လီကျွင်း၏ တွေ့ဆုံမှု
Vol. 46 Ch. 632
မူလလက်နက်တောင်
ချန်ချန်းက အစီအရင်ကို အဆုံးသတ်ကာ အတွေးနက်နေမိသည်။ ယခင်နှစ်များက သူ့အတွက် အဆင်မပြေခဲ့ပေ။ သူက ဂုဏ်ကျက်သရေထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလအစောပိုင်းတွင် ပေါ်ထွက်မလာဘဲ အခွင့်ကောင်းကို စောင့်နေခဲ့သည်။
သူ ပုန်းအောင်းနေသည့် အချိန်အတွင်း ချန်းချန်က သူသည် တခြားသော ကောင်းကင်ရွေးချယ်ခံများနှင့် လက်ရည်တူ ဖြစ်လိမ့်မည်ဟု ယုံကြည်ထားသည်။ ထုံရို့ပင်းနှင့် ယှဉ်ပြိုင်မှုက သူ့စွမ်းအားကို သက်သေပြနိုင်ခဲ့၏။ သို့သော်လည်း ကံဆိုးစွာဖြင့် သူမက ဝူမင်ဟု အမည်ရှိ အမျိုးသားတစ်ဦးနှင့် တွေ့ဆုံပြီးသည့်နောက်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
ချန်ချန်းအနေဖြင့် သူမ သူ့ဆီမှ ဘာရလာမှန်း မသိသော်လည်း ထိုတွေ့ဆုံမှုအပြီးတွင် သူမက သူ့ကို အလွယ်တကူ ဖိနှိပ်သွားကာ စကားဖြင့် ဖော်ပြလို့ မရနိုင်လောက်အောင်အထိ နောက်ချန်ထားခဲ့သည်။ သူက ဝမ်ဝေ့၊ ဖုန်းဟွမ်၊ ဟို့ဖုန်းဟွမ်နှင့် တခြားကဲ့သို့သော ကောင်းကင်ရွေးချယ်ခံများနှင့် တွေ့ဆုံသည့်အခါ သူ့အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။ ထိုလူများက သူတို့အဆင့်အတန်းတစ်ခုအတွင်း ရှိနေကြပြီး သူ့ပြိုင်ဘက် ထုံရို့ပင်းကလည်း ထိုအဆင့်၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေလေပြီ။
ချန်ချန်း၏ ရည်မှန်းချက်အရ သမိုင်းကြောင်းတစ်လျှောက် အားအကောင်းဆုံး လက်နက်ကို ဖန်တီးဖို့ ဖြစ်ပြီး သန့်စင်သူဘိုးဘေးက ဖန်တီးခဲ့သည့် အလုံးစုံကြေးမုံကို ကျော်တက်ဖို့ ဖြစ်သည်။ သန့်စင်သူဘိုးဘေးက အတုအယောင် ထာဝရဧကရာဇ်မျှ ဖြစ်သော်လည်း ထိုကြေးမုံက အသင်္ချေအင်ပါယာတွင် အားအကောင်းဆုံး လက်နက်ဖြစ်သည်မှာ သံသယဖြစ်စရာ မရှိပေ။
ချန်ချန်းက ဒိုင်မေးရှင်းအနိမ့်တွင် လက်နက်အားလုံးကို ဖိနှိပ်ထားနိုင်သည့် အားအကောင်းဆုံး လက်နက်ကို ဖန်တီးလို၏။ တာအိုကို သက်သေမပြဘဲ ထာဝရဧကရာဇ် ဖြစ်မလာဘဲဖြင့် ထိုရည်မှန်းချက်ကို မပြီးမြောက်နိုင်ပေ။
ချန်ချန်းက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် သူ့ သိုလှောင်လက်စွပ်မှ စာအုပ်တစ်အုပ်ကို ထုတ်ကာ စဉ်းစားလိုက်သည်။ လွန်ခဲ့သည့် နှစ်နှစ်ရာခန့်က သူသည် ဘဝကို ပြောင်းလဲသွားစေနိုင်သည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
ဤသည်က စက်ယန္တရား ရုပ်သေးရုပ်ကမ္ဘာဟု အမည်ရှိ နယ်ခြားကောင်းကင်အလိုဆန္ဒကမ္ဘာမှ အမွေအနှစ်တစ်ခု ဖြစ်သည်။ သူက ထိုအမွေအနှစ်သည် အသင်္ချေအင်ပါယာကမ္ဘာတွင် ရှိလား မသိသလို ဂရုလည်းမစိုက်ပေ။
ထိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်တွင် အထဲတွင် ဗလာကျင်းနေသည့် ရုပ်သေးရုပ်ကို ဖန်တီးပြီး ကျင့်ကြံသူများက အထဲဝင်ကာ ထိန်းချုပ်ကြ၏။ ရုပ်သေးရုပ်က ချပ်ဝတ်ကဲ့သို့ တာဝန်ယူထားသည်။ ဤသည်က ချန်ချန်း ဖော်ပြနိုင်သည့် အကောင်းဆုံးပုံစံ ဖြစ်၏။
ချန်ချန်းက ထိုနည်းစနစ်၏ ထူးခြားမှုကို ဂရုမစိုက်ပေ။ သူ့အမြင်၌ ထိုရုပ်သေးရုပ်များသည် ကောင်းကောင်း ဖန်တီးထုဆစ်ထားသည့် မှော်အသုံးအဆောင်ပစ္စည်းဟုသာ ဖြစ်၏။ ထို့အပြင် သူက ထိုနည်းစနစ်၏ ဟာကွက်ကို မြင်တွေ့လေသည်။ ထိုအရာက ပြင်ပအကူအညီအပေါ် မှီခိုမှုအားကြီးလွန်းခြင်း ဖြစ်သည်။
ရုပ်သေးရုပ်ကို ထိန်းချုပ်နိုင်သည့် ကျင့်ကြံသူများက သဘာဝအားဖြင့် အားနည်းတတ်ကြပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကိုသာ ရုပ်သေးရုပ်များကိုသာ ပိုမိုကောင်းမွန်အောင် ထိန်းချုပ်နိုင်ဖို့ လေ့ကျင့်ထားကြသလို ထိုအရာကို ဖန်တီးပြီး အဆင့်မြှင့်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားကြ၏။
ထိုနည်းစနစ်၏ နောက်ပိုင်းအဆင့်တွင် ကျင့်ကြံသူများက စည်းမျဉ်းရုပ်သေးရုပ်ကို ဖန်တီးနိုင်သော်လည်း သူတို့၏ တိုက်ပွဲအတွက် လိုအပ်လာသည့်အခါ အသိစိတ်ပင်လယ်အတွင်းမှ ရုပ်သေးရုပ်များကို ဆင့်ခေါ်ရမည် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က လုံလုံလောက်လောက် လျင်မြန်ပါက ထိုဟာကွက်ကို အခွင့်ကောင်းယူနိုင်သည်။
ထိုပြဿနာက ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအပြီးတွင် ဖြေရှင်းနိုင်သည်။ တာအိုကို သက်သေပြပြီးသည့်နောက် ကျင့်ကြံသူက သူတို့ ရုပ်သေးရုပ်၏ စွမ်းအားကို အမွေလက်ခံရရှိမည် ဖြစ်ကာ အသုံးအဆောင်ပစ္စည်းက တာအိုသက်သေပြပစ္စည်းကဲ့သို့ ဖြစ်လာလိမ့်မည်။
ထိုစက်ယန္တရား ရုပ်သေးရုပ်ကမ္ဘာတွင် တားမြစ်ထားသည်ဟု ယူဆရသည့် နည်းလမ်းတစ်ခုက ကျင့်ကြံသူများကို သူတို့၏ စက်ယန္တရားရုပ်သေးရုပ်များနှင့် အပြီးတိုင် ပေါင်းစပ်ခွင့်ပြုထားပြီး ခန္ဓာကိုယ်နှင့် သတ္တု၊ လူသားနှင့် ရုပ်သေးရုပ်တို့ကြားမှ အတားအဆီးကို ဖယ်ရှားနိုင်ပြီး လူနှင့် ပစ္စည်းကြားမှ အတားအဆီးကိုလည်း ဖယ်ရှားနိုင်သည်။
ချန်ချန်းက ထိုနည်းစနစ်ကို ဖတ်လိုက်သည်နှင့် ဧကရာဇ်အဆင့် ရုပ်သေးရုပ်နှင့် ပေါင်းစပ်ဖို့ တွေးမိသွားသည်။ သို့သော် အကြောင်းအရင်းများက သူ့အား မဖြစ်နိုင်ကြောင်း ပြောပြနေ၏။ သို့သော် သူက ထာဝရအဆင့်ဖြင့် လုပ်ဆောင်နိုင်လောက်သည်။ သို့သော်လည်း ထိုနည်းစနစ်က ကျရှုံးနိုင်ချေမြင့်မားပြီး အကျိုးဆက်က သေခြင်းတရားထက် ပိုမိုဆိုးရွားသည်။
ယခင်က သူသည် ထိုသို့စွန့်စားမှုမျိုးကို ငြင်းဆန်ခဲ့၏။ သို့သော် ယခုတွင် သူ့ရွယ်တူများက သူ့အား ကျော်တက်သွားသည်ကို ကြည့်နေရင်း နောက်ရောက်လာမည့် ခေတ်ကာလကို ခံစားမိသည့်အခါ တုံ့ဆိုင်းနေမိသည်။
ဒါက ထိုက်တန်ရဲ့လား…
သူက ထိုအရာသာ တွေးမိ၏။ ချန်ချန်းက နောက်ထပ် နာရီပိုင်းကြာ ဆက်လက်စဉ်းစားပြီးသည့်နောက်တွင် မနှောင့်ယှက်ဖို့ရာ မှာထားလိုက်သည်။ ထို့နောက် သူက အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။
“ ငါ သန့်စင်သူ သုခဘုံကမ္ဘာကို သွားမယ်လို့ အကြီးအကဲတွေကို ပြောလိုက်” ချန်ချန်းက သူသည် ထာဝရအဆင့်ရုပ်သေးရုပ်ကို သူကိုယ်တိုင် သန့်စင်လျှင် အောင်မြင်နိုင်ချေ မြင့်မားကြောင်း ယုံကြည်သည်။ သန့်စင်သူဆရာသခင်များက အရည်အချင်းအရ တာအိုကို သက်သေပြနိုင်သည့် သန့်စင်သူ သုခဘုံကဲ့သို့သော နေရာမျိုးကသာ သူ့အနေဖြင့် ထိုအောင်မြင်မှုကို ရရှိလိမ့်မည်။
လူများစွာက အစည်းအဝေးနှင့် ပတ်သက်ပြီး ကွဲပြားစွာ တုံ့ပြန်ကြသည်။ သို့သော်လည်း ပြိုင်ပွဲဝင်များ သဘောတူညီထားသည့် အများဆန္ဒ တစ်ခုရှိလေသည်။ ပဋိပက္ခဖြစ်မည့် ခေတ်ကာလက ရောက်ရှိလာတော့မည်ဖြစ်ကာ ခေတ်ကာလသားတော်က ထိုအတွက် အစီအစဉ်တစ်ခု ရှိထား၏။
ညှိနှိုင်းဆွေးနွေးမှုအပြီးတွင် ဝမ်ဝေ့က လီကျွင်း၏ တောင်ထိပ်ဆီ သွားရောက်တွေ့ဆုံလိုက်သည်။ သူတို့ စကားပြောခဲ့သည်မှာ အတော်အတန် ကြာမြင့်နေပြီဖြစ်၏။ အဖန်ရည် သောက်သုံးပြီးသည့်နောက်တွင် သုံးယောက်သားက အဖြစ်အပျက်များကို ပြန်လည်ပြောလိုက်ကြသည်။
“ လတ်တလောတော့ ဘာမှစိတ်လှုပ်ရှားစရာ ကောင်းတာ မတွေ့ပါဘူး” လီကျွင်းက ပြောလိုက်သည် “ ဘိုးဘေးဆီက အဆောင်ကို ရပြီးတော့ ကျွန်တော်က အချိန်အစီအရင်ကို သုံးပြီးတော့ ကျင့်ကြံနေခဲ့တာ”
“ ရလဒ် ကောင်းတယ်မလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဒါပေါ့။ ရုပ်ခန္ဓာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သဘောပေါက်သွားပြီ”
“ မင်း သင်ယူနိုင်ရင် ပြီးတာပါပဲ။ လီလင်းရော ဘယ်လိုလဲ”
“ အများကြီး တွေ့ကြုံခဲ့ရတယ်။ ဘိုးဘေးရဲ့ အဆောင်ကို လက်ခံပြီးတဲ့နောက်မှာ အလိုအလျောက် ဆေးပြင်းမီးဖိုက ကောင်းကင်အဆင့်ဆေးလုံး ထုတ်ဖော်တာကို အောင်မြင်သွားတယ်လေ။ ကျွန်မ သင်ယူထားသလောက်ဆိုရင် သူတော်စင်အဆင့် ဆေးလုံးကလည်း ပြဿနာ မဟုတ်တော့ဘူး”
“ ဒါက သတင်းကောင်းပဲ” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်၏ “ အဲဒါဆို ဟော်သဲ့အရင်းအမြစ် သင်္ကေတရုပ်ခန္ဓာကရော ဘယ်လိုလဲ”
“ ကျွန်မ အောင်မြင်သွားပြီ” သူမက လက်မြှောက်လိုက်သည့်အချိန် သင်္ကေတများဖြင့် ပြုလုပ်ထားသည့် လက်တစ်ခုပေါ်ထွက်လာသည် “ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေအကုန်လုံးကို သင်္ကေတအဖြစ် ပြောင်းလဲလိုက်တာ”
“ ဒါပေမဲ့ မင်းက ဘာလို့ စိတ်လှုပ်ရှားနေသလို မဖြစ်တာလဲ”
“ ကျွန်မက စိတ်လှုပ်ရှားပါတယ်။ ဆေးလုံးသန့်စင်ခြင်း ပါရမီက မီးတောက်ထိန်းချုပ်ရေး၊ သန့်စင်ရေးနဲ့ သင်္ကေတတွေ ပါဝင်တာပဲလေ။ ဒီရုပ်ခန္ဓာက သင်္ကေတ ကဏ္ဍကို အတော်လေး လျှော့ချပေးနိုင်တယ်။ ဒါပေမဲ့ တခြားသူတွေအတွက်ကတော့ နည်းနည်းပဲ သက်ရောက်မှုရှိတယ်”
ယန်းလီလင်းအတွက် ဤရုပ်ခန္ဓာမှ အကျိုးကျေးဇူးအများဆုံးအချက်က တခြားသော ကျွမ်းကျင်အတတ်ပညာများအတွက် သူမ၏ ပါရမီ တိုးမြင့်လာခြင်းဖြစ်ပြီး အလိုအလျောက် ဆေးပြင်းမီးဖိုအတွက် လိုအပ်သည့် အရည်အချင်းကို ရရှိလာခြင်း ဖြစ်သည်။
“ အစ်ကိုကြီးရဲ့ အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို ပိုပြီးတော့ စိတ်လှုပ်ရှားမိတယ်။ အဲဒါက သန့်စင်ရေးနည်းလမ်းတွေမှာ အတော်လေး အထောက်အကူ ပြုတယ်လေ”
“ အဲဒါကောင်းတာပဲ။ ဒါပေမဲ့ တုယီနယ်ပယ်အဆင့်ကရော”
“ ကျွန်မ အောင်မြင်သွားပြီ။ အံ့ဖွယ်ပင်လယ်ကို ဝိညာဉ်ဆေးဥယျာဉ်အဖြစ် ပြောင်းလဲနိုင်လိုက်တယ်” ယန်းလီလင်းက လက်ဝှေ့ကာ သူမ၏ အံ့ဖွယ်ပင်လယ်ကို ပြသလိုက်သည့်အချိန် ဆေးပင်မြောက်များစွာ ရှိနေ၏။ သူမက မူလအဆီအနှစ်က ဆေးပင်များကို အားဖြည့်ပေးပြီး တချို့က ဝမ်ဝေ့၏ ချီစီးဆင်းမှု အံ့ဖွယ်စွမ်းရည်ကဲ့သို့သော ဝိညာဉ်ချီကို ထုတ်လွှတ်ပေးလိမ့်မည်။
“ ဒါက ပထမအဆင့်ဆိုပေမဲ့ ကျေနပ်ပါတယ်” သူမက ပြောလိုက်၏။
ဝမ်ဝေ့က ခေါင်းညိတ်ကာ လီကျွင်းအား ကြည့်လိုက်သည်။
“ ကျွန်တော်က ဘာမှမဖြစ်သေးဘူး” သူက အနည်းငယ်မျက်နှာပူနေမိသည်။
“ ကြည့်ရတာ မင်းရဲ့ ကျင့်ကြံရေးပါရမီက နည်းနည်းလိုအပ်နေတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်၏။ လီကျွင်းကလည်း သဘောတူလေသည်။ သူ့တိုက်ပွဲစွမ်းရည်က ဖုန်းဟွမ်နှင့် တခြားသော ကောင်းကင်ရွေးချယ်ခံများနှင့် ယှဉ်နိုင်သော်လည်း သူ၏ ကျင့်ကြံရေးပါရမီက နားလည်နိုင်စွမ်းတွင် လစ်ဟာနေသေးသည်။
“ ဒါက အကူအညီ ဖြစ်လောက်တယ်” ဝမ်ဝေ့က ခရမ်းရောင်သတ္တုလုံးနှစ်ခုကို ထုတ်ကာ ပေးလိုက်၏။
“ ဟွင်သွမ်းချီမျှင် နှစ်ခုလား”
“ ဟုတ်တယ်။ နှစ်တစ်သိန်းလောက်ကြာပြီးတဲ့နောက်မှာ ဒီပင်ကိုချီကနေ ဒီနှစ်ခုကို ဖွဲ့စည်းနိုင်ခဲ့တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့ဘိုးဘေး၏ ဟောပြောပို့ချချက်ကို နားထောင်နေသည့် နှစ်ကိုးသောင်းအတွင်း သူ့ချီပန်းပွင့်စွမ်းရည်က ထိုချီမျှင်နှစ်ခုကို ထုတ်လွှတ်နိုင်ခဲ့သည်။
“ ဆန့်ကျင်ဘိုးဘေး တစ်ယောက်ကို မင်းရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဒီချီနဲ့ သန့်စင်ခိုင်းလိုက်။ အဲဒါဆိုရင် မင်းရဲ့ ကျင့်ကြံရေးပါရမီ တိုးမြင့်လာလိမ့်မယ်”
လီကျွင်းက သူ အမှန်တကယ် အလိုရှိသည့်အရာကို ငြင်းပယ်လောက်အောင်အထိ ကြောင်သူတော် မဆန်ပေ။ အထူးသဖြင့် သူ့အစ်ကိုကြီးဆီမှ ရလာသည့်အရာမျိုး ဖြစ်၏။ ထို့ကြောင့် သူက တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံလိုက်သည်။
“ နောက်ထပ် မင်းကို ကူညီမဲ့ နည်းလမ်းတစ်ခုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါက အလုပ်ဖြစ်ပါ့မလား မပြောတတ်သေးဘူး”
“ အဲဒါက ဘာများလဲ”
“ အလုပ်ဖြစ်တဲ့အထိ စောင့်ဦး။ ပြီးရင် ပြောပြမယ်”
“ ဒီလိုလျှို့ဝှက်ဆန်းကြယ် လုပ်နေတာ ဘာများလဲ” လီကျွင်းက အဖန်ရည်တစ်ငုံ သောက်ကာ ပြောလိုက်၏။
“ မင်းကို မျှော်လင့်ချက်အမှား မပေးချင်လို့ပါ”
“ ဘယ်လိုဖြစ်ဖြစ်ပါ” သူက စောင့်လိုက်သည်။
“ ငါ မမေ့သေးခင် ပြောရဦးမယ်။” ဝမ်ဝေ့က ကြေညာလိုက်သည် “ မင်းတို့ရဲ့အဆောင်တွေကို ဘိုးဘေးတွေဆီ ငှားဖို့ မမေ့နဲ့ဦး။ ဒါက သူတို့အတွက်လည်း အထောက်အကူ ဖြစ်နိုင်တယ်”
“ ကျွန်မတို့လည်း အဲလိုတွေးနေတာ” ယန်းလီလင်းက ပြောလိုက်သည် “ ဘိုးဘေးတွေဆီကနေ အများကြီး သင်ယူခဲ့တယ်ဆိုတော့ ဂိုဏ်းတစ်ခုလုံး အကျိုးအမြတ်ရဖို့ မျှော်လင့်မိတယ်”
“ သူတို့တွေ အကျိုးကျေးဇူးရှိမှာ သေချာပါတယ်” ဝမ်ဝေ့က ဘိုးဘေးများသည် ဂိုဏ်း၏ ဆန့်ကျင် ကျင့်ကြံသူများအတွက် တစ်စုံတစ်ခု ချန်ထားခဲ့လိမ့်မည်ဟု သံသယဖြစ်မိသည်။ သူက ဓားအရှင်အစား မူလအရှင်နှင့် တွေ့ဆုံစဉ်ကတည်းက ထိုကောက်ချက်ချမှုကို အတည်ပြုနိုင်ခဲ့၏။
“ ဒါနဲ့ အစ်ကိုကြီးကို ပေးစရာ တစ်ခုရှိသေးတယ်” လီကျွင်းက မှတ်ဉာဏ်ပါဝင်နေသည့် အဆောင်အား ထုတ်ပေးလိုက်သည်။ ဝမ်ဝေ့က ထိုအရာကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် ယခင် လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
လီကျွင်းနှင့် ယန်းလီလင်းတို့က တောအုပ်အတွင်း လျှောက်လှမ်းပြီး ကမ္ဘာအနှံ့ သွားလာနေခဲ့သည်။ ထိုစုံတွဲက တစ်ယောက်နှင့်တစ်ယောက် အချိန်အတော်ကြာ မတွေ့ဆုံခဲ့ရသောကြောင့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ခရီးထွက်ခဲ့ခြင်း ဖြစ်၏။ သို့သော် အဝေးတစ်နေရာမှ ဥက္ကာပျံတစ်ခု ကျဆင်းလာကာ သူတို့လမ်းကြောင်းကို ပိတ်ဆို့ထား၏။
ဖုန်မှုန့်များ ငြိမ်သက်သွားသည့်အခါ အနီရောင်တောက်တောက် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ရုပ်ချောချော အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ သူ့တွင် နူးညံ့သည့် အသားအရည်မျိုးရှိပြီး မြင့်မြတ်ကာ ကြော့ရှင်းသည့် အငွေ့အသက်မျိုး ထွက်ပေါ်နေသည်။ သို့သော်လည်း သူ့မျက်ဝန်းအထက် လျှို့ဝှက်ထားသည့် ဉာဏ်များမှု ရှိနေသည်။
“ မင်းက လီကျွင်းနဲ့ ယန်းလီလင်းမလား။ ဝမ်ဝေ့ရဲ့ အစောင့်ခွေးတွေလေ”
လီကျွင်းက သူ့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီးသည့်နောက်တွင် အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည် “ ဟုတ်ပါတယ်။ ဒါနဲ့ ခင်ဗျားက ဘယ်သူများလဲ”
“ ယန်ကောဝေ”
“ အဲဒါ ဘယ်သူလဲဆိုတာကို သိရမှာလား” လီကျွင်းက လိမ်ညာလိုက်သော်လည်း ပြောလိုက်သည်။ သူက ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များဆီမှ ထိုအမျိုးသားအကြောင်းကို သိထားလေ၏။
“ ယန်မိသားစုဆီက” ယန်ကောဝေက ပြောလိုက်၏။
“ အော် ခင်ဗျားက ငလိမ်နေမင်းကိုးပါးဧကရာဇ်ရဲ့ မျိုးဆက်ကို”
***