ကိုယ်ခွဲရှစ်ခု
Vol. 46 Ch. 640
ဝူဟုန်က အမှန်တကယ် အံ့အားသင့်နေမိ၏။ သူ့ ကောင်လေးသည် ပါရမီထူးကဲကာ စွမ်းဆောင်ရည်ရှိမှန်း သိထားခဲ့သည်။ ရံဖန်ရံခါတွင် သူမက သူ့ကြောင့် အံ့ဩမိသလို ဂုဏ်ယူရ၏။ သို့သော် ယနေ့တွင် ပထမဦးဆုံးအကြိမ်အနေဖြင့် သူမသည် စကားဖြင့် ဖော်မပြနိုင်လောက်အောင် အံ့အားသင့်သွားမိသည်။ သူမက သူ့အား ကြည့်နေရင်း အောက်နှုတ်ခမ်းကို အသာကိုက်လိုက်သည်။
ဝမ်ဝေ့က သူ့ဇနီး၏ မျက်ဝန်းမှ အကြည့်ကို သတိထားမိ၏။ သူက ပြုံးလိုက်ကာ သူတို့နှစ်ဦးက အရှက်မရှိဘဲ ညစ်ပတ်ပတ်အရာများကို လုပ်လိုက်ကြသည်။ ထို့အပြင် သူမက သူ့ကို ဦးဆောင်ခွင့်ပေးသည့်အခါ သူက ပိုမို အရိုင်းဆန်လာ၏။ သူက ဆွဲဆောင်မှုအတွင်း သူ့ကိုယ်သူ ပျောက်ဆုံးလုနီးပါးအထိ ဖြစ်သွားခဲ့သည်။
ဝမ်ဝေ့က ဝူဟုန်ကို ပွေ့ဖက်ရင်း လဲလျောင်းနေသည်။ သူက အပြင်းထန်ဆုံး လေ့ကျင့်ခန်းကို လုပ်လာသကဲ့သို့ အသက်ပြင်းပြင်း ရှူရှိုက်နေရ၏။ အိပ်ယာက သူ့အနေဖြင့် မောပန်းနွမ်းနယ်ခြင်းကဲ့သို့သော အရာများကို ခံစားရသည့် အရာတချို့ထဲမှ တစ်ခုဖြစ်၏။
မိနစ်ပိုင်းကြာ အသက်ရှူနှုန်း ထိန်းညှိပြီးသည့်နောက်တွင် သူမကို မေးလိုက်သည် “ ကိုယ့်လူဝင်စားတွေက ဘာလို့ စမ်းသပ်ချက် မဖြတ်ကျော်ရတာလဲလို့ စဉ်းစားနေတာ”
“ သမာသမတ်မကျတဲ့ လမ်းစဉ်အတွက် တားမြစ်ချက်တွေ အများကြီးရှိတယ်လေ။ လူဝင်စားအားလုံးက စမ်းသပ်ချက်ကျော်ဖြတ်ရမယ်ဆိုရင် မတရားဘူး ဖြစ်သွားမှာပေါ့”
“ အဲလိုဆိုတော့ အဓိပ္ပာယ်ရှိသား” ဝမ်ဝေ့က သုံးသပ်လိုက်၏ “ သမာသမတ်လမ်းစဉ်က တစ်ခါတည်းပဲ လုပ်လို့ရတယ်လို့ ထင်တယ်။ သူတို့က ပြန်လည်ဝင်စားတိုင်းမှာ ပြန်လုပ်ဖို့ မလိုဘူး။”
နှစ်ဦးသားက စကားစမြည် ပြောပြီးသည့်နောက်တွင် သူတို့ကိုယ်ပိုင် ကိစ္စများလုပ်ဆောင်ဖို့ ထွက်ခွာသွားကြသည်။ ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို စမ်းသပ်ကြည့်လို၏။
သူက သူ့ရှေ့မှ အစီအရင်ကို လက်သီးဖြင့် ထိုးခွင်းလိုက်သည်။
ဝုန်း
“ ထင်ထားတဲ့အတိုင်း ပွင့်ချပ် ၇လွှာပဲ” သူ့ခန္ဓာကိုယ်က ထိုစွမ်းအားရှိနေပြီဖြစ်ကာ တခြားစွမ်းအားအရင်းအမြစ်များ မပါသေးပေ။ သူသာ ခွန်အားအစစ်အမှန် တာအိုနယ်ပယ်အဆင့် ဝင်ရောက်သွားသည်နှင့် သူ့စွမ်းအားတိုးမြှင့်လာဖို့ ပြဿနာ မရှိပေ။
“ ပွင့်ချပ် ၇လွှာ ကန့်သတ်ချက်ကို ဖယ်ရှားနိုင်မဲ့ နည်းလမ်းများ ရှိမလား ဒါမှမဟုတ် ဒါက ငါ့ရဲ့ စံပြဝိညာဉ်နဲ့ လူဝင်စားတွေရဲ့ ရလဒ်ကြောင့်များလား”
ဝမ်ဝေ့က သူ့ဝိညာဉ်သည် ကျင့်ကြံရေးတွင် အတားအဆီး ရှိခဲသည့် အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု သံသယရှိခဲ့မိသည်။ သူက ကျင့်ကြံသူအများစုရှိသည့် ထာဝရအရှင် ကန့်သတ်ချက်မျိုးလည်း ရှိလိမ့်မည် မဟုတ်ကြောင်း သံသယဖြစ်မိ၏။ သို့သော်လည်း သူက အကြောင်းအရင်း အတိအကျကိုမူ မသိရသေးပေ။
မည်သို့ပင်ဆိုစေကာမူ ထိုလူများက ကန့်သတ်ချက်ကို ဖယ်ရှားလိုလျှင် သူတို့က ခွန်အားအစစ်အမှန် တာအိုနယ်ပယ်၏ တတိယအဆင့် ရောက်သည်အထိ ကျင့်ကြံရမည်မှန်း သိထားသည်။ သူက ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကာ ပြုံးလိုက်၏။
ကျင့်ကြံရေးအစောပိုင်းအဆင့်များတွင် သူ့ခန္ဓာကိုယ်က ကျင့်ကြံဆင့်ထက် ပိုမိုအားကောင်းနေခဲ့သည်။ သို့သော်လည်း တခြားသော ကဏ္ဍများက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့် နဝမအဆုံးစွန်အုတ်မြစ်အပြီးတွင် လိုက်မှီလာခဲ့သည်။
ယခု သူ့ခန္ဓာကိုယ်က အားအကောင်းဆုံး ဖြစ်နေ၏။ အနည်းဆုံးတော့ သူ့ ပင်ခန္ဓာကိုယ်တွင် ဖြစ်သည်။ သူ့ပြီးပြည့်စုံသည့် ပုံရိပ်ကို ရှုစားပြီးသည့်နောက် စည်းမျဉ်းနားလည်ဖို့ရာ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားသည်။
ဝမ်ဝေ့က သူတော်စင်အဆင့်၏ အရွယ်ရောက်လာသော တာအိုသစ်ပင်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကာ သူ့ပိုင်နက်က ကန့်သတ်ချက်အလွန် အဆရာချီ ကျယ်ပြန့်နေပြီဖြစ်၏။ ကုရွှမ်၏ မျှော်နန်းဆောင် အကူအညီမပါရှိဘဲ ဖြစ်စဉ်က အင်မတန် ကြာမြင့်ခဲ့သည်။ အတိအကျဆိုရလျှင် နှစ်နှစ်သောင်း ဖြစ်၏။ သူ့အနာဂတ် ဗုဒ္ဓကိုယ် ၃၆၀ ဖြင့် သူသည် ၇.၂သန်း ကုန်ဆုံးသွားခဲ့ရသည်။
သူက စည်းမျဉ်းနားလည်အောင် လုပ်ရင်း ကုန်ဆုံးခဲ့သည့်အချိန်များဖြင့် သူတော်စင်အဆင့်၏ နယ်နိမိတ်ကို ကျော်လွန်သွားသည်။
“ ဒါပေမဲ့ ငါ့ဆီမှာ ငွေရောင်သစ်ပင် ရှိနေသေးတယ်” သူက ယခုအခါ ရွှေရောင်သစ်ပင်ကို ရရှိခြင်းက စည်းမျဉ်းများ နားလည်သည့်အချိန်ဖြစ်ကြောင်း နားလည်သွားသည်။ သို့သော် လျှို့ဝှက်ဆန်းကြယ် သံသရာတာအိုဆေးကြောကျင့်ကြံသူများက နဝမအဆုံးစွန်အုတ်မြစ် လျှောက်လှမ်းသည့်အခါ ကြုံတွေ့ခံစားကြရသည်။
ငါက ကံကြမ္မာနန်းဆောင်ကို မှီခိုဖို့ ရှိသေးတယ်…
သူက မျက်လုံးအသာမှိတ်ကာ တခြားလူဝင်စားများကို အာရုံခံကြည့်လိုက်သည်။ သူတို့က တာဝန်ပြီးမြောက်ကာ ခန္ဓာကိုယ်ကို အထွတ်အထိပ်အခြေအနေအထိ လေ့ကျင့်ပြီးသွားလေပြီ။ အစီအစဉ်ကျမှု လူဝင်စားပင် အပါအဝင် ဖြစ်၏။
ဝမ်ဝေ့က သူတို့စွမ်းအားကို ငှားယူလိုက်သည့်အခါ အဆင့်(၃) တာအိုဘိုးဘေးအဆင့် ဖြစ်၏။ သူက အဆင့်(၄) ကို မရောက်ရှိသေးသည်မှာ သူ့ပင်မ ခန္ဓာကိုယ်က သူတော်စင်အဆင့်တွင် ရှိနေသေး၍ ဖြစ်သည်။
သူက သူ့ဇနီးနှင့်တွေ့ဆုံဖို့ သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့၏။
“ ပြီးသွားပြီလား”
“ အင်း။” သူက သူမကို ပွေ့ဖက်ရင်း ပြန်ဖြေလိုက်သည်။
“ အဆင့် မတက်လှမ်းခင် သေမျိုးတဖန် ဖြတ်သန်းဖို့ အဆင်သင့်ဖြစ်ပြီလား”
“ အင်း။ မင်းရဲ့ သေမျိုးတစ်ဖန်ကရော ဘယ်လိုနေလဲ”
“ ကျွန်မလား။ ခဏ စဉ်းစားကြည့်လိုက်ဦးမယ်” သူမက ခေတ္တရပ်လိုက်ပြီးသည့်နောက်တွင် “ ကျွန်မရဲ့ အစောပိုင်းခေတ်ကာလက ကမ္ဘာကြီးကို ထိုက်တန်ဖို့ သက်သေပြခဲ့တာ။
သူတော်စင်အဆင့် ရောက်တဲ့အချိန်မှာ စိတ်အခြေအနေက ပြောင်းလဲသွားတယ်လေ။ ဒါပေမဲ့ ဟာကွက်တချို့ကတော့ ကျန်ရှိနေတုန်းပဲ။ သေမျိုးတဖန်အတွက် ကျွန်မက သေမျိုးတိုင်းပြည်ရဲ့ အချမ်းသာအကြွယ်ဝဆုံး ပုဂ္ဂိုလ်ရဲ့ တစ်ဦးတည်းသော သမီး ဖြစ်လာခဲ့တယ်။ လူတိုင်းချစ်ပြီး တန်ဖိုးထားရတဲ့ မင်းသမီးငယ်လေးပေါ့။ အဲဒီနောက် ကျွန်မက တိုင်းပြည် အုပ်ချုပ်သူနဲ့ တိုင်းပြည်ထဲမှာရှိတဲ့ အမြင့်မြတ်ဆုံးလူတွေက ချစ်မြတ်နိုးခြင်းခံရတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့တယ်။
အဲဒီနောက်မှာ ကျွန်မက တာအိုအပေါ် အလေးထားတဲ့ သရုပ်တချို့ရှိတယ်။ ကျွန်မက နောက်ထပ် တိုင်းပြည်တစ်ခုမှာ အကောင်းဆုံး ပညာရှင်တစ်ယောက်ပေါ့။ အဲဒီနေ့ရက်တွေတုန်းက အမျိုးသမီးကို လက်မခံတဲ့ ပညာရှင်တွေနဲ့ အငြင်းပွားခဲ့ရတာတွေ မှတ်မိသေးတယ်။
နောက်တစ်ခုကျ ကျွန်မက ပန်းချီဆရာတစ်ယောက်ပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ လက်ရာတွေအကုန်လုံးက သဘာဝမှာတွေ့နိုင်တဲ့ သင်္ကေတတွေနဲ့ ပုံစံတွေပဲ။
နောက်ဆုံး ကျွန်မရဲ့သရုပ်တွေက စည်းပိတ်ထားတဲ့လူတွေ ဒါမှမဟုတ် တခြားနေရာအသီးသီးမှာ စည်းပိတ်ခံထားရတဲ့သူတွေပဲ။ တစ်ယောက်က တစ်ဘဝလုံးကို ဘယ်မှအပြင်မသွားဘဲ အိမ်ငယ်လေးအတွင်းမှာပဲ ကုန်ဆုံးခဲ့ရတယ်။ နောက်တစ်ယောက်က အကျဉ်းထောင်ထဲမှာ။ နောက်ထပ်တစ်ယောက်ကတော့ ခေါင်းတလားအတွင်းမှာ ရက်အနည်းငယ် အသက်ရှင်ခဲ့ရတယ်။ အဲဒီအတွေ့အကြုံတွေကနေ စည်းပိတ်ခြင်းအကြောင်းကို ကောင်းကောင်းသင်ယူခဲ့ရတယ်”
“ တကယ်ကို အံ့ဩစရာပဲ”
“ ဟုတ်တယ်။” ဝူဟုန်က ယခင်ရက်များအကြောင်း ပြန်လည်တွေးတောကာ “ ရှင်ရော ဒီမှာ နေဦးမှာလား။ အခု ထွက်သွားတော့မှာလား”
“ ကိုယ် ထွက်သွားတော့မှာ။ ဒါပေမဲ့ အရင်ဆုံး လီကျွင်းနဲ့ သွားတွေ့ရဦးမယ်” သူ့မိဘများကလည်း သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားပြီဖြစ်ကာ သူ့အဖေက ဓားဧကရီ၏ လမ်းညွှန်မှုကို ရရှိထားပြီး သူ့အမေကမူ ကုသိုလ်သက်သေပြ နည်းလမ်းအတွက် အစီအစဉ် ပြုလုပ်ဖို့ ကြံစည်ထားသည်။
သူက လီကျွင်း၏ တောင်ထိပ်ဆီ ပျံသန်းသွားလိုက်သည့်အခါ ထိုသူက အဖန်ရည်နှင့်အတူ စောင့်ဆိုင်းနေ၏။
“ လီလင်းရော ဘယ်မှာလဲ”
“ သူမက ဆေးဖော်စပ်နေတယ်”
ဝမ်ဝေ့က သူ့ဆီမှ ခရားတစ်ခုကို ထုတ်ကာ တစ်ငုံသောက်သုံးလိုက်ပြီး “ ငါတို့ဆီမှာ ကံကြမ္မာဆေးကြောရေစင်လည်း ရှိနေပြီဆိုတော့ မင်းဇနီးနဲ့ ကလေးကို စည်းဖြေမပေးသင့်ဘူးလား။ ငါ့တူလေးကို အလိုလိုက်ချင်နေပြီ”
လီကျွင်းက ခေါင်းခါကာ “ ကျွန်တော်တို့ ဧကရာဇ် ဖြစ်မလာခင်အထိ မဖြစ်သေးဘူး။ သူတို့ကို ကာကွယ်နိုင်တာ သေချာအောင် လုပ်ရမယ်”
“ အဲဒါအကြံကောင်းပဲ” သူက နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ ယန်းလီလင်းကြောင့် ဖြစ်မှန်း သိလေသည်။ ကိုယ်လုပ်တော် တစ်ယောက်နှင့် ဇနီးသည်တစ်ယောက် အတူတကွထားရှိသည်မှာ ပြဿနာ ဖြစ်လာနိုင်၏။ လီကျွင်းက ထိုအခြေအနေကို မည်သို့ဖြေရှင်းရမည်ကို နားလည်လောက်အောင် ဉာဏ်ကောင်းလှသည်။
ဤမျိုးဆက်တွင် လီလင်းနှင့် အချိန်ကုန်ဆုံးပြီး ကျင့်ကြံရေးတွင် မြင့်မားသည့်အဆင့်သို့ ရောက်ရှိသွားသည့်အခါ ကိစ္စများက အမြင်တူတော့မည် မဟုတ်ပေ။
“ ဒါက မင်းအတွက်” ဝမ်ဝေ့က သူ့ကို စာအုပ်တစ်အု်ပပေးလိုက်၏။
“ ဒါကဘာကြီးလဲ”
“ ဒါကငါက ကိုယ်ပွား၈ခု အုတ်မြစ်လို့ ခေါ်တယ်” သူက ရှင်းပြလိုက်သည် “ မင်းက မင်းရဲ့ တည်ရှိမှုနဲ့ မဆက်နွယ်နေတဲ့ လူဝင်စား ၈ ယောက် ဒါမှမဟုတ် ကိုယ်ပွား ၈ ယောက်ကို ဖန်တီးရမယ်။ ဘာဖြစ်ဖြစ် မင်းရဲ့ ဝိညာဉ်ကို ပြီးပြည့်စုံတဲ့ ကိုယ်ပွား ၈ ယောက်အဖြစ် ပိုင်းခြားရမယ်။ အရင်က ငါ့ရဲ့ ဟောပြောချက်အပေါ် မူတည်ပြီးတော့ ကိုယ်ပွားနှစ်ယောက်က အဆီအနှစ်၊ ဝိညာဉ်၊ ချီနဲ့ စည်းမျဉ်းကို အခြေခံထားတဲ့ ကျင့်စဉ်ကို ကျင့်ကြံရမယ်။ အဲဒီနောက် မင်းက သူတို့အားလုံးကို ပေါင်းစပ်ပြီးတော့ အခြေခံအုတ်မြစ်ကို မြှင့်တင်ပြီး မသေမျိုးစွမ်းအားကို ရယူနိုင်လိမ့်မယ်”
လီကျွင်းက စာအုပ်ကို ဖတ်ရှုလိုက်သည်။ ထိုအထဲတွင် ကျင့်ကြံရေးနည်းစနစ် လေးခု ပါရှိပြီး ခန္ဓာကိုယ်ကို အလေးထားသည့် သန့်စင်အဆီအနှစ် ကျင့်စဉ်၊ သန့်စင်ချီ ကျင့်စဉ်၊ သန့်စင်စိတ်ဝိညာဉ် ကျင့်စဉ်နှင့် စည်းမျဉ်းအခြေခံ ကျင့်စဉ်တို့ ဖြစ်သည်။
ထိုအစီအစဉ်က ကိုယ်ပွားများသည် ဧကရာဇ်တစ်ပိုင်းအဆင့် မတိုင်ခင်အထိ ကျင့်ကြံရလိမ့်မည်။ ထို့နောက် လီကျွင်းက သူတို့အားလုံးကို ပေါင်းစပ်ကာ ခန္ဓာကိုယ်၊ ချီ၊ ဝိညာဉ်နှင့် စည်းမျဉ်းကို အားဖြည့်ပေးနိုင်လိမ့်မည်။
“ မင်း ထင်ထားတဲ့အတိုင်း ဒီနည်းလမ်းမှာ ပြစ်ချက်တချို့တော့ ရှိသေးတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည် “ ပေါင်းစပ်မှုဖြစ်စဉ်က လွယ်ကူမှာ မဟုတ်ဘူး။ ပြောရရင် ကိုယ်ပွားတွေက ကွဲပြားတဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို ကျင့်ကြံကြတာလေ။ အထူးသဖြင့် ချီကိုယ်ပွားတွေပေါ့။ သူတို့က မူလအဆီအနှစ်နဲ့ သင့်တော်မဲ့ စွမ်းရည်ကို ကျင့်ကြံဖို့ လုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ပြဿနာတချို့တော့ ဖြစ်လာနိုင်သေးတယ်”
သူက ဝိညာဉ်ချီကို အသုံးပြုသည့် ချီနည်းစနစ်တစ်ခုကို ဖန်တီးလို၏။ သို့သော် ဝိညာဉ်ချီကိုယ်တိုင်က နည်းစနစ်တစ်ခုအတွက် စွမ်းအင်အဖြစ် တိုက်ရိုက်အသုံးမပြုနိုင်ဘဲ ဓာတ်ကူးများသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုအရာက ဝမ်ဝေ့၏ လက်ရှိစွမ်းရည်ထက် ကျော်လွန်နေသည်လည်း ဖြစ်နေနိုင်သည်။
“ နောက်ဆုံးအနေနဲ့ ကွဲပြားတဲ့ နည်းစနစ်နှစ်ခု ဒါမှမဟုတ် တာအိုအုတ်မြစ်ကို ပေါင်းစပ်တာကနေ ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အညစ်အကြေး ဖယ်ထုတ်ရေးအဆင့်ကိုပါ ဖန်တီးထားတယ်။ မင်းက တခြားအရင်းအမြစ်တွေကို သုံးပေါ့”
“ ကိစ္စမရှိဘူး။ ကျွန်တော် ဒီနည်းလမ်းအတွက် တည်ရှိမှု သဘောတရားကို နားလည်စရာ မလိုဘူးဆိုရင် ပြဿနာ မဟုတ်ဘူး။”
“ အမှန်ပဲ။ ဒီနည်းလမ်းကို ကျင့်ကြံတဲ့ ပထမဦးဆုံးလူအနေနဲ့ မင်းက ပြဿနာမရှိသင့်ဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုက နောက်ပိုင်းမှာတော့ တားမြစ်ချက်တချို့ ထားလာနိုင်တယ်”
လူတစ်ဦးချင်းစီကို သေမျိုးနှင့် မသေမျိုးကြားမှ အတားအဆီးကို ချိုးဖောက်နိုင်သည့် ကျင့်ကြံရေးနည်းစနစ်တွင် အတားအဆီးတချို့ သေချာပေါက် ထားရှိလိမ့်မည်။ သို့သော်လည်း ကောင်းကင်တာအိုက ဂိမ်းတစ်ခုအတွင်း ဂိမ်းမာစတာ တစ်ယောက်နှင့် တူညီလေသည်။ ထိုအရာက ဂိမ်းအတွင်းရှိ ဟာကွက်များနှင့် အဖျက်ကောင်များကို ဖြေရှင်းနိုင်သော်လည်း တွေ့ရှိသည့် ကစားသမားကမူ အကျိုးအမြတ်ကို ထိန်းသိမ်းထားနိုင်သည်။
“ ငါ့အမေနဲ့ ယန်းလီလင်းကို ကောင်းကင်ဖုံးကွယ်ရေး အစီအရင်အောက်မှာ ဆက်တိုက် ကျင့်ကြံခိုင်းလိုက်။ ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်အများဆုံးရဖို့ အခြေအနေကို အခွင့်ကောင်းယူရမယ်”
သူက ထျဲ့ကန်ကိုပင် ပါဝင်စေချင်သော်လည်း ထိုလူ၏ ပါရမီဖြင့် ဤနည်းစနစ်ကို ကျင့်ကြံနိုင်ပါ့မလားဟု သံသယ ဖြစ်မိသည်။
“ တခြားအရင်းအမြစ်တွေကရော” လီကျွင်းက မေးလိုက်သည်။ ကိုယ်ပွားများကို ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ပြုစုပျိုးထောင်ပေးဖို့ရာ တန်ဖိုး မနည်းပေ။
“ မင်းရဲ့ အကျိုးပြုမှတ်နဲ့ဆိုရင် ပြဿနာ မရှိဘူး”
သို့သော်လည်း သူက သူ့အမေနှင့် ပြောဆိုဖို့ လိုသေး၏။ သူက အံ့ဖွယ်အသိစိတ်မှတဆင့် ဆက်သွယ်ကာ မေးမြန်းလိုက်သည်။ သူမက သူမ၏ ယုမျိုးနွယ်က နောက်ထပ် အစစ်အမှန်အုပ်ချုပ်သူ ၈ယောက်ကို ပြုစုပျိုးထောင်နိုင်သည့်အတွက် စိုးရိမ်ဖို့ မလိုကြောင်း ပြောလာခဲ့၏။ ဝမ်ဝေ့က သူမ လိုအပ်သည့်အရာကို တောင်းဆိုဖို့ ပြောထားခဲ့ပြီး သူမသားအပေါ် အားနာဖို့မလိုကြောင်း ဖျောင်းဖျခဲ့သည်။
“ ဒါနဲ့ အခုမှ မှတ်မိတယ်” လီကျွင်းက ရုတ်တရက် ထပြောလာ၏ “ ဝမ်ကျူနဲ့ ဆက်သွယ်မိသေးလား”
“ မဆက်သွယ်ဖြစ်ဘူး။ ဘာဖြစ်လို့လဲ”
“ သူမ ဒဏ်ရာရထားတယ်”
***