← Chapters

ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်

Vol. 45 Ch. 630

ကောင်းကင်လမ်းစဉ် စမ်းသပ်ချက်

Vol. 45 Ch. 630

အောင်းရှန်က သတိထားရမည်ဖြစ်သည့်အတွက် သတိကြီးသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူက တစ်နေရာတည်းတွင် စုပုံ၍ မပုံအောလိုပေ။ သူက တာအိုကို သက်သေပြဖို့ ကျရှုံးနိုင်ချေအမျိုးမျိုးအတွက် စီစဉ်ထားပြီး သူ့ကိုယ်သူ ထွက်လမ်းချန်ထား၏။

သူ့ပင်ကို သွေးမျိုးဆက်ကို ရှာဖွေပြီးသည့်နောက်တွင် အဖြေကို တွေ့ရှိခဲ့သည်။ ကောင်းကင်လမ်းစဉ် စမ်းသပ်ချက် ဖြစ်၏။ ပင်ကိုသက်ရှိများက ကြီးစဉ်ငယ်လိုက် သဘာဝရှိ၏။ သူတို့မွေးဖွားလာသည့်အဆင့်က သူတို့၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးနိုင်သည်။ သူတော်စင်အဆင့် စွမ်းအားဖြင့် မွေးဖွားလာသည့် နဂါးတစ်ကောင်က လေဟာနယ်ဖြိုခွင်ခြင်းအဆင့်ဖြင့် မွေးဖွားလာသည့်သူထက် အဆင့်အတန်း ပိုမိုမြင့်မား၏။

သို့သော်လည်း သူတို့က ကျင့်ကြံကာ တိုးတက်နိုင်သေးသည်။ ထို့အပြင် ပင်ကိုသက်ရှိများက ရှေးဟောင်းစစ်ပွဲအတွင်း ဟော်သဲ့သက်ရှိများနှင့် ရင်ဆိုင်ကာ အသက်ရှင်သန်ဖို့အတွက် ဆင့်ကဲပြောင်းလဲလာကြသည်။ သူတို့အင်အားအတွက် အဓိကအကြောင်းအရင်းက အဆင့် ၉ ပင်ကိုသက်ရှိများကို မဟာဧကရာဇ်များနှင့် လက်ရည်တူဖြစ်သည့် အဆင့် ၁၀ ဝင်ရောက်နိုင်ခွင့်ပြုထားသည့် ကောင်းကင်လမ်းစဉ် စမ်းသပ်ချက် ဖြစ်၏။

စမ်းသပ်ချက်အပြီးတွင် အစစ်အမှန် ကောင်းကင်တာအိုက သူတို့၏ ပင်ကိုစည်းမျဉ်းများကို မဟာဧကရာဇ်၏ မဟာတာအိုအရင်းအမြစ်နှင့် ယှဉ်နိုင်အောင် ကောင်းချီးပေးလိမ့်မည်။ အဆင့် ၁၀ ပင်ကိုသက်ရှိများကို ယွမ်ထီလို့ ခေါ်ပြီး ကြယ်ခြောက်ပွင့်အဖြစ် ခွဲခြားထားသည်။ ကြယ်တစ်ပွင့်က ထာဝရအရှင်အဆင့်နှင့် ညီမျှပြီး ကြယ်နှစ်ပွင့်က တာအိုဘိုးဘေးအဆင့် ဖြစ်ကာ ကြယ်သုံးလုံးကမူ တတိယတန်းစား ဧကရာဇ်ဖြစ်ပြီး ကြယ်ခြောက်ပွင့်က ထာဝရဧကရာဇ်နှင့် ညီမျှ၏။

ကောင်းကင်လမ်းစဉ် စမ်းသပ်ချက် ပေါ်ထွက်လာမှုက ပင်ကိုသက်ရှိများကို စစ်ပွဲအတွင်း အရေးသာချက် ပေးထားသော်လည်း ယာယီမျှသာ ဖြစ်၏။  လူသားများသည် ပင်ကိုသွေးမျိုးဆက်ကို သူတို့၏ ခန္ဓာကိုယ်အတွင်း ကူးပြောင်းပြီး ပင်ကိုစည်းမျဉ်းနိုးထလာတဲ့အထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီးသည့်နောက်တွင် သူတို့သည် စမ်းသပ်ချက်ကို ဖြတ်ကျော်ကာ ယွမ်ထီ ဖြစ်လာနိုင်ကြောင်း သိရှိသွားကြသည်။ တစ်ခုတည်းသော ဆိုးကျိုးက စမ်းသပ်ချက်သည် သူတို့အတွက် အဆရာချီမှ ထောင်ချီ ပိုမိုခက်ခဲသော်လည်း လူများစွာအား မလုပ်ဆောင်ဖို့ မတားဆီးနိုင်ကြပေ။

အောင်းရှန်က ကောင်းကင်တာအိုသည် သူ့အား ကောင်းကင်အလိုဆန္ဒတိုက်ပွဲ ဝင်ရောက်ဆင်နွှဲခြင်းကို မတားဆီးမှန်း သိထား၏။ အကြောင်းအရင်းက သူ့သက်သေခံ အမှတ်အသားပြားကြောင့် ဖြစ်သည်။ သို့သော်လည်း သူက တိုက်ပွဲအပြီး စမ်းသပ်ချက်ကို ခံယူလိုပါက တန်ကြေးပေးဖို့ လိုအပ်၏။ ထို့ကြောင့် သူက ကုသိုလ်ကို စုဆောင်းနေခြင်း ဖြစ်သည်။

သူက တာအိုကို သက်သေပြဖို့ ကျရှုံးသွားခဲ့လျှင် ကြယ်ခြောက်ပွင့် ယွမ်ထီ ဖြစ်လာဖို့ စီစဉ်ထား၏။ ထို့နောက် သူက ရောက်ရှိလာမည့် ခေတ်ကာလအတွင်း နတ်ဆိုးမျိုးနွယ်ကို ကာကွယ်ပေးမည်။ သူက သူ့ခန္ဓာကိုယ်ကို သန့်စင်ပြီး နတ်ဆိုးမျိုးနွယ်အတွက် ကာကွယ်ရေးရတနာ တစ်ခုချန်ထားပြီးသည့်နောက် ပြန်လည်ဝင်စားကာ ထပ်မံ ကြိုးစားမည်။

အောင်းရှန်၏ ရည်ရွယ်ချက်က ထာဝရဧကရာဇ်ဖြစ်ဖို့ ဖြစ်သည်။ အကြောင်းမှာ ထိုအရာက ကျင့်ကြံရေးအတွက် အကောင်းဆုံးလမ်းစဉ် ဖြစ်နေသည် မဟုတ်ပါလော။ ယွမ်ထီတစ်ယောက်က သူတို့ဟွင်သွမ်းကမ္ဘာမှ ထွက်လာသည်နှင့် သူတို့၏ ပင်ကိုစည်းမျဉ်းများကို ကမ္ဘာဦးစည်းမျဉ်းအဖြစ် ပြောင်းလဲတာမျိုး သို့မဟုတ် ခန္ဓာကိုယ်ကို မိစ္ဆာနတ်ဘုရားနှင့် ယှဉ်နိုင်သည့် ခန္ဓာကိုယ်မျိုးဖြစ်အောင် ပြုစုမပျိုးထောင်နိုင်သရွေ့ ဧကရာဇ်ရှေ့တွင် ကြက်တစ်ကောင်ကဲ့သို့ အားနည်းနေလိမ့်မည်။

သူက တစ်ဘဝလုံးကို ဟွင်သွမ်းကမ္ဘာ၏ ကန့်သတ်ထားမှုအောက်တွင် မနေလိုသလို သူ့ပင်ကိုစည်းမျဉ်းကို ကမ္ဘာဦးစည်းမျဉ်းအဖြစ် မည်သို့ပြောင်းလဲရမည်ကိုလည်း မသိပေ။ သူ့အတွက် အကောင်းဆုံးက ဧကရာဇ်လမ်းစဉ်လျှောက်လှမ်းဖို့ ဖြစ်၏။

အောင်းရှန်က ကုသိုလ်ကို သိမ်းဆည်းလိုက်ပြီးသည့်နောက်တွင် ထိုအရာက မလုံလောက်မှန်းသိသည့်အတွက် ထပ်မံ စုဆောင်းဖို့ စဉ်းစားနေသည်။

“ နတ်ဆိုးမျိုးနွယ်က ပိုကောင်းတဲ့ သတင်းအချက်အလက် အဖွဲ့အစည်းတစ်ခုတော့ လိုနေပြီ” သူက လက်ရှိနည်းစနစ်မှ စုဆောင်းနိုင်သော သတင်းအချက်အလက်သည် မည်မျှနည်းပါးကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ပြိုင်ဘက်များအကြောင်း အနည်းငယ်မျှသာ သိ၏။ ထို့ကြောင့် သူက ဤကိစ္စကို အလေးအနက် ကိုင်တွယ်ကာ သူ့ကိုယ်တိုင် ဝင်ပါဖို့ ဆုံးဖြတ်ခဲ့သည်။

………………………

အလယ်ပိုင်းကုန်းမြေ၊ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်

ကျောင်းအုပ်စုန့်လီက အစည်းအဝေး အဆုံးသတ်ပြီးသည့်နောက်တွင် စဉ်းစားနေ၏ “ ကြည့်ရတာ သူမရဲ့ ဆုံးဖြတ်ချက်က မှန်နေတဲ့ပုံပဲ…”

သူ့စိတ်ထဲ လွန်ခဲ့သည့်နှစ်သုံးရာခန့်က လှည့်ဖျားရေးစစ်ဆေးမှု ပြီးမြောက်သည့်အချိန်ကို ပြန်လည်စဉ်းစားမိသွားသည်။

ရှုရှစ်က ကျောင်းတော်၏ အထက်ပိုင်းလူများနှင့် အစည်းအဝေးကို တောင်းဆိုခဲ့၏။

“ ကျွန်မ တခြားကမ္ဘာ့အသိုက်အဝန်းမှာ တာအိုကို သက်သေပြချင်တယ်”

ထိုရုတ်ချည်းသတင်းကြောင့် မည်သူကမှ မတုံ့ပြန်နိုင်ကြပေ။

“ ရှုရှစ် … မင်း ဘာပြောလဲဆိုတာကို သိရဲ့လား” စုန့်လီက ပြန်လည်ထိန်းပြီးသည့်နောက်တွင် မေးလိုက်သည်။

“ တာအိုကို တခြားကမ္ဘာမှာ သက်သေပြတာက မင်းက နယ်ခြားတစ်ယောက်ဖြစ်သွားပြီလို့ ဆိုလိုတာပဲ။ မင်းက အမွေအနှစ်ကို ကျောင်းတော်အတွက် ထားခဲ့ရင်တောင် ငါတို့တွေက ကံကောင်းမှုနဲ့ ကံကြမ္မာကို ဘာမှရရှိမှာ မဟုတ်ဘူး”

ရှုရှစ်က သူမ၏ အပြုအမူသည် မနှစ်မြို့ခံရမည်မှန်း သိထားသလို အကျိုးဆက်ကို ကောင်းကောင်းသိထားသည်။ ဧကရာဇ်ဖြစ်လာပြီးသည့်နောက် သူမက ကျမ်း၊ အသုံးအဆောင်ပစ္စည်းများ၊ အစီအရင်နှင့် တခြားသော အရင်းအမြစ်များကို ဂိုဏ်းအတွက် ချန်ထားခဲ့လျှင်ပင် ကျောင်းတော်၏ ဧကရာဇ်အဖြစ် သတ်မှတ်ခြင်းခံရမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ကံကောင်းမှု သို့မဟုတ် ကံကြမ္မာကို လက်ခံရရှိမည် မဟုတ်ပေ။ သူမက အသင်္ချေအင်ပါယာကမ္ဘာတွင် တာအိုကို ဟောပြောပို့ချလျှင်ပင် သူမက နယ်ခြားဧကရာဇ်တစ်ယောက်ဖြစ်နေ၍ အကျိုးကျေးဇူးရှိမည် မဟုတ်ပေ။

“ အကျိုးဆက်ကို နားလည်ပါတယ်” သူမက ရှင်းပြလိုက်သည် “ ဒါပေမဲ့ ဒီစစ်ဆေးမှုအပြီးမှာ နောက်ဆုံးတိုက်ပွဲမှာ အနိုင်ရရှိနိုင်ချေက အတော်လေးကို နည်းပါးတယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မ အရှုံးမခံနိုင်ဘူး”

အကြီးအကဲများက ထိုစစ်ဆေးမှုအကြောင်း သိထား၍ တိတ်ဆိတ်သွားကြသည်။ သူတို့က သူတို့၏ ကောင်းကင်ရွေးချယ်ခံသည် သေမျိုးနှင့် မသေမျိုးကြားမှာ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့သည်ကို သိသည့်အခါ စိတ်လှုပ်ရှားသွားခဲ့ကြ၏။ သို့သော် သိပ်မကြာခင် အသင်္ချေအင်ပါယာကမ္ဘာမှ တခြားသော ပြိုင်ပွဲဝင်များကလည်း အတူတူလုပ်နိုင်ကြောင်း သိခဲ့ရသည်။ ထို့အပြင် ဝမ်ဝေ့က ပွင့်ချပ်(၆)လွှာအဆင့်ရရှိထားပြီး ထိုအဆင့်က သူ၏ ကန့်သတ်ချက် မဟုတ်သေးပေ။

“ ငါတို့တွေ နောက်ထပ် နည်းလမ်းရှာနိုင်မယ်ဆိုတာ သေချာပါတယ်” ဆရာတစ်ယောက်က ပြောလိုက်သည်။

“ ဒါမှမဟုတ် ငါတို့တွေ နောက်မျိုးဆက်အထိ စောင့်လို့ရတာပဲ” လူများစွာက လင်းဖန်ထက် ရှုရှစ်ကို ပိုမိုမျက်နှာသာပေးကြသည်။ အကြောင်းမှာ သူမက သူ၏ စွမ်းရည်ကောင်းမျှသာ ရရှိထားပြီး တဏှာကဲ့သို့သော ဆိုးဝါးသည့် အရာများ မပါဝင်ပေ။ တစ်ခုတည်းသော ပြဿနာက သူ့ကို အသက်ပြန်သွင်းဖို့ စွဲလမ်းနေသည့် သူမ၏ စွဲလမ်းစိတ် ဖြစ်သည်။ သို့သော်လည်း သူမသာ အနည်းငယ် ထိန်းထားနိုင်သရွေ့ သူမ၏ ကျင့်ကြံရေးကို ဝင်ရောက်မနှောင့်ယှက်ဘဲ ပြီးပြည့်စုံသည့် တွန်းအားတစ်ခု ဖြစ်လာလိမ့်မည်။

“ နောက်ထပ် နည်းလမ်းရှိမှာပါ” ဆရာတစ်ယောက်က ဝင်ပြောလိုက်သည်။ သူတို့က ဂိုဏ်းတွင် ထာဝရဧကရာဇ်နှစ်ပါး ဖြစ်လာမည့် အခွင့်အရေးကို မဆုံးရှုံးလိုပေ။ ရှုရှစ်၏ ပါရမီဖြင့် သူမက ထာဝရဧကရာဇ် ဖြစ်လာလိမ့်မည်။

“ ကျွန်မခင်ပွန်း သေဆုံးသွားတုန်းက သူ့တည်ရှိမှုအပေါ် သက်ရောက်ခံထားရတယ်။ အဲဒါကြောင့် သူ့ကို အသက်ပြန်မသွင်းနိုင်ခင် ကြာကြာစောင့်ဆိုင်းနေလို့ မဖြစ်ဘူး။ သူ့တည်ရှိမှုကို ပြန်လည်တည်ဆောက်ဖို့ ဒီမျိုးဆက်မှာ ထာဝရဧကရာဇ် ဖြစ်လာဖို့ လိုတယ်”

စုန့်လီက တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်း ဖြစ်စဉ်သည် ထာဝရဧကရာဇ်တိုင်း မလုပ်နိုင်သည့် အရာမဟုတ်မှန်း သိ၍ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ထိုအရာက အဓိကပြဿနာ မဟုတ်ပေ။

“ ကောင်းကင်တာအိုက နယ်ခြားဧကရာဇ်ကို သူတို့ရဲ့ ကမ္ဘာအမှတ်အသားကို ဝင်ရောက်ရယူခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ သိတယ်မလား”

သက်ရှိတိုင်းက သူတို့မွေးဖွားရာကမ္ဘာအပေါ် မူတည်၍ အမှတ်အသား ရှိကြသည်။ ထိုအမှတ်အသားက သူတို့ကို ဤကမ္ဘာ၏ နယ်မြေသား တစ်ယောက်အဖြစ် သတ်မှတ်ပေးထားခြင်းလည်း ဖြစ်၏။

တစ်ခါတစ်ရံတွင် သေသည့်သူကို ပြန်လည်အသက်သွင်းရာတွင် အမှတ်အသားက လိုအပ်၏။ အထူးသဖြင့် လင်းဖန်လိုမျိုး အခြေအနေတွင် ဖြစ်သည်။

“ ကျွန်မ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ဧကရာဇ်ကို အကူအညီတောင်းဖို့ တခြားနည်းလမ်း ဒါမှမဟုတ် အပေးအယူ လုပ်နိုင်တယ်”

သူတို့က သူမသည် ဆုံးဖြတ်ချက် အခိုင်အမာချထားသည်ကို မြင်သည့်အခါ ဘာမှမပြောကြတော့ပေ။ လင်းဖန်ကို အသက်ပြန်သွင်းမည့် သူမ၏ စွဲလန်းစိတ်က မထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်၏။

“ ခေတ်တစ်ခုရဲ့ အပြောင်းအလဲ ခေတ်သစ်၊ ကြွယ်ဝချမ်းသာမှုနဲ့ ပဋိပက္ခတွေက ဖြစ်လာပါပြီ”

ရှုရှစ်က တည်ငြိမ်စွာ ပြောလိုက်သည် “ ကျောင်းတော်က ဒီခေတ်ကာမှာ သူတို့ကို ကိုယ်စားပြုမဲ့ မဟာဧကရာဇ် ရှိရင် အကောင်းဆုံးပဲ။ အထူးသဖြင့် အနိုင်ရရှိတဲ့သူက တာအိုအခွင့်အလမ်းဂိုဏ်းကဆိုရင်ပေါ့”

သူမ ပြောသည်က အချက်အလက် ကျ၏။ ကောင်းကင်ရွေးချယ်ခံ စစ်ဆေးမှုအပြီးတွင် ဝမ်ဝေ့က ကျောင်းတော်အပေါ် မလိုမုန်းတီးမှု မပြခဲ့သော်လည်း အပေါ်ယံမျှ ဖြစ်နေနိုင်သည်။

“ ငါတို့ကို စဉ်းစားဖို့ အချိန်ပေးဦး” စုန့်လီက ပြောလိုက်သည့်အခါ ရှုရှစ်က ထပ်မံ မပြောတော့ပေ။

အစည်းအဝေးအပြီးတွင် စုန့်လီက သူမ၏ ချဉ်းကပ်မှုသည် မှန်ကန်ကြောင်း စတင်တွေးလာမိ၏။ လတ်တလော အဖြစ်အပျက်များဖြင့် တာအိုအခွင့်အလမ်းဂိုဏ်းသည် ရောက်ရှိလာမည့် ခေတ်ကာလအတွက် ကြီးကျယ်ခမ်းနားသည့် အစီအစဉ် ရှိထားကြောင်း သိသာလာသည်။ ပြောရလျှင် ဦးဆောင်သူ ဖြစ်နိုင်ခြေရှိ၏။ အကယ်၍ ကျောင်းတော်က ထိုအရာကို မဖြစ်စေချင်လျှင် သေချာသည့် တန်ကြေးတစ်ခုတော့ ပေးဆပ်ရလိမ့်မည်။

စုန့်လီက သူ့တွင် စိုးရိမ်ရမည့် အကြောင်းအရင်းတစ်ခုရှိကြောင်း သိထားလေသည်။ ဧကရာဇ်အများစု၏ မွေးဖွားမှုက ထိပ်တန်းဧကရာဇ်မျိုးနွယ်အပေါ် အနည်းငယ် သက်ရောက်မှုရှိ၏။ အကြောင်းမှာ သူတို့က ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။

သူတို့စိုးရိမ်ရသည်က အတုအယောင် ထာဝရဧကရာဇ်အကြောင်း ဖြစ်၏။ ထိုသူက မဖျက်ဆီးခင် ထိုအင်အားစုများကို ဖြည်းဖြည်းချင်း ဝါးမျိုမည့် အစီအစဉ်ကို အသုံးပြုလာနိုင်သည်။

သို့သော်လည်း ထာဝရဧကရာဇ်ကမူ ကွဲပြားပေသည်။ လက်ရှိခေတ်ကာလတွင် အင်အားစုတစ်ခုက ထာဝရဦးသျှောင်မရှိဘဲ သူတို့ကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်က အင်အားစုကို ဖျက်ဆီးလိုလျှင် တာအိုအခွင့်အလမ်းဂိုဏ်းအပါအဝင် မည်သူကမှ တားဆီးနိုင်မည် မဟုတ်ပေ။

ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ဘိုးဘေးများနှင့် အစည်းအဝေးကို ခေါ်လိုက်၏။ သူက လမ်းညွှန်မှု လိုအပ်နေပြီး အလျင်စလို ဆုံးဖြတ်ချက်မချလိုပေ။ ရှည်ကြာစွာ ဆွေးနွေးပြီးသည့်နောက်တွင် ရှုရှစ်၏ နည်းလမ်းက အကောင်းဆုံးဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြ၏။

“ အဲဒါဆို အရင်အစီအစဉ်ကရော” စုန့်လီက မေးလိုက်သည် “ ကျုပ်တို့ ဆက်လုပ်မှာလား”

“ တကယ်လို့ ကောင်းကောင်းလုပ်ဖြစ်မယ်ဆိုရင် သူမက ငါတို့ကို ကျေးဇူးတင်မှာပါ။ ဒါပေမဲ့ ကျရှုံးသွားမယ်ဆိုရင်တော့ သူမက ငါတို့ကို သူမရဲ့ အင်အားစုအဖြစ် အသိအမှတ်မပြုတာမျိုး ဖြစ်လာနိုင်တယ်” ဧကရာဇ်ခုံ မွေးထုတ်ထားသည့် ဆန့်ကျင်ကျင့်ကြံသူဖြစ်သည့် ကျောင်းတော်(၁)က ဖြေလိုက်သည်။

ရှုရှစ်က ကျောင်းတော်၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာသည်မှာ သူမ၏ သစ္စာရှိမှုနှင့် အင်အားစုတစ်ခုတည်းဖြစ်ကြောင်း ခံယူဖို့ ပြဿနာအနည်းငယ် ရှိ၏။ ကံကောင်းစွာဖြင့် လင်းဖန်ကို ကြားခံအဖြစ် ထားကာ ကျောင်းတော်က ထိုပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။

သို့သော်လည်း သူမ၏ လတ်တလော ဆုံးဖြတ်ချက်များက ဆက်ဆံရေးကြား အက်ကြောင်းတချို့ ဖြစ်လာစေခဲ့သည်။ အကယ်၍ ဤအစီအစဉ် ကျရှုံးသွားပါက ပျက်စီးမှုများသည် ပြန်လည်ပြင်ဆင်၍ ရမည်မဟုတ်ပေ။

“ အဲဒါက စွန့်စားဖို့ ထိုက်တန်ရဲ့လား”

“ အဲဒါက မင်း ဆုံးဖြတ်ရမဲ့အရာပဲ”

စုန့်လီက ဆွံ့အသွားသည်။ သူက ဤနေရာသို့ လမ်းညွှန်မှုကြောင့် ရောက်လာခြင်းဖြစ်ကာ ဤရွေးချယ်မှုအတွက် ဝန်ထုပ်ဝန်ပိုး ခံယူဖို့ မဟုတ်ပေ။ သူက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ပြတ်သားစွာ ပြောလိုက်၏ “ လုပ်လိုက်ရအောင်”

သူက အဆောင်တစ်ခုကို ထုတ်ကာ တစ်စုံတစ်ယောက်နှင့် ဆက်သွယ်လိုက်၏။

“ ရှုကွမ်း …ခင်ဗျား လုပ်လိုက်တော့”

***

All Chapters