← Chapters

အချိန် စားသုံးခံရခြင်း

Vol. 46 Ch. 641

အချိန် စားသုံးခံရခြင်း

Vol. 46 Ch. 641

တိထျန်းလား…

ဤသည်က ဝမ်ဝေ့၏ ပထမဦးဆုံးအတွေး ဖြစ်၏။ ထိုသူက ဂိုဏ်း၏ သခင့်အရိပ်နည်းစနစ်ကို သိထားသည့်အတွက် ဝမ်ကျူနှင့် ယှဉ်နိုင်သည့် အားအကောင်းဆုံး အရိပ်ကို ပြုစုပျိုးထောင်နိုင်လိမ့်မည်။ သို့သော်လည်း ဝူဟုန်က သူ့ကို စည်းပိတ်ထားသည့်အတွက် ထိုဖြစ်နိုင်ချေကို ငြင်းပယ်ခဲ့သည်။ ထိုနည်းစနစ်က သီးသန့်လိုအပ်ချက် တချို့ရှိထားပြီး သူ စည်းပိတ်ခံထားရသည့်အတွက် လိုအပ်ချက် မပြည့်မှီတော့ပေ။

ထိုဖြစ်နိုင်ချေကို ရှင်းထုတ်လိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်း လွတ်လာမည့်အချိန် ကျရောက်လာကြောင်း သဘောပေါက်သွားသည်။ သူက ဝင်ခွင့်အမှတ်အသားပြားကို ရယူဖို့ ရှင်းလင်းရေးတွင် ပါဝင်ဆင်နွှဲမည်ဖြစ်ကာ နောက်ဆုံးတိုက်ပွဲတွင် တိုက်ခိုက်လိမ့်မည်။

ယခုမှစ၍ သူသည် အင်အားနှင့် အတွေ့အကြုံအရ ယှဉ်နိုင်သူတစ်ယောက်ရှိလာပြီ ဖြစ်၍ စိတ်အေးလက်အေး မရှိနိုင်တော့ပေ။

“ သူမကို သွားတွေ့လိုက်ဦးမယ်”

“ ကျွန်တော်ရော လိုက်ခဲ့ရဦးမလား”

“ ရတယ်။ ဆက်ပြီးတော့သာ ကျင့်ကြံနေလိုက်”

ဝမ်ဝေ့က ဝမ်ကျူ အားပြန်ဖြည့်နေသည့် ကမ္ဘာငယ်လေးအတွင်း ဝင်ရောက်လာခဲ့သည်။ သူမကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းက ပျောက်ကွယ်သွားပြီဖြစ်ကာ ကျန်တစိတ်တပိုင်းက ထိုသို့ဖြစ်လာခြင်းမှ တားဆီးနေရဟန်ပေါ်သည်။ သူမက အသက်ကယ်ဖို့ အာရုံစိုက်လွန်းထားသည့်အတွက် သူ့တည်ရှိမှုကိုပင် မတုံ့ပြန်နိုင်ပေ။ ကံကောင်းစွာဖြင့် သူက အစီအရင်ကို ဝင်ရောက်နိုင်စွမ်း ရှိသည့်အတွက် အားသုံးဖို့ မလိုအပ်ခဲ့ပေ။

တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုက သူမရဲ့ အချိန်ကို ပယ်ဖျက်ခဲ့တာပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်သည်။ သူမ၏ အတိတ် အစိတ်အပိုင်းတချို့ကို ဖျက်ဆီးခဲ့သည့် တိုက်ကွက် ထိမှန်ခဲ့ကြောင်း ပြောနိုင်လေ၏။ အကယ်၍ ဝမ်ကျူက သူ့အချိန်စည်းမျဉ်း စွမ်းရည်ကိုသာ မရရှိထားခဲ့လျှင် ယခုအခါ ပျောက်ကွယ်သွားလောက်လေပြီ။

“ ပယ်ဖျက်ခံလိုက်ရတာ မဟုတ်ဘူး။ အစားခံလိုက်ရတာပဲ” ဝမ်ဝေ့က အခြေအနေကို သေချာသုံးသပ်ကြည့်လိုက်သည်။ အကယ်၍ ဝမ်ကျူ၏ အချိန်က ကံကြမ္မာကြိုးမျှင်နှင့် တူညီသည့် ကြိုးမျှင်တစ်ခုအဖြစ် ကိုယ်စားပြုမည်ဆိုလျှင် တိုက်ကွက်က သူမ၏ အချိန်စက်ဝန်း အနည်းငယ်ကို ယူဆောင်သွားခဲ့သည်။ တိုက်ကွက်၏ ရည်ရွယ်ချက်က သူမဘဝတွင် ဖြစ်ရပ်တချို့ကို ဖြတ်တောက်ပစ်ဖို့ ဖြစ်သလို တည်ရှိမှုမှ ရှင်းထုတ်ပစ်ဖို့လည်း ဖြစ်နိုင်သည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ့အချိန်စည်းမျဉ်းကို ထုတ်ဖော်လိုက်ပြီး ဝမ်ကျူ၏ အချိန်စက်ဝန်းကြားမှ ဟာကွက်ကို ဖြည့်စည်းဖို့ ကြိုးစားလိုက်သည်။ သူက ကျရှုံးခဲ့၏။ သူက လူဝင်စားများဆီမှ စွမ်းအားကို ငှားယူပြီးသည့်နောက်တွင် ထပ်မံ ကြိုးစားကြည့်လိုက်သည်။ သို့သော် တုံ့ပြန်မှု မရှိခဲ့ပေ။

ဝမ်ဝေ့က သူ့ပိုင်နက်ကို ထုတ်ဖော်ကာ စွမ်းအားကို မြှင့်တင်လိုက်သည်။ ထိုကြိုးစားမှုကလည်း အသုံးမဝင်ခဲ့ပေ။ ထို့နောက် သူက ဝမ်ကျူ၏ အချိန်စက်ဝန်းမှတ်တမ်းများ ပါဝင်နေသည့် အချိန်မြစ်ကြောင်းဆီ ဝင်ရောက်လိုက်၏။ သူက ထိုမှတ်တမ်းများကို အသုံးပြုကာ သူမ၏ အချိန်စက်ဝန်းကို ပြန်လည်ဖန်တီးပြီး ဟာကွက်ကို ပြင်ဆင်ပေးလိုက်သည်။

ဒီဟာက အချိန်တာအို ဘယ်လောက်အဆင့်များလဲ…

သူက အချိန်မြစ်ကြောင်းကို အသုံးပြုဖို့ ကြိုးစားခြင်းကပင် ကျရှုံးခဲ့ပြီး သူ လုပ်နိုင်သည့်အရာ မရှိပေ။

ကံကြမ္မာက အချိန်ကို ဖိနှိပ်နိုင်တယ်။ အဲဒါဆိုတော့ စမ်းကြည့်လိုက်ရအောင်…

သူက ကံကြမ္မာမြစ်ကြောင်းကို ဆက်နွယ်လိုက်ပြီး ဝမ်ကျူ၏ ကံကြမ္မာကြိုးမျှင်ကို ရှာဖွေလိုက်သည်။ ကံကြမ္မာကြိုးမျှင်ထဲ သူမဘဝ၏ မှတ်တမ်းကို အသုံးပြုကာ အစားခံလိုက်ရသည့် အစိတ်အပိုင်းများကို ပြင်ဆင်ပေးလိုက်၏။ ထိုအရာတွင် ခုခံမှု ရှိခဲ့သော်လည်း အဆုံးသတ်တွင် အောင်မြင်ခဲ့သည်။

ဝမ်ကျူက လက်တွေ့မှ ပျောက်ကွယ်သွားခြင်း ရပ်တန့်သွားပြီး မျက်လုံးပြန်ပွင့်လာသည်။

“ ဂိုဏ်းချုပ် ကျွန်မကို ကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ထိုအတွေ့အကြုံက ကြောက်ဖို့ ကောင်းလှသည်။ သူမ၏ နှစ်ရာချီမှတ်ဉာဏ်များ ပျောက်ကွယ်သွားပြီး သူမဘာသာသူမ ကမ္ဘာမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး မေးခွန်းထုတ်လာမိသည်။

“ ဘာဖြစ်တာလဲ။ ဘယ်သူ လုပ်ခဲ့တာလဲ”

“ ဒိုင်မေးရှင်းအမြင့်က လူတွေပါ” သူမက ပြန်ဖြေလိုက်သည့်အတွက် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်မိသည်။

“ မင်းက ငါ့ပင်မခန္ဓာကိုယ်ရဲ့ ၇၀ရာခိုင်နှုန်း အသုံးပြုနိုင်တယ်ဆိုပေမဲ့ ထာဝရအရှင်နဲ့အထက်က မင်းကို ဒဏ်ရာပေးနိုင်တယ်။ ပြီးတော့ ထူးဆန်းတဲ့ အချိန်နည်းစနစ်လည်း ရှိနေသေးတယ်”

“ ဒါက ထောင်ချောက်တစ်ခုပါ” ဝမ်ကျူက ရှင်းပြလိုက်သည်။

“ ကျွန်မက ဂိုဏ်းချုပ်ကို ဆန့်ကျင်မဲ့ မဟာမိတ်နောက်ထပ်တစ်ခုကို ရှာတွေ့တော့ သံသယဖြစ်ဖွယ်လူတချို့ကို စုံစမ်းနေခဲ့တာ။ စုံစမ်းမှုက ပိုးမွှားတွေကို အသုံးပြုနိုင်တဲ့ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဆီ ဦးတည်သွားတယ်။ ဒါပေမဲ့ အဲဒါ ထောင်ချောက် ဖြစ်နေခဲ့တယ်။

ကျွန်မ ထပ်ပြီး စုံစမ်းကြည့်တဲ့အခါ သူတို့က ပြင်ဆင်ပြီးသွားပြီ။ သူတို့က သခင့်အရိပ်နည်းစနစ်အကြောင်း သိထားကြပြီးတော့ ကျွန်မရဲ့ အရိပ်ကို သက်ရောက်မှုရှိစေတဲ့ အလင်းအခြေခံအစီအရင်လည်း ရှိထားတယ်။ အဲဒါကြောင့် ဂိုဏ်းချုပ်ရဲ့ အင်အားကို ရယူတာမှာ အားနည်းသွားခဲ့တာပါ”

ဝမ်ဝေ့၏ စိတ်ထဲ ထိုအရာကို ကြားပြီးသည့်နောက်တွင် အတွေးများစွာ ဖြတ်ပြေးသွားသည်။ သို့သော် သူက စကားတစ်ခွန်းမှ မပြောသေးပေ။

“ ကံကောင်းတာက ဂိုဏ်းချုပ်ရဲ့ အလိုလိုသိစိတ်တချို့ကို ရရှိထားတော့ အန္တရာယ်ကို ခံစားမိလိုက်တယ်။ သူတို့တွေက အစီအရင်ကို အပြီးမသတ်ခင် ဂိုဏ်းချုပ် ပေးထားတဲ့အဆောင်ကို သုံးပြီးတော့ ထွက်ပြေးလာခဲ့တာ။ ကံဆိုးတာက ထူးဆန်းတဲ့ အချိန်နည်းစနစ်နဲ့ တစ်ယောက်က တိုက်ခိုက်ခဲ့တာပဲ”

“ မင်းကို တိုက်ခိုက်ခဲ့တာက လူလား ပစ္စည်းလား”

“ ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမဲ့ ဘာမှမမှတ်မိဘူး။ အရာအားလုံးက မြန်ဆန်လွန်းတော့ ပတ်ဝန်းကျင်ကို လေ့လာဖို့ အချိန်မရလိုက်ဘူး”

“ ကောင်းပြီ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ ဒီဖြစ်ရပ်အပေါ် မင်းရဲ့ သုံးသပ်ချက်ကရော ဘယ်လိုလဲ”

“ ဒီလူတွေက သခင့်အရိပ် နည်းစနစ်အကြောင်း ကောင်းကောင်းသိထားတယ်။ ကြည့်ရတာ ဒိုင်မေးရှင်းအမြင့် တာအိုအခွင့်အလမ်းဂိုဏ်းကနေ သိပုံပဲ။ သူတို့တွေက ကြိုတင်ပြင်ဆင်ထားကြပြီးတော့ ကျွန်မကို သုတ်သင်ပြီးတော့ ဂိုဏ်းချုပ်နဲ့ ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံပဲ”

“ မင်း ပြောတာမှန်နိုင်တယ်” ဝမ်ဝေ့က ဆက်လက်စဉ်းစားလိုက်သည်။

အချိန်စားသုံးသူ ပါဝင်နေတာပဲ…

ဝမ်ကျူ၏ တိုက်ခိုက်ခံရမှုက ထိုသူ၏ နာမည်အတိုင်း  ပြီးပြည့်စုံစွာ သင့်တော်နေသည်။ ထို့အပြင် သူက အကြွင်းမဲ့တားမြစ်ချက်အတွင်း မပါဝင်ခဲ့သည့် စံပြများထဲမှ တစ်ယောက်ဖြစ်ပြီး သူ့ဘိုးဘေးများနှင့် ဆက်နွယ်မှု ရှိခဲ့သည်။

သူက အရိပ်အုပ်ချုပ်သူကို သိပြီးတော့ သူနဲ့ ယှဉ်ပြိုင်ဖူးတာတောင် ဖြစ်နေနိုင်တယ်…

“ အခုကစပြီးတော့ မင်း ပိုပြီး သတိထားရမယ်”

“ ဟုတ်ကဲ့ပါ” ဝမ်ကျူက သူမ၏ စွမ်းအင်အသစ်ဖြင့် အနည်းငယ် စိတ်လှုပ်ရှားသလို ဖြစ်သွားသည်ကို သဘောပေါက်လိုက်၏။

“ ငါ သေမျိုးတဖန်ကို ဖြတ်ကျော်တော့မယ်။ ငါ ပြီးမြောက်သွားတဲ့အခါ ငါ့ရဲ့စွမ်းအားအကုန်လုံးကို ရယူနိုင်တဲ့ အဆောင်ကို ဖန်တီးပေးမယ်” ဝမ်ဝေ့က သူသည် နဝမအဆုံးစွန်တာအိုအုတ်မြစ်၏ သမာသမတ် မကျသည့် လမ်းစဉ်မှ ဟာကွက်များကို တွေ့ရှိသည့်အတွက် အနည်းငယ် စိတ်ခုနေမိ၏။

“ ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ကို ကာကွယ်ပေးဖို့ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေ လိုသေးလား” သေမျိုးတဖန် ဖြစ်စဉ်သည် သူတို့၏ မှတ်ဉာဏ်နှင့် စွမ်းအားကို စည်းပိတ်ထားရမည်ဖြစ်သည့်အတွက် ကျင့်ကြံသူအများစုအတွက် အားနည်းသည့် အခိုက်အတန့်တစ်ခု ဖြစ်၏။ သူတို့က တိုက်ခိုက်ခံရသည့်အခါ ချက်ချင်းအသိပြန်ဝင်လာနိုင်သော်လည်း ဟာကွက်တော့ ရှိနေသေး၏။

“ မလိုဘူး။ အရိပ်(၁)က ငါ့ကို စောင့်ရှောက်ပေးလိမ့်မယ်”

“ ဟုတ်ကဲ့” ဝမ်ကျူက အနည်းငယ် စိတ်ပျက်သွားသော်လည်း သခင်လေး၏ ဘေးကင်းမှုကသာ အမှန်တကယ် အရေးကြီးသည့်အတွက် စိတ်သက်သာရာရသွားမိသည်။

ငါက အရိပ်(၃)အစား အရိပ်(၁)ဖြစ်လာနိုင်မလား…

သူမက ထိုအတွေးများကို စိတ်ထဲမှ အလျင်အမြန် ပယ်ထုတ်လိုက်၏။ ထိုသို့သော တောင်းဆိုချက်မျိုးက တကယ့်ပြဿနာကို ဦးတည်လာနိုင်သည့် ဝါစဉ်ပြဿနာတစ်ခု ဖြစ်လာနိုင်ကြောင်း သိထားသည်။

“ အစီအရင်က သင်္ကေတတွေက ဘယ်ဟာနဲ့တူတုန်း မှတ်မိလား” ဝမ်ဝေ့က မေးလိုက်သည်။ ဝမ်ဝေ့အနေဖြင့် သူမစိတ်ထဲ အားအကောင်းဆုံး အရိပ်ဖြစ်သော်လည်း အနာဂတ်တွင် အရိပ်(၃)ဟု ခေါ်ဆိုခံရမည့် အကြောင်း စဉ်းစားနေသည်ကို မသိပေ။

“ ကျွန်မ တချို့တော့ မှတ်မိတယ်” သူမက အကုန်လုံးကို မမြင်လိုက်ရသော်လည်း သင်္ကေတမှ လွတ်မြောက်လာပြီးသည့်နောက်တွင် အစိတ်အပိုင်းတချို့ကို ကောင်းကောင်းမြင်တွေ့ခဲ့ရသည်။

“ သူတို့ကို ရေးသားထားပြီးတော့ ဂိုဏ်းကို လေ့လာခိုင်းလိုက်။ မင်းပြောတော့ အလင်းအခြေခံဆိုတော့ သူတို့တွေက ငါ့အမေနဲ့ ဆွေးနွေးလို့ ရလောက်တယ်”

“ ဟုတ်ကဲ့ပါ”

“ ဒါနဲ့ ယွီကျူးက ဘယ်မှာလဲဆိုတာ သိလား” ဝမ်ဝေ့က ထိုသူသည် အပြစ်ကင်းကြောင်း သက်သေပြဖို့ရာ သက်သေ မရှိသော်လည်း သူ့ကို သုတ်သင်ပစ်ဖို့ ဆုံးဖြတ်ထားသည်။ မည်သို့ပင်ဆိုစေကာမူ သူက ကောင်းကင်ရွေးချယ်ခံဖြစ်နေ၍ သူ့ရန်သူသာ ဖြစ်၏။ အကယ်၍ သူက ဒိုင်မေးရှင်းအမြင့်မှ သူလျှိုတစ်ယောက် ဖြစ်နေခဲ့လျှင် ကမ္ဘာ၏ မရေမရာအချက်ကို ဖယ်ရှားပစ်သည်က အကောင်းဆုံး ဖြစ်၏။

သူက ကံကြမ္မာသားတော် ဂုဏ်ပုဒ်ကို ထိခိုက်မှုမရှိဘဲ ကောင်းကင်ရွေးချယ်ခံတချို့ကို သတ်နိုင်လေသည်။

ဝမ်ကျူက ချက်ချင်း မရှင်းပြဘဲ ကံကြမ္မာအရိပ်၏ ဌာနချုပ်ကို စစ်ဆေးကြည့်လိုက်သည်။

“ သူက ထောင်ချောက်အပြီးမှာ ပျောက်ကွယ်သွားတယ်။ လက်ရှိ သူ့တည်နေရာကို မတွေ့သေးဘူး”

“ သူက ဝိညာဉ်မျိုးနွယ်ရဲ့ ကမ္ဘာငယ်ထဲမှာ မဟုတ်ဘူးလား”

“ မဟုတ်ဘူး”

ဤသည်က ပိုမိုသံသယဖြစ်ဖို့ ကောင်းလှသည်။

“ ထားလိုက်တော့။ သူက ရှင်းလင်းရေးကျရင် ပေါ်လာမှာပဲ”

ဝမ်ဝေ့က သူမအား ဆက်လက် ကြိုးစားဖို့သာ အမိန့်ပေးလိုက်ပြီး ထွက်ခွာလာခဲ့သည်။ ထို့နောက် သူက သေမျိုးတဖန် ဖြစ်စဉ်အတွက် သေမျိုးကမ္ဘာဆီ ဦးတည်လိုက်၏။

………………………………………………..

ကမ္ဘာဦးဟွင်သွမ်း၊ အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာအပြင်ဘက်

လူ ၇ ယောက်က နဖူးအထက် အနက်ရောင် ချိုနှစ်ခုရှိပြီး အနီရင့်ရင့် အရေပြားရှိသည့် ဧရာမသတ္တဝါကြီးနှင့် တိုက်ခိုက်နေကြသည်။  ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်က ထွားကျိုင်းလွန်းပြီး ကြွက်သားများ မြင်နေရသည်။ ထို့အပြင် သားရေဖိနပ်နှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ထိုပစ္စည်းများက မှော်အလင်းရောင်များဖြင့် တောက်ပနေကာသူတို့၏ တန်ဖိုးကို ပြသနေ၏။

သူက ၇ ယောက်နှင့် တိုက်ခိုက်နေရင်း သူ့ခန္ဓာကိုယ်မှ ကမ္ဘာဦးစည်းမျဉ်းများ ထွက်ပေါ်လာသည်။ တိုက်ပွဲက ရက်အနည်းငယ်ကြာမြင့်ခဲ့ပြီး ကျန်သူများအနက် ၆ ယောက်က ဒဏ်ရာအနည်းငယ် ရရှိသွားခဲ့ကြသည်။ သို့သော် သတ္တဝါကြီးက အကောင်းအတိုင်းရှိနေဆဲဖြစ်ကာ သူ့အရေပြားပင် ခြစ်ရာ မရှိပေ။

ထိုသတ္တဝါကြီးက ၇ ယောက်ထဲမှ ၁ယောက်ကို ကြည့်ပြီးနောက် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ကြည့်ကာ ထွက်ခွာသွားသည်။ သူက ကမ္ဘာဦးဟွင်သွမ်းကို အိမ်အဖြစ် မှတ်ယူပြီး အဆုံးမဲ့လေဟာနယ်ကို သူ့နောက်ဖေးခြံအဖြစ် သတ်မှတ်ထားဟန်ပေါ်သည်။

“ ယခင်နှစ်ရာချီအတွင်းမှာ ၇ ကြိမ်မြောက် တိုက်ခိုက်မှုပဲ” ထာဝရဇာမဏီက ပြောလိုက်သည် “ နောက်ထပ် ထပ်ပြီးတော့ လာနိုင်သေးတယ်”

ထိုတိုက်ကွက်များသည် အခြေအနေကို စမ်းသပ်ရုံမှအပ ဘာမှမဟုတ်ကြောင်း ပြောနိုင်လေသည်။

“ ငါတို့တွေ တစ်ခုခုလုပ်ဖို့တော့ လိုနေပြီ” မြေကမ္ဘာဧကရာဇ်က ထပ်ပြောလိုက်၏။ နေမင်းနှစ်စင်းက အလုပ်များနေကာ သူတို့အား ဖြေရှင်းခိုင်းထားသည်။

“ ဘာလုပ်ရမှာလဲ။ ဒါက အစပဲ ရှိသေးတယ်” သွေးနဂါးက ထပ်ပြောလိုက်၏။

“ ကျစ် ချီယွမ်” ဝူယွီဇာမဏီက ပြောလိုက်၏။ လက်ရှိအခြေအနေက အလုံးစုံပကတိအမြင် ကျောင်းဆောင်၏ ခန့်မှန်းချက်ကြောင့် ဖြစ်၏။ ဟွင်သွမ်းစကြဝဠာထဲရှိ လူအများစုက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် ရောက်ရှိလာမည့် ဖရိုဖရဲဖြစ်မှုအတွက် တာဝန်ရှိသည်ဟု ယုံကြည်ထားကြပြီး သူတို့ကို ဖြေရှင်းချင်ကြသလို ပြင်ဆင်ဖို့ရာအတွက် ဝင်ရောက်လိုကြသည်။

“ ဘာမှညည်းတွားနေလို့ အကျိုးမရှိဘူး။ ငါတို့တွေ ဖြေရှင်းနည်း လိုတယ်” မြေကမ္ဘာဧကရာဇ်က ပြောလိုက်၏ “  အရင် လူလက်ခံနေတဲ့ အစီအစဉ်ကရော ဘယ်လိုဖြစ်သွားပြီလဲ။ အလားအလာရှိတဲ့ စံပြကသာ ငါတို့ဘက်မှာ ပူးပေါင်းသရွေ့ ငါတို့ရဲ့ စွမ်းအားကို မြှင့်တင်နိုင်တယ်”

“ အများစုက ငါတို့နဲ့ မပူးပေါင်းချင်ကြဘူး” သွေးနဂါးက ပြောလိုက်၏။ သူက မပြီးမပြတ် အခြေအနေတွင်ရှိနေသည့် ချန်းထုံနှင့် လူတချို့ကို ဖြားယောင်းဖို့ ကြိုးစားခဲ့သော်လည်း သူတို့က သူ့အား မကျေမနပ် ကြည့်လာကြသည်။

“ ငါကတော့ ဒီနည်းလမ်းကို အခုထိ သဘောမတူဘူး” ဝူယွီဇာမဏီက ပြောလိုက်သည် “ ငါတို့တွေ စွမ်းအားနဲ့ အရင်းအမြစ်ကို မျှဝေဖို့ မလိုဘူး”

“ ငါ ဒီလိုပြောမိမယ်ဆိုတာ မယုံနိုင်ပေမဲ့ သူမစကားကို သဘောတူတယ်” ထာဝရဇာမဏီက ပြောလိုက်သည်။

“ အဲဒါဆိုရင် အခြေအနေတွေက ငါတို့ထိန်းချုပ်မှုထက် ကျော်လွန်သွားရင် ဘယ်လိုလုပ်ကြမှာလဲ” ပန်းနှစ်မွှာက မေးလိုက်သည်။

“ နေမင်းနှစ်စင်း ရှိတယ် မဟုတ်ဘူးလား။ သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို သူတို့စွမ်းအားနဲ့ ကာကွယ်နိုင်မှာပါ”

***

All Chapters