သူတော်စင်စမ်းသပ်ချက်
Vol. 46 Ch. 636
စိတ်ဝင်စားဖို့ကောင်းတဲ့ ဧကရာဇ်နှစ်ယောက်ပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်တွင် မဟာဧကရာဇ်ငါးပါး ရှိစဉ်အချိန်က လေဟာနယ်ဧကရာဇ်သည် ကျောင်းသူတစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကံဆိုးစွာဖြင့် ကျောင်းတော်အတွင်း သူမ၏ အတွေ့အကြုံများက သိပ်မကောင်းခဲ့ပေ။
သူမတွင် အဆုံးမဲ့လေဟာနယ် ရုပ်ခန္ဓာရှိထားသော်လည်း သူမနှင့် ယှဉ်နိုင်သည့် ပြိုင်ဘက်ကောင်း တစ်ယောက် ရှိနေသည်။ သို့သော်လည်း လေဟာနယ်ဧကရာဇ်အနေဖြင့် ကျောင်းတော်သည် သူမ၏ လိင်အမျိုးအစားကြောင့် ခွဲခြားဆက်ဆံသည်ဟု ခံစားခဲ့ရသည်။
သူမက ထိုသူ့ထက်စာလျှင် အရင်းအမြစ် အနည်းငယ်၊ ထောက်ပံ့မှု အနည်းငယ်၊ နောက်လိုက်အနည်းငယ်နှင့် အခွင့်အရေး အနည်းငယ်သာ လက်ခံရရှိ၏။ အကယ်၍ သူတို့နှစ်ဦးကြား ခြားနားမှုရှိနေလျှင် နားလည်နိုင်သော်လည်း ကိစ္စများစွာတွင် သူတို့က လက်ရည်တူ ဖြစ်နေလေ၏။
နောက်ဆုံး သူမအား ထွက်သွားစေသည့် နောက်ဆုံးသော ကောက်ရိုးမျှင်က အထွတ်အထိပ် ဆရာတစ်ယောက်သည် သူမအား တာအိုကိုသက်သေပြမည့် ရည်မှန်းချက်ကို လက်လျှော့ခိုင်းပြီး ပြိုင်ဘက်နှင့် လက်ထပ်ဖို့ အတင်းအကြပ် ဖိအားပေးခဲ့စဉ်အခါက ဖြစ်၏။ သူမက ဒေါသတကြီးဖြင့် ထွက်သွားကာ သူမ၏ လမ်းကို ဖန်တီးဖို့ ကြိုးစားခဲ့သည်။
ထူးဆန်းစွာဖြင့် သူမသည် ထိုခေတ်ကာလအတွင်း အင်အားက သိသိသာသာတိုးမြင့်လာကာ တာအိုကို သက်သေပြနိုင်ချေအရှိဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။
သူမက တာအိုကို အမှန်ပင် သက်သေပြနိုင်ခဲ့၏။ သူမက ပြိုင်ဘက်အားလုံးကို အနိုင်ပိုင်းကာ အတုအယောင် ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာခဲ့သည်။ ထို့နောက် သူမက ဒဿနိကအတွေးအခေါ်များကို လက်ခံထားသည့် တာအိုကိုးကွယ်ရေးကျောင်းတော်ကို တည်ထောင်ခဲ့၏။
ကျောင်းတော်မှ သူမ၏ ပြိုင်ဘက်အတွက်မူ နောက်ဆုံးတိုက်ပွဲအတွင်း သတ်ဖြတ်ခဲ့သည်။ သို့သော် သူမက ကျောင်းတော်နှင့် ပတ်သက်ပြီး ဘာမှဆွဲကိုင်မထားပေ။ ထိုအဖြစ်အပျက်အပြီးတွင် ဧကရာဇ်ဉာဏ်အလင်းပွင့်ကျောင်းတော်က သူတို့နည်းစနစ်၏ ချို့ယွင်းမှုကို သဘောပေါက်ကာ သဘောထားနှင့် ရပ်တည်ချက်ကို ပြောင်းလဲနိုင်ခဲ့သည်။
လေဟာနယ်ဧကရီက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်မှာ ကျောင်းတော်ကနေ ထွက်သွားခဲ့တာပဲ။ အဲဒါဆိုတော့ ဒီပုံစံက သူမရဲ့ အားအကောင်းဆုံး စွမ်းရည်ရှိတဲ့တစ်ခုပေါ့…
ဝမ်ဝေ့က သံသရာဧကရာဇ်ကို မကြည့်ခင် တွေးလိုက်မိသည်။
သူ့ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်း၏။ သူ ငယ်ငယ်တုန်းက သံသရာဧကရာဇ်သည် နာမည်ကျော် သူခိုး တစ်ယောက် ဖြစ်ခဲ့သည်။ အရေးကြီးသည့် အရင်းအမြစ်များကို ခိုးယူဖို့ အင်အားစုအမျိုးမျိုးထံ ကျူးကျော်ဝင်ရောက်လေ့ ရှိသည်။ ကောင်းကင်ရွေးချယ်ခံအားလုံးက ကံကောင်းမှု အဖြစ်အပျက်များတွင် ပါဝင်ဆင်နွှဲကြစဉ် သူက နောက်ဆုံးသော အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး တခြားသူများ မပျောက်ကွယ်သွားခင် ဆုလာဘ်အားလုံးကို ခိုးယူခဲ့သည်။ သူက သူ့ဘဝတစ်လျှောက်လုံး အင်အားစုမြောက်များစွာထံမှ ထွက်ပြေးနေခဲ့ရသည်။ ထိုထဲတွင် တာအိုအခွင့်အလမ်းဂိုဏ်းလည်း အပါအဝင် ဖြစ်၏။
ဝမ်ဝေ့က သူ့ဘဝတွင် အရေးကြီးသည့် ဖြစ်ရပ်နှစ်ခုကို သိလေသည်။ ပထမတစ်ခုက သူသည် သံသရာစည်းမျဉ်းကို နားလည်စေနိုင်သည့် ရတနာတချို့ကို ခိုးယူခဲ့စဉ်အချိန် ဖြစ်၏။ ဒုတိယတစ်ခုကမူ သူသည် ငရဲကမ္ဘာဆီ ရုတ်တရက် ထွက်ပြေးသွားစဉ်အချိန်က ဖြစ်သည်။
ငရဲကမ္ဘာကို ထွက်သွားပြီးသည့်နောက်တွင် သံသရာဧကရာဇ်က ကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။ တာအိုကို သက်သေပြပြီးသည့်နောက်တွင်ပင် သူက ကမ္ဘာတွင် မနေသလို ဟောပြောပို့ချခြင်းလည်း မရှိဘဲ ချက်ချင်းဆိုသလို တက်လှမ်းသွား၏။
ဝမ်ဝေ့က သူ့ဘဝအခြေအနေကို သုံးသပ်ကြည့်လိုက်သည်။ သံသရာဧကရာဇ်က ငရဲကမ္ဘာကို အသုံးပြုကာ သူ့တားမြစ်ချက် စစ်ဆေးမှုကို အောင်မြင်ခဲ့ခြင်း ဖြစ်ရမည်ဟု ယုံကြည်ထားသည်။ ထိုအရာက လူအိုကြီးငရဲနှင့် အပေးအယူပင် ဖြစ်နေနိုင်သည်။ သို့သော်လည်း သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ချက်ချင်းဆိုသလို ထွက်ပြေးသွား၏။
သူ သိထားသလောက် သံသရာဧကရာဇ်သည် ဒုတိယမူလတိုက်ပွဲတွင် ပင်မစံပြတစ်ယောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူက လူအိုကြီးငရဲလိုမျိုးလူကို ဂရုစိုက်မည် မဟုတ်ပေ။
“ ထားလိုက်ပါတော့” သူက ပိုင်နက်ကို ချဲ့ထွင်လိုက်၏။ အတုအယောင် ထာဝရဧကရာဇ်လေးပါး၏ ပိုင်နက်လေးခုကို ရင်ဆိုင်ရသည့်အခါ သူ့ကို ဖိနှိပ်မထားနိုင်ပေ။ အချုပ်အားဖြင့် သူက အရေးသာချက် ရှိနေသည်။
ပထမ လှုပ်ရှားလာသူက ယင်စန္ဒာဧကရာဇ် ဖြစ်၏။ သူ့ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက သွေးနီရောင် မျက်ဝန်းရှိသည့် ဝမ်ဝေ့ ဖြစ်သည်။
ငါ့ရဲ့အနက်ရှိုင်းဆုံး အကြောက်တရားထဲက တစ်ခုလား…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုကိုယ်ပွားသည် သူ့စွမ်းရည် ၈၀ ရာခိုင်နှုန်းလောက် ရှိထားမှန်း ခံစားမိလိုက်သည်။
သူ့ရဲ့ အကြီးမားဆုံးအကြောက်တရားတစ်ခုက ဘာလဲ…
သူ ကိုယ်တိုင်သာ ဖြစ်၏။ အကယ်၍ တစ်ရက် သူသာ ရူးသွပ်သွားခဲ့လျှင် အပျက်အစီးများစွာကို ဖြစ်စေလိမ့်မည်မှန်း သိထားသည်။ လက်ရှိ သူ့ပုံစံကပင် ကမ္ဘာအတွက် အန္တရာယ်များစွာ ဖြစ်စေနိုင်သည်။ သူက လုံးဝလွတ်လပ်ပြီး အတားအဆီး မရှိဘဲ လူသားကျင့်ဝတ် မရှိသည့် သူ့ပုံစံကို တွေးမကြည့်နိုင်ပေ။
ဝမ်ဝေ့၏ လွတ်လပ်လိုသည့် စိတ်ဆန္ဒက သူအလိုရှိတိုင်း သတ်ဖြတ်ဖို့ရာအတွက် မဟုတ်ပေ။ သူက စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ အတားအဆီးမရှိဘဲ ရွေးချယ်နိုင်သည့် စွမ်းရည်ကို ရလိုခြင်းသာ ဖြစ်၏။ အကယ်၍ သူ့ရည်မှန်းချက်ကို နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်ကြည့်မည်ဆိုလျှင် အနည်းငယ် ကြောင်သူတော်ဆန်နေနိုင်သည်။ သို့သော် သူက စိတ်ထဲမထားပေ။
ဤနည်းစနစ်က အပေါ်ယံ ကြောင်သူတော်အလွှာကို ဖယ်ရှားထားသည့် ပုံစံမျိုးဖြစ်ကာ တပ်မက်မှုဆန္ဒများနှင့် လိုချင်သည့် စိတ်ဆန္ဒများလည်း ရှိနေကာ လွတ်လပ်နေသည်။
“ စိတ်ဝင်စားစရာကောင်းတဲ့ နည်းစနစ်ပဲ” သူက ရေရွတ်လိုက်၏။ သူက ဤနည်းစနစ်ထဲမှ ဟာကွက်ကို မြင်နိုင်သည်။ ယင်စန္ဒာဧကရာဇ်က သူ၏ အကြီးမားဆုံး အကြောက်တရားကို အတူပုံဖော်ပြီး စွမ်းအားကို ပုံတူပွားလိုက်ခြင်း ဖြစ်၏။ သို့သော် သူမက ဝမ်ဝေ့ကို တခြားလူတစ်ယောက်နှင့် တိုက်ခိုက်ဖို့ ပုံမဖော်နိုင်ပေ။ ကြေးမုံကဲ့သို့ မကူးယူနိုင်သည့်အတွက် သူမက သူ့စွမ်းအားအများအပြားကို ရရှိနိုင်မည် မဟုတ်ပေ။
“ ထွက်သွားစမ်း။ မင်းက ဝိညာဉ် မရှိတဲ့ ရုပ်သေးရုပ်ပဲ” ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ သူက သူ့ပိုင်နက်အတွင်းမှ ဝိညာဉ်စည်းမျဉ်းကို ထိန်းချုပ်ကာ ထိုအကြောက်တရား သဏ္ဌာန်ပြ ဝိညာဉ်ကို ပေးအပ်လိုက်သည်။ ယခုအခါ ရုပ်သေးရုပ်တွင် ဝိညာဉ်ရှိပြီး ကိုယ်ပိုင်ဆန္ဒရှိလာပြီဖြစ်ကာ ယင်စန္ဒာ၏ ထိန်းချုပ်မှုအောက် မရှိတော့ပေ။
အကြောက်တရားသဏ္ဌာန်ပြက ထိုသူကို ရုတ်တရက် ပြန်လည်တိုက်ခိုက်လာသည်။
ချစ်ခြင်းမေတ္တာကာကွယ်ရေး
ချစ်ခြင်းမေတ္တာက တည်ရှိမှုထဲ အားအကောင်းဆုံး စိတ်ခံစားချက်ထဲမှ တစ်ခုဖြစ်၏။ ထိုနည်းစနစ်ဖြင့် ယင်စန္ဒာဧကရာဇ်သည် အသင်္ချေကမ္ဘာတစ်လျှောက်လုံး အချစ်ခံရဆုံး လူသား ဖြစ်လာနိုင်သည်။ သေမျိုးများ၊ အရာဝတ္ထုများ၊ သက်မဲ့နှင့် ကမ္ဘာများကပင် သူမအား ချစ်မြတ်နိုးပြီး ကာကွယ်မှုပုံစံဖြင့် သဏ္ဌာန်ပြလာလိမ့်မည်။
ကံဆိုးစွာဖြင့် သူမက ဝမ်ဝေ့စွမ်းအား၏ ၈၀ ရာခိုင်နှုန်းလောက် ရှိထားသည့် သဏ္ဌာန်ပြအတွက် ပြိုင်ဘက် မဟုတ်ပေ။ သူမ၏ နည်းစနစ်နှင့် ပိုင်နက်များက ထိုတိုက်ကွက်ကို မခုခံနိုင်ဘဲ မိုးကြိုးအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားသည်။
ထို့နောက် ဝမ်ဝေ့က ဓားရေးဧကရာဇ်ကို ကြည့်လိုက်၏။ ထိုသူက မလှုပ်မယှက် သူ့အား စိုက်ကြည့်နေသည်။ ဝမ်ဝေ့က ထိုအမျိုးသား၏ တာအိုလုပ်ဆောင်ပုံအား သိထားရာ အရေးသာချက် ပေးထားသော်လည်း သူက စမ်းသပ်ကြည့်လိုသေး၏။
သူက လက်ချောင်းကို ချိုးလိုက်ကာ ဂလက်ဆီများစွာကိုပင် ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ဓားရေးဧကရာဇ်က ဓားကို ဝှေ့ယမ်းလိုက်ပြီး ထိုစွမ်းအားက ဝမ်ဝေ့ဆီ အနည်းဆုံး ဆယ်ဆမက တိုးကာ ပြန်လည်ရောက်ရှိလာသည်။
ခုတ်လွဲခြင်းတာအို…
သူက အခြေခံ ဓားရေးသဘောတရားတစ်ခုကို အယူအဆ အပါအဝင် အရာအားလုံးကို ထိပ်တိုက်ရင်ဆိုင်နိုင်အောင် အဆင့်မြင့်လိုက်သည်။
ဝမ်ဝေ့က မရဏလှံကို ဖန်တီးကာ ဓားရေးဧကရာဇ်ဆီ ပစ်လွှတ်လိုက်၏။ ထိုသူက ဓားကို ဝှေ့ယမ်းကာ တားဆီးလိုက်သည်။ သို့သော်လည်း ဓားက လှံနှင့် ထိတွေ့သွားသည့်အခါ ဝမ်ဝေ့၏ ပိုင်နက်က ကြမ္မာစွမ်းရည်၏ ရည်ရွယ်ချက် လှုံ့ဆော်ခြင်းကို အသက်သွင်းလိုက်သည်။
သူက ဓားရေးဧကရာဇ်၏ တာအိုကို ရုပ်ပိုင်းဆိုင်ရာအပေါ်သာ သက်ရောက်မှုရှိဖို့ရာ ပြောင်းလဲလိုက်သည်။ ထို့ကြောင့် ထိုသူက လှံနှင့် ထိတွေ့သွားသည့်အခါ မရဏစွမ်းအားက သူ့အား သတ်ဖြတ်သွား၏။
ယခုတွင် လေဟာနယ်ဧကရာဇ်၏ အလှည့် ကျရောက်လာသည်။ သူမက ပထမဦးစွာ ကူးသန်းသွားလာခြင်းကို တားဆီးဖို့ သူမ၏ ပိုင်နက်ကို ချဲ့ထွင်လိုက်သည်။ ထို့နောက် သူမက လေဟာနယ်ကို တွန့်လိမ်စေလိုက်သည်။
တာအိုအခွင့်အလမ်းဂိုဏ်းအထက်ရှိ အာကာပြင်က ဖရိုဖရဲ ဖြစ်လာသည်။ အကယ်၍ ကာကွယ်ရေးအစီအရင်ကြောင့်သာ မဟုတ်ပါက ပတ်ဝန်းကျင် ဂိုဏ်းပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံသွားသည့် ကပ်ဘေး ဖြစ်သွားနိုင်သည်။
မဆိုးဘူးပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ အာကာပြင် စည်းမျဉ်း ပါရမီရှင်တစ်ယောက်အနေနှင့် သူသည်လည်း ထိုသို့လုပ်ဆောင်နိုင်သည်။ ထိုတိုက်ကွက်က အသုံးမဝင်ပေ။ ထိုအစား သူက ကာလံဒေသံ တာအိုအကြောင်းကို စဉ်းစားနေမိသည်။ သိပ္ပံကမ္ဘာအတွင်း ကာလံဒေသံက အတူတူဖြစ်ကာ ပြောရမည်ဆိုလျှင် မပြောင်းလဲနိုင်ပေ။ သို့သော်လည်း သူတို့က ကျင့်ကြံရေးကမ္ဘာနှင့် ခြားနားသည့် သဘောတရား ပိုင်ဆိုင်ထား၏။
ဒီကမ္ဘာရဲ့ အာကာပြင်က ချိုးဖောက်ဖို့ လွယ်ကူလွန်းတယ်။ ငါ ပြောင်းလဲသင့်တယ်…
ကျင့်ကြံသူများ၏ ဖျက်ဆီးနိုင်စွမ်းအားဆီမှ အစပြုလာသည့် ကပ်ဘေးများစွာ ရှိလေသည်။ ထို့ကြောင့် သူက ကမ္ဘာ၏ အမိန့်မှာတမ်းကို ပြောင်းလဲကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံသူများက ကူးသန်းသွားလာဖို့ သူတို့၏ စည်းမျဉ်းကို အသုံးပြုနိုင်သော်လည်း အာကာပြင်ကို မချိုးဖောက်နိုင်သလို ဧကရာဇ်တစ်ပိုင်းအဆင့်ပင် ထိုသို့ စွမ်းရည်မျိုးရှိမည် မဟုတ်ပေ။
“ အင်း မဆိုးဘူးပဲ” ဝမ်ဝေ့က လေဟာနယ်ဧကရာဇ်သည် သူ့အတွင်းအင်္ဂါအားလုံးနှင့် ခန္ဓာကိုယ်ထဲမှ မူလအဆီအနှစ် အပါအဝင် အားလုံးကို ပြောင်းရွှေ့ဖို့ ကြိုးစားနေကြောင်း ခံစားမိလိုက်သည်။
“ ခင်ဗျားလည်း ခင်ဗျား နည်းစနစ်နဲ့ သေလိုက်တော့” သူက ဦးနှောက်ကို ခန္ဓာကိုယ်မှ ဖယ်ရှားလိုက်ပြီးသည့်နောက်တွင် သူမက ပျောက်ကွယ်သွားပြီး မိုးမြေဆီ ပြန်လည်ရောက်ရှိသွားသည်။
နောက်ဆုံးတွင် သံသရာဧကရာဇ် အလှည့် ကျရောက်လာသည်။ ထိုသူက လက်ဝှေ့ကာ ပျက်သုဉ်းခြင်း စွမ်းအားပါဝင်သည့် စက်ဝန်းတစ်ခုကို ဖန်တီးလိုက်၏။ ထိုအရာက မရဏစည်းမျဉ်း၏ စည်းမျဉ်းငယ်တစ်ခုလည်း ဖြစ်သည်။ သို့သော်လည်း ထိုအရာက ကိုယ်ပိုင်စည်းမျဉ်းတစ်ခုနဲ့ လုပ်ဆောင်နိုင်ပြီး အလားအလာလည်းရှိပေသည်။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး တူညီသည့် စက်လုံးကို ဖန်တီးကာ တိုက်ကွက်ကို ပယ်ဖျက်လိုက်သည်။
“ အင်း ခိုးကြောင်ခိုးဝှက်နဲ့ တကယ်ကို သူခိုးဆိုတဲ့အတိုင်းပဲ” ထိုစက်ဝန်းက ပျက်စီးစေသည်။ တကယ့်တိုက်ကွက်က သူ့သက်တမ်းကို ခိုးယူပြီး တိတ်တဆိတ် သတ်ဖြတ်ဖို့ ကြံစည်ထားခြင်း ဖြစ်၏။ သူက လက်ကို ချိုးလိုက်သည်။
မရဏတုန်ခါမှု
မရဏအသံလှိုင်းများက သံသရာဧကရာဇ်ကို ဖုံးလွှမ်းသွားကာ သူ့အား ပြန်လည်ဝင်စားခြင်းစက်ဝန်းဆီ ပို့ဆောင်လိုက်သည်။
“ အသက်ရှင်သေးတယ်လား”
ဝမ်ဝေ့က ထိုသူ့ကို ကာကွယ်ပေးထားသည့် အနက်ရောင် အငွေ့အသက်များကို ကြည့်ကာ “ မရဏခုခံစွမ်းရည်လား။ စိတ်ဝင်စားစရာပဲ”
သူက သံသရာဧကရာဇ်ကို အထင်ကြီးမိသွားသည်။ ထိုလူငယ်ဧကရာဇ်များကြား သူက ထာဝရအရှင် စွမ်းအားအဆင့် ရောက်နိုင်ချေအရှိဆုံးသူဟု ယုံကြည်လိုက်သည်။
တခြားသူများက ပါရမီရှိသော်လည်း မသေမျိုးနှင့် သေမျိုးကြားမှ နယ်နိမိတ်ကို ချိုးဖောက်ဖို့ရာ တစ်ခါတစ်ရံတွင် အခွင့်ကောင်းနှင့် အချိန်အခါကောင်း လိုအပ်၏။ ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလကြောင့် ဤအခြေအနေကား ပုံမှန်ကိစ္စလို ဖြစ်နေလေသည်။ သင့်တော်သည့် အခွင့်အရေးမရှိဘဲ လက်ရှိကောင်းကင်ရွေးချယ်ခံအများစုက ဤသို့အောင်မြင်နိုင်မည် မဟုတ်ပေ။
ဝမ်ဝေ့က သူ့ကံကြမ္မာစည်းမျဉ်းကို ထိန်းချုပ်လိုက်ပြီး သံသရာဧကရာဇ်၏ ကံကြမ္မာကို ပြောင်းလဲလိုက်သည်။ ကံဆိုးစွာဖြင့် ကံကြမ္မာက သံသရာကို အောင်မြင်သွားပြီး သူ၏ မရဏခုခံနိုင်စွမ်းနည်းစနစ်ထက် ကျော်လွန်သွားသည်။
“ တကယ့်ပုံစံနဲ့ ယှဉ်ကြည့်ချင်တယ်” အကယ်၍ ဧကရာဇ်အားလုံး၏ လူငယ်ပုံစံများကသာ အချိန်နှင့် နေရာကို ဖြတ်သန်းလာပြီး တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်မည်ဆိုလျှင် စိတ်ဝင်စားဖို့ ကောင်းလိမ့်မည်။
ဤသည်က တကယ့်ကို ကြည့်ဖို့ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်လာလိမ့်မည်။
***