← Chapters

ရှင်းလင်းရေး

Vol. 46 Ch. 634

ရှင်းလင်းရေး

Vol. 46 Ch. 634

တစ်ခုခုတော့ မှားနေပြီ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ရှင်းလင်းရေးဆိုသည်မှာ အသင်္ချေအင်ပါယာကမ္ဘာက မိစ္ဆာကိုးပါးနတ်ဘုရားကမ္ဘာဆီ သွားရောက်သတ်ဖြတ်သည့် မျိုးဆက်ဖြစ်စဉ်တစ်ခုဖြစ်ပြီး မိစ္ဆာမျိုးနွယ်၏ အင်အားကို လျှော့ချခြင်း ဖြစ်သည်။ ရည်ရွယ်ချက်က သူတို့မြင့်တက်လာနိုင်ချေကို တားဆီးဖို့ ဖြစ်၏။

ဤသည်က မျိုးဆက်ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း အားလုံးက ပါဝင်ဆင်နွှဲကြခြင်း မဟုတ်ပေ။ တစ်ခါတစ်ရံတွင် လူတချို့ကသာ လုပ်ကြ၏။ အထူးသဖြင့် လေလွင့်ကျင့်ကြံသူများ ဖြစ်ပြီး သူတို့က တခြားကမ္ဘာမှ ထူးကဲသည့် အခွင့်အရေးများ ရယူနိုင်သည့်အတွက် ဖြစ်သည်။

မိစ္ဆာခေတ်ကာလအပြီးတွင် ဤဖြစ်ရပ်က အရေးပါခဲ့၏။ ယခင်က ကျင့်ကြံသူများသည် အသက်ရှင်ကျန်သည့် မျိုးနွယ်အပေါ် အမုန်းတရားများ၊ အငြိုးတရားများကို ပုံချဖြေရှင်းခဲ့ကြသည်။ ထိုခေတ်ကာလပြီးဆုံးပြီးနောက် မျိုးဆက်တချို့ တိုင်သည်အထိ မိစ္ဆာမျိုးနွယ်သည် လူများစွာ၏ အမဲလိုက်ခံရသည့်အတွက် မျိုးတုန်းလုနီးပါး ဖြစ်သွားခဲ့သည်။

သဘောတရားအရ ရှင်းလင်းရေးသည် ဤမျိုးဆက်တွင် အရေးမကြီးသင့်သလို ကောင်းကင်တာအိုမှ သတိပေးကြေညာလောက်အောင်အထိ မဖြစ်သင့်ပေ။ သို့သော် ယနေ့တွင် တစ်စုံတစ်ခု ပြောင်းလဲသွားပြီး ရှင်းလင်းရေးက ကောင်းကင်အလိုဆန္ဒတိုက်ပွဲအထိ ပါဝင်နေ၏။

ကောင်းကင်တာအိုက ပြိုင်ပွဲဝင်များသည် ဤမျိုးဆက်၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲဖို့ ဝင်ခွင့်အမှတ်အသားပြား လိုအပ်သည်ဟု ကြေညာခဲ့သည်။ ရက်အတိအကျက သတ်မှတ်ထားသည့် ကောင်းကင်ရွေးချယ်ခံ အရေအတွက် အထွတ်အထိပ်နယ်ပယ်အဆင့်သို့ ဝင်ရောက်ပြီးသည့် အချိန်တွင် ဖြစ်၏။ ခွင့်ပြုချက်အနေဖြင့် ဤမျိုးဆက် ရှင်းလင်းရေးအတွင်း သတ်ဖြတ်ခဲ့သည့် မိစ္ဆာအရေအတွက်အပေါ် မူတည်လိမ့်မည်။

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်၏။ ဝင်ခွင့်အမှတ်အသားပြား စနစ်သည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲနှင့် ပတ်သက်ပြီး အသစ်အဆန်း မဟုတ်ပေ။ အချိန်အများစုတွင် လူများက ကမ္ဘာသားအဖြစ် သတ်မှတ်ခံရပြီးသည်နှင့် ဝင်ရောက်ဆင်နွှဲနိုင်သည်။

သို့သော်လည်း ကောင်းကင်တာအိုက တစ်ခါတစ်ရံတွင် ဝင်ခွင့်အမှတ်အသားပြား စနစ်ကို အသုံးပြုကာ ပါဝင်ယှဉ်ပြိုင်သူအများစုကို ရှင်းထုတ်လေ့ရှိ၏။

ကောင်းကင်တာအိုက ဒီလိုနည်းလမ်း ထုတ်သုံးလာတယ်ဆိုတော့ မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာမှာ မူမမှန်မှုတချို့တော့ ရှိနေတဲ့ပုံပဲ။ ပြီးတော့ အမှတ်အသားပြားစနစ်က ဒီမျိုးဆက်တိုက်ပွဲမှာ ဂယက်ဖြစ်သွားနိုင်တယ်…

ဝမ်ဝေ့က အဆောင်ကို ထုတ်ကာ ဝမ်ကျူအား ဆက်သွယ်လိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အခန်းအတွင်း အရိပ်များစွာ ပေါ်ထွက်လာပြီးသည့်နောက် အရိပ်မှ စာအုပ်တစ်ခု ထွက်ပေါ်လာကာ သူ့လက်ထဲ ကျရောက်လာသည်။

ထိုအရာကို အလျင်အမြန် ဖတ်ရှုပြီးသည့်နောက် လီကျွင်းနှင့် ယန်းလီလင်းဆီ ပေးလိုက်သည်။ အိပ်စက်သူများ၏ မှတ်တမ်းအရ ဧကရာဇ်ခေတ်သစ်ကာလပြီးဆုံးခါနီးတွင် ကောင်းကင်တာအိုက မိစ္ဆာနတ်ဘုရားကိုးပါးကမ္ဘာကို ပြင်းပြင်းထန်ထန် ထိရောက်စေသည့် ဝင်ခွင့်အမှတ်အသားပြားကို အသုံးပြုသည့် ကိစ္စမျိုး ဖြစ်ခဲ့ဖူးသည်။ သူတို့မျိုးနွယ်တွင် သုတ်သင်ဖို့ လိုအပ်သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ပေါ်ထွက်ခဲ့၍ ဖြစ်သည်။

စိတ်ဝင်စားစရာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ မိစ္ဆာကျူးကျော်ခြင်းက ဒိုင်မေးရှင်းအမြင့်၏ အစစ်အမှန်မိစ္ဆာနှင့် ဆက်နွယ်မှု ရှိရမည်။ ထို့ကြောင့် သူက သူတို့မိစ္ဆာမျိုးနွယ်နှင့် သမိုင်းကြောင်းကို စိတ်ဝင်စားမိ၏။ သူက သူတို့နှစ်ယောက်နှင့် စကားစမြည်ပြောပြီးသည့်နောက်တွင် ဂိုဏ်းကိစ္စများကို ဆွေးနွေးဖို့ အကြီးအကဲများနှင့် အစည်းအဝေးခေါ်ခဲ့သည်။

ထို့နောက် ဝမ်ဝေ့က ဝူဟုန်နှင့် သွားရောက်တွေ့ဆုံခဲ့၏။

“ မိစ္ဆာမျိုးနွယ်ရဲ့ အပြုအမူတွေအတွက် တာဝန်ရှိတာက အစစ်အမှန် မိစ္ဆာလို့ လာမေးတာလား” သူမက အဖန်ရည်သောက်ရင်း မေးလိုက်သည်။ သူမက စာဖတ်နေခြင်း မဟုတ်ဘဲ ပန်းချီဆွဲနေ၏။

“ ဟုတ်တယ်”

“ ကျွန်မ တက်လှမ်းသွားတုန်းက သူ့ကို ဖြေရှင်းပြီးသွားပြီဆိုတော့ အဲဒီအကြောင်း များများစားစား မသိဘူး။ မှတ်ဉာဏ်တွေကလည်း မပြီးပြည့်စုံဘူးလေ” သူမက ဆက်ပြောလိုက်သည်။ အခြေအနေက သူမအတွက် အကြောင်းအရင်းတချို့ကြောင့် ထူးဆန်းနေခဲ့၏။ ထိုအရာက သူမ၏ ပျောက်ဆုံးနေသော မှတ်ဉာဏ်များကြောင့်သာ မဟုတ်ပေ။

“ ကျွန်မ သိသလောက် အဲဒီဖြစ်ရပ်က ချီယွမ်ကို ဒုတိယမူလတိုက်ပွဲနဲ့ အကြွင်းမဲ့တားမြစ်ချက်ကို စတင်စေခဲ့တဲ့ လှုံ့ဆော်မှုတစ်ခုဆိုတာပဲ”

“ အဲဒါမှ အကြွင်းမဲ့ တားမြစ်ချက်ဆိုတာ ဘာလဲ”

“ ရှင်က အားနည်းလွန်းတော့ ပြောလို့မရသေးဘူး။ ဒါပေမဲ့ ရှင် ကောက်ချက်ချထားတာနဲ့ နီးစပ်တာတော့ သေချာတယ်”

သူက မှန်းဆချက်တချို့ရှိသော်လည်း တစ်စုံတစ်ခု လိုအပ်နေသလို ခံစားမိနေသည်။ သို့သော်လည်း သူက ဆက်မမေးတော့ပေ။

“ တားမြစ်ချက်ဆိုမှ မင်းရော သူတို့အားလုံးနဲ့ တွေ့ကြုံဖူးလား။ ဘယ်အရာက ကြောက်ဖို့အကောင်းဆုံးလဲ”

“ ကျွန်မ ကြားဖူးတာတချို့တော့ရှိတယ်” သူမက ပန်းချီဆက်ဆွဲရင်း ပြန်ဖြေလိုက်သည် “ ဘယ်အရာက ကြောက်ဖို့အကောင်းဆုံးလဲဆိုတော့ ဒီအဖြေမှာ မသိမသာ ကွဲလွဲချက်တချို့ရှိတယ်။ အကြွင်းမဲ့တားမြစ်ချက်က ကြောက်စရာကောင်းတဲ့ပုံ ဖြစ်နေနိုင်တယ်ဆိုပေမဲ့ လူအားလုံးက ကျရှုံးသွားပြီး သေဆုံးသွားကြတာဆိုတော့ အဲဒီအရာရဲ့ အရေးပါမှုကို လျှော့ချလိုက်သလို ဖြစ်သွားတယ်။ အဲဒါကြောင့် ကြောက်စရာအကောင်းဆုံးအရာက…”

ခြောက်မျက်နှာခုံရုံး…

ကျင့်ကြံသူအများစုက သူတို့ကို ကောလဟာလဟုသာ ယုံကြည်ထားခဲ့သော်လည်း အကြွင်းမဲ့တားမြစ်ချက်အတွင်း သူတို့၏ ကောလဟာလများ သို့မဟုတ် တည်ရှိမှုနှင့် သူတို့မည်မျှကြောက်ဖို့ကောင်းကြောင်း အတည်ပြုနိုင်ခဲ့သည်။ လက်ရှိ မေတ္တယျနှင့် အန္တိမသဟဇာတတို့ပင် ထိုခြောက်မျက်နှာအဖွဲ့ရှေ့တွင် ပုရွက်ဆိတ်မျှသာ ဖြစ်၏။

ဝူဟုန်က စကားပြောရပ်တန့်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့အား ခြုံငုံကြည့်လိုက်သည် “ ဘာလို့လဲ”

“ ရှင်က တကယ်ကို ပြဿနာ သံလိုက်စက်ကွင်းပဲ”

“ ကိုယ်က ဘာလုပ်လို့လဲ။ မင်း ပြောတဲ့တားမြစ်ချက်နဲ့ ကိုယ်က ဆက်နွယ်မှု ရှိနေတာလား”

“ အခုထိတော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ရှင်က ကံကြမ္မာကနေ လွတ်မြောက်ချင်တယ်ဆိုရင်တော့ ဆက်နွယ်မှု ရှိလာလိမ့်မယ်”

ဝမ်ဝေ့က သူ့နဖူးကို ဖိနှိပ်ရင်း ညည်းတွားလိုက်သည်။ သူ့အလိုလိုသိစိတ်က သူမသည် မှန်ကန်ကြောင်း ပြောနေလေ၏။

“ ကောင်းပြီ။ အဲ့ကိစ္စတွေကို မပြောဘဲ နေရအောင်”

ဝူဟုန်က ပုခုံးတွန့်လိုက်ပြီးနောက် ပန်းချီ ဆက်လက်ရေးဆွဲနေသည်။

“ ဒါနဲ့ ရှင် ကဘာဆက်လုပ်မှာလဲ။ သီးသန့်ကျင့်ကြံတော့မှာလား”

“ ကိုယ် သူတော်စင်အဆင့် စမ်းသပ်ချက်နဲ့ ခန္ဓာကိုယ် စမ်းသပ်ချက်ကို ဖြတ်ကျော်ရဦးမယ်။ အဲဒီနောက်တော့ သီးသန့်ကျင့်ကြံရမယ်”

“ အထွတ်အထိပ်နယ်ပယ်အဆင့် မဝင်ခင် သေမျိုးတဖန်ကို ဖြတ်ကျော်မှာမလား”

“ အင်း”

“ ကောင်းတယ်။ အခွင့်အရေး ပေးတုန်း စိတ်နဲ့ နှလုံးသားကို လေ့ကျင့်တာ အမြဲတမ်း အကျိုးကျေးဇူး ရှိတယ်။ ပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆောင်မယ်ဆိုရင် သေမျိုးတဖန်က ကိုယ်ပိုင်တာအိုကို နက်နက်နဲနဲနားလည်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုပဲ”

“ အဲဒါမှ ကိုယ့်မိဘတွေလည်း မကြာခင် ပြန်လာတော့မယ် တူတယ်” ဝမ်ဝေ့က သူတို့သည် မကြာခင် ပြန်လာလိမ့်မည်ဟု ခံစားချက်ရနေသည်။

“ တကယ်လား။ ကျွန်မ အဖေနဲ့ အမေကို လွမ်းနေပြီ”

“ ကိုယ်ရောပဲ”

“ ဒါနဲ့ အဘိုးကရော ဆက်ပြီး ကျင့်ကြံနေတုန်းလား”

“ ဟုတ်တယ်။ သူ့ကို သွားပြီး စစ်ဆေးကြည့်ပြီးသွားပြီ။ သူက တာအိုနှလုံးသား ပြဿနာကို ဆက်ပြီးတော့ ဖြေရှင်းနေတုန်းပဲ” ဝမ်ဝေ့က ပြောလိုက်သည် “ ဒါနဲ့ ကြေမွသွားတဲ့ တာအိုနှလုံးသားကို ပြန်လည်ကုသနိုင်တဲ့ နည်းလမ်းကို သိလား”

“ ဒီဟွင်သွမ်းကမ္ဘာမှာတော့ အဖြေ မရှိဘူး” ဝူဟုန်က ပြောလိုက်သည် “ ဒီဟွင်သွမ်းကမ္ဘာရဲ့ စည်းမျဉ်းတွေက တာအိုနှလုံးသားနဲ့ ပတ်သက်တဲ့ အရင်းအမြစ်တွေပေါ်မှာ တားဆီးချက်အများကြီး ရှိတယ်”

“ အဲလိုဆို အားနည်းတဲ့သူတွေကို ရှင်းထုတ်ပစ်ဖို့လား”

“ ဟုတ်တယ်။ ပြီးတော့ ကျင့်ကြံသူတွေကို သူတို့ကိုယ်သူတို့ မှီခိုဖို့ အားပေးတာမျိုးပေါ့”

“ ဒါက မမျှတလိုက်တာ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက ဤပြဿနာကို ဖြေရှင်းပြီး ပိုမိုကောင်းမွန်သည့် နည်းလမ်းရှိမည်ဟု ခံစားမိနေသည်။

“ အဲဒါက ရှင့်အပေါ် သက်ရောက်မှုရှိလို့ အဲလို တွေးမိတာလေ”

“ ကိုယ့်ရဲ့ ကြောင်သူတော်စိတ်ကို ဒီလိုထုတ်ဖော်ဖို့ မလိုပါဘူးကွာ”

ဝူဟုန်က သူ၏ အတုအယောင် ငိုကြွေးသံကို လျစ်လျူရှုထားပြီး “ အဘိုးနဲ့ ပတ်သက်ပြီး ဘာမှမစိုးရိမ်ပါနဲ့။ နေမင်းကိုးစင်းကို အနိုင်ယူမဲ့ ရှင့်အကြံအစည်က အလုပ်ဖြစ်မှာပါ”

“ ကိုယ်လည်း အဲလိုမျှော်လင့်ရတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူက သူမအနားတွင် ရပ်ရင်း ပန်းချီကို ဆက်လက်ရှုစားနေ၏။ သူက နောက်ရက်ပိုင်းအထိ ဘာမှလုပ်ရန် မရှိပေ။ သူက လူသားကာကွယ်ရေး အစီအရင်ကို အသက်သွင်းပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ အကာအကွယ်ကို အပြီးသတ်ဖို့သာ ရှိ၏။

………………………………

နေ ၊ ယန်မျိုးနွယ်စံအိမ်

ယန်ကောဝေက တစ်စုံတစ်ခုကို ခံစားမိသည့်အခါ အကြီးအကဲများနှင့် စကားစမြည် ပြောနေဆဲဖြစ်၏။ သူက အားလုံးကို ပြန်လွှတ်လိုက်ကာ အခန်း၏ အစီအရင်ကို အသက်သွင်းလိုက်ပြီးနောက် အမှောင်ထုထဲမှ ပုန်းအောင်းနေသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

“ ဘာကိစ္စလဲ” သူက မေးလိုက်၏။

“ အခြေအနေတွေ ဘယ်လိုလဲ”

“ အခုမှ ရက်အနည်းငယ်ပဲ ရှိသေးတယ်”

ထိုပုံရိပ်က ယန်ကောဝေ၏ လေသံ၌ တစ်စုံတစ်ခုကို ခံစားမိဟန်ဖြင့် ရပ်တန့်သွားကာ “ အရင်ရက်က ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဆိုးနေတာလား”

“ မဆိုးဘူး”

“ ဝမ်ဝေ့ကို အသိမပေးဘဲနဲ့ သူတို့ကို ပြန်ပေးဆွဲဖို့ မဖြစ်နိုင်ဘူးဆိုတာ မင်းလည်း သိသင့်တယ်။ သူ့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် မင်းရဲ့အင်အားက ဘယ်လိုဖြစ်မယ်ဆိုတာကိုလည်း မှန်းဆမိမှာပါ”

“  ကျုပ် သိပါတယ်”

ပုံရိပ်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် “ ကောင်းပြီ။ ငါတို့ သဘောတူညီချက်ကို မမေ့နဲ့”

ထို့နောက် သူက ဆက်သွယ်ရေးအဆောင်ကို ဖြတ်တောက်လိုက်ပြီးသည့်နောက်တွင် ယန်ကောဝေက မျက်မှောင်ကြုတ်လိုက်သည်။

……………………

အသင်္ချေအင်ပါယာကမ္ဘာ၏ တခြားနေရာတစ်ခု

ထိုပုံရိပ်က အစီအရင်ကို အဆုံးသတ်လိုက်၏။ သူက မျက်လုံးအစိမ်းရောင် ရှိသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ့နားမှ ပိုးကောင်တစ်ကောင် ထွက်လာပြီး ပါးပြင်ထဲ ဝင်မသွားခင်အချိန်အထိ သူ့မျက်နှာက ချောမောနေခဲ့သည်။ ထိုပုံရိပ်က ဘာမှမခံစားရသလိုမျိုး ပြုမူနေ၏။

ဒီယန်ကောဝေက မြွေတစ်ကောင်လိုပဲ။ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ အပြုအမူတွေကို မှန်းဆလို့မရဘူး…

သူက တွေးလိုက်မိသည်။

ဘယ်လိုဖြစ်ဖြစ် သူ့အဖေက ငါတို့ဘက်မှာ ရှိနေသရွေ့ သူက ကောင်းကောင်းပြုမူရမှာပဲ…

ထို့နောက် သူက အစီအရင်ကို အသက်သွင်းကာ နောက်ထပ် နှစ်ယောက်ဖြင့် ဆက်သွယ်လိုက်သည်။

“ ယွီကျူး ဘယ်လို … ”

“ ငါ့ကို အဲဒီနာမည်မခေါ်နဲ့လို့ ပြောထားသားပဲ … ကပ်ပါး”

“ ကောင်းပြီ။ ထာဝရမီးတောက်..  မင်းရဲ့ အခြေအနေကဘယ်လိုလဲ”

“ သိပ်မကောင်းဘူး။ ကံကြမ္မာအရိပ်တပ်ဖွဲ့က ငါ့ကို သိသွားပြီလို့ ထင်တယ်”

“ အဲ့လောက်တောင် စောတယ်လား” သူတို့က ကြာကြာမပုန်းအောင်းနိုင်မှန်း သိထားသော်လည်း သူတို့ ကြာကြာ ပုန်းအောင်းနိုင်လေလေ အခြေအနေက ပိုကောင်းလေလေဖြစ်ကြောင်း သိထားကြသည်။

“ သူတို့က သံသယဝင်နေတုန်းလို့ ထင်တယ်။ ဒါပေမဲ့ လူတချို့က ငါနဲ့ အလောင်းရောင်းဝယ်ရေးဂိုဏ်းက အဆက်အသွယ်တွေကို စောင့်ကြည့်နေကြတယ်”

“ မင်း ပိုပြီးတော့ သတိထားသင့်တယ်”

“ အင်း”

ကပ်ပါးက ဒုတိယလူအား ကြည့်ကာ ပြောလိုက်သည် “ ရေးဆွဲသူ မင်းရဲ့အခြေအနေကရော ဘယ်လိုလဲ”

“ ကောင်းတယ်။ မင်းသာ အရင်းအမြစ်တွေကို စုစည်းပြီး စတေးမဲ့လူ လုံလုံလောက်လောက်ကို စုစည်းနိုင်သရွေ့ ငါ့ဘက်က တတိယတန်းစားဧကရာဇ်ကို သတ်နိုင်မဲ့ လက်နက် အာမခံနိုင်တယ်” မျက်နှာအထက် အညစ်အကြေးများ ရှိနေသည့် လူငယ်လေးက အာမခံလိုက်သည်။

“ အဲဒီနဝမအဆုံးစွန်အုတ်မြစ် ပိုင်ဆိုင်ထားတဲ့ နှစ်ယောက် အသက်မရှင်စေရဘူးဆိုတာ အာမခံနိုင်တယ်”

“ စတေးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ ငါက ကောင်းကင်ရွေးချယ်ခံ အများစုနဲ့ မဟာမိတ်ဖွဲ့ပြီးပြီ။ သူတို့အားလုံးကို ဒီနှစ်ယောက်လို ရင်ဆိုင်ခိုင်းလိုက်ရုံပဲ”

“ ဒါနဲ့ ကံကြမ္မာဖိနှိပ်ရေး မဟာမိတ်ကရော။ သူတို့နဲ့ ပူးပေါင်းနိုင်မယ်လို့ ထင်လား” ထာဝရမီးတောက်က မေးလိုက်သည်။

“ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိုရှင်းယွင်နဲ့ ရင်ဆိုင်ဖို့တော့ အနည်းငယ် တုံ့ဆိုင်းနေတုန်းပဲ။ သူမက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်နဲ့ ဆက်နွယ်နေတာ ဖြစ်နိုင်တယ်”

“ တကယ်လို့ သူမက သူမရဲ့ဘိုးဘေးလိုမျိုး တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် သူမတာအိုကို သက်သေပြလိုက်တာလည်း ကိစ္စဆိုးတော့ မဟုတ်ပါဘူး”

သူတို့၏ ရည်ရွယ်ချက်က အသင်္ချေအင်ပါယာကမ္ဘာ မြင့်တက်လာမှုကို ကာကွယ်ပြီး တတ်နိုင်သမျှ နှောင့်နှေးထားဖို့ ဖြစ်၏။ အကယ်၍ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်လိုမျိုး တစ်ကိုယ်ကောင်းဆန်သည့်သူက ဧကရာဇ် ဖြစ်လာခဲ့လျှင် ခေတ်သစ် ဦးဆောင်မည် မဟုတ်ပေ။

“ စောင့်ကြည့်ကြတာပေါ့” ကပ်ပါးက ထိုစကားများကို ပြောလိုက်သည်နှင့် သူနှင့် တခြားသူများက တစ်စုံတစ်ခုကို ခံစားမိလိုက်ကြသည်။ ထို့နောက် သူတို့က ကောင်းကင်တာအို၏ သတင်းစကားကို လက်ခံရရှိလိုက်ကြ၏။ ထို့နောက် ချက်ချင်းဆိုသလို အခြေအနေများသည် ပိုမိုရှုပ်ထွေးလာ၍ ကပ်ပါး၏ မျက်နှာထားက ပြောင်းလဲသွားသည်။

ကောင်းကင်တာအိုက တိုက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်သူအရေအတွက်ကို လျှော့ချဖို့ ဝင်ခွင့်အမှတ်အသားပြား စနစ်ကို အသုံးပြုခဲ့သည်။ အကယ်၍ ရှင်းလင်းရေးတွင် အတူတူဖြစ်နေပါက ဝမ်ဝေ့နှင့် တိထျန်းတို့ကို ဝိုင်းတိုက်မည့် သူတို့၏ အစီအစဉ်သည် ဆုံးရှုံးသွားနိုင်သည်။

“ မင်းရော ဘယ်လိုထင်လဲ” ကပ်ပါးက မေးလိုက်သည်။

“ ပါဝင်ယှဉ်ပြိုင်သူ အရေအတွက်ကို ကန့်သတ်လိုက်တာ အဓိပ္ပာယ်မရှိဘူး” ရေးဆွဲသူက ပြောလိုက်သည် “ ထာဝရဧကရာဇ် ပေါ်ထွက်လာနိုင်တဲ့ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ နောက်ဆုံးအနိုင်ရရှိတဲ့သူက တစ်ယောက်ချင်းစီကို ဖိနှိပ်ထားနိုင်မှာဆိုတော့ အမြဲတမ်းလိုလို လွတ်လပ်တယ်”

ယခင်မှတ်တမ်းများအရ ကောင်းကင်တာအိုသည် ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်ဖို့ ယခင်မျိုးဆက်ကို ပိတ်ဆို့ကာ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလကို ဖော်ဆောင်ဖို့ ကြိုးစားလေ့ရှိရာ ကောင်းကင်ရုပ်ခန္ဓာ အများအပြား ပေါ်ထွက်လာသည်။

ထိုတိုက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သည့် အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိဖူးပေ။

“ ဒါက ခေတ်ကာလသားတော်ကြောင့်လို့ ထင်လား” ထာဝရမီးတောက်က မေးလိုက်သည်။

“ မဖြစ်နိုင်ဘူး။ ကောင်းကင်တာအိုက သူ့ဘက် အကျိုးရှိတယ်ဆိုရင်တောင် ဒီလောက်မျက်နှာသာ ပေးမှာ မဟုတ်ဘူး ” ကပ်ပါးက သုံးသပ်လိုက်၏ “ ရှင်းလင်းရေး စတဲ့အထိ စောင့်ကြတာပေါ့။ ဒါက မိစ္ဆာနတ်ဘုရားကမ္ဘာမှာ ဘာမှန်းမသိသေးတဲ့ အခြေအနေ ဖြစ်နေတာလည်း ဖြစ်နိုင်တယ်”

***

All Chapters