← Chapters

သေမျိုးတဖန် အပိုင်း (၁)

Vol. 46 Ch. 642

သေမျိုးတဖန် အပိုင်း (၁)

Vol. 46 Ch. 642

“ ဒီအလုပ်ကို လုပ်ချင်တာ သေချာရဲ့လား” ပါးစပ်ကြီးကြီး ခပ်ဝဝ ထွားကျိုင်းကျိုင်း အမျိုးသားက မေးလိုက်၏။ ဤသည်က သူ့သွင်ပြင်ကို ဖော်ပြဖို့ရာ အကောင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ သူ့လက်မောင်းက ကြွက်သားများရှိပြီး သူ့ခြေထောက်က သစ်ပင်ထက်ပင် ပိုမိုတုတ်ခိုင်သော်လည်း သူ့ ဝမ်းဗိုက်ကမူ ကိုယ်ဝန်သည် အမျိုးသမီးနှင့် မှားနိုင်လောက်၏။ ထို့အပြင် သူ၏ ထူးထူးဆန်းဆန်း ပါးစပ်ကြီးကြီးလည်း ရှိနေသေးသည်။

“ ဟုတ်ကဲ့” ခပ်ညံ့ညံ့ အဝတ်အစားကို ဝတ်ဆင်ထားသည့် ပိန်ပါးပါး လူငယ်လေးက ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူ့အဝတ်အစားအရ အဆင့်အတန်းကို ဖော်ပြနေသော်လည်း သူသည် လူအများ၏ အာရုံကို ဖမ်းစားနိုင်သည့် ထူးခြားသော ဆွဲဆောင်မှုမျိုး ရှိ၏။ သို့သော်လည်း သူတို့က သူ့ဆွဲဆောင်မှုသည် မည်သည့်အရာဟု ထုတ်ဖော်မပြောနိုင်ကြပေ။

“ ဒီအလုပ်ကို လုပ်ဖို့ သတ္တိရှိဖို့ လိုတယ်။ မင်း လုပ်နိုင်ရဲ့လား”

“ ပြဿနာ မရှိပါဘူးခင်ဗျ”

ပါးစပ်ကြီးကြီးက ရေရွတ်လိုက်ပြီး “ မင်းက အတော်လေးကို ပိန်လွန်းတယ်”

“ ကျွန်တော့်သွင်ပြင်ကိုပဲ မကြည့်ပါနဲ့။ ကျွန်တော်က အတော်လေး အားသန်ပါတယ်” လူငယ်လေးက လျှောက်ကြည့်လိုက်ပြီးသည့်နောက်တွင် ကျင်းရာချီ လေးလံသည့် ဓားမော့ကြီးကို လက်တစ်ဖက်တည်းဖြင့် ကောက်ယူလိုက်သည်။

ပါးစပ်ကြီးကြီးလူ၏ အကြည့်များက တောက်ပလာ၏။ အစပိုင်းတွင် သူက ထိုကောင်လေး ယန်းဝေ့ကို လက်ခံခဲ့သည်မှာ သူ့မိတ်ဆွေတစ်ယောက်က အကူအညီတောင်းခဲ့၍ ဖြစ်ကာ ဤသို့ညစ်ပတ်သည့် အလုပ်မျိုးကိုလည်း မည်သူကမှ မလုပ်လို၍လည်း ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်လေးကို မြင်တွေ့ပြီး လေးစားတတ်သည့် သူ့သဘာဝနှင့် အင်အားကို မြင်တွေ့ပြီးသည့်နောက်တွင် စိတ်ချယုံကြည်သွား၏။

“ ကောင်းပြီ။ မနက်ဖြန် မိုးသောက်ယံကျလာခဲ့။ မင်းကို စပြီး လေ့ကျင့်ပေးမယ်”

ယန်းဝေ့က ချက်ချင်း ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် ထိုအခွင့်အရေးကို ပေးသည့်အတွက် ကျေးဇူးတင်လိုက်၏။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် အိမ်သို့ ပြန်လာခဲ့လိုက်သည်။ နောက်တစ်ရက်တွင် သူက မိုးသောက်ယံ မတိုင်ခင် တစ်နာရီစောကာ ရောက်ရှိနေခဲ့၏။ တစ်ကမ္ဘာလုံးကို အမှောင်ထု လွှမ်းမိုးထားဆဲသာ ဖြစ်သည်။

ပါးစပ်ကြီးကြီးလူကလည်း တစ်နာရီစောကာ ရောက်ရှိလာပြီး အကျဉ်းထောင်ရှေ့ သူ့ကို စောင့်နေသည့် လူငယ်လေးကို မြင်သည့်အခါ အံ့အားသင့်သွား၏။

“ ကြက်တောင် မတွန်သေးဘူး။ ဘယ်လိုလုပ် ဒီရောက်နေတာလဲ”

“ ကျွန်တော် နောက်မကျချင်လို့ပါ”

“ ငါက မင်းလိုမျိုး ဇွဲကောင်းတဲ့သူကို သဘောကျတယ်။ မင်း ရေရှည်ခံဖို့ မျှော်လင့်တယ်” သူက ဤအလုပ်သမားအသစ်နှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။ စည်းကမ်းက အရာအားလုံးကို အောင်မြင်ဖို့ အဓိကသော့ချက်ထဲမှ တစ်ခု ဖြစ်၏။

ပါးစပ်ကြီးကြီးလူက သူ့ဘေးမှ သော့ကိုထုတ်ကာ တံခါးကို ဖွင့်လိုက်ပြီး ယန်းဝေ့ကို လျှောက်လှမ်းမှတဆင့် ခေါ်ဆောင်သွားသည်။ လူငယ်လေးက အကျဉ်းထောင်အခန်းများနှင့် ပိတ်လှောင်ခံထားရသည့်လူများအား ကြည့်လိုက်၏။ အများစုက ဆိုးရွားစုတ်ပြတ်နေကြသည်။ သို့သော် တချို့ကမူ ဆွေကြီးမျိုးကြီး ဖြစ်ဟန်ပေါ်သည်။ ထို့ကြောင့် သူတို့က အကျင့်ပျက် ခြစားသည့် အမတ်များ သို့မဟုတ် ပိုမိုအားကောင်းသည့်သူများကို ရန်စမိသည့်သူများဖြစ်နိုင်ကြောင်း မှန်းဆမိလိုက်၏။

ပါးစပ်ကြီးကြီးလူက ဘာမှမပြောဘဲ အခန်းထဲဝင်ပြီးနောက် အကျဉ်းသားနှင့်အတူ ထွက်လာသည်။

ထို့နောက် သူက အကျဉ်းထောင်၏ နောက်ထပ်တစ်နေရာဆီ ခေါ်ဆောင်သွား၏။

“ ပုံမှန်ဆိုရင် ငါက ဒီလိုလုပ်ပိုင်ခွင့် မရှိဘူး။ ဒါပေမဲ့ မင်းကို လေ့ကျင့်ပေးရမှာဆိုတော့ လုပ်လို့ရတယ်”

ပါးစပ်ကြီးကြီးလူက အကျဉ်းသားများကို စင်မြင့်ဆီ ခေါ်ဆောင်သွားပြီး ပထမတစ်ယောက်ကို လည်ပင်းကို တုံးပေါ် တင်လိုက်ပြီး လက်ကိုမူ နောက်ပစ်ကာ ကြိုးတုပ်ထားသည်။

သူက ဓားကိုယူကာ ခေါင်းအထက် မြှောက်လိုက်၏။

“ အဓိအချက်က တုံ့ဆိုင်းမနေဘဲ လည်ပင်းကို ချိန်ပြီးတော့ အားကုန်သုံးဖို့ပဲ။ မဟုတ်ရင် ခေါင်းက ပြတ်သွားမှာ မဟုတ်ဘူး”

ဝုန်း

ယန်းဝေ့က မြေပြင်အထက် သွေးများ ပြန့်ကျဲသွားသည်ကို ကြောက်ကြောက်လန့်လန့်ဖြင့် ကြည့်နေမိသည်။ သူက သူ လျှောက်သည့်အလုပ်ကို သိထားသော်လည်း ကိုယ်တိုင် တွေ့ကြုံခံစားရသည့်အခါ လုံးဝကို ကွဲပြားနေသည်။ ထို့နောက် သူ့မနက်စာသည် လည်ပင်းမှ ပြန်ဆို့တက်လာသလိုမျိုး ခံစားမိလိုက်ပြီး အလျင်အမြန် ပြန်မျိုချလိုက်၏။

“ မင်းက မအန်ဘူးပဲ။ အရင်တစ်ယောက်ထက်စာရင် ကောင်းတယ်” ပါးစပ်ကြီးကြီးလူက ထိုလူငယ်လေး၏ ဖြူဖျော့နေသော အသားအရည်ကို မြင်တွေ့ပြီးသည့်နောက်တွင် မှတ်ချက်ပေးလိုက်သည် “ ကဲ မင်းအလှည့်ကျရင် ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ရအောင်”

သူက နောက်ထပ် အကျဉ်းသားတစ်ယောက်ကို ပြောင်းကာ ဝမ်ဝေ့ထံ ဓားကို ပေးလိုက်သည်။ သူက ဓားကို တုန်တုန်ယင်ယင်ဖြင့် လက်ခံယူလိုက်၏။

“ အသက်ရှူထုတ်” ပါးစပ်ကြီးကြီးလူက ညွှန်ကြားလိုက်သည် “ ပထမဆုံးအကြိမ်က အမြဲတမ်းအခက်ဆုံးပဲ”

ယန်းဝေ့က သူ့ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကာ အသက်ရှူသွင်းရှူထုတ် လုပ်လိုက်သည်။ သူက ခေါင်းအထက် ဓားကို အသာအယာ မြှောက်လိုက်၏။ သို့သော် အကျဉ်းသား၏ လည်ပင်းကို ကြည်သည့်အခါ ဓားကို ခုတ်ချဖို့ အင်အား မရှိတော့ပေ။

ပါးစပ်ကြီးကြီးလူက ထိုသူသည် အဆိုးရွားဆုံးအပြစ်သား ဖြစ်သည်ဟူသော စကားများကို ပြောပြီး အားပေးမနေပေ။ သူက ထိုလူငယ်လေး၏ စွမ်းဆောင်ရည်ကို မြင်တွေ့လို၏။

ယန်းဝေ့က ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူက အံကြိတ်ကာ ဓားကို ခုတ်ချလိုက်ပြီး ခေါင်းကို သပ်သပ်ရပ်ရပ် ဖြတ်တောက်လိုက်သည်။ သူက သူ့အပြုအမူ၏ ရလဒ်ကို ကြည့်နေရင်း စင်မြင့်ဘေးသို့ သွားကာ ထိုးအန်တော့သည်။ သူက တစ်မိနစ်လုံးလုံး မရပ်မနားအန်လိုက်ရ၏။

“ ကောင်းပြီ။ အနည်းဆုံးတော့ ရှုပ်ယှက်မခတ်ဘူးပဲ” ပါးစပ်ကြီးကြီးလူက ထိုလူ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်၏။

“ ဘယ်လိုလုပ် ရှုပ်ယှက်ခတ်မှာလဲ။  အရင်တစ်ယောက်တုန်းက အင်အားမလုံလောက်တော့ ခေါင်းက မပြတ်မသွားဘဲနဲ့ အထဲကို မြင်နေရတာလေ။ ပြီးတော့ အကျဉ်းသားကလည်း အော်ဟစ်နေခဲ့တာ။ အဲဒါဆိုတော့ ကိစ္စတွေအဆုံးမသတ်ခင် သုံးကြိမ်လောက် ပိုပြီးတော့ ခုတ်လိုက်ရတယ်”

ယန်းဝေ့က ထပ်မံ ထိုးအန်ချင်သလိုမျိုး ခံစားမိလာပြန်သည်။

“ ဒီလိုဖြစ်မနေနဲ့။ ဘာပဲဖြစ်ဖြစ် ဒီဟာက ဒီအလုပ်ရဲ့ အလွယ်ကူဆုံးပဲ”

“ ဒီထက် ဆိုးတာ ရှိသေးလို့လား”

“ မင်း သိလာပါလိမ့်မယ်”

ယန်းဝေ့က သူ၏ အထက်လူကြီးပြောသည်ကို သိဖို့ရာ သိပ်မကြာလိုက်ပေ။ တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် အာဏာပါးကွပ်သားအဖြစ် ဆောင်ရွက်ပြီးသည့်နောက်တွင် သူသည် အလုပ်ဖြင့် နေသားကျလာခဲ့သည်။ သူက လူများကို သတ်သည့်အချက်ကြောင့် မသက်မသာခံစားနေရသော်လည်း ထိုခံစားချက်အပေါ် စတင် ထုံထိုင်းလာခဲ့သည်။

ထို့နောက် ထိုသုတ်သင်မှုအပြီးတွင် အရာအားလုံးက ပိုမိုဆိုးရွားလာခဲ့၏။ ပါးစပ်ကြီးကြီးလူက နောက်တစ်မြို့သို့ သွားရပြီး သူ တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။ ထိုစဉ် အကြီးမားဆုံးဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့၏။ တချို့အမတ်များက ပုန်ကန်မှု ကျူးကျော်သည့်အတွက် ဘုရင်က တစ်မိသားစုလုံးကို သုတ်သင်ဖို့ အမိန့်ချမှတ်လိုက်သည်။

ရွပ် ရွပ် ရွှပ်

ပထမဦးစွာ အရာအားလုံးက အဆင်ပြေပြေ ချောမွေ့နေခဲ့၏။ ယန်ဝေ့အနေနှင့် ပထမဦးဆုံး လူအများကြီး ဆက်တိုက် သတ်ဖူးခြင်း ဖြစ်သည်။ အထူးသဖြင့် ပါးစပ်ကြီးကြီးလူ၏ အထောက်အပံ့မရှိဘဲ ဖြစ်၏။

“ ကျွန်မတို့ကို ချမ်းသာပေးပါ။ ကျွန်မတို့ မိသားစုက အပြစ်ကင်းပါတယ်” ထိုအပြစ်ပေးခံရသည့် အမတ်၏ ကိုယ်လုပ်တော်ထဲမှ တစ်ယောက်ဖြစ်သည့် အမျိုးသမီးတစ်ယောက်က အော်ပြောလိုက်သည်။ ယန်းဝေ့က မျက်လုံးကိုသာ ဖော်ပြထားသည့် မျက်နှာဖုံးမျိုးကို ဝတ်ဆင်ထား၏။ ထိုအရာကို ကြားပြီးသည့်နောက်တွင် အကြည့်များက တုန်တုန်ယင်ယင် ဖြစ်လာသည်။

သူက အံကြိတ်ကာ အမျိုးသမီးကို စတင် ပြင်ဆင်လိုက်သည်။

“ တောင်းပန်ပါတယ်။ ဒီလိုမလုပ်ပါနဲ့။ ကျွန်မတို့ မိသားစုက ဘာမှမမှားပါဘူး။ မှားယွင်းပြီး စွပ်စွဲခံရတာပါ” အမျိုးသမီးက တစ်လျှောက်လုံး အော်ပြောနေသည်။ ယန်းဝေ့က ဓားကို မြှောက်လိုက်သော်လည်း သူမ မျက်ဝန်းမှ တောင်းဆိုသည့် အရာကို မြင်သည့်အခါ ခန္ဓာကိုယ်က ထပ်မံ တုန်လှုပ်လာသည်။

သူက သူ့ကိုယ်သူ မေးခွန်းထုတ်မိ၏။ သို့သော် သုတ်သင်မှု ကြီးကြပ်သူက သူ့အား ပြဿနာရှိလားဟု မေးလာသည့်အခါ သူက ခေါင်းယမ်းလိုက်ပြီးသည့်နောက်တွင် ဓားကို ခုတ်ချလိုက်သည်။ ယန်းဝေ့၏ ခန္ဓာကိုယ်မှ ခွန်အားတချို့သည် အပြင်းအထန် တုံ့ပြန်မှုကို တားဆီးနေလေ၏။ သို့သော်လည်း သူ့စိတ်ကမူ သူ မည်သို့ပင်လုပ်စေကာမူ မတားဆီးနိုင်ခဲ့ပေ။

လူများ၏ အပြစ်ကင်းကြောင်း အော်ဟစ်သံများကြားတွင် သူက လူများစွာ၏ ခေါင်းကို ခုတ်ချနေခဲ့သည်။ သို့သော်လည်း သူက ထိုအမျိုးသမီးကို သတ်ပြီးသည့်နောက်တွင် တွေဝေသွား၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသော်လည်း သူ့စိတ်ကမူ တခြားနေရာသို့ ရောက်ရှိနေသည်။ သူက သူ့ကိုယ်သူ တတိယအမြင်မှ ကြည့်နေသလိုမျိုးဖြစ်ကာ သူစိမ်းတစ်ယောက်၏ အပြုအမူကို လေ့လာနေမိ၏။

သို့သော်လည်း တစ်စုံတစ်ခုက သူ့ဝိညာဉ်ကို လက်တွေ့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။ နောက်ဆုံး သုတ်သင်ရမည့်သူက ကလေးများ ဖြစ်၏။ အငယ်ဆုံးက ၈နှစ်အရွယ်မျှသာ ရှိသေးသည်။

ယန်းဝေ့က ဓားကို ခုတ်ချလိုက်သည့်အခါ သူ့ထဲမှ တစ်စုံတစ်ခု ကျိုးပျက်သွားသလို ခံစားလိုက်ရသည်။ သူက ထိုကလေး၏ အကြောက်တရား အပြည့် အကြည့်၊ အပြစ်ကင်းစင်သော အကြည့်ကို မမေ့နိုင်ပေ။ သူမ၏ မျက်ဝန်းမှ သူသည် သူမ ဖြစ်လာနိုင်သည့် အနာဂတ်တစ်ခုကို မြင်လိုက်ရ၏။ သူမသည် ပညာရှင်၊ မိခင်တစ်ယောက်၊ ကုသသူ၊ အနုပညာသည်၊ ကဗျာဆရာနှင့် တခြားသော ဖြစ်နိုင်ချေများစွာ ဖြစ်လာနိုင်သည်။

သို့သော် သူ့ဓားက ထိုအနာဂတ်အားလုံးကို အဆုံးသတ်လိုက်၏။

အကျဉ်းထောင်အတွင်း ယန်းဝေ့က သူ့ဓားကို ဘေးချထားရင်း မရပ်မနား သောက်နေသည်။ သူက မည်မျှကြာကြာ သောက်နေသည်မှန်းပင် မသိတော့ပေ။

“ မင်း ဘာလုပ်နေတာလဲ” ပါးစပ်ကြီးကြီးလူက မေးလိုက်သော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။ အတွေ့အကြုံရင့်နေသည့် လူတစ်ယောက်အနေဖြင့် ဤအခြေအနေကို မည်သို့ဖြေရှင်းရမည်မှန်း သိထား၏။ ထို့ကြောင့် သူက အစားအစာတချို့ဖြင့် ပြန်လည်ရောက်ရှိလာသည်။ သူက ကောင်လေးဘေးတွင် ဝင်ထိုင်လိုက်ပြီး သူနှင့်အတူ သောက်သုံးလိုက်၏။

“ လူတွေက တစ်ယောက်နဲ့တစ်ယောက် မသတ်ဖြတ်သင့်ဘူး” ယန်းဝေ့က ရုတ်တရက် ထပြောလိုက်၏။

“ ဘာကိုပြောချင်တာလဲ”

“ လူတစ်ယောက်ရဲ့ ကံကြမ္မာကို အဆုံးသတ်ပေးဖို့ ဘယ်သူဆီမှာမှ စွမ်းအား မရှိသင့်ဘူး။ အဲလိုစွမ်းအားက သေမျိုးတွေ လက်ထဲမှာလည်း မရှိသင့်ဘူး။ မဟုတ်သေးဘူး။ မသေမျိုးတွေဆိုရင်တောင် အဲလိုစွမ်းအားမျိုး မရှိသင့်ဘူး”

“ လူတွေ မသတ်နိုင်တဲ့ ကမ္ဘာတစ်ခုလား။ အဲဒါတော့ စိတ်ဝင်စားဖို့ ကောင်းသား။ ကံဆိုးတာက အဲလိုဖြစ်မလာနိုင်ဘူး။ တကယ်လို့ ရှိလာခဲ့ရင်လည်း တခြားပြဿနာတွေ ဖြစ်လာလိမ့်မယ်” ပါးစပ်ကြီးကြီးလူက ပြောလိုက်သည်။

“ ဘယ်လိုမျိုးလဲ”

“ အားလုံးက မသေမျိုးဖြစ်လာရင် ပြဿနာမရှိတော့ဘူးလို့ ထင်နေတာလား။ အချိန်တိုအတွင်း လူ့အသိုင်းအဝိုင်းတစ်ခုလုံးက ပြိုလဲပျက်ဆီးသွားလိမ့်မယ်”

“ အားလုံးက မသေမျိုးဖြစ်ဖို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ဆိုလိုချင်တာက လူတွေက တခြားသူတွေကို သတ်နိုင်တာ မဖြစ်သင့်ဘူးလို့ ပြောချင်တာ။ ဒါပေမဲ့ သဘာဝတရားသေဆုံးမှု၊ အသက်အရွယ်ကြီးရင့်မှု ဒါမှမဟုတ် ဖျားနာမှုတွေက အဆင်ပြေတယ်”

“ အဲဒါဆို အပြစ်ကျူးလွန်တာတွေကရော”

“ သူတို့ကို အကျဉ်းပိတ်ထားပြီးတော့ ထောင်ထဲမှာ ဆွေးမြေ့အောင် ထားလို့ ရတယ်”

“ အဲဒါက တုံးအအ အစီအစဉ်တစ်ခုလို့ ထင်နေတုန်းပဲ”

“ တကယ်လို့ အဲ့လိုကမ္ဘာမျိုးသာ တည်ရှိခဲ့မယ်ဆိုရင် အပြစ်ကင်းတဲ့သူတွေက မသေဆုံးရတော့ဘူးပေါ့”

“ သူတို့က တကယ် အပြစ်ကင်းတာလား။ ဒါမှမဟုတ် သူတို့ကိုယ်သူတို့ လိမ်နေတာလားဆိုတာကို မင်း မသိပါဘူး” ပါးစပ်ကြီးကြီးလူက ပြန်လည်ချေပလိုက်သည်။

“ အသက် ၈နှစ် အရွယ်ကလေးတစ်ယောက်က အပြစ်မကင်းဘူးဆိုတာ ဘယ်ကမ္ဘာမှာ ရှိမှာလဲ”

“ ဖြစ်ပျက်ခဲ့တာတွေအတွက်ကတော့ နှမြောစရာပဲ။ ဒါပေမဲ့ သားက အဖေရဲ့ အပြစ်ကြွေးကို ထမ်းဆောင်ရတာပဲလေ”

“ တကယ်ကို တုံးအတဲ့ စကားမျိုးပဲ” ယန်းဝေ့က တံတွေးထွေးကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။ ပါးစပ်ကြီးကြီးလူက သက်ပြင်းချကာ ထိုသူ၏ မလေးစားမှုကို လျစ်လျူရှုထား၏။ ထိုသူ့အနေဖြင့် ထိုကောင်လေး ဖြတ်ကျော်နေရသည့်အရာများကို သိလေသည်။

သူသည်လည်း ထိုအလုပ်၏ ရက်စက်မှုများကို တွေ့ကြုံခံစားခဲ့ဖူး၏။ သို့သော် နှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူက အသားကျလာခဲ့သည်။ သူက ယန်းဝေ့၏ ပုခုံးကို ပုတ်လိုက်ပြီး

“ ဗိုက်ဟောင်းလောင်းနဲ့ မသောက်နဲ့။ အိပ်တော့။ မနက်ဖြန်ကျရင် မင်း ဒီအလုပ်ကို ဆက်လုပ်ချင်သေးလားဆိုတာကို ဆုံးဖြတ်ပေါ့”

***

All Chapters