← Chapters

အပိုင်း(၄၆၃)

Vol. 31 Ch. 463

အပိုင်း(၄၆၃)

Vol. 31 Ch. 463

ရှစ်ဖုန့်က ခေါင်းမော့လိုက်ပြီး  သူတို့အထက်မှ ဧရာမလက်ဝါး ကြီးအား   စိုက်ကြည့်လိုက်သည်။  မဟာသူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားအား သူခုခံနိုင်စွမ်းမရှိဟု ခံစားရသည်။

ထို့နောက် ရှစ်ဖုန့် ခေါင်းငုံ့လိုက်ပြီး   သူ၏ဘယ်ဘက်လက်မှ လက်ဖဝါးအားကြည့်လိုက်သည်။  ၎င်းအပေါ်တွင် သာ သူမှီခိုအားထားရည့်နည်းတစ်ခုသာလျှင်ရှိပုံပေါ်၏။

ရှစ်ဖုန့်က သူ့လက်ဖဝါးအတွင်းမှာ သွေးကျောက်ပြားအမှတ်အသားအဖြစ်ပြောင်းသွားသော သွေးကျောက်ပြားကို  ရေတွက်နေသည်။ သွေးနတ်ဆိုးဝိညာဉ်အကြွင်းအကျန်ပြောချက်အရ   ဤသွေးကျောက်ပြားမှာ ပြင်းထန်စွာ ထိခိုက်ထားသောကြောင့်  သုံကြိမ်သာလျှင် အသက်သွင်းနိုင်စွမ်းရှိသည်ဆို၏။ ရှစ်ဖုန့်မှာ နှစ်ကြိမ်အသက်သွင်းခဲ့ပြီးဖြစ်သောကြောင့်  တစ်ကြိမ်သာလျှင်ကျန်ရှိတော့သည်ဖြစ်သည်။

လုံးဝသာ မလိုအပ်ခဲ့ဖူးဆိုလျှင် သူနှင့်သက်ဆိုင်သော ဤသွေးကျောက်ပြားအား  နောက်ဆုံးအကြိမ်အသက်သွင်း၍ ဖျက်ဆီးပစ်ခြင်းကို ရှစ်ဖုန့် မပြုလုပ်လိုချေ။

သို့သော် ယခုသူ့တွင် ရွေးချယ်စရာမရှိပေ။ မဟာသူတော်စင်နယ်ပယ်စွမ်းအားအောက်တွင် သူ့အနေဖြင့် ၎င်းအား ခုခံနိုင်စွမ်းရှိမနေပေ။သူသာ ၎င်းအား အသက်မသွင်းခဲ့လျှင် သူသေဆုံးရလိမ့်မည်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်က တစ်ချက်တွေးလိုက်သည်။သို့သော်  သူ၏ အနောက်ဘက်ဆီမှ ထူးဆန်းသော ရယ်သံတစ်ခုက ပေါက်ကွဲထွက်ပေါ်လာသည်။

“ဟီးဟီး..ဟီးဟီးဟီး..ဟီးဟီးဟီးဟီးဟီး”

ဤထူးဆန်းသော ရယ်မောသံအားကြားရသလောက်   ရှစ်ဖုန့်အနေဖြင့် လှည့်၍မကြည့်လျှင်တောင်ဤရယ်မောသံက ငထူးဆန်းကောင် နင်ချန်ထံမှ လာခြင်းဖြစ်သည်ကို သိသည်ဖြစ်သည်။

သို့သော် ထို့နောက်တွင်   ရုတ်တရက် နင်ချန်၏ ကိုယ်မှထွက်ပေါ်လာသော ရင်းနီးသည့် စွမ်းအားတစ်ခုကို ရှစ်ဖုန့် အာရုံခံမိလိုက်သည်။

ရှစ်ဖုန့်တစ်ယောက် သွေးကျောက်ပြားအား အသက်သွင်းနေခြင်းကို ယာယီရပ်တန့်လိုက်ပြီး  လှည့်လိုက်သည်။ နင်ချန်၏ တစ်ကိုယ်လုံးက ကြီးစွာပြောင်းလဲနေသည်ကို သူတွေ့လိုက်ရသည်။ အနက်ရောင်အခိုးအငွေ့အမျှင်စုများက နင်ချန်၏ ကိုယ်အပြင်ဘက်တွင်  လွင့်မျောနေသည်။

“ဟီးဟီး..ဟီးဟီးဟီးဟီးဟီး”

နင်ချန်က ခေါင်းငုံ့၍ ဟက်ဟက်ပက်ပက်ရယ်မောနေသည်။

ဤအချိန်တွင်   သူ၏  မျက်နှာအား အနက်ရောင်အခိုးအငွေ့မျှင်များကဝန်းရံနေ၏။

“ဒီစွမ်းအား”

နင်ချန်ကိုယ်၌ စီးဆင်းနေသေ စွမ်းအားအားကြည့်ရင်း  ရုတ်တရက် ရှစ်ဖုန့်နားလည်သွားသည်။ဤကောက် တစ်ချိန်က သူတပည့်၏ တပည့်ဖြစ်ခဲ့ဖူးသည်ဖြစ်၏။ သို့သော် ဤငထူးဆန်းကောင်၌  လျှို့ဝှက် နည်းစနစ်အချို့ သို့မဟုတ်  လက်နက်တစ်ခုရှိနေပြီး ၎င်းက သူ၏ကျင်ကြံမှုစွမ်းအားအား  ဖုံးကွယ်ထားကာ   ရှစ်ဖုန့်အား အာရုံခံနိုင်စွမ်း

မရှိအောင် ၎င်းက ပြုလုပ်သည်ဖြစ်၏။

“ဟီးဟီးဟီးဟီးဟီး”

နင်ချန်က ရယ်မောနေဆဲဖြစ်သည်။  သူ၏ ကိုယ်ကလေပေါ်တွင် ဖြည်းဖြည်းချင်းလွင့်မျောနေသည်။  သူ၏ကိုယ်က လေပေါ်တွင် လွင့်မျောနေသကဲ့သို့ တစ်ချိန်တည်းတွင်လည်နေခြင်းဖြစ်သည်။

“ဟမ့်.. သောက် ငကြောင် …မင်းကငါ့ရဲ့ရတနာစာအုပ်ကို ခိုးသွားပြီး တော့   အခု လည်း လှည့်ကွက်တွေလာကစားပြန်ပြီ.”

ရှစ်ဖုန့်နှင့်  အခြားသူနှစ်ဦးတို့၏ သိပ်မဝေးသော နေရာ၌ရှိနေသော ဂန္ဓမာ အဘိုးအိုက  အေးစက်စွာအော်ပြောလိုက်သည်။ သူ၏ညာလက်အားမြှောက်လိုက်ပြီးပေါ့ပါးစွာ ရိုက်လိုက်၏။  တစ်ချိန်တည်းမှာပင်   ရှစ်ဖုန့်နှင့် အခြားသူများ၏ အထက်၌ရှိနေသော     ဧရာမ လက်ဝါးပုံရိပ်ကြီးက   ဂန္ဓမာ အဘိုးအို ၏ လှုပ်ရှားမှုနှင့်အတူ  ပြင်းထန်စွာ ရိုက်နှက်ကျဆင်းလာသည်။

မဟာသူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားက  တကယ်ပဲ အရာ အားလုံးအား ဖျက်ဆီးပစ်ရန်စွမ်းအားကြီးသည်ဖြစ်သည်။

“ဟီးဟီးဟီး”

လေထဲတွင်လည်နေသော နင်ချန်မှာ  ဧရာမလက်ဝါးကြီးက ကျဆင်းလာသည်ကို  သတိပြုမိပုံမရပေ။ရုတ်တရက် မှုန်ဝါးသော အနီရောင်ပုံရိပ်တစ်ခုက  သူ၏လက်မောင်းတို့အတွင်းပေါ်လာသည်။  တစ်ချိန်တည်းမှာပင်  အနီရောင် ပွင့်ချပ်များက  နင်ချန်၏ခေါင်းထက်တွင်ပေါ်လာပြီး   နင်ချန်၏ကိုယ်ပေါ်သို့ကျသွားသည်။

ထို့‌နောက်  နင်ချန်၏လက်မောင်းတို့အတွင်းရှိနေသော ပုံရိပ်က ဖြည်းဖြည်းချင်းရှင်းလင်းလာသည်။၎င်းမှာ အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး  သူမ၏ ရှည်လျားသော ဆံကေသာနက်တို့က လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူမကလွန်စွာလှပသော်လည်း အမျိုးသမီးမှာ မျက်လုံးတို့အားပိတ်ထားသည်။  သူမကိုယ်ပေါ်ရှိမြင်သာနိုင်သော အသားအရေက  အလောင်းကောင်တစ်ခုကဲ့သို သေလုနီးပါး ဖြူဖျော့နေသည်။  ထိုထက်ပိုသည်ကား ဤအမျိုးသမီး၌ သေခြင်းအရှိန်အဝါတို့ဖြင့် ပြည့်နှက်နေသည်ကို ရှစ်ဖုန့် အာရုံခံနိုင်ခြင်းဖြစ်သည်။

ထို့နောက်   နင်ချန်၏ ကိုယ်ပေါ်ရှိသော အရာနှင့်ဆင်တူသည့် အနက်ရောင် အခိုးအငွေ့အမျှင်များက  အမျိုးသမီး၏ကိုယ်မှစတင်စီးထွက်လာပြီး   နင်ချန်ထံသို့ဦးတည်သွားသည်။  ထို့နောက်   သူမ၏ အနက်ရောင်အခိုးအငွေ့အမျှင်များက နင်ချန်၏ ကိုယ်ပေါ်ရှိ အနက်ရောင်အခိုးအငွေ့အမျှင်များဖြင့် ချိတ်ဆက်သွားသည်။

“မြဲ့ကျီ.. တို့တွေထပ်ပြီးတော့အတူတူတိုက်ခိုက်

ရတော့မယ်”

နင်ချန်က လက်ကိုဆန့်ထုတ်လိုက်ပြီး အမျိုးသမီး၏ ဖြူဖျော့နေသော မျက်နှာအား ထိတွေ့လိုက်သည်။ ခါးသီးသော အပြုံးတစ်ခုက နင်ချန်၏ မျက်နှာထက်တွင်ပေါ်လာသည်။

ဤအခိုက်အတန့်တွင်   မဟာသူတော်စင်နယ်ပယ်တစ်ဦး၏ စွမ်းအားတို့အားပိုင်ဆိုင်ထားသော  ဧရာမလက်ဝါးပုံရိပ်ကြီးက  နင်ချန်၏ ကိုယ်ပေါ်သို့ ကျဆင်းလာသည်။

ရုတ်တရက်  နင်ချန်၏လက်မောင်းတို့အတွင်းမှ အမျိုးသမီးက မျက်လုံးတို့ပွင့်လာ၏။

ထို့နောက် သူမ၏မျက်လုံးတို့မှ အနက်ရောင်မီးခိုးမျှင်တန်းနှစ်ခု  ရွှတ်ခနဲထွက်လာပြီး အပေါ်မှ ကျဆင်းလာနေသော  ဧရာမလက်ဝါးပုံရိပ်ကြီးထံသို့  တစ်ဟုန်ထိုးပျံသန်းသွားသည်။

“ဒါက ဘာတွေဖြစ်နေတာလဲ…ဒါကဘယ်လိုစွမ်းအားမျိုးလဲ”

မြေပြင်ပေါ်တွင်ရှိနေသော ဂန္ဓမာအဘိုးအိုက   လွန်စွာ အံ့အားသင့်ထိတ်လန့်စွာဖြင့်ကြည့်နေသည်။  သူ၏ခေါင်းကို မော့၍ကောင်းကင်ပြင်အား တွေဝေစွာကြည့်နေ၏။ သူ၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..ငါက မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူပဲဟာ ..ငါ့ရဲ့ မဟာသူတော်စင်နယ်ပယ်စွမ်းအားက ..”

ရွှတ်ခနဲထွက်လာသော အနက်ရောင်မီးခိုးအမျှင်တန်းနှစ်ခုအောက်တွင် သူ၏ မဟာသူတော်စင်နယ်ပယ်လက်ဝါးပုံရိပ်က အသံတစ်ချက်ပင်မထွက်ဘဲ  တကယ်ကြီးဖျက်ဆီးခံလိုက်ရသည်ကို ဂန္ဓမာအဘိုးအိုတွေ့လိုက်ရသည်။  သူ၏စွမ်းအားများက အခိုးအငွေ့တို့ကဲ့သို့ လုံးဝပျောက်ကွယ်သွားသည်။

“သေခြင်းစွမ်းအား..ဒီတော့သူက ယဲ့ဖုန်း ရဲ့တပည့်ပေါ့”

နင်ချန်နှင့်သူ၏ကိုယ်ပြင်ပ၌ စီးဆင်းနေသော စွမ်းအားတို့အားကြည့်ရင်းရှစ်ဖုန့်က ပြောလိုက်သည်။

ရှစ်ဖုန့်ပြောသော ယဲ့ဖုန်းဆိုသူမှာ သူ၏ ယခင်ဘဝက ပထမဆုံးတပည့်ဖြစ်သူ သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းပင်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်က ဆက်လက် ရေရွတ်လိုက်သည်။

“အခြားတစ်ဖက်ကနေကြည့်ရင် ဒီငထူးဆန်းကောင်က အံ့ဖွယ်ကောင်းတဲ့ပင်ကိုယ်ပါရမီကို ပိုင်ဆိုင်တယ်လို့သုံးသပ်လို့ရတယ်… ယဲ့ဖုန်းရဲ့သိုင်းတာအိုကို သူကျင့်ကြံပြီးတဲ့နောက်  သေခြင်းရဲ့အခြားတာအိုတစ်ခုကို တကယ်ပဲ တည်ဆောက်နိုင်တယ်.. ဒီလိုပင်ကိုယ်ပါရမီမျိုးက အဲ့ကလေးယဲ့ဖုန်းထက်တောင်မနိမ့်ကျဘူး…သူကနည်းနည်းလေး ကြောင်နေတာတစ်ခုပဲရှိတာ”

ဂန္ဓမာအဘိုးအို၏လက်ဖဝါးကြီး

ပျောက်ကွယ်သွားပြီးနောက်  နင်ချန်၏လက်မောင်းအတွင်းရှိနေသော အနီရောင် အမျိုးသမီးကမျက်လုံးတို့ပြန်လည်မှိတ်

သွားသည်။ နင်ချန်က လက်ကိုဆန့်ထုတ်လိုက်ပြီး  အနီရောင်ပွင့်ချပ်တစ်ခုက သူ၏လက်ညှိုးနှင့်လက်ခလယ်

တို့ကြားတွင်ညှက်လိုက်သည်။ သူက၎င်းအားသူ့လက်မောင်းအတွင်းရှိ အမျိုးသမီးရှေ့တွင်ထားလိုက်ပြီး  ညှင်သာစွာပြောလိုက်သည်။

“မြဲ့ကျီ  မင်းတွေ့တယ်မလား. ဒါက မင်းအကြိုက်ဆုံး   သွေးနီပန်းပွင့်ပဲ … ငါ မင်းအတွက် ကိုးထောင့်ကိုးရာ ကိုးဆယ့်ကိုးခု စုစောင်းခဲ့ပြီးပြီ…  ဒါပေမဲ့ မင်းအတွက်ဆိုရင်လေ.. ငါလုံးဝပင်ပန်းတယ်လို့မခံစားရဘူး”

“ငကြောင်ကောင် မင်းကအလောင်းတစ်ခုကိုတောင် တဏှာကျနေသေးတယ်..  သေလိုက်စမ်း”

အခြားတစ်ဖက်တွင်  သံချေးတတ်နေသော နီညိုရောင်  ဒယ်စောက်တစ်လုံးက  ဂန္ဓမာအဘိုးအို၏လက်အတွင်း၌ ပေါ်လာသည်။  နီညိုရောင်ဒယ်စောက်မှာ သံချေးတက်နေသော်လည်း   ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခုအား  ထုတ်လွှတ်နေဆဲဖြစ်သည်။  ဂန္ဓမာအဘိုးအိုက  မဟာသူတော်စင်နယ်ပယ်စွမ်းအားအားလုံးအား  နီညိုရောင်ဒယ်စောက်ပေါ်တွင် စုစည်းထားသည်။  ထို့နော် နီညိုရောင်ဒယ်စောက်ပေါ်သို့သူ၏လက်ဝါးဖြင့်ရိုက်လိုက်သည်။

“ဝုန်း”

နီညိုရောင်ဒယ်စောက်က မြည်ဟိန်းသွားပြီး  မျက်စိကျိန်းလောက်စရာ အစိမ်းရောင်အလင်းတစ်ခုကို

ထုတ်လွှတ်နေသည်။ ၎င်းက ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာပြီး နင်ချန်အားတိုက်ခိုက်လိုက်သ်ည။

ဤတစ်ကြိမ်တွင် ဂန္ဓမာ အဘိုးအိုက ဆန်းကြယ်ပြီး  စွမ်းအားကြီးမားသော နီညိုရောင်ဒယ်စောက်အား တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့သည်။ဤတိုက်ခိုက်မှုက ယခင်လက်ဝါးပုံရိပ်နှင့်နှိုင်းယှဉ်၍မရပေ။  ယင်းမှာ ၎င်းက ဂန္ဓမာ အဘိုးအို ၏  တကယ်တိုက်ခိုက်မှုဖြစ်ပုံပေါ်သည်။

ယခင်က ဂန္ဓမာအဘိုးအိုမှာ ရှစ်ဖုန့်နှင့်အခြားသူ များအား လေးလေးနက်နက် မယူဆထားသည်မှာသိသာသည်။သူ၏မျက်လုံးအတွင်း၌ ရှစ်ဖုန့်နှင့် အခြားသူများမှာ ပုရွက်ဆိတ်များဖြစ်ကြသည်။ မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်သည်နှင့်အညီ  သူက ၎င်းတို့အားအလွယ်တကူအနိုင်ယူနိုင်၏။  နင်ချန်ပေါ်လာလိမ့်မည်ကိုတော့ သူမမျှော်လင့်ထားခဲ့ပေ။

ဤတစ်ကြိမ်တွင် ဂန္ဓမာ အဘိုးအို၏တိုက်ခိုက်မှုကနင်ချန်အားဦးတည်ထားသည်။သူ့အတွက်နင်ချန်ကသာ တကယ့်ခြိမ်းခြောက်မှုဖြစ်သည်။ သူသာ၎င်းအား သတ််နိုင်သည်နှင့် ရှစ်ဖုန့်နှင့်အခြားသူများအားအလွယ်တကူသတ်ပစ်နိုင်လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်၏ မျက်လုံးတို့က အဘိုးအို ရိုက်လိုက်သော နီညိုရောင် ဒယ်စောက်အပေါ်တွင်ကျရောက်နေသည်။ နီညိုရောင်ဒယ်စောက်အားသူမြင်တွေ့လိုက်ရချိန်တွင်   ရင်းနီးသောအာရုံတစ်ခုကိုရှစ်ဖုန့်ခံစားလိုက်ရသည်။ထို့နောက် ဤနီညိုရောင်ဒယ်စောက်က  သေခြင်းတားမြစ်နယ်မြေအတွင်းသူမြင်တွေ့ခဲ့ရသော နီညိုရောင်တံခါးနှစ်ချပ်နှင့် တစ်ထေရာတည်းတူညီနေသည်ကို ရှစ်ဖုန့်ရုတ်ခြည်းသဘောပေါက်လိုက်သည်။အရောင်အဆင်းဖြစ်‌စေ  သတ္ထုဖြစ်စေ တစ်ထေရာတည်းတူညီနေခြင်းဖြစ်သည်။

ဤဆန်းကြယ်သော နီညိုရောင်ဒယ်စောက်က သေခြင်းတားမြစ်နယ်မြေဆီကလာသည်ကို သံသယဝင်စရာမရှိပေ။

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters