ဘေးကင်းနွယ်တောင်
Vol. 50 Ch. 693
“ ဘာလိုချင်တာလဲ။ ခင်ဗျား ရှိသမျှ ထုတ်သုံးစမ်းပါ ကျုပ် ဖန်းဟုန်က လုံးဝ မကြောက်ဘူး …” ဖန်းဟုန်က မိုဝူကျိ စကားကို ကြားသောအခါ သူ့အရှိန်အဝါက နောက်တဖန် ထွက်ပေါ်လာသည်။ ခဏအကြာတွင် ပြန်လည် အေးဆေးသွားကာ မိုဝူကျိက အင်မော်တယ်လောက၏ နံပါတ်တစ် ဂိုဏ်းချုပ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်ဘူး ဖြစ်စေ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ အင်မော်တယ်ဘုရင်အဆင့် မကျော်သေးပေ။ အင်မော်တယ်ဘုရင်အဆင့်ပင် မရှိသေးသည့် ပါးမွှားတစ်ယောက်က သူ့ကို နေခိုင်းဖို့ရာ ကြိုးစားနေသည်လား။
ထိုစဉ် သူ့အင်အားက သိသိသာသာ ကျဆင်းသွားလေ၏။ မိုဝူကျိ၏ ကျင့်ကြံဆင့်က မည်သို့ပင် ဖြစ်နေစေကာမူ တိုက်ပွဲအင်အားကို အထင်သေး၍ မဖြစ်ပေ။ ဝေကျီတောက်၏ အင်အားကို ချက်ချင်း တိုးပွားလာစေသည့် အချက်ကို ထည့်တွက်လျှင် ဖန်းဟုန်က ဆက်၍ မလုပ်ရဲတော့ပေ။
သူ့အား ဒေါသထွက်စေသည်က သူ ထွက်သွားမည်ကို တားကာ ဆက်နေခိုင်းသည့် အချက် ဖြစ်၏။ သူ ဖန်းဟုန်က ချောင်ပိတ်ခံထားရသည့် နဂါးတစ်ကောင် ဖြစ်နေလျှင်ပင် ပါးမွှားတစ်ကောင်၏ ခြိမ်းခြောက်မှုကို ခံရလောက်သည့်အထိ မဟုတ်ပေ။
လက်တစ်ချက် အဝှေ့ဖြင့် ဖန်းဟုန်က အချက်ပြအလင်းကို ထုတ်လွှင့်လိုက်သည်။ ဘေးကင်းနွယ်တောင်၌ အားလုံးက စိတ်စွမ်းအား အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကျဉ်ကြသည်။
အသက်ဆယ်ရှိုက်စာအတွင်း လူပုံရိပ်အများအပြား ရောက်ရှိလာကာ အင်မော်တယ် အမဲလိုက်သူ ပိုင်နက်အား ဝိုင်းထားလိုက်၏။
သို့သော်လည်း ဝေကျီတောက်၏ အမူအယာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူက မိုဝူကျိနှင့် ကွဲပြား၏။ အရေအတွက်မှာ ဘေးကင်းနွယ်တောင်၌ ဘာမှ မဟုတ်ကြောင်း သေချာသိပေသည်။ တိုက်ပွဲစပြီးသည့်နောက် မည်သူကမှ သူတို့အသက်များကို စတေးကြမည် မဟုတ်ပေ။ သက်ရောက်မှု ရှိစေမည့် တစ်ဦးတည်းသော လူမျိုးမှာ အင်မော်တယ် အုပ်စိုးသူနှင့်အထက် ဖြစ်ကာ ကျန်သူများက ဘာဆိုဘာမှ မဟုတ်ပေ။ သူ့အင်မော်တယ် အမဲလိုက်သူအဖွဲ့တွင် နတ်ဆိုးလက်ထက် အရေအတွက် ပိုနည်းသော်လည်း အားမှာ အတူတူလောက် ဖြစ်၏။
ဝေကျီတောက်က အချက်ပြခြင်း မရှိသော်လည်း အင်မော်တယ် အမဲလိုက်သူ အဖွဲ့များလည်း ရောက်ရှိလာကြသည်။
“ ဂိုဏ်းချုပ်မို ကျုပ်တို့ ရှောင်လွဲလို့ ရနိုင်တယ်ဆိုရင် မတိုက်ဖို့အတွက် ပြောချင်တယ်။ ဖန်းဟုန်က အထိနာထားပေမဲ့ လက်တွေ့ကျ သူ့ဆီ လျို့ဝှက်ချက်တွေ ကျန်နေသေးတယ်။ ကျုပ်တို့တွေ သူ့ကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့တွေလည်း ပြန်ပေးဆပ်ရလိမ့်မယ်။ တကယ်လို့ ဂိုဏ်းချုပ်မိုက တိုက်ခိုက်ချင်တယ်ဆိုရင်တော့ ကျုပ် ဝေကျီတောက်က ခင်ဗျားဘက်က နေမှာပါ …. ” ဝေကျီတောက်က ထိုစကားကို မိုဝူကျိထံ စိတ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။
သို့သော်လည်း မိုဝူကျိက တိတ်ဆိတ်နေသေး၏။ ဝေကျီတောက် စကားတွင် နောက်ထပ် အကြောင်းအရာတစ်ခု မှတ်ယူ၍ ရသေး၏
“ ကိုယ်ပိုင် အင်အားမဟုတ်တာကနေ အရမ်းမျှော်လင့်မနေပါနဲ့ …. ”
ဝေကျီတောက်က ကောင်းကောင်းမွန်မွန် ပြောလိုက်သော်လည်း တိုက်ပွဲ တကယ် ဖြစ်လာပါက သူက သေချာပေါက် အကုန်ထုတ်သုံးမည် မဟုတ်ပေ။ အကယ်၍ ဖန်းဟုန်က အသက်ကို စတေးထားစဉ် ဝေကျီတောက်က သူ့ကိုယ်သူသာ ထည့်တွက်နေလျှင် မိုဝူကျိအနေနှင့် ရှုံးသွားနိုင်လေ၏။
ရှန့်ဟဲကောင်းလည်း တင်းကျပ်လာသော လေထုကို ခံစားမိပြီး ရှေ့တိုးလာကာ ပြောလိုက်၏
“ အစ်ကိုဖန်း၊ ဂိုဏ်းချုပ်မို …. ကျုပ်ပဲ ကြားနေ ဖြန်ဖြေပေးပါရစေ။ အရင်က အစ်ကိုဖန်းအနေနဲ့ အဲဒီအမျိုးသမီးက ဂိုဏ်ချုပ်မိုရဲ့ စီနီယာအစ်မမှန်း မသိလို့ပါ။ ပြီးတော့ သူက စကားပြောရုံပါ ဘာဆိုဘာမှ မတိုက်ခဲ့ပါဘူး။ အားလုံးလည်း ဘာမှ မဆုံးရှုံးဘူးလေ။ ဂိုဏ်းချုပ်မိုက ဒီနေရာကို ရောက်လာမှတော့ တစ်ယောက်ကို တစ်ယောက် မျက်နှာသာ ပေးလိုက်ကြပါ့လားဗျာ …
အစ်ကိုဖန်းကလည်း ဘေးကင်းနွယ်တောင်ရဲ့ နယ်မြေတပိုင်းကို ဂိုဏ်းချုပ်မိုဆီ ပေးလိုက် … အဲလိုဆို ဂိုဏ်းချုပ်မိုအတွက်လည်း စခန်းချစရာ နေရာ ရသွားမယ်။ ဂိုဏ်းချုပ်မိုကလည်း အရင်ကိစ္စတွေကို မေ့ထားလိုက်ပါ။ အားလုံး ရန်ကြွေးမထားတာ အကောင်းဆုံးမလား။ နောင်ကျ ကျုပ်တို့တွေ ဘေးကင်းနွယ်တောင်ရဲ့ စည်းမျည်းတွေအတိုင်း နေထိုင်ကြတာပေါ့ …. ဘယ်လိုလဲ … ”
ဝေကျီတောက်၏ စကားများကို ကြားပြီးနောက် မိုဝူကျိက တိုက်ခိုက်ဖို့ရာ ရွေးချယ်မှုအား လက်လျော့လိုက်တော့သည်။ ဝေကျီတောက်က အဆုံးအစွန်အထိ မသွားလိုသောကြောင့် သူက ဖန်းဟုန်အပေါ် နိုင်မည် မဟုတ်ပေ။
ရှန့်ဟဲကောင်း စကားအဆုံးတွင် ဖန်းဟုန်က အေးစက်စွာ ထပ်ပေါင်းပြောလိုက်၏
“ ငါ့ရဲ့ နတ်ဆိုးလက်မှာ နယ်မြေအများကြီး ရှိတယ် ဆိုပေမဲ့ ငါ့လူတွေ နေကြတာ။ တကယ်လို့ တခုခု လုပ်မယ်ဆိုရင် ဓားစွမ်းအင် ဝဲကတော့နားက ၅ ကီလိုမီတာ ပတ်လည်ပဲ ပေးနိုင်မယ်။ ကျန်တာတော့ လုံးဝ မရဘူး ”
ဖန်းဟုန်လေသံတွင် အားနည်းချက် မရှိသော်လည်း သူ့စကားက မိုဝူကျိနှင့် မတိုက်လိုဘဲ နောက်ဆုတ်လိုကြောင်း သိသာလှသည်။
အားလုံးက မိုဝူကျိကို ကြည့်ကာ သူ့တုံ့ပြန်မှုကို စောင့်ဆိုင်းနေလေ၏။ တိုက်ပွဲက သူ ရွေးချယ်မှုအပေါ် မူတည်နေလေသည်။ ယခု မိုဝူကျိက ဖေးလင်အား ကြည့်လိုက်၏။
ဖေးလင်က ရှန့်ဟဲကောင်းအား စကားပြောရဲသော်လည်း ဖန်းဟုန်ကိုတော့ မျက်လုံးချင်း မဆိုင်ရဲချေ။ အတိတ်မှ အနိုင်ကျင့်ခံရသော ပုံရိပ်များက သူ့စိတ်ထဲမှ ပျောက်ကွယ်မသွားသေးပေ။
သူက ဖန်းဟုန်ကို မည်မျှ ကြောက်လန့်နေစေကာမူ မိုဝူကျိက သူ့အား အကြံဉာဏ်ရလိုငြား ကြည့်လိုက်သေး၏။ သို့သော်လည်း သူက တိတ်ဆိတ်မနေရဲပေ။ မိုဝူကျိက သူ့သခင်အသစ် ဖြစ်ပေရာ သူ့လိုမျိုး အစကတည်းမှ စကားမပြောရဲသည့် သတ္တိကြောင်သည့်သူ လူစားမျိုးကို မည်သူက လိုချင်မည်နည်း။
“ ဂိုဏ်းချုပ်မို … ဓားစွမ်းအင် ဝဲကတော့က အတော်လေး အန္တရာယ်များတယ်။ ဘေးကင်းနွယ်တောင်မှာ အဲဒီဓားစွမ်းအင် ဝဲကတော့ကို သေခြင်းတရား ဝဲကတော့လို့လည်း ခေါ်ကြတယ်။ အဲဒီ ဓားစွမ်းအင် ဝဲကတော့နဲ့ နီးတဲ့နေရာကို သွားတဲ့ ဘယ်သူမဆို သေခြင်းတရားက စောင့်နေလိမ့်မယ်။ အဲဒါက လူတွေကို ဆွဲချနေတာဆိုတော့ ဓားစွမ်းအင်တွေက ကြောက်ခမန်းလိလိပဲ လူတွေကို တစစီ ဖြစ်သွားစေလိမ့်မယ်။ ဘယ်လောက် အားကောင်းကောင်း အသုံးမဝင်ဘူး ” ဖေးလင်က ရှင်းပြလိုက်၏။
ထိုအရာကို ကြားပြီး မိုဝူကျိက မျက်မှောင်ကျုတ်လိုက်၏။ ဤသို့မျိုး နေရာမျိုးနှင့် အနီးအနား နေခြင်းက ဘေးကင်းသော ရွေးချယ်မှုတော့ ဖြစ်ဟန် မပေါ်ပေ။
“ ဒါပေမဲ့ ” ဖေးလင်က တုံ့ဆိုင်းနေရင်း ထပ်ပြောလိုက်သည် “ ဝဲကတော့ဆီ မသွားရင်တော့ ဘာမှ မဖြစ်ဘူး ”
“ ဝဲကတော့ တည်ရှိနေတာ ဘယ်လောက်ကြာပြီလဲ ” မိုဝူကျိက စုံစမ်းလိုက်သည်။
“ ပြောကြတာကတော့ ဓားစွမ်းအင် ဝဲကတော့က ဘေးကင်းနွယ်တောင်ကို တွေ့ကတည်းက ရှိနေတာတဲ့။ အနည်းဆုံးတော့ နှစ်တစ်သောင်းလောက်တော့ ရှိရောပေါ့” ဤတစ်ကြိမ်၌ ဖေးလင်က မြန်မြန် ပြောလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ပြလိုက်၏။ နှစ်တစ်သောင်း ကြာသွားသည့်တိုင် ဓားစွမ်းအင် ဝဲကတော့က ကြီးကြီးမားမား ခြိမ်းခြောက်မှုမျိုး ဖြစ်မလာခဲ့ပေ။ ထို့အပြင် သူက ဘေးကင်းနွယ်တောင်၌ အချိန်အတော်ကြာ နေရန် ကြံစည်ထားလေ၏။
“ အင်မော်တယ်ရောင်းရင်း ဖေးလင် ပြောတာ မှန်တယ်။ ဘေးကင်နွယ်တောင်ကို တွေ့တာက အင်မော်တယ် ဧကရာဇ် တင်းဟယ်က မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဓားအဆောင် ကန်သတ်ချက်ကို ကိုယ်ပိုင်အားနဲ့ ဖျက်စီးပစ်လိုက်လို့ တောင်ကို ထိန်းချုပ်ထားတဲ့ အတားအဆီးက ပွင့်လာခဲ့တာ … အဲဒီ မတိုင်ခင်တုန်းက ဓားအကျဉ်းထောင်ထဲ ဝင်ပြီးတဲ့နောက် ဘယ်ဝိညာဉ်မှ အသက်မရှင်နိုင်ဘူး ” ဝေကျီတောက်က ဝင်ထောက်ခံပေးလိုက်သည်။
“ အင်မော်တယ်ဧကရာဇ် တင်းဟယ်လား ” မိုဝူကျိက ထိုသို့မျိုးလူ ဝင်လာသည်ကို တစ်ခါမှ မကြားဖူးပေ။ အကယ်၍ သူက ထိုမျှ အရေးပါနေလျှင် ပြဿနာတော့ မရှိချေ။
ရှန့်ဟဲကောင်းက မိုဝူကျိနှင့် သူဆက်ဆံရေးကို ဖာထေးဖို့ရာ ကြိုးစားနေလား မသည်းကွဲသော်လည်း သူက အရင်ဦးစွာ ဝင်ဖြေပေးလိုက်သည်
“ အင်မော်တယ် ဧကရာဇ် တင်းဟယ်က ဘေးကင်းနွယ်တောင်ရဲ့ အတားအဆီးကို ဖျက်စီးပြီးနောက် ပျောက်ကွယ်သွားတယ်။ ကျုပ်တို့က သူ့ကျေးဇူးကြောင့် ဒီလိုမျိုး အကျိုးကျေးဇူး ရရှိနေတာပါ ”
“ ဟုတ်ပြီ ကျုပ် အဲဒီမြေ ငါးကီလိုမီတာ လိုချင်တယ် ” မိုဝူကျိက အခြေအနေကို နားလည်ပြီးနောက် တည့်တိုး ပြောလိုက်သည်။
အင်မော်တယ် အမဲလိုက်သူ အင်အားစု၌ နေနေခြင်းမှာ သူ့အနေနှင့် ဧည့်သည်အဖြစ်သာ ဖြစ်ပြီး သူ့ကိုယ်ပိုင် ပိုင်နက် ထူထောင်ဖို့ရာ လိုအပ်ပေသည်။
မိုဝူကျိက ဖန်းဟုန် မြေ လက်ခံလိုက်သည်ကို ကြားပြီး ဝေကျီတောက်နှင့် ရှန့်ဟဲကောင်းတို့က သက်ပြင်းချလိုက်ကြသည်။ သူတို့ထဲက မည်သူမဆို တစ်ယောက်မှ တိုက်ပွဲ မဖြစ်စေလိုကြပေ။ ဘေးကင်းနွယ်တောင်မှာ သူတို့အတွက် စတည်းချစရာ စခန်းတစ်ခု ဖြစ်ပြီး ဤနေရာတွင် တိုက်ခိုက်ခြင်းက ရှုပ်ယှက်ခတ်နေသော နွယ်ပင်များကို ဖျက်စီးမိပေလိမ့်မည်။ နွယ်ပင်များ ပျောက်ကွယ်သွားလျှင် တောင်က သူတို့ကို ဓားစွမ်းအင်များမှ ကာကွယ်ပေးထားနိုင်မည်လားဆိုတာ မည်သူက သိမည်နည်း။
ဖးဟုန်၏ မျက်နှာ အမူအယာမှာ ပျက်ယွင်းသွားလေ၏။ မိုဝူကျိက နယ်မြေ လက်ခံမည့် အကြောင်းကိုသာ ပြောပြီး သူတို့ကြားမှ ရန်ကြွေးကို ထည့်မပြောသွားပေ။ ကြည့်ရသည်မှာ သူတို့ကြားမှ ရန်ကြွေးမှာ နယ်မြေလေး တစ်ခုဖြင့် ပျောက်ကွယ်မသွားနိုင်လောက်ပေ။ အကယ်၍ ဖန်းဟုန်သာ သိရှိနေပါက ထိုနယ်မြေအား ပေးမိမည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် စကားများကို ပြန်ရုတ်သိမ်း၍ မဖြစ်တော့ပေ။
တကယ်တော့ ဝေကျီတောက်က မိုဝူကျိနှင့် အေးအေးချမ်းချမ်း ရှိလိုသောကြောင့် မိုဝူကျိက ဖန်းဟုန်မြေကို လက်ခံပြီးနောက် သူက မြန်မြန် ထပ်ပြောလိုက်သည် “ ဒီလိုဆိုမှတော့ ဓားစွမ်းအင် ဝဲကတော့ အနီးအနားမှာ ရှိနေတဲ့ ကျုပ်ရဲ့ ငါးကီလိုမီတာ ဝန်းကျင်က ဂိုဏ်းချုပ်မို အပိုင်ပဲ …”
ထိုအပြုအမူက ရှန့်ဟဲကောင်းအား ကြောင်အမ်းသွားစေသည်။ ဖန်းဟုန်နှင့် ဝေကျီတောက်တို့က နယ်မြေများ ပေးထားကြလေရာ သူ့အနေနှင့် ကျန်ရစ်နေ၍ မည်သို့ ဖြစ်မည်နည်း။ သူက မိုဝူကျိကို ရန်မစမိထားလျှင်ပင် ယခု သူ့မြေကို မပေးခြင်းက ထိုသို့ ဖြစ်လာစေလိမ့်မည်။
ရှန့်ဟဲကောင်းက ထိုအတွေးဖြင့် ရယ်မောလိုက်ပြီး “ ခင်ဗျားတို့ နှစ်ယောက်လုံးက ငါးကီလိုမီတာဆီ ပေးမှတော့ ကျုပ် ရှန့်ဟဲကောင်းကလည်း ကျန်နေလို့ ဘယ်ဖြစ်မလဲ။ ကျုပ်လည်း ဓားစွမ်းအင် ဝဲကတော့ အနီးအနားက ငါးကီလိုမီတာ မြေကို ဂိုဏ်းချုပ်မိုဆီ ပေးပါ့မယ် … ”
“ ဒီလိုဆိုရင်တော့ အားလုံးကို ကျေးဇူးတင်ရမှာပါပဲ ” မိုဝူကျိက အားလုံးကို ကျေးဇူးတင်ရင်း လေးလေးစားစား နှုတ်ဆက်လိုက်သည်။
ဖန်းဟုန်က တိုက်ပွဲကို မတိုက်လိုသဖြင့် ငါးကီလိုမီတာ နယ်မြေအား လက်လျော့ခဲ့ခြင်း ဖြစ်ပေသည်။ ဝေကျီတောက်က သဘာဝ ကျီဆေးလုံးကို လိုချင်၍ ငါးကီလိုမီတာနယ်မြေအား ပေးအပ်ခဲ့ခြင်း ဖြစ်၏။ ရှန့်ဟဲကောင်းက ဘာမှ မသိဘဲ မဆန့်ကျင်လိုသောကြောင့်သာ ငါးကီလိုမီတာနယ်မြေအား ပေးခဲ့၏။ ဤနည်းဖြင့် မိုဝူကျိ၏ စုစုပေါင်း ၁၅ ကီလိုမီတာ နယ်မြေမှာ ဘေးကင်းနွယ်တောင်ကို ရောက်လာခါစ လူတစ်ယောက်အနေနှင့် အတော်လေးကို မဖြစ်နိုင်သည့် ကိစ္စမျိုး ဖြစ်သွားသည်။
သို့သော်လည်း မိုဝူကျိက ခေါင်းထဲ မထည့်ပေ။ ထိုလူများက သူတို့နယ်မြေများ လက်လျော့ခြင်းမှာ သူတို့စိတ်ထဲ၌ ရည်ရွယ်ချက် ကိုယ်စီ ရှိကြသည်။ သူ့နယ်မြေမှာ သူတို့၏ ဝန်းရံခြင်း ခံထားရပြီး သူတို့သာ အင်အားပူးပေါင်းဖို့ ဆုံးဖြတ်လိုက်လျှင် သူ့အနေနှင့် ဓားစွမ်းအင် ဝဲကတော့ထဲသို့သာ ထွက်ပြေးရလိမ့်မည်။
ဝေကျီတောက်၊ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က ထိုသို့ မတွေးမိဘူး ဆိုပါက အဓိပ္ပါယ် မရှိချေ။
ဤနေရာ၌ သူ့အင်အားမှာ အရေးပါမှုတချို့သာ ရှိသောကြောင့် ဘေးကင်းနွယ်တောင်၌ နေထိုင်သူများအနေနှင့် သူ့အား အပြင်လူအဖြစ် မြင်နိုင်လောက်ပေသည်။
“ အားလုံး … ကျုပ်လည်း နည်းနည်း ပင်ပန်းလာပြီ။ ပြီးတော့ ကျုပ်မြေမှာ လုပ်စရာလေးတွေ ကျန်နေသေးတယ်ဆိုတော့ ကြာကြာ မနေနိုင်တော့ဘူး ” မိုဝူကျိက ထိုလူသုံးယောက်၏ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို မကြောက်ပေ။ အကြောင်းမှာ သူက အဆင့် ၆ အင်မော်တယ် အစီအရင်ဆရာတစ်ယောက် ဖြစ်သည့်အပြင် ဓားစွမ်းအင်များကို လျစ်လျူရှုထားနိုင်သည် မဟုတ်ပါလော။
သူက ဓားအကျဉ်းထောင်ထဲ ဝင်ရောက်လာပြီးနောက် အဆင့် ၆ အင်မော်တယ် အစီအရင်ဆရာအဖြစ် တက်လှမ်းသွားပြီ ဖြစ်၏။ နတ်ဆိုးလက်၊ သမာဓိတောင်နှင့် အင်မော်တယ် အမဲလိုက်သူ အင်အားစုများ၌ ကာကွယ်ရေး အစီအရင်တချို့ ရှိသော်လည်း အဆင့် ၆ အင်မော်တယ် အစီအရင်များနှင့် မယှဉ်နိုင်ချေ။
“ တကယ်လို့ ဂိုဏ်းချုပ်မိုက အကူအညီ လိုရင် စိတ်ကြိုက် တောင်းဆိုလို့ ရပါတယ်။ ကျုပ်တို့ အင်မော်တယ် အမဲလိုက်သူအဖွဲ့က အင်မော်တယ် ဧကရာဇ် များများစားစား မရှိပေမဲ့ ကျုပ်တို့ဘက်မှာလည်း လုပ်ရည်ကိုင်ရည် ကောင်းတဲ့သူတွေ ရှိပါတယ် ” ဝေကျီတောက်က နတ်ဆိုးလက် ဖန်းဟုန်၏ စကားကို ပြန်ပက်ပြောဖို့ရာ မမေ့ပေ။
သူ့အင်အား ပြန်ရလာနိုင်မည့် အခွင့်အရေးမှာ မျက်စိရှေ့မှောက်တွင် ရှိနေသောကြောင့် ဘေးကင်းနွယ်တောင်၌ ရုတ်ရုတ်သည်းသည်း မဖြစ်စေလိုပေ။
“ အင်မော်တယ်ရောင်းရင်းဝေကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အခုတော့ အကူအညီ မလိုသေးပါဘူး ” မိုဝူကျိက စကားပြောပြီးနောက် လှည့်ထွက်သွားလိုက်သည်။ သူ့စိတ်ထဲ၌ အေးစက်စွာ ရယ်မောနေလေ၏။ ဝေကျီတောက် ဆိုလိုသည့် အဓိပ္ပါယ်မှာ ရှင်းလင်းလှပေသည်။ ထိုအတွက် သူ့အနေနှင့် တစ်ခွန်းတည်း တုံ့ပြန်စရာ ရှိပေသည်။
“ အရမ်း အတွေးလွန်နေတယ် …. ”
အကယ်၍ ဝေကျီတောက်က ဖန်းဟုန်ကို အားကုန် ဆန့်ကျင်မည် ဆိုလျှင် သူက ဝေကျီတောက်အား သဘာဝကျီဆေးလုံး ပေးမည် ဖြစ်သော်လည်း ယခုတွင်မူ ဝေကျီတောက်က ဆက်သာ အိပ်မက်မက်နေရုံသာ တတ်နိုင်တော့သည်။ သဘာဝကျီ ဆေးလုံးမှာ သူ မိုဝူကျိ၏ အပိုင် ဖြစ်ပြီး ဝေကျီတောက် အပိုင် မဟုတ်ချေ။
ဝေကျီတောက်၏ ငါးကီလိုမီတာ နယ်မြေအတွက် သူ့၏ သဘာဝကျီဆေး လေးလုံးမှာ လုံလောက်သည်ထက် ပိုပေသည်။ နတ်ဆိုးလက်၏ နယ်မြေမှာ ခြိမ်းခြောက်မှုအတွက် ပေးဆပ်ထားခြင်းဟု ယူဆ၍ ရပေသည်။ နောက်ဆုံး ရှန့်ဟဲကောင်းကိုတော့ မိုဝူကျိက ထိုသို့ နှစ်ဖက်ချွန်၊ နှစ်မျက်နှာနှင့် လူကို ဂရုမစိုက်ပေ။ သူ့ငါးကီလိုမီတာ နယ်မြေမှာ သူ့ကျုးလွန်ခဲ့သည့် မကောင်းမှုအတွက် ပြေရာပြေကြောင်း ပေးဆပ်ခြင်းသာ ဖြစ်၏။
မိုဝူကျိအတွက် သူ့ဦးဆုံးပေးဆုံး အရာမှာ ဆိုင်၊ ကာကွယ်ရေး အစီအရင်နှင့် နယ်မြေကို ခင်းကျင်းစီမံဖို့ရာ ဖြစ်ပေသည်။