုခြင်းက ကိုယ့်ဘာသာ ဝန်ထုပ်ပိုလာစေခြင်း ဖြစ်၏။

အားလုံးက ဤနေရာကို တိုက်ခိုက်ရန် ရောက်လာကြမှန်း သိသည့်အတွက် ဝေကျီတောက် တိုက်ခိုက်သည်နှင့် ဖန်းဟုန်နှင့် အခြားအင်မော်တယ် ဧကရာဇ်နှစ်ယောက်လည်း စတင် တိုက်ခိုက်လိုက်ကြသည်။ ဧကရာဇ် တပိုင်းအဆင့်သာ  အနည်းငယ် နှေးကွေးနေလေ၏။

ရှန့်ဟဲကောင်းက ဝေကျီတောက်၏ အခြေအနေကို မြင်သည်နှင့် သူက ဝေကျီတောက်နှင့် ယှဉ်တိုက်ချင်သော်လည်း ရှေ့တစ်လှမ်းသာ တိုးပြီး အတင်းရပ်တန့်လိုက်လေ၏။

ဖန်းဟုန်နှင့် ဝေကျီတောက်၏ စွမ်းအားစက်ကွင်းချင်း ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ သူ့စိတ်ထဲ လေးလံသွားတော့သည်။ သူက ဝေကျီတောက်ကို အမြဲတမ်း အထင်ကြီးမိသော်လည်း ယနေ့၌ သူကား ဝေကျီတောက်၏ တစ်ဝက်မျှပင် မသန်မာကြောင်း သိလိုက်ရ၏။

ဝေကျီတောက်က အင်မော်တယ် စွမ်းအားများ စီးဆင်းနေသည့် ပင်လယ်ကြီးအလား ဖြစ်နေပြီး သူ့စိတ်စွမ်းအားရှိ အက်ကြောင်းတို့မှာ အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။ ရှန့်ဟဲကောင်းအနေနှင့်  ဝေကျီတောက်၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်မှာ အစောပိုင်းကတည်းက  ထိခိုက်မှု ရှိရဲ့လားဟု  သံသယ ဝင်လာမိသည်။

“ ဘုန်း ဘုန်း ဘုန်း  ….” အင်မော်တယ်စွမ်းအားများ တွေ့ဆုံသွားကာ ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွား၏။ ဖန်းဟုန်က သူ့တစ်ကိုယ်လုံးမှာ ပျောက်ကွယ်သွားတော့မည့်အလား ခံစားနေရ၏။ သူက နာကျင်မှုနှင့်  ထုံထိုင်းနေပြီးသား ဖြစ်သော်လည်း အသားများမှာလည်း စုတ်ပြတ်သွားကာ  သွေးများလည်း စီးကျနေသည်။

သူက လွှင့်စင်သွားသောကြောင့် တစ်ခုကို နားလည်လိုက်ရသည်။ ဝေကျီတောက် တိုက်ခိုက်သည့်အခါ သူက သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့အပေါ် သက်ရောက်နေသည့် ဓားစွမ်းအင်များကို ချုပ်ထိန်းနိုင်သည့် နည်းလမ်း ရှိပေလိမ့်မည်။ မဟုတ်လျှင်  သူတို့ကြားရှိ အင်အားကွာခြားချက်မှာ ထိုမျှအထိ ကြီးမားမည် မဟုတ်ပေ။

ရှန့်ဟဲကောင်း တစ်ယောက် သူ့ဘက် နေသည့် အကြောင်းအရင်းမှာ ဝေကျီတောက်က စည်းမျည်း ချိုးဖောက်၍ မဟုတ်ဘဲ သူ ဖန်းဟုန်က  ဓားစွမ်းအင်မြစ်မှ ရေများများ သယ်ဆောင်နိုင်သည့် နည်းလမ်းကို ရှာတွေ့ထား၍ ဖြစ်ပေသည်။ ရှန့်ဟဲကောင်းက သူ့နောက် လိုက်ရန် ရွေးချယ်ခြင်းမှာ ထိုထဲမှ ရေတချို့ကို လိုချင်၍ ဖြစ်သည်။ သူက ဓားစွမ်းအင်မြစ်မှ ရေ ပမာဏ များများ ရသည်နှင့် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပြန်ကောင်းလာပြီး  တိုက်ခိုက်သည့်အခါ ချုပ်ထိန်းနေစရာ မလိုတော့ပေ။

ထိုသည်မှာ ဝေကျီတောက်အား ဆန့်ကျင်ရဲသည့် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်ပေသည်။ သိသာလှစွာ ဝေကျီတောက်ကလည်း သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်အား ပြန်လည် ကောင်းမွန်လာစေမည့် နည်းလမ်းကို ရှာတွေ့ထားလေ၏။

ဝေကျီတောက်၏ အဓိက ရည်ရွယ်ချက်မှာ ဖန်းဟုန် ဖြစ်သော်လည်း အခြားအင်မော်တယ် ဧကရာဇ်များနှင့် ရင်ဆိုင်ရသည့်အခါ သူ့အင်မော်တယ်စွမ်းအားများက အင်အားတူ ထွက်ပေါ်လာသည်။ မိုဝူကျိ၏ သဘာဝကျီဆေးလုံးက သူ့အား ယုံကြည်ချက်နှင့် အင်အားကို ပေးစွမ်း၏။ ယခုအချိန် ဝေကျီတောက်  မြင်လိုသည်မှာ သူ့ဝိညာဉ် တည်ငြိမ်လာသည်နှင့်  ထုတ်ဖော်လိုက်သည့် လက်သီးချက်ကို ပစ်ခွင်းပြီးနောက်  ဖန်းဟုန်၏ အံ့အားသင့်သွားမည့် အမူအယာကို ဖြစ်၏။

ဝေကျီတောက်က တိုက်ခိုက်နေသောကြောင့် မိုဝူကျိက မလှုပ်မရှား မနေနေတော့ပေ။ သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ကာ  စွမ်းအားစက်ကွင်းကို ထုတ်ဖော်ပြီးသည်နှင့် ပုဆိန်လှံရှည်ကို ဝေ့ယမ်းချလိုက်သည်။

ပုဆိန်လှံရှည် အလင်းတန်းမှ လေဟုန်ဆန်မြစ် ရိုက်ချက် ဖြစ်ပေါ်လာပြီး ကောင်းကင်မှ မြစ်တစ်တစင်း စီးကျလာကာ  ဖန်းဟုန်ဘေးမှ အင်မော်တယ် ဧကရာဇ် အစောပိုင်းအား ရင်ဆိုင်လိုက်သည်။ မိုဝူကျိနှင့် ကျန်လူများ၏ ခြားနားချက်မှာ သူက ချုပ်တည်းထားစရာ မလိုဘဲ အားအပြည့် ထုတ်သုံးနိုင်ခြင်း ဖြစ်ပေသည်။

လခြမ်းကွေး အလင်း လေဟုန်ဆန်မြစ်က နေရာတစ်ခုလုံး ထိုးဖောက်လာကာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းထဲ ပိတ်မိနေသော အင်မော်တယ် ဧကရာဇ်ဆီ တရှိန်ထိုး ဝင်ရောက်လာသည်။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ  မဟာလော့ရှန်းအဆင့်သာ ရှိသေးသောကြောင့် အားနည်းနေသော်လည်း သူ့အင်အားမှာ မဟာလော့ရှန်း ပြီးပြည့်စုံခြင်းအဆင့်ထက် သာလွန်နေပြီး  အားနည်းနေသော အင်မော်တယ်ဘုရင်တချို့ထက် ပိုသာသေး၏။

ဓားအကျဉ်းထောင်ထဲ ရောက်ရှိပြီးနောက် သူ့အင်အားမှာ နည်းနည်းလေးမှ လျော့ကျမသွားပေ။

ဖန်းဟုန် နောက်မှ အင်မော်တယ် ဧကရာဇ်အချို့မှာ ဓားစွမ်းအင်ကြောင့် ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့မှာ ပျက်စီးကုန်ပြီး တိုက်ပွဲမှာ အဆုံးသတ်သွားတော့သည်။

ထို့အပြင် ဝေကျီတောက်၏ အင်မော်တယ်စွမ်းအားမှာ ထိုအင်မော်တယ် ဧကရာဇ်ပေါ် ထိန်းချုပ်ထားဆဲ ဖြစ်ကာ ယခု မိုဝူကျိ၏ လေဟုန်ဆန် မြစ် ကျရောက်လာသောကြောင့် မိုဝူကျိ၏ ပထမ ပုဆိန်လှံရှည် အလင်းချက်ကို  သူ့စွမ်းအားစက်ကွင်းက ကာမိရုံလောက်သာ ဖြစ်၏။

ဒုတိယ တိုက်ခိုက်မှုမှာ သူ့စွမ်းအားစက်ကွင်းကို ဖျက်စီးသွားသောကြောင့် ထိုအင်မော်တယ် ဧကရာဇ်က ဓားစွမ်းအင်များ ထိုးဖောက်မှုကို အာရုံမစိုက်နိုင်တော့ဘဲ  ဓားမော့ကို ဆွဲထုတ်လိုက်သည်။

“ ဒုန်း ” ဓားမော့က လေဟုန်ဆန်မြစ် ရိုက်ချက်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ထိုအင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ စတေးကာ  ထုတ်လွှင့်လိုက်သော ဓားမော့အလင်းက ပုဆိန်လှံရှည် အလင်းတန်း၏ တားဆီးခြင်းကို ခံလိုက်ရပြီး ထိုပုဆိန်လှံရှည်အလင်းက မြစ်သဖွယ် ပြောင်းလဲသွားကာ သူ့အား လွှမ်းခြုံသွား၏။

“ ဘုန်း  ” မိုဝူကျိ၏ တိုက်ခိုက်မှုအောက်တွင် ထိုအင်မော်တယ် ဧကရာဇ်၏ အားနည်းနေသော အရိုများအားလုံး ကျိုးကြေကုန်သည်။

လေဟုန်ဆန်မြစ်က သူ့ကို သေသည့်အထိ ဆွဲခေါ်သွားသည်ကို မြင်လိုက်ရသည့်အခါ ကြာပွတ်ရှည် တစ်ချောင်း ရောက်ရှိလာပြီး ထိုအင်မော်တယ် ဧကရာဇ်အား ဆွဲခေါ်သွားတော့သည်။ သူ့လေဟုန်ဆန်မြစ်မှာ  ပေတစ်ရာနက်သည့် တွင်းနက်ကြီးကို ဖြစ်ပေါ်သွားစေ၏။

နေရာတစ်ခုလုံး ထိုသေစေလောက်သည့် မြင်ကွင်းကို ကြည့်ကာ တိတ်ဆိတ်သွားသည်။

မိုဝူကျိက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ဆွဲကိုင်ကာ  ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်အား အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ့လက်ထဲ၌ သေတော့လုနီးပါး ဖြစ်နေသည့် အင်မော်တယ် ဧကရာဇ်ကို ရှန့်ဟဲကောင်း၏ ကြာပွတ်ရှည်က ကယ်တင်သွားခဲ့၏။

မိုဝူကျိက တကယ်အင်အား၏ ၀.၀၀၁ ရာခိုင်နှုန်းပင် မရှိသည့်  အင်မော်တယ် ဧကရာဇ်တစ်ယောက်ကို သတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်မှာ သူ့တကယ်အင်အားကြောင့် မဟုတ်ဘဲ ဝေကျီတောက်၏ ချုပ်ထိန်းမှုကြောင့် ဖြစ်မှန်း ကောင်းကောင်း သိ၏။

ယခု ဝေကျီတောက်က မတိုက်ခိုက်တော့သောကြောင့် သူက ဦးဆုံး စမတိုက်သင့်ပေ။

ရှန့်ဟဲကောင်းက ဖန်းဟုန်၏ လူကို ကယ်တင်ပြီးနောက် မိုဝူကျိကို ကြည့်နေရုံမှ အပ ဘာမှ မလုပ်ပေ။ ထို့နောက် သူက လက်နှစ်ဖက် ယှက်ကာ မေးလိုက်သည်

“ အင်မော်တယ်ရောင်းရင်းကို ဘယ်လိုများ ခေါ်ရမလဲ …. ”

ရှန့်ဟဲကောင်း၏ လေသံမှာ လေးနက်နေရုံသာမက သူ့သဘောထားမှာလည်း လေးစားမှုများ ပါဝင်နေသည်။ ထိုစဉ် ဖန်းဟုန်ပင် ဆက်၍ ဘာမှမလုပ်တော့ပေ။ မိုဝူကျိဘေးနား ရပ်နေသည့် ဝေကျီတောက်ပင် မိုဝူကျိအား အထိတ်တလန့် ကြည့်လိုက်၏။

မိုဝူကျိ၏ ကျင့်ကြံဆင့်ကို မပြောလျှင်ပင် အားလုံးက မိုဝူကျိသည် သူ့လက်နက်ဖြစ်သည့် ဓားစွမ်းအင်များ စုပ်ယူရာ၌ အသိများသော  ပုဆိန်လှံရှည်ကို ထုတ်ပြီး သူ့အင်အား အားလုံးကို ထုတ်သုံးကာ တိုက်ခိုက်နိုင်လိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။ လက်ရှိ သူက ဘေးကင်းနွယ်တောင်တွင် ရှိနေ၏။ အကယ်၍  ဘေးကင်းနွယ်တောင် အပြင်ဘက်သို့ ရောက်သွားပြီး ဤမျှအထိ မကြောက်မရွံ့ အင်အားအပြည့် ထုတ်ပြနိုင်ဦးမည်ဆိုလျှင် သူက အနိုင်မခံ အရှုံးမပေးသော အနေအထားတွင် ရှိလိမ့်မည်။ အတိအကျပြောရလျှင် မိုဝူကျိက တိုက်ခိုက်နေရင်း လူတစ်ယောက်အား သယ်ထားသေး၏။ ထိုသည်က ပို၍ အံ့ဩဖို့ ကောင်းလေသည်။

ရှန့်ဟဲကောင်းက သူ သတ်ခါနီး အင်မော်တယ် ဧကရာဇ် တစ်ယောက်ကို ကယ်တင်ပေးလိုက်သော်လည်း ရှန့်ဟဲကောင်းက မိုဝူကျိ၏ အဓိကရန်သူ မဟုတ်ပေ။ အဓိကရန်သူမှာ ဖန်းဟုန်သာ ဖြစ်၏။

ထို့ကြောင့် ရှန့်ဟဲကောင်းက သူ့နာမည်ကို မေးသည့်အခါ မိုဝူကျိက အသာ ပြန်ပြောလိုက်သည်  “ ဖင်းဖန်ရဲ့ မိုဝူကျိ … ”

ဖင်းဖန်ရဲ့ မိုဝူကျိလား ….

ရှန့်ဟဲကောင်းက  အနည်းငယ် ကြောင်အမ်းသွားမိစဉ် ဖေးလင်က ရုတ်တရက် ရှေ့ထွက်လာကာ ကောက်အော်လိုက်သည်  “ စီနီယာမိုက အင်မော်တယ်လောကရဲ့ နံပါတ်တစ် ဖြစ်တဲ့  ဖင်းဖန် ဂိုဏ်းချုပ်ပါ … ”

ရှန့်ဟဲကောင်း၏ အမူအယာမှာ ပြောင်းလဲသွားသလို ဖင်းဖန်၏ အမူအယာပင် ပြောင်းလဲသွားလေ၏။ သူတို့၏ ကမ္ဘာဦး စိတ်ဝိညာဉ်များမှာ ဒဏ်ရာအပြင်းအထန် ရထားသည်။ ဓားစွမ်းအင်မြစ်ရေမှာ သူတို့ကမ္ဘာဦး စိတ်ဝိညာဉ်ကို ပြန်လည် ကောင်းမွန်လာစေသော်လည်း ပြန်ကောင်းနှုန်းမှာ အရမ်းနိမ့်ကာ  လိုအပ်သည့် ရေပမာဏမှာ များပြားလွန်းပေသည်။ သူက ရေနည်နည်းသာ ရရှိပြီး ဝေကျီတောက်နှင့် တိုက်ခိုက်ပြီးနောက်တွင် သူက အကျိုးဆက်ကို စတင် ခံစားလာရသည်။

ယခု သူက မိုဝူကျိသည် အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ် ဖြစ်ကြောင်း ကြားသောအခါ သူ့အမူအယာမှာ ပို၍ပင် ပျက်ယွင်းလာသေး၏။ အမှန် ဖြစ်စေ၊ အမှားဖြစ်စေ ထိုဂုဏ်ပုဒ်က နည်းနည်း လွန်လွန်းမနေဘူးလား။

မိုဝူကျိက ဆက်ပြောလိုက်သည်

“ အင်မော်တယ်ရောင်းရင်းရှန့် …. ကျုပ်တို့က တစ်ယောက်ကို တစ်ယောက် မသိကြသေးသလို ရန်ကြွေးလည်း မဖွဲ့ရသေးပါဘူး။ အဲကြောင့် ကျုပ်တို့ကြားမှ ဘယ်လိုအမုန်းတရာမျိုးမှ မရှိဖို့ မျှော်လင့်ပါတယ်။  အင်မော်တယ်ရောင်းရင်းဝေကိုတောင် ပြောနေတာ ခဏနေရင် ခင်ဗျားဆီ လာလည်ဖို့ကို … ဒါပေမဲ့ ကျုပ်ရဲ့ စီနီယာအစ်မကို  အနိုင်ကျင့်ဖို့လုပ်တဲ့ သူဘက်က မှန်တယ်လို့ တွေးရင်တော့လည်း ကျုပ်ကို စမ်းကြည့်ပေါ့ ….

ကျုပ် မိုဝူကျိက ယီမင်ရှုတို့၊ လိန်ကူယွင်တို့၊ ကျင်းယွီရှန်းတို့ ပူးပေါင်းတိုက်ခိုက်တာတောင် ရင်ဆိုင်လာတဲ့သူ … ဘာလို့များ ရှန့်ဟဲကောင်း တစ်ယောက်ကို ဂရုစိုက်နေရမှာလဲ ”

ယခု မိုဝူကျိက ထုတ်ပြောလိုက်လေရာ ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့၏ စိတ်ထဲ၌  ယခင် ဝေကျီတောက်ကဲ့သို့ အကြောက်တရာများ ကြီးစိုးသွားလေ၏။

ယီမင်ရှု၊ လိန်ကူယွင်နှင့် ကျင်းယွီရှန်းတို့  ပူးပေါင်းတိုက်ခိုက်မှုကိုလား …. အဲဒီလူတွေရဲ့ ပူးပေါင်းတိုက်ခိုက်တာကနေ ဘယ်သူကများ လွတ်မြောက်နိုင်မှာလဲ …

သူတို့ရှေ့တွင် ရှိနေသော မိုဝူကျိက ထိုသို့ လုပ်နိုင်သည်လား။ ဤလူက အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ် ဖြစ်နေနိုင်လေ၏။ ဓားအကျဉ်းထောင်ထဲတွင် နှစ်များစွာ နေလာပြီးနောက် အင်မော်တယ်လောက၏ အပြောင်းအလဲများစွာမှာ မဖြစ်နိုင်တာ မရှိတော့ချေ။

“ အစ်ကိုရှန့်ကို အမှန်အတိုင်း ပြောပြပါ့မယ်။ ကျုပ်တို့ဂိုဏ်းချုပ်က ဓားအကျဉ်းထောင်ထဲမှာ အဖမ်းခံရတာ မဟုတ်ဘဲနဲ့ သူ့ဘာသာ တစ်ယောက်ယောက်ကို ကယ်ဖို့ ဝင်လာခဲ့တာပါ ” ဖေးလင်က သူ့ကိုယ်သူ ဖင်းဖန်အဖွဲ့ဝင်အဖြစ် အမွှန်းတင်လိုက်၏။

ရှန့်ဟဲကောင်းကို မည်သို့ ခေါ်ဝေါ်လိုက်သည်ကို စိတ်ထဲ မရှိပေ။ အကယ်၍ သူက မိုဝူကျိမရှိဘဲ အပြင်ဘက်၌ ရှိနေလျှင် အင်မော်တယ် ဧကရာဇ်တစ်ယောက်အား မည်သို့ အစ်ကိုဟု ခေါ်ဆိုရဲမည်နည်း။ သူက ဦးညွှတ်ကာ စီနီယာဟု လေးလေးစားစား ခေါ်ဆိုရလိမ့်မည်။

ရှန့်ဟဲကောင်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး မိုဝူကျိဘက် လက်နှစ်ဖက် ယှက်ကာ

“ ဂိုဏ်းချုပ်မိုရဲ့ စကားတွေက လေးနက်လွန်းနေပါပြီ။ ကျုပ်တို့ သမာဓိတောင်က ကြားနေပါ။ ဂိုဏ်းချုပ်မိုကို ဆန့်ကျင်ဖို့ ရောက်နေတာ မဟုတ်ပါဘူး။  ပြီးတော့ ဂိုဏ်းချုပ်မိုက တစ်ယောက်ယောက်နဲ့ ထိပ်တိုက် တွေ့ရင်တောင်  ကျုပ်တို့  သမာဓိတောင်က ကြားနေပဲ နေမှာပါ။ ကျုပ်တို့ သမာဓိတောင်က ဘေးကင်းနွယ်တောင်မှာ ဘက်မရွေးဘဲ  နေပါတယ် … ”

ထိုသို့ပြောပြီးနောက် ရှန့်ဟဲကောင်းက နောက်ဆုတ်လိုက်သည့်အခါ အင်မော်တယ် ဧကရာဇ်အချို့လည်း သူ့အတိုင်း လိုက်လုပ်လိုက်ကြသည်။ သူ့လက်ရှိ အပြုအမူများက သူ စရောက်လာစဉ်က  ပြောသည့်အတိုင်း  ဖြစ်နေလေ၏။ သူက သူနှင့် ဘာမှမသက်ဆိုင်သော  နတ်ဆိုးလက်မှ အင်မော်တယ်ဧကရာဇ်ကိုပင် ကယ်လိုက်သေး၏။

မိုဝူကျိက အေးစက်စွာ ရယ်မောလိုက်၏။ သူက ရှန့်ဟဲကောင်းလို လူမျိုးကို အရွံ့ရှာဆုံး ဖြစ်ပေသည်။ သူက ဘေးကင်းနွယ်တောင်ကို ရောက်လာခါစ ဖြစ်ပြီး  အပြင်လူအဖြစ် ယူဆ၍ ရလေသည်။ ထို့ကြောင့် ယခု ရှန့်ဟဲကောင်းနှင့် ရန်ကြွေး လုပ်မည် မဟုတ်ပေ။

“ သွားကြစို့ ” ဖန်းဟုန်က မထွက်သွားခင် မိုဝူကျိအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ ဖန်းဟုန် စောစာစီးစီး ထွက်သွားတော့မလို့လား ” မိုဝူကျိ၏ အေးစက်စက် အသံကို ကြားလိုက်ရသည်။ မိုဝူကျိအတွက် ရှန့်ဟဲကောင်းကို ဖြတ်သွားဖြတ်လာအဖြစ် ယူဆ၍ ရသော်လည်း  ဖန်းဟုန်မှာ ဟန်ချင်းရုကို အနိုင်ကျင့်ဖို့ရာ တွေးမိသူ ဖြစ်ရာ သူ့သွေးများကို ဆူပွက်လာစေ၏။

All Chapters